Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Thursday, January 31, 2013
တယ်လီဗွီးရှင်း၊ ကွန်ပြူတာ နှင့် သင့် မျက်လုံးများ'
 ရေးမိရေးရာလေးများ
TV , Computer တွေနဲ့ မကြာခဏထိတွေ့ နေကြတဲ့ ကမ္ဘာသစ်က သူငယ်ချင်းများအတွက် မှတ်သားလိုက်နာစရာတွေပါ ။
... ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် ... ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။
ဖေ့စ်ဘုတ်ကသတင်းတွေကို ဖတ်ပြီး စဉ်းစားမိတာလေးတစ်ခုပါ
Ye Yint Nge and 2 other people shared Moe Zay Nyein's photo.
ဖေ့စ်ဘုတ်ကသတင်းတွေကို ဖတ်ပြီး စဉ်းစားမိတာလေးတစ်ခုပါ
မိုးဇေညိမ်း
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်းက ရော့စ်ဒန်ကလီဆိုတဲ့ နိုင်ငံခြားသားက တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးက အရာရှိကြီးတွေနဲ့ပေါင်းပြီး မြန်မာတိုင်းမ်ဂျာနယ်ကို ထုတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးတွေ တပ်ပျက်တော့ မြန်မာတိုင်းမ်မှာ အယ်ဒီတာချုပ်လုပ်နေတဲ့ ဆန်နီဆွေ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျသွားတယ်။ ဆန်နီဆွေက လားရှိုးထောင်မှာပါ။ ဆန်နီဆွေရဲ့ အဖေ၊ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံး၊ ပြည်ပထောက်လှမ်းရေးဌာနကြီးရဲ့ ဌာနကြီးမှူး ဗိုလ်မှူးချုပ်သိန်းဆွေ (လေ) လည်း အဖမ်းခံရပြီး (၅) ကျွန်းနဲ့ (၄၉) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ ခုတော့မြင်းခြံထောင်မှာပါ။ ဗိုလ်မှူးချုပ် သိန်းဆွေဟာ ဦးခင်ညွန့်ရဲ့ အထူးယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်တာမို့ သူ နိုင်ငံခြားခရီးစဉ်လိုမျိုး သွားတဲ့အချိန်ဆိုရင် ဗိုလ်မှူးချုပ်သိန်းဆွေကို သူ့ရဲ့ တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်တာဝန်မှာ ခေတ္တလွှဲအပ်ခဲ့တာမျိုးရှိခဲ့ပါတယ်။ ထောက်လမ်းရေးတွေတပ်ပျက်တော့ ထောက်လှမ်းရေးတွေနဲ့ စပ်ဆက်ပတ်သတ်နေတဲ့ လုပ်ငန်းတွေလည်း ဦးသန်းရွှေရဲ့ မျက်မာန်တော်နေ မလွတ်ခဲ့ရှာပါဘူး။
ဒီ့အရင်က ထောက်လှမ်းရေးက ဗိုလ်ချုပ်တွေနဲ့ လုပ်ငန်းပတ်သတ်သလိုလို၊ ရှယ်ယာပါသလိုလို လုပ်နေတဲ့ Eleven အုပ်စုက ဒေါက်တာသန်းထွဋ်အောင်ကတော့ ဦးခင်ညွန့်ကို ဖြုတ်ချတဲ့ ဗိုလ်ချုပ်တွေကို အဘပြောင်းခေါ်ပြီး ချဉ်းကပ်လို့ ထွက်ပေါက်ရှာလိုက်ပါတယ်။ အဲသလို ထောက်လှမ်းရေးနဲ့ပတ်သတ်သူတွေကို ကွပ်ညှပ်တဲ့ထဲမှာ ထောက်လှမ်းရေးနောက်ခံနဲ့ ထုတ်ဝေနေတဲ့ မြန်မာတိုင်းမ်ဂျာနယ်က ရော့စ်ဒန်ကလီတစ်ယောက်လည်း မလွတ်ခဲ့ပါဘူး။ သူလည်း မြန်မာနိုင်ငံသားဆိုရင်တော့ ခုလောက်ဆို ထောင်ထဲမှာ အနားယူနေရပြီပေါ့။ ဒါပေသိ နိုင်ငံခြားသားတစ်ယောက်ဖြစ်နေတာမို့ ဖမ်းလို့ဆီးလို့မရတာကြောင့် မြန်မာပြည်ကို သူ့ဘာသာစိတ်ပျက်ပြီး စွန့်ခွာသွားအောင် နည်းလမ်းပေါင်းစုံနဲ့ ကြံစည်ပါတော့တယ်။
ယခင် ထောက်လှမ်းရေးက ပိုင်ဆိုင်ခဲ့တဲ့ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ရှယ်ယာတွေကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းရဲ့ စီစဉ်မှုအရ ဒေါက်တာတင်ထွန်းဦး က ၀ယ်ယူခဲ့ပါတယ်။ ရော့စ်ဒန်ကလီ တစ်ယောက်လုပ်ချင်တိုင်းလုပ်မရအောင် ဗိုလ်မှူးချုပ်ကျော်ဆန်းက သူ့လူယုံတစ်ယောက်ကို ထည့်ပေးပြီး ရော့စ်ဒန်ကလီရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ်လိုက်တဲ့ သဘောပါပဲ။ စစ်တပ်ကအရာရှိကြီးတွေက ဒေါက်တာတင်ထွန်းဦးကိုနာမည်ခံခိုင်းပြီး ၀ယ်ယူခဲ့တဲ့ ရှယ်ယာတွေလည်း ရှိတယ်လို့ အဲဒီ့တုန်းက သတင်းထွက်ခဲ့ဖူးပါတယ်။ အရင်တုန်းကတော့ ဒေါက်တာတင်ထွန်းဦးက သူ့သမီးကြီး စုမြတ်စန္ဒီဦးကို မြန်မာတိုင်းမ်ဂျာနယ်မှာ ရုံးထိုင်ခိုင်းခဲ့ပါတယ်။ ဒေါက်တာတင်ထွန်းဦးနဲ့ စုမြတ်စန္ဒီဦးတို့ရဲ့ စီစဉ်မှုနဲ့ မြန်မာတိုင်းမ် ဂျာနယ်အပြင်  Crime မှုခင်းသတင်း ဂျာနယ်၊ Now ဖက်ရှင်ဂျာနယ်နဲ့ Chic မဂ္ဂဇင်းတွေ ထုတ်ခဲ့ပါတယ်။ ခုတလော ဖတ်ရတဲ့ သတင်းတွေအရတော့ ရော့စ်ဒန်ကလီတစ်ယောက် မြန်မာပြည်ကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားအောင်လုပ်ဖို့ စီစဉ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ စီမံကိန်းက ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ရဲ့ အရပ်သား အစိုးရခေတ်အထိ ပါလာပုံရပါတယ်။ ဒေါက်တာတင်ထွန်းဦး၊ မြန်မာတိုင်းမ်နဲ့ရော့စ်ဒန်ကလီတို့ရဲ့ ဇာတ်လမ်းဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။
(မှားနေသည့် အချက်အလက်များအား ထောက်ပြပေးသည့် ကို @[100004226743094:2048:Min Han] အားကျေးဇူးတင်ပါသည် ခင်ဗျား)
ဖေ့စ်ဘုတ်ကသတင်းတွေကို ဖတ်ပြီး စဉ်းစားမိတာလေးတစ်ခုပါ
မိုးဇေညိမ်း
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်းက ရော့စ်ဒန်ကလီဆိုတဲ့ နိုင်ငံခြားသားက တပ်မတော် ထောက်လှမ်းရေး ...ညွှန်ကြားရေးမှူးရုံး၊ စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးက အရာရှိကြီးတွေနဲ့ပေါင်းပြီး မြန်မာတိုင်းမ်ဂျာနယ်ကို ထုတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးတွေ တပ်ပျက်တော့ မြန်မာတိုင်းမ်မှာ အယ်ဒီတာချုပ်လုပ်နေတဲ့ ဆန်နီဆွေ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျသွားတယ်။
***ဗုဒ္ဓဘာသာ အမှတ်တံဆိပ်တော် ရှင်းလင်းချက်***
Hlaing Bwa shared မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)'s photo.
***ဗုဒ္ဓဘာသာ အမှတ်တံဆိပ်တော် ရှင်းလင်းချက်***  
၁။ မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်ပါးကို အကြောင်းပြု ရည်ရွယ်ကာ ပြုလုပ်ထားသော သာသနာ့အလံတော်ကို နောက်ခံထားသည်။
၂။ ၉၆၉ ၏ အဓိပ္ပါယ်မှာ -
    ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာ့ဂုဏ်တောာ်(၉) ပါးကို ရည်ရွယ်သည်။
၃။ အသောက ကျောက်တိုင် အဓိပ္ပါယ်
    ခြင်္သေ့ ၊ ဆင် ၊ မြင်း၊ နွား ရုပ်များပါရှိသည်။ အသောကမင်း၏ သာသနာတော် ထွန်းကားပြန့် ပွားရေးဆောင်ရွက်ချက်ကြောင့် မြန်မာ
    နိုင်ငံတော်တွင် သာသနာတည်ရှိနေခြင်း၏ အကျိုးကျေးဇူးတရားကို မမေ့သင့်ပါ။
အသောက မင်းကြီး သာသနာပြု စိတ်ဓာတ်
ခြင်္သေ့မင်းလို ၀ိရိယ မလျော့ပါနှင့်
အများအကျိုးကို ဆောင်ရွက်လို ၊ ခြင်္သေ့လို ကျင့်ရမည်။ 
ယုန်ငယ်မှာလည်း မလျော့ဘဲ အမြဲခုန်အုပ်သည်။
လုံလကဲကဲမလျော့ဘဲ၊ အမြဲလုပ်ရမည်။
ဆင်လိုသက်လုံကောင်းပါစေ
အများအကျိုး ဆောင်ရွက်လို ဆင်လို ကျင့်ရမည်။
လက်နက်မှန်လည်း မလျော့ဘဲ စစ်ပွဲဆင်နွှဲမည်။
ဘာပဲကြုံကြုံ ကိုမဖြုံ သက်လုံကောင်းရမည်။
မြင်းလိုလျင်မြန်ရမည်
အများအကျိုးဆောင်ရွက်လို မြင်းလိုကျင့်ရမည်။
သွက်လက်လျင်မြန်၊ အားသန်သန်၊ ပန်းတိုင်မှန်ကိုလျှောက်ရမည်။
ပန်းတိုင်မရောက်ခင် လက်မမြှောက်၊ တောက်လျှောက်ကျင့်ရမည်။
နွားလို လောကဓံကို သည်းခံနိုင်ရမည်
အများအကျိုးဆောင်ရွက်လို နွားလိုကျင့်ရမည်။
ရိုက်နှက်သော်လည်း စိတ်မဆိုးဘဲ အမြဲ သည်းခံမည်။
ဤလောကဓံ၊ သည်းသည်းခံ အမှန်ကျင့်ရမည်။
***ဗုဒ္ဓဘာသာ အမှတ်တံဆိပ်တော်***
လိုက်နာရှောင်ကျဉ်ရန်စည်းကမ်းများ
၁။ အမှတ်တံဆိပ်တော်ကို အသုံးပြုရာ၌ သရဏဂုံ သုံးပါကို ရွတ်ဆို၍ကပ်ပြီး လက်အုပ်ချီကာ ဗုဒ္ဓသာသနာ စိရံနိဌတု သုံးကြိမ်ရွတ်ဆို၍     
    ရိုသေစွာပြီးဆုံးစေရမည်။
၂။ အမှတ်တံဆိပ်တော်ကို မြင့်မြတ်သော သင့်တင့်လျှောက်ပတ်သော နေရာများ၌ သာ အသုံးပြုရမည်။
၃။ အမှတ်တံဆိပ်တော်ကို ပုံစံတူမကွဲ တစ်သားတည်းဖြစ်အောင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြတ်ဗုဒ္ဓအလိုကျ ညီညွတ်မှုကို         
    ဖော်ဆောင်ကြရမည်။
၎။ အမှတ်တံဆိပ်တော်ကို အခြားဘာသာဝင်များပိုင်ဆိုင်သော အိုးအိမ်၊ တိုက်တာ၊ ဆိုင်ကယ်၊ ကားအစရှိသော ယာဉ်များနှင့်        
    အသုံးအဆောင် ပစ္စည်းများတွင် ဟန်ဆောင်လှည့်ဖျား၍ သုံးပါက ထိရောက်အောင် အရေးယူဆောင်ရွက်ရမည်။ (ဘာသာဝင်များ   
    သတင်းပေးပါ)
၅။ အမှတ်တံဆိပ်တော် ဂုဏ်သိမ်ကို ညှိုးမှိန်စေသော ရည်ရွယ်ချက်ဖြင့် ပြုမူပြောဆို ကြံစည်မှုများကို မြင်တွေ့ ကြားသိရပါက 
    သာသနပါလက ဂဏ၀ါစက သံဃာ့အဖွဲ့ မှထိရောက်အောင် အရေးယူမည်။ (ဘာသာဝင်များ သတင်းပေးပါ။)
‎***ဗုဒ္ဓဘာသာ အမှတ်တံဆိပ်တော် ရှင်းလင်းချက်***
၁။ မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်ပါးကို အကြောင်းပြု ရည်ရွယ်ကာ ပြုလုပ်ထားသော သာသနာ့အလံတော်ကို နောက်ခံထားသည်။
၂။ ၉...၆၉ ၏ အဓိပ္ပါယ်မှာ -
ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာ့ဂုဏ်တောာ်(၉) ပါးကို ရည်ရွယ်သည်။
ဂန္ဒီ ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့ 
 Work.com.mm
ပြီးခဲ့တဲ့ အော်တိုဘာလ ၂ ရက်နေ့က မဟတ္တမ ဂန္ဒီနေ့ လို့ အိန္ဒိယနိုင်ငံသား တို့ သတ်မှတ်ထားကြပါတယ်။ ယင်းနေ့ဟာ အိန္ဒိယလွတ်လပ်ရေး ဖခင် (ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းဆောင် တစ်ဦး) ဖြစ်တဲ့ ဂန္ဒီရဲ့ မွေးဖွားရက် လည်း ဖြစ်ပါတယ်။ ဂန္ဒီရဲ့ ကမ္ဘာကျော် ဆိုရိုးစကား အချို့ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဥက္ကာပျံ
အာကာသ ဟင်းလင်းပြင်ထဲတွင် သွားလာ ရွှေ့လျှားနေသော ကြယ်တံခွန်နှင့် ဥက္ကာပျံများကြောင့် ကမ္ဘာပေါ်တွင် မည်သို့ မည်ပုံ ပြောင်းလဲသွားသည်ကို ရှေးနက္ခတ်ပညာရှင်းများ၏ မှတ်တမ်းများတွင် လေ့လာမှတ်သားရပါသည်။ အထူးသဖြင့် ကမ္ဘာမြေကြီး အနီးသို့ ၇၅ နှစ်လျှင်တစ်ကြိမ်ကျ ပုံမှန်ရောက် လာလေ့ ရှိသော နာမည်ကျော် ဟယ်လီကြယ်တံခွန်ကြီး၏ ကမ္ဘာမြေပေါ် သက်ရောက်ခဲ့သော အကျိုး အပြစ်များကို စာစောင်တော်တော်များမ...ျား၌ ဖော်ပြပြီးရုံမျှမက ကြယ်တံခွန်နှင့်ပက်သက်သော လုံးချင်း စာအုပ်များတွင်လည်း ခရေစေ့တွင်းကျ ဖော်ပြထားပြီးဖြစ်လေသည်။
အတွင်းစိတ်ရော အပြင်သဏ္ဌာန်ပါ နုပျိုစေမည့် နည်းလမ်းများ
Cloud Cuckoo Land shared Aye Chan Mon's photo.
