Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 29, 2017

နှစ်သက်လို့ အကြိမ်ကြိမ် ဖတ်ဖြစ်တဲ့ စကားလုံးများ

နှစ်သက်လို့ အကြိမ်ကြိမ် ဖတ်ဖြစ်တဲ့ စကားလုံးများ
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

အောက်ပါစကားလုံးများကို အကြိမ်ကြိမ်
ဆင်ခြင်သုံးသပ်ကြည့်ပါ။

တစ်ခုခု သိသွားသလိုလို ခံစားရတာပဲဖြစ်ဖြစ်၊
ရင်ထဲမှာ အသိတစ်ခုခု ကျန်ခဲ့သလိုလို ခံစားရတာပဲဖြစ်ဖြစ်၊ သင်နောက်တစ်ခေါက်ဖတ်ရှုသင့်ပြီ။

.

အပိုဒ် ( ၁ )
••••••••••••••
သင်၏တာဝန်ဟာသင့်ရဲ့ ဘ၀လားရာဖြစ်တယ်။
သင်၏အတွေ့အကြုံဟာ သင့်ရဲ့အရင်းအနီးဖြစ်တယ်။
သင့်၏ ကိုယ်ကျင့်တရားဟာ သင့်ရဲ့ ဘ၀ကံကြမ္မာဖြစ်တယ်။

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးဖြစ်ဖို့ နည်းလမ်း (၁၀)ခု


ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ကို လွယ်မယ်ထင်ပါသလား။ မလွယ်ပေမယ့်
ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။
သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။
၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ။

ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း (၂)


အာကာသ နှင့် စကြ၀ဠာ added 4 new photos.

>>>ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း (၂)<<<
ဆိုးသွမ်းတဲ့ ကလေးတွေကို ရိုက်နှက် ဆုံးမမှ ရမယ်၊ 'မ 'တစ်ထောင်သားတွေ ဘယ်လိုနိုင်မလဲ၊ စာလည်းလိုက်မလုပ်ဖူး၊ လိမ်ညာတတ်တယ်၊ အနိုင်ကျင့် ဗိုလ်ကျတတ်တယ်၊ အတန်းထဲကို ဒုတ်၊ ဓါး၊ လက်နက် ယူလာကြတယ်.. စသည်ဖြင့် အမူအကျင့် လွဲမှားသော ကလေးငယ် (ကျောင်းသား) များကို ရိုက်နှက်ခြင်း မပြုပဲ စည်းကမ်းဖြင့် ထိန်းကျောင်းပေးလို့ရပါတယ်။ နည်းပညာတွေ ရှိပါတယ်။
Managing Misbehavior လို့ ခေါ်ပါတယ်။ သူများနိုင်ငံတွေမှာလည်း ဒီလိုကလေးမျိုးတွေရှိပါတယ်။ (အမေရိကန်လို နိုင်ငံမျိုးမှာတောင် ကျောင်းသားက ကျောင်းထဲဝင်ပြီး သေနတ်နဲ့ ပစ်သွားတာတွေ ကြုံတွေ့ရဖူးပါတယ်။) ငယ်ရွယ်နုနယ်တဲ့ သူတို့ကို ဘယ်လို ထိန်းကျောင်း ပြုပြင်ကြမလဲ။

အာဏာရှင်ဟုခေါ်တွင်ခဲ့သော ဦးသန်းရွှေ၏ဘ၀ကောက်ကြောင်း(၈)

 
 
အာဏာရှင်ဟုခေါ်တွင်ခဲ့သော
ဦးသန်းရွှေ၏ဘ၀ကောက်ကြောင်း(၈)

ဗိုလ်ချုပ်ခင်ညွန့်သည် ဇာတ်တူသား စားခဲ့ရုံမျှမက မိမိအား ကြည့်ရှုစောင့်ရှောက် မြေတောင် မြှောက်ပေးခဲ့သော ဦးနေ၀င်းကို အေဒီလမ်း (ခေမာလမ်း) နေအိမ်မှ ဖယ်ရှားခိုင်းခြင်း၊ ဦးနေ၀င်း၏ အနီးကပ် လုံခြုံရေးတပ်ဖွဲ့မှ အရာရှိ၊ အရာခံ၊ အကြပ် တပ်သားများအား လုံးကို သက်ဆိုင်ရာ တပ်ဖွဲ့များသို့ ဖြန့်ပို့ခိုင်းခြင်း၊ GSM မိုဘိုင်းတယ် လီဖုန်း တင်သွင်းရောင်းချခွင့် လိုင်စင် ကို တစ်ဦးတည်းမူပိုင် ရောင်းချခွင့် အား ဒေါ်ခင်စန်္ဒာဝင်းအား ချထား ပေးမှု ကိုလည်း ပြန်လည်ပိတ်ပင် ခြင်း၊ ဦးနေ၀င်း၏သမက် ဦးအေး ဇော်ဝင်းနှင့် မြေးသုံးယောက်ဖြစ် သည့် အေးနေ၀င်း၊ ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့ကို နိုင်ငံတော် အာဏာ သိမ်းရန် ကြံစည်မှု၊ နိုင်ငံတော် လုပ်ကြံမှုနှင့် ၂၀၀၂ ခုနှစ် မတ်လ ၇ ရက်တွင် ဖမ်းဆီးအရေးယူမှု၊ ဦးနေ၀င်းနှင့် သမီးဖြစ်သူ ဒေါ်ခင် စန်္ဒာဝင်းတို့ကို နေအိမ်အကျယ်ချုပ် ချထားမှု စသည့်ကိစ်္စများကို မိမိ၏ အာဏာနှင့်ရာထူးကို ထိခိုက်မည်စိုး ၍ တစ်လုံးတစ်ပါဒမှ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေကို ပြန်မပြောရဲသည့် အပြင် ၎င်းင်းလုပ်ရပ်မှန်သမျှ ခေါင်း ညိတ် လုပ်ကိုင်ပေးခဲ့သည်။

FATHER OF SINGAPORE လီကွမ်ယု


အင်းဝ မီဒီယာ added 3 new photos.

