Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 31, 2016

#အားလုံးကိုချစ်ပါတယ်

#အားလုံးကိုချစ်ပါတယ်
#ရှမ်း
#စိုင်းစိုင်းခမ်းလှိုင် ဆိုတာ ရှမ်းအမျိုးသားအဆိုတော်ပေါ့

ကျနော်တို့ ဗမာ တွေချစ်လိုက်ကြတာ သည်းသည်းလှူပ်
#ချင်း
#သက်မွန်မြင့် ဆိုတာ ချင်းလူမျိုးအမျိုးသမီးသရုပ်ဆောင်ပေါ့

ကျနော်တို့ ဗမာ တွေချစ်လိုက်ကြတာ သည်းသည်းလှူပ်

#ရခိုင်
#နေတိုး ဆိုတာ ရခိုင်အမျိုးသားသရုပ်ဆောင်ပေါ့

“ မြန်မာပလာဇာ၊ ဘီ-၅၂ လေယာဉ်ပျံနဲ့ ရင်ထုမနာ ”ဒီတစ်ပါတ် မက်ဆင်ဂျာဆောင်းပါးပါ

ဒီတစ်ပါတ် မက်ဆင်ဂျာဆောင်းပါးပါ

“ မြန်မာပလာဇာ၊ ဘီ-၅၂ လေယာဉ်ပျံနဲ့ ရင်ထုမနာ ”

ရပ်ကွက်ထဲက ခေတ်လူငယ်လေးတစ်ယောက်နဲ့ စကားပြောရင်း မြန်မာပလာဇာကို မောင်မြတ်မရောက်ဖူးသေးဘူးဆိုတော့ တအံ့တသြနဲ့ ရန်ကုန်မှာနေပြီး ခေတ်နောက်ကျလိုက်တာလို့ အပြောခံရတယ်။ ဟုတ်တယ် တို့တတွေခေတ်နောက်ကျန်ခဲ့တယ်လို့ ပြန်ပြောမိတယ်။ ကျန်ခဲ့တာမှ တော်တော့်ကိုကျန်ခဲ့တာ.. ဘီ ၅၂ ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ပိုက်စိတ်တိုက်ဗုံးကြဲခံရလို့ ပြိုလဲကျန်ခဲ့ သလိုကို တို့နိုင်ငံမှာ အရာရာပျက်စီးကျန်ရစ်ခဲ့တာလို့ စိတ်ထဲက ဆက်ပြောမိတယ်။

လွတ်လပ်၍သန်မာပါစေ။

 Khant Naing

‪#‎ဒီပို့စ်ကိုမကျော်သွားပဲ့ဖတ်ကြည့်စေချင်တယ်‬
စာကတော့ ရှည်ပါတယ်။
Yin Yadanar ဆိုတဲ့ အမျိုးသမီးတစ်ဦးရေးသားပါတယ်။
ပိုစ့်ပိုင်ရှင်က Likeရော mentရော ပိတ်ထားတဲ့အတွက် ၊
ဒီစာဟာ ဒီ့ထက်မက ပျံနှံ့သင့်တယ်လို့ ယူဆတဲ့အတွက်
Copy ကူးတင်လိုက်ပါတယ်။

လိုတဲ့အချက်ယူ မလိုတဲ့အချက် ပယ်ကြရုံပေါ့။
အမျိုးသမီးဝါဒီဆိုပြီး ဖင်ပိတ်အော်နေတာထက်
ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်တဲ့
လွတ်လပ်သန်မာတဲ့ အမျိုးသမီးတွေအဖြစ် တည်ဆောက်ကြဖို့က ပိုဖြစ်သင့်ဖြစ်ထိုက်ပါတယ်။
အသိဥာဏ်တံခါးတွေဖွင့်ထားလိုက်ရုံပါပဲ။
-----------------------------------
Credit - Yin Yadanar
လွတ်လပ်၍သန်မာပါစေ။
-----------
ဒီနေ့ခေတ် မြန်မာ အမျိုးသမီး အမျိုးသားကြားမှာ (အိမ်ထောင်သည်များကြားမှာသာမက) လူမှုရေးဖောက်ပြန်မှုတွေ ပိုမိုပေါများလာပြီး အများစုသော အမျိုးသမီးတွေက ထုံးစံအတိုင်း ပြုလုပ်ခံ (Object) တွေ ဖြစ်ကြတယ်။ တကယ်တော့ ဒီဖြစ်ရပ်တွေဟာ ဟိုးအရင်တည်းက ရှိတာတွေ ဖြစ်ပြီး မြန်မာ့လူမှုရေးကျင့်ဝတ်တွေ ၊ မယားဝတ္တရားဆိုတာတွေ ၊ အိမ်တွင်းမီး အိမ်ပြင်မထုတ်နဲ့ ဆိုတာတွေကြောင့် ဖြတ်သန်းလာခဲ့တဲ့ သက္ကရာဇ်အဟောင်းတွေထဲ နှုတ်ဆိတ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ တနေ့ထက် တနေ့ အမျိုးသားတွေရဲ့ စိတ်ဟာ တဖက်စောင်းနင်းဆန်လာပြီး၊ ကိုယ်ချင်းစာနာမှုတွေကင်းမဲ့လာတာကိုလည်း ကျမတို့တွေ တွေ့မြင်နေရတယ်။

