Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 1, 2018

“ဆင်းရဲခြင်းကအကောင်းဆုံးအတွေ့အကြုံဖြစ်ပါတယ်”

“ဆင်းရဲခြင်းကအကောင်းဆုံးအတွေ့အကြုံဖြစ်ပါတယ်”
ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် ... နန်းတို့အဝေးဆုံးရှောင်ပြေးသင့်တဲ့အရာကလဲ ဆင်းရဲခြင်းပါပဲ”
.
ဖတ်ပြီးတော့ “အရမ်းမှန်တယ်” လို့ခံစားရပါတယ်
ဆင်းရဲခြင်းက နန်းတို့ကို အရာတော်တော်များများသင်ပေးနိုင်တယ်
ဘယ်လောက်ထိများလဲ ဆိုတော့ သူ့ကို ကျေးဇူးတင်ရလောက်အောင် များပါတယ်
ပြီးတော့ လူတွေကို ရှေ့ဆက်လှမ်းနိုင်အောင် နောက်ကနေတွန်းထုတ်တဲ့အရာတစ်ခုလဲဖြစ်ပါတယ်
ဟုတ်ပါတယ် ... နန်းဆိုလိုချင်တာက
“ဆင်းရဲခြင်းဆိုတဲ့တွင်းကနေ အပြင်ကိုထွက်နိုင်အောင်တွန်းထုတ်တာပါ”
.
ဘယ်လောက်မှ ချမ်းသာတယ်လို့ပြောမှာလဲ ??
ဒီအဖြေကတော့ ဖြေရတာအရမ်းခက်ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက် အတွေးတွေမတူပါဘူး
.
ဒါပေမဲ့ ဘယ်လောက်မှ ဆင်းရဲတယ်လို့ပြောမှာလဲ ??
ဒီအဖြေကတော့ ပိုင်ရှင်ကိုယ်တိုင်ပဲအရသာသိနိုင်မှာပါ
အရသာတော့မကောင်းပါဘူး ဘယ်သူမျက်လုံးကိုမှမကြည့်ရဲတဲ့မျော်လင့်ချက်မယ့်တဲ့ အရသာပါ
.
.
ဒီနေ့နန်းအတွေ့အကြုံလေးကိုပြောပြချင်ပါတယ်
ငယ်ငယ်ကတည်းက နန်းတို့မိသားစုကလဲ ချမ်းသာတဲ့မိသားစုမဟုတ်ပါဘူ
မောင်နှမဆိုလို့ (၃) ယောက်ရှိပါတယ်
ဒါပေမဲ့ အမေတစ်ယောက်ထဲပဲ ကြီးအောင်ပြုစုပျိုးထောင်ပေးခဲ့ပါတယ်
အမေကလဲ စီးပွားရေးလုပ်တဲ့နေရာမှာအရမ်းတော်တဲ့သူမဟုတ်တဲ့အတွက် ခက်ခက်ခဲခဲ ကျွေးမွေးခဲ့ရတယ်
.
.
အဲ့ဒါကြောင့် ဆင်းရဲခြင်းနဲ့ရင်းနှီးခဲ့ရတာပါ
စားစရာမရှိလောက်အောင်တော့ မဆင်းရဲခဲ့ပါဘူး
ဒါပေမဲ့ ခက်ခက်ခဲခဲနဲ့တော့ ကျော်ဖြတ်ခဲ့ရတာကို ကောင်းကောင်းမှတ်မိပါတယ်
ဒါကြောင့်လဲ အသက် ၁၄ ၊ ၁၅ နှစ်ကတည်းက ရတဲ့အလုပ်နဲ့ သုံးစရိတ်ကိုကူညီနိုင်အောင်ကြိုးစားခဲ့ပါတယ်
တခါတလေလဲ အဲ့ဒီတုန်းကသူငယ်ချင်းတွေကိုကြည့်ပြီး စိတ်အားငယ်တတ်တယ် ၊
(ငယ်သေးတော့ သူငယ်ချင်းရှိရင်လဲရှိချင်တယ် ဆိုတဲ့စိတ်ကြောင့်ပါ)
ဒီတော့ ဘာဖြစ်လို့ကိုယ့်ဘဝက ဒီလိုဖြစ်ရတာလဲဆိုပြီး ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းမသိဖြစ်ခဲ့ဖူးပါတယ်
(ခုပြန်စဉ်းစားတော့ ရီစရာလေးပါ)
.
.
