ကိုအယ်ဖြူကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်
`ပို့စ်အဟောင်းများကို စုစည်းပြန်တင်ခြင်း´
ကိုအယ်ဖြူ၏ ကိုယ်ရေးအကျဉ်း
အမည်ရင်း -နိုင်အောင်ထွန်း
မိဘ -ဦးထွန်းပေါ်၊ဒေါ်တင်မေ
မွေးချင်း-၈ယောက်အနက် ၇ယောက်မြောက်
မွေးသက္ကရာဇ်-6-51972
ဇာတိ-တောင်ကြီးမြို့၊ရေအေးကွင်းရပ်
ပညာအရည်အချင်း-တောင်ကြီးမြို့၊အထက၆မှ ၁၀တန်းအောင်၊ဒုတိယနှစ် Eco ရန်ကုန်တက္ကသိုလ်
အနုပညာလုပ်ရှားမှု-၁၉၈၈တောင်ကြီးလွတ်လပ်ရေးပွဲတွင် ဗစ်တာခင်ညို၏ မြခွာညိုသီချင်းသီဆိုခဲ့။၁၉၉၀မှာ မာကျူရီတီးဝိုင်းစဖွဲ့ပြီး လိဒ်ဂစ်တာ တီးခတ်ခဲ့။၁၉၉၀-၉၁မှာ တေးရေးဆရာမောင်မောင်ဇော်လတ်နှင့်သိကျွမ်းခင်မင်ပြီး ကိုယ်ပိုင်သံစဉ်သီချင်းများ စတင်ရေးသားခဲ့။၁၉၉၂တွင် ဘေ့စ်ဂစ်တာ ပြောင်းလဲတီးခတ်ခဲ့။တာရာရဲ့"အလင်းတန်းများ"ခွေတွင် ပါဝင်ရေးသားခဲ့။၁၉၉၅ မနန်းသဲနီနှင့်အိမ်ထောင်ပြု။၁၉၉၆ The Ants အဖွဲ့ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ သားဦးကလေး မိုးထက်သာကို ဖွားမြင်ခဲ့။"ရောင်စုံချောကလက်"၊"နှံကောင်လေးရဲ့နွေဦးပုံပြင်"ခွေများမှာ ကိုယ်တိုင်ရေးသားသီဆိုခဲ့။လေးဖြူရဲ့"ကမ္ဘာသစ်တေး""လိပ်ပြာ"အခွေများနှင့်ပရိတ်သတ်ကို ဂီတသစ်များနဲ့မိတ်ဆက်ပေးခဲ့။သီချင်းအပုဒ်၁၀၀ကျော် ရေးသားခဲ့။The Ants တတိယအခွေ စီစဉ်နေဆဲကာလတွင် ကွယ်လွန်ခဲ့။
×××××××××××××××××××××
ဂစ်တာနှင့်ပက်သက်၍ အလင်္ကာဂီတဂျာနယ်၏အမေးနှင့် ကိုအယ်ဖြူ၏အဖြေ
၁။ဂစ်တာတစ်လက်ကို အရှင်လတ်လတ် စတင်မြင်တွေ့ဖူးတာ့ ဘယ်အရွယ်လောက်မှာလဲ။
လူမှန်းသိတတ်စကတည်းက
။အစ်ကိုအကြီးဆုံးနဲ့ကျွန်တော်က အသက်အရမ်းကွာတော့ သူဂစ်တာစပြီးတီးတဲ့အ့ ချိန်အရွယ်မှာ ကျွန်တော်ကလူမှန်းသိတတ်စပဲရှိသေးတယ်။
၂။ဂစ်တာတစ်လက်ကိုပိုင်ဆိုင်တဲ့ပထမဆုံးအချိန်က ခင်များအသက်ဘယ်အရွယ်လောက်မှာလဲ။
စမြင်ဖူးတဲ့အချိန်နဲ့နှစ်ပေါင်း၂၀လောက်ကွာမယ်။
၃။ဂစ်တာတစ်လက်ကိုပထမဆုံးပိုင်ဆိုင်ခဲ့ပုံအကြောင်း(သို့မဟုတ်)ခင်ဗျားပိုင်ဆိုင်ခဲ့ဖူးတဲ့ဂစ်တာတစ်လက်နဲ့ပက်သက်ပြီး အမှတ်တရတစ်ခုခုဖြစ်ဖြစ် ပြောပြပေးပါ။
