Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 15, 2018

စိတ်ဓာတ်ကျရင် နှစ်ခါရှုံးတယ်။

စိတ်ဓာတ်ကျရင် နှစ်ခါရှုံးတယ်။
====================
ဘ၀ဆိုတာ အဆင်ပြေမှုတွေနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး။ အရမ်းခက်ခဲပါတယ်။ ဘယ်လိုခက်ခဲတယ်လို့ ပြောရသရုပ်ဖော်ရမှန်းကို မသိတဲ့အရာပါ။ စိတ်ဓာတ်တက်ကြွစေတဲ့စာတွေ၊ ဟောပြောပွဲတွေ ဘယ်လောက်ဖတ်ဖတ်၊ ဘယ်လောက်နားထောင်နားထောင် ကိုယ့်ရဲ့ တကယ့်လက်တွေ့ဘ၀နဲ့ ကိုက်ချင်မှကိုက်တာပါ။ စာဖတ်တုန်းလေး၊ ဟောပြောပွဲနားထောင်နေတုန်းလေးပဲ စိတ်သက်သာရာရတာပါ။

သို့သော် ဘာမှမလုပ်တာနဲ့စာရင်တော့ အတိုင်းအတာတစ်ခုအထိတော့ အထောက်အကူပြုပါတယ်။ ကိုယ့်ဝမ်းနာကိုယ်ပဲသိတယ် ဆိုတဲ့ စကားလည်းရှိတာပဲ။ ယေဘုယျ ဟောပြောသော၊ ရေးသားသောအကြောင်းအရာတွေက လူသားအားလုံးနဲ့တော့ ဘယ်ကိုက်ညီနိုင်မလဲ။ ဒါကြောင့်လဲ ဘုရားရှင်က ဝေနေယျဇ္ဈာသယကို ကြည့်တော်မူပြီး တရားမျိုးစုံဟောကြားခဲ့ရတာပါပဲ။

တရားတော်တွေထဲကအတိုင်း လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ထားရတဲ့အထိ စိတ်ကိုလေ့ကျင့်ပျိုးထောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ခက်တာက တရားဆို တရားလောက်ပဲသဘောထားပြီး လက်တွေ့ဘ၀ထဲမှာ မကျင့်သုံးကြည့်ကြတာပါပဲ။ ညည်းကြပါတယ်။ တော်တော်ကို ညည်းကြပါတယ်။ ဘ၀က ညည်းနေလို့ ထွက်ပေါက်မရှိဘူး။ ညည်းရင် အိုသေဖို့ပဲ ရှိတယ်။ ပြဿနာပြေလည်မသွားဘူး။ ကိုယ့်ပြဿနာက ကိုယ်ကိုယ်တိုင် ဖြေရှင်းမှရတာ။

ကိုယ့်မှာကိုယ်ပိုင်အရည်အချင်းတွေရှိဖို့လိုတယ်။ လေ့ကျင့်ယူလို့ရတဲ့ ပိုက်ဆံမကုန်တဲ့ အရည်အချင်းတွေကတော့ ဖော်ရွေတာ၊ ပျူငှာတာ၊ ဆက်ဆံရေးကောင်းတာ၊ ရွှင်ရွှင်ပျပျနေတတ်တာ၊ တက်တက်ကြွကြွနေတတ်တာ တွေပါပဲ။ ဘယ်လိုလူမျိုးကမှ ထိုင်ညည်းနေတတ်တဲ့ လူစားမျိုးကို အလုပ်မခန့်ချင်ပါဘူး။ လာဘ်တိတ်လို့ပါ။ မျက်နှာရွှင်ရွှင်ပျပျမနေတတ်တဲ့ လူစားမျိုးကိုလည်း အလုပ်မခန့်ချင်ပါဘူး။ မိတ်ပျက်တတ်လို့ပါ။