အတွင်းစိတ်ရော အပြင်သဏ္ဌာန်ပါ နုပျိုစေမည့် နည်းလမ်းများ
အပြင်ပန်းနုပျိုမှု၊ လှပမှုတွေကို သာ ဦးစားပေး ပြုပြင်နေတာ ထက် အတွင်း သဏ္ဌာန်ကပါ လှပနေမှ တစိမ့်စိမ့်ကြည့် လေလေ နုပျိုလှပလေလေ ဖြစ်မှာပါ။
(၁) ပျော်စရာအတွေးများနှင့် နေထိုင်ပါ
စိတ်ပျိုကိုယ်နုဆိုတဲ့ စကားကိုကြား ဖူးကြမှာပါ။ အကောင်းမြင်စိတ်ရှိတာ၊ တစ်ပါးသူတွေအပေါ် အကောင်းမြင် စိတ်နဲ့ တွေးတောပေးတာတွေက သင့် စိတ်နဲ့ ခန္ဓာကိုယ်ကို နုပျိုနေစေပြီး အ သက်ရှည်စေပါတယ်။ အတိတ်က ပျော် ရွှင်စရာဖြစ်ရပ်တွေကို ပြန်လည်တွေး တောတာက သက်ရှည်နုပျိုစေတယ်လို့ "ပျော်ရွှင်ဖွယ်အကောင်းဆုံးဘဝ" စာအုပ် ကို ရေးသားခဲ့သူ ကယ်ရိုလင်း အဒမ် မိုင်လာက ပြောပါတယ်။
(၂) စောစောအိပ် စောစောထပါ
နုပျိုစေတဲ့ အကောင်းဆုံး လျှို့ဝှက် ချက်က အိပ်ရာစောစောဝင်တာပါ။ အိပ် စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ လိုအပ်တာတွေ ကို ပြန်လည်ပြုပြင်ပေးပြီး အကောင်းဆုံး ဖြစ်စေပါတယ်။ အိပ်ရေးဝ၀အိပ်စက်တာ ကြောင့် သင့်ခန္ဓာကိုယ်ကို နုပျိုစေပြီး ဦး နှောက်ဥာဏ်ရည် ထက်မြက်စေပါတယ်။ အိပ်စက်တဲ့အခါ အိပ်ရာစောစောဝင်ပြီး တစ်ညကို ရှစ်နာရီကြာ အိပ်စက်သင့်ပါ တယ်။
(၃) နုပျိုစေသော အစားအစာများကို စားပါ
သင်စားတဲ့ အစားအသောက်တွေ က နုပျိုလှပဖို့အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစား အသောက်စားတိုင်းမှာ သစ်သီး၊ ဟင်းသီး ဟင်းရွက်နဲ့ ရေတစ်ဖန်ခွက် ပါဝင်အောင် စားသောက်သင့်တယ်လို့ Dr.Lodge က ပြောပါတယ်။ ဒီလိုစားသောက်တာ ကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက် ဆီးဒင့်တွေရရှိပြီး စွမ်းအင်ပြည့်ဝကာ လန်းဆန်းစေပါတယ်။ နေ့လယ်စာ၊ ည စာတွေ စားပြီးတဲ့အခါ အချိုပွဲစားတဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ မလိုပါဘူး။ ကျန်း မာရေးနဲ့ညီညွတ်တဲ့ သီးနှံတစ်မျိုးမျိုး ဒါမှမဟုတ် သီးနှံတွေနဲ့  ပြုလုပ်ထားတာကို ရွေးချယ်စားဖို့သာ လိုအပ်တာပါ။
(၄) ကြွက်သားသန်မာအောင် လေ့ကျင့်ပါ
လက်ရှိအသက်အရွယ်ထက် ဘယ် လောက် အတိုင်းအတာအထိ ငယ်ရွယ် နုပျိုချင်ပါသလဲ။ ဒီမေးခွန်းကို လေ့ကျင့် ရေးနည်းပြတွေက မေးတဲ့အခါ အများစု က လက်ရှိအသက်ထက် ၂၀ နှစ်ခန့် နုပျို ချင်တယ်လို့ ပြောကြပါတယ်။ ဆွဲဆန့် လေ့ကျင့်ခန်း၊ အလေးအသုံးပြုပြီး လေ့ ကျင့်တာတွေ ပြုလုပ်တာကြောင့် ကြွက် သားတွေပိုမိုသန်မာလာပြီး သက်လုံ ပိုမို ကောင်းလာစေပါတယ်။ သင့်ကိုယ်သင် လည်း အသက် ၂၀ လောက် ပိုငယ်သွား တယ်လို့ ထင်မြင်လောက်အောင်ကို သွက်သွက်လက်လက် လှုပ်ရှားသွားလာ နိုင်မှာဖြစ်ပါတယ်။
(၅) အသွင်အပြင်ပြောင်းလဲပါ
လက်ရှိအသက်ထက် ပိုနုငယ်တယ် လို့ ထင်မြင်အောင် သင်ရဲ့ အပြင်အဆင် တွေနဲ့ ပြောင်းလဲယူလို့ရပါတယ်။ ဆံပင် ပုံစံကို မျက်နှာနဲ့ လိုက်အောင်ပြင်ဆင် တာ၊ အသားအရေထိန်းသိမ်းမှုကောင်း တာတွေက သင့်ကို လက်ရှိအသက်ထက် ပိုနုငယ်စေတယ်လို့ ထင်မြင်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။
(၆) သင့်ဦးနှောက်ကို အစဉ်အမြဲ နုပျို အောင် လုပ်ဆောင်ပါ
ညီညွတ်မျှတတဲ့ အစားအစာတွေ ကို မှန်မှန်ကန်ကန် စားသောက်တယ်၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တယ်၊ အသား အရေထိန်းသိမ်းမှုတွေ ပုံမှန်ပြုလုပ်တယ် ဆိုပေမယ့် နုပျိုလန်းဆန်းနေတယ်ဆိုတဲ့ ခံစားချက်ကို သင့်ဦးနှောက်က သိရှိဖို့ လိုပါ သေးတယ်။ နုပျိုမှုကို သင့်ဦးနှောက်က သိရှိစေဖို့ သင်တန်းတက်တာ၊ ဘာသာ စကားအသစ်လေ့လာတာတွေပြုလုပ်ပါ။
(၇) ရုပ်ရှင်ကြည့်ပါ သီချင်းနားထောင်ပါ
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ သင်ငယ်ရွယ်စဉ်က ဖြတ်သန်း ခဲ့ဖူးတဲ့ အကြောင်းအရာကို ရိုက်ကူးထား တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းကြည့်တာ၊ သီချင်း နားထောင်တာတွေက မှတ်ဥာဏ်တွေ ပိုမိုကောင်းမွန်စေပြီး ပျော်ရွှင်မှုဖြစ်ပေါ် စေကာ ကျန်းမာစေတယ်လို့ တွေ့ရှိခဲ့ပါ တယ်။
(၈) မှန်ကန်စွာ မျှမျှတတ တွေးတော ဆင်ခြင်ပါ
မျှမျှတတ တွေးတောဆင်ခြင်တာ က သင့်ကို စိတ်ပျိုကိုယ်နုဖြစ်စေတဲ့ အကြောင်းတစ်ရပ်ပါ။ ဆုံးဖြတ်ချက်ခိုင်ခိုင် မာမာရှိပြီး သူတစ်ပါးအပေါ်၊ မိမိကိုယ် တိုင်အပေါ် မှန်မှန်ကန်ကန်နဲ့ မျှမျှတတ တွေးတော ဆင်ခြင်နိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး နုပျိုသွက်လက်စွာ လှုပ်ရှား လုပ်ကိုင်နိုင်စေပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Credit to  : GOOD HEALTH
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
အပြင်ပန်းနုပျိုမှု၊ လှပမှုတွေကို သာ ဦးစားပေး ပြုပြင်နေတာ ထက် အတွင်း သဏ္ဌာန်ကပါ လှပနေမှ တစိမ့်စိမ့်ကြည့် လေလေနုပျိုလှပလေလေ ဖြစ်မှာပါ။
(၁) ပျော်စရာအတွေးများနှင့် နေထိုင်ပါ
အိပ်စက်ပုံကို ကြည့်ပြီး လူကဲခတ်ခြင်း
 ရေးမိရေးရာလေးများ
အိပ်စက်ခြင်းဟာ လူသားတွေ အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတာ အထူးပြောနေစရာ မလိုလောက်အောင် သေချာပါတယ်။ လူသားအပါအ၀င် နို့တိုက်သတ္တ၀ါ အားလုံး၊ ငှက်များ၊ တွားသွားသတ္တ၀ါ အများစု၊ ရေနေကုန်းနေ သတ္တ၀ါများနဲ့ ငါးတွေဟာ အသက်ရှင်ရေး လုပ်ငန်းတာဝန်များကို ဆက်လက်ပြီး ပုံမှန် လုပ်ဆောင်နိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အိပ်စက်နားနေမှုနဲ့ ပတ်သက်ပြီး ဆေးပညာရှင်များ၊ ဇီဝဗေဒပညာရှင်များက ကမ္ဘာတစ်ဝန်း လေ့လာ တွေ့ရှိထားတဲ့ အချက် ၁၅ ချက် ဖြစ်ပါတယ်။
သူ့ကျွန်မခံ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်
ကျွန်မကတော့ အောက်မှာ ရေးထားတဲ့ ဝန်းသိုစော်ဘွားဦးအောင်မြတ်ရဲ့ နယ်မြေထဲမှာ ပါဝင်နေထိုင်ခဲ့တဲ့ ရှမ်းမျိုးနွယ်စုထဲက တစ်မျိုးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ခုခေတ်မှာ လူတော်တော်များများက ရှမ်းလူမျိုးဆိုရင် ရှမ်းပြည်မှာသာ ရှိတယ်လို့ ထင်ကြတဲ့သူတွေများပါတယ်။ ကျွန်မတို့ဟာ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းတွေပါလို့ ပြောလိုက်ရင် ရှမ်းလူမျိုးတွေက ဘယ်လိုလုပ် ကချင်ပြည်နယ်မှာ ရောက်နေတာလဲလို့ ပြန်မေးကြသူတွေ များပါတယ်။ ကချင်ပြည်နယ်ရယ်လို့ မပေါ်ပေါက်ခင်ကတည်းက ရှမ်းတွေဟာ ယခု စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ် အနှံ့အပြားမှာ နေထိုင်ခဲ့ကြသူတွေပါလို့ ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။
သူ့ကျွန်မခံ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်
၁၂၅၂ ခုနှစ်တွင် အင်္ဂလိပ် အစိုးရသည် ခွန်းတောင် မြို့အုပ်နှင့် အခွန်ဝန် ဦးစံတို့ကို စစ်တပ် တတပ်နှင့် စေလွှတ်လိုက်သည်။ ဝန်းသိုမြို့ စော်ဘွား ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ စေလွှတ်လိုက်သော တပ်များကို မှန်ကင်းတောင် စခန်းမှ ဆီးကြို တိုက်ခိုက်ရန် ချီတက် လာခဲ့သည်။ မှန်ကင်းတောင် စခန်းတွင် အင်္ဂလိပ်တပ်များနှင့် ဝန်းသိုစော်ဘွား တပ်များ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရာ ရှုံးပြီး အင်္ဂလိပ်တို့ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲဖြစ်ရာ မှန်ကင်းတောင် စခန်းတွင် ယခုတိုင် အမှတ်အသား စိုက်ထူထားသော ကျွန်းတိုင်ကြီး တတိုင် ရှိနေသေးသည်။ ကောလင်းမြို့ဘက်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်များကို ဝန်းသိုစော်ဘွား တပ်များက လိုက်လံ တိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ် တဦးနှင့် တပ်သား သုံးဦး ကျဆုံးခဲ့သည်။
အင်္ဂလိပ် တပ်များလည်း ကောလင်းမြို့မှနေ ထပ်ပြီး ဆုတ်ခွာရသည်။ ထိုအခါမှ စ၍ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ အမည်သည် အင်္ဂလိပ်မင်း အုပ်ချုပ်သည့် မန္တလေးမြို့မှသည် အောက်ပြည်ဒေသ ရန်ကုန်မြို့သို့ တိုင်အောင် ကျော်ကြား လာခဲ့သည်။ ရှုံးနိမ့်၍ ဆုတ်ခွာခဲ့ရသော အင်္ဂလိပ်တပ်များကို အားဖြည့်ရန် ၁၂၅၂ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကသာမှ ဗိုလ်နှစ် စဗက် ဦးဆောင်သော အမှတ် (၂ဝ) ခြေလျင်တပ်ရင်းနှင့် ရွှေဘိုမှ ဗိုလ်ကြီး ကေရီ ဦးဆောင်သော မြင်းတပ်များ ရောက်ရှိလာ သဖြင့် ကောလင်းမြို့သို့ ပြန်၍ ချီတက် လာကြပြန်သည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် သူ၏ ဝန်းသိုတပ်များနှင့် အတူ ဖခင်ဖြစ်သူ မိုးကောင်းမြို့ဝန်၏ တပ်များနှင့်ပါ ကောလင်းသို့ အပြင်းချီတက်ကာ အင်္ဂလိပ်များကို တိုက်ခိုက်သည်။ သို့ရာတွင် အင်အားချင်း မမျှသဖြင့် ရုတ်တရက် မြို့သို့ မချဉ်းကပ်သေးဘဲ မြို့ပြင်မှသာ ဝန်းရံနေ၍ အင်္ဂလိပ် တပ်များကို တောထဲသို့ မျှားခေါ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အကျအဆုံး ဒဏ်ရာရသူ များပြားသည်။ လက်နက် အင်အား လူအင်အား မမျှသဖြင့် ဆုတ်ခွာ ခဲ့ရသော်လည်း ဦးအောင်မြတ်၏ တပ်များသည် အင်္ဂလိပ်တို့ကို အကြိမ်ကြိမ် ပြန်လှန် တိုက်ခိုက်မှုများ ပြုခဲ့သည်။ 
ထိုနယ်မြေ ဒေသ တဝိုက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားစေခဲ့သည်။ အင်္ဂလိပ် အစိုးရက ယင်းတို့၏ စစ်တပ်အတွက် ရွှေဘိုမှ နောက်ထပ်တပ်များ စစ်ကူရောက်လာရာ ဝန်းသို တပ်များသည် တဖြေးဖြေး ဆုတ်ခွာရင်း ကျိုင်းခွင်တောင်ကုန်း၌ တပ်စွဲ၍ အခိုင်အမာ ခုခံရာ အင်္ဂလိပ်တပ်များ မကပ်နိုင်အောင် ရှိခဲ့သည်။ အဝေးမှ အမြောက် သေနတ်များဖြင့် အင်္ဂလိပ်တပ်များက ပစ်ခတ်သော်လည်း ခပ်ဝေးဝေးမှ ပစ်ရသဖြင့် မျှော်မှန်းသလောက် မဖြစ်ဘဲ ဝန်းသို စော်ဘွားတပ်များ အထိအခိုက် နည်းသည်။ နောက်ဆုံး၌ အင်္ဂလိပ်တပ်များသည် ကျိုင်းခွင်တောင်ကုန်းကို ပတ်၍ စီးသော ဒေါင်းဖြူချောင်းကို အကျအဆုံး များစွာနှင့် ဖြတ်ကူးကား ဝန်းသို့တပ်များကို အနီးကပ် တိုက်ခိုက်ကြသည်။ ဝန်းသိုစော်ဘွား၏ တပ်များသည် အတော်ကြာကြာ ခုခံ တိုက်ခိုက်ကြပြီးနောက် တောင်ကုန်း တဖက်မှ အင်္ဂလိပ်တပ်များကို ဖောက်ထွက်၍ ဝန်းသိုမြို့သို့ ဆုတ်ခွာခဲ့ကြသည်။ ကျိုင်းခွင် တိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အပျက်အစီး အသေအပျောက် များသည်။ အင်္ဂလိပ် စစ်သား သုံးဦး ကျဆုံးသည့် နေရာတွင် ကျောက်တိုင်တခု စိုက်ထူထားရာ ယခုတိုင် တွေ့နိုင်သေးသည်။ ကျိုင်းခွင်တောင်ကုန်းမှ ဆုတ်ခွာသည့် နေ့တွင်ပင် ရေဦးမြို့နယ်မှ ဗိုလ်ကြီး ဟက်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ် စစ်ပုလိပ်တပ် တတပ်နှင့် ဥက္ကံမြို့နားရှိ မိုးနန်းကျောင်းတွင် တပ်စွဲနေသော ဝန်းသိုတပ်များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသည်။ ထိုတိုက်ပွဲတွင် စော်ဘွားကြီး ဦးအောင်မြတ်တပ်မှ ၂၇ ယောက် ကျဆုံးသည်။ အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားရာ ယင်းဒဏ်ရာနှင့်ပင် မကြာမီ သေဆုံးခဲ့သည်။ လက်နက် အင်အား လူအင်အား မမျှသည့်ပြင် အတွေ့အကြုံ နည်းပါးသော သူများနှင့် တိုက်ခိုက်ရသော်လည်း သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်ကြောင့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ကို ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ မိုးညှင်း၊ ပင်လယ်ဘူး စသော ဒေသများမှ အပြင်းအထန် တော်လှန် တိုက်ခိုက်ခဲ့သည်။ မဲဇာချောင်းနားရှိ မန်လောင် မန်စီ ဒေသများတွင်လည်း အင်္ဂလိပ်တို့နှင့် အကြိမ်ကြိမ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် လူသူ လက်နက် အနည်းငယ်နှင့် တနှစ်နည်းပါးမျှ အားမလျှော့ဘဲ ဇွဲနပဲနှင့် တိုက်ခိုက်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
သျှမ်းနီ၊ ခန္တီး၊ ကဒူး၊ ကဏန်းတို့၏ ခေါင်းဆောင်ကြီးသူ့ကျွန်မခံလိုသော မောရိယမဟာဝံသ သီရိသုဓမရာဇာ သိုဟုံဘွား မျိုးချစ် ဝန်းသို စော်ဘွားကြီး စ၀်အောင်မြတ်။ ။ 
ဝန်းသိုနယ်နိမိတ် အပိုင်းခြားများ
၁။ အရှေ့လာသော် ဧရာဝတီ မြစ်လယ်ကြော ကေ မ္ဘာဇတိုင်းအထိ၊ 
၂။ တောင်ဘက်လာသော ရဲသာရွာ ဟလင်းကြီး သံသနဂရတိုင်းထိ၊ 
၃။ အနောက်ဘက်လာသော သလ္လာဝတီ မြစ်လယ်ကြော မဏိပူရတိုင်းထိ၊
၎။ မြောက်ဘက်လာသော မိုင်းကောင်းနှင့် ကြောကိုင်း နရသုတဏ္ဍတိုင်းအထိ၊ 
၅။ အရှေ့မြောက်လာသော ကောက်ကွေ့ချောင်းထွက် ဧရာဝတီအထိ၊
၆။ အရှေ့တောင်လာသော တမောအောက် ဇင်းချောင်းပေါက် ဧရာဝတီအထိ၊
၇။ အနောက်တောင်လာသော ကလုံး ရွှေတွင်း သလ္လာဝတီမြစ်အထိ၊
၈။ အနောက်မြောက်လာသော ဦးရူချောင်းထွက် သလ္လာဝတီ မြစ်လယ်ကြောထိ ဖြစ်လေသည်။ ဤသို့ နယ်လေးရပ်၊ ရှစ်ရပ် သတ်မှတ် ပိုင်းခြားလျက် ၅၅ ခရိုင်ဘွားစားရသည်။ ဤကား စော်ဘွား အဆက်ဆက်တို့၏ ဘွားစားရသော နယ်ပယ် အပိုင်းအခြားဖြစ်သည်။ 
ထိုဒေသနေ လူဦးရေ သန်းချီသော ရှမ်းနီ ကဒူး ကဏန်း လူမျိုးစုတို့မှာ ယခုအခါ တိမ်ကောကွယ်ပျောက်မတတ် ဖြစ်နေပါသည်။
shanniyouth.blogspot
သူ့ကျွန်မခံ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်
၁၂၅၂ ခုနှစ်တွင် အင်္ဂလိပ် အစိုးရသည် ခွန်းတောင် မြို့အုပ်နှင့် အခွန်ဝန် ဦးစံတို့ကို စစ်တပ် တတပ်နှင့် စေလွှတ်လိုက်သည်။
အာဆင်းနစ်များနေသောရေကို လူတစ်သန်းခန့် သုံးစွဲနေရ
Cloud Cuckoo Land and Zayar Zy shared Zaw Mintun Zawmintun's photo.
