Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 28, 2017

*** မိမိကိုယ်ကိုယ် အားကိုးပါ ***

*** မိမိကိုယ်ကိုယ် အားကိုးပါ ***

* မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

* မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလားလို့
အပြစ်မတင်ချင်ပါနဲ့။
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့ လူလာဖြစ်နေကြတာ မဟုတ်ဘူး။

သိရှိထားသင့်သော မြေအမျိုးအစားများနှင့် မြေအမျိုးအစား တစ်ခုချင်းစီ၏ အသုံးဝင်ပုံများ


၁။ (က) မြေပိုင်မြေ (ခ) ဘိုးဘွားပိုင်မြေ (ဂ) ဂရန်ရှိမြေပိုင်မြေ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။

(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။

(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။

(၃) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။

လင် နဲ့ မယား ဆိုတာ

လင် နဲ့ မယား ဆိုတာ
အတူရှိမှပြည့်စုံတာပါ

ဘယ်အရာတွေ
ဘယ်လောက်
ပြည့်စုံနေပါစေ

ပိုက်ဆံ ဘယ်တော့မှ မရှိတဲ့လူတွေရဲ့ လက္ခဏာ (၇) ရပ်


shared by ThiThi on 27/02/17  -  duwun.com.mm  -  Other


ပိုက်ဆံဘယ်တော့မှ မကပ်ဘူးဆိုတဲ့လူတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ငွေကြေးဟာ သူတို့ဆီကနေ အမြဲထွက်ပြေးနေတဲ့ အချက် အချို့ကို စဉ်းစားကြည့်ရအောင်။

၁ - စိတ်မဝင်စား

ပိုက်ဆံကို စိတ်ဝင်စားပေမဲ့ ပိုက်ဆံရပေါက်ရလမ်းတွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ပိုက်ဆံရနိုင်မယ့် သတင်းအချက်အလက်တွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ဥပမာ- ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် သူများတွေက ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် နေရာမျိုးကို စုံစမ်းတတ်ပေမဲ့ သူတို့ကတော့ ဒါမျိုးအကျင့်မရှိပါဘူး။ ငွေကြေးနဲ့ပတ်သက်ရင် စနစ်တကျ စီမံတာမျိုး မရှိပါဘူး။

ဗိုလ်ချုပ်နှင့် ကျွန်တော်**

ဗိုလ်ချုပ်နှင့် ကျွန်တော်**

(ဗိုလ်တာရာ)
ဘဝ၏အစ။

ကျောင်းခန်းတစ်ခန်းလုံး တိတ်ဆိတ်နေ၏။ ကျောင်းအုပ်ကြီး ဦးလှမောင်၏ ထက်မြက်ပိုင်နိုင်လှသော စကားပြေ ရှင်းလင်းချက် အသံသာလျှင် လွှမ်းမိုးနေတော့၏ ။ ကျွန်တော်တို့ ပျဉ်းမနားမြို့ရှိ ကေ-ဘီ- အမ် အထက်တန်း ကျောင်းကြီး၏ ရှစ်တန်းသင်တန်းကျောင်း ခန်းတွင် ညနေပိုင်းနောက်ဆုံး အင်္ဂလိပ်ဘာသာ သင်တန်း ပေးနေခိုက် ဖြစ်တော့သည်။

သခင်ဝါဒလှိုင်းယဉ်သာမှာ**

သခင်ဝါဒလှိုင်းယဉ်သာမှာ**

``ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို လေးစားပါ။``
ဒို့ဗမာအစည်းအရုံး ဆောင်ပုဒ်ကြွေးကြော်သံကား ဗမာပြည်တစ်ဝှမ်းလုံးလိုလိုပြန့်နှံ့မြူးကွန့်လျက် နိုင်ငံရေးတက်ကြွနေခိုက် ဖြစ်တော့သည်။ ထိုလှိုင်းယဉ်သာဌ် ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို လိုချင်ရမက်အားကြီးသူပြီပြီ၊ သခင်တစ်ယောက်အနေဖြင့်၎င်း၊ ဗမာ့လက်ရုံးတပ်သားတစ်ယောက်အနေဖြင့်၎င်း၊ ကျောင်းသားသမဂဂရဲဘော်တစ်ယောက်အနေဖြင့်တဖုံ ကူးသန်းကာ မြူးတူးရင်း အထက်ပါဒို့ဗမာဆောင်ပုဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းလျက် သာယာဝတီညီလာခံကြီးသို့ သခင်အောင်ဆန်းတို့နောက်မှ တတ်ရောက်ခဲ့လေ သည်။

