Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 19, 2017

စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်အဖြစ် ၂၀၁၇ ကို ဘယ်လိုဖြတ်သန်းမလဲ ???


Golden_Dreams added 2 new photos.

စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်အဖြစ် ၂၀၁၇ ကို ဘယ်လိုဖြတ်သန်းမလဲ ???
(ကောင်းလွန်းလို့ ဘာသာပြန်တင်ပေးလိုက်ပါသည်)
အောင်မြင်သူတစ်ယောက်။
အောင်မြင်သူတစ်ယောက်ဆိုကတည်းက နယ်ပယ်ပေါင်းစုံမှာ ထိပ်ဆုံးရောက်နေသူတွေကို ဆိုလိုသည်။ စီးပွားရေး လုပ်ငန်းရှင်၊ အနုပညာသမား၊ ရုံးအကြီးအကဲ၊ အားကစားသမား စသည် စသည် ထိပ်ဆုံးရောက်နေသူတွေ။ တစ်ချို့က ရွှေပေါ်မြတင် အခန့်သားရောက်နေသူတွေရှိပေမယ့် လူများစုက သူလိုကိုယ်လိုတွေက စခဲ့ရတာချည်းသာ။

တစ်ချို့က ကောလိပ်ကျောင်းသားဘဝထဲက ကြိုးစားခဲ့သလို၊ တစ်ချို့ကျတော့လဲ အရွယ်ရမှ " အချိန်တွေ ဒီလိုမကုန်သင့်တော့ဘူး၊ ဒီနေ့ ဒီအချိန်ကစပြီး ယတိပြတ် ဇောက်ချလုပ်မယ် " အတွေးဝင်ပြီး စခဲ့ကျသူတွေလဲ ရှိသည်။ ဘယ်လိုပင် စခဲ့ စခဲ့၊ ဒီလူတွေ သူလိုကိုယ်လို လူတွေရဲ့ အထက်ကို ရောက်ဖို့ လျှောက်လှမ်းရာ လမ်းခရီးက ကြည်နူးစရာတွေနဲ့ ကံကောင်းပြီး ရောက်ခဲ့တာမျိုးမဟုတ်။
လျှောက်လမ်းရာ နယ်ပယ်မတူလို့ လုပ်ခဲ့ရတာတွေ မတူပေမယ့် စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေချရာမှာ တူညီတဲ့ စွမ်းအင်တွေ ရှိတာတော့ တူသွားတတ်တာအမှန်။
စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာဟာ ကြံ့ကြံခိုင်နိုင်မှု၊ အကောင်းမြင်မှု၊ ယုံကြည်တတ်မှုစသဖြင့် အများအပြား အဓိပ္ပါယ်ဖွင့်လို့ ရပေမယ့် ဒီတစ်ခေါက်တော့ မတူညီတဲ့ ရှူထောင့်ကနေ တင်ဆက်လိုက်ပါတယ်။
အောင်မြင်သူတွေ အခက်အခဲ ကြုံကြိုက်တိုင်း ဘာတွေကို ရှောင်ကြဉ်ခဲ့သလဲ ဆိုပြီးပေါ့။
၁။ မိမိကိုယ်ကို သနားပြီး အချိန်ဖြုန်းမနေခြင်း
စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဟာ
" ငါ့ အဖြစ်ငါ သနားပါတယ်။ မွေးရာပါ ကျောထောက်ကလဲ မရှိ၊ အခုအခြေအနေကလဲ တခြားလူတွေထပ် ခြေတစ်လှမ်းနောက်ကျ၊ မပြည့်စုံပါလား "
