Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Wednesday, September 27, 2017

အဆိပ္ျပင္းတဲ့ ပဒူေကာင္အေၾကာင္း နဲ႔ သတိထားသင့္တဲ့အခ်က္မ်ား


Written By ဇြန္ခိုင္ဦး (ေဆးဝါးတကၠသိုလ္)
ပဒူေကာင္ ဆိုတဲ့ နာမည္ကို မၾကာခဏၾကားဖူးၾကမွာပါ။ ဒီအေကာင္ကုိက္လုိ႔ေသတဲ့ အေၾကာင္းေတြကိုလည္း မၾကာခဏေတြ႔ရတတ္ပါတယ္။ အလြန္အႏၱရာယ္ရွိတဲ့ အေကာင္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ကဆုိ ဒီအေကာင္အုပ္စုလုိက္ ၀ုိင္းကုိက္တာေၾကာင့္ လူေပါင္း ၂၁ဦး ေသဆုံးခဲ့ရပါတယ္။ ျမန္မာ မွာလည္း ရံဖန္ရံခါ ၾကားရတတ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ကဆုိ အင္ဂ်င္နီယာလူငယ္ေလးတစ္ဦးဟာ ပဒူေကာင္အကုိက္ခံရလုိ႔ ေသဆုံးခဲ့တာဟာ တကယ္စိတ္မေကာင္းစရာပါ။ သူဟာ တာ၀ါတုိင္သန္႔ရွင္းေရးလုပ္ရင္း ပဒူကို ပ်ားအုံအမွတ္နဲ႔ ထုိးခ်ခဲ့တာေၾကာင့္ ပဒူေကာင္ေတြရဲ႕ ကုိက္ျခင္းကုိ ခံလုိက္ရပါတယ္။ ဒါေၾကာင့္ ပဒူေကာင္ကို မသိေသးတဲ့ မိတ္ေဆြမ်ားအတြက္ ပဒူေကာင္အေၾကာင္း နဲ႔ ေရွာင္ရမယ့္ အခ်က္ေတြကို ျပန္လည္ေ၀မွ်လုိက္ပါတယ္။

ပဒူေကာင္ဆိုတာ နက်ယ္ေကာင္အမ်ဳိးအစား အင္းဆက္ျဖစ္ျပီး ပ်ားေတြ၊ ပုရြက္ဆိတ္ေတြလိုပဲ အစုအဖဲြ႔နဲ႔ ရိွတတ္ၾကပါတယ္။ ပ်ားလိုပဲ ပဒူေကာင္ေတြကလည္း ပဒူအသိုက္အျမံဳကို တည္ေဆာက္ေလ့ရိွကာ မ်ဳိးမပြား နိုင္တဲ့ပဒူေကာင္အမေတြက ပဒူဘုရင္မတစ္ေကာင္ဥေတြဥနိုင္ဖို႔ရာအတြက္ အသိုက္အျမံဳကိုတည္ေဆာက္ေပးၾကရပါတယ္။ အမ်ားအားျဖင့္ ပဒူေကာင္အကိုက္ခံရတယ္ဆိုတာလူေတြက သူတို႔ပဒူအသိုက္အျမံဳကို လာေရာက္ေနွာက္ယွက္ဖို႔ ၾကိဳးစားတာေၾကာင့္ျဖစ္တတ္ပါတယ္။

ပဒူေကာင္ေတြက ကမၻာတစ္ဝန္းမွာေနထိုင္က်က္စားေလ့ရိွေပမယ့္ အဓိကအားျဖင့္ ဥေရာပ ပဒူေကာင္ (European) နဲ႔ ဥေရာပ မဟုတ္တဲ့ ပဒူေကာင္ (Non-European)ဆိုျပီး နွစ္မ်ဳိးခဲြျခားေလ့ရိွပါတယ္။ ပဒူေကာင္မွာ ရုိးရိုးပဒူေကာင္အျပင္ အျခားအမ်ဳိးအစားမ်ားလည္း ရွိပါေသးတယ္။ ေျမေအာင္းပဒူေကာင္ဆိုတာမ်ိဳးလဲ ရိွပါတယ္။ အထူးသျဖင့္ လူသူမနီးတဲ့ေတာနက္မ်ားမွာ ရိွတတ္ပီး ပကတိေျမျပင္သဖြယ္ပံုစံေၾကာင့္ သတိမမူမိေသာ လူ-တိရိစၦာန္မ်ား သူတို႔ အသိုက္အၿမံဳ သို႔ က်သြားမိပါက လ်င္ျမန္ေသာအခ်ိန္ပိုင္းေလးမွာတင္ က်ေရာက္သြားေသာ ခႏၶာကိုယ္အစိတ္အပိုင္းအား အ႐ိုးက်သည္အထိ ကိုက္ႏိုင္ေသာေၾကာင့္ အလြန္အႏၱရာယ္ႀကီးမားပါတယ္။

