ဘ၀မှာ သင်ဘာကို အဓိကထားပြီး ရည်တည်နေသလဲ
xxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxx
၁။ သစ္စာ ရှိခြင်း
အရည်အချင်းရှိသူထက် သစ္စာရှိသူကို အလုပ်ဋ္ဌာနတွေက ပိုပြီးအားကိုးကြပါတယ်။
ကုမ္မဏီ အပေါ် ဖြစ်ဖြစ်၊ ဋ္ဌာနအပေါ် ဖြစ်ဖြစ် သစ္စာ စောင့်သိသူများဟာ
က။ ခေါင်းဆောင်နေရာမှာနေပြီး ပြသနာကိုစဉ်းစားပေးလေ့ရှိတ ယ်။
ခ။ အထက်ကလူနဲ့ အတွေးအမြင်များ အမြဲတမ်းဖလှယ်ကြတယ်။
ဂ။ ဋ္ဌာနရဲ့ အကျိုးကို အစဉ်အမြဲ ကာကွယ်တယ်။
ဃ။ ဋ္ဌာနပိုမိုအကျိုးအမြတ်ရအော င် အမြဲ အားထုတ်တယ်။
င။ ပြင်ပမှ မြူဆွယ်မူ အမျိုးမျိုးရဲ့ ဒဏ်ကို ကြံကြံခံနိုင်စွမ်းရှိတယ်။
၂။ အလုပ်ကို လေးစားခြင်း
ခေတ်ကြီးက အလျင်အမြန်တိုးတက်လာတာနဲ့ အမျှ ပညာတတ်များပေါများလာပါတယ်။
ပညာရေးအရည်အချင်းနဲ့ ဘွဲ့ ဒီဂရီ တို့ဟာ လူတစ်ဦးကို အဆုံးအဖြတ်ပေးတဲ့
အဓိက အကြောင်းတရား မဟုတ်တော့ပါ။
အလုပ်ကို လေးလေးစားစား ရှိခြင်းဟာ အမြန်အဆန်ပြောင်းလဲနေတဲ့ခေတ်အတွက်
တန်ဖိုးအလွန်ရှိတဲ့ အရည်အချင်းတစ်ရပ်ဖြစ်လာပါတယ်။
အလုပ်ကို လေးစားသူများဟာ...
က။ အလုပ်လုပ်ခြင်းဟာ ပိုက်ဆံတစ်ခုတည်း အတွက်ကြောင့်မဟုတ်ပါ။
ခ။ ကိုယ်ရတာထက် အမြဲပိုလုပ်တတ်တဲ့အကျင့်ရှိကြပါတယ်။
ဂ။ အလုပ်အတွက် ပေးဆပ်ရတာ ပျော်ရွှင်ကြပါတယ်။
ဃ။ အလုပ်တက်ချိန်၊ အလုပ်ဆင်းချိန် တွေကို လစ်လျူရူ့တတ်ပြီး
အလုပ်ပြီးအောင်လုပ်ပြီးမှ နားတတ်ကြပါတယ်။
င။ အလုပ်အတွင်းမှာ ရှိတဲ့ သေးသေးမွှားမွှားကအစ အထူးဂရုပြုတတ်ကြတယ်။
၃။ တက်တက်ကြွကြွ ရှိခြင်း
က။ ပြောမှသိတယ်၊ ခိုင်းမှလုပ်တဲ့ လူစားမျိုးမဟုတ်ပါ။
တာဝန်ပေးတာကို စောင့်ဆိုင်းမနေတတ်ပဲ လိုအပ်တယ်ထင်ရင် အကုန်လုံး
ပြီးအောင်လုပ်ထားတတ်ပါတယ်။ သူတို့ဟာ..