အာဆင်းနစ်များနေသောရေကို လူတစ်သန်းခန့် သုံးစွဲနေရ
ယမုံဖူးသစ် | Wednesday, 30 January 2013 
ကျေးလက်ဒေသတစ်ခုတွင် သဘာဝစမ်းချောင်းရေကို သုံးစွဲနေကြရသည့် ဒေသခံများအား တွေ့ရစဉ်။ ဓာတ်ပုံ-မြန်မာတိုင်း(မ်)ကျေးလက်ဒေသတစ်ခုတွင် သဘာဝစမ်းချောင်းရေကို သုံးစွဲနေကြရသည့် ဒေသခံများအား တွေ့ရစဉ်။ ဓာတ်ပုံ-မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံရှိ လူဦးရေ ၁ ဒသမ ၁ သန်း ခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်ဖြစ်
သော အာဆင်းနစ်ဓာတ် အများဆုံးပါဝင်မှု ပမာဏထက် ကျော်လွန်သော ရေများကို သုံးစွဲနေကြရ
သည်ဟု ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ပြုလုပ်ခဲ့သော အာဆင်းနစ် အန္တရာယ် လျော့ပါးရေးအစီ
အစဉ်အရ သိရသည်။
အဆိုပါ ခုနစ်နှစ်တာအစီအစဉ်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်း
အမြစ် အသုံးချ ရေးဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့ ပူးပေါင်း၍
မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၆၆ မြို့နယ်တွင် ဆောင်ရွက်ခဲ့သည်။
မြို့နယ်ပေါင်း ၆၆ မြို့နယ်ရှိ ရေနမူနာ ပေါင်း နှစ်သိန်းငါးသောင်းကျော်ကို အာဆင်းနစ်ဓာတ်ပါဝင်မှု
စစ်ဆေးချက်အရ ရေနမူနာပေါင်း ရှစ်သောင်းကျော်ခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်
ချက်ထက် ကျော်လွန်နေပြီး ရေနမူနာ တစ်သောင်းရှစ်ထောင်ကျော်ခန့်သည် မြန်မာနိုင်ငံမှ သတ်
မှတ်ထားသည့်စံနှုန်းထက် ကျော်လွန်နေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်အရ ရေတွင် အာဆင်းနစ်ပါဝင်မှုပမာဏယူနစ် ၁၀ ppb
(သုည ဒသမ ၀၁ မီလီဂရမ်/လီတာ) ထက်ကျော်လွန်ပါ က အန္တရာယ်ရှိသည်ဟု သတ်မှတ်ထား
ပြီး မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သတ်မှတ်ထားသော ရေတွင် အာဆင်းနစ်အများဆုံး
ပါဝင်နိုင်သော ပမာဏမှာ ၅၀ ppb (သုည ဒဿမ ၀၅ မီလီဂရမ်/လီတာ)ဖြစ်သည်။
မြန်မာနိုင်ငံရှိရေတွင် အာဆင်းနစ် ဓာတ်ပါဝင်မှုကို ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်
တို့၌ အများဆုံး တွေ့ရှိရသည်ဟု ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကြည်ထွဋ်ဝင်းက ဇန်န၀ါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ သောက်သုံးရေ တွင် အာဆင်းနစ်ပါဝင်မှု
အသုံးချ သုတေသနစာတမ်းဖတ်ပွဲတွင် ပြောသည်။
"သုံးစွဲနေတဲ့ရေထဲမှာ အာဆင်းနစ်ပါဝင်မှုနဲ့ အာဆင်းနစ်ရဲ့အန္တရာယ်တွေ ကို ပြည်သူလူထုက သိရှိမှု
အားနည်းနေ သေးတယ်"ဟု ၎င်းက ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမ၌ ပြုလုပ်သော စာတမ်းဖတ်ပွဲ
တွင် ပြောသည်။
အာဆင်းနစ်ပါဝင်မှု များပြားသော ရေကို ကြာရှည်စွာသောက်သုံးခြင်း၊ ထိတွေ့ခြင်းများကြောင့်
ကင်ဆာရောဂါများ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြော ရောဂါများ၊ အရေပြားတွင် အသားမာတက်
ခြင်းနှင့် အစက်အပြောက်များ ဖြစ် ပေါ်နိုင်ခြင်း၊ သွေးကြောများနှင့် အာရုံ ကြောများ၏ လုပ်ငန်းများ
ပျက်စီးစေခြင်း ဖြင့် နောက်ဆုံးတွင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည်။
"အာဆင်းနစ်ဟာ အရောင်အဆင်း အနံ့အရသာ မရှိတဲ့အတွက် မသိဘဲ သောက်မိတတ်ကြတယ်။
ကြာရှည် သောက်သုံးမိရင် ရောဂါတွေဖြစ်ပွားစေ နိုင်တဲ့ အတွက် သတိပြုဖို့ လိုအပ်ပါတယ်" ဟု
သုတေသနပညာရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနသည် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပူးပေါင်း၍ မြေအောက်ရေ
တွင်းများ တွင် အာဆင်းနစ်ပါဝင်မှုအခြေအနေကို ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး အာဆင်းနစ်
ပါဝင်မှုများသော ရေများကို ဆက်လက်သုံးစွဲခြင်းမပြုရန် ပိတ်သိမ်း ခြင်းနှင့် ရေတွင်းအသစ်များ
တူးဖော် ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ၌ သောက်သုံးရေ အရည် အသွေးစံနှုန်း သတ်မှတ်ထားခြင်း မရှိသေးဘဲ စံနှုန်းတစ်ခု
အနေဖြင့် သတ်မှတ်သွားရန်စီစဉ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာတိုင်းမ်
ယမုံဖူးသစ် | Wednesday, 30 January 2013
ကျေးလက်ဒေသတစ်ခုတွင် သဘာဝစမ်းချောင်းရေကို သုံးစွဲနေကြရသည့် ဒေသခံများအ...ား တွေ့ရစဉ်။ ဓာတ်ပုံ-မြန်မာတိုင်း(မ်)ကျေးလက်ဒေသတစ်ခုတွင် သဘာဝစမ်းချောင်းရေကို သုံးစွဲနေကြရသည့် ဒေသခံများအား တွေ့ရစဉ်။ ဓာတ်ပုံ-မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံရှိ လူဦးရေ ၁ ဒသမ ၁ သန်း ခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်ဖြစ်
သော အာဆင်းနစ်ဓာတ် အများဆုံးပါဝင်မှု ပမာဏထက် ကျော်လွန်သော ရေများကို သုံးစွဲနေကြရ
သည်ဟု ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ပြုလုပ်ခဲ့သော အာဆင်းနစ် အန္တရာယ် လျော့ပါးရေးအစီ
အစဉ်အရ သိရသည်။
“မျက်လုံး(Eye) နှင့်ပတ်သက်သော ဝေါဟာရ အသုံးအနှုန်းများ”
Aung Ko U
ဆံစမှ ခြေဖျားအထိ ဝေါဟာရအသုံးအနှုန်းများတွင် ယခုတစ်ပတ်အတွက် မျက်လုံး(Eye)နှင့် ပတ်သက်သော ဝေါဟာရအသုံးအနှုန်းများကို ဆက်လက်မျှဝေလိုပါသည်။
Eye ကို နာမ်(noun) အဖြစ်အသုံးပြုသောဝေါဟာရပုံစံမျာ...
ခန္ဓာကိုယ် အစိတ်အပိုင်းအဖြစ်သုံးသော အသုံးအနှုန်းများ
- He is blind in one eye. (သူ့မျက်လုံးတစ်ဖက်ကွယ်နေသည်။)
- She's got beautiful blue eyes. (သူမတွင် မျက်ဝန်းပြာ တစ်စုံ ရှိသည်။)
အင်္ဂလိပ် ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်
အင်္ဂလိပ် ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်
မြန်မာစကားပုံလည်း ရှိတယ်ဗျ
" ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့ " ဆိုတာလေ ဒီလိုဗျ
ကောင်မလေးနဲ့ ကောင်လေး နှစ်ယောက်ရှိတယ် ကောင်မလေး ဆီမှာ မာဘယ် ကျောက်ခဲလေး ၅လုံးရှိ ကောင်လေး ဆီမှာက ပီကယ် ၅ ခု ရှိတယ် သူုတို့ဆီ...မှာ ရှိသမျှ ပစ္စည်းလေးတွေ အကုန် လှဲလှယ်ဖို့
သဘောတူ လိုက်ကြတယ် ကောင်မလေးက သူ့ဆီမှာ ရှိသမျှ မာဘယ် ကျောက်ခဲလေးတွေကို ကောင်လေးကို အကုန်ပေးလိုက်တယ်
မိုးကျရွှေကိုယ် အဆိုအမိန့်များ
by Seaman Nayminthu on Thursday, January 31, 2013 at 11:16am ·
မိုးကျရွှေကိုယ်များ အုပ်ချုပ်သော ဘီရုမာပြည် တိုင်းဌာနီကြီးတွင် ဖြစ်ပျက်သမျှ အရာအားလုံးတို့ကား အစဉ်အမြဲ ထူးခြားဆန်းကြယ်လျက် မြင်တွေ့ရတိုင်း ကြားသိရတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် မကုန်နိုင်အောင် ရှိနေတော့လေ၏။
မိုးကျရွှေကိုယ်ဟု ညွှန်းဆိုခေါ်ဝေါ်လိုက်ရသည်မှာ သူတို့သည် ဤဝသုန် ကမ္ဘာမြေထုကို ဘူမိနတ်သန် ပြုကာ မွေးဖွားကြီးပြင်းလာကြသူများမဟုတ်ကြဘဲ အခြားအခြားသော ဘယ်နေရာ ဌာနမှန်းမသိသည့် ပြင်ပ ဂြိုလ်ကမ္ဘာ (အနီးစပ်ဆုံးအားဖြင့် အင်္ဂါဂြိုလ်သား မားရှန်းများ ဖြစ်မည်ဟုခန့်မှန်းရ၏) အသီးသီးတို့မှ ဟယ်လီဂျက်တပ် ကော်ပလာ ယာဉ်ပျံများ စီးနင်းလိုက်ပါသွားလာကြရင်း လမ်းခရီးခုလတ် မောင်းဆီအပြတ် ခေတ္တခဏ ဆင်းသက် ရပ်နားခိုက် သာမောဖွယ် ဤဌာနေမှာ လေညှင်းခံရင်း အပန်းဖြေ ခရီးတထောက် နားမည် အကြံပြုလျက် ယာယီ စံအိမ်တော်များ ဆောက်လုပ်ကာ စံမြန်းလာသည်မှာ ရာစုနှစ်တဝက် ကျော်ကျော် (လူ့သက်တမ်းတခုနီးနီး) မျှလောက်တော့ ရှိပေပြီ။
Laptooop သုံးစွဲသူများ သတိပြုရန် အချက်များ
Lay Lay Ko and Ma Kyaw shared 2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်'s photo.
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။
၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။
၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။
၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။
၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။
၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။
၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။
၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။
၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။
Credit - Original up-loader (ရေးမိရေးရာလေးများ)
=====================================
Post by Admin Kyalsin 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်...လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။
ပထမဆုံး လူမဲ ဘီလီယံနာ ပိုင်ဆိုင်မှုထက်ဝက် လှူမည်
Burma-Newselite
 MZ (Burma-Newselite)
တောင်အာဖရိကနိုင်ငံရဲ့ ဘီလီယံနာ လူမည်းသူဌေးက သူ့ရဲ့ ကြွယ်ဝမှု ထက်ဝက်ကို ဆင်းရဲသားတွေကို ကူညီနိုင်ဖို့ လှူဒါန်းသွားမယ်လို့ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း နဲ့ ရန်ကုန် တက္ကသိုလ်ဒေါက်တာဘွဲ့ 
ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း နဲ့ ရန်ကုန် တက္ကသိုလ်ဒေါက်တာဘွဲ့ 
ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်း မြန်မာပြည်ကိုလာရောက်ဖူးပါတယ်။၁၉၅၈ ခုနှစ်ကပါ။
(ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်း ၁၈၉၀-၁၉၆၉)
... သူရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံရယူခဲ့ပါတယ်တဲ့။သူ့ ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုင်ရာ ဓါတ်ပုံ ၃ ပုံကို အွန်လိုင်းမှာတွေ့ ရလို့ ကူးယူဖော်ပြလိုက်ပါတယ်။
လူမျိုးရှိပြီး အမည်ပျောက်နေသူများ
Bo Han and Lwin Aung Soe shared Black Angle's photo.