ေတာႀကီးပဒူေကာင္ ေခၚ အသားစားပဒူေကာင္ဆိုတဲ့ အဆိပ္ျပင္းထန္ အႏၱရာယ္မ်ားတဲ့ ပဒူအမ်ိဳးအစားလဲရိွပါေသးတယ္။ေတာႀကီးပဒူေကာင္ဟာ အသားစားပီး ေတာနက္ထဲမွာ အသိုက္အျမံဳလုပ္ေနေလ့ရိွပါတယ္။ ေတာႀကီးပဒူေကာင္ရဲ႕ အကိုက္ကိုခံရရင္ေတာ့ ကြၽဲ-ႏြား တိရိစၦာန္ေတြမွာ ဇီးရိွခ်ိန္ဆိုရင္ သားေလ်ာတဲ့အထိကိုအဆိပ္ျပင္းထန္ပါတယ္။ တစ္ခ်ိဳ႕ ေတာလိုက္မုဆိုးေတြဟာ ပဒူဆံကိုလိုခ်င္လို႔ ပ်ားဖြတ္သလိုဖြတ္ရတဲ့အခါ အခန္႔မသင့္ရင္ ေတာႀကီးပဒူေကာင္အကိုက္ကိုခံရတတ္ပါတယ္…အကိုက္ခံရတဲ့ေနရာ အသားကပုပ္ပီးက်တတ္လို႔ ေဟာင္းေလာင္းေပါက္ႀကီးျဖစ္တဲ့အထိကိုျဖစ္တတ္ပါတယ္။ ပဒူကို စားသံုးၾကရာမွာ ပဒူဆံေရာ ပဒူေကာင္ေၾကာ္ကိုပါ စားၾကတာေတြ႔ရပါတယ္။ ပဒူဆံဟာ အရသာ အင္မတန္ဆိမ့္၍ အရသာေကာင္းသေလာက္ အဆိပ္အေတာက္လဲ ျပင္းထန္လြန္းတာေၾကာင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား စားသံုးမိလွ်င္ ကိုယ္ဝန္ေလ်ာက်ပ်က္ဆီးေစပါတယ္။
ပဒူေကာင္အကိုက္ခံရတဲ့အခါ အဆိပ္ရိွပါတယ္။ ဒါေပမဲ့ အမ်ားအားျဖင့္ ပဒူေကာင္တစ္ေကာင္တည္း ကိုက္တာ ကေတာ့ လူေတြအတြက္ အႏၱရာယ္မျဖစ္ေစနိုင္ပါဘူး။ ဒါေပမယ့္ ပဒူေကာင္အုပ္လုိက္ အကိုက္ခံရမယ္ဆုိရင္ေတာ့ လူကို ေသေစႏုိင္တဲ့အထိ အႏၱရာယ္ရွိပါတယ္။ ပဒူေကာင္အကိုက္ခံရတာက တျခားနက်ယ္ေကာင္ အမ်ားစုအကိုက္ခံရတာထက္ပိုျပီး ျပင္းထန္တဲ့ နာက်င္မႈကိုျဖစ္ေစနိုင္ပါတယ္။ အေၾကာင္းကေတာ့ပဒူေကာင္တစ္ေကာင္ရဲ့ အဆိပ္မွာ အဆီတိုင္းကိုလင္း (Acetyl-choline) ငါးရာခိုင္နႈန္း ပါဝင္ေနလို႔ပဲ ျဖစ္ပါတယ္။ အဆီတိုင္းကိုလင္းဟာ ႏ်ဴရိုထရန္စ္မစ္တာျဖစ္ျပီး ဦးေနွာက္ဆီကို နာက်င္မႈ အခ်က္ျပသေကၤတကို ပို႔လႊတ္ရာမွာ ပါဝင္ကူညီေနပါတယ္။

ပဒူေကာင္ အကိုက္ခံရလွ်င္
♦ ပဒူေကာင္တစ္ေကာင္ အကိုက္ခံရျပီဆိုတာနဲ႔ အရင္ဆံုးလုပ္သင့္တာကသင့္အနီးအနားမွာ တျခား ပဒူေကာင္ေတြ ဝိုင္းမလာေစဖို႔ ဆန္းစစ္ရပါမယ္။ ရိွေနတဲ့ ပဒူေကာင္တစ္ေကာင္တည္းကေန တစ္ၾကိမ္ထက္ ပိုျပီး အကိုက္ခံရနိုင္တာကိုလည္း သတိျပဳေရွာင္ရွားရပါမယ္။