က။ အလုပ်ကို ပြီးအောင်လုပ်ဖို့ထက် ကောင်းအောင်လုပ်ဖို့ ကိုပိုဦးစားပေးလေ့ရှိတယ်။
ခ။ အကောင်းဆုံးနည်းလမ်းကို အမြဲရှာကြံတွေးတောတတ်တယ်။
ဂ။ ထဲထဲဝင်ဝင် အလုပ်ထဲမှာ အာရုံနှစ်နေတတ်တယ်။
ဃ။ မျက်နာလိုမျက်နာရ အလုပ်မျိုး ရှောင်ရှားတတ်ကြတယ်။
င။ အပြုသဘောဆောင်တတ်ပြီး အခက်အခဲကို ကျော်လွှားနိုင်သူများဖြစ်ြ ကတယ်။
၎။ တာဝန်ယူခြင်း
တာဝန်ယူရဲခြင်းဟာ အလုပ်အောင်မြင်ဖို့ အတွက် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။
လူတစ်ဦးဟာ အရည်အချင်းအရ သူများထက် အားနည်း ရင် အားနည်း လို့ ရပါတယ်။
တာဝန်ယူတဲ့စိတ်ကတော့ သူများထက် အားမနည်းသင့်ပါ။
တာဝန်ယူရဲတဲ့ ၀န်ထမ်းတစ်ဦးဟာ အထက်ရဲ့ ယုံကြည်မူ ကို ပိုမိုရလွယ်ပါတယ်။
က။ တာဝန်တစ်ရပ်ရဲ့ အဓိက ဗဟိုချက်မဟာ တာဝန်ယူစိတ်ဖြစ်တယ်။
ခ။ ကိစ္စသေးသေးမျှင်မျှင်က အစ အကောင်းဆုံးဖြစ်အောင်လုပ် တတ်ကြတယ်။
ဂ။ ဆိုခဲစေ မြဲစေ၊ ပြောရင် ဖြစ်အောင်လုပ်တတ်တယ်။
ဃ။ တစ်ခုခု မှားယွင်းခဲ့ရင် အကြောင်းပြချက်မရှာဘူး၊
င။ ပြသနာ ဘော်လုံး ကိုယ့်ဆီရောက်လာခဲ့ရင် ကိုယ့်ဆီမှာ အဆုံးသပ်စေတယ်။
၅။ အကျိုးထိရောက်မူ
အကျိုးထိရောက်အောင် အလုပ်လုပ်တတ်ခြင်းဟာ လူတစ်ဦးရဲ့ အဓိက ပျိုးထောင်ရမဲ့ အရည်အချင်းဖြစ်တယ်။
က။ ကိုယ့်ဟာနဲ့ ကိုယ်လုံးခြာရိုက်ပြီး အကြောင်းမဲ့ အလုပ်ရူပ်နေတာမျိုးကို ရှောင်ရှားပါ။
ခ။ ဘာပဲလုပ်နေလုပ်နေ၊ အာရုံစူးစိုက်တတ်ပါစေ။
ဂ။ လအလိုက်၊ ရက်အလိုက် အစီအစဉ်များချမှတ်တတ်တဲ့ အကျင့်ရှိပါစေ။
ဃ။ အချိန်ဆွဲတတ်တဲ့ အကျင့်လုံးဝရှောင်ပါ။
င။ တစ်ကြိမ်လျင် အလုပ်တစ်ခုတည်းကို ပြီးအောင်အရင်လုပ်ပါ။ ပြီးဆုံးသွားမှ အခြားအလုပ်ကို ကူးပါ။
၆။ ရလဒ်
ကြောင်မဲဖြစ်စေ၊ ကြောင်ဖြူ ဖြစ်စေ၊ ကြွက်ခုတ်တတ်တဲ့ ကြောင်ဟာ ကြောင်ကောင်းဖြစ်ပါတယ်။
အလုပ်တစ်ခုကို ဒုက္ခခံပြီးပဲ လုပ်လုပ်၊ လိမ်မာ ပါးနပ်စွာပဲ လုပ်လုပ်
အကျိုးထိရောက်ဖို့ သာအရေးကြီးပါတယ်။ အဲဒါကြောင့် ဘာအလုပ်ပဲ လုပ်လုပ်...