FATHER OF SINGAPORE
လီကွမ်ယု
စင်ကာပူနိုင်ငံ ချမ်းသာသောနိုင်ငံဖြစ်အောင် ဦးစီးဆောင်ရွက်ခဲ့သော လီကွမ်ယု-သည် လီမျိုးနွယ်ဝင်
ဟတ်ကာတရုတ်လူမျိုးမှ ဆင်းသက်လာသူဖြစ်သည်။ ၁၉၂၃-ခုနှစ် စက်တင်ဘာလ ၁၆-ရက်နေ့တွင်
စင်ကာပူ၌ မွေးဖွားခဲ့သည်။ လီကွမ်ယု၏ ဘိုးဘွားများသည် ၁၉-ရာစုနှောင်းပိုင်းမှစ၍ စင်ကာပူနိုင်ငံ၌
စတင်အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ကြွယ်ဝချမ်းသာသော မျိုးနွယ်မှ ဆင်းသက်လာခဲ့သော လီကွမ်ယုသည် ထိုခေတ်က အထက်တန်းကျသည့် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော စာသင်ကျောင်းများသို့

*** မကောင်းမှုရှောင် ကောင်းမှုဆောင်၍ ***

*** မကောင်းမှုရှောင် ကောင်းမှုဆောင်၍ ***

သူငယ်ချင်း....

လူဆိုတာမျိုးကမကောင်းမှုမှာမွေ့လျော်ကြသလို
မကောင်းမှုလုပ်ဖို့ပျော်ပိုက်ကြတယ်။

ကိုယ့်အပေါ်မကောင်းတဲ့သူကိုမှတမ်းတတတ်တယ်။

ကိုယ့်အပေါ်သစ္စာဖောက်သွားသူကိုမှလွမ်းနေတတ်
တယ်။

ကိုယ့်နောက်ကျောဓားနဲ့ထိုးတဲ့သူကိုမှယုံကြည်တတ်
ကြတယ်။

ပျော်ရွှင်မှု ဆိုတာ....

ပျော်ရွှင်မှု ဆိုတာ....

သူများကို ဒုက္ခပေးပြီးမှ ကိုယ်ပျော်တယ်ဆိုတာ
အောက်တန်းစားအလုပ်ပါ။

သူများကို မျက်ရည်ကြီးငယ်ကျစေပြီးမှ ကိုယ်ရယ်မောရတယ်ဆိုတာ
အတ္တကြီးပြီး ကိုယ်ချင်းမစာတတ်တဲ့ လူတွေအလုပ်ပါ။

သူများကို အရှက်ကွဲစေပြီးမှ ကိုယ့်ဂုဏ်သိက္ခာတက်တယ်ဆိုတာ
အရည်အချင်းမရှိသူတွေ အလုပ်ပါ။

တရုတ်မိန်းကလေးတစ်ယောက်ကို ချစ်မိရင် နားလည်သဘောပေါက်ထားသင့်တဲ့ အချက် ၁၀ ချက်

တရုတ်မိန်းကလေးတစ်ယောက်ကို ချစ်မိရင် နားလည်သဘောပေါက်ထားသင့်တဲ့ အချက် ၁၀ ချက်
၁။ တရုတ်မိန်းကလေးအများစုဟာ နားလည်ရခက်တဲ့ စာအုပ်တစ်အုပ်လိုပဲ ပွင့်လင်းမှု မရှိကြပါဘူး။ သူတို့ဟာ မင်းကို အချိန်ယူစောင့်ကြည့်ပြီးမှ အနည်းငယ် ယုံကြည်လာပါလိမ့်မယ်။ အဲ့အခါကမှ မင်းကို သူတို့ရဲ့ အိမ်မက်တွေ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြလာပါလိမ့်မယ်။ ဒီလိုတွေ ပြောလာလို့ မင်းနဲ့ ရင်းနှီးလာပြီထင်ပြီး သူမရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေတော့ သွားမမေးပါနဲ့။ ဒါဟာ သူတို့အတွက်တော့ မယဉ်ကျေးတဲ့ သဘောကို ဆောင်ပါတယ်။ သူတို့ဟာ ခင်မင်တဲ့ လူအပေါ် အပြန်အလှန် ရင်နှီးတဲ့ အမူအရာတွေ ပြသတတ်ပါတယ်။ ဒီ့ထက်ပိုပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သင့်ကို ပြောပြလာပြီဆိုရင်တော့ သူမဟာ သင့်ကို စတင်လက်ခံလာပါပြီ။

ကီးဘုတ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9 Function keys များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်

 
 
ကီးဘုတ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9
Function keys များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်
=======================

F1 = ဖွင့်ထားတဲ့Application မှာ မိမိမသိတာ ရှိတဲ့အခါ အကူအညီတောင်းလို့ ရပါတယ်။( Help Screen ပေါ်လာပါလိမ့်မည်။)

F2 = ဖိုင်တစ်ခုကိုရွေးပြီး F2 ကို နှိပ်ပါက ဖိုင်အမည်အား အလွယ်တကူ ပြောင်းလို့ရပါလိမ့်မည်။

F3 = ဖွင့်ထားသည့် Application တစ်ခုမှာ စာသား Text တစ်ခုခုရှာဖို့အတွက် အသုံးဝင်ပါတယ်။

F4 = လက်ရှိဖွင့်ထားသည့် Application ဖိုင်ကို ပိတ်လိုလျှင် F4 အား နှိပ်လိုက်ပါ။ပိတ်သွားပါလိမ့်မည်။

F5 = F5 အား များများ နှိပ်ပေးလေ စက်ကို ပိုမို မြန်ဆန် သွက်လပ်စေပါသည်။ (Refersh)

