Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 31, 2016

တစ်ယောက်သောသူအနမ်း-စိုင်းထီးဆိုင်



သခင့်ဆီအပြေးပြန်လာမည်-စိုင်းထီးဆိုင်



01.သခင့်ဆီအပြေးပြန်လာမည်
02.သိပ်သိပ်ချစ်ရတဲ့နွဲ့တင်ရယ်
03.နှုတ်ဆက်ခြင်း
04.စိတ်ညှို့ရှင်ရယ်
05.ငါ့ဘဝ
06.ဂျိန်းဖောသူ
07.မင်းဝမ်းသာတော့
08.ငိုနေလို့တော့အပိုပဲ
09.မေတ္တာရေစုန်မျှောခဲ့သူ
10.ရေလိုက်ငါးလိုက်
11.လျော့ကြိုးကုန်ချိန်
12.ပါရမီဖြည့်ဖက်

Monday, May 30, 2016

2015 ရွေးကောက်ပွဲမတိုင်ခင်က India Today သတင်းစာရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျုးဖြစ်ပါတယ်။

ကြိုက်လွန်းလို့ Copyယူလာတဲ့သူဆီက
ထပ်ပြီးCopyယူလာ ပါသည်။

ဖတ်မအားလျှင် shareထားပါ အားမှဖတ်ပါ
မျက်စိလေးဖွင့် နားလေးစွင့်ပြီဖတ်ပါ။

2015 ရွေးကောက်ပွဲမတိုင်ခင်က India Today သတင်းစာရဲ့
ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျုးဖြစ်ပါတယ်။
ခုချိန်ပြန်ဖတ်ကြည့်တော့ လူထုခေါင်းဆောင်ကို
ပိုသဘောပေါက်လာတယ်။

အားလုံးဖတ်ကြည့်သင့်ပါတယ်။

ဆေး၊ ကွမ်းယာနဲ့ ကျန်းမာရေး

 
ဆေး၊ ကွမ်းယာနဲ့ ကျန်းမာရေး

By ဒီဗွီဘီ 26 May 2016
မြန်မာဘုရင်လက်ထက်ကတည်းက မျိးရိုးစဉ်ဆက် စားသုံးလာခဲ့ကြတဲ့ ကွမ်းယာဟာ ကာလရွေ့လျားလာတာနဲ့ အစပ်အဟပ်တွေ ပြောင်းလာတယ်။ ငါန်းမြာကဆေးလည်း မဟုတ်တော့ပါ။ တံတားဦးက ကွမ်းနုဝါလည်း စာထဲသာသာ ရှိတော့တယ်။ ကျန်းမာရေးအတွက် မကောင်းဘူး၊ မသင့်ဘူးလို့ သိကြပေမယ့် မှားတာတွေ၊ ဝါးတာတွေကနေ ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။

"မျက်မှန် မတပ်ရအောင် ဆောင်ရန် /ရှောင်ရန်များ"

"မျက်မှန် မတပ်ရအောင် ဆောင်ရန် /ရှောင်ရန်များ"

ယနေ့ တိုးတက်လာတဲ့ ခေတ်စနစ်နှင့် နည်းပညာများ နောက်ကိုအမီလိုက်ရင်း ကျွန်မတို့ရဲ့ ကလေးတွေ၊ လူငယ် မျိုးဆက်သစ်လေးတွေ ဟာ မျက်မှန်လေးတွေ ကိုယ်စီ နဲ့ ဖြစ်လာကြပါတယ်။ အဲဒီတော့ မိဘတွေ အနေနဲ့ရော မျက်မှန် တပ်ဆင် နေရသူများရော၊ မျက်မှန် မတပ်ရသေး သူများရော သိထားသင့်တဲ့ မျက်မှန် တပ်ရ ခြင်းနှင့် သိမှတ် ဖွယ်ရာများကို မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်နီလာ သိန်းနှင့် ဒီတစ်ပတ် မှာ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

ဆေးဖက်ဝင်ကြောင်လျှာပင်အကြောင်းနှင့် အသုံးဝင်မှု မြန်မာ့ဆေးဖက်ဝင် ကြောင်လျှာပင်

 
ဆေးဖက်ဝင်ကြောင်လျှာပင်အကြောင်းနှင့် အသုံးဝင်မှု
မြန်မာ့ဆေးဖက်ဝင် ကြောင်လျှာပင်
--------

Item Name -------- Indian Trumpet Flower (ကြောင်လျှာ)
Category ----------- Raw Material
Botany Term ------- Oroxylum indicun Vent
Species Family ----- Bignoniaceae

မြန်မာနိုင်ငံ နေရာအနှံ့အပြား အမြင့်ပေ ၄၀၀၀ အထိ ပေါက်ရောက် နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အပင်

ကြီးထွားမှု မြန်သောအပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်ထူသည်။ မီးခိုးစိမ်းရောင်ရှိသည်။ အတွင်းသား အ၀ါရောင် ရှိသည်။

Ibanking အသုံးပြုသူရွှေမြန်မာများ သတိပြုရန်

Ibanking အသုံးပြုသူရွှေမြန်မာများ သတိပြုရန်
✔️✔️✔️
စင်္ကာပူတွင် ရောက်ရှိနေကျသော ရွှေမြန်မာများ အများစုဟာ ခုဆိုရင် ဖုန်းနဲ့ပဲ အလွယ်တကူ ငွေလွှဲ ငွေချေ နေကျတာ ဖြစ်ပြီး မိမိအသုံးပြုရာ Banking အလိုက် သက်ဆိုင်ရာ Application ကိုဒေါင်းလုပ်ဆွဲ Install လုပ်ပြီး အလွယ်တကူ အသုံးပြုနေကျတာတွင်တွင်ကျယ်ကျယ်ပါ။

ယနေ့မှာတော့ စင်္ကာပူ ရှိ DBS ( POSB ) မှ mobile phone အသုံးပြုပြီး Ibanking အသုံးပြုရာတွင် မိမိတို့ရဲ့ ဖုန်း IOS , Android ဖုန်းများအား Jailbreak ဒါမှမဟုပ် Android ဖုန်းဆိုရက် Root လုပ်ထားခဲ့မယ်ဆိုရင် မိမိတို့ရဲ့ IBanking ရဲ့ အရေးကြီးတဲ့ User name နဲ့ Password ကိုအလွယ်တကူ ခိုးယူ သွားနိုင်ပြီး မိမိတို့ရဲ့ငွေကြေးများဆုံးရှုံးမယ်လို့သတိပေးလိုက်ပါတယ်။

ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း

ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း
========================================
ခုရက်ပိုင်း လူငယ် စွန်းဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ့ မနောခွေ့ ဖြစ်နေတယ်။
သူရဲ့ ဘ၀အောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။
ခံစားကြည့်ရအောင်ပါ...