ဆိုပြီး ငြီးတွားနေတာမျိုး သင်ဘယ်တော့မှ တွေ့မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ဘဝဆိုတာ ဘယ်တော့မှ မျှတာမှာ မဟုတ်ဘူးလို့ သိပြီးသား။ ဘာလုပ်ရင် ဘာကောင်းကျိုးကို ရနိုင်တယ်ဆိုတာတင် မကပဲ ဘာဆိုးကျိုးကို ရနိုင်တယ်ဆိုတာပါ တွက်ထားပြီးသားပါ။
အရှုံးနဲ့တွေ့ရင် သာမန်လူတွေလို " သွားပါပြီကွာ" လို့ ပါးစပ်က ထွက်လာမယ့်အစား " ဒီအရှုံးကို ဘယ်လို အမြတ်ဖြစ်အောင် နောင်တစ်ခေါက် ဘယ်လိုလုပ်လိုက်မယ် " ဆိုပြီး ဦးနှောက်က ဒတ်ခနဲ တွေးတတ်ကြတာကလား။
၂။ အခြေအနေတစ်ခုရဲ့ အဆုံးအဖြတ်ကို မိမိလက်ခုပ်ထဲတွင်သာထားခြင်း
စိတ်ဓာတ်မာကျောသူတွေဟာ သူတို့ရဲ့ ကံကြမ္မာကို သူများ လက်ထဲမှာ မထားပါဘူး။
"သူများ ဒီလိုလုပ်ပေးရင် ငါတော့ အဆင်ပြေမှာပေါ့ " ဆိုတာမျိုးကို ဘယ်တော့မှ အဖြစ်မခံပါဘူး။ ဒီလို မျှော်နေမယ့်အစား "သူများ ဒီလိုလုပ်အောင် ငါက ဘာအရင်လုပ်ရမယ်" ဆိုပြီးတွေးနေတာမျိုး။
စိတ်ဓာတ်မာသူတွေဟာ သူတို့ရဲ့ ကံကြမ္မာဟာ သူတို့ရဲ့ ကိုယ်ပိုင်လက်တွေဆိုတာ အသေအချာ နားလည်ထားတတ်တာပါပဲ။
၃။ စိန်ခေါ်မှု အခက်အခဲ အသစ်တွေကို မကြောက်ခြင်း
လူဆိုတာ ကိုယ်မသိတာ၊ မလုပ်ဖူးတာကို စလုပ်ရမှာ အကြောက်တတ်ဆုံးပါပဲ။ ဘယ်လိုလူလဲဆိုရင် လူသာမန်တွေပေါ့။
ဒါပေမယ့် စိတ်ဓာတ်မာသူတွေ အကြောက်ဆုံးက တစ်နေရာထဲမှာ တိုးတက်မှု မရှိပဲ တန့်နေတာကို အကြောက်ဆုံးပါပဲ။ စိန်ခေါ်မှု အသစ်မရှိရင် တိုးတက်မှု အသစ်လဲ မရှိပါဘူး။
ဒီလိုဆိုတော့ အလုပ်တွေ ခဏခဏ ပြောင်းလို့ ဆိုလိုတာမဟုတ်ပဲ ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ တိုးတက်အောင် လုပ်ပါလို့ ဆိုလိုတာပါ။ ရုံးဝန်ထမ်းဆိုရင်တောင် အသစ်အသစ်တွေ လုပ်တတ်လေ၊ ရာထူးတိုးဖို့ အခွင့်ပိုသာလေပါပဲ။ ကပ်ဖားရပ်ဖားလုပ်မှ ရာထူးတက်မယ်ဆိုတဲ့ အလုပ်မျိုးဆိုရင်တောင် သင့်ရဲ့ ကပ်ဖားရပ်ဖား Skill ကိုမြှင့်တင်ဖို့ လိုတယ် မဟုတ်လား။
၎။ မိမိပြောင်းလဲ မပြစ်နိုင်သော အရာများမှာ စိတ်အညစ်မခံခြင်း