*စစ်လောက ခရီးကြမ်းဝယ်**

*စစ်လောက ခရီးကြမ်းဝယ်**

ဘန်ကောက်တမြို့လုံး ဂျပန်စစ်တပ်တွေ ဒင်းကြမ်းနှင့် ယိုးဒယားပြည်တစ်ပြည်လုံး နီပွန်အလံများ လွှမ်းမိုးလျှက် ကမ္ဘာ့အရှေ့ပိုင်းတစ်ခုလုံး ဂျပန်စစ်ဘီလူးကြီးက ဝါးမြိုထားခိုက်ဖြစ်တော့သည်

ဗိုလ်အောင်ဆန်းခေါ် ဗိုလ်တေဇ၊ တချိန်တခါက အညတသခင်အောင်ဆန်းဖြစ်ခဲ့သူ ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနကြီးကား ---ဘန်ကောက်မြို့အရှေ့တောင်ဒေါင့်ရှိ ဇရပ်နီရပ်ကွက်ခေါ် ဆာလာဒင်ရပ် နိုင်ငံခြားသားများသံရုံးတစ်ခုလုံးဋ္ဌ် ခန့်ညားစွားစခန်းချလျှက် စစ်ရေးပြင်နေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား ဒုတိယစစ်သေနာပတိအဖြစ် နှင့် တိုက်ရေးခိုက်ရေးမှစရု် တပ်မတော် ဖွဲ့စည်းရေးပါမကျန် တာဝန်ခံယူရသည်ဖြစ်သဖြင့် စိတ်ပန်းလူပန်းဖြစ်နေပုံရလေသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် ဟင်္သာတခရီးစဉ်များ

ဗိုလ်ချုပ်အောင်ဆန်း နှင့် ဟင်္သာတခရီးစဉ်များ
ဗိုလ်ချုပ်အောင်ဆန်းဟာ ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့ သို့ လေးကြိမ်တိတိ ရောက်ခဲ့ပါတယ်။ ပထမ နှစ်ကြိမ်က ၁၉၄၀ ပြည့်နှစ်အတွင်း ရေလမ်းခရီးစဉ်ဖြစ်ပြီး ဒုတိယ နှစ်ကြီမ်ကတော့ ပုသိမ်မြို့မှတဆင့် ရောက်ရှိခဲ့တဲ့ ရထားခရီးစဉ်ဖြစ်ပါတယ်။ ပထမခရီးစဉ်နှစ်ကြိမ်ဟာ တို့ဗမာအစည်းအရုံးဗဟိုဌာနချုပ် အထွေထွေအတွင်းရေးမှုးဘ၀နဲ့ သွားရောက်ခဲ့တာဖြစ်လို့ ဒုက္ခဆင်းရဲရောက်ခဲ့ရပါတယ်။

မြို့မငြိမ်း(ဂီတပညာရှင်)

မြို့မငြိမ်း(ဂီတပညာရှင်)
မြို့မငြိမ်း

မွေးသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက်
အမည်ရင်း ဦးကျော်ငြိမ်း
မိဘအမည် ဦးညီ + ဒေါ်ချစ်ဦး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ မန္တလေးမြို့

အလုပ်အကိုင် တေးရေးဆရာ၊ ဂီတပညာရှင်
ထင်ပေါ်ကျော်ကြားမှု ပါရမီထူးချွန်သော တေးဂီတပညာရှင်

မြို့မငြိမ်းသည် မြန်မာ့တေးဂီတသမိုင်းတွင် နှစ်ကာလရှည်လျားစွာ တည်တံ့ကျန်ရစ်မည့် သတ္တိများရှိသော မြန်မာသီချင်း (Modern classicisms) များကို သီကုံးရေးဖွဲ့သွားခဲ့သည့် အနုပညာပါရမီထူးသူ သီချင်းရေးဆရာ ဖြစ်သည်။ ဂီတကို ဝါသနာပါသည့်အပြင် ပန်းချီပန်းပု ပညာရပ်များကိုလည်း တတ်မြောက်ခဲ့သူဖြစ်သည်။

မြို့မငြိမ်း အပိုင်း( ၂)