ဂျိုကွမ်ဖီး - စက်ရုံအလုပ်သမလေးမှ ဘီလျံနာဖြစ်သွားတဲ့ တရုတ်အမျိုးသမီး။

ဂျိုကွမ်ဖီး - စက်ရုံအလုပ်သမလေးမှ ဘီလျံနာဖြစ်သွားတဲ့ တရုတ်အမျိုးသမီး။

ဆင်းရဲတဲ့ တောသူမလေးတယောက်ဟာ အလယ်တန်းပညာသင်နေဆဲမှာ သူမရဲ့အဖေဟာ စက်ရုံမှာ မတော်တဆထိခိုက်မှုဖြစ်ပြီး မျက်စိ ၂ ဖက်လုံး ကောင်းကောင်းမမြင်ရတော့လို့ စက်ရုံအလုပ်ကထွက်လိုက်ရတယ်။ သူမလဲ ကျောင်းစရိတ် မတတ်နိုင်တော့လို့ ကျောင်းထွက်လိုက်ရတယ်။ အသက် ၁၆ နှစ်မှာ မြို့ပေါ်တက်ပြီး နာရီမှန်လုပ်တဲ့စက်ရုံတခုမှာ အနိမ့်ဆုံးအလုပ်သမလေးအဖြစ် အလုပ်လုပ်တယ်။ နေ့တိုင်း နာရီပေါင်းများစွာ အလုပ်လုပ်ရပြီး တရက်လုပ်ခ တစ်ဒေါ်လာလေးပဲ ရတယ်။ စက်ရုံမှာ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရတယ်။ စက်ရုံညွန်ကြားရေးမှုးရာထူး ကမ်းလှမ်းခံရချိန်မှာ အလုပ်ထွက်ပြီး နာရီမှန်လုပ်တဲ့ ကိုယ်ပိုင်စက်ရုံလေးတခု ထောင်လိုက်တယ်။ အဲဒီစက်ရုံလေးကနေ Lens Technology ကုမ္ပဏီ ဖြစ်လာတယ်။ သူမရဲ့ Lens Technology ကုမ္ပဏီကနေ အနောက်နိုင်ငံက အီလက်ထရောနစ်ပစ္စည်းတွေအတွက် screen မှန်တွေထုတ်လုပ်ပေးရင်းနဲ့ သူမဟာ ဘီလျံနာသူဋ္ဌေးတယောက်၊ တရုတ်နိုင်ငံမှာ အချမ်းသာဆုံး အမျိုးသမီးတယောက် ဖြစ်လာခဲ့တယ်။

ဦးခင်ညွန့်ဖော်ခဲ့သော ဒီပဲယင်း အရေး အခင်း လုပ်ကြံ ခဲ့ကြသူများ

 
 
ဦးခင်ညွန့်ဖော်ခဲ့သော
ဒီပဲယင်း အရေး အခင်း လုပ်ကြံ ခဲ့ကြသူများ
==========================

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ရေးသားချက် အရ ၂ဝဝ၃ မေလ ၃ဝ ရက် ဒီပဲယင်း လုပ်ကြံမှု အဓိက တရားခံ သုံးယောက်

(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(၂) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း
(၃) ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်

(၁) ဗိုလ်ချုပ် မှူးကြီး သန်းရွှေ (ငြိမ်း)
ဇနီး = ဒေါ်ကြိုင်ကြိုင်
၂-၂-၁၉၃၃ မွေး။
နဝတ ဥက္ကဋ္ဌ = ၁၉၉၂ မှ ၂ဝ၁၁ အထိ။ OTS ကျောင်းဆင်း။ ၁၁-၇-၁၉၅၃ မှ စပြီး အမှုထမ်း။ ၄-၁၁-၁၉၈၆ ဒုဗိုလ်ချုပ်။ ၄-၁၁-၁၉၈ ဗိုလ်ချုပ်။ ၂၇-၇-၁၉၈၈ ကာကွယ်ရေး ဒုဝန်ကြီး။ ၁၈-၉-၁၉၈၈ စစ်အာဏာသိမ်း ဒုခေါင်းဆောင်။ ၂၃-၄-၁၉၉၂ ဗခမက စောမောင်ကို ဖယ်ရှားပြီး ဥက္ကဋ္ဌလုပ်။

Online က ပိုက်ဆံရှာမယ်ဆိုရင်

Online က ပိုက်ဆံရှာမယ်ဆိုရင်
---------

ကျွန်တော့်ကို မိတ်ဆွေတွေက လာလာမေးကြပါတယ်။ Online မှာ ပိုက်ဆံဘယ်လိုရှာမလဲ လို့ မေးကြတယ်။ တစ်ချို့ကလဲ ပိုက်ဆံရှာနည်းလေး ပြောပြပါလို့ တောင်းဆိုတတ်ကြတယ်။ တစ်ချို့ကတော့ Make Money Online ဆိုတာ သဘာဝမကျဘူး၊ နည်းလမ်းအမှန်မဟုတ်ဘူးလို့ ပြောကြပါတယ်။ ကျွန်တော့ရဲ့ အမြင်နဲ့ အတွေ့အကြုံအရ ပြောရရင်တော့ “Online မှာ နည်းမှန်လမ်းမှန် ပိုက်ဆံရှာရင် ရပါတယ်” လို့ပဲ ဖြေချင်ပါတယ်။ ဒါဆို ဘယ်လို ပိုက်ဆံရှာရမလဲ? ကျွန်တော်သိထားတဲ့ နည်းလမ်းအချို့ကို ပြောပြပါမယ်။

