Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, May 31, 2017

Bikini ဘီကီနီ


Dr. Tint Swe added 2 new photos.

Bikini ဘီကီနီ
ကျွန်တော်က တိုက်ဆိုင်တာတွေဆို မြင်တတ်တယ်။ မနှစ်က အမေရိကန်သမတ အိုဘားမား ဂျပန်သွားရင်း ဟီရိုရှီးမားမြို့ကိုပါသွားတဲ့သတင်းနဲ့ ဘီကီနီအလှမယ်ရွေးပွဲသတင်းတွေ ဒီရက်မှာထွက်တယ်။ ဘီကီနီပုံကိုတော့ မသိသူမရှိ။ ဘီကီနီဆိုတာဘာလဲ။ ဒါများ ပြောနေစရာမလိုပါလို့ဆိုကြမယ်။ အဲဒီစကားလုံးဟာ ကျွန်းစုလေးတခုလို့ သိသူကတော့ နည်းမယ်။ ကံဆိုးလှတဲ့ကျွန်းရဲ့နာမည်အထိပါ သိသူကရှားမယ်။

စာဖတ်ရခြင်းအကျိုး

စာဖတ်ရခြင်းအကျိုး
~~~~~~~~~~~~

တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။

မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”

ဘ၀နေနည်း_၁၅_ချက်

#ဘ၀နေနည်း_၁၅_ချက်

၁။မလိမ်ပါနဲ့။
လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။
ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာ
မလိမ်ညာပါနဲ့။ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

၂။လှည့်စား၊သစ္စာမဖာက်ပါနဲ့။
အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလို
ဖြစ်တတ်တယ်။

၃။မမုန်းပါနဲ့။
ခဏတာရှင်သန်ရတဲ့ ဘ၀လေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။

အောင်မြင်တဲ့ဝန်ထမ်းကောင်း ))) တစ်ယောက်ဖြစ်ဖို့

((( အောင်မြင်တဲ့ဝန်ထမ်းကောင်း )))
တစ်ယောက်ဖြစ်ဖို့

လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ အလုပ်ရှင်အမျိုး
မျိုး၊ မန်နေဂျာအမျိုးမျိုး၊ လုပ်ဖော်ကိုင်ဖက်
အမျိုးမျိုးနဲ့ ကြုံတွေ့ရမှာပါ။ ၀န်ထမ်း တစ်
ယောက်အနေနဲ့ ရှိသင့်တဲ့ ကျင့်ဝတ်တွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ကိုယ်ကျင့်တရားကောင်းပါစေ။

စိတ်ကျရောဂါ Depression

Depression နဲ့ ပတ်သတ်ပြီး ဇာတ်လမ်းလေးရေးတော့  စိတ်ဝင်စားကြတယ်။ စိတ်ကျရောဂါ Depression ဆိုတဲ့ စိတ်ကျရောဂါဟာ US လို အဖက်ဖက်ကပြည့် စုံတဲ့ နိုင်ငံမှာတောင် လူ ၁၅ သန်းလောက်ကို ထိခိုက်ဖြစ်ပွားနေပါတယ်။ Treatment မယူပဲထားရင် လူမှုရေး၊ စီးပွားရေး အပြင် အသက်ကိုပါ ရန်ပြုနိုင်တာမို့ စောစော သိရှိ ကုသလေ ရောဂါရဲ့  နှိပ်စက်မှုက ကိုယ်နဲ့ ကိုယ့် ပတ်ဝန်းကျင်မိသားစုအပေါ် သက်သာစေမှာဖြစ်ပါတယ်။ မိမိ ဒါမှမဟုတ် မိမိပတ်ဝန်းကျင်မှတစ်စုံတစ်ဦး စိတ်ကျနေသလားသိရှိဖို့ အောက်ပါမေးခွန်းလေးတွေကို အမှန်အတိုင်းဖြေပေးပါရန်။ မေးခွန်း ၉ ခုပဲရှိပါတယ်။
PHQ-9 ကိုဘာသာပြန်ထားပါသည်။(ဘာသာပြန်လွဲမှားပါက စာရေးသူမိမိရဲ့ တာဝန်သာဖြစ်ပါသည်။ စိတ်ကျရောဂါသံသယရှိပါက သက်ဆိုင်ရာ ဆရာဝန်မိသားစုဆရာဝန်နဲ့ ချက်ခြင်းတိုင်ပင်ပါ)

လွန်ခဲ့ တဲ့  သီတင်း ၂ ပတ်အတွင်းအောက်ပါအချက်များမည်မျှရှိသနည်း။

လူချမ်းသာတွေ ဘာလို ပိုပို ပြီး ချမ်းသာလာကြသလဲ (သို့ ) ချမ်းသာသော လူတန်းစားနှင့် အလယ်အလတ် လူတန်းစား များကြား ရှိ ကွဲပြားသော ခံယူကျင့်သုံးမှုများ


ဒီ ဆောင်းပါးကို ရေးလိုက်လို့ ကျွန်တော့် ကို မေးခွန်းမေးလာနိုင်ပါတယ်။ မင်းကကော ဘယ်လူတန်းစားမှာ ပါသလဲ ဆိုပြီး တော့။ လူချမ်းသာ တော့ မဟုတ်တာသေချာပါတယ်။ အလယ်အလတ် ထဲမှာ ပါလားဆိုတော့  မိဘ နဲ့ နေတုန်းကတော့ အလယ်အလတ် ဖြစ်လောက်ပါတယ်။ အခု ကိုယ့် အိမ်ထောင်ကို ကိုယ် ဦးစီးရတော့ အလယ်အလတ်တန်းစား ထဲ ရောက်အောင် မနည်း ကြိုးစားနေရပါတယ်။
နောက်တစ်ခုကတော့ ဒီဆောင်းပါးကို ရေးတဲ့အတွက် လူတန်းစားခွဲခြားတာလား၊ အဆင့်ခွဲခြားတာလား ဆိုပြီး မေးစရာ ရှိပါတယ်။ အဲ့ဒီလို မျိုး ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ဒီဆောင်းပါးလေးကို ဖတ်မိပြီး သဘောကျမိလို့ စာဖတ်သူတွေကို လည်း ပြန်လည် ဝေမျှချင်တဲ့ ရည်ရွယ်ချက် သက်သက်ဖြင့်သာ ကိုးကား ရေးလိုက်ခြင်း ဖြစ်ပါတယ်။ 