ဆရာသည် ပညာမာနလုံးဝ မထားတတ်ဘဲ၊ မဖြစ်လျှင် မနေဆိုသည့် ဇွဲနှင့် အရှုံးမပေးလိုသော မာနသာ ရှိပါ သည်။ သူ့ကို တွေ့ဆုံပေါင်းသင်းခဲ့ဖူးသူ တိုင်း ချစ်ခင်လေးစားကြည်ညိုကြသည်။ လူ့ဘဝသက်တမ်းတိုတိုလေးထဲတွင် တဒင်္ဂဟန်ပန်ကိုဖြစ်စေ၊ ပျော်ရွှင်မြူး တူးဖွယ်ဖြစ်အောင် ဖန်တီးနိုင်ခဲ့သော ဆရာငြိမ်းလိုလူမျိုးမှာ ရှာမှ ရှားလှပါ သည်။ ပြီး ဆရာငြိမ်းသည် ဂုဏ်တွေ၊ ပါဝါတွေမရှိ၊ ပကတိအရှိ အရှိအတိုင်း နေထိုင်တတ်သည်။ သီချင်းရေးသည့် အခါ ဘေးက လူရှိနေသည့်တိုင် ရှိမှန်း မသိ၊ တယောကလေးစမ်းတီးလိုက်၊ စာရေးလိုက်၊ ဆေးလိပ်တိုကို ကောက် ဖွာလိုက်၊ ခွက်ထဲပြန်ချလိုက်နှင့် တစ်ခါ တစ်ရံ မီးမရှိသော ဆေးလိပ်တိုကိုပင် ပြန်ဖွာပြီးမှ ပြန်ချချင် ချနေတတ်ပါ သည်။ ဆရာ၏ မျက်နှာကမူ သီချင်း ရေးသောစာရွက်ပေါ်၌ သူချရေးလိုက် သော စာလုံးများ၊ လက်မှ တီးနေသော သံစဉ်များ၌သာ စိတ်ဝင်စားနေတတ်၍၊ တလောကလုံးကို မေ့နေဟန် တူပါ သည်။

ဆရာနှင့် မြန်မာ့ရုပ်ရှင်

ဆရာနှင့် မြန်မာ့ရုပ်ရှင်

နိုင်ငံကျော်တေးပြုပုဂ္ဂိုလ် အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း၏ ဂီတသြဇာသည် မြန်မာ့ရုပ်ရှင်လောက အပေါ်တစေ့တစောင်း အရိပ်ထိုးနေခဲ့ပါ သည်။ ဆရာ့သီချင်းများစွာ ခေတ် ဟောင်း၊ ခေတ်သစ်ရုပ်ရှင်ကားများတွင် လှုပ်ရှားဆဲဖြစ်ပါသည်။ ထို့အတူ ၁၉၅၄-၅၅ ခုနှစ်တွင် တည်ထောင်ကြသော မန္တလေးရုပ်ရှင်တွင်၊ စတင်တည်ထောင် ကတည်းက တေးဂီတတာဝန်ခံအဖြစ် လုပ်ဆောင်ခဲ့ပါသည်။ သာမန်တေးမျိုး ထက် အစဉ်အမြဲတီထွင်ဆန်းစစ်နေ တတ်သော ပုဂ္ဂိုလ်ဖြစ်ပြီး (Musical Picture) မျိုး ဖန်တီးလိုသည်နှင့်အမျှ တယောများဖြင့် အိုးစည်သံထွက်စေ သည့် ရွှေအိုးစည်နှင့် တိမ်ထိုးမျိုး၊ ရုပ်ရှင် ဇာတ်ပို့တီးကွက်မျိုးစုံတို့ကို ပင်ပင် ပန်းပန်း ပြုစုဖန်တီးခဲ့ပါသည်။

ကျော်ဟိန်း(မင်းသား)

ကျော်ဟိန်း(မင်းသား)

မွေးသက္ကရာဇ် ၁၄.၇.၁၉၄၇
အမည်ရင်း ကျော်ဌေး
မိဘအမည် ဦးဂျွန်မောင်စိန် + ဒေါ်ချိုချို

ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ ရန်ကုန်မြို့
ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်း အောင်
အလုပ်အကိုင် ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊

ထင်ပေါ်ကျော်ကြားမှု ပီပြင်စွာ သရုပ်ဆောင်နိုင်မှု

ဝင်းဦး

မြန်မာ့ အနုပညာ သမိုင်းတွင် ထူးချွန်သော ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ်တကျ စီမံခန့်ခွဲ တတ်သော ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်နှင့် မဂ္ဂဇင်း စာအုပ် ထုတ်ဝေသူ ပိုင်ရှင်မှာ ဝင်းဦးပင် ဖြစ်သည်။

ဝင်းဦးသည် ၁၉၃၅-ခုနှစ်၊ မတ်လ(၁၃)ရက်နေ့၊ အဖ ဦးဘညွန့်(ချစ်ဒုက္ခ)+ အမိ ဒေါ်မင်နီဘခက် (အင်္ဂလိပ်ခေတ်၊ ဆရာဝန်ကြီး ကာနယ်ဘခက်၏ သမီး)တို့မှ ရန်ကုန်မြို့၌ ဖွားမြင်သည်။ မွေးချင်းငါးဦးရှိသည့်အနက် တတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ လှမြင့် ဖြစ်သည်။ မွေးချင်းများမှာ-