အင်္ဂလိပ် သင်ခန်းစာ ၁၀၀ Level (1) Lesson (31)

အင်္ဂလိပ် သင်ခန်းစာ ၁၀၀
..................................
Level (1) Lesson (31)
...............................
ပစ္စည်းကူရှာမလား
..........................
Matt: မျက်မှန်ရှာမတွေ့ လို့ ဘာမှ မမြင်ရဘူး။ ကူပြီးရှာပေးနိုင်မလား
I can't find my glasses and I can't see anything. Can you help me find a few things?
.
Anna: ပြဿနာမရှိပါဘူး။ ဘာရှာနေတာလဲ
No problem. What are you looking for?
.
Matt: လက်(ပ်)တော့၊ မြင်မိသလား
My laptop, do you see it?
.
Anna: ဟုတ်ကဲ့။ လက်(ပ်)တော့ က ကုလားထိုင်ပေါ်မှာ။
Yes, your laptop is on the chair.
.
Matt: စာအုပ်ကရော
Where's my book?

English Speaking - Job Expressions (16)

English Speaking - Job Expressions (16)
……………………………..
ဒီတစ်ပတ်မှာတော့ ရုံးသုံးပစ္စည်းတွေနဲ့ ဆိုင်တဲ့စကားလုံးလေးတွေရယ် ၊ အကူအညီတောင်းတဲ့ ပုံစံလေးရယ် ပူးတွဲတင်ဆက်လိုက်ပါတယ် .. တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့တော့ အသုံးဝင်မှာပါ ..
.
(1) Do you have an extra mouse? Mine broke.
ခင်ဗျားမှာ မောက်စ် အပိုရှိပါသလား ၊ ကျနော့်ဟာက ပျက်သွားလို့ပါ
(2) Do you have another network cable? The one I have is too short.
ခင်ဗျားမှာ နောက်ထပ် network ကြိုး ရှိပါသလား ၊ ကျနော့်မှာရှိတဲ့ တစ်ခုက တိုလွန်းနေပါတယ် ။
(3) Can you save the document on a disk and give it to me?
ခင်ဗျား စာရွက်စာတမ်းကို disk မှာ သိမ်းပြီး ကျနော့်ကို ပေးနိုင်မလား
(4) I have all the information on my USB drive.
ကျနော့် USB drive မှာ သတင်းအချက်အလက် အားလုံးရှိပါတယ်

ကမ္ဘာကျော် ကြောင်ချီးကော်ဖီ

ကမ္ဘာကျော် ကြောင်ချီးကော်ဖီ
===================
ကြောင်တစ်ကောင် စွန့်ပစ်လိုက်တဲ့ မစင်ကို အရည်ဖျော်ပြီး ပူပူနွေးနွေး သောက်ရမယ်ဆိုရင် သောက်ချင်ပါ့မလား ... လူတချို့ကတော့ကတော့ တစ်ခွက်ကို $30 ပေးပြီးသောက်သုံးနေကြပါတယ် ... အမှုန့်ကြိတ်ပြီးသားတစ်ကီလိုကို $3000 ပါတဲ့။ ရိုးရိုးကြောင်ချီးဆိုရင်တော့သောက်ချင်မှာမဟုတ်ပါဘူး ... ကော်ဖီ ဖြစ်နေလို့ပါ။ ကော်ဖီခြံတွေမှာရှိတဲ့ တောကြောင်တွေက ကော်ဖီသီးတွေကိုစားသုံးပြီး ပြန်လည်စွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေကို အမှုန့်ကြိတ်ပြီး ပြန်ဖျော်တာပါ။ ကော်ဖီသီးကိုစားလိုက်တဲ့အခါ အစာအိမ်ထဲမှာ အစာခြေရင်း အချဉ်ပေါက်ပြီး ကော်ဖီစေ့တွေထဲကိုအမိုင်နိုနှစ်ဆပါဝင်တဲ့ ဓာတ်တစ်မျိုးစိမ့်ဝင်သွားပါတယ်။ အဲ့လိုနဲ့ အနံ့အရသာ ပိုမိုကောင်းမွန်ပြီး ပြည့်ဝတဲ့ Aroma ကော်ဖီကိုရရှိလာပါတော့တယ်။

Saturday, May 28, 2016

မကောင်းတာတွေ မစုဆောင်းနဲ့ 

 
မကောင်းတာတွေ မစုဆောင်းနဲ့ 
xxxxxxxxxxxxxxxxxxxxxxxxxx
သဲတစ်ပွင့်ဟ သူ့ ချည်းပဲဆို ဘယ်လောက်မှ မလေးပေမယ့် သဲပွင့်လေးတွေ အများကြီး စုပေါင်းလိုက်ရင်
အင်မတန်လေးပါတယ်။

မြင်သာအောင်ပြရမယ်ဆိုရင် သစ်သားစင်လေး တစ်ခုပေါ်ကို သဲတစ်ပွင့်ထည့်ထားတဲ့အိတ် တစ်လုံး တင်
ကြည့်လိုက်ပါ။ ဘယ်လိုမှ မနေပါဘူး။ စင်လည်း လှုပ်မှာတောင် မဟုတ်ဘူး။

ဒီအိတ်ထဲကိုပဲ သဲတွေ ပြည့်တဲ့ထိ နည်းနည်းခြင်း ထည့်သွားကြည့်ပါ။ နောက်ဆုံး အိတ်လည်း သဲနဲ့ ပြည့်
ပြီး သစ်သားစင်လည်း ညွှတ်ကျလာ ပါလိမ့်မယ်။ အဆုံးမှာ အရမ်းလေးပြီး စင်ပါ ကျိုးကျသွားမှာပါ။