လူငယ်နှင့် ခေတ်သစ်ပြဿနာ(၃)ရပ်


နယူတန်က ပြောဖူးပါတယ်။
“If I have seen further, it is by standing upon the shoulders of giants.”
“ငါ တကယ်လို့ ပိုပြီး ဝေးဝေးမြင်လာတယ် ဆိုရင် အဲ့ဒါ ငါ့ရှေ့ကမျိုးဆက်ရဲ့ ပခုံးပေါ် တက်ကြည့်ခွင့် ရလို့သာဖြစ်တယ်” တဲ့။ဟိုတစ်ပတ်က ဆေးတက္ကသိုလ်(၁)က ပထမနှစ် ကျောင်းသားကျောင်းသူတွေ ဦးဆောင်စီစဉ်တဲ့ စာကြည့်တိုက်ဖွင့်ပွဲလေးမှာ ဖိတ်ကြားခံရလို့ သွားဟောပြောဖြစ်ပါတယ်။ အင်မတန် တက်ကြွတဲ့ လူငယ်လေးတွေပါ။ သူတို့ဟာသူတို့ ကျောင်းထဲက အခန်းတစ်ခုကို ပါမောက္ခချုပ်ဆီ တောင်းတယ်၊ စာအုပ်တွေ စုဆောင်းတယ်၊ ဆရာတွေဆီက အလှူခံတယ်၊ ကျောင်းသားအချင်းချင်းလည်း လှုံ့ဆော်တယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်ကျေနပ်လိုက်တာ။ လွန်ခဲ့တဲ့ ၁၁နှစ်၊ ကျွန်တော်တို့တုန်းက ဒီိလိုစာကြည့်တိုက် လုပ်ဖို့ မပြောနဲ့၊ စာမေးပွဲအမှတ်များဖို့ပဲ ခေါင်းထဲရှိတယ်။ အခွင့်အရေးလည်း မရခဲ့ဘူး။

ကင်မရာ တစ်လုံးဝယ်တော့မယ်ဆိုရင် …..


တစ်ကယ်လို့ သင်ဟာဓတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက်ဆိုပါစို့ ။ လက်ထဲမှာလည်းပိုက်ဆံလေးက အသင့်အတင့်ရှိမယ် ။ သူများတွေလို ကင်မရာလေးကိုင်ပြီး ဓာတ်ပုံကောင်းကောင်းလေးကလည်းရိုက်ချင်တယ်။ ဘယ်လိုကင်မရာ ၀ယ်ရမလဲ ? ဘယ်လိုမှန်ဘီလူးသုံးရမလဲ? ပိုက်ဆံကော ဘယ်လောက်သုံးရမလဲ မသိဖြစ်နေတဲ့ ဓာတ်ဆရာ ပေါက်စတွေ အတွက် အခရာကနေ ဘယ်လို လုပ်သင့်လဲ ဆိုတာ အခရာကနေ အကြံပြုလိုက်ပါတယ်။
ဟုတ်ပြီ ဒီတော့ ကိုယ်က ဓာတ်ပုံရိုက်တာလည်း ၀ါသနာပါတယ်။ ဘာကင်မရာဝယ်ရမလဲဆိုတာလည်းမသိ Brand လည်းမသိဘူးဆိုရင်တော့ အရင်ဆုံး ကိုယ့်ဘာသာ သေချာပြန်စဉ်းစားပါ။

ဤစာကို မျက်မှန်မတပ်ခင် ဖတ်ဖြစ်အောင်ဖတ်ပါ

ဤစာကို မျက်မှန်မတပ်ခင် ဖတ်ဖြစ်အောင်ဖတ်ပါ
---------------------------------

တစ်ပြားမှ မရှိချိန်မှာ သည်းခံနိုင်တဲ့လူကို ကျွန်တော် သတိပြုမိတတ်သလို အကုန်ရှိနေခ်ျိန်မှာ မောက်မာတဲ့သူကိုလည်း ကျွန်တော့် အနေနဲ့ သတိပြုမိတတ်တယ်။ ငွေရှိတိုင်း ကျွန်တော် အထင် မကြီး တတ်ပါဘူး။ ရှိတဲ့ငွေကို လိုအပ်မှထုတ်သုံးပြီး နှိမ့်ချစွာ နေထိုင်နိုင်သူ ကိုတော့ ကျွန်တော် အထင်ကြီးတယ်။ ဒီလိုပဲ ရာထူးကြီးမားနေတဲ့လူတစ်ယောက်ကို ရိုကျိုးစရာလို့ မမြင်ခဲ့ဖူးဘူး။ သို့သော် သဘောထားကြီးတဲ့ လူသားတိုင်းကို ကျွန်တော်ရိုကျိုးမိတယ်။ ပညာမတတ်ပေမယ့် ရိုးသားတဲ့ လူတစ်ယောက်ကို ပညာတတ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် ထက် ပို မြတ်နိုးတတ်တယ်။

အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ???????

အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ???????

အောင်မြင်ဖို့နဲ့ ကျွန်တော်တို့တွေ ကိုယ်ဖြစ်ချင်တဲ့သူတွေ ဖြစ်နိုင်ဖို့ ကြိုးစားကြတဲ့အခါ တစ်ခါတစ်လေမှာ အများကြီး လုပ်ဖို့ မလိုပါဘူး။ တစ်ချို့အရာတွေကို စွန့်လွှတ်လိုက်ရုံပါပဲ။

၁။ မကျန်းမာစေတဲ့ ဘဝနေထိုင်မှုကို စွန့်လွှတ်လိုက်ပါ။

Jim Rohn က ပြောပါတယ်။
မင်း ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ဒါဟာ မင်းနေထိုင်ရမဲ့ တစ်ခုတည်းသော နေရာပါပဲ။ တဲ့

ကျွန်တော်တို့ဘဝမှာ လိုချင်တဲ့အရာတွေ ရနိုင်ဖို့ ဒီနေရာက စတင်ပါတယ်။ ပထမဆုံး ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရပါမယ်။ အဲ့ဒီမှာ နှစ်ခုရှိပါတယ်။
တစ်ခုကတော့ ကျန်းမာစေတဲ့ အစားအစာတွေ စားတာနဲ့ ကျန်းမာစေမဲ့ လေ့ကျင့်ခန်းတွေ လုပ်တာပါ။

ဒါဟာ သေးငယ်တဲ့ ခြေလှမ်းလေးဖြစ်ပေမဲ့ တစ်နေ့မှာတော့ မင်း ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိမှာပါ။

*** ပွင့်​​သောပန်းတိုင်း​မွှေး​စေချင်​ ***

*** ပွင့်​​သောပန်းတိုင်း​မွှေး​စေချင်​ ***

ညီမလေး....

* တန်ဖိုးရှိတဲ့မိန်းကလေးတယောက်ဖြစ်ဖို့...