ကလီယိုပါထရာ

ကလီယိုပါထရာ

ကလီယိုပါထရားသည် (Cleopatra) ရှေးခေတ် ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော အီဂျစ်ဘုရင်မဖြစ်သည်။
ထူးခြားစွာလှပသော အဆင်းအင်္ဂါပြည့်စုံသည့် ဘုရင်မဖြစ်သဖြင့်ထိုခေတ်ကအထူးချွန်ဆုံးဘုရင်
နှစ်ပါးအား သူ၏ ရူပါရုံကျော့ကွင်းသို့ သက်ဆင်းစေ၍ သူစေသမျှကို တသဝေမတိမ်း ပြုလုပ်ပေးကြရသော အခြေသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ကလီယိုပါထရားကို နိုင်းမြစ် ဒေသမြွေဟောက်မ-ဟူ၍ ခေါ်ကြလေသည်။

ဆာအိုက်ဆက် နယူတန် Sir Isaac Newton

ဆာအိုက်ဆက် နယူတန်
Sir Isaac Newton

Born ၁၆၄၂--၁၇၂၇
အင်္ဂလန်
Known for ဂန္တ၀င်သိပ္ပံပညာရှင်

ဆာအိုက်ဆက် နယူတန် (Sir Isaac Newton) (၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) သည် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ အဂဿဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးအဖြစ် အများက ယူဆထားသည်။နယူတန်သည် ၁၆၈၇ ခုနှစ်တွင် ကမ္ဘာမြေကြီး၏ဆွဲငင်အားနှင့် သက်ဆိုင်သည့် နိယာမများကို ထုတ်ပြန်ခဲ့သည်။ ယင်း လှုပ်ရှားမှုဆိုင်ရာ နယူတန် နိယာမ သုံးရပ်သည် နောက်နှစ်ပေါင်း သုံးရာကျော်အတွင်း ရူပဗေဒလောကအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

ဟစ်တလာ အားဒေါလ်ဖ် ဟစ်တလာ Adolf Hitler

ဟစ်တလာ
အားဒေါလ်ဖ် ဟစ်တလာ
Adolf Hitler

Born ၁၈၈၉ ဧပြီ ၂၀
ဩစတြီးယား
Died ၁၉၄၅ ဧပြီ ၃၀
ဘာလင်၊ ဂျာမနီ
Signature

| ကြင်ဖော် = Eva Braun နာမည်အပြည့်အစုံမှာ "အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။ သူ့ ကို ၁၈၈၉ ခု ဧပြီလ ၂၀ ရက်နေ့တွင်
ယနေ့  သြစတြီးယားပြည်နယ်မြောက်ပိုင်း Braunau am Inn တွင် မွေးဖွားခဲ့သည်။

ကွန်ဖြူးရှပ် Confucius

ကွန်ဖြူးရှပ်
Confucius

မွေးဖွါး
ဘီစီ -၅၅၁
ရှန်တုန်ပြည်နယ်
ကွယ်လွန်
ဘီစီ -၄၇၉
နိုင်ငံသား
တရုတ်နိုင်ငံ
အလုပ်အကိုင် တွေးခေါ်ပညာရှင်

အိုင်းစတိုင်း (Albert Einstein)

အိုင်းစတိုင်း (Albert Einstein)

မွေးသက္ကရာဇ် ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့

နိုင်ငံ ဂျာမနီ၊ အမ်းမြို့

ငယ်အမည် Albert Einstein

အလုပ်အကိုင် သိပ္ပံပညာရှင်

ဆောင်ရွက်ချက်များ ရီလေတီဗတီ သီအိုရီ (Relativity Theory)
ကျော်ကြားခဲ့သော သီအိုရီ E=mc2

လက်မှတ်

ဦးနု

ဦးနု

ဦးနုသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစကာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူသည့်အချိန်ထိ၊ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့သည့် ကာလပတ်လုံးတွင် နေလတစ်ပါးနှယ်ထင်ရှားသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သည်။

ဦးသန်.

ဦးသန်.

