#အိပ်မက်ကြီးကြီး မက်ပါ
ကမ္ဘာပေါ်မှာ အောင်မြင်နေကြသူတွေဟာ မအောင်မြင်ခင်ကတဲက အိပ်မက်ကြီးကြီး မက်ခဲ့ကြသူတွေပါ။ အိပ်မက်ဆိုတာ သူများတွေက မဖြစ်နိုင်ဘူးလို့ ထင်ကြတဲ့ အရာကို ရယူပိုင်ဆိုင်လိုခြင်းပါ။ ဘီလ်ဂိတ်၊ စတိဗ်ဂျော့၊ ရစ်ချတ်ဘရင်ဆန်၊ ဂျက်မား၊ ဇူကာဘတ်စသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် သူတို့ဟာ အိပ်မက်ကြီးကြီးတွေ မက်ခဲ့ကြတယ်ဆိုတာ သိနိုင်ပါတယ်။
လူဖြစ်တဲ့ တစ်ဘဝတာမှာ ကြီးကြီးကျယ်ကျယ် အောင်မြင်ချင်ရင် အိပ်မက်ကြီးကြီးမက်ပါ။ အိပ်မက်သေးသေး မက်လို့ ဘာမှဖြစ်မလာပါဘူး။ ဒီစကားကို ဘာကြောင့် ပြောသလဲဆိုတာကို သိချင်ရင် အောက်မှာ ရေးထားတဲ့ ဥပမာလေးကို ဖတ်ကြည့်ပါ။
တနေ့မှာ သင်ဟာ စားသောက်ဆိုင်တစ်ခုမှာ ဘီယာသွားသောက်တယ်။ အတော်လေးကြာတော့ ဆီးသွားချင်လို့ စားသောက်ဆိုင်ရဲ့ ရေအိမ်ထဲ ဝင်လိုက်တယ်။ ဆီးသွားမယ်လုပ်တုန်း သေးပေါက်ခွက်ထဲမှာ သေးစိုနေတဲ့ ၅၀ ကျပ်တန်တစ်ရွက်ကို တွေ့လိုက်တယ်။ သင်ဘာလုပ်မလဲ။ ပိုက်ဆံ ၅၀ ထဲကွာ။ လက်အပေခံပြီး ဆယ်ဖို့ မတန်ပါဘူးဆိုပြီး ဆီးသွားတာလုပ် ပြီးရင် ရေအိမ်ထဲက ပြန်ထွက်သွားမယ်။
တကယ်လို့ သင် ဆီးသွားမလို့ လုပ်တုန်းမှာ သေးပေါက်ခွက်ထဲမှာ တစ်သောင်းကျပ်တန် ငွေစက္ကူ ၅ ရွက်ကို တွေ့ရင် စောစောကလို ဂရုမစိုက်ဘဲ ဆီးသွားပြီး ပြန်ထွက်သွားပါ့အုံးမလား။ သင်ဟာ ပိုက်ဆံအတော်ချမ်းသာသူ မဟုတ်ရင် ကိစ္စပြီးတာနဲ့ အေးအေးဆေးဆေး ပြန်လှည့်ထွက်သွားမှာ မဟုတ်ဘူး။ သင့် ခေါင်းထဲမှာ စဉ်းစားမယ်။ ဒီငွေစက္ကူတွေကို လက်နဲ့ ကောက်ပြီး ပိုက်ဆံနဲ့ လက်ဆေးဇလုံမှာ ဆပ်ပြာနဲ့ သေချာဆေးရင် ကောင်းမလား။ ဆိုင်ထဲက ထမင်းစားတဲ့ တူတစ်စုံ တောင်းပြီး ပိုက်ဆံကို ညှပ်ယူဆယ်လိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် စားပွဲထိုးကောင်လေးကို လက်နဲ့ ကောက်ယူခိုင်းပြီး ပြီးမှ မုံဖိုးတစ်ထောင်လောက် ပေးလိုက်ရင် ကောင်းမလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီပိုက်ဆံကို ဆယ်ယူဖို့ သင်အမျိုးမျိုး စဉ်းစားပါလိမ့်မယ်။
ပိုက်ဆံတန်ဖိုးကွာသွားတဲ့အတွက်
အခြေအနေ မတူတော့ဘူး။ ပထမအခြေအနေမှာ တွေ့တဲ့ ပိုက်ဆံက မက်လောက်စရာ မရှိလို့
ဘာမှ မလုပ်ဘူး။ ဒုတိယအခြေအနေမှာ ပိုက်ဆံက မက်လောက်စရာမို့
ဘယ်လိုဆယ်ယူရမလဲဆိုတာကို စဉ်းစားတယ်။ အမျိုးမျိုးကြံဆနေတယ်။
ဒီအတိုင်းပါပဲ။ သင့်ရဲ့အိပ်မက်ဟာ ကြီးကျယ်တဲ့ အိပ်မက်မဟုတ်ရင် ခဏလုပ်ကြည့်မယ်။ ဖြစ်မလာရင် လက်လျှော့သွားမယ်။
ကြီးကျယ်တဲ့ အိပ်မက်ဆိုရင် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမျိုးမျိုး တွေးတောကြံဆမယ်။ ကြိုးစားလုပ်မယ်။ အခက်အခဲတွေ့ရင် ကျော်လွှားဖို့ ကြိုးစားမယ်။ ဘာဖြစ်လို့လဲ။ အိပ်မက်ကြီးကြီးဟာ မက်လောက်စရာကြီး ဖြစ်နေလို့ပါ။
