ဒီတစ်ပါတ် မက်ဆင်ဂျာဆောင်းပါးပါ
“ မြန်မာပလာဇာ၊ ဘီ-၅၂ လေယာဉ်ပျံနဲ့ ရင်ထုမနာ ”
ရပ်ကွက်ထဲက ခေတ်လူငယ်လေးတစ်ယောက်နဲ့ စကားပြောရင်း မြန်မာပလာဇာကို မောင်မြတ်မရောက်ဖူးသေးဘူးဆိုတော့ တအံ့တသြနဲ့ ရန်ကုန်မှာနေပြီး ခေတ်နောက်ကျလိုက်တာလို့ အပြောခံရတယ်။ ဟုတ်တယ် တို့တတွေခေတ်နောက်ကျန်ခဲ့တယ်လို့ ပြန်ပြောမိတယ်။ ကျန်ခဲ့တာမှ တော်တော့်ကိုကျန်ခဲ့တာ.. ဘီ ၅၂ ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ပိုက်စိတ်တိုက်ဗုံးကြဲခံရလို့ ပြိုလဲကျန်ခဲ့ သလိုကို တို့နိုင်ငံမှာ အရာရာပျက်စီးကျန်ရစ်ခဲ့တာလို့ စိတ်ထဲက ဆက်ပြောမိတယ်။
တကယ်တော့ မြန်မာပလာဇာကို အရမ်းစိတ်ဝင်စားခဲ့တဲ့အထဲ မောင်မြတ်ထိပ်ဆုံးက ပါခဲ့တာပေါ့၊ ပလာဇာဝင်ကြည့်ချင်လို့ တော့ မဟုတ်ဘူး၊ အဲဒီ ပလာဇာအပါအဝင် အဆင့်မြင့်ဆောက်လုပ်ရေးစီမံ ကိန်းကြီးတစ်ခုလုံးကို
စက်မှု(၁)ဝင်းကြီးထဲ ဗီယက်နမ်က လုပ်ခွင့်ရတယ်လို့ သတင်းစကြားကထဲက
တော်တော်အံ့သြခဲ့မိတာ။ ဒေါ်လာသန်းရာချီ ရင်းနှီးမြှပ်နှံရတဲ့
အဲဒီစီမံကိန်းကြီးကို ဂျပန်တို့ တရုတ်တို့ ရင်းနှီးလုပ်ကိုင်တာဆိုရင်
အံ့သြမှာ မဟုတ်ဘူး။ ဗီယက်နမ်က ရင်းနှီးလုပ်ကိုင်ခဲ့တာမို့ လို့ အံ့သြပြီး ပိုစိတ်ဝင်စားခဲ့မိတာ။
ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ဆိုတာ ၁၉၇၄ လောက်ထိ အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ဒလကြမ်းဗုံးကြဲခံ ရလို့ မွမွကြေနေတဲ့နိုင်ငံလေ၊ ဖြစ်လိုက်တဲ့စစ်ဆိုတာ ကမ္ဘာစစ်နှစ်ခုကာလကနေ ၁၉၇၄-၇၅ ထိ တောက်လျှောက်ပဲ၊ ဒုတိယကမ္ဘာစစ် ပြီးချိန်ကပဲ ဖြတ်ကြည့်လိုက်။ ပထမ ကိုလိုနီပြင်သစ်နဲ့တိုက်ရတယ်၊
ကိုလိုနီချင်းအတူတူ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို အိန္ဒိယ၊ မြန်မာ၊
မလေးရှားစသူတွေက မတိုက်ဘဲရခဲ့ပေမယ့် ဗီယက်နမ်ကတော့
နိုင်ငံကြီးတွေစနက်ကြောင့် တောင်မြောက်နှစ်နိုင်ငံကွဲေ နပြီး အချင်းချင်းဆက်တိုက်ခဲ့ရတယ် ။
ပြင်သစ်ထွက်သွားပြီးတော့ ကွန်မြူနစ်တစ္ဆေအခြောက်ခံရတဲ့  အမေရိကန်ကြီးက တောင်ဗီယက်နမ်ကိုကူပြီး မြောက်ဗီယက်နမ် ကိုတော့ ကွန်မြူနစ်နိုင်ငံတွေကထောက် ပံ့ကြတယ်၊
စစ်ပွဲပိုကျယ်ပြန့်လာပြီး နောက်တော့ အမေရိကန်ကိုယ်တိုင် တောင်ဗီယက်နမ်ဘက် က
ဝင်တိုက်ပေးတယ်။ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးလက်နက်တွေနဲ့ တိုက်ခိုက်တာ ခံရပြီး
လူတွေသောက်သောက်လဲသေတယ်။ တစ်နိုင် ငံလုံး ရစရာမရှိအောင် ပျက်စီးတယ်။