ဦးသန့်သည် ဧရာဝတီတိုင်း ၊ ပန်းတနော် ဇာတိ ဖြစ်ပြီး ၁၉၀၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ မှ ၁၉၇၁ အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့တွင် နယူးယောက်မြို့၌ အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ရုပ်ကလပ်ကို ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကန်တော်မင်ပန်းခြံအနီးတွင် ဂူသွင်းင်္သဂြိုဟ်ခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ စုဘုရားလတ်၊ ဒေါ်ခင်ကြည် တို့၏ အုတ်ဂူများနှင့်အတူ တည်ရှိသည်။

Sunday, February 26, 2017

" ကိုယ့်ကိုယ်ကိုယ်ဆုံးမခြင်း "

" ကိုယ့်ကိုယ်ကိုယ်ဆုံးမခြင်း "
~~~~~~~~~~~~~~~~~~~~~~
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

စုန် ရေ

 
 
စုန် ရေ
*****

နာမည်က ဒေါ်ထွေး ။
လမ်းထဲတွင် မနက်ပိုင်းအသုပ်စုံရောင်း၏
အသက်က ၄၀ ကျော် စီးပွားရေးက အဆင်ပြေကြီးလည်းမဟုတ်
မပြေဘူးလည်းမဟုတ် အသင့်အတင့်သာ ။
ဒီနေ့မနက်တော့ ဒေါ်ထွေးဆိုင်မှာအသုတ်စားပြီးမှ လက်ဖက်ရည်ဆိုင်သွားမည်ဟု စဉ်းစားပြီး ဝင်စားနေခဲ့၏ ။
အချိန်က မနက်ခင်း ၈ နာရီ . . .

ဦးဇော်ဇော် ( သို့မဟုတ် ) စီးပွားရေးပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦး

ဦးဇော်ဇော် ( သို့မဟုတ် ) စီးပွားရေးပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦး
************************************************************************
ကိုထွဋ်

မြန်မာနိုင်ငံ၏ ပင်မကော်ပိုရေးရှင်း ကြီးတစ်ခုဖြစ်သော မက်စ်မြန်မာအုပ်စု၏ အကြီးအကဲဖြစ်သူ ဦးဇော် ဇော်သည် အတိတ်ဟောင်းကိုချန်ရစ်ကာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ခေတ်မီ စီးပွားရေးစနစ်တို့ကို တည်ဆောက်ရေး ကြိုးပမ်းနေသော မြန်မာနိုင်ငံအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။ မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိ ကန်တို့၏ အရေးယူပိတ်ဆို့မှုများ ဖယ်ရှား ပြီး ခြောက်လခန့်အကြာ ယနေ့အချိန်တွင် ဦးဇော်ဇော်သည် နိုင်ငံပြုပြင်ပြောင်းလဲ ရေးအတွက် မောင်းနှင်အားတစ်ရပ်အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက် ခြင်းကို ခံလာရသည်။

ဒါကြောင့် ပြောင်းလဲပစ်သင့်ပါသည်…


Than Win added 3 new photos.

ဒါကြောင့် ပြောင်းလဲပစ်သင့်ပါသည်…
ဂျပန် လ ၀ က ထိန်းသိမ်းရေးစခန်းထဲမှာ အဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသူ/သားတွေ ရာကျော်သွားပါပြီ..။
ဒီအကြောင်းကိုလည်း DVB သတင်းမှာလည်း ထုတ်လွှင့်သွားတာကို ကြားမိ နားထောင်မိကြမယ်ထင်ပါတယ်..။
တရားဝင် အလုပ်လုပ်ခွင့်မရှိသေးပဲ အလုပ်လုပ်တာကို စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားရသူများ..
ဒုက္ခသည်အဖြစ် ငြင်းပယ်ခံရလို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများ..
ဗီဇာသက်တမ်းကုန်ဆုံးနေသဖြင့်(အိုဗာစတေး) ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများ..
စသည် စသည့်ဖြင့်.. စိတ်မကောင်းစရာ စိတ်မချမ်းမြေ့စရာ သတင်းတွေပါ..။
တကယ်ကို ရာနဲ့ချီပြီး ရှိနေပါပြီ..။
ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မိဘ ဆွေမျိုးညီအကို မောင်နှမများကလည်း သူတို့ သား/သမီးတွေ ဘယ်လိုဖြစ်မလဲဆိုတာ သိချင်လို့ မောင်ရှင့်ကို မေးကြ မြန်းကြပါတယ်။

Gua Sha မက်ကလောင်


Dr. Tint Swe

Gua Sha မက်ကလောင်
သတင်း = ဖျားလျှင် မက်ကလောင်ခြစ်၍ ကုသမှုကြောင့် အသည်းရောင်စီပိုး ရောဂါဖြစ်ပွားနှုန်း များပြားလာသည်ကို တွေ့ရှိရကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က ပြောကြားသည်။