♦ ပဒူေကာင္အစြယ္က သင့္ဆီမွာက်န္ခဲ့သလားဆိုတာကို ဆန္းစစ္ပါ။ ပဒူေကာင္အစြယ္က ေသးငယ္ေပ မယ့္ ျမင္ရပါတယ္။ ပဒူေကာင္ အကိုက္ခံရျပီး အစြယ္တစ္ခု ေတြ႔ျပီဆိုရင္ ဖယ္ရွားနိုင္ဖို႔ စူးရွတဲ့အစြန္း တစ္ ခုခုကို သံုးပါ။ ဇာဂနာကို မသံုးပါနဲ႔။ ပဒူေကာင္အကိုက္ခံရျပီးေနာက္ ဇာဂနာနဲ႔ ပဒူအစြယ္ကို ဖယ္ရွားမယ္ ဆိုရင္ ပဒူေကာင္အဆိပ္ေတြက ကိုယ္ထဲကို မေတာ္တဆပိုျပီး ဝင္ေရာက္သြားနိုင္ပါတယ္။ ခရက္ဒစ္ကတ္ျပား အစြန္းဒါမွမဟုတ္ ဓားခြ်န္ခြ်န္ပါးပါးနဲ႔ ပဒူေကာင္ အစြယ္ရိွေနတဲ့ အေရျပားကိုဆန္႔က်င္ထိုးသြင္းျပီး ပဒူေကာင္ အစြယ္ကို ဖယ္ထုတ္ရမွာ ျဖစ္ပါတယ္။
♦ ပဒူေကာင္အစြယ္ကို ဖယ္ထုတ္ျပီးျပီဆိုရင္ အဲဒီအေရျပားေနရာကို ေရခဲအုပ္ေပးရမွာ ျဖစ္ပါတယ္။ ဒီနည္း ဟာ ပဒူေကာင္အကိုက္ခံရတဲ့အတြက္ ျဖစ္တဲ့ နာက်င္မႈနဲ႔ ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစနိုင္ပါတယ္။ ျပီး ရင္ နာက်င္မႈ ေလ်ာ့က်ေစဖို႔ ဟစၥတာမင္းတား လိမ္းေဆး (Topical Antihistamine) ကို လိမ္းေပးပါ။ ပဒူေကာင္အကိုက္ခံထားရတဲ့ အေရျပားေနရာက နီျပီး ေရာင္ရမ္းေနနိုင္ပါတယ္။
♦ ေရခဲအုပ္တာက နာက်င္ကိုက္ခဲမႈကိုေလ်ာ့က်ေစေပမယ့္ အထိေရာက္ဆံုးနည္းကTDS-40 ဖ်န္းေဆးကို သံုးတာပဲျဖစ္ပါတယ္။ မိနစ္အနည္းငယ္အတြင္းနာက်င္ကိုက္ခဲမႈကို သက္သာေစပါတယ္။
♦ ပဒူေကာင္အကိုက္ခံရတာေၾကာင့္ျပင္းျပင္းထန္ထန္နာက်င္ေနရင္ အကိုက္အခဲေပ်ာက္ေဆး (Ibuprofen လို ေဆးဝါး)ေသာက္ပါ၊ ဒါမွမဟုတ္ Topical Anesthetic လိမ္းေဆး လိမ္းပါ။ ပဒူေကာင္ အကိုက္ခံရျပီး နာက်င္မႈ ျဖစ္ေပၚတဲ့ေနရာကို ကူးစက္ပိုးဝင္မႈ မျဖစ္ေအာင္ပံုမွန္ ေဆးေၾကာသန္႔စင္ေပးရပါမယ္။
အေရးၾကီးသည့္အခ်က္ – သင္က ပဒူအစြယ္အဆိပ္နဲ႔ ဓာတ္မတည့္မႈ ျဖစ္ရင္ေဆးရံု၊ ေဆးခန္းကို အျမန္ဆံုး သြားေရာက္သင့္ပါတယ္။

ပဒူေကာင္ အကိုက္ခံရျခင္းမွေရွာင္လဲႊနိုင္ရန္
ပဒူေကာင္ အသိုက္အျမံဳနဲ႔ နီးကပ္လြန္းတဲ့ ေနရာတစ္ဝိုက္ကို ေရွာင္ရွားပါ။ ပဒူေကာင္အကိုက္ခံရတယ္လို႔ သတင္းၾကားတဲ့ေနရာေတြကို သတိလက္လြတ္ သြားလာတာမ်ဳိးကို ေရွာင္ပါ။ သင့္အိမ္အနီး ဒါမွမဟုတ္ အလုပ္အနီးတစ္ဝိုက္မွာ ပဒူေကာင္ေတြက အသိုက္ဖဲြ႔ေနထိုင္တယ္ဆိုရင္ အဲဒီအသိုက္ကို ခ်က္ခ်င္းဖယ္ ရွားနိုင္ဖို႔ ေဘးအနၲရာယ္ကင္းတဲ့ နည္းလမ္းေတြကို ရွာေဖြအေကာင္အထည္ေဖာ္ရပါမယ္။
လူတိုင္း ပဒူေကာင္အကိုက္ခံရျခင္းအနၲရာယ္ ကင္းေဝးၾကပါေစ။
ဇြန္ခိုင္ဦး (ေဆးဝါးတကၠသိုလ္)

အဆိပ်ပြင်းတဲ့ ပဒူကောင်အကြောင်း နဲ့ သတိထားသင့်တဲ့အချက်များ (unicode)