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် ၅၂ ခု #

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် ၅၂ ခု #

လှေကားထစ်နံပါတ် (၁)။ တိကျတဲ့ ဘဝရည်မှန်းချက်။

လူတယောက်ရဲ့ အနာဂါတ်ကို အတတ်ဟောဖို့ သင်ဟာ ဗေဒင်ဆရာ လက္ခဏာဆရာ တစ်ယောက်ဖြစ်နေစရာ မလိုပါဘူး။ သူ့ကို မေးခွန်းတိုလေး ၂ ခုပဲ မေးကြည့်ဖို့ လိုပါတယ်။ အဲဒီမေးခွန်းက
"ခင်ဗျားဘဝရဲ့ တိကျတဲ့ရည်မှန်းချက် (definite purpose) ဟာ ဘာလဲ။ အဲဒီ ရည်မှန်းချက်ရောက်ဖို့ ဘာအစီအစဉ်တွေ ချမှတ်ထားသလဲ"

တကယ်လို့ လူ ၁၀၀ ကို မေးလိုက်ရင် လူ ၉၈ ယောက်လောက်က အခုလိုမျိုး ဖြေကြပါလိမ့်မယ်။
"ကျနော့်ဘဝမှာ အဆင်ပြေပြေနေရပြီး အောင်မြင်သင့်သလောက် အောင်မြင်ဖို့ပါ"

စာဖတ်ဒဏ်

စာဖတ်ဒဏ်
------------
Najib Zadeh လို့ခေါ်တဲ့လူတစ်ဦးက အီရန်နိုင်ငံအရှေ့မြောက်ပိုင်း Gonbad-e Kavus မြို့က တရားသူကြီးတစ်ဦးဖြစ်တယ်။ တစ်ခါက သူတရားစီရင်တဲ့အမှုတစ်ခုမှာ Qasim လို့ခေါ်တဲ့ ၁၆နှစ်အရွယ်လူငယ်တစ်ဦးနဲ့ဆုံခဲ့တယ်။ အထက်တန်းကျောင်းတက်နေတဲ့ Qasim က လုယက်မှုနဲ့ရောက်လာတာပါ။ လုယက်ရတာကလည်း သူ့မိခင်နေမကောင်းလို့၊ ဆေးဖိုးဝါးခမရှိလို့ လမ်းသွားလမ်းလာအမျိုးသမီးတစ်ယောက်ကို လုယက်ပြီး ရလာတဲ့ပိုက်ဆံနဲ့ သူ့အမေကိုဆေးရုံတင်ခဲ့တာဖြစ်တယ်။

ထမင်းကောင်းတစ်အိုးရဲ့လျှို့ဝှက်ချက်များ

 
ထမင်းကောင်းတစ်အိုးရဲ့လျှို့ဝှက်ချက်များ
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

၁ ။ ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အနံ့အရသာကို
ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင်ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

၂ ။ ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာဆန်သစ်လောက်မကောင်းတဲ့
အချိန်မှာ စိတ်ပူစရာမလိုပါဘူး ၊ထမင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ ပေါ်ဆန်းမွှေးကဲ့သို
့မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။

ပလေတို (Plato) ဆိုသည်မှာ

ပလေတို (Plato) ဆိုသည်မှာ

================

ဆိုကရေတီ၏တပည့် ပလေတိုသည်ထင်ရှားကြီးကျယ်သော ကမ္ဘာ့အတွေးအခေါ်ဒဿနပညာရှင်ကြီးဖြစ်ပြီး နိုင်ငံရေး၊သင်္ချာ၊နက္ခတ်..နယ်ပယ်စုံတွင်နှံ့စပ်သူဖြစ်သည်။

စံပြစိတ်ကူးနိုင်ငံ (Utopia) စီမံကိန်းကို ရှေးဦးစွာတင်ပြခဲ့သောပလေတိုသည် အေသင်မြို့၏ထင်ရှားကျော်စောသော ၊ကုံလုံကြွယ်ဝသော အမျိုးအနွယ်မှဆင်းသက်လာသည်။
ပလေတိုကိုမွေးဖွားသည့်အချိန်မှာ ဗုဒ္ဓ(၅၆၇ _၄၈၇)ပရိနိဗ္ဗာန်စံပြီး အနှစ် ၅၀ ကျော်လာပြီးသည့်အချိန်ဖြစ်သည်။
ပလေတိုမှာအဖက်ဖက်တွင် ကုသိုလ်ကံထူးသည်။ ရုပ်ရည်ရူပကာလှပတင့်တယ်ပြီး အမျိုးအနွယ်မြင့်မြတ်သည်။ စည်းစိမ်ဥစ္စာပေါများကြွယ်ဝသည်။

မိသားစုတစ်စု ဘာ့ကြောင့်ဆင်းရဲရသလဲ…?

မိသားစုတစ်စု ဘာ့ကြောင့်ဆင်းရဲရသလဲ…?
-----------
(လူသားအားလုံးအတွက် အကျိုးရှိစေတာမို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါနော်) ကျနော်တို့လူသားတိုင်းမှာ မိသားစု အသိုက်အမြုံဆိုတာ ရှိကြပါတယ်..။ သက်ရှိသတ္တ၀ါတိုင်းမှာလည်း မိသားစုဆိုတာရှိကြစမြဲပါ… ဒီမိသားစုဆိုတဲ့ လှပတဲ့အဓိပ္ပါယ်လေးက အရမ်းကို လေးနက်မှုရှိသလို ပျော်ရွှင်အေးချမ်းဖွယ် မေတ္တာကမ္ဘာလေး ဆိုလည်း (လုံးဝ) မမှားပါဘူး။ တစ်ဦးနဲ့တစ်ဦး အမှီသဟဲ ပြုပြီးနေထိုင်နေကြတာပဲဖြစ်ပါတယ်… ကဲ…ကျနော့်အနေနဲ့ လူသားအားလုံးအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘ၀လေးကို ပိုင်ဆိုင်စေလိုသော မေတ္တာဖြင့် ထောက်ပြစရာလေး အနည်းငယ်တော့ရှိပါတယ်..။

"လူငယ်တွေကို အမေပြောချင်တဲ့စကားက-

 
 