ဂစ်တာကြိုးမလျှော့ဘဲအကြာကြီးထောင်ထောင်ထားမိလို့သိပ်မကြာခင်မှာFlatတံကောက်သွားလို့ သူများကိုပေးပစ်တယ်။
၎။ဂစ်တာတစ်လက်နဲ့ခင်ဗျားရဲ့စင်မြင့်ပေါ်က အဖြစ်အပျက်အချို့ ကိုလည်း သိပါရစေ။
တခြားPlayerတွေရဲံ့အသံကိုမကြားရလို့ကျွန်တော်တီးနေတံဲ့Keyကတခြား တစ်ပုဒ်လုံးတီးမိဖူးတယ်။
သီချင်းဆိုတဲ့ကောင်မလေးအခုထိကျွန်တော့တွေ့ရင်မျက်နှာလွှဲပစ်နေတုန်းပဲ။အခုထိစိတ်ဆိုးနေတုန်းထင်တယ်။
၅။ဂစ်တာတစ်လက်နဲ့စတူဒီယိုအခန်းထဲမှာခင်ဗျားအလုပ်ရှုပ်ခဲ့ရပုံတွေလည်းရှင်းပြပါ။
အသံဖမ်းအင်ဂျင်နီယာကစိတ်မရှည်လို့ဘယ်ခလုတ်ကိုဘယ်လိုဖွင့်လို့သင်ပေးပြီးကျွန်တော့ကိုအသံဖမ်းအခန်းထဲတစ်ယောက်တည်းထားခဲ့ပြီးအပြင်မှာဆေးလိပ်ထွက်သောက်နေတာ ကြုံရဖူးတယ်။
၆။ဂစ်တာတစ်လက်နဲ့ခင်ဗျားရေးခဲ့တဲ့ပထမဆုံးသီချင်ုးSoloကိုမှတ်မိနေဦးမှာပေါ့။
ဟား ဟားဟား၊မှတ်မိတယ်။သီချင်းနာမည်က"ခိုးခိုးကြည့်တဲ့ကောင်မလေး"တဲ့
၇။ဂစ်တာတစ်လက်ဟာ ခင်ဗျားဘဝထဲကိုဒီလောက်အရေးပါပါရောက်ရှိလာလိမ့်မယ်လို့ ဘယ်တုန်းက သတိထားမိလိုက်တာလဲ။
တော်တော်လေး အရေးပါနေမှ သတိထားမိတယ်။
၈။ဂစ်တာတစ်လက် ခင်ဗျားကြောင့်(ဒါမှမဟုတ်ရင်လည်း)ခင်ဗျားပယောဂမကင်းဘဲ အသက်မဲ့ ပျက်စီးသွားတဲ့အခါ ခံစားရပုံတွေလည်း ပြောပြပါဦး။
စိတ်မကောင်းဘူး။
့ ၉။ဂစ်တာသမား ကမ္ဘာကျော်တွေ စင်မြင့်ပွဲ ဖျော်ဖြေမှုမှာ အားပါးတရ တီးခတ်ကြအပြီး အဲဒီဂစ်တာကို ရိုက်ချိုးကြ၊မီးရှို့ပစ်လိုက်ကြတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။
နှမျောတယ်။
၁၀။ဂစ်တာသမားတစ်ယောက်ရဲ့ဘဝကို ဘယ်လိုဘဝမျိုးနဲ့တူတယ်လို့ ဥပမာပေးနိုင်မလဲ။
မပြောပြတတ်ဘူး။
၁၁။ဂစ်တာသမားထဲက ခင်ဗျားအားကျနေတာ ဘယ်သူလဲ။
အများကြီး
၁၂။ဂစ်တာဆိုရင် ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲ။(ပြည်တွင်းပြည်ပ)
ဒါလည်း အများကြီးပဲ။
၁၃။ဂစ်တာဘယ်နှစ်လုံး ပိုင်ဆိုင်ခဲ့ဖူးပြီလဲ။
သုံးလေးလုံးလောက်ပေါ့။
၁၄။ဂစ်တာ+ခင်ဗျား=?
ဂစ်တာ+ကျွန်တော်=ကျွန်တော်
၁၅။ခင်ဗျား-ဂစ်တာ=?