❗️ဒီပဲယင်းည❗️ (အပိုင်း ၁ )

❗️ဒီပဲယင်းည❗️
(အပိုင်း ၁ )
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဦးဆောင်သော တပ်မတော်အစိုးရလက်ထက်တွင် စစ်ကိုင်းတိုင်းဒေသကြီးသို့ စည်းရုံးရေးခရီးထွက်လာသော ဒေါ်အောင်ဆန်းစု ကြည်၏ ယာဉ်တန်း ကို ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညက ဒီပဲယင်းမြို့ နယ် ကြည်ရွာအနီးတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သောဖြစ်ရပ်မှာ မြန်မာသ မိုင်းတွင် ဖျောက်ဖျက် မရသော နိုင်ငံရေးအကြမ်းဖက်မှုပင်ဖြစ်ကြောင်း နိုင်ငံ တကာသတင်းမီဒီယာက ရေးသားဖော်ပြခဲ့ကြသည်။

❗️ဒီပဲယင်းည❗️ (အပိုင်း ၂ )

❗️ဒီပဲယင်းည❗️
(အပိုင်း ၂ )
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဦးဆောင်သော တပ်မတော်အစိုးရလက်ထက်က စစ်ကိုင်းတိုင်းဒေသကြီးသို့ စည်းရုံးရေးခရီးထွက်လာသော ဒေါ်အောင်ဆန်းစု ကြည်၏ ယာဉ်တန်း ကို ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညတွင် ဒီပဲယင်းမြို့ နယ် ကြည်ရွာအနီးတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သောဖြစ်ရပ်မှာ မြန်မာသ မိုင်းတွင် ဖျောက်ဖျက် မရသော နိုင်ငံရေးအကြမ်းဖက်မှုပင်ဖြစ်ကြောင်း နိုင်ငံ တကာသတင်းမီဒီယာက ရေးသားဖော်ပြခဲ့ကြသည်။

အင်တာဗျူးဖြေခါနီးတိုင်းရင်ခုန်နေသလား? (ဒီစာဖတ်ပြီးရင် အင်တာဗျူးတိုင်းအောင်စေရမည်။)

#အင်တာဗျူးဖြေခါနီးတိုင်းရင်ခုန်နေသလား? (ဒီစာဖတ်ပြီးရင် အင်တာဗျူးတိုင်းအောင်စေရမည်။)
===========================

ဒီစာဖတ်ပီးရင်တော့ အင်တာဗျူး ဆိုတာဘယ်တော့ မှကြောက်တော့မှာ မဟုတ်ဘူး။တကယ်တော့ အင်တာဗျူးဖြေခါနီးတိုင်း လူတော်တော်များများ စိတ်လှုပ်ရှားကြပါတယ်။ အဓိကအကြောင်းအရင်းကတော့လူတော်တော်များများ ကအင်တာဗျူးဖြေနည်းကိုမသိကြတာပါ။ ဒီလိုပြောလိုက်လို့ အင်တာဗျူးဖြေနည်း ဆိုပီးပုံသေနည်းရှိလို့လားလို့မေးလာစရာရှိပါတယ်။ပွင့်ပွင့်လင်းလင်းပြော
ရရင်တော့ ဘယ်အင်တာဗျူးမဆိုပုံသေအချက်အလက်လေးတွေရှိပါတယ်။ အင်တာဗျူးတစ်ခုကိုဘယ်လိုဖြေရမလဲဆိုတာသိသွားရင်တော့ အင်တာဗျူးဆို တာကြောက်စရာကိုမရှိတော့ပါဘူး။

X-Box in 9

01.ပျော်တယ်ဟေ့ ပျော်တယ်ဟ
02.I Luv U
03.ကိုးပေါက်(Feat-J Me)
04.ယောက်ကျားလေးတွေနားပိတ်ထား
05.တစ်ဖက်သတ်
06.Snapshot(Feat-Sofia Everest)
07.ဘာလူမျိုးလဲ
08.သရဲ(Feat-Hlwan Paing)
09.Liar
10.ဖုန်းပြန်ဖွင့်ပေးပါ
11.One Day
12.လမ်းခွဲခဲ့
13.အိမ်ပြန်ချင်တယ်

Tuesday, May 30, 2017

ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်

ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်
======================
လူတိုင်းမှာစိတ်ကောင်းရှိပါတယ်။ တစ်ခါတစ်လေ ဆိုးတဲ့စိတ်လည်း ဖြစ်ပါတယ် နော်။ သို့သော် စိတ်ကောင်းလေးကတော့ လူတိုင်းမှာ ရှိပါတယ်။ အဲ့ဒါလေးကို မေ့မထားဖို့ အရေးကြီးတယ်။ အားလုံးသဘောထားကြီးကြီး စိတ်ထားကောင်း ကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးအဆင်ပြေသွားမယ်။ အခက်အခဲတွေ ပိုပြီးအဆင်ပြေသွားမယ် ဆိုတဲ့စကားကိုပဲ တစ်ခါပြန်စဉ်းစားကြည့်ရင် အခက်အခဲ တွေရှိနေလို့ဆိုတဲ့ အဓိပ္ပာယ်လည်းပါသွားပြီ။
ဘ၀မှာအခက်အခဲတွေမရှိရင် ကောင်းမလားလို့မေးရင်ကော အမှတ်တမဲ့ တွေးကြည့်ရင် ဘ၀မှာဘာအခက်အခဲမှ မရှိရင်သိပ်ကောင်းမှာပဲလို့ တွေးကြမှာပဲ။ တစ်ချို့ ဆိုရင်ဆုတောင်းထဲမှာ ထည့်တောင်းလေ့ရှိတယ်။ “ လိုတရတဲ့ဘ၀မျိုး ဖြစ်ရပါလို၏။ ” အဲ့သလိုမျိုးဖြစ်နေတာ ဘယ်နှစ်ယောက်များရှိမလဲ။ မရှိပါဘူးနော်။

အလုပ်ထဲမှာ ဘယ်တော့မှ မပြောသင့်တဲ့ စကား (၇) ခွန်း

အလုပ်ထဲမှာ ဘယ်တော့မှ မပြောသင့်တဲ့ စကား (၇) ခွန်း