အမေရိကန်က ဘီ-၅၂ ဗုံးကြဲလေယာဉ်ကြီးတွေပါသုံး လို့
ဒုတိယကမ္ဘာစစ်မှာထက်တောင် ပိုများတဲ့ ဗုံးတန်ချိန်တွေ
ကွက်ပြည့်နင်းကြဲချသလို အများဆုံး စစ်သား ၅ သိန်းထိလည်း ပို့ပေးပြီး
တိုက်ခိုက်ခဲ့ဖူးတယ်။
နောက်ဆုံးတော့ အမေရိကန်တပ်တွေပြန်ရုပ်သိမ်းသွားပြီး
မကြာခင် တောင်ဗီယက်နမ်တပ်တွေချည်း ကျန်ချိန်မှာတော့ မြောက် ဗီယက်နမ်က
စစ်နိုင်သွားပြီး ၁၉၇၆ မှာ နှစ်နိုင်ငံပေါင်းစည်းခဲ့တယ်။ ဒါပေမယ့် ကွန်မြူနစ်နိုင်ငံတစ်ခုအဖြစ်သာ
ဆက်ရပ်တည်တဲ့ ဗီယက်နမ်မှာ စီးပွားရေးပြဿနာတွေ ကြုံရလို့
တိုင်းသူပြည်သားတွေ လှေတွေနဲ့ရောက်ရာပေါက်ရာ ထွက်ပြေးရတယ်။ မောင်မြတ်တို့
ငယ်ငယ် မဆလခေတ် မြန်မာပြည်ကြီးမွဲလှဆိုတာထက် ပိုမွဲပြီး စားစရာမရှိလို့ နေ့စဉ်အိမ်နီးချင်းနိုင်ငံေ တွကို ထွက်ပြေးတဲ့ ဗီယက်နမ် လှေစီးဒုက္ခသည်တွေရဲ့ သတင်းတွေ မကြာမကြာ ဖတ်ခဲ့ရဖူးတယ်။
ဒီ့နောက် မြန်မာတွေအသိနည်းတာကတော့ အမေရိကန်ကို နိုင်ခဲ့ပြီးနောက်မှ ကွန်မြူနစ်အချင်းချင်းပြဿနာ တက်ပြီး
၁၉၇၉ မှာ ဗီယက်နမ်နဲ့ တရုတ် စစ်ပွဲကြီးတစ်ပွဲ နွှဲရသေးတာပဲ။ တရုတ်စစ်သား
၂သိန်းလောက်ဟာ တင့်ကားတွေနဲ့အတူ ဗီယက်နမ်မြောက်ပိုင်းကို ကျူးကျော်လာလို့
နှစ်လလောက် ပြန်တိုက်ထုတ်ရသေးတယ်။ မြန်မာပြည်မှာ တရုတ်ထောက်ပံ့တဲ့
ဗကပပြောက်ကျား သောင်းဂဏန်း ကိုတောင် နှစ်ရှည်လများ ဘယ်လောက်တိုက်ရလဲဆိုတာ
အားလုံးအသိမို့ ယန္တရားလက်နက်တွေနဲ့ တရုတ်ပင်မတပ်အင်အား ၂သိန်းကို
အချိန်တိုအတွင်း တိုက်ထုတ်ရပြန်တဲ့ ဗီယက်နမ်တွေရဲ့
ရင်းနှီးပေးဆပ်မှုအတိုင်းအတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
မြန်မာတွေက ကိုယ့်ပြဿနာနဲ့ကိုယ်မို့ ဗီယက်နမ်ကို မျက်ခြည်ပြတ်သွားလိုက်တာ၊ ပြန်တွေ့မယ့်တွေ့တော့ ဈေးကွက်စီးပွားရေး ကျင့်သုံးလာကြတဲ့ခေတ် အာဆီယံဘောလုံးပွဲမှာ ထိပ်တိုက်အနေနဲ့ကိုး၊ မျိုးလှိုင်ဝင်းတို့ခေတ် ဂိုးသမား အောင်ကျော်ကျော် အထုတ်ခံလိုက်ရတဲ့ မြန်မာတွေအနာကျင်ရဆုံး ရှုံးပွဲတစ်ပွဲမှာ ဗီယက်နမ်ကို သေသေချာချာ ပြန်သတိထားမိသွားတာ၊ သူတို့လည်း တရုတ်ကွန်မြူနစ်လိုပဲ စီးပွားရေးပြုပြင်ပြောင်းလဲ ပြီး အတော်ဟုတ်လာပြီသတင်းကြားပေမ ယ့်
ဘီ-၅၂ ကြီးတွေနဲ့ တဂျိမ်းဂျိမ်း နောက်ဆုံး အချခံထားရတာ နှစ်အစိတ်လောက်
မကြာသေးတဲ့နိုင်ငံတစ်ခုက ဒီလောက်တော့ ဟုတ်နေပြီလို့ ထင်ကိုမထင်မိကြပုံပဲ။
ဘောလုံးပွဲ နိုင်သွားတာတောင် တစ်ပွဲတလေ မြန်မာကို ဝိုင်းညစ်ကြလို့
သူတို့နိုင်တယ်ပဲ ထင်ခဲ့တာ။
