Tin Min Latt shared RIGHT's photo.
ငါတို့နိုင်ငံလည်း တစ်ဖြည်းဖြည်းနဲ့ professional သမားတွေ ရှားလာလိုက်တာ မတွေ့ရသလောက်ဖြစ်လာတယ်။ လူမသိ...သူမသိနဲ့ ကိုယ်ယုံကြည်ရာ လုပ်နေတဲ့သူတွေရှိပေမယ့် သူတို့ကတော့ လူရှေ့ မထွက်လို့လား မသိဘူး ထင်ထင်ရှားရှား မတွေ့ရဘူး။ ကိုယ်ယုံကြည်ရာကို ဒါမှမဟုတ် ကိုယ့်တာဝန်ကို ကျေပွန်အောင် တစိုက်မက်မက်နဲ့ professional သမား စိတ်ဓာတ်အပြည့် လုပ်ဆောင်၊ တာဝန်ယူတာတွေ၊ ကြိုးစား အားထုတ်တာတွေ မရှိပဲနဲ့တော့ ငါတို့နိုင်ငံလည်း ကမ္ဘာ့ရွာတွေကြားထဲက ဖုန်းဆိုးမြေ အနေနဲ့ပဲ ရှေ့ဆက်နေရအုန်းမှာပါ။
ကျောင်းသားနဲ့တူတဲ့ကျောင်းသား၊ဆ ရာနဲ့တူတဲ့ဆရာ၊ ဆရာဝန်နဲ့တူတဲ့ ဆရာဝန်၊ အင်ဂျင်နီယာနဲ့တူတဲ့ အင်ဂျင်နီယာ၊ သံဃာနဲ့တူတဲ့ ဘုန်းကြီး၊ လူမှုဝန်ထမ်းသမားနဲ့တူတဲ့ လူမှုရေးသမား၊နိုင်ငံရေးသမားနဲ့တူတဲ့ နိုင်ငံရေးသမား၊ ရဲနဲ့တူတဲ့ ရဲ၊ စစ်သားနဲ့တူတဲ့ စစ်သား၊ ဘောလုံးသမားနဲ့တူတဲ့ ဘောသမား၊ မီဒီယာသမားနဲ့တူတဲ့ မီဒီယာသမား၊ ခေါင်းဆောင်နဲ့တူတဲ့ အုပ်ချုပ်ရေးသမား.............. ..အားပါးပါး ဘယ်နေရာတွေမှာ ဘယ်သူတွေ လူမှန်၊ နေရာမှန်နဲ့ professional သမား ပီပီသသ ရပ်တည်နေကြလည်း။ ဘယ်သူတွေကရော ကိုယ်လုပ်နေတာတွေ မှန်ပါတယ်၊ professional စိတ်ထားနဲ့ ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်း ကိုယ့်ဆိုင်ရာ တာဝန်တွေပဲ လုပ်နေပါတယ်လို့ မှတ်ကျောက်တင်ခံရဲသလဲ။
မရှိတာတော့ မဟုတ်ပါဘူး။ အချိုးချလိုက်ရင် မရှိလောက်အောင် နည်းတာပါ။
ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ကပြောဖူးတယ်( ဒီနိုင်ငံက မဟုတ်တာတော့ သေချာတယ်) တိုင်းပြည်တစ်ခုကို တိုးတက်ချင်ရင် လူတိုင်းဟာ သူ့နေရာနဲ့သူ တာဝန်ယူနိုင်ရမယ်။ တာဝန်ယူခွင့်ပေးရမယ်၊ တာဝန်ယူရဲ ရမယ်။ နိုင်ငံရေး ကိစ္စတွေကို နိုင်ငံရေးသမားက်ု ခိုင်းရမယ်။ စီးပွားရေး ကိစ္စကို စီးပွားရေး သမားကိုခိုင်းရမယ်။ ပညာရေး ကိစ္စတွေအတွက် ပညာတက်တွေကို နေရာပေးရမယ်။ တရားဥပဒေနဲ့ ပတ်သက်ရင် ဥပဒေသမားတွေရဲ့ တာဝန်ပဲ။ တိုင်းပြည် ကာကွယ်ရေးကတော့ စစ်သားတွေရဲ့ တာဝန်ပဲ။ အဲဒီလိုပဲ အုပ်ချုပ်ရေး ကျွမ်းကျင်တဲ့လူတွေကို အုပ်ချုပ်ရေး တာဝန်ပေးနိုင်ရမယ်။ ဒီလိုမှ မဟုတ်ပဲ သူများရောင်တိုင်း လိုက်ရောင်နေတဲ့ လူတွေများနေသရွေ့ တိုင်းပြည်လည်း ဖွတ်ကျောပေါ် ဖွဲပြာစု သလို မွဲပြာကျ နေအုန်းမှာပဲ။
ပွဲစား ခေတ်ကောင်းတော့ ပွဲစား၊ လူမှုရေးလုပ်ငန်း ခေတ်စားတော့ လူမှုရေးသမား၊ နိုင်ငံရေး ခေတ်စားတော့ နိုင်ငံရေးသမား၊ မီဒီယာ ခေတ်စားတော့ မီဒီယာသမား၊ အုပ်ချုပ်ရေးသမား ခေတ်စားတော့ အုပ်ချုပ်ရေးသမား အဖြစ် အမျိုးမျိုး သူများရောင်တိုင်း ရောင်ပြီး အရောင်ပြောင်းနေလိုက်ကြတာ ပုတ်သင်ညိုတောင် နေစရာပျောက်ပြီး ပိုင်အိုးနီးယားဆိုတာ ဘာမှန်းတောင် မသိတော့ဘူး။
လေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေဆိုရင်လည်း ပညာနဲ့ ပတ်သက်ရင် ဦးထွန်းလွင်၊ လူမှုရေးနဲ့ ပတ်သက်ရင် ဦးကျော်သူ၊ ဒေါ်ဖြူဖြူသင်း၊ ဆရာဝန်ထဲမှာဆိုရင် ဒေါတ်တာစင်သီယာမောင်၊ ကွန်ပြူတာနဲ့ ပတ်သက်ရင် BHG အဖွဲ့၊ နိုင်ငံရေးသမားထဲမှာဆိုရင် ဦးသိန်းညွှန့်၊ နိုင်ငံ့ ခေါင်းဆောင် အနေနဲ့ဆိုရင်တော့ ဦးသိန်းစိန် စတဲ့ ဒီလိုလူတွေပဲ လူပြောခံပြီး ကိုယ်ယုံကြည်တာကို လုပ်နေတာ တွေ့တယ်။ အများအားဖြင့်တော့ တိုင်းပြည်ကို လက်ညှိုးထိုး ရစရာမရှိအောင်ပြောပြီး ရောင်းစားနေကြသူတွေ၊ အမြှီးကျက် အမြှီးစား ခေါင်းကျက်ခေါင်းစားနဲ့ လူအထင်ကြီးအောင် လုပ်စားပြနေတာတွေပဲ တွေ့တယ်။
ငါတို့တွေ ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ယုံကြည်တာ၊ ကိုယ့်တာဝန်တွေကို ကိုယ့်ဘာသာ တာဝန်ယူဖို့ အချိန်တန်ပါပြီ။ ကိုယ့်ကိုကိုယ် Professional သမားတွေဖြစ်အောင်၊ Professional စိတ်ဓာတ် ထားနိုင်အောင် ပြောင်းလဲသင့်ပါပြီ။
(RIGHT)
ကျောင်းသားနဲ့တူတဲ့ကျောင်းသား၊ဆ
မရှိတာတော့ မဟုတ်ပါဘူး။ အချိုးချလိုက်ရင် မရှိလောက်အောင် နည်းတာပါ။
ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ကပြေ
ပွဲစား ခေတ်ကောင်းတော့ ပွဲစား၊ လူမှုရေးလုပ်ငန်း ခေတ်စားတော့ လူမှုရေးသမား၊ နိုင်ငံရေး ခေတ်စားတော့ နိုင်ငံရေးသမား၊ မီဒီယာ ခေတ်စားတော့ မီဒီယာသမား၊ အုပ်ချုပ်ရေးသမား ခေတ်စားတော့ အုပ်ချုပ်ရေးသမား အဖြစ် အမျိုးမျိုး သူများရောင်တိုင်း ရောင်ပြီး အရောင်ပြောင်းနေလိုက်ကြတာ ပုတ်သင်ညိုတောင် နေစရာပျောက်ပြီး ပိုင်အိုးနီးယားဆိုတာ ဘာမှန်းတောင် မသိတော့ဘူး။
လေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေဆိုရင်လည်း ပညာနဲ့ ပတ်သက်ရင် ဦးထွန်းလွင်၊ လူမှုရေးနဲ့ ပတ်သက်ရင် ဦးကျော်သူ၊ ဒေါ်ဖြူဖြူသင်း၊ ဆရာဝန်ထဲမှာဆိုရင် ဒေါတ်တာစင်သီယာမောင်၊ ကွန်ပြူတာနဲ့ ပတ်သက်ရင် BHG အဖွဲ့၊ နိုင်ငံရေးသမားထဲမှာဆိုရင် ဦးသိန်းညွှန့်၊ နိုင်ငံ့ ခေါင်းဆောင် အနေနဲ့ဆိုရင်တော့ ဦးသိန်းစိန် စတဲ့ ဒီလိုလူတွေပဲ လူပြောခံပြီး ကိုယ်ယုံကြည်တာကို လုပ်နေတာ တွေ့တယ်။ အများအားဖြင့်တော့ တိုင်းပြည်ကို လက်ညှိုးထိုး ရစရာမရှိအောင်ပြောပြီး ရောင်းစားနေကြသူတွေ၊ အမြှီးကျက် အမြှီးစား ခေါင်းကျက်ခေါင်းစားနဲ့ လူအထင်ကြီးအောင် လုပ်စားပြနေတာတွေပဲ တွေ့တယ်။
ငါတို့တွေ ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ယုံကြည်တာ၊ ကိုယ့်တာဝန်တွေကို ကိုယ့်ဘာသာ တာဝန်ယူဖို့ အချိန်တန်ပါပြီ။ ကိုယ့်ကိုကိုယ် Professional သမားတွေဖြစ်အောင်၊ Professional စိတ်ဓာတ် ထားနိုင်အောင် ပြောင်းလဲသင့်ပါပြီ။
(RIGHT)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။