အရင်က မေးခွန်းတွေကိုဖြေဘို့ ဒီစာကိုရေးထားခဲ့ပါတယ်။
၁။ ကျွန်တော့အစ်မဖြစ်နေလို့ပါဆရာ။ မြစ်ကြီးနားမှာပြတော့ trimetazidine ကိုပေးလိုက်တာ အဲဆေးကို သောက်တော့လဲ မသက်သာဘူး။ အစ်မ အသက်က ၃၃ နှစ်ပါ။ မက်ခလောင်ထလာရင် ခေါင်းမှုးပြီး မျက်လုံး ဖွင့်လို့တောင်မရဘူးလို့ ပြောတယ်ဆရာ။ ရှာခြစ်လိုက်ဆွဲလိုက်ရင် ကောင်းသွားတယ်လို့ပြောတယ်။ နေ့တိုင်းလိုလို ရှာခြစ်ရလို့ အသားတွေတောင် မာနေပြီလို့လဲ ပြောပါတယ်ဆရာ။ ဘယ်လိုဆက်လုပ်ရမလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။

ကျနော် ဖုန်းတစ်လုံးဖြစ်ချင်တယ်

ကျနော် ဖုန်းတစ်လုံးဖြစ်ချင်တယ်
================== သျှီ(တမာမြေ)
"""""""""""""""""

တစ်ခါက ဆရာမတစ်ယောက်ဟာ
သူ့အတန်းထဲမှာ ရှိတဲ့လေးတွေရဲ့ ဘ၀မျော်မှန်းချက်တွေ
သူတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို သိချင်လို့ဆိုပြီး
တစ်ယောက်ချင်းစီကို သူတို့ရဲ့ ဆန္ဒတွေကိုမေးကြတယ်။

တစ်ချို့ကလည်း မင်းသမီး/မင်းသား အဆိုတော် ဆရာဝန်
စသဖြင့် ပြောကြတယ်။
ထိုအားလုံးကတစ်ယောက်ကတော့ သူများတွေနဲ့ မတူပဲ
ဖုန်းတစ်လုံးဖြစ်ချင်ကြောင်းပြောလာတယ်။

အမေပြောတဲ့မျိုးချစ်စိတ်ဆိုတာ

 
 
#အမေပြောတဲ့မျိုးချစ်စိတ်ဆိုတာ

"ကျွန်မ သိပ်ပြီးတော့
မျိုးချစ်စိတ်ဓာတ်တွေ ဘာတွေအကြောင်း မပြောချင်ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ အခုဆိုလို့ရှိရင် ဒီမျိုးချစ်စိတ်၊ မျိုးချစ်စိတ် ဆိုပြီးတော့
ဟိုလူ့တိုက်လိုက် ၊ ဒီလူ့တိုက်လိုက် လုပ်နေကြတယ်။
ဒါကြောင့်မို့လို့ ,
မျိုးချစ်စိတ်ကို ဈေးကျအောင် လုပ်တာပဲ မျိုးချစ်စိတ်ကို အပေါစားဖြစ်အောင် လုပ်တာပဲ။"

သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေမယ့် အချက် (၁၀) ချက်

သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေမယ့် အချက် (၁၀) ချက်

ဆွဲဆောင်မှုရှိချင်တာကို ထုတ်မပြောကြပေမယ့် လူတွေရဲ့ မသိစိတ်ထဲကတော့ ဆွဲဆောင်မှုရှိလိုကြတာချည်းပါပဲ။ မျက်နှာသွင်ပြင်နဲ့ ခန္ဓာကိုယ်သာမက ကိုယ်ရည်ကိုယ်သွေးတွေပါ ဆွဲဆောင်မှုရှိစေဖို့ ဘယ်လိုနေထိုင်ကြမလဲ...

မတိုင်းတာနဲ့

မတိုင်းတာနဲ့
------------------

လူတိုင်းကို ကိုယ်​သိသလို သိလိမ့်​မယ်​လို့
လုံးဝ မထင်​ထားပါနဲ့
လူတိုင်းကို ကိုယ်​ လုပ်​နိုင်​သလို လုပ်​နိုင်​လိမ့်​မယ်
လုံးဝ မထင်​ထားပါနဲ့
သူတို့ ရဲ့ လုပ်​နိုင်​စွမ်းအား ကိုယ်​မသိသလို
သူတို့ရဲ့ အရည်​အ​သွေးဘယ်​​လောက်​ရှိတယ်​ဆိုတာလဲ
တိတိကျကျ ကိုယ်​မသိနိုင်​ဘူး​လေ

**စင်္ကာပူမှာ အိမ်အကူလာရောက်လုပ်ကိုင်မလား


**စင်္ကာပူမှာ အိမ်အကူလာရောက်လုပ်ကိုင်မလာ
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

အရင်ဦးဆုံးMaid ဟုခေါ်သောအိမ်အကူ နဲ့ အိမ်ရှင် အကြောင်းကိုအတိုချုဉ်းပြီး ရှင်းပြပေးပါရစေ၊၊

Maid ခေါ်မယ့်အိမ်ရှင်ဟာ
~~~~~~~~~~~~~~~
၁၊၊ MOM recommend ပေးထားတဲ့ သင်တန်းကျောင်းသို့မဟုပ် Poly ကျောင်းတစ်ခုခုမှာ Maid မခေါ်ခင် Maid ကိုခန့်ထားမှုဆိုင်ရာဘယ်လို စောင့်ရှောက်မှု ဘယ်လိုစည်းကမ်း နေထိုင်မှုဆိုင်စတာတွေနဲ့ပက်သတ်တဲ့သင်တန်းကို သွားတက်ရပါတယ် မတက်ပဲနဲ့ခေါ်လို့မရပါဖူး နောက်တစ်ခု အသက် အနည်းဆုံး 21 ဖြစ်ရပါမယ် အသက်ကြီးပြီး ကျောင်းမတက်ချင်သူတွေအတွက်ကတော့ Online course တစ်ခုကို သူတို့ရဲ့ Sin- Pass နဲ့ဝင်ရောက်ပြီး သင်ကြားနိုင်ပါတယ် တစ်နှစ်အတွင်း Maid လေးယောယ်နဲ့ အထက် ပြောင်းတဲ့အိမ်ရှင်ဟာ Maid ထပ်ခေါ်ခွင့်မရှိသလို ခေါ်မယ်ဆိုရင်လည်း MOM မှာ သွားရောက် အင်တာဗျူးအမေးအဖြေခံရပြီး Maid ခန့်ထားမှုဆိုင်ရာ စာမေးပွဲ ထပ်ဖြေရပါတယ်