စကားဆိုတာ အလွန် အားကြီးပါတယ် ။ အလုပ်ထဲမှာ မပြောသင့်တဲ့ စကားတွေ ပြောမိရင် အလုပ်ပြုတ်တဲ့ အထိတောင် အခြေအနေ ဆိုးသွားနိုင်ပါတယ်။ အလုပ်ထဲမှာ ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုတွေ ရချင်ရင်တော့ ဒီစကား (၇) ခွန်းကို ရှောင်သင့်ပါတယ်။

၁။ "ဒီအလုပ်က ကျွန်တော်နဲ့ မဆိုင်ဘူးလေ..."

ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း

ပိုက်ဆံ မချမ်းသာချင်သူများ စိတ်ချမ်းသာရင်တော်ပြီဆိုသူများ ယောင်လို့ တောင်မဖတ်ပါနှင့်
==================================================
ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း
**********************************************************************************

ခုရက်ပိုင်း လူငယ် စွန်းဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ့ မနောတွေ့ ဖြစ်နေတယ်။

သူရဲ့ ဘ၀အောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။
ခံစားကြည့်ရအောင်ပါ...
-------------------------------------------------------------------------------------------------------------------
" ခင်ဗျားတို့ ကို ဘ၀ အောင်မြင်ရေးနဲ့ စပ်လျဉ်းတဲ့ ဖော်မြူလာတစ်ချို့ ကို ကျုပ်ပြောပြချင်တယ်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ အကောင်အထည်ဖော်ဖို့ ရာ ငွေရှိဖို့ လိုပါတယ်။

မင်းဘယ်လိုရှာမလဲ ဘယ်လောက်ထိလိုချင်သလဲ? မင်း ဘဏ် အကောင့်ထဲမှာ ဘယ်လောက်ထိ ၀င်နေသလဲ မင်းစိတ်ကူးကြည့်စမ်း။ မင်းရဲ့ အချိန်တွေ ခွန်အားနဲ့ ဦးနှောက်အရင်အနှီးတွေအားလုံး ဒီလုပ်ငန်းအတွက် ဘယ်လောက်ထိ ပေးဆပ်ချင်သလည်း ငါ့ကို ပြောစမ်း။ မလိမ်ပါနဲ့ ။

လက်ဖြင့် အစာစားခြင်း၏ အကျိုးကျေးဇူး

လက်ဖြင့် အစာစားခြင်း၏ အကျိုးကျေးဇူး
---------------------------------------------- #ဒေါက်တာခင်မိုးမိုး

အစာစားတာက အာရုံငါးပါးနဲ့ စိတ်ကို အသုံးပြုရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဗိုက်ဖြည့်နေစဉ်အတွင်း အနံ့၊ အမြင်၊ အရသာ၊ အထိ၊ အကြားစတဲ့ အာရုံ ငါးပါးစလုံးကို အသုံးချသွားတာက အစာရဲ့ အရသာကို ပိုမိုရရှိစေပြီး အစာခြေမှုကိုလည်း ပိုမိုကောင်းမွန်နိုင်ပါတယ်။ အရင်တုန်းကတော့ ကျွန်မတို့လူမျိုးအများစုက

ထမင်းစားရင် လက်နဲ့ပဲ စားလေ့ရှိကြပေမယ့် နောက်ပိုင်းမှာ လက်နဲ့စားတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်တာက တစ်ကြောင်း၊ ရွံစရာကောင်းတယ်လို့ ထင်တာက တစ်ကြောင်းကြောင့် ဇွန်း၊ ခက်ရင်းကို အသုံးပြုပြီး ထမင်းစားလာကြပါတယ်။ အမှန်မှာတော့ လက်နဲ့ ထမင်းစားတာကြောင့် ကျန်းမာရေး

ကျ​နော့်​နာမည်​ကံ​ကောင်း

ကျ​နော့်​နာမည်​ကံ​ကောင်း
*******************

ကျ​နော့်​နာမည်​ ” ကံ​ကောင်း ”
အလှည့်​အ​ပြောင်း​တွေကြားမှာ
ကျောင်းစာသင်​ခန်းနဲ့တဖြည်းဖြည်း​ဝေး
လမ်း​ဘေးပလက်​​ဖောင်း​ပေါ်မှာ
ကျောင်းတက်​​ခေါင်း​လောင်းသံအစား
ရေခဲထုပ်​​ရောင်းတဲ့​ခေါင်း​လောင်းသံက
နားရည်​ဝ​နေခဲ့တာကြာပြီ ။

”ချို့တဲ့ခြင်း” ဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာ
ပျောက်​ရှခဲ့ရတဲ့အိပ်​မက်​​တွေအတွက်
အဆိပ်​တက်​ပြီးခံစားမ​နေအားဘူး
ဒါ​ပေမယ့်​လည်း
ည ည အိပ်​​မောကျတဲ့အခါတိုင်း
အဖြူအစိမ်းဝတ်​က​လေး​တွေဝိုင်း​နေတဲ့
ကျေးလက်​ရဲ့​ကျောင်းဆရာဘဝ
ခဏခဏ အိပ်​မက်​မက်​တယ်​ ။

ဘီလ်ဂိတ်၊Twitter တည်ထောင်သူနဲ့ တခြားအောင်မြင်သူတွေ ပိတ်ရက်ကို အသုံးချပုံများ

Mi Mi Tun added 9 new photos — with Mi Mi Tun.
ဘီလ်ဂိတ်၊Twitter တည်ထောင်သူနဲ့ တခြားအောင်မြင်သူတွေ ပိတ်ရက်ကို အသုံးချပုံများ
🔲