က။ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆိုတာ ကြိုတင်စဉ်းစားထားခြင်း၊
ခ။ နည်းလမ်းဟာ ပြသနာထက် အမြဲများတယ်ဆိုတာကို ယုံကြည်ခြင်း၊
ဂ။ စည်းကမ်းရှိရှိ၊ နည်းလမ်းသိသိ ကြိုးစားတတ်ခြင်း၊
ဃ။ အခွင့်အရေးကို ဖမ်းထားနိုင်ဖို့ အမြဲ အဆင်သင့်ဖြစ်နေခြင်း၊
င။ မျှော်လင့်စောင့်ဆိုင်းခြင်းထက် ဖန်တီးမူကို ပိုမို အားသန်ခြင်း၊
စ။ တာဝန်ကို သပ်မှတ်ချိန်ထက် အမြဲ စောပြီး ပြီးဆုံးခြင်း၊
ရ။ ဆက်ဆံရေး
သင်ဟာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ ဘယ်လောက်ပဲ ပညာတတ်တတ်၊
ဆက်ဆံရေး အားနည်းလျင် ဘာမှ ဖြစ်လာအောင် စွမ်းဆောင်နို်င်မည် မဟုတ်ပါ။
ဆက်ဆံရေးကောင်းမွန်သူများဟာ အလုပ်လုပ်ရင်းနဲ့ ထူးချွန်လာအောင် သင်ယူဖို့ ပိုမို အခွင့်အရေး ရှိကြပါတယ်။
က။ ဆက်ဆံရေး ကောင်းမွန်ခြင်းနဲ့ အတင်းအဖျင်း ၀ါသနာပါခြင်း လုံးဝမတူညီပါ။
ခ။ စကားဆိုတာ နည်းလွန်းရင် မကောင်းပါ။ ထိုနည်းတူ များသွားရင်လည်း မကောင်းပါ။
ဂ။ မေးခွန်းထုတ်တိုင်း ကိုယ့်မှာလည်း အဖြေအဆင်သင့်ရှိနေဖို့ လိုပါတယ်။
ပိုမိုကောင်းမွန်တဲ့ နည်းလမ်းရဖို့ အတွက်သာ မေးခွန်းမေးလေ့ရှိတယ်။
ဃ။ အဝေဖန်ခံနိုင်တဲ့ အရည်အချင်းရှိတယ်။
င။ သဘောထားကြီးရပါမယ်။
၈။ နှိမ့်ချတတ်ခြင်း
ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ခြင်းဟာ လူချစ်လူခင် ပေါများစေတတ်တဲ့အပြင် ရန်သူလည်း နည်းပါးစေတတ်ပါတယ်။
က။ သူများအထင်ကြီးအောင် ပြောဆိုပြုမူတာမျိုးကို မလုပ်သင့်ပါ။
ခ။ အရည်အချင်းထက် မာန ပိုမကြီးသင့်ပါ။
ဂ။ အထက်လူကို ရိုသေသလို အောက်ငယ်သားများကိုလည်း လေးစားတတ်တယ်။
ဃ။ နာမည်တို့၊ ဂုဏ်တို့ ကို အလုပ်လုပ်ဖို့ တွန်းအားလောက်ပဲ သဘောထားတယ်။
င။ ကိုယ်နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာစေရမယ်ဆိုတာ မဖြစ်နိုင်ပါ။
ကိုယ်နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်မဆင်းရဲအောင် ပြောဆိုဆက်ဆံတတ်ဖို့ လေ့ကျင့်ရပါမယ်။
၉ ။ ချွေတာတတ်ခြင်း
ချွေတာတတ်ခြင်းဟာ ကပ်စီးနည်းခြင်း မဟုတ်ပါ။ ကုမ္မဏီက ပိုက်ဆံကို လည်း မသုံးသင့်တဲ့ နေရာ
မသုံးဖြစ်အောင် ချွေတာ ပေးရပါမယ်။
က။ အသုံးစားရင်းတင်ရင် ရိုးသားမူရှိပါစေ။
ခ။ ဋ္ဌာနပိုင် ပစ္စည်းများကို တန်ဖိုးထားပါ။ စက္ကူ တစ်ရွက်ကအစ ချွေတာတတ်ပါစေ။
ဂ။ အလုပ်လုပ်နေတဲ့ မိနစ်တိုင်းကို တန်ဖိုးထားပါ။
ဃ။ အရင်းအနီး စိုက်ထုတ်တိုင်း အကျိုးဖြစ်ထွန်းဖို့ အမြဲအားထုပ်ပေးပါ။
င။ ပိုင်ရှင်စိတ်ဓါတ်မွေးမြူပါ။