Written By ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
ပဒူကောင် ဆိုတဲ့ နာမည်ကို မကြာခဏကြားဖူးကြမှာပါ။ ဒီအကောင်ကိုက်လို့သေတဲ့ အကြောင်းတွေကိုလည်း မကြာခဏတွေ့ရတတ်ပါတယ်။ အလွန်အန္တရာယ်ရှိတဲ့ အကောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကဆို ဒီအကောင်အုပ်စုလိုက် ဝိုင်းကိုက်တာကြောင့် လူပေါင်း ၂၁ဦး သေဆုံးခဲ့ရပါတယ်။ မြန်မာ မှာလည်း ရံဖန်ရံခါ ကြားရတတ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကဆို အင်ဂျင်နီယာလူငယ်လေးတစ်ဦးဟာ ပဒူကောင်အကိုက်ခံရလို့ သေဆုံးခဲ့တာဟာ တကယ်စိတ်မကောင်းစရာပါ။ သူဟာ တာဝါတိုင်သန့်ရှင်းရေးလုပ်ရင်း ပဒူကို ပျားအုံအမှတ်နဲ့ ထိုးချခဲ့တာကြောင့် ပဒူကောင်တွေရဲ့ ကိုက်ခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် ပဒူကောင်ကို မသိသေးတဲ့ မိတ်ဆွေများအတွက် ပဒူကောင်အကြောင်း နဲ့ ရှောင်ရမယ့် အချက်တွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။
ပဒူကောင်ဆိုတာ နကျယ်ကောင်အမျိုးအစား အင်းဆက်ဖြစ်ပြီး ပျားတွေ၊ ပုရွက်ဆိတ်တွေလိုပဲ အစုအဖွဲ့နဲ့ ရှိတတ်ကြပါတယ်။ ပျားလိုပဲ ပဒူကောင်တွေကလည်း ပဒူအသိုက်အမြုံကို တည်ဆောက်လေ့ရှိကာ မျိုးမပွား နိုင်တဲ့ပဒူကောင်အမတွေက ပဒူဘုရင်မတစ်ကောင်ဥတွေဥနိုင်ဖို့ရာအတွက် အသိုက်အမြုံကိုတည်ဆောက်ပေးကြရပါတယ်။ အများအားဖြင့် ပဒူကောင်အကိုက်ခံရတယ်ဆိုတာလူတွေက သူတို့ပဒူအသိုက်အမြုံကို လာရောက်နှောက်ယှက်ဖို့ ကြိုးစားတာကြောင့်ဖြစ်တတ်ပါတယ်။
ပဒူကောင်တွေက ကမ္ဘာတစ်ဝန်းမှာနေထိုင်ကျက်စားလေ့ရှိပေမယ့် အဓိကအားဖြင့် ဥရောပ ပဒူကောင် (European) နဲ့ ဥရောပ မဟုတ်တဲ့ ပဒူကောင် (Non-European)ဆိုပြီး နှစ်မျိုးခွဲခြားလေ့ရှိပါတယ်။ ပဒူကောင်မှာ ရိုးရိုးပဒူကောင်အပြင် အခြားအမျိုးအစားများလည်း ရှိပါသေးတယ်။ မြေအောင်းပဒူကောင်ဆိုတာမျိုးလဲ ရှိပါတယ်။ အထူးသဖြင့် လူသူမနီးတဲ့တောနက်များမှာ ရှိတတ်ပီး ပကတိမြေပြင်သဖွယ်ပုံစံကြောင့် သတိမမူမိသော လူ-တိရိစ္ဆာန်များ သူတို့ အသိုက်အမြုံ သို့ ကျသွားမိပါက လျင်မြန်သောအချိန်ပိုင်းလေးမှာတင် ကျရောက်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းအား အရိုးကျသည်အထိ ကိုက်နိုင်သောကြောင့် အလွန်အန္တရာယ်ကြီးမားပါတယ်။