လူများစုအတွက် အားလပ်ရက်ဆိုတာ ရုန်းကန်လှုပ်ရှားပြေးလွှားရတဲ့ နေ့ရက်တွေကနေ ခဏတာ အနားယူခွင့်ရတဲ့ ရှားရှားပါးပါး အချိန်အခါလေးတွေ ဖြစ်ပါတယ်။ အလုပ်အတွက် ကြိုးစားနေကြရတဲ့ လူတွေကြတော့လည်း ပိတ်ရက်ဆိုတာတောင် မရှိတော့သလိုပါပဲ။ သူတို့အတွက် နေ့ရက်တိုင်းဟာ အလုပ်လုပ်နေကြတဲ့ ရက်တွေပါပဲ။ ပိတ်ရက်တွေမှာ အလုပ်တွေ ဆက်လုပ်နေသင့်လား၊ ဒါမှမဟုတ် အနားယူသင့်လားဆိုတဲ့ သေချာတဲ့ စည်းမျဉ်းကြီးတော့ မရှိပါဘူး။ အောင်မြင်သူများဟာ ပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူတဲ့ သူတွေရှိသလို၊ ပိတ်ရက်တွေမှာ အလုပ်ဆက်လုပ်ကြတဲ့ သူတွေလည်း ရှိပါတယ်။ အခုဒီမှာတော့ လက်ရှိအောင်မြင်တဲ့ သူတွေ ရက်သတ္တပါတ်အဆုံး ပိတ်ရက်များကို ဘယ်လို ဖြတ်သန်းကြလဲဆိုတာကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

သင့်ကျန်းမာရေးကောင်းပြီးဒေါင်ဒေါင်မြည်နှပျိုလှပနေဖို့ဆိုရင်

သင့်ကျန်းမာရေးကောင်းပြီးဒေါင်ဒေါင်မြည်နှပျိုလှပနေဖို့ဆိုရင်

1. ရေများများသောက်ပါ
2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။
3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊
4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
7. သင် 2016 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။
8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။
9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

အပြောအဆို လိမ္မာသူတို့၏ အပြုအမူကောင်းများ…..

အပြောအဆို လိမ္မာသူတို့၏ အပြုအမူကောင်းများ…..
====================================

လူမှုဆက်ဆံရေးမှာ သိသာထင်ရှားစွာ ကောင်းမွန်တဲ့သူတွေကို မြင်ဖူးကြပါလိမ့်မယ်။ သူတို့ဟာ တခြားသူတွေကို စည်းရုံးပြောဆိုနိုင်စွမ်းရှိသလိုပဲ သာမန်စကားဝိုင်းများမှာလည်း အပြောကောင်းသူအဖြစ် သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အမူအကျင့်ကောင်းတွေ စာရေးဆရာကြီး Jac Harrison Pollack က Ten keys to Good talk မှာ ဖော်ပြခဲပါတယ်။ ဘာတွေများလဲဆိုတာ လေ့လာကြည့်ကြရအောင်…

ကင်ဆာအားပေး အစားအစာများ

 
 
ကင်ဆာအားပေး အစားအစာများ
💧💧💧💧💧💧💧💧💧💧💧

မေး ။ ။ ဒီနေ့တော့ ဘယ်လိုမျိုးအစား အစာတွေစားရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာ ဆွေးနွေးချင်ပါတယ်ဆရာ။ ပထမဆုံးအနေနဲ့ ကင်ဆာရောဂါနဲ့ အစားအစာ ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာ အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ ။ ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အစားအစာရွေးချယ်စားသောက်ပုံ မှန်ကန်မှုမရှိလို့ဖြစ်ရခြင်းဟာ အဓိကကျလှပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ အစားအစာတွေကျတော့ မကြာခဏ ဆိုသလိုစားမိနေမယ်။ ကင်ဆာကို ကာကွယ်ပေးတဲ့အစားအစာတွေကျတော့ စားတာနည်းမယ်ဒါမှမဟုတ် လုံးဝမစားမိရင် ကင်ဆာဆိုတာဖြစ်ဖို့ အလားအလာ အလွန့်ကိုများပါတယ်။

နေတိုးရဲ့ ကိုယ်ရေးရာဇ၀င်


မြန်မာ့သတင်းထူးသတင်းဦးများ added 5 new photos — with မျိုးချစ် လုလင်.

နေတိုးရဲ့ ကိုယ်ရေးရာဇ၀င်
=====================
အမည်ရင်း - နေလင်းအောင်။
ဒီလိုလည်းခေါ်ကြတယ် - အိမ်မှာက ညီလေး ၊သူငယ်ချင်းတွေက နေလင်းအောင် ၊ အနုပညာလောကကခင်တဲ့သူတွေက ကိုတိုးကြီးလို့ခေါ်ကြတယ်။
မွေးသက္ကရာဇ် -- စက်တင်ဘာလ၉ရက်၊ ၁၉၈၁ ခုနှစ် ၊အင်္ဂါသား။
ဇာတိ -- ရခိုင်ပြည်နယ် မာန်အောင်ကျွန်း။
မိဘအမည် -- ဦးအောင်နန်း ဒေါ်သန်းမြိုင်
မိဘအလုပ်အကိုင် -- ကျွန်တော်တို့ငယ်ငယ်ကတော့ပန်းထိမ် လုပ်ငန်းလုပ်တယ်။အခုတော့အနားယူနေပါပြီ။ကျွန်တော်တို့အလှည့်ပေါ့။

အတုယူအားကျစရာကောင်းသော အောင်မြင်ကျော်ကြားသူများ၏ဘဝများ

အတုယူအားကျစရာကောင်းသော
အောင်မြင်ကျော်ကြားသူများ၏ဘဝများ
~~~~~~~~~~~~~~~~~

