Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 20, 2017

သင့်စီးပွားရေး လုပ်ငန်းကို နောက် ၅ နှစ်လောက်မှာ ဘာဖြစ်ဖို့ ရည်မှန်းထားလဲ။

သင့်စီးပွားရေး လုပ်ငန်းကို နောက် ၅ နှစ်လောက်မှာ ဘာဖြစ်ဖို့ ရည်မှန်းထားလဲ။

ဒါမှမဟုတ် သင့်ဘ၀မှာ တခြား ဘယ်လို အရေးကြီးတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားလဲ။

လုပ်ငန်းသစ်တစ်ခု စတင်ဖို့အတွက် သင်စဉ်းစားနေလား။

အပြောင်းအလဲတစ်ခုခုကို စတင်ဖို့ သင်တွေးနေတာ ကြာပြီလား။

စီးပွားရေးလုပ်ငန်းအတွက် ဖြစ်စေ၊ အလုပ်အကိုင်အတွက် ဖြစ်စေ၊ ဘ၀အတွက်ဖြစ်စေ နောက်ထပ် ရည်မှန်းချက် အိပ်မက်တစ်ခုကို ချမှတ်ဖို့ အသက်ကြီးပြီဆိုတာလည်း မရှိဘူး။ အသက်ငယ်သေးတယ်ဆိုတာလည်း မရှိဘူး။

သင့်ရဲ့ လက်ရှိအခြေအနေကလည်း သင့်ရဲ့ အနာဂါတ်အခြေအနေကို မဆုံးဖြတ်ဘူး။

အဲဒါကြောင့် သင်ကိုယ်တိုင်နဲ့ သင့်ကို မှီခိုနေတဲ့သူတွေ၊ သင့်အဖွဲ့အစည်းတွေအတွက် ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်တစ်ခုကို ချမှတ်ရမယ်။

“ခေါင်းဆောင်တွေမှာ အလိုအပ်ဆုံး အချက်တွေထဲက တစ်ခု သို့မဟုတ် အိပ်မက်” အကြောင်း စဉ်းစားကြည့်ရအောင်။

သင့်အဖွဲ့အစည်း၊ ဌာန၊ အလုပ်အကိုင်နဲ့ ဘ၀မှာ ပိုမို တိုးတက်လာဖို့ သင်ဘယ်လို မျှော်မှန်းချက်တွေ သင့်မှာရှိလဲ။

အခုစာကို သင်ဖတ်နေရင်းနဲ့ သင့်စီးပွားရေး လုပ်ငန်းကို နောက်တစ်ဆင့်ကို မြှင့်တင်ဖို့လား။ လုပ်ငန်းသစ်တစ်ခု စတင်ဖို့လား။ အလုပ်အကိုင် အခွင့်အလမ်းသစ်တစ်ခုခုကို ရယူဖို့လား။ ဒါမှမဟုတ် ဘယ်အရာလဲဆိုတာ သင့်စိတ်ထဲမှာ ပုံဖော်ကြည့်နေလိမ့်မယ်။

သင့်ရဲ့ စီးပွားရေး လုပ်ငန်းအတွက် ဖြစ်စေ၊ အလုပ်အကိုင်အတွက် ဖြစ်စေ၊ ဘ၀တစ်ခုလုံးအတွက် ဖြစ်စေ သင့်မှာ ဘယ်လို အိမ်မက် (ရည်မှန်းချက်) ကို သင် ချထားလဲ။

သင်အဲဒါကို သင့်တစ်သက်တာမှာ အမှန်တကယ် ရယူချင်စိတ်ရှိလား။

လူအများလိုပဲ သင်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို သင်ရယူပိုင်ဆိုင်ချင်မှာ သေချာပါတယ်။

ရယူနိုင်အောင် ကြိုးစားမှာလည်း သေချာပါတယ်။

သင့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ ဘယ်လို ဖြစ်နိုင်ခြေ အလားအလာ ဘယ်လောက်ရာခိုင်နှုန်း သင်ပေးကြည့်မလဲ။