ကားလမ်းကြပ်နေလား။ လက်ဆွဲအိတ်ပျောက်ရှသွားသလား။ မိုးရွာလို့ စောင့်နေရသလား။
ဒါမျိုးတွေမှာ စိတ်ညစ်နေတာမျိုးကို စိတ်ဓာတ်မာကြောသူတွေ ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။ ဒါတွေမှာ စိတ်ညစ်နေတာမျိုးဟာ အလကား စိတ်အင်အားတွေ သဲထဲရေသွန် သုံးပြစ်လိုက်တာမျိုးနဲ့ တူတာမလို့ ရှောင်ကြဉ်လေ့ရှိပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ
" ဒါတွေဟာ သူတို့မထိန်းချုပ်နိုင်တဲ့ အရာတွေမလို့ အချိန်ကုန်ခံ စိတ်ညစ်မယ့်အစား သူတို့ ထိန်းချုပ်နိုင်တဲ့ အရာတွေမှာပဲ စိတ်ဓာတ်ခွန်အားကို ချန်ထားရမယ် " လို့ အမြဲရှိနေတတ်တာမျိုး။
၅။ လူတစ်ကာကို ကျေနပ်အောင်ထားဖို့ ကြိုးစားမနေခြင်း
လူတစ်ယောက်တိုးတက်ဖို့၊ စီးပွားရေးတစ်ခု အောင်မြင်ဖို့၊ တိုင်းပြည်တစ်ခုလုံး ဖွံ့ဖြိုးဖို့ လုပ်တဲ့နေရာမှာ လူတစ်ကာ ကျေနပ်အောင် လုပ်ပေးနေလို့ မရပါဘူး။ ဒီအချက်ကို စိတ်ဓာတ်မာကြောသူတွေ ကောင်းကောင်းနားလည်ထားကြလေ့ရှိပါတယ်။
သင့်တင့်လျောက်ပတ်တဲ့ တောင်းဆိုမှုမျိုးကိုသာ လိုက်လျောလေ့ရှိပြီး မဖြစ်သင့်တဲ့၊ မနှစ်သက်တဲ့ အရာမျိုးဆို ဖတ်ခနဲ ငြင်းပြစ်လိုက်တာမျိုးဟာ စိတ်ဓာတ်မာကြောသူတွေရဲ့ စရိုက်တွေပါပဲ။
၆။ အရှုံးဖြစ်လာနိုင်တယ်ဆိုတာကို လက်ခံပြီး စွန့်စားရဲခြင်း
ဒီလိုပြောတာ မျက်စိစုံမှိတ်ပြီး ခုန်ချလိုက်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။
ဘယ်လို အလားအလာကောင်းပါတယ်ဆိုတဲ့Idea မျိုးမှာမဆို ရှုံးသွားနိုင်တဲ့ အကြောင်းတရားတွေ ရှိပါတယ်။ ဒီလို အန္တရယ်တွေကို ကြိုမြင်ထားပြီး အရှေ့မှာ ရှုံးနိုင်ပါလားဆိုတာ လက်ခံထားခြင်းပါပဲ။
ဒီလိုလက်ခံပြီးမှသာ စွန့်စားတာမျိုးကို လုပ်လေ့ရှိပါတယ်။
၇။အမှားမြင်ပြီး အမှန်ပြင်ခြင်း
ရူးနှမ်းတယ်ဆိုတာ ကိုယ်မှားနေမှန်းကို လက်မခံပဲ ဒါကိုပဲ ထပ်ခါ ထပ်ခါလုပ်ပြီး မတူတဲ့ ရလဒ်ကို မျှော်မှန်းတာပါပဲ။ လူသာမန်တွေဟာ ကိုယ့်အမှားကို မှားနေတာပါလို့ ဝန်ခံရမှာ အရမ်းကြောက်တတ်ပါတယ်။