အဲဒါတွေက ပြင်ယူလို့ရတယ်။ ဈေးကွက်စီးပွါးရေးစနစ်မှာ မာန်ချီနေတဲ့မျက်နှာနဲ့ ဈေးရောင်းလို့မရဘူး။ အပြိုင်အဆိုင်တွေအများကြီး။ ဈေးဝယ်ရင်တောင် ပျူငှါတဲ့ဆိုင်ပဲ နောက်တစ်ခါပြန်ဝယ်ကြတာပါ။ မျက်နှာထန်ပြီး စိတ်ကြမ်းနေတဲ့ ဈေးသည်ဆီ နောက်တစ်ခါ ပြန်မလှည့်တတ်ပါဘူး။ ရိုင်ဆိုင်းတဲ့ ၀န်ထမ်းကြောင့်လည်း ဆိုင်ရှင်၊ အလုပ်ရှင် မိတ်ပျက်ရတဲ့အတွက် ဒီလိုလူမျိုးကို အလုပ်မခန့်ချင်ကြပါဘူး။

ဒီတော့ ပထမဆုံး အရေးကြီးတဲ့အချက်က ကိုယ့်ရဲ့ ပိုက်ဆံမကုန်ပဲ လုပ်ယူလို့ရတဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ဖို့ပါပဲ။ မပြင်ချင်ရင်တော့ လာမဲ့အနာဂတ် ပိုပြီးပြိုင်ဆိုင်မှုများလာမဲ့ ခေတ်မှာ ထမင်းငတ်ဖို့သာ ပြင်ထားပါ။ ဒါကြောင့် အချိန်နောက်မကျသေးရင် မြန်မြန်ပြင်ပါ။ လာဘ်ပွင့်ဖို့ အလားအလာတွေရှိလာပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ အနှိမ်ခံရခြင်းပါပဲ။ အဲဒီအချက်ကလည်း ရှောင်လို့မရပါဘူး။ မရှိလို့နှိမ်သလို၊ ရှိတော့လည်း ချိုးကြတာပါပဲ။ လိုက်ဖျက်ဆီးနေကြတာပါ။ ကိုယ့်ကိုနှိမ်လို့ဆိုပြီး စိတ်ဓာတ်ထိုင်ကျမနေပါနဲ့။ ပိုကြိုးစားပါ။ ငှက်က ပျံရင်းသေတယ်။ လူကကြံရင်းသေရမှာဆိုတော့ သေတစ်နေ့ မွေးတစ်နေ့ပဲဟာ။ ဘာကိုကြောက်နေလဲ။ ဘာကိုညှာနေလဲ။ သတ္တိမွေးစမ်းပါ။

ကိုယ်ပင်ပန်းမှာ ကြောက်နေလား။ ကြောက်လဲသေမှာပဲ၊ မကြောက်လဲသေမှာပဲ။ ပင်ပန်းလဲသေမှာပဲ၊ မပင်ပန်းလဲသေမှာပဲ။ သေမဲ့သေ အပြင်းအထန်ကြိုးစားပြီးသေမှာပေါ့။ လူရာမ၀င်တဲ့ ဘ၀နဲ့တော့ ဘယ်အသေခံနိုင်မလဲ။ ဘုန်းကြီးဆို ငယ်ငယ်ကတည်းက ဒီနေ့အထိ အိပ်ချိန်နဲတယ်။ အမြဲ အလုပ်လုပ်နေတာ။ အမြဲတွေးနေတာ။ အမြဲတီထွင်နေတာ။ အမြဲစမ်းစစ်နေတာ။ တုန်းတိုက်တိုက် ကျားကိုက်ကိုက်မနေခဲ့ဖူးဘူး။ မပျင်းခဲ့ဖူးဘူး။

လုပ်ခွင့်မသာခဲ့ရင်သာ ရှိရမယ်။ လုပ်ခွင့်သာတဲ့တစ်နေ့ အစွမ်းတွေထုတ်သုံးမယ်ဆိုပြီး သင်ယူဆည်းပူးခဲ့တာတွေ မရပ်မနားပဲ။ ဒီနေ့အထိ မရပ်သေးဘူး။ သေချင်သေပါစေပေါ့။ ဘာဂရုစိုက်ရမှာလဲ။ မကြိုးစားပဲ ထိုင်ညည်းပြီးသေတာကမှ ၂ ခါသေတာ။ မသေခင်ကတည်းက ဘ၀ကသေနေပြီးသားဖြစ်နေရော။ အဲဒီလို အဖြစ်မခံနိုင်ပါဘူး။ ဘ၀ရှိရင် ကြိုးစားခွင့်ရှိတယ်။ ဖြစ်တာမဖြစ်တာ ဂရုမစိုက်ပါဘူး။ လုပ်နေဖို့ လျှောက်နေဖို့ အရေးကြီးတာပဲ။

