Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 31, 2013

ဥက္ကာပျံ

အာကာသ ဟင်းလင်းပြင်ထဲတွင် သွားလာ ရွှေ့လျှားနေသော ကြယ်တံခွန်နှင့် ဥက္ကာပျံများကြောင့် ကမ္ဘာပေါ်တွင် မည်သို့ မည်ပုံ ပြောင်းလဲသွားသည်ကို ရှေးနက္ခတ်ပညာရှင်းများ၏ မှတ်တမ်းများတွင် လေ့လာမှတ်သားရပါသည်။ အထူးသဖြင့် ကမ္ဘာမြေကြီး အနီးသို့ ၇၅ နှစ်လျှင်တစ်ကြိမ်ကျ ပုံမှန်ရောက် လာလေ့ ရှိသော နာမည်ကျော် ဟယ်လီကြယ်တံခွန်ကြီး၏ ကမ္ဘာမြေပေါ် သက်ရောက်ခဲ့သော အကျိုး အပြစ်များကို စာစောင်တော်တော်များမ...ျား၌ ဖော်ပြပြီးရုံမျှမက ကြယ်တံခွန်နှင့်ပက်သက်သော လုံးချင်း စာအုပ်များတွင်လည်း ခရေစေ့တွင်းကျ ဖော်ပြထားပြီးဖြစ်လေသည်။

မြန်မာ့ရာဇဝင် တစ်လျှောက်ကိုလည်း ပြန်လည်လေ့လာမည် ဆိုလျှင် မဟူရာ ကောင်းကင်ပြင်တွင် ကြယ်ဥက္ကာပျံများ ပေါ်ခြင်း ၊ကြွေကျခြင်းတို့ ကြောင့် မြန်မာ့ရာဇဝင် တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ ရပုံ များကို လေ့လာတွေ့ရှိနိုင်သည်။ ယင်းကဲ့သို့ မြန်မာ့မြေပေါ်တွင် ကျရောက်ခဲ့သော သမိုင်းဝင် ဥက္ကာပျံများနှင့် ပတ်သက် ၍ စာရေးဆရာ ရွှေကိုင်းသားအမည်ခံ ဆရာတော် ဦးသောဘိတ သည် စာတန်းတစ်ခု ပြုစုထားသည်။

(၁) ပုဂံပြည်ကို စတင်တည်ထောင်သည့် သမုဒ္ဒရာဇ်မင်းလက်ထက် မြန်မာ သက္ကရာဇ် ၇၄ခု (အေဒီ ၁၅၂ ခုနှစ်) လောက်တွင် လှည်းဘီးအရွယ်ခန့်ရှိသော ဧရာမဥက္ကာပျံကြီးတစ်လုံး ကောင်းကင်မှ ပျံသန်းလာပြီး ဘုရင့် ရှေ့ တော် သို့ ကျခဲ့လေသည်။

(၂) စုက္ကတေးမင်းလက်ထက် မြန်မာ သက္ကရာဇ် ၃၇၉ခု ၊ (အေဒီ ၁၀၁၇ )တွင် နန်းတော်တွင်းသို့ ဥက္ကာပျံဟုယူဆရသော ပူလောင်တောက်ပသည့် အစိုင်အခဲတစ်ခုကျရောက်လာသည်

(၃)အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက်၊ မြန်မာသက္ကရာဇ် ၈၆၃ခု၊ (အေဒီ ၁၅၀၂)ခုလောက်တွင် ဥပါပျံ ၊ သို့မဟုတ် ဥက္ကာပျံသည်။

(၄)အနောက်ဘက်လွန်မင်း လက်ထက် မြန်မာသက္ကရာဇ် ၇၉၁ခု ၊ (အေဒီ ၁၆၀၉) တွင် အင်းဝမှ တောင်ငူသို့ ချီရာတွင် မင်းတြားစကေးအင်း၌ တပ်တော်ချထားစဉ် ညဉ့်တစ်ချက်တီးကျော်အချိန် အခြွေအရံနှင့် ဥက္ကာပျံလာ ပြီး စခန်းချရာ တဲတော်ဦးတွင် ထိုးကျသည်။