၁။ မာနရှိရမယ်။
ဒါပေမဲ့..
ရှိသင့်ရှိအပ်တဲ့မာနဘဲရှိရမယ်။
မလိုအပ်တဲ့မာနတွေကမင်းကိုဘဝင်မြင့်နေတဲ့
သူလို့အထင်ခံရစေလိမ့်မယ်။

ကိုယ်တိုင်တိုင်းပေတံ

ကိုယ်တိုင်တိုင်းပေတံ

လူမှန်လျှင် ပေတံ ရှိစမြဲ ဖြစ်သော်လည်း ကိုယ်ပိုင်ပေတံ ရှိလျှင် အကောင်းဆုံးဖြစ်သည်။ အထူးသဖြင့် အခြားသူတို့ မလုပ်ဖူး သေးသော အလုပ်ကို လုပ်မည့်သူ၊ မကြံစည်ဖူးသေးသော အကြံကို ကြံစည်မည့်သူ၊ မသွားဖူးသေးသော လမ်းကို ဖောက်မည့်သူ လျှောက်မည့်သူ တို့သည် ကိုယ်ပိုင်ပေတံ အဆောင်သင့်ဆုံးသူများ ဖြစ်သလို ဆောင်မည့်ဆောင်လျှင် ပေတံကောင်းကိုသာ ဆောင်သင့်သည်။

ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း


အာကာသ နှင့် စကြ၀ဠာ added 4 new photos.

>>>ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း<<<
ဇာတက ဝထ္ထုများမှာ နှမ်းခိုးစားသောမင်းသားကို ဆရာက ရိုက်နက် ဆုံးမတဲ့ သာဓက ရှိပါတယ်။ ယနေ့ခေတ်မှာလည်း မိဘ ရဲ့ စား၊ ဝတ်၊ နေ ရေး အခြေအနေအရ (သို့မဟုတ်) ကလေးရဲ့ စိတ်ခံစားချက်၊ ဗီဇ ပတ်ဝန်းကျင်အရ ဆိုးချင် မိုက်ချင်တဲ့ ကလေးတွေရှိပါတယ်။ ဒီကလေးတွေကို ရိုက်နှက်ခြင်း မပြုပဲ ဘယ်လို စာသင်ကြမလဲ..??

ရိုးအလွန်းရင်အနိုင်ကျင့်ခံရတတ်တယ်..

#ယုံလွယ်လွန်းရင် အလိမ်ခံရတတ်တယ်..
သံသယထားလွန်းရင်လည်းစိတ်ပင်ပန်း
တတ်တယ်။
#ရိုးအလွန်းရင်အနိုင်ကျင့်ခံရတတ်တယ်..
လည်လွန်းရင်လည်းလူတွေအမြင်မှာမျက်စိစပါးမွှေးစူးတတ်တယ်။
#အောက်ကျို့ခံလွန်းရင်လူမလေးစားတတ်ဘူး...
မာနထောင်လွှားလွန်းရင်လည်း လူမုန်းများ
တတ်တယ်။
#အလိုက်သိလွန်းရင် မတရားအခိုင်းခံရ
တတ်တယ်။
ဖာသိဖာသာနေလွန်းရင်လည်းလူတွေအ
မြင်ကပ်တယ်။

တောင် နဲ့ မြောက်ကိုရီးယားဟူ၍ နှစ်ပိုင်းကွဲခဲ့သောအကြောင်းရင်း နှင့် ကိုရီးယားစစ်ပွဲ


ကိုရီးယားကျွန်းဆွယ် အခုလို နှစ်ပိုင်းကွဲသွားရခြင်းမှာ ဒုတိယကမ္ဘာစစ် မတိုင်မီ ကိုရီးယားကို ကိုလိုနီနယ်အဖြစ် အုပ်စိုးခဲ့သည့် ဂျပန်တို့က ၁၉၄၅ ခုနှစ်တွင် စစ်ရှုံးခဲ့ရသည့် ပယောဂကြောင့်ဆိုလျှင် မှားမည်မထင်ပါ။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ လောက်က ယော်လတာမြို့၌ ကျင်းပခဲ့သော မဟာမိတ်နိုင်ငံကြီးများ၏ ညီလာခံတွင် ကိုရီးယားအရေး၌ စစ်ဆင်မှုလွယ်ကူစေရန် မြောက်လတ္တီတွဒ် မျဉ်းကြောင်း ၃၈ ဒီဂရီ၏ မြောက်ဘက်ပိုင်းကို ဆိုဗီယက်တပ်များက သိမ်းယူရန်နှင့် တောင်ဘက်ပိုင်းကို အမေရိကန်တပ်များက သိမ်းယူရန် သဘောတူညီခဲ့ကြသည်။ ဤအစီအစဉ်မှာ သေနင်္ဂဗျူဟာနည်းအရ စစ်ဆင်မှု လွယ်ကူစေရန် အကြမ်းဖျင်း ပြဋ္ဌာန်းခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသောအခါ မဟာမိတ်နိုင်ငံကြီးများ၏ အမြင်တိုမှုကြောင့် ထိုနယ်နမိတ်အတိုင်းပင် ကိုရီးယားနိုင်ငံသည် မြောက်ပိုင်း၊ တောင်ပိုင်း ကွဲပြားလျက် ယနေ့တိုင် တည်ရှိနေရသည်။

ကြောက်လွန်းလို့ သေးပါထွက်တယ်ဆိုတဲ့ စကား ကျွန်တော်တို့ ကြားဖူးတယ်။

ကြောက်လွန်းလို့ သေးပါထွက်တယ်ဆိုတဲ့ စကား ကျွန်တော်တို့ ကြားဖူးတယ်။

ဒါပေမဲ့ ကြောက်လို့ သွေးထွက်တယ်ဆိုတဲ့ စကားကတော့ ဆန်းမယ်ထင်တာပဲ။

ပျစားပိုးကောင် ( Ladybug ) တွေအတွက်တော့ မဆန်းဘူး ။

ဘာလို့ဆို သူတို့က ရန်သူခြောက်လှန့်ခံရတာနဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ ထွက်လာတာတော့တာလေ ။ လိမ္မော်ရောင်သွေးတွေ။