ဆိုလိုတာက သင့်အိပ်မက်ကို ရယူနိုင်ဖို့ သင်ဘယ်လောက်အထိ သေချာလဲ။

သင့်ရဲ့ အိပ်မက် သို့ ရည်မှန်းချက်ကို ရယူနိုင်ဖို့ အခြေအနေရှိလား။

ဒါမှမဟုတ် အဲဒါဟာ တစ်သက်လုံး လက်တွေ့မှာ ဖြစ်မလာတဲ့ အိပ်မက်တစ်ခု အနေနဲ့ပဲ ကျန်ရှိနေမှာလား။

အဲဒါသေချာသိနိုင်မယ့် စစ်ဆေးမှုတစ်ခု သင်လုပ်ကြည့်ချင်ပါသလား။

ကျွန်တော်တို့တွေ တွေ့ဖူးတဲ့ လူတော်တော်များများမှာ ရည်မှန်းချက် ရှိကြတယ်။ တွေ့ဖူးသမျှ ရာနဲ့ ထောင်နဲ့ ချီတဲ့သူတွေမှာ အိပ်မက်တွေ ရှိကြတာ တွေ့နိုင်တယ်။ တစ်ချို့သူတွေဟာ သူတို့ဖြစ်ချင်တာတွေနဲ့ ပတ်သက်ရင် အသေးစိတ်တွေရယ် စိတ်အားတက်ကြွမှုတွေရယ် ရှိကြတယ်။ တခြားလူတွေကတော့ အဲဒါတွေကို ပြောဖို့ဆိုရင် တွန့်ဆုတ်နေကြတယ်။ အဲဒါကို ပြောဖို့ဆိုရင် ရှက်နေတတ်ကြတယ်။ တခြားလူတွေ သူတို့ကို ရယ်ကြမလား။ သူတို့ ရည်မှန်းချက်က သိပ်မြင့်နေလား၊ နိမ့်နေလား ဆိုတာ သူတို့မသိကြဘူး။ သူတို့အိပ်မက်ကို သူတို့ရယူနိုင်ကြမှာလား။ ရှုံးနိမ့်မှာလား ဆိုတာ မသိကြဘူး။

သူတို့ အိပ်မက်တွေကို ရယူနိုင်ဖို့ ဘယ်လိုတွေ လုပ်ရမယ်ဆိုတာ အိုင်ဒီယာမရှိကြဘူး။ သူတို့ဖြစ်ချင်တဲ့သူတစ်ယောက်ယောက် ဒါမှမဟုတ် သူတို့ဖြစ်ချင်တဲ့ တစ်နေ့နေ့ကို ရောက်လာအောင် သူတို့တစ်ခုခု လုပ်ရမယ်ဆိုတဲ့ ဝေေ၀၀ါးဝါး အတွေးတွေ ရှိတယ်။ ဒါပေမယ့် အခု သူတို့ရှိနေတဲ့နေရာကနေ ရှိချင်တဲ့နေရာကို ရောက်အောင် ဘယ်လိုသွားရမလဲဆိုတာ သူတို့မသိကြဘူး။ အကယ်၍ အဲဒါဟာ သင့်ဖြစ်စဉ်နဲ့ တူညီနေတယ်ဆိုရင် တကယ့်တကယ်တမ်းမှာ မျှော်လင့်ချက်တွေ ရှိနေတာကို သင့်အနေနဲ့ ၀မ်းသာအားရနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ သင့်ကို ကူညီနိုင်မှာ သေချာပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

သင်ငယ်ငယ်က ကျောင်းမှာ ဆရာမက စာသင်ရင်းနဲ့ ဒါကိုသေချာနားထောင် ဒီသင်ခန်းစာဟာ စာမေးပွဲမှာ ပါလိမ့်မယ်ဆိုတာမျိုး သင်ကြားဖူးပါလိမ့်မယ်။ အားပေးတိုက်တွန်းမှုတွေ လုပ်တတ်တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ သူတို့ရဲ့ ကျောင်းသားတွေကို သေချာပြင်ဆင်မှုတွေ လုပ်ပြီး စာမေးပွဲမှာ အောင်မြင်မှုတွေ ရရှိစေချင်ကြပါတယ်။