ကျွန်တော်-ဂစ်တာ=ကျွန်တော်
××××××××××××××××××××××××××
"မောင်မောင်ဇော်လတ်ပြောတဲ့ အယ်ဖြူအကြောင်း"
၂၇- ၅ -၂၀၀၄ နေ့လည် ၁၂း၃၀
အဲဒီနေ့ဟာ ကျွန်တော့်ဘဝကို အိပ်မက်ဆိုးတွေ ရောက်ရှိလာခဲ့တဲ့ နေ့တစ်နေ့ပေါ့။မေလရဲ့ အပြင်းဆုံးအပူရှိန်ထက် ကျွန်တော့်စိတ်မှာခံစားနေရတဲ့ အပူကပိုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။
ကျွန်တော့်စိတ်အလျဉ်မှာ ပြေးလွှားနေတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ဘယ်လိုအကြောင်းတရားတွေက တွန်းပို့လိုက်ကြသလဲ။ကံကြမ္မာလား။သဘာဝတရားလား။ဖြစ်နိုင်ရင် ကံကြမ္မာကို အုပ်စီးချယ်လှယ်ခွင့် ရချင်တယ်။သဘာဝတရားကို လိုရာစေနိုင်တဲ့လူ ဖြစ်ချင်တယ်။ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး။ကျွန်တော့်ဆန္ဒကို တခြားလူတွေကလည်း ကူညီနိုင်ကြမှာမဟုတ်ဘူး။အဲဒီအတွက် ကျွန်တော်ဘာလုပ်ရမလဲ။ဘာမှသေချာရေရာမှုမရှိတဲ့ လူဖြစ်ရခွင့်ကို မုန်းရမလား။ဖြစ်နေပျက်နေတဲ့ သဘာဝတရားကို ကျွန်တော်မုန်းရမလား။ဆောက်တည်ရာမရတဲ့ အတွေးတွေ ကျွန်တော့်ခန္ဓာကိုယ်သွေးကြောတွေထဲမှာ ပေါက်ကွဲလည်ပတ်နေကြတယ်။ကျွန်တော့်ပါးနှစ်ဖက်ပေါ်
ဒလဟောလျှံထွက်ကျလာတဲ့ ကျွန်တော့်မျက်ဝန်းအိမ်ထဲက မျက်ရည်တွေဟာ
ကျွန်တော့်ရှေ့ မှာ လဲလျောင်းငြိမ်သက်ပြီး လောကကို အပြုံးနဲ့နှုတ်ဆက်သွားတဲ့
သူ့အပေါ်ကို မိုးစက်မိုးပေါက်တွေလို လွင့်စင်ကျလာကြတယ်။
သူ....သူ.......။ကျွန်တော့်ဘဝအတွက်ရော၊လောကအတွက်ပါ အစားထိုးလို့မရနိုင်တဲ့သူ........။
ဟန်ဆောင်မှုကင်းတဲ့အပြုံးနဲ့ ခပ်ကုပ်ကုပ်ကလေးနေတတ်တဲ့ နိုင်အောင်ထွန်းကို သူနေတဲ့တောင်ကြီးမြို့ ရေအေးကွင်းရပ်မှာရော၊သူတတ်တဲ့ ကျောင်းမှာပါ ဆရာ၊ဆရာမတွေနဲ့သူငယ်ချင်းတွေက သတိထားမိကြတယ်။ဦးထွန်းပေါ်၊ဒေါ်တင်မေတို့က
ပေါက်ဖွားလာတဲ့ မွေးချင်း၈ယောက်ထဲမှာ နို့ညှာအဖြစ် သူ့အစ်ကို
ဂစ်တာသမားတွေနဲ့အတူ ကြီးပြင်းလာခဲ့တာမို့ အတုမြင်အတတ်သင်ဆိုရိုးအတိုင်း ဂစ်တာပေါ်မှာ သူအာရုံဝင်စားလာခဲ့တာ မဆန်းပါဘူး။ဂစ်တာပေါ် အကျွမ်းတဝင်ရှိလိုတဲ့ သူ့ရဲ့ထက်သန်ပြင်းပြတဲ့ဆန္ဒကြောင့်လားမသိဘူး နိုင်အောင်ထွန်းဟာ သူ့အစ်ကိုတွေဆီမှာတင်မကပဲ သူ့အစ်ကိုရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ကိုလေးဖြူတို့၊ကိုအငဲတို့ဆီမှာ ဂစ်တာဆက်သင်ခဲ့တယ်။
သူနဲ့ခင်ပြီးနောက်ပိုင်းမှာ
ကျွန်တော်လည်းသူတို့ရဲ့ band memberတစ်ယောက်ဖြစ်လာတယ်။ နောက်ပိုင်း
ဂီတနဲ့ပတ်သက်ရင် သူနဲ့ကျွန်တော်က တော်တော်များများ ခံယူချက်ခြင်းတူကြတာမို့
own tune သီချင်းလေးတွေ တပုဒ်စ နှစ်ပုဒ်စ စရေးဖြစ်ကြတယ်။ သူက