အမှန်တကယ် အလေးအနက်ထားပြီးအောင်မြင်ချင်သူများအတွက်
အကောင်းဆုံးနည်းလမ်းတစ်ခုမှာ အောင်မြင်ကျော်ကြားသူများ၏ဘ
ဖြတ်သန်းပုံများကို လေ့လာသင်ယူပြီး လက်တွေ့ကျကျအကောင်
အထည်ဖော်ရန်ဖြစ်သည် ။

အောင်မြင်လိုသောစိတ်ရှိသူတော်တော်များများလည်းဘဝတွင်ကျရှုံးမှုများ
ကြုံတွေ့ရလေ့ရှိတတ်ကြပါတယ်။ အဘယ့်ကြောင့်ဆိုသော် အောင်မြင်
သူများ၏သာယာလှပသောဘဝကိုသာမြင်တွေ့ကြတတ်ပြီး လက်ရှိဘဝ
ကိုရောက်ဖို့ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရလည်းဆိုတာ မမြင်နိုင် မသိ
နိုင်ခဲ့ကြလို့ပါ။ အောင်မြင်သောသူများ၏ ဘဝဖြတ်သန်းပုံကို သိရှိခြင်း
အားဖြင့် သင်လည်းပဲ ဘယ်လိုအတုယူကျော်ဖြတ်နိုင်မလဲ သင့်အတွက်
ကော ဘယ်လိုအခွင့်အရေးတွေရရှိပြီး ပန်းတိုင်ကိုရောက်ဖို့ ဘယ်လို
လျှောက်လှမ်းရမလဲဆိုတာ သင်ခန်းစာယူနိုင်မှာပါ။