လူမျိုးရှိပြီး အမည်ပျောက်နေသူများ
မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။  
ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။  
မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။  
စစ်အစိုးရအာဏာပိုင်များက ရှမ်းနီစာပေ၊ ဘာသာစကား တရားဝင် သင်ကြားခွင့် နှင့် ယဉ်ကျေးမှုပွဲတော်များ ကျင်းပခွင့်တို့ကို ပိတ်ပင်ထားသည်သာမက ရှမ်းနီ လူမျိုးစုများ၏ နိုင်ငံသားဖြစ်ခြင်းအပေါ် ကန့်သတ်မှုများ ရှိနေသည့်အတွက် လူငယ်များအကြား စာပေ၊ စကား၊ ယဉ်ကျေးမှုများ သိရှိနားလည်မှု ဆိတ်သုဉ်း ပျောက်ကွယ်မည့် အလားလာများ တွေ့ကြုံနေရသည်။
“ကိုယ့်ကိုကိုယ် ရှမ်းနီလူမျိုးဆိုတာ အရင်က မသိခဲ့ဘူး။ အခုနောက်ပိုင်း လူကြီးမိဘတွေ ပြောစကားအရ သိရတာ။ ရှမ်းနီစာလည်း သင်ကြားခွင့်အပိတ်ခံထားရတော့ စာရော၊ စကားပါ မတတ်ပါဘူး။ ကျနော်မိဘတွေလည်း မတတ်ပါဘူး။ အဘိုးအဘွားတွေလောက်ပဲ တတ်တာ” ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမား ဒေသခံ ရှမ်းနီလူငယ် စိုင်းထွန်းက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။  
အလားတူ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်ဒေသတလျှောက်တွင်နေထိုင်ကြသော ရှမ်းနီလူမျိုးများသည် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သော်လည်း စာပေအရေးအသားတွင် သိကျွမ်းသူများ ယခုအခါတွင် အလွန်ရှားပါးနေပြီဖြစ်ကြောင်း မိုင်းနားရွာက ကိုစိန်မောင်က ယခုလိုပြောသည်။  
“ကျနော်အပါအဝင် လူငယ်အတော်များများက စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ပါတယ်။ ရှမ်းစာပေကြတော့ လုံးဝ သင်ကြားခွင့်မရဘူးဆိုတော့ ရွာမှာရှိတဲ့သူတွေအားလုံးလိုပဲ မရေးတတ်၊ မဖတ်တတ်ကြဘူး။ ရေးတတ် ဖတ်တတ်တဲ့လူကြီးတွေ လည်း သေဆုံးကုန်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။
ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးစုများသည် ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၆ အရ ပြည်နယ်သတ်မှတ်ခြင်း မခံခဲ့ရသဖြင့် နောက်ပိုင်းတွင် ၎င်းတို့စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာနေသည်ဟု ၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုး အစီရင်ခံစာတခုက ဖော်ပြသည်။  
မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်သော  ဒေသခံရှမ်းအမျိုးအနွယ်များမှာ တိုင်းလိုင်(ရှမ်းနီ) တိုင်းခန္တီး (ခန္တီးရှမ်း)၊ တိုင်းနေ (ရှမ်းတရုတ်)၊ တိုင်းလုံ (ရှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာရှမ်း တို့ဖြစ်သည်။  
၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ရှမ်းနီလူမျိုးနွယ်စုများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူမျိုးအမည်ဖော်ပြရာ၌ ‘ရှမ်း - ဗမာ’ ဟုသာ ထည့်သွင်းရေးသားစေခဲ့ပြီး၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ ‘ဗမာ’ ဟုသာ ယနေ့အထိ ထည့်သွင်း သုံးနှုန်းစေခဲ့သည်။  
ယခုလို အမည်ပြောင်း သတ်မှတ်ခံရခြင်းဖြင့် ရှမ်းနီလူမျိုးစုမှာ ပျောက်ကွယ်တော့မည့်အလားအလာရှိနေကြောင်း ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စိုင်းခမ်းတီ ပြောသည်။
“အခုမှတ်ပုံတင်လုပ်တဲ့အခါ မင်းတို့က ရှမ်းစကားလည်းမတတ်ဘဲနဲ့ ဘာလို့ ရှမ်း -ဗမာဆိုပြီးထည့်ရမှာလဲ၊ ရှမ်းဗမာဆိုတာမရှိဘူး။ ရှမ်းဆိုရင်ရှမ်းပေါ့၊ ဗမာဆိုရင် ဗမာပေါ့ဆိုပြီး၊ အခုတော့ ရှမ်းနီစကားမတတ်တဲ့ရှမ်းတွေအားလုံး  ဗမာလို့ပဲထည့်ရတယ်” ဟု ပြောသည်။
သူက “ရှမ်းနီလူမျိုး တွေအနေနဲ့ ဗမာလို့ မထည့်ချင်ပေမဲ့ သူတို့ရဲ့ အာဏာကိုမဖီဆန်နိုင်တော့ ထည့်ရတာပေါ့။ လူငယ်တွေကလည်း ဗမာလိုပဲတတ်ကြတဲ့အတွက်  တဖြည်းဖြည်း ကွယ်ပျောက်တော့မယ့် အန္တာရယ်နဲ့ ကြုံတွေ့နေရပါတယ်” ဟု ဆိုသည်။  
မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားနှင့် စာပေများကို ယနေ့ထိတိုင် တရားဝင်သင်ကြားခွင့်မရရှိခြင်းသည် လူမျိုးနွယ်စုများ အမြတ်တနိုးထားသည့် စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာများ ပျောက်ကွယ်မည့် လမ်းစပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက မှတ်ချက်ပေးသည်။  
အလားတူ ရှမ်းနီလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို အာဏာပိုင်များက လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ကာ တရားဝင်ကျင်းပခွင့် ပိတ်ပင်ခြင်းခဲ့သည့်အတွက် လူငယ်များအကြား ရိုးရာပွဲတော်များအကြောင်း သိသူရှားပါးလာနေကြောင်း ရှမ်းနီလူငယ်များက ဆိုသည်။  
“ကျနော်တို့ဆီမှာ ရိုးရာပွဲတော်ဆိုလို့ ဘာပွဲမှ မကျင်းပဖြစ်တာ အတော်ကို ကြာနေပါပြီ။ နှစ်သစ်ကူးပွဲတော်တွေတောင်  မကျင်းပဖြစ်တာတောင်ကြာပါပြီ။ ရိုးရာပွဲလမ်းသဘင်ဆိုလို့ ဘာမှမရှိပါဘူး” ဟု စိုင်းခမ်းတီ ကဆိုသည်။
သူက “ဥပုဒ်နေ့တွေမှာ ၆ အိမ်၊ ၇ အိမ်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာ၊ လာတဲ့ပရိသတ်တွေကို ဧည့်ခံကျွေးမွေးတာမျိုးလောက်ပဲရှိတော့တာပါ” ဟု အင်းတော်ကြီးဒေသက အခြေအနေကို ပြောပြသည်။    
ရှမ်းနီတိုင်းရင်းသား အများစုသည် ယခင်က တနိုင်တပိုင် ရွှေကျင်သည့်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ခြင်း၊ လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထို့ကြောင့်  အထက်တန်းပညာရေးအဆင့် ကျော်လွန်ကာ၊ တက္ကသိုလ်ဘွဲ့ရ သူများ နည်းပါးနေသေးကြောင်း ကချင်ပြည်နယ်၊ မိုင်းနားရှမ်းရွာနေထိုင်သူ ကိုစိန်မောင်က ယခုလိုပြောသည်။  
“ကျနော်တို့ လူမျိုးတွေက ပညာလည်းမတတ်တော့ မိဘတွေလုပ်ကိုင်တဲ့ အရက်ချက်တာတို့၊ ဝက်မွေးတာတို့၊ အခင်းစိုက် ပျိုးတာတို့၊ လယ်ယာလုပ်ကိုင်တာတို့ပဲ လုပ်တတ်တယ်။ လက်လုပ်လက်စားတွေပဲများတယ်။ လေးတန်းအောင်ရင်ပြီးတာပဲ။ ဘာမှမလိုဘူး၊ အလုပ်လုပ်စားလို့ရရင်ပြီးတာပဲလို့ ထင်တယ်လေ” ဟု ပြောသည်။  
ရိုးရာစာပေ၊ ယဉ်ကျေးမှု၊ ပွဲတော်၊ ဘာသာစကားအပြင် ရိုးရာအ၀တ်အစားများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်လာသည့်အတွက် ဓလေ့ထုံးတမ်းအစဉ်လာများကို ထိမ်းသိမ်းလိုသည့် ရှမ်းနီခေါင်းဆောင်တချို့က အာဏာပိုင်များပိတ်ပင်သော်လည်း နွေရာသီအားလပ်ရက်တွင် လူငယ်များကို တတ်နိုင်သရွှေ့ လက်ဆင့်ကမ်း သင်ကြားပေးရန် စီစဉ်ထားသည်။  
“အာဏာပိုင်တွေက ရှမ်းနီစာဆိုတာ မရှိဘူးဆိုပြီး၊ ပိတ်ပင်ခံရတယ်။ ဒါပေမယ့် ရှမ်းနီစာပေသင်ကြားရေးတွေကို မြို့နယ်တချို့နဲ့ ကျေးရွာတွေကို ဆင်းပြီး၊ အသက် အရွယ်မရွေး သင်ကြားပေးနေပါတယ်” ဟု ရှမ်းနီစာသင်ကြားရေးတွင် ကူညီဆောင်ရွက်ပေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသနေထိုင်သူ နန်းရှန်ဟွမ်က ပြောသည်။  
လတ်တလောတွင် ရှမ်းနီစာပေသင်ကြားရေးကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ရွှေကူဒေသတို့တွင် လုပ်ဆောင်ပေးနေကြောင်း နန်းရှန်ဟွမ် က ဆိုသည်။  
၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံတွင် ရှမ်းနီအမျိုးသားလက္ခဏာဖော်ဆောင်ခွင့်ပေးရန် ရှမ်းနီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုင်းထိန်လင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။  
စစ်အစိုးရရေးဆွဲထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေတွင်မူ တိုင်းရင်းသားလူနည်းစုတချို့ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ၀’ တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသများအဖြစ် သတ်မှတ်ပေးထားသည်။http://burmese.bnionline.net
လူမျိုးရှိပြီး အမည်ပျောက်နေသူများ
မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပို...င်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် ........
Bo Han was tagged in Kyaw Nyein Thant's photo.
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် ........
(အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများဖြစ်ကောင်းဖြစ်ကြပါလိမ့်မည်။ ကိုယ်ကိုယ်တိုင် မခံစားရသော်လည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)
 **** Tag လုပ်လိုက်ခြင်းအတွက် အဆင်မပြေဖြစ်သွားပါက မိမိဘာသာဘဲပြန်ဖြုတ်လိုက်ကြပါ။ 
            ကျွန်တော်သည် ဆရာဝန်တစ်ယောက်မဟုတ်ပါ။ ဤ ဆောင်းပါးသည်လည်း ဟိုမှနည်းနည်း ဒီမှနည်းနည်း စုစည်းထားခြင်းသာဖြစ်ပါသည်။ ငွေကုန်ကြေးကျ အလွန်များပြီး ၀မ်းနည်းစရာအတိပြီးနေသောကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ ပြန်လည်ရေးသားကုသိုလ်ပြု တင်ပြအပ်ပါသည်။
      သင်္ဘောသီးသည် မြန်မာလူမျိုးများအတွက် လွန်စွာရင်းနှီးသော အစားအစာတစ်မျိုးဖြစ်သည်။ သို့ရာတွင်သင်္ဘောရွက်၏အစွမ်းကိုမူ လူသိနည်းလှသည်။ အမှန်တကယ်တွင်တော့ သင်္ဘောရွက်သည် သဘာဝ ဆေးစွမ်းထက်လှသော အရွက်တစ်မျိုးပင်ဖြစ်လေသည်။
              အမေရိကန်၌သုသေသနလုပ်ရာတွင်သိပ္ပံဆိုင်ရာအထောက်အထားများစွာရရှိခဲ့သည်။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်း (Dr. Nam Dang) နှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက် သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များ ကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘော ရွက်ခြောက် ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1-type cytokins များထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များ ကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြု လာနိုင်တော့မည် ဟု ဆို၏။ ကမ္ဘာ့နေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို 
 ဆေးဖက်ဝင်သောအရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟုဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသောအရာများသည်
ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှုလုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသောကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိ
သည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည် ဟုဆို၏။သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့်ကြီးထွားမှုအလွန်နှေးကွေးသွားကြောင်း
 တွေ့ရှိခဲ့ရသည်။ ဒေါက်တာဒန်းနှင့်အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွက်တိုကျိုတက္ကသိုလ် မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။              
                   သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။ ကင်ဆာဆဲလ်များဖြင့် သွေးကြော များရှင်သန်မှုကို Acetogenin ကဖျက်ဆီးပြစ်ပါသည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း(ပါကျူးတက္ကသိုလ်ပါမောက္ခ) သည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀ စမ်းသပ်ခဲ့ပြီး အစွမ်းထက်ပစ္စည်း ၅၀-တွေ့ရှိခဲ့သည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီး သန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေခဲ့ပါ။
         တုပ်ကွေးရောဂါနှင့်ပတ်သက်၍ အမေရိကန်ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကိုမှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။
                   (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို
 ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။ ၄င်းအရွက်ကိုသီးဖျော်စက်ထဲထည့်မွေကာ သောက်ခြင်းသည်လည်း လွယ်ကူလျှင်မြန်သောပြီးထိရောက်သော
 ဆေးမြီးတိုတစ်ရပ်ဖြစ်ပါကြောင်း...... သတင်းကောင်းပါးအပ်ပါသည်။ 
လူသားအားလုံး ကင်ဆာရောဂါဆိုးကြီးဖြစ်ခြင်းမှ ကင်းဝေးကြပါစေ...။  
 @ Kyaw Nyein Thant
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် ........
(အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများဖြစ်ကောင်းဖြစ်ကြပါလိမ့်မည်။ ကိုယ်ကိုယ်တိုင် မခံစားရသော်လည်း ခံစားနေရသော မိ...မိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)
**** Tag လုပ်လိုက်ခြင်းအတွက် အဆင်မပြေဖြစ်သွားပါက မိမိဘာသာဘဲပြန်ဖြုတ်လိုက်ကြပါ။
ကျွန်တော်သည် ဆရာဝန်တစ်ယောက်မဟုတ်ပါ။ ဤ ဆောင်းပါးသည်လည်း ဟိုမှနည်းနည်း ဒီမှနည်းနည်း စုစည်းထားခြင်းသာဖြစ်ပါသည်။ ငွေကုန်ကြေးကျ အလွန်များပြီး ၀မ်းနည်းစရာအတိပြီးနေသောကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ ပြန်လည်ရေးသားကုသိုလ်ပြု တင်ပြအပ်ပါသည်။
ရှုပ်လိုက်တဲ့မိသားစု
Bo Han and Hlaing Bwa shared Lon Ely's photo.
ရှုပ်လိုက်တဲ့မိသားစု
ဖြစ်ပုံက ဒီလိုဗျ။ 
မုဆိုးမတစ်ယောက်ကို ကျနော်လက်ထပ်လိုက်တယ်။အဲဒီမုဆိုးမမှာ ချောမောတဲ့ သမီးလေးရှိတယ်။
အဲဒီသမီးကို ကျနော့်အဖေ က မျက်စိကျပီး တရားဝင် လက်ထပ်လိုက်တယ်။ဒီနည်းနဲ့ ကျနော့်အဖေ ဟာ ကျနော့် သားမက်ဖြစ်သွားတယ်။
အဲ....မယားပါသမီးကတော့ ကျနော့် ရဲ့ မိထွေးဖြစ်သွားပါတယ်။
ကျနော့်မိန်းမ သားလေး မွေးတယ်။ အဲဒီ  သားဟာ ကျနော့်အဖေရဲ့ ယောက်ဖ ဖြစ်လာတယ်။
ကျနော်ကိုယ်တိုင်ဟာလည်း မယားပါသမီးရဲ့ မောင်ဖြစ်တဲ့ သားရဲ့ ဦးလေးဖြစ်ပါတယ်။
အဖေ့ဇနီး ကလည်း သားလေးမွေး ပြန်ပါတယ်။
အဲဒီသား ဟာ ထုံးစံအတိုင်း ကျနော့် ညီဖြစ်လာပါတယ်။
တစ်ချိန်ထဲမှာ ကျနော့် သမီး( မယားပါသမီး ) က မွေးတဲ့ သား ဖြစ်တဲ့ အတွက် ကျနော့် မြေး တော်ပြန်ပါတယ်။
ထိုနည်း တူစွာပဲ ကျနော့်မိထွေးရဲ့ အမေဖြစ်တဲ့ ကျနော့်မိန်းမဟာ အဲဒီ.....ကလေးရဲ့ အဖွားဖြစ်လာပြန်တယ်။
ကျနော်က တော့ ကျနော့်မိန်းမရဲ့ ခင်ပွန်းအဖြစ်နဲ့ သာမဟုတ်ပဲ သူ့ရဲ့ မြေးအဖြစ်ပါ တော်စပ်ပါတယ်။
ကဲ.....စာဖတ်သူ..... ကျနော်ဟာ မိမိကိုယ်မိမိ ...ဘယ်လိုပြန်တော်စပ် နေသလဲဆိုတာကူတွေးကြည့်ပေးပါဗျာ။ဟီးဟီး....