အလံလေးတွေရမယ်

အလံလေးတွေရမယ်
--------------------

ဇန်နဝါရီလ ၅ရက်နေ့မှာ မနက်စောစောစီးစီး ရန်ကုန်မြို့ မီးပွိုင့်တစ်ခုမှာ ကောင်လေးတစ်ယောက်ဟာ ငိုယိုပြီးတော့ ကားတိုင်းကို နိုင်ငံတော် အလံလေးတွေ လိုက်ရောင်း နေတယ်။ ကားပေါ်က လူတွေက သူ့ကို အရူးတစ်ယောက် လိုကြည့်နေကြတယ်။

တကယ်ဆိုရင် အလံရောင်းသင့်တာ ဇန်နဝါရီ (၄) ရက်နေ့ ဖြစ်တဲ့ မနေ့က အချိန်ဖြစ်တယ်။ လွတ်လပ်ရေးနေ့ အထိန်းအမှတ်နဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ရောင်းသင့်တာကို ကောင်လေးဟာ သူများတွေလိုမဟုတ်။ ၅ ရက်နေ့မှ မနက်စောစောကြီး လိုက်ရောင်းနေတယ်။ ဘာ့ကြောင့်ပါလိမ့်။

သင့်ရဲ့ ဖေ့စ်ဘွတ်သမိုင်းကို သင်ကိုယ်တိုင် သိမ်းထားနိုင်မယ့် နည်းလမ်း


 သင်နဲ့ပတ်သက်သမျှ ဖေ့စ်ဘွတ်ပေါ်က အချက်အလက်တွေ အားလုံးကို သင်ကိုယ်တိုင် သိမ်းဆည်းထားနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ကို သုံးလာတာ အချိန်ကြာလာတာနဲ့အမျှ သင်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ အပါအဝင် အချက်အလက်တွေ၊ ဖေ့စ်ဘွတ်ပေါ်မှာ သင်လုပ်ဆောင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ များပြားလာပါတယ်။ ဒီ အချက်အလက် အကြောင်းအရာတွေက ဖေ့စ်ဘွတ်ပေါ်က  သင့်ရဲ့သမိုင်းကြောင်းဆိုရင်လည်း မမှားပါဘူး။

"စင်္ကာပူက ကော်ဖီအကြောင်း"

"စင်္ကာပူက ကော်ဖီအကြောင်း"
.

မန္တလေးမှာ လဘက်ရည်မှာမယ်ဆို အရသာမျိုးကွဲပေါင်း များစွာရှိပါတယ်။
- ပုံမှန်
- ပုံမှန်စိမ့်
- ကျစိမ့်
- ချိုစိမ့်
- ဖန်ချို
- ဖန်စိမ့်
- ချိုပေါ့
- ချိုပေါ့ကျ
- ချိုကျ
- ကျောက်ပဒေါင်း (ကျောက်ပန်းတောင်း)
- ဖန်ပဒေါင်း
... ... စသဖြင့် ရှိပါတယ်။ (ကျန်နိုင်သေးတယ်)

အမေစုဟာဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုလျှောက်ခဲ့ရသလဲ.. ဆိုတာ ...မသိမမှီလိုက်ရတဲ့ သူတွေလည်း သိရအောင် ..

အမေစုဟာဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုလျှောက်ခဲ့ရသလဲ..
ဆိုတာ ...မသိမမှီလိုက်ရတဲ့ သူတွေလည်း သိရအောင် ..

သိပြီးသူများလည်း ပြန်အမှတ်ရအောင် (remind)ပေါ့။
၁.၁၁.၁၉၉၆ ရက်နေ့နေ့ ၂နာရီ အင်းတော်မြို့အနီး
လယ်ပြင်ရွာ မူလတန်းကျောင်းဝင်းအတွင်း ပြုလုပ်တဲ့
ကြံ့ဖွံ့အသင်းဝင်လွှာပေးအပ်ပွဲမှာ ကြံ့ဖွံ့အသင်းအတွင်းရေးမှုး ရထားဝန်ကြီး ဦးဝင်းစိန်က အခန်းအနားမှာ စကားပြောတော့..

" ဒေါ်စုကြည်ကို သုတ်သင်ရှင်းလင်းပစ်ရမယ်။
သုတ်သင်တယ်ဆိုတာ သတ်...ပစ်ရမယ်လို့ ပြောတာ။
အောင်ဆန်းစုကြည်ကို သတ်ရဲသလား"

(သုံးကြိမ်တိုင်မေး) ..
-----------------------------

" ဘယ်သူနဲ့ သင်အတူရှိနေသလဲ "

" ဘယ်သူနဲ့ သင်အတူရှိနေသလဲ "

===================

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်...

"သင် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက သင် ဘယ်သူနဲ့အတူ ရှိနေသလဲ "

ဆိုတာဖြစ်တယ်။

•••

#_LiKa_shingရဲ့ကားမောင်းသူ

ဟောင်ကောင်သန်းကြွယ်သူဌေးကြီး Li Ka-shing ရဲ့ ကားမောင်းသူဟာ Li Ka-shing ဆီမှာ နှစ်ပေါင်း ၃ဝ ကျော်ကားမောင်းခဲ့တယ်။ ပင်စင်ယူခါနီးမှာ သူ့ရဲ့ရိုးသားကြိုးစားမှုနဲ့ တာဝန်ကျေပွန်ခဲ့မှု အတွက် Li Ka-shing က သူ့ကို ဆုငွေ သိန်း၂ဝ လက်ဆောင်ပေးခဲ့တယ်။ ဒါကို ကားမောင်းသူက ငြင်းဆန်ခဲ့ပြီး သူ့ဆီမှာစုထားတဲ့ ငွေကြေးတွေ သိန်း ၁ဝဝ၊ ၂ဝဝ လောက်တော့ရှိတယ် လို့ဆိုတယ်။ ဒါကို Li Ka-shing အရမ်းအံ့သြသွားတယ်။ ကားမောင်းတဲ့လခက တစ်လမှ ၅ထောင် ၆ထောင်လောက်ပဲ ရတာကို ဘယ်လိုလုပ်ပြီး ငွေဒီလောက်အများကြီး စုမိသလဲဆိုတာကို သူဌေးကြီးက သိချင်ခဲ့တယ်။