သင့်ကို စေတနာထားပြီး ပြောင်းလဲစေချင်တဲ့ ဆရာ၊ ဆရာမများလိုပဲ ကမ္ဘာ့နံပါတ် ၁ ခေါင်းဆောင်မှုဂုရု Dr.John C. Maxwell ရဲ့ Certified Coach, Trainer & Speaker တစ်ဦးအနေနဲ့ သင့်ရဲ့ အိပ်မက် (ရည်မှန်းချက်) ကို အမှန်တကယ် ရယူနိုင်ဖို့အတွက် စစ်ဆေးမှုတွေ ပြုလုပ်နိုင်အောင် သင့်ကို ပြင်ဆင်ပေးချင်ပါတယ်။

ဘယ်လိုလုပ်မလဲဆိုတာ သင်သိချင်တယ်မဟုတ်လား။

သင့်အနေနဲ့ သင့်ကိုယ်သင် ဘယ်လိုမေးခွန်းတွေကို မေးရမယ်ဆိုတာကို သိမယ်၊ ပြီးရင် အဲဒီမေးခွန်းတွေကို ခိုင်ခိုင်မာမာ ဖြေနိုင်မယ်ဆိုရင် သင့်အနေနဲ့ သင့်ရဲ့ အိမ်မက်တွေ၊ ရည်မှန်းချက်တွေကို ရယူနိုင်ဖို့ သင့်ရဲ့ အိပ်မက်တွေကို ရယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးတွေကို သင် ရလာလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ မေးခွန်းများများကို အပြုသဘောဆောင်ပြီး ဖြေနိုင်လေလေ၊ အောင်မြင်ဖို့ဖြစ်နိုင်ခြေ များလေလေပါပဲ။ အဲဒါကြောင့် ဒီ အစီအစဉ်ကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

အချို့သောသူတွေမှာ အနာဂါတ်အတွက် ရည်မှန်းချက်ဖြစ်တဲ့ အိပ်မက်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေ ထားရှိကြတတ်ပါတယ်။

အဲဒါတွေကတော့

(၁) လက်ရှိအလုပ်ကို ထိခိုက်စေတဲ့ နေ့ခင်းဖက် မက်တဲ့ အိပ်မက်တွေ
(၂) အစစ်အမှန်နဲ့ဝေးပြီး ဘယ်လို မဟာဗျူဟာမှ မပါပဲ ဖြစ်ကတတ်ဆန်း အိုင်ဒီယာတွေနဲ့ စုထားတဲ့ လေထဲမှာ တိုက်အိမ်ဆောက်တဲ့ အိပ်မက်တွေ
(၃) ကြောက်ရွံ့မှုတွေ၊ တွန့်ဆုတ်မှုတွေကို ဖြစ်ပေါ်စေတဲ့ စိုးရိမ်စိတ်တွေ ဖြစ်စေတဲ့ မကောင်းတဲ့ အိပ်မက်တွေ
(၄) ကိုယ်တစ်ကမ္ဘာလုံးကို ကြီးစိုးသူဖြစ်မှသာ လုပ်ဆောင်နိုင်မယ့် စိတ်ကူးယဉ်အိပ်မက်တွေ
(၅) အခြားလူတွေဆီကနေ တဆင့်သာ ဖြစ်ပေါ်လာနိုင်မယ့် တစ်ဆင့်ခံ အိပ်မက်တွေ
(၆) အခြားသူက သင့်ကို ပျော်ရွှင်အောင် လုပ်ပေးမယ်လို့ ယုံကြည်တာတွေပါတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေ
(၇) အလုပ်အကိုင် အောင်မြင်မှုက သင့်ကို ပျော်ရွှင်စေလိမ့်မယ်လို့ ယုံကြည်မှုတွေပါတဲ့ အလုပ်အကိုင်ဆိုင်ရာ အိပ်မက်တွေ
(၈) ရာထူး၊ နေရာ၊ ရရှိမှု တစ်ခုခုက သင့်ကို ပျော်ရွှင်စေလိမ့်မယ်လို့ ယုံကြည်တဲ့ ခရီးပန်းတိုင်နဲ့ သက်ဆိုင်တဲ့ အိပ်မက်တွေ
(၉) ချမ်းသာကြွယ်ဝမှု၊ ပိုင်ဆိုင်မှုတွေက သင့်ကို ပျော်ရွှင်စေလိမ့်မယ်လို့ ယုံကြည်တဲ့ ရုပ်ဝတ္ထုဆန်တဲ့ အိပ်မက်တွေ