၁၀။ ကျေးဇူးသိတတ်ခြင်း
ကျွန်တော်တို့ဟာ ကိုယ့်တိုင်လုပ်မိတဲ့ အပြစ်ကို လွယ်လွယ်နဲ့ ခွင့်လွတ်တတ်ကြပြီး
သူများအပြစ်ကိုတော့ သေးသေးမျှင်မျှင်ကအစ ပြစ်တင်ချင်ကြပါတယ်။
သူများအပြစ်ကို မြင်တတ်လေ၊ အားမလို အားမရ ဖြစ်လေ ဖြစ်ပြီး စိတ်ဆင်းရဲလေ ဖြစ်တတ်ပါတယ်။
ကျေးဇူးတင်တတ်တဲ့ အကျင့်ဟာ လူ့ဘ၀ကို အလျင်အမြင် ပျော်ရွှင်ချမ်းမြေ့ စေပြီး
အပြစ်တင်တတ်တဲ့ အကျင့်ကိုလည်း ပြုပြင်သွားစေပါတယ်။
က။ အလုပ်လုပ်ခြင်းဟာ ပိုက်ဆံရဖို့ အတွက် တစ်ခုတည်းကြောင့် မဟုတ်ပါ။
အလုပ်ဟာ ကျွန်တော်တို့ကို သင်ယူတဲ့ အခွင့်အရေး ပေးပါတယ်။
ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးပေးပါတယ်။
ဘ၀ကို ပိုမိုတန်ဖိုးရှိအောင် မြင့်တင်ပေးပါတယ်။
ကျေးဇူးတင်သင့်ပါတယ်။
ခ။ လုပ်ဖေါ်ကိုင်ဘက်များဟာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နဲ့
စိတ်ညီလက်ညီ ကြိုးစားနိုင်ဖို့ အခွင့်အရေး ပေးပါတယ်။
ကျေးဇူးတင်သင့်ပါတယ်။
ဂ။ Customers စားသုံးသူများဟာ ပိုမိုဝန်ဆောင်မူ ပေးနိုင်ဖို့ အခွင့်အရေး ပေးပါတယ်။
လုပ်ငန်းအောင်မြင်ဖို့ အားပေးကြပါတယ်။ ကျေးဇူးတင်သင့်ပါတယ်။
ဃ။ ပြိုင်ဘက်များဟာ ကိုယ့်ကိုယ်ကို ပိုမိုကောင်းမွန်အောင် ကြိုးစားဖို့ တွန်းအားပေးပါတယ်။
ကျေးဇူးတင်သင့်ပါတယ်။
င။ ဝေဖန်မူများဟာ ကိုယ့်ကိုယ်ကို ပိုမို ပြည့်စုံအောင် ကြိုးစားနိုင်ဖို့
ဆန်းစစ်ခွင့် ပေးပါတယ်။ ကျေးဇူးတင်သင့်ပါတယ်။
Credit to Sayar Aung Ko Latt / Ref: WeChat
xxxxxxxxxxxxxxxxxxxxxxxxxx
၁။ သစ္စာ ရှိခြင်း
အရည်အချင်းရှိသူထက် သစ္စာရှိသူကို အလုပ်ဋ္ဌာနတွေက ပိုပြီးအားကိုးကြပါတယ်။
ကုမ္မဏီ အပေါ် ဖြစ်ဖြစ်၊ ဋ္ဌာနအပေါ် ဖြစ်ဖြစ် သစ္စာ စောင့်သိသူများဟာ
က။ ခေါင်းဆောင်နေရာမှာနေပြီး ပြသနာကိုစဉ်းစားပေးလေ့ရှိတ
ခ။ အထက်ကလူနဲ့ အတွေးအမြင်များ အမြဲတမ်းဖလှယ်ကြတယ်။
ဂ။ ဋ္ဌာနရဲ့ အကျိုးကို အစဉ်အမြဲ ကာကွယ်တယ်။
ဃ။ ဋ္ဌာနပိုမိုအကျိုးအမြတ်ရအော
င။ ပြင်ပမှ မြူဆွယ်မူ အမျိုးမျိုးရဲ့ ဒဏ်ကို ကြံကြံခံနိုင်စွမ်းရှိတယ်။
၂။ အလုပ်ကို လေးစားခြင်း
ခေတ်ကြီးက အလျင်အမြန်တိုးတက်လာတာနဲ့ အမျှ ပညာတတ်များပေါများလာပါတယ်။
ပညာရေးအရည်အချင်းနဲ့ ဘွဲ့ ဒီဂရီ တို့ဟာ လူတစ်ဦးကို အဆုံးအဖြတ်ပေးတဲ့
အဓိက အကြောင်းတရား မဟုတ်တော့ပါ။
အလုပ်ကို လေးလေးစားစား ရှိခြင်းဟာ အမြန်အဆန်ပြောင်းလဲနေတဲ့ခေတ
တန်ဖိုးအလွန်ရှိတဲ့ အရည်အချင်းတစ်ရပ်ဖြစ်လာပါတယ
အလုပ်ကို လေးစားသူများဟာ...