မြန်မာပြည်ကအိမ်သာအကြောင်း

မြန်မာပြည်က ငွေကြေးချမ်းသာတဲ့လူတချို့ ငွေကြေးချမ်းသာပေမယ့် အိမ်သာကောင်းကောင်းမထားဘူး။ ငွေကြေးကိုမလိုအပ်တဲ့၊ လူမြင်သာတဲ့နေရာမှာ သုံးဖြုန်းကြပေမယ့် တကယ့်အဓိကလိုအပ်တဲ့နေရာမှာ သုံးဖို့ နှမြောတယ်လို့.... ကျွန်မရဲ့ပို့စ်အောက်က ကော်မန့်တစ်ခုမှာဖတ်ရလို့ သူ့ကော်မန့်နဲ့မသက်ဆိုင်ပေမယ့် မြန်မာပြည်ကအိမ်သာအကြောင်းရေးဖို့ ကျွန်မသတိရလိုက်မိတယ်။

အရင်တုန်းက "ကျွန်မတက်ခဲ့ဖူးသော အိမ်သာများ"ဆိုပြီး ရေးခဲ့ဖူးသေးတယ်။ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အိမ်သာတွေအကြောင်းပေါ့။ အဲဒီတုန်းကရေးခဲ့တဲ့အိမ်သာတွေက ၁၉၉ဝ နှောင်းပိုင်းအိမ်သာတွေဆိုတော့ အနံ့အသက်တော်တော်စုံခဲ့တာပေါ့။ ဒီတစ်ခေါက် မြန်မာပြည်ပြန်လို့ ခရီးတွေလျှောက်သွားဖြစ်တဲ့အခါ လမ်းတစ်လျှောက်က အိမ်သာတွေနဲ့ ကျွန်မ မကင်းခဲ့ပြန်ပါဘူး။

အရမ်းစားလို့ကောင်းတဲ့ ဝက်ကောက်ညှင်းချက်နည်းလေး မျှဝေပေးလိုက်တယ်နော်

အရမ်းစားလို့ကောင်းတဲ့ ဝက်ကောက်ညှင်းချက်နည်းလေး မျှဝေပေးလိုက်တယ်နော်

ဝက်ကောက်ညှင်း
----------------------
ဝက်သား ၂၀သား
ကောက်ညှင်း နို့ဆီဗူး၂လုံး
ဘဲဥ ၃လုံး
ရှီတာကီမို ၄ခု
မိုခြောက် ၅ပွင့်
ကြက်သွန်နီ ၂လုံး
ကြက်သွန်ဖြူ ၅မွှာ
ဝက်အူချောင်း ၃ချောင်း
ပုစွန်ခြောက် ၁၅ကောင်

Michael_Jackson‬ ( ကမ္ဘာ့ဂီတသမိုင်းတ လျှောက်အအောင်မြင်ဆုံးဂီတသမား (သို့) ကမ္ဘာကြီးအားဂီတဖြင့်ပြောင်းလဲခဲ့သူ (သို့) လူမည်းတယောက်ရဲ့နာကျည်းစရာအတ္ထုပ္ပတ္တိ

‪#‎Michael_Jackson‬ ( ကမ္ဘာ့ဂီတသမိုင်းတ
လျှောက်အအောင်မြင်ဆုံးဂီတသမား (သို့)
ကမ္ဘာကြီးအားဂီတဖြင့်ပြောင်းလဲခဲ့သူ (သို့)
လူမည်းတယောက်ရဲ့နာကျည်းစရာအတ္ထုပ္ပတ္တိ
…………………………………………………………………………

" ဂီတ က ယဉ်ကျေးမူတခုပါ။
ဂီတ က လူသားတွေရဲ့နေ့စဉ်ဘဝပါ။
ဂီတ က ငြိမ်းချမ်းရေးစကားတခွန်းပါ။ "

မိုက်ကယ် ဂျက်ဆင်
* ၆နှစ်သားကသီချင်းစဆိုတယ်။အသက်
၅၀မှာသေတယ်။ ၄၄နှစ်ကြာဂီတလောကထဲသူ
နေခဲ့တယ်။ ဒီ၄၄နှစ်မှာ ကမ္ဘာကြီးထဲယဉ်ကျေးမူ
လူသားချင်းအသားအရောင်ခွဲခြားမူ ငြိမ်းချမ်းရေး
ဂန္တဝင်သီချင်းတွေ ဂန္တဝင်လုပ်ရက်တွေကိုသူလုပ်
ပြသွားခဲ့တယ်။ TV မရှိတဲ့ အခွေအလွယ်တကူ
ဝယ်လို့မရတဲ့ မဖွံ့ဖြိုးမတိုးတက်တဲ့နိုင်ငံတွေက
လူတွေပါ သူ့ နာမည်ကိုသိခဲ့ကြတယ်။သူ့ကို
ကြိုက်ခဲ့ကြတယ်။ ဒီခေတ်အသက်၂၀အရွယ်လူ
ငယ်တွေရဲ့မိဘတွေ အဖိုးအဖွားတွေ ပြည်ပဂီတ
နဲ့မရင်းနှီးနိုင်တဲ့သူတွေကိုပါ သူ့ကိုသိခဲ့ကြတယ်။

FACEBOOK မာ့ခ်ဇက္ကာဘာ့ဂ် (၁၉၈၄ - )