စတာတွေ ဖြစ်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

အဲဒါတွေဟာ ကောင်းမွန်တဲ့ အိပ်မက်တွေ မဟုတ်ဘူးဆိုရင် လူတစ်ယောက်ရဲ့ ဘ၀အတွက် ထိုက်တန်တဲ့ အိပ်မက်တွေက ဘာတွေလဲ။

John C. Maxwell ရဲ့ ဖွင့်ဆိုချက်အရ အစစ်ဆေးခံနိုင်တဲ့ အိပ်မက်ဆိုတာဟာ သင့်အနေနဲ့ အဲဒီအိပ်မက်ကို ရယူဖို့အတွက် ဘာကို မဆို လုပ်နိုင်လောက်အောင် သင့်ကို အားဖြည့်ပေးပြီး သင့်ရဲ့ စိတ်၊ ဆန္ဒ၊ ခံစားချက်တွေကို ခွန်အားပေးတဲ့ စိတ်အားတက်ကြွစေသော အနာဂါတ်ပုံရိပ်တစ်ခု ဖြစ်ပါတယ်။

ရယူသင့်တဲ့ အိပ်မက်ဆိုတာဟာ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်နဲ့ အလားအလာအတွက် အသေးစိတ်အစီအစဉ်ရေးဆွဲထားတဲ့ စီမံချက်နဲ့ ပုံရိပ်တစ်ခု ဖြစ်တယ်။

အိပ်မက်တွေဟာ တန်ဖိုးရှိတဲ့ အရာတွေ ဖြစ်တယ်။ ကျွန်တော်တို့ကို ရှေ့ကို သွားစေတယ်။ အားအင်တွေ ပေးတယ်။ စိတ်အားတက်ကြွစေတယ်။ လူတိုင်းမှာ အိပ်မက်တွေရှိသင့်တယ်။ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့သူတိုင်းမှာလည်း အိပ်မက်တွေ ရှိသင့်တယ်။ အကယ်၍ သင့်အနေနဲ့ သင့်မှာ ရယူထိုက်တဲ့ အိပ်မက်ရှိလား မရှိလား မသေချာဘူးဆိုရင် အဲဒါကို ရင်ဆိုင်လိုက်ပါ။ လူတော်တော်များများဟာ အိပ်မက်မက်ဖို့အတွက် အားပေးခြင်း မခံကြရဘူး။ တစ်ခြားသူတွေကျတော့ မျှော်လင့်ချက်မဲ့နေပြီး အဲဒါတွေကို ဘေးမှာဖယ်ထားကြတယ်။

သင့်ကို သိစေချင်တာကတော့ သတင်းကောင်းတွေ ရှိတယ်ဆိုတာပါပဲ။ သင့်အနေနဲ့ သင့်အိပ်မက်တွေကို ရှာဖွေနိုင်ပါတယ်။ သို့မဟုတ် ပြန်လည် ဆုပ်ကိုင်နိုင်ပါတယ်။ အဲဒါတွေဟာ ကြီးမားတဲ့ အိပ်မက်တွေ ဖြစ်မယ်။ ဒါပေမယ့် ရယူထိုက်တဲ့ အိပ်မက်တွေတိုင်းက ကြီးကို ကြီးမားရမယ်ဆိုတာ မဟုတ်ဘူး။ သင့်ထက် ပိုပြီး ကြီးမားနေဖို့ပဲ လိုပါတယ်။

သင့်ရဲ့ အိပ်မက်တွေကို ပြန်လည် စစ်ဆေးပြီး ရယူလိုတယ်ဆိုရင် Breakthrough Coaching, Training & Consulting ကနေ ပြုလုပ်မယ့် Transformational Leadership Program များထဲမှ John C. Maxwell ရဲ့ Put Your Dream To The Test 1 Day Program ကို တက်ရောက်ပြီး လေ့လာနိုင်ပါတယ်။