"လူငယ်တွေကို အမေပြောချင်တဲ့စကားက-

မင်းတို့ စာဖတ်ကြ ဆိုတာပါပဲ။
လူမှန်ရင် စာမဖတ်လို့ မဖြစ်ပါဘူး။

တကယ်ပါပဲ။

စာမဖတ်တဲ့လူဟာ လူပီပီ မဖြစ်ပါဘူး။
စာဖတ်မှ အဆင့်မီမီ တွေးခေါ်တတ်တယ်။
မှန်ကန်အောင် ဆုံးဖြတ်တတ်တယ်။

ဘာစာဖတ်ရမှာလဲလို့မေးရင်-

ပထမတော့ ဘာစာမဆို ဖတ်ပါ။
ဖတ်ရင်းဖတ်ရင်း၊

ဟတ်ထိတယ်ဗျာ။

ဟတ်ထိတယ်ဗျာ။
============

ကျွန်တော့်သားလေးကကျွန်တော်သင်္ဘောတက်ခါနီးမေးတယ်။
ဖေဖေဘယ်တော့ပြန်လာမှာလဲတဲ့။၆လလောက်ပေါ့ဖြေတော့
သူနားမလည်ဘူး။ကျွန်တော့်ဇနီးက ရက်တွေ နေ့ တွေအများကြီး
ပေါင်းထားတာ လပေါ့လို့ ဝင်ဖြေပေးတော့ ခလေးကစဉ်းစားပြီးဒါဆိုတရက်ပဲသွားတဲ့။ ကျွန်တော်က ၁ရက်ထဲဆိုဖေဖေတို့ ထမင်းစားဖို့ ငွေမလောက်ဘူးပြောတော့ သားသားထမင်းမစားပဲနေပါ့မယ်တဲ့ဗျာ။ ကျွန်တော်ရင်ထဲဆို့ နင့်သွားတယ်။ ဒါနဲ့ သူ့ အမေကကြားကဝင်ညှိပေးတယ်နဲနဲရက်တိုးပေးဖို့ ပြောပြီး ကျွန်တော့်ကိုမျက်ရိပ်ပြတယ်။ဒါနဲ့သားလေးက သူ့ လက်ချောင်းလေးတွေထောင်ပြပြီး ဆယ်ရက်ဆိုရလားတဲ့ သားသားက၃ရက်ပဲပေးချင်တာ မေမေတို့ ကိုသနားလို့ တဲ့။

The human body. လူ့ ခန္ဓာကိုယ်။


Saya San

The human body. လူ့ ခန္ဓာကိုယ်။
*********************
Head and face. ခေါင်း နှင့် မျက်နှာ။
beard = မှုတ်ဆိတ်မွှေး။
cheek = ပါး။
chin = မေးစေ့။
head = ခေါင်း။
hair = ဆံပင်။
ear = နား။
eye = မျက်စိ။

ဂဏန်းမဆလာဟင်း

ဂဏန်းမဆလာဟင်း

===================
===================

ပါဝင်ပစ္စည်းများ

---

ဂဏန်း
ဆီ
ဆား
ဆနွင်း
ငံပြာရည်
ဂျင်း
ကြက်သွန်ဖြူ
ကြက်သွန်နီ

Saturday, July 30, 2016

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

(၁) ရေအေးလေး တစ်ကျိုက်စီငုံ

သေးသေးဖွဲဖွဲလေးတွေ စား ဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေတယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။

၁၅၀၀ နှင့် ၅၂၈ အချစ်တို့ရဲ့ တကယ့်အဓိပ္ပါယ်

  ဆရာဦးဇော်ဝေ

၁၅၀၀ နှင့် ၅၂၈ အချစ်တို့ရဲ့ တကယ့်အဓိပ္ပါယ်
+++++++++++++++++++++++++
အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက “၁၅၀၀ အချစ်” နဲ့ “၅၂၈မေတ္တာ” ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို “၁၅၀၀ အချစ်” ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ပြောပြီး မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ “၅၂၈ မေတ္တာ” ၊ အေးမြ ချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။
ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရတာလဲ . . .။
ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။

ချာလီချက်ပလင် ၏ မှတ်သားဖွယ်စကားများ


မှတ်စုကြမ်း added 14 new photos — with Ro Se.

ချာလီချက်ပလင် ၏ မှတ်သားဖွယ်စကားများ
******************************
ချာလီချက်ပလင် ( Charlie Chaplin ) ဆို သူသည် အများသိ နာမည်ကျော် ဟာသ သရုပ်ဆောင် တစ်ဦး ဖြစ်ပါ သည်။
ဒါပေမယ့် သူ ၏ အတွေးအခေါ် ပြောစကား
များ ကလည်း ကမ္ဘာကျော် ခဲ့ပါသည်။
အများလည်း သိကြမည် ထင်ပါ၏ ။
ပြန်လည် အမှတ်ရစေ ဖို့ တစ်ချို့ စကားများ
အား မှတ်စုကြမ်း မှ စုစည်းဖေါ်ပြ ပေးပါသည်။
( 1 ) ရီမောခြင်း မရှိသောနေ့ သည်
အဓိပ္ပါယ် မဲ့ ကုန်ဆုံးသော နေ့တစ်နေ့
ဖြစ်ပါသည်။
( 2 ) ကျနော့် ဘဝ မှာ ပြဿနာများစွာ ရှိခဲ့ ပါ
တယ်။ ဒါပေမယ့် ကျနော့် နူတ်ခမ်းတွေ
က မသိကြဘူးဗျ ။ ဒီကောင်တွေက အမြဲ ပြုံး
နေတာ ပဲ ဗျာ။