နောက်တော့ နောက်တစ်ပွဲမှာလည်းမနိုင်၊ နောက်ထပ်တွေ့တိုင်းတွေ့တိုင်းလည်း
မယှဉ်နိုင်တာ သိသာလာတော့မှ သူတို့ အားကစား ကိုယ်တွေထက်တော့ သိသိသာသာ
အဆင့်မြင့်နေပါရောလား သတိပြုမိစရာ ဖြစ်ခဲ့တယ်။ အားကစားဆိုတာ ပြည်သူ့
ကျန်းမာရေးအခြေပြ သင်္ကေတတစ်ခုဆိုလည်း မမှားဘူး၊ ကျန်းမာဖို့ကတော့
စီးပွားရေးကော နိုင်ငံ့ပေါ်လစီကောကောင်းမှ၊ ဈေးကွက် စီးပွားရေးကျင့်သုံးတာချင်း အတူတူ ကွန်မြူနစ်ဖြစ်တဲ့ သူတို့ကမှ ဟိုမရောက်ဒီမရောက် ကိုယ်တွေကို ကျော်တက်စ ပြုနေပြန်ပါပကောလို့ ရင်နာနာနဲ့ နားလည်ခဲ့ရတယ်။
တဖြည်းဖြည်းနဲ့ တခြားကဏ္ဍတွေမှာလည်း သူတို့သာလာတာ ကြားရတာပါပဲ၊ အိုင်တီလိုကဏ္ဍမျိုး ၂၀၀၀ ခုနှစ်လောက်ထိ ကွန်ပြူတာရောင်းရတဲ့အရေအတွက် မကွာသေးပေမယ့် တဖြည်းဖြည်း မြန်မာပြည်က ပြတ်ကျန်ခဲ့တယ်တဲ့။ မိုဘိုင်းဖုန်းတွင်ကျယ်မှု ဗီယက်နမ်မှာလည်း ထိုင်းလိုပဲဖြစ်ကုန်ပြီတို့ ဆိုတဲ့ သတင်းတွေဖတ်ရတယ်။
မြန်မာပြည်မှာက ဈေးကွက်စီးပွားရေး နာမည်ခံပြီး ကိုယ့်ပြည်သူကိုယ် ပြန်ပိတ်ဆို့ထားတဲ့ အမှောင်ခေတ်ကြီးဖြစ်ထွန်းလို့ ကားစုတ်တစ်စီး ဒေါ်လာသုံးသောင်းလောက်ပေးဝယ် နေရချိန်မှာပဲ
ဗီယက်နမ်တွေက ကားလတ်လတ်လေးတစ်စီး ဒေါ်လာငါးထောင်လောက်နဲ့
ဝယ်သုံးခွင့်ရအောင် လုပ်ပေးထားလို့ ကွန်မြူနစ်ဗီယက်နမ် ပြည်သူတွေရဲ့ဘဝက
စည်းကမ်းရှိတဲ့ ဒီမိုကရေစီကိုသွားမယ့် မြန်မာပြည်သူတွေထက်
အများကြီးသာသာယာယာ ဖြစ်နေခဲ့ပြီ။
ဘာပဲဖြစ်ဖြစ် ၁၉၉၄-၉၅ လောက်မှာ မြန်မာလည်း ဆန်တစ်ချိန်တစ်သန်း နိုင်ငံခြားပြန်ပို့နိုင်တယ်ဆိုတော့ နိုင်ငံရေးမပြေလည် တောင် စီးပွားရေးတိုးတက်မှုလမ်းကြောင်းပေါ်တော့ ရောက်ပြီလို့ ထင်ခဲ့ရသေးတယ်။ ပြီးတော့ ဆည်မြောင်းတွေ အစုအဖွဲ့လိုက် ဆောက်ပေးနေတယ်ဆိုတာမျိုးလည်း
ခဏခဏကြားရတာကိုး။ ဒါပေမယ့် တွက်ကြည့်ရင် ဆန်တန်တစ်သန်းပို့မှ ဒေါ်လာသန်း
၃၁၀ လောက်ပဲ ရတာ၊ မစ်-၂၉ အသစ် တစ်စီးကို ဒေါ်လာသန်း ၃၀၊ တပါတ်ရစ်ဝယ်ရင်တောင်
၁၈ သန်း၊ တရုတ်အမောင်းသင်ဂျက် တစ်စီးတောင် ၁၀ သန်းလောက် ပေးရတဲ့ အချိန်မှာ
ကျောက်ဆည်တဝိုက်အခြေပြုလို့ မဟာစိုက်ပျိုးရေးနဲ့ လက်နက်နိုင်ငံထူထောင် မလိုလိုလုပ်နေတာ ဘာပြောရမှန်းတောင် မသိခဲ့ဘူး။
တည်လိုက်တဲ့ဆည်တွေကလည်း ပြဿနာပေါင်းစုံရှိတာ ကြားရတာပဲ၊ သေချာတာက အခုနောက်ဆုံး ကမ္ဘာ့ဘဏ် လေ့လာချက်အရ ဆည်မြောင်းအသုံးချနိုင်စွမ်းက မြန်မာ့စိုက်ပျိုးမြေရဲ့ ၁၅ ရာခိုင်နှုန်းပဲရှိတယ်၊ ဗီယက်နမ်မှာဆို ၇၀ ရာခိုင်နှုန်း ဆည်မြောင်းအသုံးချနိုင်တယ်ဆိုတော့ စိုက်ပျိုးရေးမှာလည်း မြန်မာတွေကျန်ခဲ့တာ မဆန်းဘူး။ လုံးလုံးမတိုးတက်ဘူးတော့ မဟုတ်ပါဘူး၊