သူရေးတဲ့သီချင်းတွေကို နိုင်အောင်ထွန်းဆိုတဲ့ နာမည်ရင်း မပေးဘူး။
သူငယ်ချင်းတွေနဲ့ သူ့အိမ်မှာခေါ်တဲ့ နာမည်အတိုင်း အယ်ဖြူလို့ပဲ ပေးတယ်။
အဲဒီအချိန်တွေတုန်းကတော့ ပိုက်ဆံဆိုတာ ကျွန်တော်တို့အတွက် အဓိကမကျဘူး။ ပိုက်ဆံမရှိလည်း လက်ဘက်ရည်တခွက်ကို စုပြီးသောက်ကြရတယ်။ တခါတလေလည်း လက်ဘက်ရည်တခွက်တောင် မသောက်နိုင်တဲ့ ဘဝတွေပါ။ ဆေးလိပ်ဆိုရင်လည်း နှစ်ယောက်ကိုတစ်လိပ်သောက်တာမျိုးလုပ်ရတယ်။
ဝင်ငွေလည်း မရှိပါဘူး။ တခါတလေ ကျွန်တော်တို့နှစ်ယောက် ညညဆိုလည်း
အိမ်မပြန်ဖြစ်ဘူး။ အဆင်ပြေတဲ့ သူငယ်ချင်းတယောက်အိမ်မှာပဲ နေလိုက်ကြတယ်။
တခါတလေ သူငယ်ချင်းတွေစုပြီး ဂစ်တာတီးတဲ့အခါမှာ တအားစိတ်ချမ်းသာဖို့ကောင်းတယ်။ ဘယ်နေရာမှာတီးတီး ရန်ကုန်မှာလို ကားတွေဘာတွေရှုပ်တဲ့မြို့မဟုတ်တော့ အဆင်ပြေတယ်ပေါ့။ဘယ်အချိန်ဖြစ်ဖြစ်
ဂစ်တာတီးလို့ ကောင်းတယ်။ဘယ်လမ်းမှာ သွားတီးမလဲ၊ကြိုက်သလို
တီးလို့ရတယ်။ဘယ်သူမှလည်း ကျွန်တော်တို့ကို အပြစ်မပြောဘူး။အဲဒီအချိန်တွေက ကျွန်တော်တို့နှစ်ယောက်အတွက် တကယ့်အမှတ်ရစရာတွေပါပဲ။
ကျွန်တော်နဲ့သူ သီချင်းစရေးဖြစ်တဲ့အချိန်က သီချင်းရေးဆရာဖြစ်ဖို့ ရည်ရွယ်ချက်မျိုးလည်းမရှိပါဘူး။အမှန်တကယ်ပြောရရင် ကိုယ့်ဘာသာကိုယ်ရေးချင်တာရေးလိုက်ကြတဲ့သဘောပါပဲ။ရေးပြီးရင် ကျွန်တော်တို့ တယောက်နဲ့တယောက် သူငယ်ချင်းတွေကို ဆိုပြတယ်။ဒီဂီတအလုပ်ကို လုပ်ဖြစ်လိမ့်မယ်လို့လည်း စိတ်ကူးမရှိပါဘူး။သူနဲ့ကျွန်တော် သီချင်းရေးပြီးရင် တယောက်နဲ့တယောက် ဘယ်နေရာကတော့ ဘယ်လိုလုပ်လိုက်ရင်၊ဘယ်နေရာလေးကိုဘယ်လိုထည့်လိုက်ရင်ကောင်းမယ် စသဖြင့် ညှိနှိုင်းပြီး ကောင်းတိုင်ပင်ဆိုးတိုင်ပင် ရေးဖြစ်ကြတယ်။
အဲဒီတုန်းက နိုင်အောင်ထွန်းဟာQueenအဖွဲ့ကFreddy Mercuryကို အရမ်းကြိုက်တယ်။ပြီးတော့ Beatlesအရမ်းကြိုက်တယ်။Queenကိုတော့ ပိုကြိုက်တယ်။ဂစ်တာတီးတာနဲ့ပတ်သက်ပြီး သူနဲ့ကျွန်တော်က အတီးပိုင်းထက်စာရင် အရေးဘက်ကို ပိုအားသန်ကြတယ်။တီးတာက သူရောကျွန်တော်ရော ဒီလောက်အာသီသမပြင်းကြဘူး။မှတ်မိနေသေးတယ်။အဲဒီအချိန်တုန်းက မနက်မိုးလင်းလင်းချင်း အိပ်ယာကနိုးတာနဲ့ဂစ်တာကောက်ကိုင်ပြီး သီချင်းစရေးတော့တာပဲ။ဒါပေမယ့် နိုင်အောင်ထွန်းက ကျွန်တော့်လောက်မပြင်းထန်ဘူး။ကျွန်တော်ကသာဆန္ဒသိပ်ပြင်းပြနေတာ။သူကအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲလုပ်တယ်။
ဒါကြောင့် သူ့ကိုအားမရလို့ ကျွန်တော်နဲ့သူ အဲဒီတုန်းက ခဏခဏစကားများရတယ်။တခါတလေ သီချင်းတပုဒ်ကို နားထောင်ပြီး အမြင်မတူတာလေးတွေရှိလာရင်လည်း ငြင်းကြခုန်ကြတယ်။