အမေရိကန်မီလျံနာတွေ ဖတ်တဲ့ စာအုပ်အမျိုးအစားများ။

အမေရိကန်မီလျံနာတွေ ဖတ်တဲ့ စာအုပ်အမျိုးအစားများ။

လူငယ်တွေဆီက ဘာစာအုပ်ဖတ်ရမလဲဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် အမေးခံနေရပါတယ်။

ကျနော့်အနေနဲ့ ဘာစာအုပ်ဖတ်သင့်တယ်လို့ မညွှန်းခဲ့ပါဘူး။ မညွှန်းရတဲ့ အကြောင်းက ပြည်ပမှာ အနေကြာလို့ မြန်မာပြည်က စာအုပ်တွေနဲ့ အထိအတွေ့နည်းတာရယ်၊ မေးသူရဲ့ ပညာအရည်အချင်း၊ စာဖတ်သက် ဘယ်လောက်ရှိပြီကို မသိပဲ ရမ်းသန်းမဖြေချင်လို့ပါ။

နောက်တစ်ခုက သူ ဘာကြောင့် စာဖတ်ချင်တယ်ဆိုတာကို သိမှ ဖြေလို့ကောင်းပါတယ်။ ခေါင်းဆောင်လုပ်ချင်ရင် ခေါင်းဆောင်မှုပညာနဲ့ ပတ်သက်တဲ့ စာအုပ်၊ စတော့ရှယ်ယာအကြောင်း သိချင်ရင် အဲဒါနဲ့ပတ်သက်တဲ့ စာအုပ်၊ စသဖြင့် ညွန်းလို့ရပါတယ်။

အစိုးရက စီးပွားရေးမူဝါဒထုတ်ပြန်


Myanmar B2B Management Magazine

အစိုးရက စီးပွားရေးမူဝါဒထုတ်ပြန်
*************************************
အစိုးရသစ်က သက်တမ်းလေးလခန့်အကြာ ဇူလိုင် ၂၉ မှာ စီးပွားရေးမူဝါဒကို အောက်ပါအတိုင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ
၁။ ပွင့်လင်းမြင်သာပြီးကောင်းမွန်တောင့်တင်းသည့်ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့်ဘဏ္ဍာရေးအရင်း အမြစ်များတိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်။
၂။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ

ခေတ်သစ် အယ်ဒီဆင် (သို့မဟုတ်) အရှုံးပေါင်း ၉,၅၂၉ ကြိမ် ကြုံတွေ့ပြီးမှ အောင်မြင်လာသူ။

ခေတ်သစ် အယ်ဒီဆင် (သို့မဟုတ်) အရှုံးပေါင်း ၉,၅၂၉ ကြိမ် ကြုံတွေ့ပြီးမှ အောင်မြင်လာသူ။

သောမတ်စ့်အယ်ဒီဆင် (Thomas Edison) ဟာ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့စဉ်က မီးလုံးအတွင်းက နန်းကြိုးမျှင်ကို လျှပ်စစ်လွှတ်လိုက်ရင် အလင်းရောင်ပေါ်လာနိုင်စေဖို့ သတ္တုအမျိုးမျိုးနဲ့ အကြိမ်ပေါင်း ၁,၀၀၀ လောက် စမ်းသပ်ခဲ့ရတယ်။ နောက်ဆုံးကျမှ တန်စတင်းသတ္တုမျှင်သုံးပြီး လျှပ်စစ်မီးလုံးကို တီထွင်နိုင်ခဲ့တယ်။ မအောင်မြင် ကျရှုံးမှုနဲ့ ကြုံတွေ့တိုင်း လက်မလျှော့ ဆက်ကြိုးစားဖို့ ပြောရင် အယ်ဒီဆင်ကို စံထားပြောလေ့ရှိကြပါတယ်။

အခုခေတ်မှာ သူ့လို လူမျိုးတစ်ယာက် ရှိနေပါတယ်။ သူဟာ ရှုံးနိမ့်မှုပေါင်း ၉,၅၂၉ ကြိမ် ကြုံတွေ့ခဲ့ပေမဲ့ အရှုံးမပေးလို့ နောက်ဆုံးမှာ အောင်မြင်သွားသူပါ။ သူ့နာမည်က Tom Corley ပါ။

ကျား နဲ့ ဆင် လယ်ပြင်မှာတွေ့ မယ်

 Khant Naing added 4 new photos.

‪#‎ဖတ်ကြည့်‬
Credit >>>ko myo win
ကျား နဲ့ ဆင် လယ်ပြင်မှာတွေ့ မယ်
***************************
အကျွန်ုပ်သည်( RFA ) သတင်းဌာနနှင့်တွေ့ဆုံမေးမြန်း
ခဲ့သူ NLD - လွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်သက်
ခိုင် အားစောင့်ကြည့်လေ့လာနေခဲ့မိသည်။
အကြောင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်
လွှတ်တော်အမတ်ဒေါ်သက်သက်ခိုင် တို့အစည်းအဝေး
တခုတွင်စကားအခြေအတင်ဖြစ်ခဲ့သည်မှစ၍ဖြစ်သည်။
ထိုသို့ စကားအခြေအတင်ဖြစ်သည့်အခါ၌ စိတ်ဝင်စား
စရာကောင်းသည်မှာဒေါ်သက်သက်ခိုင်ပြောသည့်
စကားတခွန်းဖြစ်သည်...
"ကျမက အောင်မြင်နေသောစီးပွားရေးလုပ်ငန်းရှင်
တယောက်ဖြစ်ပါတယ် "

မာလကာရွက်၏ ကျန်းမာရေးကောင်းကျိုးများ

မာလကာရွက်၏ ကျန်းမာရေးကောင်းကျိုးများ

----------------------------------------------------- #ဒေါက်တာခင်မိုးမိုး

မာလကာရွက်မှာ ဗီတာမင် အေ၊ စီ နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်တဲ့အပြင် ကျန်းမာရေးကောင်းမွန်စေတဲ့ အမျှင်ဓာတ်နဲ့ လိုင်ကိုပင်းတွေ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အောက်ပါအကျိုးများစွာ ရရှိနိုင်ပါတယ်။