Put Your Dream To The Test Program မှာ

- လူအများအပြားကို အိပ်မက် မမက်ဖြစ်စေတဲ့ အခြေအနေများကို လေ့လာနိုင်မည်။

- သင့်ရဲ့ အိပ်မက်အစစ်အမှန်ကို မည်သို့ရှာဖွေသင့်သည်၊

- သင့်အိပ်မက်ကို ရှင်းရှင်းလင်းလင်း မြင်အောင် မည်သို့ လုပ်သင့်သည်ကို သိရှိလာမည်၊

- သင့်ရည်မှန်းချက်က လက်တွေ့ကျသည် မကျသည်ကို သိရှိလာမည်၊

- သင့်တွင် သင့်အိပ်မက်ကို ရယူနိုင်မည့် မဟာဗျူဟာ ရှိ၊ မရှိကို လေ့လာလာနိုင်မည်၊

သင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သင်ဘယ်လိုလူတွေ လိုအပ်သည်ကို လေ့လာနိုင်မည်၊

- သင့်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် မည်သို့ပေးဆပ်မှုတွေ လုပ်သင့်သည်ကို သိရှိလာမည်၊

- ဘယ်လို ဇွဲလုံ့လတွေ ထားရှိသင့်သည်ကို သိရှိလာမည်၊

- သင့်ရဲ့ အိပ်မက်က သင့်ကို ကျေနပ်စေခြင်း ရှိ၊ မရှိကို သိရှိလာမည့်အပြင်

- သင့်အိပ်မက်က အခြားလူတွေကို အကျိုးရှိစေခြင်း ရှိ၊ မရှိကိုပါ စစ်ဆေးလာနိုင်မည်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

Put Your Dream To The Test Program (သင့်ရဲ့ အိပ်မက်ကို လေ့လာ ဆန်းစစ်ခြင်း)

Facilitator: Naing Win Aung (Executive Coach)

Time: 8:30 am to 5:30 pm

Date: 2.6.2017

Location: Zephyr Coffee & Restaurant, Sein Lann So Pyay Garden, Innya Road, Yangon

အစားအသောက်အပြည့်အစုံ ပါဝင်ပါသည်။

John C. Maxwell Team Member နှင့် Breakthrough Coaching, Training & Consulting မှ ပေးအပ်သော Certificate ကို ရရှိပါမည်။

အစီအစဉ်အတွက် Registration Fees - ၁၅၀၀၀၀ ကျပ်
မေလ ၃၀ ရက်နေ့ မတိုင်မှီ ပထမဆုံး အပ်နှံသူ အယောက် ၂၀ တွင် ပါဝင်သူများအတွက် - ၁၀၀၀၀၀ ကျပ်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

Breakthrough Coaching, Training & Consulting မှ ဖွင့်လှစ်သော Transformation Leadership Program များကို တက်ရောက်သူများ၏ Feedback များ

“ကိုယ်တိုင်ယုံကြည်မှုရှိလာခြင်း၊ ခေါင်းဆောင်မှုပိုင်းတွင် ယခင်ကထက်ပို၍ လက်အောက်ငယ်သားများကို ကြိုးစားချင်စိတ်ရှိသူများကို ပိုမိုအားစိုက်ပြီး သင်ကြားပေးချင်လာခြင်း၊ ခေါင်းဆောင်လိုစိတ်မရှိသော ဝန်ထမ်းများကို အချိန်ကုန်ခံပြီး သင်ကြားမပေးပဲ အသစ်ကြိုးစားအားထုတ်မှုရှိသော ဝန်ထမ်းများအား တဟုန်ထိုး သင်ကြားလေ့ကျင့်ပေးချင်ပါသည်။”

Daw Nandar Aye Nge
HR Manager
Jin Long

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

“ဒီသင်တန်းတက်ခဲ့တဲ့အတွက် အရမ်းအကျိုးများပါတယ်။ ဒီ Leadership သင်ခန်းစာတွေကို သင်ကြားရတဲ့အတွက် ကျွန်မတို့ ပြုပြင်ရမယ့် အရာအားလုံးကို မီးမောင်းထိုးပြသလိုပါပဲ စိတ်ဓါတ်ခွန်အားလည်း ရလာတယ်။ ကိုယ့်အရည်အချင်း ဟာ အများကြီးလိုသေးပါလားလို့ သိလာတယ်။ ဒီသင်တန်းမှာ တက်တဲ့သူတွေဆီကလည်း အတွေးအခေါ် ကောင်း ၊ အကြံဥာဏ်ကောင်းတွေ ပေးနိုင်တဲ့အတွက် မိတ်ဆွေကောင်းတွေရတယ်လို့ မြင်တယ်။ ဆရာကို လည်း ကျေးဇူးတင်ပါတယ်ရှင်။’