၁၉၉၄-၉၅ မှာ ဆန်တန်ချိန်တစ်သန်းတင်ပို့နိုင်ခဲ့ရာက
နောက်နှစ်တွေဂဏန်းမငြိမ်ဘဲ ၂၀၀၉-၁၀ ထိ တန်ချိန် ကိုးသိန်းဝန်းကျင်နဲ့
ပတ်လည်ရိုက်နေတုန်း။ အဲ့ဒီနောက် ပြန်တက်လာပြီး ၂၀၁၄-၁၅ ရောက်မှ တန်ချိန်
၁.၈ သန်း ပို့နိုင်သတဲ့၊ အဲဒါလည်း နယ်စပ်ကုန်သွယ် ရေးနဲ့ တရုတ်ကပါ
ဆွဲလို့ဖြစ်ပုံပဲ၊ အခုတော့ အီးယူကပါ မျက်နှာသာပေး ဝယ်မယ့်သဘောဆိုတော့
နောက်ဆုံးအခြေအနေက တန်ချိန် ၂ သန်းလောက်တော့ တင်ပို့နိုင်ဖို့ သေချာပါပြီ။
တရုတ်ကဆွဲဆွဲ အီးယူကဝယ်ဝယ် ဒီ့ထက်သိပ်တိုးဖို့လည်း မလွယ်ဘူး၊ တစ်နှစ်လုံးမှာ ဆန်တန်ချိန် ၁၄ သန်းလောက်ထွက်ပြီး ပြည်တွင်းစားသုံးမှုကတင် ၁၂ သန်း ရှိတာဆိုတော့ ဒီ့ထက်တိုးရောင်းဖို့ အဆင်မပြေလောက်ဘူး။ အဲဒီအချိန်မှာ ဗီယက်နမ်ဆန် ဘယ်လောက်ရောင်းနေလဲ တစ်ချက်ကြည့်လိုက်တော့ တန်ချိန် ၅.၆၅ သန်းတဲ့၊ ဒါတောင် ၆.၅ သန်းအထိ တင်ပို့ဖို့ ရည်မှန်းထားရာက လတ်တလော ထိုင်းတွေက ဂိုဒေါင်ရှင်းဆန်တွေထုတ်ရော င်းနေလို့
ခဏလျှော့ရောင်းတာတဲ့။ ဗီယက်နမ်ရဲ့ ဆန်အထွက်က တစ်နှစ် တန် ၂၈ သန်း
ဖြစ်နေပြီတဲ့။ ဘာကြောင့် မြန်မာက ဒီလိုကျန်ခဲ့လဲဆိုတော့ အခုလို
မုတ်သုံရာသီမှာကို တစ်နေ့တာ စိုက်ပျိုး ထုတ်လုပ်နိုင်စွမ်း
ပျမ်းမျှခြင်းကီလိုဂရမ် အနေနဲ့ ထိုင်းက ၅၄၇၊ ဗီယက်နမ်က ၄၂၉၊ ကမ္ဘောဒီးယားက
၆၂ ရှိနေကြချိန်မှာ မြန်မာက ၂၃ ပဲ ရှိတဲ့ အခြေခံ အနေအထားကြောင့်
ဖြစ်မယ်ထင်ပါရဲ့။
မြန်မာအနေနဲ့ အမြင့်ဆုံးဆန်တန်ချိန် ၂ သန်းရောင်းလို့ ဒေါ်လာ သန်း ၆၄၀ လောက်ပဲရပြီး အထည်ချုပ်လုပ်ငန်းကမှ အခုဆို ဒေါ်လာ ၂ ဘီလီယံလောက် မျှော်မှန်းလို့ရသေးတယ်။ ကျန်တဲ့ဝင်ငွေကတော့ သိတဲ့အတိုင်း ဓါတ်ငွေ့တွေအကြမ်းအတိုင်း နှစ်ရှည်ရောင်း ထားတာတွေရှိမယ်။ ကျောက်စိမ်းရှိမယ်၊ စာချုပ်မိထားတဲ့သစ်တချို့ရှိမယ်၊
ချုပ်လိုက်ရင် ပို့ကုန်အားလုံးပေါင်းလို့ ဒေါ်လာ ၁၁ ဘီလီယံ
ကျော်ကျော်ရှိပြီး သွင်းကုန်တန်ဘိုးက ဒေါ်လာ ၁၆ ဘီလီယံကျော်နေတယ်လို့
သိရတယ်။
ဗီယက်နမ်ကတော့ ပို့ကုန်အားလုံးပေါင်း ဒေါ်လာ ၁၆၂ ဘီလီယံကျော်ရှိပြီး သွင်းကုန် ၁၆၅ ဘီလီယံရှိသတဲ့။ အရပ်တွေး တွေး လို့ လူဦးရေအချိုးနဲ့ကြည့်ရင်တောင်
လူဦးရေ ၅၂ သန်း ရှိတဲ့ မြန်မာနဲ့ လူဦးရေ ၉၁ သန်းရှိတဲ့ ဗီယက်နမ်ဟာ
ဒီလောက်ကြီးပို့ကုန် တန်ဘိုးမကွာသင့်ဘူးပေါ့။ ဧရိယာအကျယ်အဝန်းချင်းယှဉ်ရင် မြန်မာကတောင် အများကြီးပိုကျယ်တယ်(မြန်မာ