၁။ မာလကာရွက်ကို ရေနွေးကြမ်းအဖြစ် အသုံးပြုပါက ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောအဆင့် ကျဆင်းစေနိုင်ပါတယ်။

၂။ လေပြွန်ရောင်နာနဲ့ ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။

ဒီရက်ပိုင်း တရုတ်အင်တာနက်သုံးသူတွေကြားမှာ သတင်းနှစ်ခုနဲ့ပတ်သက်တဲ့ ဝေဖန်ရေးတွေဟော့နေတယ်။


Nine Nine Sanay @ နိုင်းနိုင်းစနေ

ဒီရက်ပိုင်း တရုတ်အင်တာနက်သုံးသူတွေကြားမှာ သတင်းနှစ်ခုနဲ့ပတ်သက်တဲ့ ဝေဖန်ရေးတွေဟော့နေတယ်။
ပထမတစ်ခုက အမေရိကန်ကိုလာလည်တဲ့ တရုတ်လူမျိုး ၄ယောက် အယ်ရီဇိုးနားပြည်နယ်မှာ ကားတစ်စီးနဲ့ ကိုယ်တိုင်မောင်းပြီးသွားလည်တာ ဘယ်အကွေ့မှာ stop ဆိုင်းဘုတ်ပြထားတာကို ခဏမရပ်ဘဲ မောင်းလို့ တည့်တည့်လာတဲ့ဘတ်စ်ကားနဲ့တိုက်ပြီး ၄ယောက်လုံး ပွဲချင်းပြီးသွားတဲ့ သတင်းနဲ့ပတ်သက်တာ။
ဒုတိယတစ်ခုက ပီကင်း သားရိုင်းဘေးမဲ့တိရစ္ဆာန်ဥယျာဉ်မှာ မိန်းမက ယောက်ျားကားမောင်းတာကိုနှေးလို့ဆိုပြီး သူကိုယ်တိုင်ကားမောင်းဖို့ ယောက်ျားနဲ့အငြင်းပွားပြီး ကားပေါ်ကအဆင်းမှာ ကျားဆွဲခံလိုက်ရတယ်။

ကင်ဆာ ရောဂါနှင့် ပက်သက်သော နောက်ဆုံး ထုတ်ပြန်ချက်။ ( လူတိုင်းဖတ်ကြည့်သင့်ပါတယ် )

ကင်ဆာ ရောဂါနှင့် ပက်သက်သော နောက်ဆုံး
ထုတ်ပြန်ချက်။ ( လူတိုင်းဖတ်ကြည့်သင့်ပါတယ် )
--------------

ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့
လူတွေဆီ ပေးပို့ သင့်ပါတယ် ။
ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။

ဂျွန်ဟော့(ပ်)ကင်း(စ်) မှကင်ဆာရောဂါနှင့်
**********************************
ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။
**********************************

စာဖတ်ခြင်း၏အကျိုး(၁၀)မျိုး

စာဖတ်ခြင်း၏အကျိုး(၁၀)မျိုး

၁။ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။

၂။စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။

၃။မှတ်ဥာဏ်ကို တိုးမြင့်ပေးနိုင်တယ်။

၎။ဘဝနေထိုင်နည်းကို ပိုင်းရှားသိတတ်လာတယ်။

၅။အာရုံစူးစိုက်စေတယ်။တွေးတောစေတယ်။

စင်္ကာပူရောက် အထက်တန်းကျောင်းမပြီးသေးသူများအတွက် ပညာလိုအိုသည်မရှိ အဖွဲ့ 


စင်္ကာပူ added 2 new photos.

စင်္ကာပူရောက် အထက်တန်းကျောင်းမပြီးသေးသူများအတွက် ပညာလိုအိုသည်မရှိ အဖွဲ့ 
________________
စင်္ကာပူတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေသော အထက်တန်းပညာ မပြီးဆုံးသေးသော ရွှေမြန်မာများအတွက် တိုးပါးရိုးမြန်မာဘုန်းကြီးကျောင်းတွင် ပညာဆက်လက်သင်ယူနိုင်ပြီး စင်္ကာပူရှိမြန်မာသံရုံးတွင် စာမေးပွဲဖြေဆိုနိုင်ပြီဖြစ်ပါသည်။
သင်ကြားပေးမယ့် အတန်းများမှာ
🔆🔆🔆
-၇/၈/၉/၁၀ တန်း

ဂီတလောကထဲ လူတစ်ယောက်ရောက်နေတယ်


Aung Myo Lwin added 4 new photos — with Aung Mhoe Thu and 39 others.

ဂီတလောကထဲ လူတစ်ယောက်ရောက်နေတယ်
နေချိုဆိုတဲ့ ကောင်လေးတစ်ယောက် ကျနော့်ကို page ကတဆင့် ဆက်သွယ်လာတယ်။ ကျနော့်သီချင်းတွေ နားဆင်ပြီး ဝေဖန်ပေးပါ၊ အဆင်ပြေရင် ပေ့မှာတင်ပေးပါလို့ request လုပ်လာတယ်။ Demo အဆင့်မှာ နားထောင်ကြည့်ရပေမယ့် အဆင်ပြေနေတာနဲ့ပဲ တစ်ပုဒ် နှစ်ပုဒ် တင်ပေးလိုက်ပါတယ်။ နောက် သူ့ဘာသာ video တွေပါတင်လာတာတွေ့ရတယ်။ စေတနာအကျိုးပေးတယ်ခေါ်မလား ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်အကြောင်း ဂုဏ်ပြုသီဆိုထားတဲ့ ဓမ္မစေတီသူရဲကောင်းသီချင်းဟာ အွန်လိုင်းသုံးသူတွေကြား တဖြည်းဖြည်း ပျံ့နှံ့လာတယ်။ အယ်လ်ဘမ်ထွက်လာပြီးနောက် ရဲချုပ်ကိုယ်တိုင် သူ့ကို ဂုဏ်ပြုလက်ဆောင် ပြန်ပေးတဲ့အထိ အောင်မြင်ခဲ့တဲ့သီချင်းလေးပေါ့။ သူ့သီချင်းတချို့ဟာ လူတွေထဲမှာ ဖြစ်ပျက်နေတာတွေကိုပဲ ရိုးရိုးရှင်းရှင်းတင်ပြလေ့ရှိတယ်။ လူငယ်ပီပီ အချစ်တွေပါတယ်။