အဲဒီလိုနဲ့သူနဲ့ကျနော် သီချင်းတွေ တော်တော်များများတွဲရေးဖြစ်ကြတယ်။ဒါပေမယ့် ဘယ်သူ့ကိုမှလည်း မရောင်းဖြစ်ဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အဲဒီအရွယ်တုန်းကရေးတဲ့သီချင်းတွေက ကလေးသီချင်းတွေလိုဖြစ်နေတယ်လို့ ထင်လို့ပါ။ဒါပေမယ့် အမှတ်တရအဖြစ်တော့သိမ်းထားတာ အခုချိန်ထိပါပဲ။သူနဲ့ကျွန်တော် သီချင်းတွဲရေးဖြစ်တဲ့ကာလတွေက သီချင်းရေးပြီးလို့အားရင် လက်ဘက်ရည်ဆိုင်ထိုင်မယ်၊သီချင်းနားထောင်မယ်၊ဗီဒီယိုအခွေလေးတွေရလာရင် အတူကြည့်ကြတယ်။သိပ်ကိုနေပျော်လို့ကောင်းတဲ့အချိန်ကာလတွေပါပဲ။
နောက် ကျနော်တို့သီချင်းနားထောင်ရင်လည်း သူအကြိုက်ဆုံးဖြစ်တဲ့Queenအခွေကို နားထောင်ဖြစ်တယ်။Queenထွက်သမျှအခွေကိုလည်း မလွတ်တမ်းနားထောင်တယ်။မြန်မာသီချင်းတွေထဲမှာဆိုရင် ကိုငှက်ရဲ့"နာရီပေါ်ကမျက်ရည်စက်များ"အခွေကို အရမ်းကြိုက်ခဲ့တယ်။ဂျက်မြသောင်းကိုလည်း ကြိုက်တယ်။နောက်ပိုင်း ဇော်ဝင်းထွဋ်ရဲ့"လမ်းသစ်"တို့ဘာတို့ ထွက်လာတော့လည်း ကြိုက်တာပဲ။နောက်ပိုင်း မျိုးကျော့မြိုင်ထွက်လာတော့ ကျွန်တော်တို့ သီချင်းတော်တော်တွဲရေးဖြစ်နေပြီ။နောက် Pink Floydရဲ့The Wallတို့ ဘာတို့ကိုလည်း သူအရမ်းကြိုက်ခဲ့တယ်။
သီချင်းတပုဒ်ကို သူနဲ့ကျွန်တော်ရေးပြီဆိုရင် တွေ့ရာစာရွက်စုတ်နဲ့လည်း ရေးတာပဲ။တခါတလေ မျက်နှာမသစ်ဘဲနဲ့လည်း ရေးတာပဲ။မနက်အိပ်ယာကထထချင်း ဆေးလိပ်သောက်ပြီး သီချင်းရေးရင်ရေးနေတာ။
အဲဒီတုန်းက အယ်ဖြူက ဆရာစိုင်းခမ်းလိတ်ရဲ့သီချင်းတွေကို တအားကြိုက်တယ်။ဆရာစိုင်းခမ်းလိတ်ရဲ့အရေးအသား စကားလုံးအဖွဲ့အနွဲ့တွေကိုလည်း အရမ်းအားကျလေးစားခဲ့တယ်။ဆရာစိုင်းခမ်းလိတ်ဟာ ဂီတနဲ့ပတ်သက်ရင် သူ့ရဲ့Heroဆိုရင် မမှားဘူး။
နောက်ပြီး သူက ဂီတနဲ့ပတ်သက်ရင် ပါရမီလည်းတအားကောင်းတယ်။လက်ဘက်ရည်ဆိုင်မှာ တခေါက်ပဲနားထောင်းရတဲ့သီချင်းမျိုးကို ချက်ချင်းပြန်ပြီးတီးနိုင်တယ်။သိပ်ပြီးမခက်တဲ့သီချင်းဆိုရင် ကျင့်စရာတောင်မလိုဘဲ သူပြန်တီးနိုင်တယ်။ပြီးတော့ သူရေးတဲ့သီချင်းတွေက ထူးခြားတယ်။အဲဒါကို သူသီချင်းစရေးကတည်းက ကျွန်တော်သတိထားမိတယ်။ကျွန်တော်ကျတော့ အဲလိုမဟုတ်ဘူး။တဖြည်းဖြည်းချင်းကြိုးစားပြီး လုပ်ယူရတာ။သူကဂီတနဲ့ပတ်သက်ရင် ပါလာတဲ့ဗီဇကိုက ကောင်းတာ။သူ့ရဲ့စိတ်က သီချင်းလုံးဝရေးချင်တဲ့စိတ်မရှိရင် လုံးဝမရေးဘူး။ရေးချင်တဲ့စိတ်ရှိလို့ တကယ်ထရေးရင်လည်း တအားကောင်းတယ်။