ဆင်းရဲတယ် ဒါပေမဲ့ ဘယ်သူ့ကိုမှမပြောနိုင်ဘူး
တက္ကသိုလ်ရောက်တော့ Major မှာ Roll 1 ဖြစ်ခဲ့ပါတယ်
နည်မည်ကြီးထမင်းငတ်ဆိုတာ အဲ့ဒီချိန်တုန်းက နန်းကိုပြောတာလားမသိ !
ရန်ကုန်က အသုံးစရိတ်နဲ့ နန်းတို့ နယ်ကအသုံးစရိတ်က မိုးနဲ့မြေနဲ့ကွာခြားနေတာကတော့ နန်းမပြောလဲသူငယ်ချင်းတို့သိမှာပါ
တစ်လတစ်လ နယ်မှအေးအေးဆေးဆေးလုံလုံလောက်လောက်သုံးလို့ရပါတဲ့ ငွေပမာဏက ရန်ကုန်မှာမရပါဘူး
ဒါပေမဲ့ အိမ်ကအခြေအနေကိုသိတော့ မပူဆာရက်ဘူး
.
.
ဒီတော့ ကိုယ်က သူများထက်ကြိုးစားရတယ်
ကျောင်းတက်နေရင်းနဲ့ အလုပ်လုပ်ခဲ့ပါတယ်
(အိမ်ကမသိခဲ့ပါဘူး)
ဒါပေမဲ့ ဒီလောက်နဲ့ဘဝကို မပြီးဆုံးစေချင်ဘူး
ဘဝ ဘယ်လိုရှေ့ဆက်လျှောက်ရမှာလဲဆိုတာတွေးလာတယ်
.
.
ဒါပေမဲ့ တွေးတာတော့တွေးတာပါပဲ
ပတ်ဝန်းကျင်ရင်းနှီးတဲ့သူကိုပြောတော့လဲ
အခုကောင်းနေတာပဲ ဘဝကဒီလိုပါပဲ
အလိုလိုနေရင်းနဲ့ကောင်းလာမှာပါလို့ ပြောကြတယ်
(ဟုတ်ရင်ဟုတ်မှပေါ့ ... )
.
ဒါပေမဲ့ တစ်ရက်မှာ တကယ်မကောင်းတော့တဲ့ အကြောင်းအရာလေးတစ်ခုပေါ်လာတယ
နောက်ဆုတ်ရင်း ဆုတ်စရာလမ်းမရှိတော့သလိုမျိုးပါ
ဒါကြောင့် ရှေ့ကို မရောက်ရောက်အောင်လျှောက်ရပါတယ်
.
နန်းက သူများထက် ပိုတော်လို့ ပိုပြီးညဏ်ကောင်းလို့မဟုတ်ပါဘူး
ဒါပေမဲ့ ကိုယ့်ဘဝမှ ဒီထက်နောက်ဆုတ်စရာလမ်းမရှိတော့လို့ပါ
နောက်ဆုတ်လို့မရလို့ ရှေ့ရောက်တာပါ
ခေါင်းငုံ့ပြီး ကိုယ့်လမ်းကိုလျှောက်လာတာ နှစ်နဲ့ချီလာတော့ ဒီနေ့ဒီနေရာကို ပုမသိပမသိနဲ့ ရောက်လာခဲ့ပါတယ်
ဒီနေရာရောက်တယ်ဆိုတော့ အရမ်းချမ်းသာပြီလားဆိုတာမဟုတ်ပါဘူး
ဒါပေမဲ့ မဆင်းရဲတာတော့ သေချာပေါက်ပြောနိုင်ပါတယ်
.
.
ဒါကြောင့် နန်းဂုဏ်ယူစွာနဲ့ပြောချင်တာက
“ဆင်းရဲခြင်းဆိုတာ အကောင်းဆုံးအတွေ့အကြုံတစ်ခုပါ”
.
.
အကယ်၍ ဆင်းရဲခြင်းက ဘာကိုသင်ပေးခဲ့လဲလို့မေးလာမယ်ဆိုရင်
အများကြီးပါပဲ ....ဒီထဲမှာ (၂) ချက်ပဲအရင်ပြောပါရစေ ရှည်သွားမှာလဲဆိုးရသေးတယ်
.