Daw Sandar
Green Eyes (မြိတ်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

“အရမ်းကောင်းပါတယ်။ Leader ဟု ခံယူထားသောသူများ၊ Leader များ၊ Lead လုပ်နေသူများ မည်သူမဆို လေ့လာ ဆည်းပူးသင့်ပါသည်။ ကျွန်တော့်အနေဖြင့် မိမိ၏ organization ကို ဦးဆောင်နေသူ တစ်ယောက် ဖြစ်ပါတယ်။ မိမိ၏ယုံကြည်ချက်မှာ Leader ၊ Leadership ability ကို နှစ်သက်မိပါတယ်။ ဒီသင်တန်း တက်ရောက်ပြီး အမှန်တကယ် Ture Leader တစ်ယောက်ရဲ့ စံချိန်စံညွှန်းတွေ သိလိုက်ရပြီး ကိုယ်ဘာတွေ လိုအပ်တယ်၊ ဘာတွေ ပြင်ဆင်ရမယ် ကို ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း သိလာရပါတယ်။ မိမိရဲ့ ခံယူ ချက်က Leadership သာလျှင် တိုးတက်မှုကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါသည်။”

U Zayar Phyo
M.D
Techno Visions Co., Ltd.
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

“ဝန်ထမ်းများ၊ လုပ်ငန်းရှင်များအတွက် အထူးသင့်လျော်သောသင်တန်းကောင်း ဖြစ်ပါသည်။ မိမိဘာကို လိုအပ်သည်ကို မိမိဘာသာ ဆန်းစစ်စေပြီး ဖြည့်စွက်သင်ကြားပေးခြင်း၊ အလုပ်ကို ပိုမိုတန်ဖိုးထားလာပြီး ရပ်တန့်ခြင်းမရှိစေခြင်းတို့ ဖြစ်စေပါသည်။”

U Min Khaung Soe
Owner
Standard Bar

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေရာတိုင်းမှာ ခေါင်းဆောင်မှု အရည်အချင်းလိုအပ်တယ်ဆိုတာ ပိုပြီးတိတိကျကျ သိလာတယ်။ မိသားစု ဘဝမှာပဲ ဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ်၊ ဒီနေ့ကစပြီး ကိုယ်ကိုတိုင် ပြောင်းလဲရမယ်။

U Aung Naing Naing Htay
Director
Trust Net Solutions Co., Ltd.

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

U Naing Win Aung (Executive Coach) ၏ ကိုယ်ရေးအကျဉ်း

ဦးနိုင်ဝင်းအောင်သည် မြန်မာနိုင်ငံသို့ American Board of NLP, International Coach Federation (ICF) နှင့် John Maxwell Team Program စသည့် နိုင်ငံတကာအသိအမှတ်ပြု Program များကို ယူဆောင်လာပြီး မြန်မာနိုင်ငံတွင် Coaching Culture ကို စတင် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်။ သူသည် University of Northampton (UK) မှ MBA ဘွဲ့ကို ရရှိခဲ့ပြီး American Board of NLP မှ အသိအမှတ်ပြု Certified NLP Trainer & Master Coach တစ်ဦးဖြစ်သည့်အပြင် Certified Master Time Line Therapist တစ်ဦးဖြစ်သည်။ ထို့အပြင် International Coach Federation (ICF) မှ အသိအမှတ်ပြုသော Associate Certified Coach (ACC) Credential ကို ရယူထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ICF အသိအမှတ်ပြု Professional Coach ဖြစ်သည့်အပြင် ပထမဆုံး Certified John Maxwell Coach, Trainer & Speaker လည်း ဖြစ်သည်။ ဦးနိုင်ဝင်းအောင်သည် Success Resources မှ Millionaire Mind Intensive, Guerrilla Business Intensive, Train The Trainer Intensive များကို တက်ရောက်ခဲ့ပြီး Blair Singer Academy ၏ Master Facilitator Program တွင် မြန်မာနိုင်ငံမှ ပထမဆုံးတက်ရောက်သူအဖြစ် တက်ရောက်ခဲ့သည်။