လူငယ်တိုင်းလုပ်လို့ရတဲ့ အချက် (၄) ချက်...

လူငယ်တိုင်းလုပ်လို့ရတဲ့ အချက် (၄) ချက်...

၁- ပုံမှန်ပိုက်ဆံစုပါ
၂- ပုံမှန်စာဖတ်ပါ
၃- အင်္ဂလိပ်စာလေ့လာပါ
၎- စည်းကမ်းတကျအမှိုက်ပစ်ပါ

၁- #ပုံမှန်ပိုက်ဆံစုပါ

ဝင်ငွေရှိတဲ့ လူငယ်က ဝင်ငွေကိုစုပါ
မုန့်ဖိုးရတဲ့ လူငယ်က မုန့်ဖိုးကိုစုပါ
အနည်းဆုံး ရသမျှပိုက်ဆံထဲက
၁ဝ ရာခိုင်နှုန်းလောက်ပဲ ပုံမှန်စုကြည့်ပါ
ပိုများများစုနိုင်ရင်တော့ ပိုကောင်းတာပေါ့
ပိုက်ဆံစုတတ်တဲ့အကျင့်လေးစွဲသွားတဲ့အခါ
ပိုက်ဆံရဲ့တန်ဖိုးကို နားလည်လာပါလိမ့်မယ်

Friday, July 29, 2016

တားမြစ်ထားတဲ့ သီချင်းလေးတွေ...

တားမြစ်ထားတဲ့ သီချင်းလေးတွေ...
----------------

စောဘွဲ့မှူးရေးတဲ့ သုခုမရဲ့ သီးသန့်ပိုင်ရှင်ကလေး ဆိုတဲ့ သီချင်းရှိပါတယ်။ 1998ဝန်းကျင်လောက်က ထုတ်တဲ့ စောဘွဲ့မှူးအမှတ်တရအခွေဖြစ်တဲ့ ဟန်နီးမွန်းခရီးအခွေမှာ ချစ်စမ်းမောင် ပြန်ဆိုထားပါသေးတယ်။ အရမ်းကောင်းတဲ့ သီချင်းဖြစ်ပြီး ကျွန်တော့်အကြိုက်ဆုံးတွေထဲက တစ်ပုဒ်လည်း ဖြစ်ပါတယ်။ အဲ့ သီချင်းရဲ့ ဖြစ်တည်မှုတွေ……ရေးဖြစ်သွားအောင် လှုပ်ဆော်မှုတွေရဲ့ နောက်ကွယ်မှာ ပြောပြစရာ တချို့ရှိပါတယ်။ ဒီအကြောင်းတွေကို ကျွန်တော်ကို ပြန်ပြောပြသူကတော့ စောဘွဲ့မှူးရဲ့ ငယ်သူငယ်ချင်း ကိုသော်ဖြစ်ပါတယ်။အဲ့အတွက် အစ်ကိုကြီး ကိုသော်ကိုလည်း ကျေးဇူးတင်ပါတယ်။

စကားပြောရာတွင်

စကားပြောရာတွင်

===========

စကားပြောတတ်တာက တစ်ပါးသူကို နွေးထွေးမှုဖြစ်စေတယ်၊ အားဖြစ်စေတယ်၊ ယုံကြည်မှုရှိစေတယ်၊ အဆင်ပြေစေတယ်၊
နေသာထိုင်သာရှိစေတယ်၊ မျှော်လင့်ချက်ဖြစ်စေတယ်၊ အသိဉာဏ်ဖြစ်စေပါတယ်။

(၁) တစ်ဘက်လူရဲ့ဒေါသမီးကို ထိန်းချုပ်ပေးနိုင်တဲ့စကားလုံး ----- ဆောရီးပါနော်

(၂) ကိုယ့်ပင်ကိုအရည်အသွေးကို နှိမ့်ချတဲ့စကားလုံး ------ ကျေးဇူးတင်ပါတယ်

(၃) တစ်ဘက်လူကို ရင်ကော့အားဖြစ်စေတဲ့စကားလုံး ----- မင်းလုပ်တာ ကောင်းတယ်

(၄) ကျေအေးငြိမ်းချမ်းမှုကို ဆင့်ခေါ်နိုင်တဲ့စကားလုံး ------ ငါ မှားသွားတယ်

မီလျံနာသူဋ္ဌေးတွေရဲ့ အကျင့် ၇ ခု။

မီလျံနာသူဋ္ဌေးတွေရဲ့ အကျင့် ၇ ခု။

Tom Corley ဆိုသူဟာ အမေရိကန်နိုင်ငံက မီလျံနာသူဋ္ဌေးတွေကို ၁၂ နှစ်ကြာ လေ့လာခဲ့တယ်။

သူ့ရဲ့တွေ့ရှိချက်အရ မီလျံနာအများစုဟာ ချမ်းသာတဲ့မိဘက မွေးဖွားပြီး ချမ်းလာကြသူများ မဟုတ်ကြပဲ သူတို့ဖါသာ ချမ်းသာအောင် ရိုးရိုးသားသား ကြိုးစားလုပ်ယူခဲ့ကြတယ်တဲ့။ နောက်ပြီး သူတို့မှာ တူညီတဲ့ အကျင့်စရိုက်တွေ ရှိကြတယ်။ အဲဒီအကျင့်တွေက -