နောက်ဆုံးမှာ တကယ်တော့ ကျနော်ဟာ ကျနော် ကိုယ်တိုင်ရဲ့ အဖိုး ဖြစ်မှန်းမသိ ဖြစ်လာပါလေရောဗျာ။...........တိန်
ရီမောပျော်ရွှင်ပါစေ
Lon Ely
ရှုပ်လိုက်တဲ့မိသားစု
ဖြစ်ပုံက ဒီလိုဗျ။
မုဆိုးမတစ်ယောက်ကို ကျနော်လက်ထပ်လိုက်တယ်။အဲဒီမုဆိုးမမှာ ချောမောတဲ့ သမီးလေးရှိတယ်။
 အဲဒီသမီးကို ကျနော့်အဖေ က မျက်စိကျပီး တရားဝင် လက်ထပ်လိုက်တယ်။ဒီနည်းနဲ့ ကျနော့်အဖေ ဟာ ကျနော့် သားမက်ဖြစ်သွားတယ်။
အမေရိကန် မီဒီယာကို တရုတ် ဟက်ကာများဖောက်ထွင်း
Burma-Newselite
 MZ (Burma-Newselite)
ပြီးခဲ့တဲ့ ၄ လအတွင်း တရုတ် ဟက်ကာတွေဟာ နယူးရောက်တိုင်းမ် သတင်းစာရဲ့ ကွန်ပြူတာစတစ်အတွင်းကို ထိုးဖောက်ဝင်ရောက်ပြီး သတင်းထောက်တွေနဲ့ တခြားဝန်ထမ်းတွေရဲ့ လုံခြုံရေးပါ့စ်ဝတ် (password) တွေကို ရယူခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်
ခေါင်းဆောင်တွေ အကြောင်းကို သတင်းတင်ပြတဲ့ အမေရိကန် မီဒီယာကို ဆန့်ကျင်တိုက်ခိုက်တဲ့ တရုတ်လှုပ်ရှားမှုကြီးရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ယူဆရပါတယ်။
ဓာတုပစ္စည်းရောစပ်သည့် ငံပြာရည်အတု ဈေးကွက်ရှိဟု ငါးပိငံပြာရည်လုပ်ငန်းရှင်များဆ
ငံပြာရည်အတု
ဓာတုပစ္စည်းရောစပ်သည့် ငံပြာရည်အတု ဈေးကွက်ရှိဟု ငါးပိငံပြာရည်လုပ်ငန်းရှင်များဆို
ဓာတုဗေဒ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ငံပြာရည်အတုဈေးကွက်မှာ  မြို့ကြီးများနှင့် ကျေးလက်ဒေသများပါမကျန် ပျံ့နှံ့ရောက်ရှိနေပြီး မိရိုးဖလာငါးပိငံပြာရည်လုပ်ငန်းများ ကြီးပွားချမ်းသာ ရန်မလွယ်ကူ
တော့ကြောင်း ဟင်္သာတမြို့မှ ငါးပိငံပြာ ရည်လုပ်ငန်းရှင်များက ပြောသည်။
မိရိုးဖလာငံပြာရည်ကို ငါးပိမှ တစ်ဆင့်လနှင့်ချီ၍ နှစ်ပေါက်အောင် ထုတ် လုပ်ရပြီး ဓာတုဗေဒငံပြာရည်မှာမူ ဆားနှင့် ရေကို  ဓာတုဗေဒငံပြာရည်အနံ
့နှင့် အရောင်ရောစပ်ကာချက်ချင်းဗူးသွတ်၍ ဈေးကွက်အတွင်းသို့ ဖြန့်ချိ
နိုင်ပြီး ဈေးနှုန်း မှာလည်း ကျပ်၂၀၀ ခန့် သက်သာကြောင်း၊ ဖြန့်ချိပေးသော
ဆိုင်များကို လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ကြောင်း ၎င်းတို့က
ပြောသည်။
“အတုကိုဝယ်တဲ့လူက တုတာကို အတုလို့လုံးဝမသိလို့တော့မဟုတ်ဘူး။ ဒါ ပေမယ့် ငံပြာရည်အစစ်က တစ်ပုလင်းကို ကျပ် ၅၀၀၊ အတုက ကျပ် ၃၀၀၊ သူ့ကိုကျပ် ၅၀၀ ရောင်းရင် ကျပ် ၂၀၀ မြတ်မယ်။ ကျွန်တော်တို့ ကျပ် ၅၀၀ကို
ကျပ် ၇၀၀ ရောင်းရင် စားသုံးသူက မတတ်နိုင်တော့ဘူး။ စားသုံးသူက ဟင်းအိုးထဲကို ငံပြာရည်လောင်းလိုက်တယ် ဆိုတဲ့စိတ်ကလေးပဲ။
အဲဒီတော့ အတုနဲ့အစစ်နဲ့ ယှဉ်လို့မရဘူး။ စားဝတ်နေရေးအတွက် သမ္မာအာဇီဝရှာလို့ရတယ်။ ကြီးပွားချမ်းသာဖို့ကမရဘူး”ဟု
ဟင်္သာတမြို့နေ ငါးပိ၊ ငံပြာရည်လုပ်ငန်းမှ ဦးနေ၀င်းက ပြောသည်။
ဓာတုဗေဒငံပြာရည်များကိုစားသုံး ခြင်းကြောင့် အသည်းရောဂါများ ဖြစ်ပွား
တတ်သဖြင့် အထူးသတိပြုရန် လိုအပ်သည်ဟု သိရသည်။
“အရက်သမား တစ်ယောက်က အရက်သောက်ရင်သူတစ်ယောက်တည်းပဲ ခံရမယ်။ ငံပြာရည်အတုထွက်တဲ့ အတွက်ကြောင့် ငံပြာရည်အတုစားရင် အိမ်ကမိသားစုတစ်ခုလုံးခံရမှာ။ အဓိကပြောချင်တာက အတုစားမယ့်အစား ဆားနဲ့စား၊ ဘာမှမဖြစ်ဘူး။ ငံပြာရည်အတုတွေထွက်  နေတဲ့အပေါ်မှာ
နိုင်ငံတော်ကဒါကိုအလေး မထားဘူး””ဟု ဦးနေ၀င်းက ဆက်ပြောသည်။
မိရိုးဖလာငါးပိလုပ်ငန်းမှာ စားသုံးမှုအတွက် ဖူလုံမှုရှိသော်လည်း ငံပြာရည်မှာ
ဖူလုံမှုမရှိဟုသိရသည်။ ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တွင် ငါးပိ၊ ငံပြာရည်အများဆုံးထွက်ရှိပြီး ဖျာပုံ၊ ပုသိမ်၊ ဟိုင်းကြီးကျွန်းဒေသတို့တွင်
လည်း ထွက်ရှိသည်ဟုသိရသည်။
“ငံပြာရည်တု၊ မတုတော့မသိဘူး။တစ်ချို့ငံပြာရည်တွေက နည်းနည်း လောက်စားရုံနဲ့ သွေးတိုးလို့မစားဖြစ်တာကြာပြီ။
ထိုင်းက ထုတ်တဲ့ငံပြာရည်ပဲ ဈေးကြီးပေးပြီး ၀ယ်စား တယ်”ဟု မရမ်းကုန်းမြို့နယ် မှ စားသုံး သူ တစ်ဦးကလည်း ပြောသည်။
- ရူပါအောင်ဝင်း
http://thefarmermedia.com/
ဓာတုပစ္စည်းရောစပ်သည့် ငံပြာရည်အတု ဈေးကွက်ရှိဟု ငါးပိငံပြာရည်လုပ်ငန်းရှင်များဆို
ဓာတုဗေဒ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ငံပြာရည်အတုဈေးကွက်မှာ မြို့ကြီးများနှ...င့် ကျေးလက်ဒေသများပါမကျန် ပျံ့နှံ့ရောက်ရှိနေပြီး မိရိုးဖလာငါးပိငံပြာရည်လုပ်ငန်းများ ကြီးပွားချမ်းသာ ရန်မလွယ်ကူ
တော့ကြောင်း ဟင်္သာတမြို့မှ ငါးပိငံပြာ ရည်လုပ်ငန်းရှင်များက ပြောသည်။
မူလတန်းပညာ ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြားကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့မည်.............
KhingKhing Su shared Ponnya Swe's photo.
မူလတန်းပညာ ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြားကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့မည်.............
မြန်မာနိုင်ငံ၏ ပညာရေးနှင့် ပတ်သက်သော ထောင်စုနှစ် ရည်မှန်းချက်များ
ပြည့်မှီရန်နှင့် ကလေးသူငယ်များ၏ မူလတန်းပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြားကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး မစ္စတာ Mark Lowcock နှင့် သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter တို့၏ ဇန်န၀ါရီလ ၂၉ မှ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှု အသစ်တစ်ခုကို စတင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး မစ္စတာ Mark Lowcock က "မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးနိုင်ဖို့ကို အဓိကထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ ကူညီဖို့အပြင် အခြားလယ်သမား ကိစ္စ၊ တိုင်းရင်းသား လူမျိုးစု ဒေသများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စတဲ့ နေရာတွေမှာ လက်တွေ့ကျတဲ့ အကူအညီတွေ ပေးနိုင်အောင်လည်း ကြိုးစားသွားမှာပါ။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်း ဒေသကြီးက ပြည်သူတွေနဲ့ တွေ့ခဲ့ရတာ ကျွန်တော်တို့အတွက်တော့ စေ့ဆော်အားပေးမှု တစ်ရပ်ပါပဲ။ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ စနစ်တကျ ကူညီမှုရယ် ပြည်သူတွေအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာရင် အောင်မြင်မှုတွေ ရှိလာနိုင်မှာပါ" ဟု ပြောကြားခဲ့သည်။
သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ပုဂ္ဂိုလ်နှစ်ဦး၏ မြန်မာနိုင်ငံ ပထမဦးဆုံးအကြိမ် ခရီးစဉ်အတွင်းတွင် မြန်မာ့ပညာရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Myanmar Education Consortium) နှင့် ကူညီထောက်ပံ့မှု စတင်ထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်း ဝေးလံသော ဒေသများနှင့် ဆင်းရဲသော ဒေသများ၏ ပညာရေး ကူညီထောက်ပံ့မှုများ၊ ဘုန်းတော်ကြီးသင် ပညာရေးနှင့် ရပ်ရွာအခြေပြု ပညာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter က "မြန်မာနိုင်ငံကို အတူတကွ လာရောက်လည်ပတ်ခြင်းဟာ သြစတေးလျနဲ့ ဗြိတိန်နှစ်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိက၀တ်တစ်ခု ဖြစ်ပါတယ်။ အခြားနိုင်ငံများမှ အလှူရှင်များနှင့်အတူ မြန်မာနိုင်ငံရဲ့ ထူးခြားသော အပြောင်းအလဲများကို ထောက်ပံ့ပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီး အစရှိသည်တို့နှင့် တွေ့ဆုံမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်
EMG
မူလတန်းပညာ ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြားကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့မည်.............
မြန်မာနု...ိင်ငံ၏ ပညာရေးနှင့် ပတ်သက်သော ထောင်စုနှစ် ရည်မှန်းချက်များ
ပြည့်မှီရန်နှင့် ကလေးသူငယ်များ၏ မူလတန်းပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြားကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ရှောင်သင့်သောယောက်ျားများ...........
 Thet Ko Oo
သမီးရည်းစားဖြစ်နေတဲ့အချိန်ဟာ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ဖို့
သင်ယူနေတဲ့အချိန်ပါ။
ကိုယ်ရဲ့အကျင့်စရိုက်ကိုနားလည်အောင်သင်ယူနေသလိုတစ်ခြားလူတစ်ယောက်ရဲ့
... အကျင့်စရိုက်တွေကိုလည်းနားလည်အောင်သင်ယူနေတဲ့အချိန်ပါ။ အဲဒီလိုတစ်ယောက်အကြောင်းတစ်ယောက်နားလည်အောင်သင်ယူနေ
တဲ့အချိန်မှာ မလိုအပ်တဲ့အမှားတွေကို ရှောင်တတ်ဖို့လိုပါတယ်။
ရပ်ကွက်မှူးအသစ် အစွမ်းပြပြီ
ကိုဝိုင် ဝိုင်ကေ shared KIC (Karen Information Center)'s photo.
ရပ်ကွက်မှူးအသစ် အစွမ်းပြပြီ
ကျမတို့ ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်က အုပ်ချုပ်ရေးမှူးအသစ် ဦးနဲကျော်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်တာ တစ်လ မပြည့်သေးဘူး။ တစ်အိမ်ကို စာအိတ်တလုံး စေတနာပေါ့။ အဲဒါလည်း ဘယ်သူမှ မပြောဘူး။ ထည့်ပေးကြပါတယ်။ ရုံးရန်ပုံငွေလို့ ပြောတာကိုး။ အဲဒါ စေတနာပဲဆိုတော့ သူများတွေ သိပ်မပြောဘူး။ ပြီးတော့ တစ်ပတ်တောင် မကြာသေးဘူး။ အခု မဟာ သင်္ကြန်အတွက် ကံစမ်းမဲလက်မှတ် ထပ်ရောင်းပြန်ပြီ။ ကံစမ်းမဲလက်မှတ်က တစ်စောင်ကို ၂၀၀၀(ကျပ်)။ ဂဏန်းက ခြောက်လုံး ပါတယ်။ အရွက်ရေ တစ်သိန်းလောက်လို့ ထင်တယ်။ အခု သူ့ရုံးရှေ့မှာ သင်္ကြန်စင် ဆောက်ထားတယ်။ ဆောက်ပေးတဲ့ ပန်းရံ ဆရာတွေကိုလည်း လက်သမားခ မပေးဘူး။ ပန်းရံဆရာတွေက တနေ့လုပ်မှ တနေ့စားလေ။ မဟာသင်္ကြန်က အဝေးကြီးကျန်သေးတယ်။ ခုကတည်းက ကံစမ်းမဲလက်မှတ်က ရောင်းနေပြီ။ ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ အမိန့်စာကျပြီးတာနဲ့ အထက် လူကြီးတွေကို သူ့ဆိုင်မှာ တ၀ိုင်းတိုက်တယ်။ သူက စားသောက်ဆိုင်ဖွင့်ထားတာကိုး။ လူထုကိုတော့ အာဏာသုံးပြီး အထက်က လူတွေကိုတော့ ဖားတတ်တဲ့ ဒီလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ လက်စွမ်းပြပုံနဲ့တော့ ရေရှည်ဆိုရင် ကျမတို့ ရပ်ကွက်သူ ရပ်ကွက် သားတွေ စားစရာမရှိ ပေးစရာပဲရှိတဲ့ ဘ၀မျိုးဖြစ်မှာမို့ သတင်းဌာနကနေ တင်ပြပေးပါ။
ရပ်ကွက်နေ ပြည်သူတစ်ဦး
ရပ်ကွက်မှူးအသစ် အစွမ်းပြပြီ
ကျမတို့ ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်က အုပ်ချုပ်ရေးမှူးအသစ် ဦးနဲကျော်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်တာ တစ်လ မပြည့်သေးဘူး။ တစ်အိမ်ကို စာအ...ိတ်တလုံး စေတနာပေါ့။ အဲဒါလည်း ဘယ်သူမှ မပြောဘူး။ ထည့်ပေးကြပါတယ်။ ရုံးရန်ပုံငွေလို့ ပြောတာကိုး။
အီတလီမှ တိုက်သစ်တော
 International news for myanmar
အီတလီနိုင်ငံ၊ မီလန်မြို့ မှာ ကြိုးစားပန်းစားနဲ့ တည်ဆောက်လျက် ရှိတဲ့ သစ်တော ဖြစ်ပါတယ်။
စက်မှုထွန်းကားတဲ့ မြို့ ကြီးပြကြီးမှာ စိမ်းလမ်းတဲ့ သစ်တော တစ်ခု ဖြစ်လာ ဖို့ မြေနေရာ သီးသန့်ရှာမနေတော့ပဲ ၂၇ ထပ်တိုက် နှစ်လုံးနဲ့ သဘာဝ ကျအောင် ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အကျယ်အဝန်းက စတုရန်း မီတာ ၁သောင်း ရှိပါတယ်။ ယင်း ပေပေါင်း ထောင်ချီမြင့်မယ့် ၂၇ ထပ် အမွာတိုက်နှစ်လုံးမှာ သစ်ပင်ပေါင်း ၇၃၀၊ မြေဖုံးအပင်သေးပေါင်း ၁၁၀၀၀၊ ချုံပင် ပေါင်း ၅ထောင် မက စိုက်ပျိုးမှာ ဖြစ်ပါတယ်။
ထူးဆန်းသောဥပဒေနှင့်မြို့ ကလေး........