က။ အလုပ်လုပ်ခြင်းဟာ ပိုက်ဆံတစ်ခုတည်း အတွက်ကြောင့်မဟုတ်ပါ။
ခ။ ကိုယ်ရတာထက် အမြဲပိုလုပ်တတ်တဲ့အကျင့်ရ
ဂ။ အလုပ်အတွက် ပေးဆပ်ရတာ ပျော်ရွှင်ကြပါတယ်။
ဃ။ အလုပ်တက်ချိန်၊ အလုပ်ဆင်းချိန် တွေကို လစ်လျူရူ့တတ်ပြီး
အလုပ်ပြီးအောင်လုပ်ပြီးမှ
င။ အလုပ်အတွင်းမှာ ရှိတဲ့ သေးသေးမွှားမွှားကအစ အထူးဂရုပြုတတ်ကြတယ်။
၃။ တက်တက်ကြွကြွ ရှိခြင်း
က။ ပြောမှသိတယ်၊ ခိုင်းမှလုပ်တဲ့ လူစားမျိုးမဟုတ်ပါ။
တာဝန်ပေးတာကို စောင့်ဆိုင်းမနေတတ်ပဲ လိုအပ်တယ်ထင်ရင် အကုန်လုံး
ပြီးအောင်လုပ်ထားတတ်ပါတယ်။
က။ အလုပ်ကို ပြီးအောင်လုပ်ဖို့ထက် ကောင်းအောင်လုပ်ဖို့ ကိုပိုဦးစားပေးလေ့ရှိတယ်။
ခ။ အကောင်းဆုံးနည်းလမ်းကို
ဂ။ ထဲထဲဝင်ဝင် အလုပ်ထဲမှာ အာရုံနှစ်နေတတ်တယ်။
ဃ။ မျက်နာလိုမျက်နာရ အလုပ်မျိုး ရှောင်ရှားတတ်ကြတယ်။
င။ အပြုသဘောဆောင်တတ်ပြီး အခက်အခဲကို ကျော်လွှားနိုင်သူများဖြစ်ြ
၎။ တာဝန်ယူခြင်း
တာဝန်ယူရဲခြင်းဟာ အလုပ်အောင်မြင်ဖို့ အတွက် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ
လူတစ်ဦးဟာ အရည်အချင်းအရ သူများထက် အားနည်း ရင် အားနည်း လို့ ရပါတယ်။
တာဝန်ယူတဲ့စိတ်ကတော့ သူများထက် အားမနည်းသင့်ပါ။
တာဝန်ယူရဲတဲ့ ၀န်ထမ်းတစ်ဦးဟာ အထက်ရဲ့ ယုံကြည်မူ ကို ပိုမိုရလွယ်ပါတယ်။
က။ တာဝန်တစ်ရပ်ရဲ့ အဓိက ဗဟိုချက်မဟာ တာဝန်ယူစိတ်ဖြစ်တယ်။
ခ။ ကိစ္စသေးသေးမျှင်မျှင်က အစ အကောင်းဆုံးဖြစ်အောင်လုပ်
ဂ။ ဆိုခဲစေ မြဲစေ၊ ပြောရင် ဖြစ်အောင်လုပ်တတ်တယ်။
ဃ။ တစ်ခုခု မှားယွင်းခဲ့ရင် အကြောင်းပြချက်မရှာဘူး၊
င။ ပြသနာ ဘော်လုံး ကိုယ့်ဆီရောက်လာခဲ့ရင် ကိုယ့်ဆီမှာ အဆုံးသပ်စေတယ်။
၅။ အကျိုးထိရောက်မူ
အကျိုးထိရောက်အောင် အလုပ်လုပ်တတ်ခြင်းဟာ လူတစ်ဦးရဲ့ အဓိက ပျိုးထောင်ရမဲ့ အရည်အချင်းဖြစ်တယ်။
က။ ကိုယ့်ဟာနဲ့ ကိုယ်လုံးခြာရိုက်ပြီး အကြောင်းမဲ့ အလုပ်ရူပ်နေတာမျိုးကို ရှောင်ရှားပါ။
ခ။ ဘာပဲလုပ်နေလုပ်နေ၊ အာရုံစူးစိုက်တတ်ပါစေ။
ဂ။ လအလိုက်၊ ရက်အလိုက် အစီအစဉ်များချမှတ်တတ်တဲ့ အကျင့်ရှိပါစေ။
ဃ။ အချိန်ဆွဲတတ်တဲ့ အကျင့်လုံးဝရှောင်ပါ။
