Thet Ko Oo
ပန်းသီးပင်တစ်ပင်ကို ကြည့်လိုက်ပါ။ ပန်းသီးပင်ပေါ်မှာ ပန်းသီးပေါင်း ငါးရာရှိချင် ရှိနေပါမယ်။ ဒါပေမဲ့ ပန်းသီးတစ်လုံးစီမှာတော့ အစေ့ဆယ်စေ့သာ ရှိပါတယ်။ ဒါဟာ အလွန်များပြားတဲ့ အစေ့အရေအတွက်ပါ။
“ပန်းသီးပင်အနည်းငယ် အောင်မြင်ဖြစ်ထွန်း ဖို့အတွက် သင်ဟာ ဘာကြောင့်များ ပန်းသီးစေ့အများအပြား စိုက်ပျိုးဖို့ လိုအပ်ရတာလဲ” လို့ ကျွန်တော်တို့ မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပါတယ်။
ဒီနေရာမှ...ာ သဘာဝတရားက ကျွန်တော်တို့ကို သင်ပေးစရာတစ်ခု ရှိနေပါတယ်။ သဘာဝတရားက ကျွန်တော်တို့ကို ပြောနေတာကတော့ “အစေ့အားလုံး အပင် မပေါက်ပါဘူး။ ဘဝမှာ အစေ့အများစုက အပင်မပေါက်ဘူး။ ဒါ့ကြောင့် သင်ဟာ တစ်ခုခု တကယ်ကို ဖြစ်မြောက်စေချင်တယ်ဆိုရင် ပိုမိုကောင်းမွန်အောင် တစ်ကြိမ်ထက်ပိုပြီး ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ဆိုလိုတာကတော့…
သင်ဟာ အလုပ်တစ်ခုရဖို့ အင်တာဗျူး အကြိမ်နှစ်ဆယ်လောက် တက်ရောက်ရပါလိမ့်မယ်။ ကောင်းမွန်တဲ့ အလုပ်သမားတစ်ယောက်ရဖို့ လူပေါင်းလေးဆယ်ကို အင်တာဗျူးရလိမ့်မယ်။ အိမ်တစ်လုံး၊ ကားတစ်စီး၊ လေစုပ်စက်တစ်လုံး၊ အာမခံစာချုပ်တစ်ခု၊ ဒါမှမဟုတ် အရောင်းအဝယ်စာချုပ်တစ်ခု ရောင်းချနိုင်ဖို့အတွက် လူငါးဆယ်တွေ့ဆုံပြီး စကားပြောဆိုရပါလိမ့်မယ်။ ပြီးတော့ သူငယ်ချင်းကောင်းတစ်ယောကရဖိ
“မျိုးစေ့ဥပဒေသ” ကို ကျွန်တော်တို့ နားလည်လာတဲ့အခါ အလွန်အမင်း စိတ်ပျက်မိမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ဟာ သားကောင်တွေလို့ ခံစားနေရတာ ရပ်တန့်သွားပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့ အရာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာ သင်ယူလာကြတယ်။
သဘာဝနိယာမတွေဆိုတာ အရာရာကို ပုဂ္ဂိုလ်ရေးခံစားချက်အတိုင်
အတိုချုပ် ပြောရရင်တော့…
အောင်မြင်တဲ့ လူတွေဟာ မကြာခဏဆိုသလို ရှုံးနိမ့်မှုတွေ ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ မျိုးစေ့ပိုပြီး စိုက်ပျိုးကြတယ်။