FB ပရိသတ်ထဲမှာ အရမ်းသနားစရာကောင်းတဲ့လူတွေရှိတယ်။ စိတ်ဓာတ်မကျပါနဲ့။ နှစ်ခါသေနေရမယ်။ တစ်ခါတည်း ရဲရဲဝံ့ဝံ့သေနိုင်အောင် ကြိုးစား။ အကုသိုလ်သာ မဖြစ်စေနဲ့။ စိတ်မယုတ်မာနဲ့။ မကောက်ကျစ်နဲ့။ လမ်းဖြောင့်လာပါလိမ့်မယ်။ ပရိသတ်တစ်ယောက်ဆို ရင်ဖွင့်ထားတာ အရမ်းသနားဖို့ကောင်းတယ်။

သူမရဲ့ မိသားစုက တရုတ်လူမျိုးမိသားစု။ ဖခင် အရည်အချင်းမရှိ၊ မိခင် ကြမ်းတမ်း၊ ဦးလေး ဒေါ်လေးလွှမ်းမိုးမှုနဲ့ နေရတယ်။ အကိုအလုပ်ရှိ၊ အမအလုပ်ရှိ၊ သူမကတော့ ကျောင်းပြီးသော်လည်း အပြင်အလုပ်လုပ်ခွင့်မရှိပဲ အကို့အလုပ်ကိုသာ ကူညီရတယ်။ လခက သောင်းဂဏန်းတဲ့။ စဉ်းစားကြည့် ကျွန်လိုဆက်ဆံကြတယ်။ အရိုက်ခံရတယ်။ အကြီးအကျယ် ကိုယ်ထိလက်ရောက် စော်ကားခံရတယ်။ သွေးထွက်သံယိုဖြစ်ရတယ်။ အပြင်မှာထွက်လုပ်ရင် ရပ်တည်နိုင်တဲ့ ပညာရှိတယ်။ ထွက်အလုပ်မခံဘူး။ ကျွန်လို မ၀ရေစာထားကြတယ်။ နှိမ်ကြတယ်။

လူတွေဆိုတာ အဲဒီလို မိသားစု သွေးသားအရင်းကိုတောင် ရက်စက်တာ ပြောမယုံကြုံဖူးမှသိမယ်။ သူစိမ်းကို ရက်စက်တာလောက်ကတော့ အသေးအမွှားပါ။ ဒီတော့ ခံရသူမှာ အခွင့်အရေးမရှိတော့ဘူးလား။ ရှိတာပေါ့ မရှိပဲနေပါ့မလား။ ရပ်မိရပ်ဖရှိတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေရှိတယ်လေ။ အသိပေးပေါ့။ အကူအညီတောင်းပေါ့။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူရဲတဲ့ သတ္တိရှိရမယ်။ ဘာကြောက်နေလဲ။ နှစ်ခါသေရတော့မယ်။

တစ်ခါပဲအသေခံပါ။ ရဲရဲဝံ့ဝံ့ တိုက်ယူပါ။ ကိုယ်ကစော်ကားတာမှ မဟုတ်တာ။ အစော်ကားခံရတယ်ဆိုတာ ခံသူတွေရှိနေလို့ စော်ကားသူက စော်ကားရဲတာ။ မခံကြည့်ပါလား။ ဘယ်သူက စော်ကားရဲတော့မလဲ။ ဘာကိုမှ မတွယ်တာပါနဲ့။ တွယ်တာမှုမရှိရင် ပြတ်သားပါလိမ့်မယ်။ ဘ၀မှာ ကိုယ်လိုချင်တာကို တရားသောနည်းနဲ့ ရအောင်ယူနိုင်တာ အရည်အချင်းပဲ။ အဲဒီအရည်အချင်းက သတ္တိပဲ။