ပထမ (၁) ချက်
စိတ်ခွန်အားကအရေးကြီးဆုံးပါ
စိတ်ခွန်အားကအရေးကြီးဆုံးအရာလေးတစ်ခုပါ
အကယ်၍ ကိုယ်ကအဲ့ဒီအခြေအနေမှာရှိနေတယ် ၊ ပြီးတော့ကိုယ်ကလဲ အဲ့ဒီအခြေအနေအကြောင်းကိုပဲတွေးနေမယ်ဆိုရင်
ကိုယ်ကပိုပြီးတော့ ဆင်းရဲမှာပါပဲ
ကိုယ်ကိုတိုင်က ကိုယ်ကိုကိုယ်ပြန်ထနိုင်အောင် ကူညီရပါလိမ့်မယ်
မဟုတ်ရင် ဘယ်သူကိုယ့်ကိုလာကူညီဖို့မျှော်လင့်မှာလဲ
ဒီနေ့နန်းမှန်ကိုကြည့်ပြီးစကားတစ်ခွန်းပြောလိုက်တယ်
“ဒီမျက်နှာကအခက်အခဲတွေ့တိုင်းငိုတတ်တဲ့ပျော့ညံ့တဲ့သူမဟုတ်တော့ဘူး၊ အောင်မြင်တဲ့သူရဲ့မျက်နှာဆိုတာဒါပဲလို့”
ကိုယ့်ကိုကိုလိမ်တာလားတော့မသိဘူး ဒါပေမဲ့အဲ့လိုပြောလိုက်တော့ အလုပ်လုပ်ဖို့ပိုပြီးစိတ်ခွန်အားရှိသွားတာအမှန်ပါပဲ
မယုံရင်စမ်းကြည့်ပေါ့
(ကိုယ်တစ်ယောက်ထဲနေတဲ့အချိန်မှစမ်းပါနော် ၊ သူများရှေ့မှာဆိုရင်တော့ .... အင်း ....)
.
.
ကိုယ်မဖတ်ဖူးတဲ့စာအုပ်ကိုဖတ်ပါ (အောင်မြင်မှုစာအုပ် ၊ အကောင်းဖက်မြင်တဲ့စာအုပ်)
ကိုယ်မပေါင်းဖူးတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ စမ်းပေါင်းကြည့်ပါ
တစ်နေ့လုံးဘာမှလုပ်စရာမရှိပဲ တစ်ယောက်ထဲမနေပါနဲ့
တစ်ယောက်ထဲနေရင် ကိုယ့်ရဲ့အတွေးကို သတိထားပါလို့ နန်းသတိပေးချင်ပါတယ်
.
စိတ်ခွန်အားရောက်မှအလုပ်စလုပ်မယ်လို့ မစောင့်ပါနဲ့
တစ်ခုခုလက်တွေ့စပြီးလုပ်ပါ အဲ့ဒီချိန်မှာ စိတ်ခွန်အားဆိုတာပေါ်လာမှာပါ
.
.
ဒုတိယ (၁) ချက်
ကိုယ်တတ်တဲ့အရည်အချင်း အတတ်ပညာကို အရင်းဖြစ်အောင်လုပ်ပါ
.
ကိုယ့်မှာမှ ပိုက်ဆံမရှိတာ ဘယ်ကနေအရင်းသွားရှာမလဲ ??
ဒါကြောင့် အား (သို့မဟုတ်) အရည်အချင်းအတတ်ပညာကိုရောင်းရတာပေါ့
ဒီနေရာမှာ ကိုယ့်ရဲ့အရင်ဘဝက ကုသိုလ်ကံပေါ်မှာဆိုင်သွားပြီနော်
အတိတ်မှာ ဘာအရည်အချင်း ကိုသင်ယူထားလဲဆိုတဲ့အပေါ်မှာလဲဆိုင်သွားပါပြီ
ဘာပညာကိုတတ်အောင်သင်ထားတာလဲ ??
ဘာအလုပ်မှာ သူများချီးကျူးရလောက်အောင်လုပ်ခဲ့ဖူးလဲ ??
.
အကယ်၍ မရှိဘူးဆိုရင်တော့ ဒီနေ့ စိတ်နှစ်ပြီး ကြိုးစားလုပ်သွားပါ
စုသွားပါ ။ တရက်ရက်အရင်းတစ်ခုအနေနဲ့ဖြစ်လာမှာပါ
.
ဒါပေမဲ့အကယ်၍ ကိုယ့်ဆီမှာ အရည်အချင်းရှိနေတယ်ဆိုရင်
(၁) အဲ့ဒီအရည်အချင်းကို အရင်းဖြစ်အောင်ဘယ်လိုပြောင်းရမှာလဲဆိုတာသိရပါမယ်
(၂) ဒီအရည်အချင်းကို ပိုပြီးတော့ တန်ဖိုးရှိအောင်လုပ်တတ်ရပါမယ်
(၃) အပေးအယူဘယ်လိုလုပ်ရမှာလဲဆိုတာသိရပါမယ်
(၄) ကိုယ့်အတွက် အခွင့်အရေးကို ရအောင်ရှာရပါမယ်
အခွင့်အရေးသစ်ကို ကိုယ်ကိုတိုင်တည်ဆောက်ရပါမယ
လူတွေကိုများနိုင်သလောက်များအောင် အကျိုးပြုသက်ရောက်နိုင်တဲ့အရာကိုလုပ်ပါ
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ဝင်ငွေက ကိုယ့်အကျိုးပြုတဲ့သူပေါ်မှာတိုက်ရိုက်ပတ်သက်မှုရှိပါတယ်
.