 Thet Ko Oo
လေမလည်ရ၊ လေချဉ်မတက်ရ၊ ကြို့ မထိုးရ၊ အသံထွက်အောင်မစားမသောက်ရသည့်စပိန်နိုင်ငံမှ မြို့ကလေး
စပိန်နိုင်ငံ၊မက်ဒရစ်မြို့ အရှေ့ မြောက်ဖက်၊မိုင် ၇၀ အကွာရှိ လာတိုဘာ မြို့ ကလေးရဲ့ မြို့ တော်ဝန်က မြို့ သူ၊မြို့ သားများအနေဖြင့် အများသူငါမြင်ကွင်း၊ လူလည်ကောင်တွင် လေမလည်ရ၊ လေချဉ်မတက်ရ၊ ကြို့ မထိုးရ၊ စားသောက်ရာတွင် ရှူးရှူးရှဲရှဲ အသံမမြည်စေရ စသည့် မယဉ် ကျေးသည့်  အပြုအမူပေါင်း ၆၅ မျိုးအား တားမြစ်ပိတ်ပင်သည့် အမိန့် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
မောင်ငယ်နှင့် ပျောက်ဆုံးသော အနာဂတ်
Cloud Cuckoo Land shared YoYarLay's photo.
မောင်ငယ်နှင့် ပျောက်ဆုံးသော အနာဂတ်
အိမ်နီးချင်း မိသားစု တစ်ခုမှာ အခင်မင်ရင်းနှီးဆုံး သူငယ်ချင်း လင်းထိန် အမည်ရ လူငယ် တစ်ဦး ရှိပါတယ်။ နေထိုင်တာက နယ်မြို့ လေး တစ်ခုဆိုတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိပါဘူး။ လင်းထိန် က စာတော်ပါတယ်။ စာတော်ဆိုလို့ စာမှာ အမှတ်ပြည့်ရသူတော့ မဟုတ်ပါဘူး။ အတန်းဆရာတွေဆီမှာရော၊ အပြင်မှာရော ကျူရှင် မတတ်နိုင်တော့ သူတော်တယ်ဆိုတာ အတန်းထဲမှာ အလယ်အလတ်လောက်ပဲ ဖြစ်ပါတယ်။ 
ဒါတောင် သူ့မှာ စာကျက်ချိန် လုံလုံလောက်လောက် မရှိပါဘူး။ အိမ်က ဈေးထဲမှာ လက်ဘက်ခြောက်ရောင်း တော့ ကျောင်းအားတဲ့အချိန်ဆို စာအုပ်တစ်ဖက်နဲ့ ဆိုင်သွားစောင့်ပါတယ်။ လူတစ်ယောက် တော်တယ်ဆိုတာ ကျောင်းစာ အမှတ်ကိုပဲ ကြည့်တာ မဟုတ်ဘူးလေ။ ကိုယ်တွေ စာအားရပါးရကျက်နေချိန် သူက အလုပ်လုပ်နေပြီး စာမေးပွဲနီးမှ ကောက်ကျက်တယ်၊ တွက်တယ်၊ အမှတ်ကောင်းကောင်းနဲ့ အောင်ပါတယ်။ ဒီလိုနဲ့ သူငယ်တန်းကနေ ၈ တန်းအထိ နယ်ကျောင်းမှာ အတူတူတက်ခဲ့ကြတာပေါ့။ 
ဒီလိုနဲ့ စာရေးသူလည်း ရန်ကုန်ပြောင်းပြီး ကျောင်းတက်ပါတယ်။ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ပေမယ့် ယောင်္ကျားလေးတွေ ဖြစ်နေတော့ သံယောဇဉ်သိပ်မထားပါဘူး။ သို့ပေမယ့် ဘယ်အချိန်တွေ့တွေ့ အရင်လို ခင်မင်မှု မပြတ်ဘူးဆိုတာ ရင်ထဲထိ သိနေလို့ ဖြစ်ပါတယ်။ တစ်နေ့တော့ စာရေးသူ ဘွဲ့ရ ကျောင်းပြီးတော့ နယ်ကို အလည်ပန်ပါတယ်။ အလည်ပြန်ရောက်ချိန်မှာ သူနဲ့တွေ့ပါတယ်။ 
သူကတော့ ဈေးထဲမှာ လက်ဘက်ခြောက်ရောင်းနေတုန်းပါပဲ….
သူငယ်ချင်းတွေ ဖြစ်တော့ ဆိုင်စောသိမ်းလို့ ဆိုင်တစ်ဆိုင်သွားထိုင်ဖြစ်ပါတယ်။ ဖြစ်စဉ် ကြောင်းစုံ မေးကြည့်တဲ့အခါ..
“င့ါညီမကို ဘော်ဒါဆောင်ထားဖို့ ကွာ၊ နီးစပ်ရာမြို့ တွေက ဈေးအထိတောင် သွားရောင်းနေရတယ်”
သူက ဥာဏ်ကောင်း တယ်။ စကားပြောပြေပြစ်တယ်။ ဒီတော့ သူ့လက်ဘက်ခြောက်ရောင်းတဲ့ ဈေးသည်ဘဝ ကတော့ နယ်မြို့ ငယ်လေးမှာ သာမန်လူလတ်တန်းစား တစ်ဦးလိုပါပဲ။ 
ဒီမှာ အဖြေရှာကြည့်ပါတယ်။ ဥာဏ်ကောင်းသော်ငြားလည်း သူဘာလို့ ဒီအခြေအနေက ရုန်မထွက်နိုင်ရတာလဲ။ သူ့လို ဘဝဆုံးနေသူများကော ယင်းအခြေအနေက ရုံးထွက်ဖို့ ဘာတွေလိုအပ်နေပါသလဲ။ 
၁။ ကံကို ယုံပါ။ သို့သော် ပုံမချပါနဲ့။ ဘယ်နေရာရောက်ရောက် ကိုယ့်ကံ တစ်ခု ကောင်းလာဖို့ ဥာဏ်နဲ့ အားဆိုက်ပါ။
၂။ စိတ်မပျက်ပါနဲ့။ ဘဝမှာ ကိုယ့်ထက် အခြေအနေဆိုးသူများ ရှိနေပါတယ်။ အပေါ်ကိုကြည့်လို့ မုဒိတာပွား အားကျ အတုယူပါ၊ အောက်ကို ကြည့်လို ကရုဏာဝင် ဥာဏ်ဖြင့် ဆင်ခြင်ပါ။
၃။ ရောင့်ရဲပါ။ သို့သော် မပျင်းပါနဲ့။ ရောင့်ရဲသည်ဟုသော အကြောင်းပြ ချက်ဖြင့် ဘဝတက်လမ်း အတွက် ကြိုးစားနေမှုကို မရပ်တန့်ပါနှင့်။ 
၎။ ပညာ သင်ပါ။ မရပ်တန့်ပါနှင့်။ ပညာသင်ကြားမှု ရပ်တန့်သည့်အချိန်က မိမိတန်ဖိုး တက်နေခြင်းကို ရပ်တန့်လိုက်ခြင်းနှင့်တူပါတယ်။
၅။ ကြိုးစားပါ။ ဇွဲ့မလျော့ပါနှင့်။ ဇွဲလျော့လိုက်သည့်အချိန်က ကျရှုံးမည့်အချိန်ကို စောင့်ဆိုင်းခြင်းနဲ့ တူပါတယ်။ 
ရန်ကုန်မှာ နေမှ မဟုတ်ပါ။ နိုင်ငံခြားမှာ နေမှမဟုတ်ပါ။ ဘွဲ့ရမှမဟုတ်ပါ။ ကံ၊ဥာဏ်၊ ဝီရိယ အားဆိုက်လို့ ဘယ် အလုပ်လုပ်လုပ် သူ့နေရာနဲ့ သူ အောင်မြင်မှုဆိုတာ ထိုက်သင့်သလို ရစမြဲ ဖြစ်ပါတယ်။ 
စာရေးသူရဲ့  မိတ်ဆွေလင်းထိန်းဟာ ၁၀ တန်းအောင်ပါတယ်။ တက္ကသိုလ်ဆက်မတက်ပါဘူး။ ဘဝကျောင်းမှာ လည်း ဆက်လက် သင်ကြားခြင်း မရှိပါဘူး။ အကယ်၍ တက္ကသိုလ်ဆက်တက်လို့၊ ဘဝပညာ သင်ဖို့ ပတ်ဝန်းကျင်ကို အချိန်ပေးလေ့လာလိုက်စားရင် သူဒီအချိန်မှာ လက်ဘက်ခြောက် ဈေးသည် မဟုတ်ပဲ ပွဲရုံတစ်ခုဖြစ်လာအောင် ဖန်တီးဖို့ အခွင့်အလမ်းရှိခဲ့ပါတယ်။ သူ ဥာဏ်ကောင်းပေမယ့် သူကောင်းတဲ့ ဥာဏ်က ဘောင်ကျဉ်းသွားပါတယ်။ ဘောင်ကျယ်ကျယ် တွေးတတ်၊ ဥာဏ်ကောင်းဖို့ဆိုတာ ဘောင်ကျယ်ကျယ် လေ့လာသင်ယူမှ ရတာ ဖြစ် ပါတယ်။ ဒီတော့ စာဖတ်သူတို့ထဲမှာ ကိုယ့်ကိုယ်ကို ဘဝဆုံးပြီလို့ထင်နေ သူတွေ၊ အောင်မြင်မှု မရှိတော့ဘူးလို့ ထင်နေသူများအနေနဲ့ ဒီဥပမာကို ယူလို့ မိမိဘဝမှာ လက်တွေ့အသုံးချသွားနိုင် မယ်လို့ မျှော်လင့်ပါတယ်။ 
--
အောင်ခမ်း (ရိုးရာလေး)
ရိုးရာလေး ဆောင်းပါး
www.yoyarlay.com/book/article/34019-youth-and-life
--
မောင်ငယ်နှင့် ပျောက်ဆုံးသော အနာဂတ်
အိမ်နီးချင်း မိသားစု တစ်ခုမှာ အခင်မင်ရင်းနှီးဆုံး သူငယ်ချင်း လင်းထိန် အမည်ရ လူငယ် တစ်ဦး ရှိပါတယ်။ နေထိုင်တာက နယ်မြို့ လေး တ...စ်ခုဆိုတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိပါဘူး။ လင်းထိန် က စာတော်ပါတယ်။ စာတော်ဆိုလို့ စာမှာ အမှတ်ပြည့်ရသူတော့ မဟုတ်ပါဘူး။ အတန်းဆရာတွေဆီမှာရော၊ အပြင်မှာရော ကျူရှင် မတတ်နိုင်တော့ သူတော်တယ်ဆိုတာ အတန်းထဲမှာ အလယ်အလတ်လောက်ပဲ ဖြစ်ပါတယ်။
အိမ်ရှင်မတို့သိထားသင့်တဲ့ နွားနို့အကြောင်း
ရုပ် ဆိုး shared FOOD Magazine's photo.