# အကျင့်နံပါတ် (၁)။ စာဖတ်ကြတယ်

ပထမဆုံး သူ့တွေ့ရှိချက်က မီလျံနာ ၈၅ ရာခိုင်နူန်းဟာ တလကို အနည်းဆုံး စာအုပ် ၁ အုပ်ကနေ ၂ အုပ်အထိ ဖတ်ကြတယ်။ သူတို့ ဖတ်ကြတဲ့ စာအုပ်အမျိုးအစားတွေကတော့ လုပ်ငန်းဆိုင်ရာ၊ အောင်မြင်သူတွေရဲ့ အထုပ္ပတိ၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေး၊ ကျန်းမာရေး၊ လတ်တလောအဖြစ်အပျက်တွေ၊ စိတ်ပညာဆိုင်ရာစာအုပ်နဲ့ ခေါင်းဆောင်မှုပညာစာအုပ် စတာတွေပါ။

ပိုက်ဆံပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင် နေနိုင်စေမယ့် နည်းလမ်း (၆) သွယ်

ပိုက်ဆံပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင် နေနိုင်စေမယ့် နည်းလမ်း (၆) သွယ်
--------
ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့် ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ တစ်ချို့က လစာနည်းတော့ သုံးရတာမလောက်တာတွေရှိသလို လစာများတဲ့သူတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် လက်ထဲမှာ ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့်တွေကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ပိုက်ဆံ မရှိတော့တာကြောင့် ဘ၀ကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေဖို့ မလိုသလို ကံကြမ္မာကိုလည်း အပြစ်တင်နေဖို့ မလိုပါဘူး။ လက်ထဲမှာ ပိုက်ဆံ ပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်စေဖို့ ခေါင်းထဲထည့်ထားရမယ့် အချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့

Thursday, July 28, 2016

တိတ်တိတ်ပုန်း ဟာသ

 Nine Nine Sanay @ နိုင်းနိုင်းစနေ

တိတ်တိတ်ပုန်း ဟာသ
------------------------
ခေါင်းစဉ်ကြည့်ကတည်းက သိသာပါတယ်။ ဒီပို့စ်ဟာ ရိုင်းရင်လည်းရိုင်းမယ်။ အဓိပ္ပာယ်မဲ့ရင်လည်း မဲ့မယ်။ အဆဲခံထိရင်လည်း ထိမယ်။ ဒါပေမယ့် ပြုံးဖြစ်မယ်လို့ထင်ပါတယ်။ (မပြုံးလည်းရပါတယ်.. အတုတော့မခိုးပါနဲ့ :P )
.
(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း
.
မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။
.
"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

Pokemon များရှာဖွေရန် နယူးဇီလန်မှ အမျိုးသားတစ်ဦး အလုပ်မှနုတ်ထွက်


နယူးဇီလန်နိုင်ငံမှ တွမ်ကာရီဆိုသူသည် Pokemon Go ဂိမ်းအကောင်းဆုံး ကစားနိုင်သူ ဖြစ်လာရန်အတွက် ပင်လယ်ကမ်းခြေ စားသောက်ဆိုင်တစ်ဆိုင်၏ ဘားတွင်အဖျော်ယမကာ ဖျော်စပ်သည့် barista အလုပ်မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မိဘများမှာ စိတ်အနည်းငယ် ရှုပ်ထွေးခဲ့ကြောင်း တွမ်ကာရီက BBC Newsbeat သို့ပြောကြား သွားခဲ့သည်။ “ကျွန်တော်အလုပ်ထွက်တဲ့ အချိန်က ဘာအကြောင်းနဲ့ ထွက်လဲဆိုတာ မန်နေဂျာကို မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့သတင်း ထွက်လာတဲ့ အချိန်မှာတော့ သူ့ဆီကို ဖုန်းဆက် လိုက်ပါတယ်။ သူ့ဆီက အလွန်ကောင်းတဲ့ တုံ့ပြန်ချက်ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သုညတန်ဖိုးဖြစ်သော နေရာ။



Bamaw Thein Pe added 2 new photos.

သုညတန်ဖိုးဖြစ်သော နေရာ။
ဒီစာလေးကို စာအုပ်တစ်အုပ်မှာ တွေ့လိုက်မိတယ်။ "ပင်လယ်ရေအောက်မှာ ကျနေတဲ့ ခဲတစ်ကျပ်သားနဲ့ ရွှေတစ်ကျပ်သားဟာ တန်ဖိုးအတူတူပါပဲ"တဲ့။
အဲဒါလေးကို ဖတ်ပြီး အခုလို အတွေးလေးပေါ်လာတယ်။
တန်ဖိုးဆိုတာ ပါတ်ဝန်းကျင်မှာ မူတည်ပါတယ်။ ရွှေတစ်ကျပ်သားဟာ ခဲတစ်ကျပ်သားထက် အများကြီး တန်ဖိုးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ အဲဒါက ပင်လယ်ရေမျက်နှာပြင်အထက်က လူတွေနေတဲ့နေတဲ့ နေရာမှာပါ။ လူတွေမရှိတဲ့ပင်လယ်ရေအောက်မှာ တန်ဖိုးသိသူ မရှိလို့ ဘယ်ဟာဖြစ်ဖြစ် တန်ဖိုး အတူတူပါ (သို့မဟုတ်) သုညတန်ဖိုးပါ။

Speak English Selling and Buying.