စတုရန်းမိုင် ၂သိန်း ၆သောင်းရှိပြီး ဗီယက်နမ် စတုရန်းမိုင် ၁သိန်း၂သောင်း
၈ထောင်ကျော်သာ ရှိပါတယ်) ဒီလောက်ပဲကျယ်တဲ့နိုင်ငံက သူတို့ဘာတွေ ဘယ်လောက်
တင်ပို့နိုင်လို့ ဝင်ငွေဒီလောက်ရနေလဲ တစ်ချက်လောက် လေ့လာမိတယ်။ အဲဒီမှာ
တွေ့တော့တာပါပဲ။
ဇူလိုင် ၁၈ ရက်က ဗီယက်နမ်သတင်းအေဂျင်စီ Thanh Nien News ရဲ့အဆိုအရ ဗီယက်နမ်ဟာ ဒီနှစ်ပထမခြောက်လမှာပဲ မိုဘိုင်းဖုန်းနဲ့ အပိုပစ္စည်းတင်ပို့မှုကဏ္ဍတစ်ခု တည်းက
ဒေါ်လာ ၁၇ ဘီလီယံ(သန်း ၁၇၀၀) ရရှိထားပြီလို့ သိရပါတယ်။ အဲဒါဟာ သင်္ဘောတင်
ပို့ကုန်အားလုံးရဲ့ ၂၀.၇ ရာခိုင်နှုန်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက်
တန်ဘိုး ၈၂ ဘီလီယံ ပိုရခဲ့ပါသတဲ့။ တစ်နှစ်ချင်းပို့ကုန် တိုးတက်မှုအနေနဲ့
၅.၇ ရာခိုင်နှုန်းတိုးတက်တာလို့ ဆိုပါတယ်။ မိုဘိုင်းဖုန်းတွေနောက်
ဒုတိယလိုက်တဲ့ပို့ကုန်ကတော့ အဝတ်အထည် တွေဖြစ်ပြီး တန်ဘိုး ၁၁ ဘီလီယံရှိပါသတဲ့၊ ဒီကဏ္ဍမှာလည်း အယင်နှစ်ထက် ကျော်လွန်ပြီး ၆.၄ ရာနှုန်းအထိ တိုးတက်လာပါသတဲ့။
တတိယလိုက်နေတဲ့ ပို့ကုန်ကတော့ ဒေါ်လာ ၇.၉ ဘီလီယံ ရှိတဲ့ ကွန်ပြူတာနဲ့ အီလက်ထရွန်းနစ်ကုန်စည်တွေဖြ စ်ပြီး
စတုတ္ထလိုက်တာက ဒေါ်လာ ၆.၃ ဘီလီယံတန်ဘိုးရှိတဲ့ ရှူးဘိနပ်တွေပါတဲ့ဗျာ။
အဲဒီနောက်မှာတော့ သစ်သားနဲ့ သစ်အချောထည် လုပ်ငန်းတွေက ဒေါ်လာ ၃.၂
ဘီလီယံတဲ့ခင်ဗျ။ ကင်မရာနဲ့ အစိတ်အပိုင်းတွေတင်ပို့လို့ ရတာကတော့ နည်းသွားသတဲ့- ဒါတောင် ဒေါ်လာ ၁ ဘီလီယံကျော်ကျော်တော့ ရသေးသတဲ့။
စွမ်းအင်ကုန်ကြမ်းတွေကော မရောင်းဘူးလားမမေးနဲ့ ရောင်းတာပေါ့၊ ဒါပေမယ့် ပို့ကုန်ဇယားမှာတော့ အောက်ဆုံးပဲ၊ ရေနံစိမ်း တန်ဘိုး ၁.၁ ဘီလီယံကျော်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ထက် ၄၇ ရာခိုင်နှုန်းလောက် လျော့ကျသွားသတဲ့။ မြန်မာနဲ့တော့ ပြောင်းပြန်ဖြစ်နေ တာပေါ့၊
မြန်မာကတော့ ဓါတ်ငွေ့ရောင်းရငွေက အများဆုံးဖြစ်နေမှာ မလွဲပေမယ့် စက်မှုကုန်ချောနဲ့ အိုင်တီလုပ်ငန်းတွေကတော့ ကျောက်ခေတ်က မတက်နိုင်သေးဘူးလို့ ပြောစရာပါပဲ၊ ဗီယက်နမ်ရဲ့ တန်ဘိုးအများဆုံးပို့ကုန်တွေကို အစဉ်လိုက်ကြည့်လိုက်ရင်တော့ -
မိုဘိုင်းဖုန်း၊ အဝတ်အထည်၊ ကွန်ပြူတာ၊ ရှူးဘိနပ်၊ သစ်အချောထည်၊
ကင်မရာလို့တွေ့ရတယ်။ သဘောက အားလုံးသော အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှပ်နှံမှုတွေ