အိမ်ရှင်မတို့သိထားသင့်တဲ့ နွားနို့အကြောင်း
*****************************
• ဒေါက်တာလှကြည်
 အိမ်မွေးတိရစ္ဆာန်တွေရဲ့နို့ကို အာ
ဟာရဓာတ်တွေကြွယ်ဝတဲ့အစားအ
သောက်အဖြစ် လူတွေသောက်သုံးခဲ့ကြ
တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ 
 ဒီဆောင်းပါးမှာ မြန်မာတွေ အများ
ဆုံးသောက်သုံးကြတဲ့နွားနို့အကြောင်း
ကို အဓိက ထားပြီးတင်ပြပါမယ်။ အခြား 
တိရစ္ဆာန်နို့တွေကိုတော့လိုအပ်သလို 
နွားနို့နှင့် နှိုင်းယှဉ် တင်ပြသွားပါမယ်။
 နွားနို့ဟာ အသက်တစ်နှစ်ကျော်
ပြီးတဲ့ ကလေးသူငယ်တွေကအစ လူကြီး၊
လူငယ်၊ လူရွယ်၊ လူလတ် အရွယ် အား
လုံးရဲ့ အာဟာရနှင့်ကျန်းမာရေးကို အ
ကျိုးပြုတဲ့အတွက် အိမ်တိုင်းရဲ့ မီးဖိုဆောင် 
(ရေခဲသေတ္တာ) ထဲမှာ အမြဲရှိနေသင့်တဲ့
အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ 
တိရစ္ဆာန်နို့အမျိုးမျိုးမှာပါဝင်တဲ့  ပင်မ အာ
ဟာရ (Macro-nutrient)  သုံးမျိုးဖြစ်တဲ့
ပရိုတင်း (Protein)၊ အဆီ(Fat)  နှင့် 
လက်တို့စ် သကြား (Lactose) တွေရဲ့ 
ပမာဏတွေကို အောက်မှာ င့် ဖော်ပြထားပါတယ်။
*** တိရစ္ဆာန်နို့အမျိုးမျိုး ၁၀၀-မီလီလီတာတွင် 
ပါဝင်သော ပင်မ အာဟာရဓာတ်များ ***
ကျွဲနို့  
****
ပရိုတင်း - ၃ . ၆ (ဂရမ်)
အဆီ - ၇ . ၄(ဂရမ်)
သကြား - ၅ . ၅(ဂရမ်)
နွားနို့
****
ပရိုတင်း - ၃ . ၄  (ဂရမ်)
အဆီ  - ၃ . ၇ (ဂရမ်)
သကြား - ၄ . ၈ (ဂရမ်)
ဆိတ်နို့
***** 
ပရိုတင်း -၂ . ၉   (ဂရမ်)
အဆီ  - ၄ . ၅ (ဂရမ်)
သကြား - ၄ . ၁(ဂရမ်)
မြင်းနို့
*****
ပရိုတင်း - ၂ . ၅   (ဂရမ်)
အဆီ  - ၁ . ၉ (ဂရမ်)
သကြား - ၆ . ၂ (ဂရမ်)
သိုးနို့ 
*****
ပရိုတင်း - ၅. ၅   (ဂရမ်)
အဆီ  - ၁ . ၉ (ဂရမ်)
သကြား - ၄ . ၈(ဂရမ်)
နို့ထဲက ပရိုတင်းများ
***************
 မြန်မာတွေသောက်သုံးလေ့ရှိတဲ့
ကျွဲနို့၊  နွားနို့၊  ဆိတ်နို့ ဆိုတဲ့  နို့သုံးမျိုးအနက် 
ပရိုတင်းပါဝင်မှုအနေနဲ့ဆိုရင် ကျွဲနို့၁၀၀-
မီလီလီတာမှာ ၃ . ၆- ဂရမ်နှင့် နွားနို့မှာ
၃ . ၄-ဂရမ်ဖြစ်တဲ့အတွက်   သိပ်မကွာလှ
ပါဘူး။ ဆိတ်နို့ ၁၀၀-မီလီလီတာမှာ
တော့ ပရိုတင်း ၂ . ၉-ဂရမ်သာ ပါတဲ့
အတွက် သိသိသာသာ နည်းပါတယ်။
 မြင်းနို့မှာလည်း ပရိုတင်းပါဝင်မှု(၂ . ၅-
ဂရမ်) ဟာ နည်းတယ်လို့ ဆိုနိုင်ပြီး သိုးနို့
မှာပါတဲ့ ပရိုတင်း (၅. ၅-ဂရမ်) က တော့
သိသိသာသာ များနေပါတယ်။
 တိရစ္ဆာန်နို့တွေမှာပါဝင်တဲ့ပရိုတင်း
တွေဟာအရည်အသွေးအလွန်ကောင်း
ပါတယ်။  မရှိမဖြစ် အမိုင်နို အက်စစ် 
(Essential Amino Acid)  တွေ အစုံအလင်
ပါဝင်ပါတယ်။ ခန္ဓာကိုယ် တည်ဆောက်
ပြုပြင်ရေး လုပ်ငန်းတွေမှာ အလွန်အသုံး
ကျပါတယ်။ ဒါကြောင့်  အသက်တစ်နှစ်
ကျော်ပြီးတဲ့ကလေးတွေနှင့် လူငယ်တွေ 
နို့ကို မှန်မှန်သောက်သုံးမယ်ဆိုရင် ပရို
တင်းတွေက အရိုးနှင့်ကြွက်သားများတည်
ဆောက်မှုကို အားပေးတဲ့အတွက် ထွား
ကျိုင်းသန်မာစေပါတယ်။ လူကြီးတွေမှာ
လည်း နို့သောက်ခြင်းအားဖြင့် အသက်
ကြီးခြင်းနဲ့တွဲနေတဲ့ ကြွက်သားများကြုံ
လှီလာခြင်း၊ အရိုးများကြံ့ခိုင်မှု လျော့
နည်းလာခြင်းတို့ကိုနှေးကွေးစေနိုင်ပါတယ်။ 
နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း 
(Cow’s Milk Protein Allergy)
************************
 လူရဲ့ခန္ဓာကိုယ်ဟာ မိမိမှာမရှိတဲ့
ပရိုတင်းအမျိုးအစားတွေ ခန္ဓာကိုယ်ထဲ
ကိုတစ်နည်းနည်းနှင့် ၀င်လာရင်လက်မခံ
ပါဘူး။ သူစိမ်း၊ ရန်သူသဖွယ် တုံ့ပြန်ပြီး 
ခန္ဓာကိုယ်ထဲကနေထုတ်ပစ်ဖို့ နည်းမျိုးစုံ
နဲ့ ကြိုးစားတတ်ပါတယ်။ (လူတစ်ယောက်
ရဲ့ခန္ဓာကိုယ်ထဲကို မတူတဲ့သွေးအုပ်စုမှ 
သွေးတစ်မျိုးမျိုး သွင်းပေးမိရင် အသက် 
အန္တရာယ်ဖြစ်တာဟာ ဒီသဘောပဲ ဖြစ်ပါ
တယ်)။  ပရိုတင်းဆိုတာ အမိုင်နိုအက်စစ် 
(Amino Acids)  တွေ အမြောက်အမြား 
တွဲစပ်ထားခြင်း ဖြစ်ပါတယ်။ အစားအစာ
ထဲက ပရိုတင်းတွေမှာ အမိုင်နိုအက်စစ်
တွေတွဲစပ်ထားတဲ့အစီအစဉ်နဲ့ ခန္ဓာကိုယ်
ထဲမှာ ထုတ်လုပ်တဲ့ ပရိုတင်းတွေမှာ အ
မိုင်နိုအက်စစ်တွေ တွဲစပ်ထားတဲ့ အစီ 
အစဉ်ဟာ မတူကြပါဘူး။  ကွာခြားပါ
တယ်။ ဒီကွာခြားချက်ကို မှတ်မိနေတဲ့
အတွက် ခန္ဓာကိုယ်ဟာ အစားအစာတွေ
ထဲကပရိုတင်းတွေကို သူစိမ်းလိုသိနိုင်
ခြင်း ဖြစ်ပါတယ်။ သူစိမ်းပရိုတင်းတွေ 
ဝင်လာတာကိုခုခံတိုက်ခိုက်ခြင်းဟာ
 ဓာတ်မတည့်ခြင်း (Allergy) တစ်မျိုးဖြစ်ပါတယ်။ 
 ကလေးတွေမှာ နွားနို့ပရိုတင်းနှင့် 
ဓာတ်မတည့်သူတွေရှိပါတယ်။လူကြီး
တစ်ယောက် နွားနို့သောက်တယ်ဆိုရင် 
နွားနို့ထဲကပရိုတင်းတွေဟာ လူကြီးတစ်
ယောက်ရဲ့အူထဲကို  တိုက်ရိုက်စုပ်ယူခြင်း
မခံရ (၀င်မသွားနိုင်) ပါဘူး။ ပရိုတင်းတွေ
ဟာအူထဲမှာ ပထမအဆင့်အနေနဲ့ ပက်(ပ်)
တိုက်(Peptide)  ဆိုတဲ့ ဓာတ်ပေါင်းတွေ 
အဖြစ်  ပြိုကွဲသွားပါတယ်။ ပက်(ပ်)တိုက်  
(Peptide)  တွေဟာ အမိုင်နိုအက်စစ်တွေ
အဖြစ် ထပ်မံ ပြိုကွဲရပြန်ပါတယ်။ အမိုင်နို
အက်စစ်တွေသာအူထဲကိုစုပ်ယူခံရ (၀င်သွား)ပါတယ်။  
ခန္ဓာကိုယ်ထဲ ရောက်
လာတဲ့ အမိုင်နိုအက်စစ်တွေကို မိမိကိုယ်
ပိုင်အစီအစဉ်အတိုင်း ပရိုတင်းအသစ်
တွေ ပြန်လည်တည်ဆောက်ယူပါတယ်။ 
ရက်သား၊ လသား ကလေးတွေမှာတော့
သူတို့ရဲ့အူနံရံဟာ လူကြီးတွေရဲ့အူနံရံလို 
မခိုင်ခန့်ပါဘူး။ ဒါကြောင့် နွားနို့ထဲက
ပရိုတင်းတွေဟာ မပြိုကွဲဘဲ ကလေးရဲ့အူ
ထဲကို  တိုက်ရိုက်စုပ်ယူခံရပြီး ၀င်သွားနိုင်
ပါတယ်။ ၀င်လာတဲ့ပရိုတင်းတွေထဲက 
အမိုင်နိုအက်စစ်တွေတွဲထားပုံ အစီအ
စဉ်ကိုကြည့်ပြီး သူစိမ်းမှန်းသိတဲ့အတွက် 
ကလေးရဲ့ခန္ဓာကိုယ်က လက်မခံချင်တဲ့
သဘောနဲ့ နည်းအမျိုးမျိုးသုံးပြီး တုံ့ပြန်
ကြပါတယ်။ အဲသလို ခုခံတုံ့ပြန်မှု(Immune Response)  ကြောင့် ဓာတုပစ္စည်းအမျိုးမျိုးထွက်လာပြီး
ပွခြင်း၊ ဗိုက်နာခြင်း၊ ယားယံခြင်း၊ အဖု 
အပိမ့်ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ ရင်
ကျပ်ခြင်း စတဲ့ဝေဒနာတွေ ခံစားရတာ ဖြစ်ပါတယ်။ လသားအရွယ်ကလေးတွေ
ကို မိခင်နို့သာ တိုက်ကျွေးခြင်း၊ မွေးစမှ ၆-လထိ ကလေးတွေကို မိခင်နို့တစ်မျိုး
တည်း တိုက်ကျွေးခြင်း၊ အသက် တစ်နှစ်
ကျော်မှသာ နွားနို့စတဲ့ တိရစ္ဆာန်နို့တွေ 
တိုက်ကျွေးခြင်းဖြင့် ကလေးတွေမှာ နို့ပရို
တင်းနဲ့ ဓာတ်မတည့်ခြင်းကို ရှောင်နိုင် ကာကွယ်နိုင်ပါတယ်။ 
နို့ထဲက အဆီများ
*************
 ကျွဲနို့၊ နွားနို့၊ ဆိတ်နို့ ဆိုတဲ့ နို့
၃ မျိုးအနက် ကျွဲနို့ ၁၀၀ မီလီလီတာမှာ  
အဆီ ၇ . ၄ -ဂရမ် ပါတဲ့ အတွက် အများ
ဆုံးဖြစ်ပြီး၊ နွားနို့မှာ  အဆီ ၃ .  ၇-ဂရမ်သာ 
ပါတဲ့အတွက် အနည်းဆုံးဖြစ်ပါတယ်။ 
ဆိတ်နို့မှာ  အဆီ ၄ . ၅-ဂရမ် ပါတဲ့အတွက် 
နွားနို့ထက်များပေမယ့် ကျွဲနို့ကိုတော့မမှီ
ပါဘူး။   အဆီဓာတ်ဟာ ပရိုတင်း၊ ကာဗို
ဟိုက်ဒရိတ် (သကြား၊ ကစီ) တို့ထက် 
အင်အား (ကယ်လိုရီ) ပိုပြီး ထုတ်လုပ်ပေး
နိုင်တဲ့အတွက် နို့တစ်မျိုးရဲ့ ကယ်လိုရီ
ကြွယ်ဝမှုဟာ ပါဝင်တဲ့အဆီ အနည်းအ
များပေါ်မှာ မူတည်ပါတယ်။ အဆီပါဝင်မှု 
အချိုးအစားများလေ အင်အား (ကယ်လို
ရီ) ကြွယ်ဝလေ ဖြစ်ပါတယ်။ တကယ်
တော့ အခြားအစားအစာတွေနဲ့ ယှဉ်
လိုက်ရင်နွားနို့ဟာ ကယ်လိုရီကြွယ်ဝလွန်း
တဲ့အစားအသောက်(Calorie-dense 
Food) မျိုးမဟုတ်ပါဘူး။ နွားနို့ ၁၀၀-မီလီ
လီတာ (၁၁၀-ဂရမ်လောက်) သောက်
ရင် အင်အား ၆၆-ကီလို ကယ်လိုရီသာ 
ရနိုင်ပါတယ်။ ထမင်း ၁၀၀-ဂရမ် စား
မယ်ဆိုရင်  အင်အား ၁၅၅ ကီလိုကယ်လိုရီ 
ရနိုင်ပါတယ်။ နွားနို့မှာ ရေက ၈၅% ကနေ 
၉၀% လောက်ထိ ပါနေတာပါ။ ရေရောရင် 
ရောသလိုဒီ့ထက်ရေများနိုင်ပါသေး
တယ်။
 နို့မှာပါတဲ့အဆီတွေနဲ့ပတ်သက်ပြီး 
သတိထားရမယ့်အချက်တစ်ချက်က 
ပါဝင်နေတဲ့ အဆီတွေဟာ ပြည့်ဝဆီတွေ 
ဖြစ်နေခြင်းပါပဲ။ ပြည့်ဝတဲ့ ဖက်တီးအက်
စစ်(Saturated Fatty Acid) တွေက 
မပြည့်ဝတဲ့ ဖက်တီးအက်စစ် 
(Unsaturated Fatty Acid)  တွေထက် အချိုး
အဆအားဖြင့် ပိုများနေတယ်လို့ပြောတာ
ပါ။ ပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေဟာ 
သွေးအတွင်း ခိုလက်စထရော(Cholesterol)ပမာဏကို
 မြင့်တက်စေနိုင်ပါ
တယ်။ သွေးထဲမှာ ခိုလက်စထရော များ
ခြင်းဟာ နှလုံးသွေးကြောရောဂါတွေ ဖြစ်
နိုင်တဲ့အလားအလာကို များစေပါတယ်။ 
ဒါကြောင့် သွေးအတွင်း ခိုလက်စထရော 
မြင့်တက်လာမှာကြောက်တဲ့ အသက်
ကြီးသူတွေအတွက် အဆီလျှော့ထားတဲ့
နို့ (Reduced-Fat Milk)အဆီနည်းတဲ့ နို့
(Low-Fat Milk)  နှင့် အဆီလွတ်နို့ (Skim Milk)တို့ကို
 နိုင်ငံ အများအပြားမှာ ထုတ်
လုပ်ရောင်းချပေးနေပါတယ်။ 
 မလိုင်အပြည့်နွားနို့(Whole Milk)
၁၀၀-မီလီလီတာမှာ အဆီ ၃ . ၇-ဂရမ်
လောက် ပါဝင်ပါတယ်။ အဆီလျှော့နို့ 
(Reduced-FatMilk) ၁၀၀-မီလီလီ
တာမှာ အဆီ ၂-ဂရမ် လောက်သာပါပြီး၊ 
အဆီနည်းနို့ (Low-Fat Milk) ၁၀၀-မီ
လီလီတာမှာ အဆီ ၁-ဂရမ်လောက် သာ 
ပါဝင်ပါတယ်။ အဆီလွတ်နို့ (Skim Milk) 
မှာတော့ အဆီတွေ အကုန်လုံး (နီးပါး) 
ထုတ်ထားပါတယ်။အဆီလျှော့နို့တွေ၊
အဆီနည်းနို့တွေ အလွယ်တကူဝယ်လို့
မရနိုင်တဲ့နေရာတွေမှာ နို့ကိုကျိုပြီး မလိုင်
တွေ ဖယ်ထုတ်လိုက်ခြင်းအားဖြင့် နို့ထဲ
က အဆီပမာဏကို အလွယ် တကူလျှော့
နိုင်ပါတယ်။ မလိုင်ကို ဖယ်ထုတ်လိုက်
ခြင်းအားဖြင့် အဆီတွေ လျော့သွားပေ
မယ့် ပရိုတင်း၊ ကယ်လစီယမ်စတဲ့ အ
ရေးကြီးတဲ့ အာဟာရဓာတ်တွေ လျော့
မသွားပါဘူး။ 
 နွားနို့ထဲက အဆီတွေနဲ့ပတ်သက်
ပြီး သိထားသင့်တဲ့အချက်တစ်ခုရှိပါသေး
တယ်။Trans Fatty Acids လို့ ခေါ်တဲ့
အသွင်ပြောင်း ဖက်တီးအက်စစ်တွေအ
ကြောင်း ဖြစ်ပါတယ်။ အသွင်ပြောင်း
ဖက်တီးအက်စစ်တွေဟာစားမြုံ့ပြန်
တတ်တဲ့နွား အစရှိတဲ့တိရစ္ဆာန်တွေရဲ့ နို့