အရာရာတိုင်း သင့်ထိန်းချုပ်မှုအလွန် ရောက်နေတဲ့အခါ ပျော်ရွှင်ဖို့အတွက် သင်မလုပ်သင့်တဲ့ အရာအချို့ကို ဖော်ပြချင်ပါတယ်။ လောကကြီးကို သင်ဖြစ်စေချင်တဲ့အတိုင်း မဆုံးဖြတ်ရပါဘူး။ သင်ဟာ လူတိုင်း ပြုမှုလုပ်ဆောင်ရမဲ့ စည်းမျဉ်းစည်းကမ်းတွေ မသတ်မှတ်ရပါဘူး။ ဒီအတွေးအခေါ်တွေဟာ အကြိမ်များစွာပင် သင့်ကို ပိုပြီးမပျော်ရွှင်အောင် ဖန်တီးပေးနိုင်ပါတယ်။
အခြားတစ်ဖက်မှာတော့ သင်မျှော်လင့်ထားတာတွေ ပြောကြည့်ကြရအောင်…
သူငယ်ချင်းတွေဟာ သင့်ကို အကူအညီ ပြန်ပေးသင့်တယ်။
လူတွေဟာ သင့်ကို နားလည်ပေးသင့်တယ်။
လေယာဉ်တွေဟာ အချိန်မီ ရောက်သင့်တယ်။
လူတိုင်း ရိုးသားသင့်တယ်။
သင့်ခင်ပွန်း ဒါမှမဟုတ် အကောင်းဆုံးသူငယ်ချင်းဟာ သင့်ရဲ့မွေးနေ့ကို သတိရသင့်တယ်။
ဒီမျှော်လင့်ချက်တွေဟာ လက်ခံကောင်းလက်ခံနိုင်ပါတယ်
ဒီထက် ပိုမိုကောင်းမွန်တဲ့ နည်းဗျူဟာတစ်ခု ရှိပါတယ်။ ရလိုမှုနည်းပြီး ပေးကမ်းမှု များပါစေ…။ သင့်ထိန်းချုပ်မှုအလွန် ရောက်နေတဲ့ အရာတွေအတွက် သင့်ကိုယ်သင်ပြောဆိုပါ။
“ငါ 'က' ကို ပိုနှစ်သက်တယ်။ ဒါပေမဲ့ 'ခ ' ဖြစ်နေမယ်ဆိုရင်လည်း စိတ်ကျေနပ်ရမယ်”
လူတွေ ယဉ်ကျေးပျူငှာတာကို သင်ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမဲ့ သူတို့ ရိုင်းစိုင်းလာတဲ့အချိန်ဟာ သင့်ရဲ့တစ်နေ့တာကို မဖျက်ဆီးစေနိုင်ပါဘူး။ သင်ဟာ နေသာတာကို ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမဲ့ မိုးရွာနေမယ်ဆိုရင်လည်း စိတ်ကျေနပ် နိုင်ရပါမယ်။
ပိုပြီးပျော်ရွှင်ဖို့ ကျွန်တော်တို့ဟာ အောက်ဖော်ပြပါ တစ်ခုခု လိုအပ်ပါတယ်။
(က) လောကကြီးကို ပြောင်းလဲပစ်မယ်။ ဒါမှမဟုတ်
(ခ) ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲပစ်မယ်။
ကျွန်တော်တို့အတွေးအခေါ်ကို ပြောင်းလဲပစ်ဖို့က ပိုပြီးလွယ်ကူပါတယ်။
အတိုချုပ် ပြောရရင်တော့….
ပြဿနာဖြစ်ရတဲ့ အကြောင်းအချက်က အရေးမကြီးဘူး။ ပြဿနာအပေါ် သင့်ရဲ့သဘောထားကသာ ပိုပြီး အရေးကြီးပါတယ်။ ဖြစ်ပေါ်လာတဲ့အရာတွေက သင့်ရဲ့ပျော်ရွှင်မှုကို ဆုံးဖြတ်မပေးသင့်ဘူး။ ဖြစ်ပေါ်လာသမျှအပေါ်ထားတဲ့ သင့်ရဲ့အတွေးကသာ ပျော်ရွှင်မှုကို ဆုံးဖြတ်ပေးသင့်ပါတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.c
Ref ;The Law of the Seed
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။