စက်ရုံကြီးတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အောတိုက်ရထားပြီးသားပြီးသား ဆိုတာ ရှင်းနေတာပဲ။
ပြည်တွင်းမှာတင် လုပ်ကိုင်ရုံမက ဗီယက်နမ်တွေ ပြည်ပကိုလည်းသွားပြီး ရင်းနှီးမြှပ်နှံလုပ်ကိုင်ေ အာင်မြင်လာကြပြီဆိုတာတော့ အခု မြန်မာပြည်က မြန်မာပလာဇာရှိတဲ့ အဆင့်မြင့်ဆောက်လုပ်ရေးစီမံ ကိန်းမျိုးက ဥပမာဖြစ်မှာပေါ့။
မြန်မာတွေကတော့ အပြင်ထွက် ရင်းနှီးမြှပ်နှံဖို့နေနေသာ သာ အထဲမှာပဲ အမျိုးမျိုးဂွင်ရိုက်နေကြရင်း လတ်တလောတော့ ရန်ကုန်မှာတင် အထပ်မြင့်တွေအပြိုင်လုပ်ကြရာ က တိုင်ပတ်နေတာ တွေ့ရတယ်။
တိုးတက်မယ့်အရိပ်အယောင်တချို့လည်း
တွေ့ရပါတယ်။ သီလဝါစက်မှုဇုန်မှာ အထည်ချုပ်တွေတိုးလာမယ်တို့ ဆူဇူကီးလည်း
ကားတွေ ဆက်ထုတ်မယ်တို့ ဆိုတဲ့ သတင်းလေးတွေ ဖတ်ရပါတယ်။ အများအားဖြင့်တော့
လုပ်သားအင်အားကိုအခြေခံတဲ့ လုပ်ငန်းမျိုး တွေပဲ ဖြစ်ပြီး
ကျွမ်းကျင်မှုအဆင့်မြင့်တဲ့လုပ်သားလိုအပ်ချက်ကျတော့ မြန်မာတွေမဖြည့်ဆည်းနိုင်လို့
အပြင်ကပဲ ခေါ်လုပ်ခိုင်းရမယ့် အခြေအနေသိရတော့ ရင်မောမိပြန်တယ်။
ဆယ်တန်းပဲအောင်အောင် ဘွဲ့ပဲရရ လက်မှတ်ပဲရှိပြီး ဘာမှမတတ်တဲ့ ပညာရေးစနစ်
ပြင်ဆင်ဖို့လည်း အများကြီးလိုနေသေးပြီး တစ်ကပြန်စရဦးမှာ ကျိန်းသေတယ်။
ဒီကြားထဲ ကိုးရီးယားလို ရင်းနှီးမြှပ်နှံသူတွေ လာကြည့်ပြီး မြေဈေးနဲ့စရိတ်တွေကြည့်လို့ 
ဗီယက်နမ်ဘက်ပဲ လှည့်သွားတယ်ဆိုတဲ့ သတင်းမျိုးလည်း ကြားရတုန်းပဲဆိုတော့
မြန်မာပြည်မှာ ပိုင်ရာဆိုင်ရာတွေက မြေနေရာတွေ လက်ဦးမှုရယူ အမြတ်ထုတ်ခဲ့တာဟာ
ဘယ်လောက်တောင် ဆိုးကျိုးဖြစ်နေပြီလဲလို့ တွေးကြည့်မိတယ်။ ဗီယက်နမ်ကို
ဗုံးကြဲခဲ့တဲ့ ဘီ ၅၂ တွေထက် အဖျက်စွမ်းအားပြင်းတဲ့ လောဘမောဟဗုံးမိုးတွေ
မြန်မာ့မြေတွေပေါ် ကိုယ့်ဘာသာကိုယ်ကြဲ ကိုယ့်ဘာသာကိုယ် အဆိပ်သင့်နေပြီလို့သာ
ပြောချင်တော့တယ်။
ဒီလိုနဲ့ပဲ ဒီနေ့အထိ မောင်မြတ်တစ်ယောက် မြန်မာပလာဇာထဲ မရောက်ဖူးသေးပါဘူး၊ ဝင်ကြည့်တော့ကော ကိုယ်စိတ်ဝင်စားတဲ့ လိုင်းဆိုလို့ ဗီယက်နမ်လုပ်-နောက်ဆုံးပေါ်ဆ မ်ဆောင်းဖုန်းလေး
သွားရည်ကျလိုက်၊ တရုတ်မှာဆင်တဲ့ အမေရိကန်အိုင်ဖုန်းလေး ရှိုးလိုက်နဲ့
Window Shopping လုပ်ရင်း ကော်ဖီဆိုင်ထိုင်ပြန်လာရုံပဲဟာ၊ တစ်ခုတော့ ကျန်သေးတယ်၊ မြန်မာပလာဇာအပါအဝင် အဲဒီအဆင့်မြင့်အဆောက်အဦကြီးတွေ
မြန်မာပြည်မှာလာဆောက် ရင်းနှီးမြှပ်နှံတဲ့ ဗီယက်နမ်တွေကိုကော
တခြားအာစီယံနိုင်ငံတွေ အိမ်နီးခြင်းတွေကိုပါ လိုက်မီအောင် ကဏ္ဍစုံမှာ