ဒါပေမယ့် စိတ်ဓာတ်မာကြောသူတွေကတော့ အမှားကို သိရှိခြင်းဟာ အမှန်ကိုရောက်ဖို့ အထိရောက်ဆုံးဆိုတာ လက်ခံပြီး အမှားတွေကို လက်ခံ၊ အမှန်ပြင်လေ့ရှိပါတယ်။
ဥပမာ ကိုယ့်ရဲ့ မေ့လျောမှုကို လက်မခံပဲ " မင်းမှ ငါ့ကို သတိမပေးတာ " ဆိုတာမျိုး ဘယ်တော့မှ မလုပ်တတ်ပါဘူး။
၈။ သူတစ်ပါးအောင်မြင်မှုကို မနာလို မဖြစ်ခြင်း
မနာလိုစိတ်ထားမျိုးကို စိတ်ဓာတ်ခိုင်မာသူတွေ ဘယ်တော့မှ မထားတတ်ကြပါဘူး။
သူတစ်ပါးအောင်မြင်မှုကို စိတ်ရင်းထဲက ဝမ်းသာပေးဖို့ရာ ရင့်ကြက်မှု အများကြီးလိုပါတယ်။ ဒီလို ရင့်ကြက်မှုမျိုးကို စိတ်ဓာတ်ခိုင်မာသူတွေက ပိုင်ဆိုင်ထားတတ်ကြပြီး သူတစ်ပါးအတွက် လက်ခုတ်တီး အားပေးတတ်ကြပါတယ်။
၉။ အထီးကျန် အချိန်တွေကို မကြောက်တတ်ခြင်း
"တစ်ကောင်တည်းပဲ၊ ဒါပေမယ့် ခြင်္သေ့ " ဆိုတာမျိုး။
တစ်ယောက်တည်းမလို့ စိတ်ညစ်နေမယ့်အစား တစ်ကိုယ်ရေ အချိန်တွေမှာ အနာဂတ်အတွက်ပဲ တွေးနေတာ၊ ကြံစည်နေတာမျိုးကိုပဲ စိတ်ဓာတ်မာကြောသူတွေ လုပ်တတ်ကြပါတယ်။
၁၀။ ရလဒ်ကို ချက်ချင်း မမျှော်ခြင်း၊ စိတ်ရှည်ခြင်း
လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ Diet plan လေး ပြောင်းတာပဲဖြစ်ဖြစ် ၊ လုပ်ငန်းသစ်လုပ်တာပဲဖြစ်ဖြစ်၊ စိတ်ဓာတ်မာကြောသူတွေဟာ ရှေရှည်ကိုပဲ ကြည့်လေ့ရှိပါတယ်။
ဘဝမှာ ဝုန်းခနဲ ဒိုင်းခနဲ ကောက်ရိုးမီးလို စိတ်ထားမျိုးဟာ အောင်မြင်စေမှာ မဟုတ်ဘူးဆိုတာ သူတို့ လက်ခံထားတတ်ကြတာမလို့ လူသာမန်တွေနဲ့ မတူ စိတ်ရှည်တတ်ကြတာကလား။
***************************
တခြား မတူတဲ့ အချက်လေးတွေ ရှိပေမယ့် ဒီအချက်လေးတွေက ကောင်းလွန်းတာမလို့ တင်ပြလိုက်ပါတယ်။ သင်ရော အချက် ဘယ်နချက်နဲ့ ပြည့်စုံပြီး ဘယ်အချက်လေးတွေ လိုအပ်နေသလဲ။
နှစ်သစ်မှာ ကိုယ်စွမ်းအင်၊ စိတ်စွမ်းအင် အပြည့်နဲ့ အတူတကွ ချီတက်နိုင်အောင် နှစ်သက်ပါက သူငယ်ချင်း မိတ်ဆွေများအား ပြန်လည်ဝေမျှနိုင်ပါကြောင်း။
Admin တော့ ဝေမျှချင်လို့ အရှည်ကြီး ဘာသာပြန်ပေးလိုက်ပါတယ် 😊😊😊
Like the page for daily awesome contents

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။