ပြည်သူတွေ အရင်လို မညံ့ကွယ် ရေးလိုက်ချင်ပေ့။


နေ မျိုး ဇင်

အစိမ်း မပြောင်
ငြိမ်းမောင်
သိန်းတထောင်နဲ့
တိမ်းရှောင်
ဒိန်းဒေါင် နဲ့ စံရှား
အမှန်တရား တွေ့ပါ့မလား။

စကားကြီးလေးခွန်းပုံပြင်

စကားကြီးလေးခွန်းပုံပြင်
*****************

ရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာမင်းလုပ်

အုပ်ချုပ်နေတဲ့ဘုရင်ကြီးတစ်ပါးဟာ တစ်နေ့
မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်
ရုပ်ဖျ က်ပြီးတိုင်းပြည်အခြေအနေလေ့လာဖို့
မင်းနေပြည်က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။

သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန်
ဆင်းရဲတဲ့အဖိုးအိုလင်မယားနေတဲ့တဲအိမ်အ
စုတ်ကလေးဆီကိုပါ။

ဒီအက်စ်အေ သို့မဟုတ် လူသတ်သမား သင်တန်းကျောင်း



Tun Lat

ဒီအက်စ်အေ သို့မဟုတ် လူသတ်သမား သင်တန်းကျောင်း
=====================================
အမေရိကန်ပြည်ထောင်စုမှာ School of Assassins လူသတ်သမားသင်တန်းကျောင်းလို့ လူ့အခွင့်အရေးသ မားတွေက ခေါ်တဲ့ စစ်သင်တန်းကျောင်း တကျောင်းရှိတယ်။ သူ့မူလ နာမည်ရင်းက The School of Americas ဖြစ်ပါတယ်။ စစ်ပညာ၊ ထောက်လှမ်းရေးပညာ၊ သုတ်သင်ရေး၊ ဗုံးခွဲ၊ မိုင်းထောင်ဆိုတဲ့ အတတ်ပညာတွေ အပြင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်၊ နိုင်ငံရေး အမြင်တွေ သင်ကြားပို့ချတဲ့ သင်တန်းကျောင်းဖြစ်တယ်။ နိုင်ငံတကာက စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခေါ်ယူသင်တန်းပေးတယ်။

ချစ်တတ်ဖို့လိုတယ်

ချစ်တတ်ဖို့လိုတယ်
*************

ရည်းစားကို စကားနဲ့ရင်းပြီး ချစ်ပါ
နှလုံးသားနဲ့ ရင်းပြီး ချစ်မိရင် နှလုံးသားကို နာဖျားစေတယ်။