လူလေးကြီးရင် ဘာလုပ်မယ် မေမေ မေးရင်ကွယ်📍

📍လူလေးကြီးရင် ဘာလုပ်မယ်
မေမေ မေးရင်ကွယ်📍
•===•===•===•===•===•

🛑လူလေး (၁) အကြောင်း

-အသက် ၈ နှစ်လောက်ကတည်းက ဖေဖေ ဟန်ပါပါနှင့် ဆေးလိပ်ဖွာတာကို လူလေး အမြဲ သဘောကျမိသည်။ လူလေး ၁၂ နှစ်ပြည့်တော့ ဆေးလိပ် စတင်ခိုးသောက်သည်။ ကြိုက်၍ ဆက်သောက်သည်။ အသက် ၂၅ တွင် သွေးတိုးရောဂါစ ရသည်။ အသက် ၃၆ တွင် နှလုံးသွေးကြောပိတ်၍ ရုတ်တရက်ဆုံးပါးသည်။

လွဲမှားနေသောတောင်းဆိုချက်များ

လွဲမှားနေသောတောင်းဆိုချက်များ

ကျနော်တို့နိုင်ငံမှာ. .
ဥာဏ်မမှီဘူးဆိုတဲ့စကား. . .
ခဏခဏသုံးကြတယ်. . .

ဘယ်နေရာမှာအသုံးများသလဲ. . .
ဘာသာရေးမှာအသုံးများတယ်. . .
ဘာသာရေးဟာ. . တစ်ခုခုကိုနားလည်ဖို့. . .
ဥာဏ်မှီအောင်အရင်ဆုံးတောင်းဆိုတယ်. . . .
ဒါဟာသဘာဝကျရဲ့လား. .
ဖြစ်သင့်ရဲ့လား. . .

"အားနာတတ်တာကို စီမံခန့်ခွဲပါ"

"အားနာတတ်တာကို စီမံခန့်ခွဲပါ"

လွန်ခဲ့တဲ့ ၃ရက်လောက်က ကျနော် ရန်ကုန်ကိုရောက်တော့ မိသားစုနဲ့  ညစာစားဖို့ စီစဉ်တယ်၊ ညီအရင်းလိုချစ်ရတဲ့ ညီငယ်တစ်ယောက်ကို မတွေ့ရတာကြာလို့  ညစာအတူစားရအောင် လှမ်းခေါ်လိုက်တယ်။သူနဲ့က လွန်ခဲ့တဲ့ အနှစ်၂၀လောက်ကထဲက အတူတူနေခဲ့ ကြတာ၊အခု သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့် ခွဲနေတဲ့ သူတစ်ယောက်ဖြစ်နေပြီ။။ သူကလဲ "အကိုကြီးနဲ့ သိပ်တွေ့ချင်တယ်..လာမယ်"..လို့  ဝမ်းပန်းတသာပဲ ပြောတယ်။ ဒါနဲ့ ကျနောတို့ ည ၇နာရီလောက် ညစာ စစားကြတယ်၊ ၈နာရီ ခွဲ လောက်မှ သူမောမောပန်းပန်းရောက်လာတယ်.."အကိုကြီးရေ..ညနေကျမှ customer တစ်ယောက်ရောက်လာလို့ သူ့ကိုလဲ အားနာ၊ အကိုကြီး နဲ့ တွေ့ ချင် နဲ့ ..အလုပ်ကို အမြန်ပြီးလုပ်ပြီးမှ ထွက်ခဲ့ ရတယ်"လို့ ရောက်ရောက်ချင်းပြောတယ်၊ကျနော်က "တို့ ညီအကိုက နောက်နေ့မှ တွေ့ လဲ ရတာပဲကွာ"..ဆိုတော့  "အကိုကြီးလဲ အားနာတယ်"..တဲ့ ။ ဒါက သူငယ်ငယ်ကတဲက အကျင့် ၊ အလွန်အားနာတတ်တာ..။

မချမ်းသာလိုက အောက်ပါအချက် (၁၀)ချက်ကို လိုက်နာပါ👇👇👇

မချမ်းသာလိုက အောက်ပါအချက် (၁၀)ချက်ကို လိုက်နာပါ👇👇👇
*****************************************************************

လူမှန်ရင် ကြီးပွား ချမ်းသာ ချင်ကြပါတယ်။ လူတိုင်းမှာလည်း ချမ်းသာ ကြွယ်ဝနိုင်တဲ့ အခွင့်အရေး တွေရှိကြတယ်လို့ မီလျံနာ တွေအကြောင်း ရေးသားခဲ့ဖူးတဲ့ စာရေးဆရာ Steve Siebold က ပြောဖူးပါတယ်။ ဒါပေမယ့်လည်း လူတိုင်းတော့ အဲဒီ အခွင့်အရေး တွေကို မဆုပ်ကိုင်ကြပါဘူး။ ဘယ်တော့မှမချမ်းသာနိုင်မယ့် အခုဖော်ပြမယ့် လက္ခဏာရပ် တွေ သင့်ဆီမှာ ရှိနေရင်အခုပဲ စွန့်လွှတ်လိုက်ပါ။

ဒီလိုအလုပ်ရှင်မျိုးနဲ့ အလုပ်မလုပ်ပါနဲ့

 
 
ဒီလိုအလုပ်ရှင်မျိုးနဲ့ အလုပ်မလုပ်ပါနဲ့
++++++++++++++++++++++

အလုပ်ရှင်ဖြစ်ဖြစ်၊ သူဋ္ဌေးဖြစ်ဖြစ်၊ မန်နေဂျာဖြစ်ဖြစ်၊
အောက်ပါအကျင့်များပါရှိတဲ့ လူများရဲ့ အောက်မှာ အလုပ်လုပ်ရရင်
ထွက်လိုက်တာပဲ ကောင်းပါတယ်။
အောက်ပါအချက်များနဲ့ ကိုယ်အလုပ်လုပ်တဲ့နေရာမှ
ကိုယ့်အလုပ်ရှင်ကို တိုင်းတာလို့ ရသလို
ကိုယ်သာ အလုပ်ရှင်ဖြစ်ခဲ့ရင်လည်း စမ်းစစ်လို့ ရအောင်တင်လိုက်ပါတယ်။