င။ တစ်ကြိမ်လျင် အလုပ်တစ်ခုတည်းကို ပြီးအောင်အရင်လုပ်ပါ။ ပြီးဆုံးသွားမှ အခြားအလုပ်ကို ကူးပါ။
၆။ ရလဒ်
ကြောင်မဲဖြစ်စေ၊ ကြောင်ဖြူ ဖြစ်စေ၊ ကြွက်ခုတ်တတ်တဲ့ ကြောင်ဟာ ကြောင်ကောင်းဖြစ်ပါတယ်။
အလုပ်တစ်ခုကို ဒုက္ခခံပြီးပဲ လုပ်လုပ်၊ လိမ်မာ ပါးနပ်စွာပဲ လုပ်လုပ်
အကျိုးထိရောက်ဖို့ သာအရေးကြီးပါတယ်။ အဲဒါကြောင့် ဘာအလုပ်ပဲ လုပ်လုပ်...
က။ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆိုတာ ကြိုတင်စဉ်းစားထားခြင်း၊
ခ။ နည်းလမ်းဟာ ပြသနာထက် အမြဲများတယ်ဆိုတာကို ယုံကြည်ခြင်း၊
ဂ။ စည်းကမ်းရှိရှိ၊ နည်းလမ်းသိသိ ကြိုးစားတတ်ခြင်း၊
ဃ။ အခွင့်အရေးကို ဖမ်းထားနိုင်ဖို့ အမြဲ အဆင်သင့်ဖြစ်နေခြင်း၊
င။ မျှော်လင့်စောင့်ဆိုင်းခြင
စ။ တာဝန်ကို သပ်မှတ်ချိန်ထက် အမြဲ စောပြီး ပြီးဆုံးခြင်း၊
ရ။ ဆက်ဆံရေး
သင်ဟာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ ဘယ်လောက်ပဲ ပညာတတ်တတ်၊
ဆက်ဆံရေး အားနည်းလျင် ဘာမှ ဖြစ်လာအောင် စွမ်းဆောင်နို်င်မည် မဟုတ်ပါ။
ဆက်ဆံရေးကောင်းမွန်သူများဟာ
က။ ဆက်ဆံရေး ကောင်းမွန်ခြင်းနဲ့ အတင်းအဖျင်း ၀ါသနာပါခြင်း လုံးဝမတူညီပါ။
ခ။ စကားဆိုတာ နည်းလွန်းရင် မကောင်းပါ။ ထိုနည်းတူ များသွားရင်လည်း မကောင်းပါ။
ဂ။ မေးခွန်းထုတ်တိုင်း ကိုယ့်မှာလည်း အဖြေအဆင်သင့်ရှိနေဖို့ လိုပါတယ်။
ပိုမိုကောင်းမွန်တဲ့ နည်းလမ်းရဖို့ အတွက်သာ မေးခွန်းမေးလေ့ရှိတယ်။
ဃ။ အဝေဖန်ခံနိုင်တဲ့ အရည်အချင်းရှိတယ်။
င။ သဘောထားကြီးရပါမယ်။
၈။ နှိမ့်ချတတ်ခြင်း
ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ခြင်းဟာ လူချစ်လူခင် ပေါများစေတတ်တဲ့အပြင် ရန်သူလည်း နည်းပါးစေတတ်ပါတယ်။
က။ သူများအထင်ကြီးအောင် ပြောဆိုပြုမူတာမျိုးကို မလုပ်သင့်ပါ။
ခ။ အရည်အချင်းထက် မာန ပိုမကြီးသင့်ပါ။
ဂ။ အထက်လူကို ရိုသေသလို အောက်ငယ်သားများကိုလည်း လေးစားတတ်တယ်။
ဃ။ နာမည်တို့၊ ဂုဏ်တို့ ကို အလုပ်လုပ်ဖို့ တွန်းအားလောက်ပဲ သဘောထားတယ်။
င။ ကိုယ်နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာစေရမယ်ဆိုတာ မဖြစ်နိုင်ပါ။