(၅) သာလွန်မင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၉၉၂ ခု ၊ ပြာသိုလဆန်း ၄ ရက် ၊တနင်္လာနေ့ (အေဒီ ၁၆၃၀)တွင် ဥက္ကာပျံကြီးတစ်ခု ပျံသန်းလာပြီး အနောက်မြောက်ထောင့်တွင် ကျသွားလေသည်။

(၆) ငါးထပ်ဒါယကာ မင်းရဲနန္ဒမိတ် လက်ထက်၊ မြန်မာ သက္ကရာဇ် ၁၀၂၂ ခု ၊တန်ဆောင်မုန်းလဆန်း ၃ ရက် ၊ကြာသပတေးနေ့ ၊ (အေဒီ ၁၆၆၀) တွင်တောက်ပသော ဥက္ကာပျံကြီးတောင်ဘက်ကောင်းကင်ပျံမှ ပျံလာပြီး မြောက်ဘက်အရပ်သို့ ထိုးကျသွားလေသည်။ လဆန်း ၁၄ ရက်နေ့တွင် တောင်အရပ်မှ ပျံသန်းလာပြီး အင်းဝမြို့တွင်း၌ကျသည်။

(၇) ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော် ဘုရားလက်ထက် ကောင်းကင်မှကြယ်များ ကြွေကျသကဲ့သို့ မြင်ကြရသည်။ မြင်သည့်အရပ် တိုင်းမှ တက်သေးအင်းတွင် ကျသည်ဟု မြင်ကြရသည်။ နောက်တစ်ကြိမ် မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ်၊ (အေဒီ ၁၈၃၄)၌ အင်းဝမြို့တွင်လည်း ထိုတက်သေးအင်းတွင် ကျသကဲ့သို့ မြင်ကြရသည်။ ယင်းပုံများကို လန်ဒန်မြို့ရှိ ဝိတိုရိယ နှင့် အဲလ်ဘတ် ပြတိုက်တွင် ရောက်ရှိနေသည့် ပုရပိုက် ဓါတ်ပုံတွင် ကြယ်များကြွေကျနေပုံကို စာနှင့် ရေးသားဖော်ပြထားသည်။

(၈)ရွှေဘိုမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၀၈ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ရက် ၊ (အေဒီ ၁၈၄၆ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့)တွင် အတိတ်နိမိတ် အနေဖြင့် ဥက္ကာ အရှေ့ရပ်မှ အနောက်အရပ်သို့ ပျံကျသည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

(၉) မင်းတုန်းမင်းလက်ထက်တွင် မြန်မာသက္ကရာဇ် ၁၂၂၈ခု ၊ ပြာသိုလဆန်း ၁၅ ရက်၊ (အေဒီ ၁၈၆၇ ခုနစ်၊ ဇန်နဝါရီလ ၁၉ ရက်) ညဉ့်တစ်ချက်မတီးမီ အရှေ့မျက်နှာ မြောက်အရပ်မှတောင်အရပ်သို့ ဥက္ကာပျံပြီးတော်လဲ သည်။

ထို့နောက် မြန်မာသက္ကရာဇ် ၁၂၄၀ (အေဒီ ၁၈၇၈) နတ်ရွာစံခါနီးတွင် ပြသည့် နိမိတ်မှာ သပိတ်လုံးခန့် ရှိသည့် ဥက္ကာသည် ရွှေမြို့တော်အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ် ကို ပျံသည်ဟု ရာဇဝင်တွင်ဖော်ပြထား သည်။ ဝိတိုရိယနင့် အဲလ်ဘတ်ပြတိုက်မှ ပုရပိုက်တွင် ပုံနှင့် တကွဖော်ပြထားလေသည်။

(၁၀) သီပေါမင်း နန်းကျခါနီး မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၆ ရက်၊(အေဒီ ၁၈၈၅ ခုနစ်၊ နိုဝင်ဘာလ ၂၇ညဉ့် ၇နာရီအချိန်မှ စ၍ ကြယ်များကြွေကျသည်ဟု ရာဇဝင်တွင်ဖော်ပြထားသည်။ ဝိတိုရိယနင့် အဲလ်ဘတ်ပြတိုက်တွင် ရှိသည့် ဆေးပုရပိုက်တွင် ပုံနှင့်တကွ ဖော်ပြထားသည်။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။