Saya San

Speak English Selling and Buying.
****************************************
(1) What would you like to buy?
ဘာဝယ်ချင်တာလဲ။
(2) Need anything?
ဘာအလိုရှိပါသလဲ။
(3) All sort of things here!
ဒီမှာ အစုံရှိပါတယ်နော်။
(4) Come and see,please.
လာကြည့်ပါလား။
(5) Buy what is needed.
လိုတာ ဝယ်လေ။

ကမ္ဘာ့ပထမဆုံး ရေအောက်လိုဏ်ဂူများကို နော်ဝေ တည်ဆောက်နေ


နော်ဝေသည် ပြည်တွင်းသယ်ယူပို့ဆောင်ရေး ပြည့်ကျပ်မှုကို ဖြေလျှော့နိုင်ရန်အတွက် နိုင်ငံ၏ရေပိုင်နက်တစ်ဝန်းတွင် ရေအောက်လိုဏ်ဂူများကို တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။
ဆိပ်ခံဗောကဲ့သို့သော အရာဖြင့် ရေအောက် ပေ ၁၀၀ တွင် ပေါလောပေါ်နေစေမည့် ရေအောက်တံတားများတွင် အရွယ်ကြီးမားသည့် ပိုက်လိုင်းများပါဝင်မည်ဖြစ်သည်။ ပိုက်လိုင်းတစ်ခုစီသည် လမ်းကြောနှစ်ခုအတွက် လုံလောက်သည့် အကျယ်အဝန်းရှိပြီး နေရာ A မှ နေရာ B သို့ ပုံမှန်အသွားအလာပြုလုပ်သူများအတွက် နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရသည်။ ပိုက်လိုင်းတစ်ခုစီတွင် ဆိပ်ခံဗောများဖြင့် မြဲမြံစွာ ထောက်ကူထားသောကြောင့် တည်ငြိမ်မှုရှိနေစေမည်ဖြစ်သည်။

" ပျား နှင့် ယင် "

" ပျား နှင့် ယင် "

တိုင်းပြည် တစ်ခု ရဲ့ လူ့အဖွဲ့အစည်းမှာ
"ယင်ကောင်တွေ "လို စုဝေးနေထိုင်ကြတဲ့ လူ့
အဖွဲ့အစည်း နဲ့ "ပျားကောင်တွေ "လိုစုဝေးနေထိုင်
ကြတဲ့ လူ့အဖွဲ့အစည်း ဆိုပြီး လူ့အဖွဲ့အစည်း နှစ်မျိုး နှစ်စားရှိပါတယ်။

အားလုံး မြင် ဖူးကြတဲ့ အတိုင်း "ယင်ကောင်တွေဆို
တာ အစုအဝေးနဲ့ နေကြတဲ့ သတ္တဝါတွေပါ ဒါပေမယ့်
သူတို့မှာ

ကမ္ဘာကျော်တွေ လိုက်နာကြတဲ့ ငါးနာရီစည်းမျဉ်း

ကမ္ဘာကျော်တွေ လိုက်နာကြတဲ့ ငါးနာရီစည်းမျဉ်း

ငါးနာရီစည်းမျဉ်းကို သင်ခန်းစားတစ်ခုအဖြစ် အချိန်ယူလေ့လာသင့်ပါတယ်။ ဒီစည်းမျဉ်းကို ကျင့်သုံးတဲ့ လူတိုင်းဟာ သူတို့ရဲ့ အလုပ်မှာ အကျိုးကျေးဇူးတွေ ရကြပါတယ်။ စနစ်တကျ လေ့လာပြီး လက်တွေ့ကျင့်သုံးလုပ်ဆောင်ခြင်းနဲ့ သာမန် အလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်း ကြားမှာ မကြာခဏ ဝိရောဓိ ဖြစ်လေ့ ရှိပါတယ်။

ခြေစွယ်ငုတ်နေလား?

ခြေစွယ်ငုတ်နေလား?
××××××××××××××××××××××××
ခြေစွယ်ငုတ်ခြင်းက ခံရခက်ပြီး ကုသလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်တတ်ပါတယ်။
တစ်ချို့တွေဆို မျက်ရည်ကျသည်ထိ လှီးဖြတ်ပြစ်ကြပြီး ဆီချက်ပူ လောင်းထည့်တာမျိုးလည်း
မြင်ဘူးပါတယ်။
နောက်တော့ ပြန်ဖြစ်တာပါပဲ။
ခု ကျွန်တော်ပြောပြမယ့်နည်းလေးက မနာမကျင်ပဲ
ခြေသဲ ဟာ တစ်ဖြေးဖြေး ပြန့်လာပြီး နောက်ထပ် ခြေစွယ်မငုတ်တော့ပါဘူး။ ခြေသဲ လေးကလည်း နူးညံ့ချောမွတ်ပြီး လှပလာပါလိမ့်မယ်။
ဆေးက အဝေးကြီး ရှာစရာမလိုတဲ့တွက် အားလုံးအလွယ်တကူ ပျောက်ကင်းသက်သာနိုင်ပါတယ်။
အိမ်သုံးဆား။ ။ ဟင်းအိုးထဲ ခတ်တဲ့ဆားပါ။

ကျန်းမာရေးလျှို့ဝှက်ချက်များ

ကျန်းမာရေးလျှို့ဝှက်ချက်များ
---------------------------------
တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ်ရှိပြီဖြစ်တဲ့ တရုတ်ကျန်းမာရေးပညာရှင် ပါမောက္ခWan Cheng Kuiနဲ့ အစီအစဉ်တစ်ခု တင်ဆက်သွားခဲ့တယ်။ အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။
.
(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ်
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ကျန်းမာရေးဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ကိယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။