Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 29, 2013

သွားတိုက်ပါ

 
Aye Chan Mon
 ဘာကြောင့် သွားတိုက်သင့်တာလဲဆရာ။

သွားတိုက်တာက သွားတွေကို သန့်ရှင်းအောင် တိုက်ရတာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးတွေ ရှိနေပါတယ်။ စားလိုက်တဲ့ အစာတွေနဲ့ တံတွေး ဓာတ်ပစ္စည်းတွေ ဓာတ်ပြုပြီး ဘက်တီးရီးယားအကွက်လွှာ (Bacterial Plaque) တွေ ဖြစ်လာပါတယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာထဲပါတဲ့ ပိုးတွေက သွားမျက်နှာပြင်မှာ တွယ်ကပ်ပြီး အစားအစာနဲ့ ဓာတ်ပြုရာက ထွက်လာတဲ့ ဒြပ်ပေါင်း (End Products or Metabolic Products) တွေက သွားတွေကို ပျက်စီးစေပါတယ်။ သွားဖုံးတွေကို လောင်ကျွမ်းစေပါတယ်။ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ဖယ်ရှားလိုက်ရင် ခံတွင်းသန့်ရှင်းသွားပြီး သွားပိုးစားရောဂါ၊ သွားဖုံးရောင်တာ၊ သွားမြစ်ဝှမ်းရောဂါနဲ့ ရေစီးကမ်းပြိုရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ခံတွင်းထဲမှာ Lactobacillus၊ Acidophilus၊ Streptoccocus နဲ့ Mutans အစရှိတဲ့ ပိုးတွေနဲ့ စားကြွင်းစားကျန်တွေ ဓာတ်ပြုရာက အက်စစ်ငရဲမီးကို ထုတ်ပေးပါတယ်။ အဲဒီငရဲမီးက သွားတွေကို ပိုးစားစေပါတယ်။ သွားဖုံးရောဂါ ဖြစ်စေတဲ့ တခြားအုပ်စုနဲ့ ဓာတ်ပြုသလို စားကြင်းစားကျန်တွေနဲ့ ဓာတ်ပြုပြီး အဆိပ်တွေ ထုတ်လိုက်ပါတယ်။ အဲဒီအဆိပ်တွေက သွားဖုံးကို စားပြီး သွားမြစ်ဝှမ်းရောဂါကို ဖြစ်စေပါတယ်။ ရေစီးကမ်းပြိုရောဂါကို ဖြစ်စေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယား အကွက်လွှာကို ဖယ်ရှားဖို့ စနစ်မှန် သွားတိုက်နည်းကို သုံးရပါမယ်။ ခံတွင်းသန့်ရှင်းရင် သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတို့ မဖြစ်စေနိုင်ပါဘူး။

ဘက်တီးရီးယား အကွက်လွှာက သွားမျက်နှာပြင် နေရာတိုင်းမှာ ရှိနေတတ်ပါသလား ဆရာ။

ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ သွားနှစ်ချောင်းကြားနေရာတွေ၊ အစာဝါးတဲ့ သွားမျက်နှာပြင်ရှိ အဖုအချိုင့်တွေ၊ Fissure လို့ခေါ်တဲ့ သွားမျက်နှာပြင်ရှိ အရေးကြောင်းတွေပေါ်မှာ တွယ်ကပ်နေနိုင်ပါတယ်။ သွားမှာရှိတဲ့ အခေါင်း၊ အပေါက်၊ အသေစိုက်ထားတဲ့ သွားတု၊ အံကပ်အရှင်ရဲ့ အတွင်းသားပိုင်းတွေ၊ သွားမညီညာလို့ သွားညှိဖို့ တပ်ဆင်ထားတဲ့ ကိရိယာ (Orthodontic Fixed Appli-ance) တွေမှာလည်း ကပ်ညိနိုင်ပါတယ်။ သွားအလှဆင်တဲ့ စိန်တုတွေမှာလည်း တွေ့နိုင်ပါတယ်။

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ မြင်နိုင်ပါသလားဆရာ။

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ တိုက်ရိုက် မတွေ့မြင်နိုင်ပေမယ့် ဘက်တီးရီးယား အကွက်လွှာ ကပ်ငြိနေနိုင်တဲ့ သွားချေးတွေ၊ သွားကျောက်တွေနဲ့ စားကြွင်းစားကျန်တွေကိုတော့ တွေ့နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်တာလည်း ခံစားနိုင်ပါတယ်။ ဘက်တီးရီးယား အကွက်လွှာကို တွေ့ရှိချင်တယ်ဆိုရင် ပန်းရောင်ရှိတဲ့ အရောင်ဆိုးဆေးပြား (Disclosing Tablets) ကို အသုံးပြုလိုက်ရင် ရိုးရိုးသာမန်မျက်စိနဲ့ တွေ့နိုင်ပါတယ်။ အဲဒီဆေးပြားတွေကို ပါးစပ်ထဲထည့်ပြီးကြေညက်အောင် ဝါးစားလိုက်ပါ။ နှံ့စပ်အောင် ဝါးစားပြီးရင် ရေနဲ့ ပလုတ်ကျင်းပါ။