ဗန်းမော်သိန်းဖေ
၂၉-၀၇-၂၀၁၇
ကမ္ဘာပေါ်မှာ အောင်မြင်နေကြသူတွေဟာ မအောင်မြင်ခင်ကတဲက အိပ်မက်ကြီးကြီး မက်ခဲ့ကြသူတွေပါ။ အိပ်မက်ဆိုတာ သူများတွေက မဖြစ်နိုင်ဘူးလို့ ထင်ကြတဲ့ အရာကို ရယူပိုင်ဆိုင်လိုခြင်းပါ။ ဘီလ်ဂိတ်၊ စတိဗ်ဂျော့၊ ရစ်ချတ်ဘရင်ဆန်၊ ဂျက်မား၊ ဇူကာဘတ်စသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် သူတို့ဟာ အိပ်မက်ကြီးကြီးတွေ မက်ခဲ့ကြတယ်ဆိုတာ သိနိုင်ပါတယ်။
လူဖြစ်တဲ့ တစ်ဘဝတာမှာ ကြီးကြီးကျယ်ကျယ် အောင်မြင်ချင်ရင် အိပ်မက်ကြီးကြီးမက်ပါ။ အိပ်မက်သေးသေး မက်လို့ ဘာမှဖြစ်မလာပါဘူး။ ဒီစကားကို ဘာကြောင့် ပြောသလဲဆိုတာကို သိချင်ရင် အောက်မှာ ရေးထားတဲ့ ဥပမာလေးကို ဖတ်ကြည့်ပါ။
တနေ့မှာ သင်ဟာ စားသောက်ဆိုင်တစ်ခုမှာ ဘီယာသွားသောက်တယ်။ အတော်လေးကြာတော့ ဆီးသွားချင်လို့ စားသောက်ဆိုင်ရဲ့ ရေအိမ်ထဲ ဝင်လိုက်တယ်။ ဆီးသွားမယ်လုပ်တုန်း သေးပေါက်ခွက်ထဲမှာ သေးစိုနေတဲ့ ၅၀ ကျပ်တန်တစ်ရွက်ကို တွေ့လိုက်တယ်။ သင်ဘာလုပ်မလဲ။ ပိုက်ဆံ ၅၀ ထဲကွာ။ လက်အပေခံပြီး ဆယ်ဖို့ မတန်ပါဘူးဆိုပြီး ဆီးသွားတာလုပ် ပြီးရင် ရေအိမ်ထဲက ပြန်ထွက်သွားမယ်။
တကယ်လို့ သင် ဆီးသွားမလို့ လုပ်တုန်းမှာ သေးပေါက်ခွက်ထဲမှာ တစ်သောင်းကျပ်တန် ငွေစက္ကူ ၅ ရွက်ကို တွေ့ရင် စောစောကလို ဂရုမစိုက်ဘဲ ဆီးသွားပြီး ပြန်ထွက်သွားပါ့အုံးမလား။ သင်ဟာ ပိုက်ဆံအတော်ချမ်းသာသူ မဟုတ်ရင် ကိစ္စပြီးတာနဲ့ အေးအေးဆေးဆေး ပြန်လှည့်ထွက်သွားမှာ မဟုတ်ဘူး။ သင့် ခေါင်းထဲမှာ စဉ်းစားမယ်။ ဒီငွေစက္ကူတွေကို လက်နဲ့ ကောက်ပြီး ပိုက်ဆံနဲ့ လက်ဆေးဇလုံမှာ ဆပ်ပြာနဲ့ သေချာဆေးရင် ကောင်းမလား။ ဆိုင်ထဲက ထမင်းစားတဲ့ တူတစ်စုံ တောင်းပြီး ပိုက်ဆံကို ညှပ်ယူဆယ်လိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် စားပွဲထိုးကောင်လေးကို လက်နဲ့ ကောက်ယူခိုင်းပြီး ပြီးမှ မုံဖိုးတစ်ထောင်လောက် ပေးလိုက်ရင် ကောင်းမလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီပိုက်ဆံကို ဆယ်ယူဖို့ သင်အမျိုးမျိုး စဉ်းစားပါလိမ့်မယ်။
ပိုက်ဆံတန်ဖိုးကွာသွားတဲ့အတ
ဒီအတိုင်းပါပဲ။ သင့်ရဲ့အိပ်မက်ဟာ ကြီးကျယ်တဲ့ အိပ်မက်မဟုတ်ရင် ခဏလုပ်ကြည့်မယ်။ ဖြစ်မလာရင် လက်လျှော့သွားမယ်။
ကြီးကျယ်တဲ့ အိပ်မက်ဆိုရင် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမျိုးမျိုး တွေးတောကြံဆမယ်။ ကြိုးစားလုပ်မယ်။ အခက်အခဲတွေ့ရင် ကျော်လွှားဖို့ ကြိုးစားမယ်။ ဘာဖြစ်လို့လဲ။ အိပ်မက်ကြီးကြီးဟာ မက်လောက်စရာကြီး ဖြစ်နေလို့ပါ။
ဗန်းမော်သိန်းဖေ
၂၉-၀၇-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။