.
နန်းလဲဒီနည်းနဲ့ ဘဝကိုစခဲ့တာပါ
အရည်အချင်းကို အရင်းဖြစ်အောင်ပြောင်းလဲပါ
.
ဒီထိဖတ်လာပြီး
ဒီနေ့မဆင်းရဲတဲ့သူငယ်ချင်း သင်အရမ်းကိုကံကောင်းပါတယ်
ဒါပေမဲ့ ဗဟုသုတ ၊ ပညာ ၊အတွေးအခေါ်ကို အနာဂတ်မှာသုံးဖို့စုဆောင်းထားပါ
ဘာဖြစ်လို့လဲဆိုတော့ မိုးက ပြန်ချိန်မှာ ပြန်ရွာမှာလဲဆိုတာမသိနိုင်ပါဘူး
.
ဒီထိဖတ်ပြီး
ကိုယ့်ကိုကိုယ် ဆင်းရဲတွင်းမှလွတ်မြောက်အောင်လုပ်ချင်တယ်ဆိုရင်
ကိုယ့်ရဲ့အရည်အချင်းပညာကိုတစ်ချက်ပြန်ရှာကြည့်ပါ ရှိလား ??
အကယ်၍ မရှိဘူး ၊ သို့မဟုတ်ရှိလဲအရမ်းသာမာန်ဖြစ်နေတယ်ဆိုရင်
လက်ခံရမှာပါ ။ နောက်မဆုတ် စိတ်ဓာတ်မကျပါနဲ့
ဗဟုသုတအသစ်ကိုရအောင်ရှာပါ တဖြည်းဖြည်းစုဆောင်းသွားပါ
အလုပ်ဝင်ငွေတည်ဆောက်နိုင်တဲ့ ဗဟုသုတက Youtube ထဲမှာလဲရှိပါတယ်
နေ့တိုင်း ဟာသ ဗီဒီအိုတွေ တစ်နေ့လုံးထိုင်ကြည့်ပြီးအချိန်ကုန်အောင်မလုပ်ပဲ
ကိုယ်လုပ်နိုင်သလောက်လုပ်သွားပါလို့ပြောချင်ပါတယ်
.
.
ဒီနေ့ ဆင်းရဲတယ်ဆိုတာ ကိုယ့်အပြစ်မဟုတ်ပါဘူး
ဒါပေမဲ့နောက်တစ်နှစ်မှာ ဆင်းရဲနေသေးတယ်ဆိုရင်
တစ်ခုခုတော့မှားနေပါပြီ
ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့ ကိုယ့်ကြောင့်ပါပဲ
.
.
မွေးလာတာဆင်းရဲတာ ကိုယ့်အပြစ်မဟုတ်ပါဘူး
ဒါပေမဲ့ သေတဲ့ချိန်မှာ ဆင်းဆင်းရဲရဲသေရတယ်ဆိုရင် အဲ့ဒီ သင့်အပြစ်ပါ
.
.
ဒါကြောင့် ဆင်းရဲခြင်းဆိုတဲ့အရာထဲမှာမှ အတွေ့အကြုံ (၂) ခုသင်ပေးခဲ့ပါတယ်
စိတ်ဓာတ်ခွန်အားကောင်းကောင်းလုပ်ထိန်းသိမ်းပြီး အရည်အချင်းကို အရင်းဖြစ်အောင်လုပ်ရမယ်ဆိုတာပါပဲ
အရမ်းကောင်းတဲ့အတွေ့အကြုံဆိုပေမဲ့ ဘယ်တော့မှ ပြန်မကြုံတွေ့ချင်တဲ့အတွေ့အကြုံလေးဖြစ်ပါတယ်
.
Edward Bok ပြောထားသလိုပါပဲ
“ဆင်းရဲခြင်းဆိုတာက အကောင်းဆုံးအတွေ့အကြုံဖြစ်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ အဲ့ဒီဆင်းရဲခြင်းကနေဝေးအောင်လုပ်သင့်တယ် ” တဲ့
.
.
ဒီစကားကိုမမေ့ပါနဲ့နော်
#JustPractice
#YourMindset
#YourSkill
#MyanmarMarketing

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။