မှာသဘာဝအတိုင်းပါဝင်နေပါတယ်။ 
သဘာဝ အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ (Natural Trans Fatty Acids)
လို့ ပြောနိုင်ပါတယ်။ 
 မာဂျရင်း (Margarine)၊ ကွတ်ကီ (ဘီစကစ်) စတဲ့ အစားအစာ တွေ ပြုလုပ်
တဲ့အခါ လူတွေရဲ့ တမင်ပြုလုပ်မှုကြောင့် 
ဖြစ်ပေါ်လာတဲ့ အသွင်ပြောင်း ဖက်တီး
အက်စစ်တွေလည်း ရှိပါတယ်။  လူလုပ် 
အသွင်ပြောင်း ဖက်တီးအက်စစ်တွေ
(Synthetic Trans Fatty Acids) လို့
ပြောနိုင်ပါတယ်။ အသွင်ပြောင်း ဖက်တီး
အက်စစ်တွေက သွေးထဲမှာ ကျန်းမာရေး
အတွက် မကောင်းတဲ့ LDLခိုလက်စထ
ရောပမာဏကို မြင့်တက်စေနိုင်ပြီး ကျန်းမာ
ရေးအတွက်အကျိုးပြုတဲ့ HDL ခိုလက်
စထရော ပမာဏကို နိမ့်ကျစေနိုင်တဲ့အ
တွက်  နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု 
အလား အလာကို များစေနိုင်ပါတယ်။ 
 နွားနို့ထဲမှာ သဘာဝအတိုင်းရှိနေ
တဲ့အသွင်ပြောင်း ဖက်တီးအက်စစ် တွေ
က စားသုံးသူတွေရဲ့ကျန်းမာရေးအပေါ်
သက်ရောက်မှုရှိပုံနှင့် မာဂျရင်းစတဲ့ အ
စားအစာတွေမှာ လူတို့ရဲ့ပယောဂကြောင့်
ဖြစ်လာတဲ့ အသွင်ပြောင်း ဖက်တီးအက်
စစ်တွေက စားသုံးသူတွေရဲ့ ကျန်းမာရေး 
အပေါ် သက်ရောက်မှုရှိပုံတို့ရဲ့ ခြားနား
ချက်ကို တိတိကျကျမသိရသေးပါဘူး။ 
ဒါပေမယ့် အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ ပါနေလို့ဆိုတဲ့အကြောင်းပြချက်
နဲ့ နို့မသောက်ဘဲ မနေသင့်ပါဘူး။ နို့
မသောက်ရင် နို့မှာပါတဲ့ အဖိုးတန်အာ
ဟာရတွေ မရနိုင်တော့ဘူးဆိုတဲ့ဆုံးရှုံး
မှုကပိုပြီးများလို့ဖြစ်ပါတယ်။ နွားနို့သောက်
တဲ့အခါ အဆီလွတ် ဒါမှမဟုတ် အဆီ
လျှော့ထားတဲ့နို့မျိုးကို ရွေးပြီးသောက်
မယ်ဆိုရင် အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ နည်းမှာ ဖြစ်ပါတယ်။ 
နို့ထဲက သကြား
***********
 ကာဗိုဟိုက်ဒရိတ်(Carbohydrate)
 အာဟာရဟာ ဆန်၊ ဂျုံစတဲ့
ကောက်နှံတွေ၊ ပိန်းဥ ကန်စွန်းဥ စတဲ့
သစ်ဥ၊ သစ်ဖုတွေထဲမှာ ကစီ (Starch) 
အဖြစ် အများဆုံးပါဝင်နေပြီး၊ သစ်သီး
တွေထဲမှာ ဖရပ်တို့စ် သကြား(Fructose) အဖြစ်၊ နို့ထဲမှာ လက်တို့စ် (Lactose) သကြားအဖြစ် ပါဝင်နေပါတယ်။  ကျွဲနို့၊
နွားနို့၊ ဆိတ်နို့ ဆိုတဲ့ နို့သုံးမျိုးအနက် နွား
နို့ ၁၀၀ မီလီလီတာမှာ  လက်တို့စ် သကြား
၅ . ၅ -ဂရမ် ပါတဲ့အတွက် အများဆုံး ဖြစ်
ပြီး၊ ကျွဲနို့မှာ ၄ .  ၈-ဂရမ် ပါဝင်ပါတယ်။   
ဆိတ်နို့မှာ  ၄ . ၁-ဂရမ် ပါတဲ့အတွက် အ
နည်းဆုံး ဖြစ်ပါတယ်။   
နို့မှာပါတဲ့ လက်တို့စ်သကြားကို အစာခြေနိုင်စွမ်းမရှိခြင်း
(Lactose Intolerance)
************************************
 နို့မှာပါတဲ့ လက်တို့စ်(Lactose)  သကြားကို 
အစာမချေနိုင်တဲ့အခြေအ
နေကို Lactose Intolerance လို့ ခေါ်ပါ
တယ်။ နို့သောက်လိုက်တဲ့အခါ အူထဲမှာ
ရှိတဲ့ လက်တေ့စ် (Lactase) ခေါ်  အစာ 
ခြေ အင်ဇိုင်းကြောင့် နို့ထဲက လက်တို့စ်
သကြားတွေဟာ ဂလူးကို့စ် (Glucose)  နှင့် 
ဂလက်တို့စ်  (Galactose) ဆိုတဲ့
သကြားနှစ်မျိုးအဖြစ် ပြိုကွဲသွားပါတယ်။ 
 လူရဲ့အူဟာ ဂလူးကို့စ် (Glucose)   နှင့် 
ဂလက်တို့စ်(Galactose) သကြား
တွေကိုသာ စုပ်ယူပြီး သွေးထဲကို ရောက်
အောင် ပို့ပေးနိုင်ပါတယ်။ လက်တို့စ်
(Lactose)ကို စုပ်မယူနိုင်ပါဘူး။ 
 Lactas  eအင်ဇိုင်းကို အူရဲ့နံရံအမြှေး
က ထုတ်လုပ်ပါတယ်။ အချို့သောသူ
တွေဟာ မွေးကတည်းက   လက်တေ့(စ်) 
အင်ဇိုင်း မထုတ်လုပ်နိုင်တဲ့အတွက်  နို့ထဲ
က လက်တို့(စ်) (Lactose) သကြားကို
ဂလူးကို့(စ်) နှင့် ဂလက်တို့စ်(Galactose) ဖြစ်အောင် 
မဖြိုခွဲနိုင်ပါဘူး။ သွေး
ထဲကိုလည်း စုပ်မယူနိုင်ပါဘူး။ သွေးထဲ
ကို စုပ်ယူမခံရတဲ့ လက်တို့(စ်) သကြား
တွေဟာ အူထဲမှာ  အချဉ်ပေါက်(Fermentation) ဖြစ်ပါတယ်။ 
ဒါကြောင့်  သူ
တို့ဟာ နို့သောက်ပြီးရင် ၀မ်းပျက်ခြင်း၊ 
ဗိုက်နာခြင်း၊ ဗိုက်ပွခြင်း စတဲ့ ဝေဒနာတွေ 
ခံစားရတတ်ပါတယ်။ မြန်မာတွေထဲမှာ 
နို့မှာပါတဲ့ လက်တို့စ်သကြားကို အစာ
မခြေနိုင်တဲ့အတွက် နွားနို့သောက်ပြီး 
ဝမ်းပျက်သူ၊ ဗိုက်အောင့်သူ၊ လေပွသူ
တွေ ရှိပါတယ်။ ဒီအတွက်ကြောင့် နို့
သောက်တဲ့ အလေ့အထ လုံးဝ မလုပ်ဘဲ 
နေစရာ မလိုပါဘူး၊ နို့တစ်ခွက်လုံးကို 
တစ်ကြိမ်တည်းနဲ့ အကုန်မသောက်ဘဲ 
နှစ်ကြိမ်၊ သုံးကြိမ် ခွဲပြီးသောက်မယ်ဆို
ရင် အဆင်ပြေနိုင်ပါတယ်။   
 အချို့သောကလေးတွေဟာ မွေးလာ
တုန်းက လက်တေ့(စ်)အင်ဇိုင်း  ထုတ်လုပ်
နိုင်ပေမယ့်အကြောင်း တစ်ခုခုကြောင့် 
(ဥပမာ-၀မ်းပျက်၊ ၀မ်းလျှောစတဲ့ ရောဂါ
တစ်ခုခုကို ပြင်းပြင်းထန်ထန်ခံစားရတဲ့
အခါ)  အူရဲ့ အမြှေးပျက်ပြီး  လက်တေ့(စ်)
အင်ဇိုင်း  မထုတ်လုပ်နိုင်တော့တဲ့ အခြေ
အနေကို ခေတ္တ ကြုံတွေ့ရတတ်ပါတယ်။ 
အဲသလို ကလေးတွေကို မိခင်နို့ (သို့)
နို့မှုန့်တိုက်နေရင် ၀မ်းမရပ်ဘဲ ဆက်ပြီး 
သွားနေတတ်ပါတယ်။  မိခင်နို့၊ နို့မှုန့်ကို 
ခဏ(တစ်ရက်၊နှစ်ရက်)ရပ်ပြီး လက်တို့စ်
သကြားမပါတဲ့ နို့တစ်မျိုးမျိုး (ဥပမာ-
ပဲနို့) တိုက်မှ ၀မ်းရပ်သွားတတ်ပါတယ်။ 
ဝမ်းရပ်သွားတဲ့အခါ မိခင်နို့ ပြန်တိုက်နိုင်
ပါတယ်။ တိုက်လည်း တိုက်သင့်ပါတယ်။
နို့ထဲက ကယ်လစီယမ် (Calcium) 
************************ 
 ကယ်လစီယမ်ခေါ်ထုံးဓာတ်ဟာ 
အရိုးတွေကျန်းမာကြံ့ခိုင်ရေးအတွက် အ
ရေးကြီးတယ်ဆိုတာ လူတိုင်းလိုလို သိ
ကြပါတယ်။ ကယ်လစီယမ်ရနိုင်တဲ့ အ
စားအစာတွေထဲမှာ နို့ဟာ အကောင်းဖြစ်
ပါတယ်။ နွားနို့ တစ်ခွက် (အဆီပါပါ၊ မပါ
ပါ)သောက်လျှင် ကယ်လစီယမ်၃၀၀မီလီ
ဂရမ်လောက် ရနိုင်ပါတယ်။   အစားအစာ 
တွေမှာပါတဲ့ ကယ်လစီယမ်အားလုံးကို
အူထဲမှာစုပ်ယူနိုင်တာ မဟုတ်ပါဘူး။ 
တစ်စိတ်တစ်ဒေသသာ စုပ်နိုင်ပါတယ်။ 
နို့နှင့်နို့ထွက်အစာတွေမှာ ကယ်လစီယမ် 
<ကယ်ဝတဲ့အပြင် နို့ထဲက ကယ်လစီယမ်
ကို အူထဲမှာ စုပ်ယူရတာလည်း လွယ်ပါ
တယ်။ ဟင်းရွက်တွေ၊ ကောက်ပဲသီးနှံ
တွေမှာပါတဲ့ ကယ်လစီယမ်ကိုတော့ စုပ်
ယူရတာ မလွယ်ပါဘူး။  နို့မှာပါတဲ့လက်
တို့စ်(Lactose) သကြားက ကယ်လစီ
ယမ်စုပ်ယူမှုကို ကောင်းစေပါတယ်။ နို့မှာ 
ပါတဲ့ ပရိုတင်းကလည်း အရိုးတွေ တည်
ဆောက်မှုလုပ်ငန်းမှာ လိုအပ်တဲ့အာဟာ
ရ ဖြစ်ပါတယ်။  တကယ်တော့ နို့ (သို့)
နို့ထွက်အစာတစ်မျိုးမျိုးမစားသုံးဘဲ တစ်နေ့တာလိုအပ်တဲ့ ကယ်လစီယမ် 
အလုံအလောက် ရဖို့ဆိုတာ မလွယ်ပါဘူး
လို့ အချို့သောအာဟာရပညာရှင်တွေက 
ယုံကြည်ကြပါတယ်။ 
နို့ထဲက ဗီတာမင်အေ(Vitamin A) 
************************
 နို့မှာ   ဗီတာမင်အေလည်း ကြွယ်ဝ
စွာ ပါဝင်ပါတယ်။ နို့ကရတဲ့ ဗီတာမင်အေ
ဟာ ခန္ဓာကိုယ်ထဲမှာ အဆင်သင့်အသုံး
ပြုနိုင်တဲ့ဗီတာမင်အေ အမျိုးအစားဖြစ်ပါ
တယ်။ အသီးအရွက်တွေကရတဲ့ ဗီတာ
မင်အေ လောင်းလျာ ဘေတာကယ်ရို
တင်း (Beta-Carotene) တွေကိုတော့
ခန္ဓာကိုယ်ထဲမှာအသုံးပြုဖို့ ဗီတာမင်အေ 
အဖြစ် ဓာတ်ပြောင်းပေးရပါတယ်။   ဗီတာ
မင်အေဟာ ကလေးတွေရဲ့ အရိုးများ ကြီးထွားရင့်ကျက်မှု၊ ကိုယ်ခံစွမ်းအား
ကောင်းပြီး ရောဂါကာကွယ်နိုင်စွမ်းရှိမှု
တို့အတွက် အလွန်အရေးကြီးပါတယ်။   
နို့ထွက် အစားအစာများ 
****************
 နို့ထွက်အစားအစာတွေဟာ နို့လိုပဲ 
အကျိုးပြုပါတယ်။ ဒိန်ချဉ်ဟာ အာဟာ
ရ ကြွယ်ဝတဲ့အပြင်အူနှင့် အစာလမ်း
ကြောင်းကို ကျန်းမာစေတဲ့ Probiotic
 အာနိသင် လည်းရှိပါတယ်။ ဒိန်ခဲနှင့် ဒိန်
ချဉ်ဟာ နို့လိုပဲ ကယ်လစီယမ် ကြွယ်ဝပါ
တယ်။ ဒါကြောင့် အဆီလျှော့နို့နှင့်ပြု
လုပ်တဲ့ ဒိန်ခဲနှင့်ဒိန်ချဉ်တို့ကို စားသုံးဖို့
အမေရိကန်နိုင်ငံသားတွေကို သူတို့ဆီ
က ပညာရှင်တွေက တိုက်တွန်းထားပါ
တယ်။ ထောပတ်နှင့်မလိုင်မှာ ကယ်လစီ
ယမ် မ<ကယ်ဝပါဘူး။ ဒါ့အပြင် ပြည့်ဝတဲ့
ဖက်တီးအက်စစ်တွေများပြီး သွေးထဲမှာ 
ခိုလက်စထရော တက်စေနိုင်တာမို့ ဆင်
ခြင်ရမည့်အစာတွေဖြစ်ပါတယ်။
 အမေရိကန်ပြည်ထောင်စုမှာ 
လူကြီး၊ လူငယ်အားလုံးဟာ နို့နှင့် နို့
ထွက်အစာတွေကို စားသင့်တဲ့ပမာဏ 
ပြည့်မှီအောင်မစားကြပါဘူးတဲ့။ အစား
အသောက်ရောင်းတဲ့ဆိုင်တိုင်း၊ကုန်စုံ
ဆိုင်တိုင်းလိုလိုမှာ နို့တွေကို အလျှံပယ် 
ရောင်းနေတဲ့နိုင်ငံမှာပင် နို့သောက်သုံးမှု
နည်းနေသေးတယ်ဆိုတော့ကျွန်တော်
တို့ နိုင်ငံသားတွေရဲ့  နို့နှင့်နို့ထွက်အစာ
တွေစားသုံးမှု ဘယ်လောက်နည်းနေ
တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ 
 အသက်အရွယ်အလိုက် တစ်နေ့
တာကာလအတွင်း သောက်သုံးသင့်တဲ့
နို့ပမာဏဟာ အရွယ်ရောက်ပြီးသူ တစ်
ယောက်အတွက် ၃ခွက်၊ ၉နှစ်မှ ၁၈နှစ်ထိ 
လူငယ်တစ်ယောက်အတွက် ၂ခွက်နှင့် 
တစ်ဝက်၊  ၂နှစ်မှ ၃နှစ်ထိ ကလေးတစ်
ယောက်အတွက် ၂ခွက် ဖြစ်ပါတယ်။ 
ခွက်ဆိုရာမှာ ၂၄၀ မီလီလီတာ (တစ် 
လီတာဆံ့ သောက်ရေသန့် ပုလင်းကြီးရဲ့ 
၎ပုံ ၁ပုံခန့်) ကို ဆိုလိုပါတယ်။
 မြန်မာတွေမှာ နို့သောက်တဲ့အကျင့်
သိပ်မရှိပါဘူး။ နို့ဆိုရင် ကော်ဖီ ဒါမှမဟုတ် 
လက်ဖက်ရည်ဖျော်သောက်တဲ့အခါ ထည့်
ကြတာကများပါတယ်။ မြို့ပေါ်ဒေသတွေ
မှာသာမက  နို့စစ်စစ် အလွယ်တကူရနိုင်
တဲ့ ကျေးလက်ဒေသတွေမှာလည်း နေ့
စဉ်မှန်မှန် နို့သောက်တဲ့အကျင့် မရှိကြ
သေးပါဘူး။ တကယ်တော့ မြို့ကြီးတွေ
က စူပါမားကက်တွေမှာ ဘူးတွေနဲ့ထည့်
ထားတဲ့နို့ကို  ၀ယ်လို့ရနေပါပြီ။ ကလေး
တွေ၊ ပျိုဖော်ဝင် အရွယ်တွေ၊ အရွယ်
ရောက်ပြီးသူအမျိုးသမီးတွေ နေ့စဉ်မှန်
မှန် နို့သောက်တဲ့အကျင့်လုပ်ဖို့လိုနေပါပြီ။
• ဒေါက်တာလှကြည်
 • ဒေါက်တာလှကြည်
အိမ်မွေးတိရစ္ဆာန်တွေရဲ့နို့ကို အာ
... ဟာရဓာတ်တွေကြွယ်ဝတဲ့အစားအ
သောက်အဖြစ် လူတွေသောက်သုံးခဲ့ကြ
တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