FACEBOOK
မာ့ခ်ဇက္ကာဘာ့ဂ် (၁၉၈၄ - )

ကွန်ပျူတာ ခေတ်ဦးတွင် မာ့ခ်ဇက္ကာဘာ့ဂ်မှာ ကလေးသာ ရှိသေးသည်။ ဒီဂျစ်တယ် ဓာတ်မှန်ရိုက်ကူးမှုကို အစောဆုံး အသုံးပြုခဲ့သူတစ်ဦးဖြစ်သည့် သွားဆရာဝန် ဖခင်၏ သင်ပြမှုကြောင့် ပရိုဂရမ်ရေးသားခြင်း အခြေခံကို တတ်မြောက်ခဲ့ကာ ဇက္ကာဘာ့ဂ်သည် နေအိမ်တွင်းရှိ ကွန်ပျူတာများတွင် မိသားစုဝင်အချင်းချင်း အမြန်စာပို့ရန် ကိုယ်ပိုင် ပရိုဂရမ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ အသက် ၁၁ နှစ်တွင် မိဘများက ဆော့ဖ်ဝဲလ်ရေးသားသူတစ်ဦးအား ငှားရမ်း၍ အပတ်စဉ် သင်ကြားစေပေးခဲ့သည်။

ကျွဲမြီးဆွဲသောအခါ

ကျွဲမြီးဆွဲသောအခါ
++++++++++++++++

တစ်ခါက လူငယ်တစ်ဦးဟာ လယ်သမားကြီးတစ်ဦးရဲ့ သမီးကို ချစ်ခင်နှစ်သက်နေပါသတဲ့..။ သူဟာ အဲဒီအမျိုးသမီးလေးကို ချစ်မြတ်နိုးလှတာကြောင့် သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်ဆိုသလို နေ့ရောညပါ မအိပ်နိုင် မစားနိုင်ဖြစ်လို့လာတယ်။ တစ်နေ့မှာတော့ သူဟာ သူ့ရဲ့ချစ်စိတ်ကို အောင့်အီးနိုင်စွမ်းမရှိတော့တာကြောင့် မိန်းကလေးရဲ့ ဖခင်ဖြစ်တဲ့ လယ်သမားကြီးဆီကို သွားပြီး ဒီလိုပြောဆိုတယ်

"ဦးကြီးခင်ဗျား.. နားနဲ့မနာ ဖ၀ါးနဲ့နာပါခင်ဗျာ။ ကျွန်တော်ဟာ ဦးကြီးရဲ့ သမီးကို အင်မတန် ချစ်မြတ်နိုးမိနေပါတယ်။ တကယ်လို့များ ဦးကြီးဟာ ကျွန်တော့်ကို ဦးကြီးရဲ့သမီးကို လက်ထပ်ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အသက်နဲ့ရင်းပြီး ဦးကြီးရဲ့သမီးကို ရှာဖွေကျွေးမွေးမှာပါခင်ဗျာ"

အခုထက် ပိုတော်ချင်သလား၊ ဒီ ၇ ချက်ကို လုပ်ကြည့်ပါ

အခုထက် ပိုတော်ချင်သလား၊ ဒီ ၇ ချက်ကို လုပ်ကြည့်ပါ

====================

လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို မြှင့်လို့မရတော့ဘူးလို့ အရင်က ယုံကြည်လက်ခံခဲ့ကြတယ်။ တကယ်တော့ ဓားတစ်လက်လိုပဲ ဦးနှောက်ဟာလည်း သွေးလေ ထက်လေပါပဲ။ အခုပြောပြမယ့် အချက်တွေဟာ ဥာဏ်ရည်ကို ပိုထက်မြက်စေပါတယ်လို့ သိပ္ပံပညာက အတည်ပြုလက်ခံထားပါတယ်။ အဲဒါတွေကတော့

(၁) ဂီတတူရိယာတစ်ခုကို တီးပါ

တူရိယာကို ဂီတသံဖြစ်အောင် တီးခတ်တဲ့အခါ တီထွင်နိုင်စွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းနဲ့ တခြားအရာတွေကို တိုးတက်စေပါသတဲ့။ တူရိယာတီးခတ်သူတွေဟာ အသက်ဘယ်လောက်ကြီးကြီး ဦးနှောက် မပျက်စီးဘူးလို့ ဆိုပါတယ်။

လူသေးသေးလေးတွေရဲ့ တောင်းဆိုမှု

 
လူသေးသေးလေးတွေရဲ့ တောင်းဆိုမှု

shared by ThiThi on 27/05/16 - maukkha.org - အဖွဲ့အစည်း

အဖေနဲ့အမေ အဆင်မပြေရင် မိသားစုဆိုတာအဆင်မပြေပါဘူး။ သားသမီးတွေရဲ့ရင်ထဲမှာလည်း အဖေက အမေ့ကိုရိုက်လိုက်တိုင်း၊ အမေက အဖေ့ကို ရိုက်လိုက်တိုင်း နှလုံးသားမှာ ဒဏ်ရာတွေအထပ်ထပ်ရနေတာပါ။ စိတ်ဒဏ်ရာတွေက သေရာထိပါသွားတတ်တယ်။

ကမ္ဘာမှာရှိတဲ့ ဘယ်မိသားစုမှ အမြဲတမ်းပျော်ရွှင်စရာလို့မရှိနိုင်ပေမယ့် ဝမ်းနည်းစရာကောင်းတဲ့နေ့ရက်တွေကို အတတ်နိုင်ဆုံးလျှော့ချတတ်ဖို့လိုပါတယ်။ မိသားစုတစ်ခုမှာ ပျော်ဖို့ကောင်းတဲ့ရက်တွေထက် ဝမ်းနည်းဖို့ကောင်းတဲ့ရက်တွေက ပိုများနေရင် လက်ရည်တပြင်တည်း ထမင်းဝိုင်းဆိုတာ မျက်ရည်တွေနဲ့ပြည့်နှက်နေတော့မှာပါ။