တောကြီးပဒူကောင် ခေါ် အသားစားပဒူကောင်ဆိုတဲ့ အဆိပ်ပြင်းထန် အန္တရာယ်များတဲ့ ပဒူအမျိုးအစားလဲရှိပါသေးတယ်။တောကြီးပဒူကောင်ဟာ အသားစားပီး တောနက်ထဲမှာ အသိုက်အမြုံလုပ်နေလေ့ရှိပါတယ်။ တောကြီးပဒူကောင်ရဲ့ အကိုက်ကိုခံရရင်တော့ ကျွဲ-နွား တိရိစ္ဆာန်တွေမှာ ဇီးရှိချိန်ဆိုရင် သားလျောတဲ့အထိကိုအဆိပ်ပြင်းထန်ပါတယ်။ တစ်ချို့ တောလိုက်မုဆိုးတွေဟာ ပဒူဆံကိုလိုချင်လို့ ပျားဖွတ်သလိုဖွတ်ရတဲ့အခါ အခန့်မသင့်ရင် တောကြီးပဒူကောင်အကိုက်ကိုခံရတတ်ပါတယ်…အကိုက်ခံရတဲ့နေရာ အသားကပုပ်ပီးကျတတ်လို့ ဟောင်းလောင်းပေါက်ကြီးဖြစ်တဲ့အထိကိုဖြစ်တတ်ပါတယ်။ ပဒူကို စားသုံးကြရာမှာ ပဒူဆံရော ပဒူကောင်ကြော်ကိုပါ စားကြတာတွေ့ရပါတယ်။ ပဒူဆံဟာ အရသာ အင်မတန်ဆိမ့်၍ အရသာကောင်းသလောက် အဆိပ်အတောက်လဲ ပြင်းထန်လွန်းတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ စားသုံးမိလျှင် ကိုယ်ဝန်လျောကျပျက်ဆီးစေပါတယ်။
ပဒူကောင်အကိုက်ခံရတဲ့အခါ အဆိပ်ရှိပါတယ်။ ဒါပေမဲ့ အများအားဖြင့် ပဒူကောင်တစ်ကောင်တည်း ကိုက်တာ ကတော့ လူတွေအတွက် အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် ပဒူကောင်အုပ်လိုက် အကိုက်ခံရမယ်ဆိုရင်တော့ လူကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ပဒူကောင်အကိုက်ခံရတာက တခြားနကျယ်ကောင် အများစုအကိုက်ခံရတာထက်ပိုပြီး ပြင်းထန်တဲ့ နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ပဒူကောင်တစ်ကောင်ရဲ့ အဆိပ်မှာ အဆီတိုင်းကိုလင်း (Acetyl-choline) ငါးရာခိုင်နှုန်း ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ အဆီတိုင်းကိုလင်းဟာ နျူရိုထရန်စ်မစ်တာဖြစ်ပြီး ဦးနှောက်ဆီကို နာကျင်မှု အချက်ပြသင်္ကေတကို ပို့လွှတ်ရာမှာ ပါဝင်ကူညီနေပါတယ်။
ပဒူကောင် အကိုက်ခံရလျှင်
♦ ပဒူကောင်တစ်ကောင် အကိုက်ခံရပြီဆိုတာနဲ့ အရင်ဆုံးလုပ်သင့်တာကသင့်အနီးအနားမှာ တခြား ပဒူကောင်တွေ ဝိုင်းမလာစေဖို့ ဆန်းစစ်ရပါမယ်။ ရှိနေတဲ့ ပဒူကောင်တစ်ကောင်တည်းကနေ တစ်ကြိမ်ထက် ပိုပြီး အကိုက်ခံရနိုင်တာကိုလည်း သတိပြုရှောင်ရှားရပါမယ်။