ကိုယ်နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်မဆင်းရဲအောင် ပြောဆိုဆက်ဆံတတ်ဖို့ လေ့ကျင့်ရပါမယ်။
၉ ။ ချွေတာတတ်ခြင်း
ချွေတာတတ်ခြင်းဟာ ကပ်စီးနည်းခြင်း မဟုတ်ပါ။ ကုမ္မဏီက ပိုက်ဆံကို လည်း မသုံးသင့်တဲ့ နေရာ
မသုံးဖြစ်အောင် ချွေတာ ပေးရပါမယ်။
က။ အသုံးစားရင်းတင်ရင် ရိုးသားမူရှိပါစေ။
ခ။ ဋ္ဌာနပိုင် ပစ္စည်းများကို တန်ဖိုးထားပါ။ စက္ကူ တစ်ရွက်ကအစ ချွေတာတတ်ပါစေ။
ဂ။ အလုပ်လုပ်နေတဲ့ မိနစ်တိုင်းကို တန်ဖိုးထားပါ။
ဃ။ အရင်းအနီး စိုက်ထုတ်တိုင်း အကျိုးဖြစ်ထွန်းဖို့ အမြဲအားထုပ်ပေးပါ။
င။ ပိုင်ရှင်စိတ်ဓါတ်မွေးမြူပ
၁၀။ ကျေးဇူးသိတတ်ခြင်း
ကျွန်တော်တို့ဟာ ကိုယ့်တိုင်လုပ်မိတဲ့ အပြစ်ကို လွယ်လွယ်နဲ့ ခွင့်လွတ်တတ်ကြပြီး
သူများအပြစ်ကိုတော့ သေးသေးမျှင်မျှင်ကအစ ပြစ်တင်ချင်ကြပါတယ်။
သူများအပြစ်ကို မြင်တတ်လေ၊ အားမလို အားမရ ဖြစ်လေ ဖြစ်ပြီး စိတ်ဆင်းရဲလေ ဖြစ်တတ်ပါတယ်။
ကျေးဇူးတင်တတ်တဲ့ အကျင့်ဟာ လူ့ဘ၀ကို အလျင်အမြင် ပျော်ရွှင်ချမ်းမြေ့ စေပြီး
အပြစ်တင်တတ်တဲ့ အကျင့်ကိုလည်း ပြုပြင်သွားစေပါတယ်။
က။ အလုပ်လုပ်ခြင်းဟာ ပိုက်ဆံရဖို့ အတွက် တစ်ခုတည်းကြောင့် မဟုတ်ပါ။
အလုပ်ဟာ ကျွန်တော်တို့ကို သင်ယူတဲ့ အခွင့်အရေး ပေးပါတယ်။
ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးပေးပါတယ်။
ဘ၀ကို ပိုမိုတန်ဖိုးရှိအောင် မြင့်တင်ပေးပါတယ်။
ကျေးဇူးတင်သင့်ပါတယ်။
ခ။ လုပ်ဖေါ်ကိုင်ဘက်များဟာ ပူးပေါင်းဆောင်ရွက်နိုင်ဖိ
စိတ်ညီလက်ညီ ကြိုးစားနိုင်ဖို့ အခွင့်အရေး ပေးပါတယ်။
ကျေးဇူးတင်သင့်ပါတယ်။
ဂ။ Customers စားသုံးသူများဟာ ပိုမိုဝန်ဆောင်မူ ပေးနိုင်ဖို့ အခွင့်အရေး ပေးပါတယ်။
လုပ်ငန်းအောင်မြင်ဖို့ အားပေးကြပါတယ်။ ကျေးဇူးတင်သင့်ပါတယ်။
ဃ။ ပြိုင်ဘက်များဟာ ကိုယ့်ကိုယ်ကို ပိုမိုကောင်းမွန်အောင် ကြိုးစားဖို့ တွန်းအားပေးပါတယ်။
ကျေးဇူးတင်သင့်ပါတယ်။
င။ ဝေဖန်မူများဟာ ကိုယ့်ကိုယ်ကို ပိုမို ပြည့်စုံအောင် ကြိုးစားနိုင်ဖို့
ဆန်းစစ်ခွင့် ပေးပါတယ်။ ကျေးဇူးတင်သင့်ပါတယ်။
Credit to Sayar Aung Ko Latt / Ref: WeChat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။