သင့်ကျန်းမာရေး မကောင်းမှန်း ပြသနေသည့် ခန္ဓာကိုယ်၏ လက္ခဏာများ

သင့်ကျန်းမာရေး မကောင်းမှန်း ပြသနေသည့် ခန္ဓာကိုယ်၏ လက္ခဏာများ
----------------------------------------------------------------------------- #ဒေါက်တာခင်မိုးမိုး

ကျွန်မတို့ ကျန်းမာပြီး အသက်ရှည်ဖို့အတွက် ခန္ဓာကိုယ်တွင်းက စနစ်တွေကို ကျန်းမာရေးနဲ့ ညီညွတ်မှုရှိအောင် ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။ အောက်ပါ ၁၀ ခုဟာ သင်လျစ်လျူမရှုသင့်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
..................................................................................................................................
၁။ အသက် ၄၀ မတိုင်မီ ဆံပင်ဖြူခြင်း

မိသားစုမျိုးရိုးလိုက်တာကြောင့် ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူတတ်တာဖြစ်ကြပေမယ့် အသက် ၃၀ အရွယ်မှာ ခေါင်းတစ်ဝက်လောက်က ဆံပင်ဖြူတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါဖြစ်နိုင်တာကြောင့်ပါ။ ဒါ့အျ
ပင် သင့်မိသားစုဝင်ထဲမှာ သင့်လိုမျိုးပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေတာမျိုး ရှိ၊ မရှိ စစ်ဆေးပါ။

English Speaking – Job Expressions (15)

English Speaking – Job Expressions (15)
………………………….
(1) Can I have your business card?
လူကြီးမင်းရဲ့ လုပ်ငန်းလိပ်စာကဒ်လေး ရနိုင်မလား
.
(2) Can I get your phone number and email address?
လူကြီးမင်းရဲ့ ဖုန်းနံပါတ်နဲ့ email လိပ်စာလေးများ ရနိုင်မလား
.
(3) What is the best way to contact you?
လူကြီးမင်းကို ဆက်သွယ်ဖို့ အကောင်းဆုံး နည်းလမ်းက ဘာပါလဲ
.
(4) Can I get your contact information?
လူကြီးမင်းနဲ့ ဆက်သွယ်လို့ ရမယ့် အချက်အလက်လေးတွေ ရနိုင်မလား
.
(5) Let me give you one of my business cards.
ကျနော့်ရဲ့ လုပ်ငန်းလိပ်စာကဒ်တွေထဲက တစ်ခု လူကြီးမင်းကို ပေးခွင့်ပြုပါ (ပေးချင်တယ်)

အင်္ဂလိပ် သင်ခန်းစာ ၁၀၀ Level (1) Lesson (30)

အင်္ဂလိပ် သင်ခန်းစာ ၁၀၀
..................................
Level (1) Lesson (30)
...............................
မိဘများဘယ်မှာနေသလဲ
...........................................
Jason: ဟိုင်း မလီဆာ။ ဒီ စနေ၊တနင်္ဂနွေ အိမ်ပြန်မှာလား
Hi Melissa, are you going home this weekend?
.
Melissa: ဟင့်အင်း၊ ဒီအပတ်မပြန်ဘူး။ လုပ်စရာ အလုပ်တွေ အများကြီးရှိတယ်။
No, not this weekend. I have too much work to do.
.
Jason: မိသားစုတွေက ဘယ်မှာနေပါသလဲ
Where do your parents live?

လူအတန်း

လူအတန်း
+++++++

အလုပ်လုပ်တဲ့ လူအချင်းချင်း စိတ်နေစိတ်ထားအရရော၊ ကြိုးစားမူအရပါ အတန်းအစားကွာခြားသွားတတ်ပါတယ်။ ကိုယ့်ကိုကို ဆန်းစစ်ပြီး ၀င်တန်းစီကြည့်ရအောင်၊ ပြီးရင် အတန်းကူးနိုင်အောင် ကြိုးစားကြပါဆို့။
၁။ လူအောက်တန်း-------- ဟိုဟာမကောင်းဘူး၊ ဒီဟာမတရားဘူး၊ ဒါ သက်သက်စော်ကားတာပဲ၊ ဒါတော့ လုံးဝကြည့်လို့ မရဘူး ၊ စသည်ဖြင့် အမြဲတမ်း အဆိုးမြင် အပြစ်တင်နေတဲ့လူတန်းစားမျိုး၊ ပြသနာမရှိ ပြသနာရှာ၊ ဟိုတို့လိုက်၊ ဒီဖွလိုက်၊ အတို့အထောင်နဲ့ အသိုင်းအ၀ိုင်းငယ်ဖွဲ့ဖြစ်ကြတယ်။ ဒီလိုလူမျိုးဟာ ဘယ်အဖွဲ့ ဘယ်ဋ္ဌာနထဲမှာပဲ ရှိရှိ ငါးခုံးမ ဖြစ်ပါတယ်။ ကိုယ့်အနားမှာ ဒါမျိုးလူစားရှိရင် မပေါင်းပါနဲ့၊ ရှောင်ရှားလိုက်ပါ။ အခန့်မသင့်ရင် တစ်လှေလုံး ပုတ်သိုးလို့ ကိုယ်ပါ ပုတ်သွားနိုင်ပါတယ်။

Friday, May 27, 2016

တာဒါအိုကာရှီယိုး - လယ်သမားသားလေးကနေ ဘီလျံနာဖြစ်သွားတဲ့ Casio Computer ကုမ္ပဏီပိုင်ရှင်။

တာဒါအိုကာရှီယိုး - လယ်သမားသားလေးကနေ ဘီလျံနာဖြစ်သွားတဲ့ Casio Computer ကုမ္ပဏီပိုင်ရှင်။