ကျွန်တော်တို့ပထမဆုံးစရောင်းတဲ့သီချင်းက ကိုငှက်ကိုအရင်ရောင်းတာ။ဒါပေမယ့် အရင် နှင်းဆီလှိုင်းကပရိုဂျူဆာကိုဇော်သစ်က ကိုငှက်နဲ့တအိမ်တည်းနေတာဆိုတော့ တာရာ့အတွက် သီချင်းလိုတယ်ဆိုပြီး ကိုငှက်ဆီကဖြတ်ယူလိုက်တာ။အဲဒီခေတ်တုန်းက ကျွန်တော်တို့သီချင်းရေးခ ၁၅၀၀လားမသိဘူးရတယ်။အဲဒီခေတ်က၁၅၀၀ဆိုတာ တော်တော်တန်ဖိုးတော့ရှိပါတယ်။သီချင်းအားလုံးပေါင်းရောင်းရငွေ အဲဒီတုန်းက ၈၀၀၀လားမသိဘူး ရလိုက်တယ်။အယ်ဖြူသီချင်းရော ကျွန်တော့်သီချင်းရောပေါ့။အဲဒီလိုသီချင်းရေးခရလာတော့ ကျွန်တော်ချက်ချင်းပဲ အဲဒီပိုက်ဆံတွေကိုယူပြီးတောင်ကြီးပြန်တယ်။တောင်ကြီးရောက်တော့ သူ့ကိုအိမ်မှာသွားရှာတယ်။ထုံးစံအတိုင်း ကျွန်တော်တို့မာကျူရီအဖွဲ့က သူငယ်ချင်းတွေလည်း ရှိနေတယ်။
ကျွန်တော်က သူ့ကိုတွေ့တွေ့ချင်း"ဟေ့ကောင် သီချင်းရောင်းရတဲ့ပိုက်ဆံတွေ ပါလာပြီကွ"ဆိုတော့ သူက အေးဆေးပဲပြန်ပြောတယ်။"အေး....အဲဒီပိုက်ဆံတွေနဲ့ငါတို့သူငယ်ချင်းတွေ အရက်သွားသောက်ကြမယ်ကွာ"တဲ့ အဲဒီလိုနဲ့ကျွန်တော်တို့ ခါတိုင်းမစားဖူး မသောက်ဖူးတဲ့ လျှံယူဆိုတဲ့စားသောက်ဆိုင်မှာ အရက်သွားသောက်ကြတယ်။မစားဖူးတဲ့အစားအသောက်တွေလည်းမှာစားကြတယ်။သူငယ်ချင်းတွေကိုလည်း အုပ်စုလိုက်ခေါ်သွားတော့ နောက်ဆုံး ပိုက်ဆံလည်းရှင်းရော ကားခတောင် မရှိတော့ဘူး။လမ်းလျှောက်ပြန်ခဲ့ရတယ်။အဲဒီအချိန်ကစပြီး ကျွန်တော်နဲ့သူ ဂီတလောကထဲကို စရောက်တယ်လို့ ပြောရမှာပေါ့။
နောက်တခု ကျွန်တော်ပြောဖို့ မေ့နေသေးတယ်။သူက စာလည်းတော်တော်ဖတ်တယ်။သူဖတ်တဲ့စာအုပ် ကောင်းပြီဆိုရင် ကျနော့်ကိုလည်း မလွတ်တမ်းဖတ်ခိုင်းတယ်။တောင်ကြီးမှာ ရစ်သမ်ဆိုတဲ့စာအုပ်ဆိုင်ရှိတယ်။အဲဒီဆိုင်ရဲ့အောက်မှာ လက်ဘက်ရည်ဆိုင်လည်းရှိတယ်။အဲဒီစာအုပ်ဆိုင်က စာအုပ်တွေလည်းတော်တော်စုံတယ်။တခါတလေ စာအုပ်တွေငှားပြီး အောက်ကလက်ဖက်ရည်ဆိုင်မှာ သွားထိုင်ဖတ်ကြတာ မနက်လင်းကတည်းက ညနေ နေဝင်ချိန်ထိပဲ။ဒိုးလုံးတို့ဘာတို့ဆိုလည်း
အဲဒီစာအုပ်ဆိုင်ကို စုရပ်အဖြစ်လာတယ်။ဒိုးလုံးက အယ်ဖြူရဲ့ဇနီး
နန်းသဲနီရဲ့မောင်၊သူတို့က အထက၁မှာ ကျောင်းတတ်တာဆိုတော့
အဲဒီရစ်သမ်စာပေနဲ့နီးတယ်လေ။တခါတလေ အဲဒီဆိုင်မှာပဲစုပြီး ဂစ်တာတီးသီချင်းဆိုကြတယ်။အယ်ဖြူက ဆရာမြသန်းတင့်ကို အရမ်းကြိုက်တာ။
သီချင်းရေးလို့ရတဲ့ပိုက်ဆံကို သုံးလိုက်ဖြုန်းလိုက်နဲ့ဘာမှလည်း အပူပင်မရှိဘူးလေ။နောက်ပိုင်းတာရာ့အခွေထွက်လာပြီး ၂ယောက်ပေါင်းရေးတဲ့ အသည်းကွဲညနေခင်း သီချင်းက ပေါက်သွားတော့ အဲဒီအချိန်မှာ ကိုညီထွဋ်နဲ့အိုအေစစ်မှာတွေ့တယ်။ကိုညီထွဋ်ကလည်း သူ့အတွက်လည်း တပုဒ်လောက်ရေးပေးပါဆိုတာနဲ့သူက ကိုညီထွဋ်အသံနဲ့လိုက်မယ့် ခြောက်ခမ်းသွားသောအိပ်မက်မြစ် သီချင်းကို တွဲရေးဖြစ်တယ်။သီချင်းလည်းပြီးရော တောင်ကြီးကနေ ရန်ကုန်ကို လှမ်းပို့လိုက်တယ်။အဲဒီသီချင်းလည်းအောင်မြင်သွားတော့ ကျွန်တော်တို့နှစ်ယောက် ဂီတနယ်မှာ နည်းနည်းလူရာဝင်လာတယ်ပေါ့။