အိပ်မက်ကြီးကြီး မက်ပါ

#အိပ်မက်ကြီးကြီး မက်ပါ

ကမ္ဘာပေါ်မှာ အောင်မြင်နေကြသူတွေဟာ မအောင်မြင်ခင်ကတဲက အိပ်မက်ကြီးကြီး မက်ခဲ့ကြသူတွေပါ။ အိပ်မက်ဆိုတာ သူများတွေက မဖြစ်နိုင်ဘူးလို့ ထင်ကြတဲ့ အရာကို ရယူပိုင်ဆိုင်လိုခြင်းပါ။ ဘီလ်ဂိတ်၊ စတိဗ်ဂျော့၊ ရစ်ချတ်ဘရင်ဆန်၊ ဂျက်မား၊ ဇူကာဘတ်စသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် သူတို့ဟာ အိပ်မက်ကြီးကြီးတွေ မက်ခဲ့ကြတယ်ဆိုတာ သိနိုင်ပါတယ်။

Wednesday, September 27, 2017

အမှိုက်သိမ်းသမားကနေ ဘီလျံနာဖြစ်သွားတဲ့ Midas Touch တန်ခိုးပိုင်ရှင်


ဝန်ဟိုင်ဇင်းဂါး အမေရိကန်စီးပွားရေးလောကမှာ အကြီးအကျယ်ဆုံး အကြံညဏ်ထုတ်တတ်သူလို့ ခေါ်ကြတယ်။ သူ့မှာ ကျရှုံးပြိုလဲတော့မယ့် စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်အောင်မြင်အောင်စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိလို့ပါ။ နောက်ပြီးသူ့ကို Midas Touch တန်ခိုးပိုင်ရှင်တစ်ယောက်လို့ လူတွေက တင်စားခေါ်ဝေါ်ကျတယ်။ Midas Touch ဆိုတာ ရှေးခေတ်ဂရိပုံပြင်တွေထဲက မီးဒတ်စ် (Midas) ဆိုတဲ့ ဘုရင်တစ်ပါးဟာ သူ့လက်နဲ့ထိကိုင် (Touch) လိုက်တဲ့ အရာမှန်သမျှရွှေအဖြစ် ပြောင်းလဲသွားတာကို ရည်ညွှန်းထားတာပါ။ ဒီလိုပဲ ၀ိန်းလုပ်လိုက်တဲ့စီးပွားရေးလုပ်ငန်းတွေ မှန်သမျှဟာ အ၇မ်းအောင်မြင်သွားတာကြီးပဲ။

ငွေပန်း စိုက်ပျိုးနည်း


အပင်သဘာဝ အမြင့်ပေ ၃ ပေ မှ ၄ ပေ အထိ အမြင့်ရှိ၍ အမြစ်ဥတက်မှ ပင်စည်များ ပွားများထွက်ပြီး သားတက်များ ပွားလေ့ ရှိသည်။ အပွင့်အရောင် အဖြူဖြစ်၍ ပင်စည်ရိုးတံ ထိပ်တွင်စု၍ တစ်ပင်လျှင် ၁ ပွင့် မှ ၁၀ ပွင့်အထိ ပွင့်လေ့ ရှိသည်။ နေ့စဉ် နံနက် ည အပွင့်များ ပွင့်လေ့ ရှိသည်။ ရေမပြတ်ပေးလျှင် ပိုမို ပွင့်စေပါသည်။
အမျိုးအစား
ငွေပန်းသည် ဗုဒ္ဓသရဏံ အပင်မျိုးကဲ့သို့ စေ့ရွက်ထီးရှိသော အမျိုးအစားဖြစ်သည်။ အရွက်ပြား၍ အမြစ်ဥတက်မှ မျိုးပွားစိုက်ပျိုးလေ့ရှိသည်။
အနီးစပ်ဆုံးမျိုး နှစ်မျိုးမှာ -
၁။ Hedy-Chium Eoronarium (ရွှေပန်း)
၂။ Hedy-Chium Spicatum (ငွေပန်း)
မြန်မာအမည် - ငွေပန်း

"#ကဲ__ဆဲချင်ကြသေးလား"

"#ကဲ__ဆဲချင်ကြသေးလား"
**************
ရဟန္တာထေရီမကြီး နှစ်ပါး ထိုင်နေတဲ့အချိန်မှာ တစ်ပါးက မေးတယ်။
အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲနဲ့
ဘာကြောင့် အိမ်ထောင်မပြုတာလည်းဆိုတော့
တစ်ပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။

သူဟာ~~~
ဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။
ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းက ကုန်ကူးသွားတော့
သူ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။

"ရင်နာလိုက်တာ"

"ရင်နာလိုက်တာ"
+++++++++++

အိုမင်းမစွမ်းတော့လို့ သားသမီးကိုမှီခိုရတဲ့အချိန်ကျမှ ငါတို့ကို ငြိုငြင်နေကြပြီပေါ့ မိဘတိုင်း သားသမီးကို မကောင်းဘူးတဲ့လား။

ကိုးလလွယ် ဆယ်လဖွား စောင့်ရှောက်ခဲ့ရတဲ့ ဒုက္ခတွေကို ဘယ်လိုပင်ပန်းစွာ ဖြတ်သန်းခဲ့ရတယ်ဆိုတာ မင်းတို့လေးတွေ နားမလည်နိုင်ပါဘူးလေ။

မင်းတို့ ပညာတတ်ကြီးတွေဖြစ်အောင် သင်ပေးခဲ့ရတဲ့ ပညာတွေ ငယ်ငယ်ကအမှားပေါင်းများစွာကျူးလွန်ခဲ့လို့ အမှန်ကိုပြင်ပေး သင်ပေးခဲ့ရတာတွေ အများကြီးပါ ငါတို့ အသက်ကြီးလို့ မှားယွင်းခဲ့တဲ့အခါကျတော့မှ ငါတို့ကို ပြင်ပေးဖို့ မစဉ်းစားပဲ အပြစ်ပြောကြပြီပေါ့။

သကြားထက် ချိုသောအရာ

ဒီပိုစ့်လေးကို စ/ဆုံး ဖတ်စေချင်တယ် အရမ်းကောင်းပါတယ်......