လုပ်ငန်းအတွေ့အကြုံအနေဖြင့် သူသည် YKKO Group of Companies Limited တွင် Executive Director အဖြစ်ဖြင့် Operation Department နှင့် HR Department များကို စုစုပေါင်း ၉ နှစ်ဝန်းကျင် တာဝန်ယူခဲ့ပြီး ၀န်ထမ်းပေါင်း ထောင်ကျော်နှင့် မန်နေဂျာများစွာကို ဦးဆောင်ခဲ့သည်။ Operation Department ကို စနစ်ကျအောင် ပြုလုပ်ရာတွင် ပါဝင်ခြင်း၊ Quality, Service, Cleanliness များ တသမတ်တည်း ဖြစ်စေရန် အထောက်အပံ့ဖြစ်သော Operation Manual ကို ဦးဆောင်ပြုစုခြင်း၊ HR Department ကို စနစ်ကျအောင် ပြုလုပ်ရာတွင် ပါဝင်ခြင်း၊ ၀န်ထမ်းများကို Internal Training များ ပေးခြင်း၊ ပြင်ပမှ Business Consultant, Management Consultant များနှင့် အနီးကပ်လုပ်ဆောင်ခြင်း၊ ပြင်ပမှာ ပညာရှင်များ ဖိတ်ကြား၍ သင်တန်းများ ဦးဆောင်စီစဉ်ခြင်း၊ YKKO Training School ထူထောင်ရာတွင် ပါဝင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သူသည် သင်တန်းများ တက်ရောက်ခြင်း၊ လက်တွေ့အသုံးချခြင်း၊ ပြန်လည်မျှဝေခြင်းတို့တွင် ပြင်းပြသော စိတ်ဆန္ဒရှိခြင်းကြောင့် နိုင်ငံတကာမှ အကောင်းဆုံး Coach & Trainer Training များကို လေ့လာ၍ စီးပွားရေးလုပ်ငန်းရှင်များအား ၄င်းတို့၏ လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် ကူညီနိုင်ရန် Breakthrough Coaching, Training & Consulting ကိုထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံမှာ Branch အများအပြားရှိသော လုပ်ငန်းရှင်များ၏ ၄င်းတို့၏ လုပ်ငန်းများတွင် ဖောက်သည်များအား တူညီသော ၀န်ဆောင်မှုများကို ပေးရန် ကြိုးပမ်းရာတွင် ကူညီနိုင်ရန်အတွက် Mystery Shoppers Myanmar Company Limited ကိုပါ ထူထောင်၍ Retail & Hospitality Industry များမှ လုပ်ငန်းများကို ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။

ယခုအခါတွင် Breakthrough Coaching, Training & Consulting တွင် C.E.O, Executive & Business Coach, Master Facilitator, Leadership Development Trainer အဖြစ်လည်းကောင်း၊ Mystery Shoppers Myanmar Company Limited တွင် C.E.O အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ လုပ်ငန်းရှင်ပေါင်းများစွာကို တစ်ဦးချင်း Executive Coaching ၀န်ဆောင်မှုများ ပေးပြီး ဖြစ်သည့်အပြင် လုပ်ငန်းပေါင်းများစွာအတွက် Team Coaching နှင့် Corporate Leadership Training ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။

သင်နှင့် သင့်မန်နေဂျာများ၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အရည်အချင်း ဖွံ့ဖြိုးတိုးတက်မှု၊ သင့်စီးပွားရေးလုပ်ငန်း ပိုမိုတိုးတက်မှုတို့အတွက် တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်နိုင်ပါသည်။

Breakthrough Company Limited အမှတ် ၅၃၊ ပထမထပ်၊ ဇလွန်လမ်း (စမ်းချောင်းမြို့နယ်)၊ ဂွဈေးအနီး၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ 09765222106, 09765222107, 09765222018 ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။

#naingwinaungexecutivecoach
#BreakthroughCoachingMyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။