လယ်သမားတယောက်ရဲ့သားလေးဟာ တောရွာလေးတရွာကနေ မြို့ပေါ်ရောက်လာတယ်။ အဖေက ဒုက္ခဆင်းရဲခံပြီး ကျောင်းထားပေးလို့ ပညာကို ကြိုးစားသင်တယ်။ အထက်တန်းအောင်ပြီး အလုပ်လုပ်နေတုံးမှာ တီဘီရောဂါဖြစ်လို့ ဂျပန်စစ်တပ်ထဲ ဝင်ခွင့်မရဘူး။ စစ်တပ်ထဲ မဝင်ရလို့ ဒုတိယကမ္ဘာစစ်ကြီးအတွက် ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံကို စီးပွားရေးနဲ့ တဖက်တလမ်းက ကူညီဖို့ လမ်းစရှာတယ်။ ကိုယ်ပိုင်စက်ရုံလေးတရုံကို အိမ်ဘေးမှာ အဖီလေးချပြီး ထူထောင်လိုက်တယ်။ နောက်တော့ လျှပ်စစ်ဂဏန်းပေါင်းစက်ကို တီထွင်လိုက်တယ်။ နောက်ပိုင်းမှာ အီလက်ထရောနစ်ပစ္စည်း အများအပြားကို တီထွင်ထုတ်လုပ်ပြီး ကမ္ဘာကို တင်ပို့ဖြန့်ချိတယ်။ ကမ္ဘာက လေးစားရတဲ့ အင်ဂျင်နီယာ၊ တီထွင်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်လာခဲ့တယ်။ သူ့နာမည်က တာဒါအိုကာရှီယို (Tadao Kashio) ပါ။ Casio Computer Company ကို တည်ထောင်ခဲ့သူပါ။

လီကာရှင်း ရုံးခန်းတွင်း ရှိ သတိပေးစကားများ

လီကာရှင်း ရုံးခန်းတွင်း ရှိ သတိပေးစကားများ

၁။ ၀ိုးတ၀ါး ဖြစ်နေတဲ့ မနက်ဖန်အတွက် မစိုးရိမ်သင့်ပါ၊ ရှင်းရှင်းလင်းလင်းဖြစ်နေတဲ့ ယခု အတွက်ပဲ အစွမ်းကုန်ကြိုးစား အားထုတ်လိုက်စမ်းပါ။

၂။ စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲ နိုင်ပါမှ
ဘ၀ရဲ့ အခြေအနေကို ပြောင်းလဲလို့ ရမယ်။

၃။ ငွေအရ နည်းတယ်လို့ ပြစ်တင်နေမဲ့ အစား
ကိုယ့်ကိုကို တန်ဖိုးရှိအောင် အရင်ကြိုးစားလိုက်ပါ။

၎။ ဘွဲ့ဒီဂရီ ဆိုတာ အတိတ်ကို ကိုယ်စားပြုပါတယ်။
သင်ယူလေ့လာမူ့ စွမ်းရည် ဟာ အနာဂတ်ကို ကိုယ်စားပြုပါတယ်။

မိမိ သုံးနေသော Facebook Acc ကို ကလိချင်သူများအတွက်

မိမိ သုံးနေသော Facebook Acc ကို ကလိချင်သူများအတွက် 🙈🙈
ဆရာများကျော်သွားကြပါလို့

Followers ဖွင့်နည်း

Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ
............................................................................................

Followers Comment ပိတ်နည်း

Lazy Club ကိုနိုင်ဇော် ပြောပြတဲ့ ဂစ်တာသမားဆိုတာ

Lazy Club ကိုနိုင်ဇော် ပြောပြတဲ့ ဂစ်တာသမားဆိုတာ
=====================================
အမည် - ကိုနိုင်ဇော်
အလုပ်အကိုင် - ဂစ်တာပညာရှင်
(Lazy Club Band)
---------------------------------------
လုပ်ငန်းခွင်သို့ဝင်ရောက်လာပုံ
---------------------------------------
ရန်ကုန်တက္ကသလိုလ်၌ ဥပဒေတတိယနှစ်ကျောင်းသား
တစ်ယောက်အဖြစ် ပညာသင်ယူနေစဉ်ကာလ ၁၉၉၀ခုနှစ်မှ
စတင်၍ ရွှေသံစဉ်တီးဝိုင်းတွင် ဒုတိယဂစ်တာသမားအဖြစ်
တီးခတ်ခဲ့ပြီး Aces တီးဝိုင်း၌လည်း အချိန်ပိုင်းဝင်တီးခဲ့သည်။
တက္ကသိုလ်မှဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်းတွင် Lazy Club တီးဝိုင်းသို့
ပြောင်းရွှေ့ဝင်ရောက်၍ လက်ရှိအချိန်အထိ Lazy Club တွင်
Lead ဂစ်တာတီးခတ်သူအဖြစ် လုပ်ကိုင်လျှက်ရှိသည်။

သီချင်းတစ်ပုဒ်ဖြစ်လာစေဖို့.....

သီချင်းတစ်ပုဒ်ဖြစ်လာစေဖို့.....
♪♫-♪♫-♪♫-♪♫-♪♫-♪♫-♪♫

ပရိသတ်တွေ မိနစ်အနည်းငယ်မျှသာ အချိန်ပေးနားထောင်ရတဲ့
သီချင်းတစ်ပုဒ်ဖြစ်ဖို့ ဘယ်လိုဖန်တီးလဲ ???
ဆိုတဲ့မေးခွန်ကိုဖြေနိုင်ဖို့ နဝရတ်စတူဒီယိုမှ ကိုဝေထွန်းကို
မေးခဲ့ရာ
“အားလုံးကတော့ အချိတ်အဆက် မိမိနဲ့ကြိုးစားကြရတာပဲ။
ဒါမှလည်းပြီးပြည့်စုံတဲ့သီချင်းတစ်ပုဒ် ဖြစ်မှာလေ။
အကြမ်းဖျင်းအနေနဲ့ သီချင်းတစ်ပုဒ်ဖြစ်ဖို့ ပြောရမယ်ဆိုရင်......

-------------------------
တေးရေးကစသည်။