သကြားထက် ချိုသောအရာ
=====================

အသက် အတော်ကြီး နေပြီ ဖြစ်တဲ့ လူကြီး တစ်ယောက် ဟာ အေးစက် မှုန်မှိုင်း နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခု ပေါ်မှာ ထိုင်နေ ခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲ ညစ်နွမ်း နေတဲ့ အ၀တ် အစား တွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန် ကာ လျှံကာ ကြည့်သွား ကြရုံက လွဲလို့ ဘယ်သူ ကမှ အရေး တယူ မရှိ ကြပါ။ ဟုတ်ပါ တယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်း စားသောက် နေတဲ့ သူ့လိုလူ တစ်ယောက် ကို ဘယ်သူ ကများ ဆေးဖော် ကြောဖက် လုပ်ချင် ပါ့မလဲ။ ရေခဲလု မတတ် အေးချမ်း လွန်းတဲ့ ခုလို ချိန်မျိုးမှာ စုတ်ပြဲ နေတဲ့ သူ့ကုတ် အင်္ကျီ အဟောင်း လေး ထက် စာရင် နွေးနွေး ထွေးထွေး ထူထူ ထဲထဲ ရှိမဲ့ အင်္ကျီ မျိုးက သူ့ အတွက် သိပ်ကို လိုအပ် နေမှာ တော့ အမှန်ပါ။

ရင်ကိုစူးရှ ထိဝင်သွားသည့် ဇာတ်လမ်းလေး တစ်ပုဒ်

ရင်ကိုစူးရှ ထိဝင်သွားသည့် ဇာတ်လမ်းလေး တစ်ပုဒ်

ကျွန်မမှာ ကျွန်မထက် သုံးနှစ်ငယ်တဲ့ မောင်လေးတစ်ယောက် ရှိပါတယ်။ ကျွန်မတို့ဟာ ဆင်းရဲ လွန်းတာကြောင့် ကျွန်မတို့ ပတ်ဝန်းမှာ ရှိသော မိန်းကလေးငယ်လေး တွေအားလုံး လိုလိုမှာ ရှိကျတဲ့ လက်ကိုင်ပဝါ လေးတစ်ထည်တောင် မဝယ်နိုင်ရှာပါဘူး။ ကျွန်မလဲ သူများနည်းတူ လက်ကိုင်ပဝါလေး တစ်ထည်လောက် လိုချင်မိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မဟာ တစ်နေ့မှာ ဖေဖေ့ စားပွဲ အံဆွဲထဲက ပိုက်ဆံအနည်းငယ်ကို ဖေဖေမသိအောင် ခိုးယူမိပါတယ်။ ချက်ခြင်းဆိုသလိုပဲ ဖေဖေက ငွေပျောက် သွားတာကို သိပါတယ်။ ထို့ကြောင့်ဖေဖေက ကျွန်မကိုရော မောင်လေးကိုပါ နံရံကို မှီပြီး ဒူးထောက်စေပါတယ်။ လက်ထဲမှာလဲ ကြိမ်လုံးကို ကိုင်ထားပြီး
"ငါ့စားပွဲအံဆွဲထဲက ပိုက်ဆံ ဘယ်သူခိုးသလဲ"

ရေတွင်း ပြန်တူးကြည့်ပါ


တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတစ်တွင်း တူးပါတယ်။ အတောင် (၂၀)လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကိုမောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။
ဒါနဲ့ အမောဖြေနေတုန်း လူတစ်ယောက်ရောက်လာပြီး ပြောပါတယ်။
“ခင်ဗျားဗျာ ၊ ဒီလို နေရာမှာ ရေတွင်းတူးလို့ ဘယ်ရေတွေ့မှာလဲ။ လာ ကျွန်တော်ပြတဲ့နေရာမှာသာ တူးလိုက် ၊ အတောင် (၂၀)မပြည့်ခင် ရေမတွေ့ရင် ကျုပ်ကို ပြောချင်သလိုပြော” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြပါတယ်။

ဘ၀မှာ သင်ဘာကို အဓိကထားပြီး ရည်တည်နေသလဲ

 
 
ဘ၀မှာ သင်ဘာကို အဓိကထားပြီး ရည်တည်နေသလဲ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၁။ သစ္စာ ရှိခြင်း

အရည်အချင်းရှိသူထက် သစ္စာရှိသူကို အလုပ်ဋ္ဌာနတွေက ပိုပြီးအားကိုးကြပါတယ်။
ကုမ္မဏီ အပေါ် ဖြစ်ဖြစ်၊ ဋ္ဌာနအပေါ် ဖြစ်ဖြစ် သစ္စာ စောင့်သိသူများဟာ

က။ ခေါင်းဆောင်နေရာမှာနေပြီး ပြသနာကိုစဉ်းစားပေးလေ့ရှိတယ်။

ခ။ အထက်ကလူနဲ့ အတွေးအမြင်များ အမြဲတမ်းဖလှယ်ကြတယ်။

ဂ။ ဋ္ဌာနရဲ့ အကျိုးကို အစဉ်အမြဲ ကာကွယ်တယ်။

ဃ။ ဋ္ဌာနပိုမိုအကျိုးအမြတ်ရအောင် အမြဲ အားထုတ်တယ်။

င။ ပြင်ပမှ မြူဆွယ်မူ အမျိုးမျိုးရဲ့ ဒဏ်ကို ကြံကြံခံနိုင်စွမ်းရှိတယ်။

သ​ဘောထားပြည့်​ဝရဲ့လား

သ​ဘောထားပြည့်​ဝရဲ့လား
_____________________

တစ်ခါတုန်းက ပညာရှိ အဖိုးအို နေထိုင်တဲ့စမ်းချောင်းလေးဘေးက အိမ်ကလေးကို လူတစ်ယောက်ရောက်လာတယ် ။

“ အဖိုး ကျွန်တော်အဖိုးကို တစ်ခုမေးပါရစေ ”

“ မေးပါ လူလေး ”