အစစအရာရာ အစိုးရအဆက်ဆက် နှစ်ပေါင်းများစွာ အများကြီးကြိုးပမ်းရဦးမယ့် ကိုယ့်နိုင်ငံကိုယ့်လူမျိုး အတွက် ရင်ထုမနာဖြစ်ရမှာတော့ သေချာတာပေါ့ဗျာ။ ။
မင်းမြတ်စံ
20th July, 2016
“ မြန်မာပလာဇာ၊ ဘီ-၅၂ လေယာဉ်ပျံနဲ့ ရင်ထုမနာ ”
ရပ်ကွက်ထဲက ခေတ်လူငယ်လေးတစ်ယောက်နဲ့ စကားပြောရင်း မြန်မာပလာဇာကို မောင်မြတ်မရောက်ဖူးသေးဘူးဆိ
တကယ်တော့ မြန်မာပလာဇာကို အရမ်းစိတ်ဝင်စားခဲ့တဲ့အထဲ မောင်မြတ်ထိပ်ဆုံးက ပါခဲ့တာပေါ့၊ ပလာဇာဝင်ကြည့်ချင်လို့ တော့ မဟုတ်ဘူး၊ အဲဒီ ပလာဇာအပါအဝင် အဆင့်မြင့်ဆောက်လုပ်ရေးစီမံ
ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ဆိုတာ ၁၉၇၄ လောက်ထိ အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ဒလကြမ်းဗုံးကြဲခံ ရလို့ မွမွကြေနေတဲ့နိုင်ငံလေ၊ ဖြစ်လိုက်တဲ့စစ်ဆိုတာ ကမ္ဘာစစ်နှစ်ခုကာလကနေ ၁၉၇၄-၇၅ ထိ တောက်လျှောက်ပဲ၊ ဒုတိယကမ္ဘာစစ် ပြီးချိန်ကပဲ ဖြတ်ကြည့်လိုက်။ ပထမ ကိုလိုနီပြင်သစ်နဲ့တိုက်ရတယ
ပြင်သစ်ထွက်သွားပြီးတော့ ကွန်မြူနစ်တစ္ဆေအခြောက်ခံရတဲ
နောက်ဆုံးတော့ အမေရိကန်တပ်တွေပြန်ရုပ်သိမ်
ဒီ့နောက် မြန်မာတွေအသိနည်းတာကတော့ အမေရိကန်ကို နိုင်ခဲ့ပြီးနောက်မှ ကွန်မြူနစ်အချင်းချင်းပြဿနာ
မြန်မာတွေက ကိုယ့်ပြဿနာနဲ့ကိုယ်မို့ ဗီယက်နမ်ကို မျက်ခြည်ပြတ်သွားလိုက်တာ၊ ပြန်တွေ့မယ့်တွေ့တော့ ဈေးကွက်စီးပွားရေး ကျင့်သုံးလာကြတဲ့ခေတ် အာဆီယံဘောလုံးပွဲမှာ ထိပ်တိုက်အနေနဲ့ကိုး၊ မျိုးလှိုင်ဝင်းတို့ခေတ် ဂိုးသမား အောင်ကျော်ကျော် အထုတ်ခံလိုက်ရတဲ့ မြန်မာတွေအနာကျင်ရဆုံး ရှုံးပွဲတစ်ပွဲမှာ ဗီယက်နမ်ကို သေသေချာချာ ပြန်သတိထားမိသွားတာ၊ သူတို့လည်း တရုတ်ကွန်မြူနစ်လိုပဲ စီးပွားရေးပြုပြင်ပြောင်းလဲ
နောက်တော့ နောက်တစ်ပွဲမှာလည်းမနိုင်၊ နောက်ထပ်တွေ့တိုင်းတွေ့တိုင
တဖြည်းဖြည်းနဲ့ တခြားကဏ္ဍတွေမှာလည်း သူတို့သာလာတာ ကြားရတာပါပဲ၊ အိုင်တီလိုကဏ္ဍမျိုး ၂၀၀၀ ခုနှစ်လောက်ထိ ကွန်ပြူတာရောင်းရတဲ့အရေအတွက
မြန်မာပြည်မှာက ဈေးကွက်စီးပွားရေး နာမည်ခံပြီး ကိုယ့်ပြည်သူကိုယ် ပြန်ပိတ်ဆို့ထားတဲ့ အမှောင်ခေတ်ကြီးဖြစ်ထွန်းလိ
ဘာပဲဖြစ်ဖြစ် ၁၉၉၄-၉၅ လောက်မှာ မြန်မာလည်း ဆန်တစ်ချိန်တစ်သန်း နိုင်ငံခြားပြန်ပို့နိုင်တယ
တည်လိုက်တဲ့ဆည်တွေကလည်း ပြဿနာပေါင်းစုံရှိတာ ကြားရတာပဲ၊ သေချာတာက အခုနောက်ဆုံး ကမ္ဘာ့ဘဏ် လေ့လာချက်အရ ဆည်မြောင်းအသုံးချနိုင်စွမ်
၁၉၉၄-၉၅ မှာ ဆန်တန်ချိန်တစ်သန်းတင်ပို့န