အဲဒီအချိန်တုန်းက အဖြစ်အပျက်တွေဟာ တကယ့်ကိုလွမ်းမောစရာပါပဲ။အယ်ဖြူရှိစဉ်တုန်းက တခါတလေအဲဒီအကြောင်းတွေကို ပြန်ပြောဖြစ်တတ်ကြတယ်။အခုတော့ အယ်ဖြူ ကျွန်တော့်ကို အပြီးအပိုင်နှုတ်ဆက်သွားပြီ။ကျွန်တော်တို့နှစ်ယောက် အမှတ်တရဖြစ်ခဲ့တဲ့အကြောင်းတွေကို သူနဲ့ကျွန်တော် ပြောနိုင်ခွင့်မရှိတော့ဘူး။ကျွန်တော့်ဘဝကို ဘယ်လိုမှ အစားထိုးမပေးနိုင်တဲ့ ဆုံးရှုံးမှုတခုကို ကျွန်တော်ရလိုက်ပါတယ်။အဲဒီဆုံးရှုံးမှုကို
ယူလာပေးတာ ၂၇-၅-၂၀၀၄နေ့ပါ။အဲဒီနေ့ဟာ ကျွန်တော့်ဘဝကို အစိတ်စိတ်အမွှာမွှာ
ဖြိုခွဲဖျက်ဆီးပစ်ဖို့ အိပ်မက်ဆိုးတွေကို ယူဆောင်လာခဲ့တဲ့ နေ့တနေ့ပေါ့။ ။
beauty magazine
July 2004
"""နောင်ဘဝဆိုတာရှိခဲ့ရင် ဘဝဆက်တိုင်းမှာ အနုပညာရှင်ပဲ ပြန်ဖြစ်ပါစေလို့ ဆုတောင်းပါတယ် ကိုအယ်ဖြူ"""
#ဂီတအကြောင်းသောင်းပြောင်းထွေလာ
`ပို့စ်အဟောင်းများကို စုစည်းပြန်တင်ခြင်း´
ကိုအယ်ဖြူ၏ ကိုယ်ရေးအကျဉ်း
အမည်ရင်း -နိုင်အောင်ထွန်း
မိဘ -ဦးထွန်းပေါ်၊ဒေါ်တင်မေ
မွေးချင်း-၈ယောက်အနက် ၇ယောက်မြောက်
မွေးသက္ကရာဇ်-6-51972
ဇာတိ-တောင်ကြီးမြို့၊ရေအေးက
ပညာအရည်အချင်း-တောင်ကြီးမြိ
အနုပညာလုပ်ရှားမှု-၁၉၈၈တောင်
×××××××××××××××××××××
ဂစ်တာနှင့်ပက်သက်၍ အလင်္ကာဂီတဂျာနယ်၏အမေးနှင့် ကိုအယ်ဖြူ၏အဖြေ
၁။ဂစ်တာတစ်လက်ကို အရှင်လတ်လတ် စတင်မြင်တွေ့ဖူးတာ့ ဘယ်အရွယ်လောက်မှာလဲ။
လူမှန်းသိတတ်စကတည်းက
။အစ်ကိုအကြီးဆုံးနဲ့ကျွန်တေ
၂။ဂစ်တာတစ်လက်ကိုပိုင်ဆိုင်
စမြင်ဖူးတဲ့အချိန်နဲ့နှစ်ပေ
၃။ဂစ်တာတစ်လက်ကိုပထမဆုံးပို
ဂစ်တာကြိုးမလျှော့ဘဲအကြာကြီ
၎။ဂစ်တာတစ်လက်နဲ့ခင်ဗျားရဲ့
တခြားPlayerတွေရဲံ့အသံကိုမ
သီချင်းဆိုတဲ့ကောင်မလေးအခုထ
၅။ဂစ်တာတစ်လက်နဲ့စတူဒီယိုအခ
အသံဖမ်းအင်ဂျင်နီယာကစိတ်မရှ
၆။ဂစ်တာတစ်လက်နဲ့ခင်ဗျားရေး
ဟား ဟားဟား၊မှတ်မိတယ်။သီချင်းနာ
၇။ဂစ်တာတစ်လက်ဟာ ခင်ဗျားဘဝထဲကိုဒီလောက်အရေးပ
တော်တော်လေး အရေးပါနေမှ သတိထားမိတယ်။
၈။ဂစ်တာတစ်လက် ခင်ဗျားကြောင့်(ဒါမှမဟုတ်ရင
စိတ်မကောင်းဘူး။
့ ၉။ဂစ်တာသမား ကမ္ဘာကျော်တွေ စင်မြင့်ပွဲ ဖျော်ဖြေမှုမှာ အားပါးတရ တီးခတ်ကြအပြီး အဲဒီဂစ်တာကို ရိုက်ချိုးကြ၊မီးရှို့ပစ်လို
နှမျောတယ်။
၁၀။ဂစ်တာသမားတစ်ယောက်ရဲ့ဘဝက
မပြောပြတတ်ဘူး။
၁၁။ဂစ်တာသမားထဲက ခင်ဗျားအားကျနေတာ ဘယ်သူလဲ။
အများကြီး
၁၂။ဂစ်တာဆိုရင် ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲ။(ပြည်တွင်းပြ
ဒါလည်း အများကြီးပဲ။
၁၃။ဂစ်တာဘယ်နှစ်လုံး ပိုင်ဆိုင်ခဲ့ဖူးပြီလဲ။
သုံးလေးလုံးလောက်ပေါ့။
၁၄။ဂစ်တာ+ခင်ဗျား=?