“ ကျွန်တော်က ဟိုဖက်ခြမ်းမှာရှိတဲ့ရွာကလေးမှာ နေတဲ့ ရွာသားတစ်ယောက်ပါ ကျွန်တော့်ကို တစ်ရွာလုံးက ၀ိုင်းနှိမ်ကြပါတယ် အဖိုး
ကျွန်တော့်ကို ဆင်းရဲလို့လည်းနှိမ်ကြတယ် ရုပ်ဆိုးလို့လည်းနှိမ်ကြတယ် အရပ်ပုလို့လည်းနှိမ်ကြတယ် ကျွန်တော့်ရဲ့မျိုးရိုးကိုလည်းနှိမ်ကြတယ်"

"ကျွန်တော်က သဘောထားပြည့်ဝပါတယ် ဒါပေမယ့် ကျွန်တော်အရမ်းကို ဒေါသထွက်ရပါတယ် အဲဒီအတွက်ဘယ်လို တုန့်ပြန်ရမလဲဆိုတာ အဖိုးကိုလာမေးတာပါ ”

#ပြဿနာ စဉ်းစားနည်းသစ်

#ပြဿနာ စဉ်းစားနည်းသစ်

ဘဝမှာ စိတ်ဖိစီးမှု အရောက်စေဆုံးဟာ ပြဿနာတွေပဲဆိုတာကို လူတိုင်း သဘောတူကြမှာပါ။

ပြဿနာဆိုတာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ အကြီးအသေးစတာတွေ ကွာခြားကြပါတယ်။ ဒါပေမဲ့ ပြဿနာတွေအားလုံးမှာ တူညီတာတစ်ခုတော့ ရှိပါတယ်။ အဲဒါက ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလေလေ၊ ပြဿနာကို အဝေးဆီသို့ လွှင့်ပါးသွားစေချင်စိတ် များလေလေ ပြဿနာဟာ ပိုကြီးလာသလို ခံစားရတယ်။ စိတ်ဖိစီးသောက ပိုကြီးလာတယ်။

အဆိပ်ပြင်းတဲ့ ပဒူကောင်အကြောင်း နဲ့ သတိထားသင့်တဲ့အချက်များ


Written By ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
ပဒူကောင် ဆိုတဲ့ နာမည်ကို မကြာခဏကြားဖူးကြမှာပါ။ ဒီအကောင်ကိုက်လို့သေတဲ့ အကြောင်းတွေကိုလည်း မကြာခဏတွေ့ရတတ်ပါတယ်။ အလွန်အန္တရာယ်ရှိတဲ့ အကောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကဆို ဒီအကောင်အုပ်စုလိုက် ၀ိုင်းကိုက်တာကြောင့် လူပေါင်း ၂၁ဦး သေဆုံးခဲ့ရပါတယ်။ မြန်မာ မှာလည်း ရံဖန်ရံခါ ကြားရတတ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကဆို အင်ဂျင်နီယာလူငယ်လေးတစ်ဦးဟာ ပဒူကောင်အကိုက်ခံရလို့ သေဆုံးခဲ့တာဟာ တကယ်စိတ်မကောင်းစရာပါ။ သူဟာ တာဝါတိုင်သန့်ရှင်းရေးလုပ်ရင်း ပဒူကို ပျားအုံအမှတ်နဲ့ ထိုးချခဲ့တာကြောင့် ပဒူကောင်တွေရဲ့ ကိုက်ခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် ပဒူကောင်ကို မသိသေးတဲ့ မိတ်ဆွေများအတွက် ပဒူကောင်အကြောင်း နဲ့ ရှောင်ရမယ့် အချက်တွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။

အစားသောက်လေးတွေ ဆင်ချင်စားစို့ . . . . . .

 
 
အစားသောက်လေးတွေ ဆင်ချင်စားစို့ . . . . . .

နေ့ စဉ်စားသောက်နေသည့် အစားအစာများထဲတွင် မိမိခန္ဓာကိုယ်ကျန်းမာရေးအတွက် အားအင်နဲ့ အကျိုးများဖြစ်စေသလို ရေရှည်တွက် ကောင်းကျိုးနည်းပြီး ဆိုးကျိုးဖက်ဖြစ်ပေါ်တက်သည့်ကို လူများစွာ အစားအစာနဲ့  လူနေထိုင်မှု့ ပုံစံလေးများ သတိမထားမိကြတာလည်း ပါပါလိမ့်မည် ။ အစားအစာများတွင် အဆီများခြင်းသည့် လူကို အကောင်းဖြစ်ခြင်းထက် မကောင်းတာပိုများနေတယ်ဆိုတာ သိကြပါလိမ့်မည် ။ Cholesterol ကိုလက်စထော နည်းလွန်ရင်လည်း မကောင်းသလို များလွန်ရင်လည်း မကောင်းပါဘူး ။ နည်းသည့်အတွက်ကြောင့် အားအင်တွေလျော့နည်းခြင်း ၊ အရေပြားခြောက်ကပ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာဖြစ်သည့် စိတ်ကျခြင်း ဖြစ်တက်ပါတယ် ။

အတွင်းခံနဲ့ ပတ်သက်ပြီး လုပ်လေ့ရှိတဲ့အမှားများ

အတွင်းခံနဲ့ ပတ်သက်ပြီး လုပ်လေ့ရှိတဲ့အမှားများ

အမျိုးသမီးများအတွက် အတွင်းခံဝတ်ဆင်ခြင်းက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကာကွယ်ထားခြင်း တစ်မျိုးလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သတိမမူခဲ့ရင်တော့ ကျန်းမာရေး ပြဿနာ ဆိုးဆိုးရွားရွားတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာ၊ မှိုရောဂါတွေက အတွင်းခံဘောင်းဘီကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ဒါ့အပြင် ဒီရောဂါတွေရဲ့ နောက်မှာ သားအိမ်ရောဂါတွေနဲ့ သားသမီးမရနိုင်တဲ့အထိ ဖြစ်စေနိုင်တယ်ဆိုတဲ့ ဆိုးကျိုးတွေရှိတယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါကြောင့် အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး မိန်းကလေးတွေလုပ်လေ့ရှိတဲ့ အမှားလေးတွေကို ပြောပြချင်ပါတယ်။