Monday, May 29, 2017

စီးပွားရေးအမြင်


Aung Ko Latt added 2 new photos.

စီးပွားရေးအမြင်
++++++++
နိုင်ငံခြားမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ စီးပွားရေးပုံပြင်တစ်ခုကို ပြောပါ့မယ်။
မြေပဲ ဖြစ်ထွန်းတဲ့ရွာတစ်ရွာရှိပါတယ်။ မြေပဲပေါ်ချိန်မှာ လယ်သမားများဟာ မိမိစိုက်သောမြေပဲများကို နီးစပ်ရာ ရွာဈေးမှာဖြစ်ဖြစ်၊ ပွဲရုံမှာဖြစ်ဖြစ် သွားရောင်းချကြပါတယ်။ သူတို့ ပိုက်ဆံနဲ့ တစ်ကီလို တစ်ကျပ်ရောင်းပါတယ်။ အဲဒါ လယ်ယာစီးပွားရေးတဲ့။
နောက်မှာတော့ မြေပဲကို အခြောက်လှမ်းကြတယ်။ မြေပဲမူန့်မျိုးစုံလုပ်လာကြတယ်။ မြေပဲမူန့်အလုပ်ရုံတွေပေါ်လာတယ်။ မြေပဲဝယ်လိုအားများလာပါတယ်။ တစ်ကီလို ( ၁၀ ) ကျပ်နဲ့ ရောင်းပါတယ်။ အဲဒါ စက်မူစီးပွားရေးတဲ့။

" ကျောင်းဖွင့်ချိန် "

【 ဆောင်းပါး 】 " ကျောင်းဖွင့်ချိန် "
===============================================
မောင်ဦးလွင် (ပညာရေး)

ကျောင်းတွေ မကြာမီ ဖွင့်တော့မည် ဖြစ်သည်။ယခင်က ဇွန်လဆို တာ ကျောင်းသားရှိသည် အိမ်တွေ အတွက် စိတ်သောက ရောက်ရသည့် လဖြစ်သည်။ကျောင်းအပ်ရာတွင် ကုန်သည့် စရိတ်က သာမန်လက်လုပ် လက်စားမိဘတွေအတွက် အတော်ပင်ဝန်ပိသော ပမာဏ ဖြစ်သည်။ ယခုတော့ ဒါတွေက အိမ်မက်ပမာ ဖြစ်သွားပြီ။

ဟိုရက်ပိုင်းက မိခင်ပညာရေးဝန်ကြီးဌာနက ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်း အပ်နှံ ရေးဆိုင်ရာ အစီအစဉ်တွင် ပါဝင်သည့် တစ်နိုင်ငံလုံးအတွက် အခမဲ့ထောက်ပံမှုစာရင်း ပေါင်း ချုပ်ကို အစိုးရသတင်းစာထဲမှာ တွေ့လိုက်ရသည်။တွေ့တွေ့ချင်းနေကတော့ မဖတ်ဖြစ်။ဒီနေ့တော့ အလုပ်လည်းပါးသဖြင့် ယူဖတ်ကြည့်ရာမှ ဒီဆောင်းပါးရေးချင်စိတ်ဖြစ်လာခြင်းဖြစ်သည်။

Sunday, May 28, 2017

တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်လေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။



Love For Peace added 3 new photos.

တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်လေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။
______________________________________
အိန္ဒိယနိုင်ငံ လခ်နောင်းမြို့မှာ ခြောက်နှစ်သားအရွယ် အက္ကဘရ်(Akbar)ဆိုတဲ့ ကလေးလေးဟာ ၂၀၀၄ ခုနှစ်ဖေဖ၀ါရီလ ရက်တစ်ရက်မှာ ဖခင်ဖြစ်သူနဲ့ အပြင်သွားရင်း လမ်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ကို အိုက်ကု (Aiku Lal Sandil) လို့ခေါ်တဲ့ လူတစ်ယောက်က ပန်းခြံတစ်ခု အနီးမှာ ငိုနေတာတွေ့ပြီး ကလေးကို သူဈေးရောင်းတဲ့ဆိုင်ကို ခေါ်လာခဲ့ပါတယ်။ အိုက်ကူဟာ ဟိန္ဒူဘာသာဝင်ဖြစ်ပြီး ပျံကျ လက်ဖက်ရည်ရောင်းတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူက ကလေးကို မေးမြန်းကြည့်ရာမှာတော့ ကလေးဟာ သူ့နာမည် အက္ကဘရ်ဆိုတာကလွဲရင် သူနေရပ်လိပ်စာကိုလည်း မပြောတတ်တဲ့အပြင်
သူ့မိဘနာမည်ကိုတောင် မပြောနိင်တာ သိလိုက်ရတယ်။

Computer Keyboard ပေါ်က Function Key တွေကို ဘယ်နေရာမှာသုံးသလဲ


Computer Keyboard ပေါ်က Function Key တွေကို ဘယ်နေရာမှာသုံးသလဲ
==========================
Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမယ်မထင်ပါဘူး... Function Key တွေရဲ့အသုံးအပြုအများဆုံး ယေဘုယျ လုပ်ဆောင်ချက် တွေကို ကျွန်တော် သိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်...

F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..

မိုက်မိုက်ရိုင်းရိုင်း ဆဲတာ သူရဲကောင်းတဲ့လား

 
 
ဒီမိုကရေစီ အစိုးရ လက်ထက်မှာ အတိုက်အခံဒဏ် မခံနိုင်လို့  ထောင်ထဲထည့်တာ ဆိုတော့ မြန်မာပြည်ရဲ့  အတိုက်အခံ ဆိုတာ ဒါမျိုးလားလို့  တွေး မိရင်းးးးးးး

ရှက်စရာကို ရှက်ရကောင်းမှန်း မသိတော့သော ဗုဒ္ဓဘာသာ အမည်ခံတွေ ဖြစ်ကုန်ပါပေါ့လား

ဒီလုပ်ရပ်မျိုး ဘယ်သူ လုပ်လုပ် အားမပေးခဲ့ပါဘူး

မိုက်မိုက်ရိုင်းရိုင်းဆဲတာ တိုင်းပြည်အတွက်တဲ့လား

မိုက်မိုက်ရိုင်းရိုင်း ဆဲတာ သူရဲကောင်းတဲ့လား

အင်္ဂလိပ် ဂျပန်ကို တိုက်ပေးခဲ့တဲ့ ယခင်က လူတွေကို ရှက်မိတယ်

ဟာသလေးတွေပါ (ရယ်မောနိုင်ကြပါစေ)


Soe Naing Ndsgg added 5 new photos.

ဟာသလေးတွေပါ (ရယ်မောနိုင်ကြပါစေ)
အောက်ဆုံးမှာပါ
============
ဆရာမ။ ။လွပ်လပ်ရေးစာချုပ်ကို ဘယ်မှာလက်မှတ်ရေးထိုးကြတာလဲ?
တပည့်။ ။စာချုပ်ရဲ့ အောက်ဆုံးမှာပါ။

Credit to ကိုပဲလေး
----------------------------------------------------------------------------------------
ဘယ်သူက သူငယ်ချင်းလဲ
===================
လူကြီးတွေနဲ့ စကားပြောရာမှ စောဒကတက်လေ့ရှိသည့် ကလေးတစ်ယောက်ရှိ၏။ ထိုအခါမျိုးများတွင် သူ့အဖေက...
"မင်းက အဖေလား၊ ငါက အဖေလား"
ဟု ဟောက်တတ်သည်။
အမေလုပ်သူနှင့် စကားပြောရာမှာ အထွန့်တက်မိသဖြင့်...
"မင်းက အမေလား၊ ငါက အမေလား"

ကျွန်တော် ယခုအခါ ဖော်ပြပေးမည့် အကြောင်းအရာလေးကတော့ (Piles)လို့ခေါ်တဲ့ လိပ်ခေါင်းရောဂါ အကြောင်းဖြစ်ပါတယ်



Myanmar News Plus added 9 new photos.

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ..
ကျွန်တော် ယခုအခါ ဖော်ပြပေးမည့် အကြောင်းအရာလေးကတော့ (Piles)လို့ခေါ်တဲ့ လိပ်ခေါင်းရောဂါ အကြောင်းဖြစ်ပါတယ်။လိပ်ခေါင်း ရောဂါကို နောက်ထပ်(Hemorrhoids)လို့ ခေါ်ဆိုပါတယ်။
ကျွန်တော် သိသလောက်တော့ လိပ်ခေါင်း ရောဂါဟာ အတွင်းလိပ်(Internal Hemorrhoids)အပြင်လိပ်(External Hemorrhoids)ဟူ၍ နှစ်မျိုးရှိပါတယ်။
လိပ်ခေါင်းရောဂါ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ ခန္ဓာကိုယ်သွေးလည်ပတ်မှုစနစ်မကောင်းလို့ဖြစ်ရတာပါ။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများ စာရင်းများအနက် Frontier Myanmar မှ ထုတ်ပြန်ချက်အရ ထိပ်တန်း (၆) ဦးမှာ