ဂစ်တာ+ကျွန်တော်=ကျွန်တော်
၁၅။ခင်ဗျား-ဂစ်တာ=?
ကျွန်တော်-ဂစ်တာ=ကျွန်တော်
××××××××××××××××××××××××××
"မောင်မောင်ဇော်လတ်ပြောတဲ့ အယ်ဖြူအကြောင်း"
၂၇- ၅ -၂၀၀၄ နေ့လည် ၁၂း၃၀
အဲဒီနေ့ဟာ ကျွန်တော့်ဘဝကို အိပ်မက်ဆိုးတွေ ရောက်ရှိလာခဲ့တဲ့ နေ့တစ်နေ့ပေါ့။မေလရဲ့ အပြင်းဆုံးအပူရှိန်ထက် ကျွန်တော့်စိတ်မှာခံစားနေရတ
ကျွန်တော့်စိတ်အလျဉ်မှာ ပြေးလွှားနေတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ဘယ်လိုအကြောင်းတရားတွေက တွန်းပို့လိုက်ကြသလဲ။ကံကြမ္မ
သူ....သူ.......။ကျွန်တော့်
ဟန်ဆောင်မှုကင်းတဲ့အပြုံးနဲ့
သူနဲ့ခင်ပြီးနောက်ပိုင်းမှာ
အဲဒီအချိန်တွေတုန်းကတော့ ပိုက်ဆံဆိုတာ ကျွန်တော်တို့အတွက် အဓိကမကျဘူး။ ပိုက်ဆံမရှိလည်း လက်ဘက်ရည်တခွက်ကို စုပြီးသောက်ကြရတယ်။ တခါတလေလည်း လက်ဘက်ရည်တခွက်တောင် မသောက်နိုင်တဲ့ ဘဝတွေပါ။ ဆေးလိပ်ဆိုရင်လည်း နှစ်ယောက်ကိုတစ်လိပ်သောက်တာ
ကျွန်တော်နဲ့သူ သီချင်းစရေးဖြစ်တဲ့အချိန်က သီချင်းရေးဆရာဖြစ်ဖို့ ရည်ရွယ်ချက်မျိုးလည်းမရှိပါ
အဲဒီတုန်းက နိုင်အောင်ထွန်းဟာQueenအဖွဲ
ဒါကြောင့် သူ့ကိုအားမရလို့ ကျွန်တော်နဲ့သူ အဲဒီတုန်းက ခဏခဏစကားများရတယ်။တခါတလေ သီချင်းတပုဒ်ကို နားထောင်ပြီး အမြင်မတူတာလေးတွေရှိလာရင်လည
အဲဒီလိုနဲ့သူနဲ့ကျနော် သီချင်းတွေ တော်တော်များများတွဲရေးဖြစ်
နောက် ကျနော်တို့သီချင်းနားထောင်ရ
သီချင်းတပုဒ်ကို သူနဲ့ကျွန်တော်ရေးပြီဆိုရင်
အဲဒီတုန်းက အယ်ဖြူက ဆရာစိုင်းခမ်းလိတ်ရဲ့သီချင်
နောက်ပြီး သူက ဂီတနဲ့ပတ်သက်ရင် ပါရမီလည်းတအားကောင်းတယ်။လက်
ကျွန်တော်တို့ပထမဆုံးစရောင်
ကျွန်တော်က သူ့ကိုတွေ့တွေ့ချင်း"ဟေ့ကော
နောက်တခု ကျွန်တော်ပြောဖို့ မေ့နေသေးတယ်။သူက စာလည်းတော်တော်ဖတ်တယ်။သူဖတ်
သီချင်းရေးလို့ရတဲ့ပိုက်ဆံက
အဲဒီအချိန်တုန်းက အဖြစ်အပျက်တွေဟာ တကယ့်ကိုလွမ်းမောစရာပါပဲ။အယ
beauty magazine
July 2004
"""နောင်ဘဝဆိုတာရှိခဲ့ရင် ဘဝဆက်တိုင်းမှာ အနုပညာရှင်ပဲ ပြန်ဖြစ်ပါစေလို့ ဆုတောင်းပါတယ် ကိုအယ်ဖြူ"""
#ဂီတအကြောင်းသောင်းပြောင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။