ချစ်သူကို တန်ဖိုးထားပြီး ချစ်ပါ
ချစ်သူကို တန်ဖိုးထားသင့်သလို ယုံကြည်မှူရှိဖို့ လိုပြီး
နားလည်အောင် ကြိုးစားပြီး ချစ်ဖို့ လိုတယ်။

ချစ်သူဆိုတာ အိမ်ထောင်ဖက်ဖြစ်လာနိုင်သလို ကိုယ့်ကိုချစ်တတ်အောင်
သင်ပေးသော ဆရာဖြစ်သဖြင့် အပြန်အလှန် တန်ဖိုးထားသင့်ပါတယ်။

မှတ်သားသင့်သောသင်ခန်းစာ


ခရီးသွား နတ်သား ၂ ဦးဟာ လူသား အဖြစ် ယောင်ဆောင်ပြီး လူချမ်းသာ မိသားစု တစ်ခုရဲ့ အိမ်ကို ရောက်ရှိကာ တစ်ညတာ တည်းခိုဖို့ တောင်းဆိုပါ တယ်။
မရက်ရောပေမယ့် အတင်းအကြပ်တောင်းဆိုဟန် ရှိတာကြောင့် အိပ်ဖို့ နေရာပေးရင် ပြီးရော သဘောမျိုးနဲ့ မြေအောက်က ဂိုထောင် တစ်ခုမှာ တည်းခိုနေစေ ပါတယ်။ ဒီတော့ မြေအောက်က အခန်းမှာ ပေါက်နေတဲ့ နံရံ တစ်ခုကို နောင်တော် နတ်သားက ဖာထေးပေးလိုက်သတဲ့။

"#စာမဖတ်သောမြန်မာလူမျိုးများ"

 
 
"#စာမဖတ်သောမြန်မာလူမျိုးမျာ"
=======================%

ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အားနည်းချက်တွေထဲမှာ စာမဖတ်တာလည်း တစ်ခုအပါအဝင်ဖြစ်တယ်

မြန်မာတွေဘာကြောင့်စာမဖတ်တာလဲ

စာအုပ်တစ်အုပ်ရဲ့ အနှစ်သာရကိုမှသူတို့နားမလည်တာ တချို့အတွက် စာအုပ်ကကြောက်စရာတစ်ခုလိုဖြစ်နေတယ် ငယ်ငယ်ကစာမရရင်တုတ်နဲ့ရိုက်တတ်တဲ့ ဆရာမကိုမုန်းသလို စာအုပ်ကိုမုန်းသွားသလိုပေါ့ဗျာ

အများစုက(ကျွန်တော်ငယ်ငယ်ကလည်း ဒီအတိုင်းပဲ) မုန့်ဖိုးလေးဘာလေးရခဲ့ရင် ကာတွန်းစာအုပ်လေးဝယ်ဖတ်ဖို့ကိုစိတ်မဝင်စားဘူး Gameဆော့ဖို့ကိုတော့ စိတ်ဝင်စားတယ် စာအုပ်ဖတ်မယ့်အစား Gameပဲဆော့တယ် အရုပ်ဝယ်မယ်

ကျွန်တော်တို့စိတ်ထဲမှာ ဘယ်စာအုပ်အသစ်ထွက်ရင်ဝယ်ဖတ်မယ် ဆိုတဲ့စိတ်ကူးမရှိကြဘူး ဗီဒီယိုကားတစ်ကားဆိုရင်တော့ ကြော်ငြာတွေ့တာနဲ့ မထွက်ခင်ဆိုင်ကိုကြိုမှာထားလေ့ရှိတယ်

ကိုယ်စိုက်တာကိုယ်ပြန်ရိတ်ရ

 
 
#ကိုယ်စိုက်တာကိုယ်ပြန်ရိတ်
========================%

အရွယ်တော် အိုမင်းလာပြီဖြစ်သော ဘုရင်ကြီးသည် သူ့ထီးနန်းကို ဆက်ခံမည့် သားတော်တစ်ဦးကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သားတော်ကလည်း ၇ ဦးရှိနေသဖြင့် သူ့အရိုက်အရာကို အမှန်တကယ် ဆက်ခံနိုင်မည့်သူအား လူသိရှင်ကြား ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

တစ်နေ့တွင် မင်းကြီးသည် သားတော်အားလုံးကို ညီလာခံသို့ခေါ်ပြီး -

“သားတော်တို့ ခမည်းတော် အသက်ကြီးလာပြီဖြစ်လို့ အနားယူဖို့ အချိန် ရောက်လာပြီ။ သားတော်တို့ အထဲက ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ နတ်ရွာမစံမီ ရွေးချယ်ပေးခဲ့မယ်”