ဘုရားဟောထားတဲ့ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဗိုလ် (၅) ပါးက သတ္တိပဲလေ။ ယုံကြည်ချက်ခိုင်ခိုင်မာမာထားပါ။ လုံ့လမပြတ်ထုတ်ပါ။ သတိကောင်းကောင်းထားပါ။ တည်တည်ကြည်ကြည် လုပ်ပါ ပြောပါ။ ဆင်ခြင်ဉာဏ်ကိုသုံးပါ။ ရဲဝံ့လာပါလိမ့်မယ်။ လူဖြစ်ရတာ ဆင်းရဲချင် ဆင်ရဲမယ်၊ အခွင့်အရေးဆုံးရှုံးနေရတဲ့ ဘ၀တော့ ဘယ်တော့မှ အရောက်မခံနဲ့။ ရုန်းထွက်သင့်တာ ရုန်းထွက်ပါ။ အမျိုးမလို့၊ မိတ်ဆွေမလို့ ငဲ့စရာမလိုပါဘူး။ ဘုရားက လူမိုက်ကို ရှောင်ခိုင်းထားပြီးသား။

ကိုယ့်ကို အနိုင်ယူနေသူ၊ ညှဉ်းဆဲနေသူ၊ နှိမ်နေသူကို ကိုယ်က အနိုင်ယူခွင့်၊ ညှဉ်းဆဲခွင့်၊ နှိမ်ခွင့်မပေးပါနဲ့။ တစ်ဘ၀တစ်ခါသေမဲ့ အတူတူ လုံခြုံမှုမရှိတော့တဲ့ နေရာမနေပါနဲ့။ ရုန်းထွက်လိုက်ပါ။ ရှောင်ထွက်သွားပါ။ ဘုရားရှင်ဟောသော ပဋိရူပဒေသ၀ါသ ဆိုတာ ကိုယ့်အတွက် အာမခံချက်ရှိတဲ့နေရာကိုပြောတာ။ အနှိမ်ခံနေရတဲ့နေရာကို ပြောတာမဟုတ်ဘူး။

ပညာမရတဲ့နေရာ၊ စီးပွားမဖြစ်တဲ့အရပ်၊ ကုသိုလ်မဖြစ်စေတဲ့အရပ် တစ်ရက်တောင် မနေပါနဲ့၊ စွန့်သွားပါလို့ ဘုရားရှင်ဟောထားပါတယ်။ ကိုယ်က ခိုးဖို့၊ မိုက်ဖို့၊ ဆိုးဖို့မှ မဟုတ်တာ။ ရိုးရိုးသားသား ကိုယ့်ဘ၀ကို တည်ဆောက်ချင်သူလေ။ ဘာမှားလို့လဲ။ အဲဒါ အကုသိုလ်မှ မဟုတ်တာ။ တည်ဆောက်လို့ ရမဲ့နေရာသွားတာပေါ့။ တည်ဆောက်ခွင့် မပေးတဲ့နေရာမှာ ဘာလုပ်ဖို့ အရှုံးသမားဘ၀ကို ခံယူနေမလဲ။ တစ်နည်းနည်းနဲ့ ထွက်ပါ။ ကိုယ်ထွက်ချင်သလို၊ ရုန်းချင်သလိုသာ ထွက်ပါ၊ ရုန်းပါ။

သတ္တိမွေးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ။ လောကကို ရဲရဲကြည့်ပါ။ ရိုင်းခိုင်းတာမဟုတ်ဘူးနော်။ ပင်ကိုယ်အရည်အသွေး ယဉ်ကျေးခြင်း၊ ပျူငှါခြင်းကို ဘယ်တော့မှ အပျက်မခံပါနဲ့။ အဲဒါကိုတော့ သတိနဲ့ထိန်းပါ။ ဒါတွေမပါရင် အပျက်နာသွားလိမ့်မယ်။ အဓိကကတော့ သတ္တိပါပဲ။ ကောင်းမွန်သောအနာဂတ်ဆိုတာ ရဲဝံ့သူတို့ရဲ့ ဆုလာဘ်။ ထိုင်ညည်းနေသူတွေ အရှုံးပေးနေသူတွေရဲ့ ဆုလာဘ်မဟုတ်ဘူး။