တရုတ်ကဆွဲဆွဲ အီးယူကဝယ်ဝယ် ဒီ့ထက်သိပ်တိုးဖို့လည်း မလွယ်ဘူး၊ တစ်နှစ်လုံးမှာ ဆန်တန်ချိန် ၁၄ သန်းလောက်ထွက်ပြီး ပြည်တွင်းစားသုံးမှုကတင် ၁၂ သန်း ရှိတာဆိုတော့ ဒီ့ထက်တိုးရောင်းဖို့ အဆင်မပြေလောက်ဘူး။ အဲဒီအချိန်မှာ ဗီယက်နမ်ဆန် ဘယ်လောက်ရောင်းနေလဲ တစ်ချက်ကြည့်လိုက်တော့ တန်ချိန် ၅.၆၅ သန်းတဲ့၊ ဒါတောင် ၆.၅ သန်းအထိ တင်ပို့ဖို့ ရည်မှန်းထားရာက လတ်တလော ထိုင်းတွေက ဂိုဒေါင်ရှင်းဆန်တွေထုတ်ရော
မြန်မာအနေနဲ့ အမြင့်ဆုံးဆန်တန်ချိန် ၂ သန်းရောင်းလို့ ဒေါ်လာ သန်း ၆၄၀ လောက်ပဲရပြီး အထည်ချုပ်လုပ်ငန်းကမှ အခုဆို ဒေါ်လာ ၂ ဘီလီယံလောက် မျှော်မှန်းလို့ရသေးတယ်။ ကျန်တဲ့ဝင်ငွေကတော့ သိတဲ့အတိုင်း ဓါတ်ငွေ့တွေအကြမ်းအတိုင်း နှစ်ရှည်ရောင်း ထားတာတွေရှိမယ်။ ကျောက်စိမ်းရှိမယ်၊ စာချုပ်မိထားတဲ့သစ်တချို့ရှ
ဗီယက်နမ်ကတော့ ပို့ကုန်အားလုံးပေါင်း ဒေါ်လာ ၁၆၂ ဘီလီယံကျော်ရှိပြီး သွင်းကုန် ၁၆၅ ဘီလီယံရှိသတဲ့။ အရပ်တွေး တွေး လို့ လူဦးရေအချိုးနဲ့ကြည့်ရင်တေ
ဇူလိုင် ၁၈ ရက်က ဗီယက်နမ်သတင်းအေဂျင်စီ Thanh Nien News ရဲ့အဆိုအရ ဗီယက်နမ်ဟာ ဒီနှစ်ပထမခြောက်လမှာပဲ မိုဘိုင်းဖုန်းနဲ့ အပိုပစ္စည်းတင်ပို့မှုကဏ္ဍတစ်ခု
တတိယလိုက်နေတဲ့ ပို့ကုန်ကတော့ ဒေါ်လာ ၇.၉ ဘီလီယံ ရှိတဲ့ ကွန်ပြူတာနဲ့ အီလက်ထရွန်းနစ်ကုန်စည်တွေဖြ
စွမ်းအင်ကုန်ကြမ်းတွေကော မရောင်းဘူးလားမမေးနဲ့ ရောင်းတာပေါ့၊ ဒါပေမယ့် ပို့ကုန်ဇယားမှာတော့ အောက်ဆုံးပဲ၊ ရေနံစိမ်း တန်ဘိုး ၁.၁ ဘီလီယံကျော်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ထက် ၄၇ ရာခိုင်နှုန်းလောက် လျော့ကျသွားသတဲ့။ မြန်မာနဲ့တော့ ပြောင်းပြန်ဖြစ်နေ တာပေါ့၊
မြန်မာကတော့ ဓါတ်ငွေ့ရောင်းရငွေက အများဆုံးဖြစ်နေမှာ မလွဲပေမယ့် စက်မှုကုန်ချောနဲ့ အိုင်တီလုပ်ငန်းတွေကတော့ ကျောက်ခေတ်က မတက်နိုင်သေးဘူးလို့ ပြောစရာပါပဲ၊ ဗီယက်နမ်ရဲ့ တန်ဘိုးအများဆုံးပို့ကုန်တေ
ပြည်တွင်းမှာတင် လုပ်ကိုင်ရုံမက ဗီယက်နမ်တွေ ပြည်ပကိုလည်းသွားပြီး ရင်းနှီးမြှပ်နှံလုပ်ကိုင်ေ
မြန်မာတွေကတော့ အပြင်ထွက် ရင်းနှီးမြှပ်နှံဖို့နေနေသာ
တိုးတက်မယ့်အရိပ်အယောင်တချု
ဒီကြားထဲ ကိုးရီးယားလို ရင်းနှီးမြှပ်နှံသူတွေ လာကြည့်ပြီး မြေဈေးနဲ့စရိတ်တွေကြည့်လို
ဒီလိုနဲ့ပဲ ဒီနေ့အထိ မောင်မြတ်တစ်ယောက် မြန်မာပလာဇာထဲ မရောက်ဖူးသေးပါဘူး၊ ဝင်ကြည့်တော့ကော ကိုယ်စိတ်ဝင်စားတဲ့ လိုင်းဆိုလို့ ဗီယက်နမ်လုပ်-နောက်ဆုံးပေါ်ဆ
မင်းမြတ်စံ
20th July, 2016
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။