♦ ပဒူကောင်အစွယ်က သင့်ဆီမှာကျန်ခဲ့သလားဆိုတာကို ဆန်းစစ်ပါ။ ပဒူကောင်အစွယ်က သေးငယ်ပေ မယ့် မြင်ရပါတယ်။ ပဒူကောင် အကိုက်ခံရပြီး အစွယ်တစ်ခု တွေ့ပြီဆိုရင် ဖယ်ရှားနိုင်ဖို့ စူးရှတဲ့အစွန်း တစ် ခုခုကို သုံးပါ။ ဇာဂနာကို မသုံးပါနဲ့။ ပဒူကောင်အကိုက်ခံရပြီးနောက် ဇာဂနာနဲ့ ပဒူအစွယ်ကို ဖယ်ရှားမယ် ဆိုရင် ပဒူကောင်အဆိပ်တွေက ကိုယ်ထဲကို မတော်တဆပိုပြီး ဝင်ရောက်သွားနိုင်ပါတယ်။ ခရက်ဒစ်ကတ်ပြား အစွန်းဒါမှမဟုတ် ဓားချွန်ချွန်ပါးပါးနဲ့ ပဒူကောင် အစွယ်ရှိနေတဲ့ အရေပြားကိုဆန့်ကျင်ထိုးသွင်းပြီး ပဒူကောင် အစွယ်ကို ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။
♦ ပဒူကောင်အစွယ်ကို ဖယ်ထုတ်ပြီးပြီဆိုရင် အဲဒီအရေပြားနေရာကို ရေခဲအုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ ပဒူကောင်အကိုက်ခံရတဲ့အတွက် ဖြစ်တဲ့ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ပြီး ရင် နာကျင်မှု လျော့ကျစေဖို့ ဟစ္စတာမင်းတား လိမ်းဆေး (Topical Antihistamine) ကို လိမ်းပေးပါ။ ပဒူကောင်အကိုက်ခံထားရတဲ့ အရေပြားနေရာက နီပြီး ရောင်ရမ်းနေနိုင်ပါတယ်။
♦ ရေခဲအုပ်တာက နာကျင်ကိုက်ခဲမှုကိုလျော့ကျစေပေမယ့် အထိရောက်ဆုံးနည်းကTDS-40 ဖျန်းဆေးကို သုံးတာပဲဖြစ်ပါတယ်။ မိနစ်အနည်းငယ်အတွင်းနာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။
♦ ပဒူကောင်အကိုက်ခံရတာကြောင့်ပြင်းပြင်းထန်ထန်နာကျင်နေရင် အကိုက်အခဲပျောက်ဆေး (Ibuprofen လို ဆေးဝါး)သောက်ပါ၊ ဒါမှမဟုတ် Topical Anesthetic လိမ်းဆေး လိမ်းပါ။ ပဒူကောင် အကိုက်ခံရပြီး နာကျင်မှု ဖြစ်ပေါ်တဲ့နေရာကို ကူးစက်ပိုးဝင်မှု မဖြစ်အောင်ပုံမှန် ဆေးကြောသန့်စင်ပေးရပါမယ်။
အရေးကြီးသည့်အချက် – သင်က ပဒူအစွယ်အဆိပ်နဲ့ ဓာတ်မတည့်မှု ဖြစ်ရင်ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။
ပဒူကောင် အကိုက်ခံရခြင်းမှရှောင်လွှဲနိုင်ရန်
ပဒူကောင် အသိုက်အမြုံနဲ့ နီးကပ်လွန်းတဲ့ နေရာတစ်ဝိုက်ကို ရှောင်ရှားပါ။ ပဒူကောင်အကိုက်ခံရတယ်လို့ သတင်းကြားတဲ့နေရာတွေကို သတိလက်လွတ် သွားလာတာမျိုးကို ရှောင်ပါ။ သင့်အိမ်အနီး ဒါမှမဟုတ် အလုပ်အနီးတစ်ဝိုက်မှာ ပဒူကောင်တွေက အသိုက်ဖွဲ့နေထိုင်တယ်ဆိုရင် အဲဒီအသိုက်ကို ချက်ချင်းဖယ် ရှားနိုင်ဖို့ ဘေးအန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်ရပါမယ်။
လူတိုင်း ပဒူကောင်အကိုက်ခံရခြင်းအန္တရာယ် ကင်းဝေးကြပါစေ။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။