ဘ၀မှာ ဆန္ဒရှိရင် ရွေးချယ်စရာတွေ အများကြီး။ ဂျီးများပြီး ဇီဇာကြောင်သူတွေအတွက်ကတော့ ဘယ်နည်းလမ်းမှ မတဲ့ပါဘူး။ ဘ၀င်မြင့်နေသူတစ်ယောက်အတွက်လည်း ဘာမှသုံးစားလို့မရတော့ပါဘူး။ ဘ၀နော် လွယ်တာမဟုတ်ဘူး။ ဘ၀င်ဟပ်နေလို့ ထမင်းဖြစ်မလာဘူး။ ယုတ်စွအဆုံး ထမင်းလွတ်လွတ်လပ်လပ်စားချင်ရင် ပလပ်စတစ်ကောက်သင့်ကောက်ရဲရမယ်၊ လမ်းဘေးဈေးရောင်းသင့် ရောင်းရမယ်။ ကွမ်းယာရောင်းသင့်ရောင်းရမယ်။

ထမင်းနပ်မှန်လာရင် နောက်တစ်ဆင့်အတွက် တီထွင်ဉာဏ်နဲ့ ဆက်လှမ်းပါ။ လောလောဆယ် ကိုယ့်ထမင်းကို လွတ်လပ်စွာစားနိုင်ဖို့ အရေးကြီးတယ်။ ဘုန်းကြီးငယ်ငယ်က ခြံပိုင်ရှိတော့ ခြံကထွက်တဲ့သီးနှံ လမ်းဘေးရောင်းဖူးတယ်။ မှတ်မှတ်ရရ ၉-တန်းကျောင်းသားလောက်ကပါ။ ညီမလေးလဲ ရောင်းဖူးတယ်။ အိမ်ကစီးပွားရေးလဲ လုပ်တတ်တယ်။ ငယ်ငယ်လေးကတည်းက ထမင်းဖိုးကိုယ့်ဖာသာရှာနိုင်တယ်။ မောင်နှစ်မ နှစ်ယောက်လုံးရှာနိုင်တယ်။

၉-တန်းကျောင်းသားဘ၀မှာ ကိုယ့်အ၀တ်အစား ကိုယ်ဝယ်ဝတ်နိုင်ပြီ။ အမေက သားလုပ်သမျှ လုပ်ခပေးမယ်တဲ့။ လုပ်တာပေါ့ ဘာထည့်တွက်နေမလဲ။ အကုန်လုပ်ဖူးတယ်။ ကွမ်းသီးပင်လဲ တက်တတ်တယ်။ အုန်းပင်လဲ တက်တတ်တယ်။ လှေလဲလှော်တတ်တယ်။ ခြံထဲက သရက်သီးလဲ ကိုယ်တိုင်ချူပြီး ကိုယ်တိုင်ရောင်းတယ်။ အိမ်က စီးပွားရေးကိုလည်း ကျွမ်းကျင်တယ်။ အင်္ဂလိပ်စာ ကောင်းကောင်းတတ်တယ်။ ကွန်ပျူတာ ကောင်းကောင်းကျွမ်းတယ်။ တတ်သင့်တာ မှန်သမျှ အကုန်သင်တယ်။

ဘ၀ဆိုတာ ဒီကွေ့ရောက် ဒီတက်နဲ့ လှော်တတ်ရမယ်၊ ဟိုကွေ့ရောက် ဟိုတက်နဲ့ လှော်တတ်ရမယ်။ ငယ်ငယ်လေးကတည်းက အဲဒီ အသိရှိတယ်။ မိဘကကောင်းကောင်း လေ့ကျင့်ပေးလိုက်တယ်။

ဒီတော့ ကိုယ့်ဘ၀အတွက် ဘာလုပ်ရ လုပ်ရ သတ္တိမွေးပါ။ မှန်သော အသက်မွေးမှုအတွက် ရဲရဲလျှောက်ပါ။ ကိုယ့်အခွင့်အရေးကို ယူတတ်ပါစေ။ အနှိမ်မခံပါနဲ့၊ အညှဉ်းဆဲမခံပါနဲ့၊ ကိုယ့်ဘ၀အတွက် ကိုယ်သာပဲ့ကိုင်ရှင်ဖြစ်ပါစေ။ စိတ်ဓာတ်ထိုင်ကျနေဖို့ အချိန်မရှိဘူး။ တစ်နေ့သေမှာ။ ကြောက်ပြီးသေမှာလား။ ရဲရဲဝံ့ဝံ့ အမှန်တရားနဲ့ သေမှာလား။

ကြိုက်တာသာရွေးလိုက်ပါတော့။

အားမလျှော့ပါနဲ့။ ဘ၀အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။