 
 
မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများ စာရင်းများအနက် Frontier Myanmar မှ ထုတ်ပြန်ချက်အရ ထိပ်တန်း (၆) ဦးမှာ

(၁) ဦးဇော်ဇော် (Max Myanmar)

(၂) ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လော (Asia World)

(၃) ဦးတေဇ (Htoo)

(၄) ဦးသိမ်းဝေ (ခ) ဆာဂျ့်ပန်း (FMI & Yoma)

(၅) ဦး မိုက်ကယ်မိုးမြင့် (MPRL Oil & Gas)

(၆) ဦးချစ်ခိုင် (Eden) တို့ ဖြစ်သည်။

1. ဦးဇော်ဇော်

ဂျပန်နိုင်ငံက သတိထားစရာ(၁)


Myotint Myo Tint added 3 new photos — feeling worried at Tokyo Shinjuku.

ဂျပန်နိုင်ငံက သတိထားစရာ(၁)
ဂျပန်လူမျိုး kobayashi ရဲ့ ဖူဂျီး
တောင်ရဲ့ အရိပ်မှာ ခိုလုံခြင်း...
ဟာနနော မိရာကို花の都 ( အမြဲတမ်းလှလှပပနဲ့ တွေ့မြင်နေ ရတဲ့ ဒီမြို့ကြီးဟာ ဝေဝေဆာဆာ ပွင့်နေတဲ့ ပန်းမြို့တော် လို့ တင်စား ရလောက် အောင်ပါပဲ )တိုကျိုဟာ ရောင်စုံ မီးလုံးတွေရဲ့အောက်မှာ လှ ချင်တိုင်းလှနေပါတယ်....။
Kobayashiဆိုတဲ့အသက် ၃၂နှစ် အရွယ်လူငယ်တယောက်က ရှင်းဂျုကုမှာရှိတဲ့ မြင့်လွန်းတဲ့တိုက် တွေရဲ့ အပေါ်ကကြော်ငြာဆိုင်း ဘုတ်နဲ့ အရောင်တဖျက်ဖျက် ခပ်နေတဲ့ t.v ကြီးကိုကြည့်ရင်း စိတ်ထဲမှာ ကြည်နူး နေမိတယ်။

အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ကွာခြားချက်

အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ကွာခြားချက်

“ကျွန်တော်ချမ်းသာလာမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော်ချမ်းသာလာမယ်ဆိုတာကို တစ်မိနစ်တောင်သံသယမရှိခဲ့ဘူးလို့ ကျွန်တော်ထင်တယ်ဗျ” Warren Buffet အထက်ပါစကားကတော့ Bill gatesကိုယ်တိုင်ယုံကြည်ကိုးစားတဲ့ …Warren Buffetဆိုတဲ့ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးပြောခဲ့တဲ့စကားပါ။

ရေပေါ် ထိကရုန်း


စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ added 8 new photos.

ရေပေါ် ထိကရုန်း
Bot name: Neptunia oleracea
Common name: Water mimosa
Family: Mimosaceae
ထိကရုန်းပင်ဟု ဆိုရာ တွင် ကုန်းထိကရုန်းနှင့် ရေထိကရုန်း ဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိရာတွင်
ကုန်းထိကရုန်း၏ ကျန်းမာရေး အတွက် အထောက်အကူပြု မှုများကို ခေါင်းစဉ် ငယ်များဖြင့် ရေးသား တင်ပြထားပါသည်။ စားသုံးရာတွင် ရေထိကရုန်းပင်ကိုသာလျှင် ဟင်းလျာအဖြစ် စားသုံးလျက် ရှိကြပါသည်။ ကုန်းထိကရုန်းကို ဟင်းလျာအဖြစ် စားသုံးပေးခြင်းမရှိသော်လည်း ရောဂါကုသရာတွင် အိမ်တွင်း ဆေးဝါးဖော်စပ်ရာတွင် အသုံးများပေသည်။

ဘီလျံနာသူဌေးကြီး Warren Buffett ၏ အကြံပေးစကားများ



ဘီလျံနာသူဌေးကြီး Warren Buffett ၏ အကြံပေးစကားများ

"ဝင်ငွေတစ်ခုတည်းကိုပဲ မမှီခိုပါနဲ့
ဒုတိယဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးဖို့
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါ"

"မလိုအပ်တာတွေကို ဝယ်ယူနေရင်
မကြာခင်လိုအပ်တာတွေကို ရောင်းရလိမ့်မယ်"

"မြစ်တစ်စင်းရဲ့ ရေအနက်ကို
ခြေနှစ်ဖက်စလုံးနဲ့ မစမ်းလိုက်နဲ့"