မှန်ကို ကြည့်လိုက်ရင် မှန်ထဲမှာ အနီရောင်စွန်းထင်နေတဲ့ သွားတွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ဘက်တီးရီးယား အကွက်လွှာတွေ များနေရင် ခံတွင်းတစ်ခုလုံး နီမြန်းနေပါလိမ့်မယ်။ ဘက်တီးရီးယား အကွက်လွှာ အနည်းငယ်ပဲ ရှိနေရင် ပန်းနုရောင် ဖြစ်နေပါလိမ့်မယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာတွေကို သွားတိုက်ရပါတယ်။ ဒါကြောင့် သွားတိုက်တယ်ဆိုတာက သွားဖြူစေဖို့ သက်သက်သာ မဟုတ်ဘဲ သွားမှာ တွယ်ကပ်နေတဲ့ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းကို အသုံးပြုပြီးနောက် တစ်ကြိမ်မှာ အရောင်ဆိုးဆေးပြားတွေကို ဝါးစားပြီး မှန်ကြည့်လိုက်ပါ။ သန့်စင်တဲ့ အနေအထားကို တွေ့နိုင်ပါတယ်။

ခံတွင်းသန့်စင်ဖို့ ဘယ်လိုနည်းကို သုံးရမလဲ ဆရာ။

ခံတွင်းသန့်စင်ဖို့ရာ အတွက်-

(၁) လက်တွေ့ ပွတ်တိုက်သန့်စင်တဲ့နည်း (Mechanical Method)နဲ့

(၂) ဓာတုဆေးရည်အသုံးပြုပြီး သန့်စင်တဲ့နည်း (Chemical Method) ကို သုံးရပါမယ်။

လက်တွေ့ ပွတ်တိုက် သန့်စင်တဲ့ နည်းတွေကတော့ သွားတိုက်တာ (Tooth Brushing)၊ သွားကြားပွတ်ကြိုးထိုးတာ (Dental Flossing)၊ သွားကြားထိုးတာ Using Toothpick)နဲ့ သွားနှစ်ချောင်းကြား သန့်စင်တဲ့ ကိရိယာသုံးတာ (Interdental Cleaner) စတဲ့နည်းတွေ ဖြစ်ပါတယ်။ ဓာတုဗေဒနည်းကတော့ သွားနဲ့ခံတွင်း သန့်စင်စေတဲ့ ငုံဆေးတွေနဲ့ ပလုတ်ကျင်း ဆေးရည်တွေနဲ့ သန့်စင်တာပဲ ဖြစ်ပါတယ်။

သွားကို ဘယ်အချိန်တိုက်ရမလဲဆရာ။

နေ့စဉ် နံနက်စာစားပြီး တစ်ကြိမ်နဲ့ ညစာစားပြီး အိပ်ရာမဝင်မီတစ်ကြိမ် သွားတိုက်ရပါမယ်။ သွားတိုက်ဖို့ ပိုပြီး အရေးကြီးတာက ညအိပ်ရာမဝင်ခင် ခံတွင်းကို စနစ်တကျ အချိန်ပေးပြီး တိုက်တာပဲ ဖြစ်ပါတယ်။ ဒါမှ တစ်နေ့လုံးစားထားတဲ့ စားကြွင်းစားကျန်တွေနဲ့အတူ ဘက်တီးရီးယား အကွက်လွှာ ကင်းစင်သွားမှာပါ။

သွားကို ဘယ်လောက်ကြာကြာ တိုက်ရမလဲ ဆရာ။

သုံးမိနစ်- ငါးမိနစ်ခန့် တိုက်ပါ။ ကလေးငယ်တွေကို မိခင်က သွားပွတ်တံသေးသေး ဒါမှမဟုတ် လက်မှာ စွပ်ရတဲ့ သွားတိုက်တံနဲ့ တိုက်ပေးပါ။ မူကြိုကလေးတွေကို မိခင်က ထိန်းပြီး အိမ်မှာ မှန်မှန်တိုက်ပေးပါ။ ကျောင်းမှာဆိုရင် ဆရာမတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု လိုပါတယ်။

ဘယ်လို သွားပွတ်တံကို သုံးရမလဲဆရာ။

လက်ကိုင် ညီညာဖြောင့်ဖြူးတဲ့ သွားပွတ်တံနဲ့ မပျော့လွန်း၊ မမာလွန်းတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို သုံးရပါမယ်။ ဝက်မှင်ဘီးရဲ့ မျက်နှာပြင်က ညီညာနေရပါမယ်။ အချိုင့်နဲ့ အချွန်အတက်ပါတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို မသုံးရပါဘူး။

ဘယ်လို သွားတိုက်ဆေးမျိုး သုံးသင့်ပါသလဲ ဆရာ။

ရှေးယခင်က သာမန်သွားတိုက်ဆေးကို သုံးခဲ့ကြပါတယ်။ အခုအခါမှာတော့ ဆေးသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို အသုံးများကြပါတယ်။ ဖလိုရိုက်က သွားပိုးစားရောဂါကို အဓိက ကာကွယ်ပေးပါတယ်။ ဖလိုရိုက်ဓာတ်နည်းပါးရင် သွားပိုးစားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သောက်ရေမှာ ဖလိုရိုက်အများကြီး ပါရင်တော့ သွားရဲ့ မျက်နှာပြင်ကို ပြောင်းလဲစေတဲ့ရောဂါ (Fluorosis) ဖြစ်စေနိုင်ပါတယ်။

သွားပွတ်တံကို ဘယ်နှလတစ်ကြိမ် လဲလှယ်အသုံးပြုရမလဲ ဆရာ။

အကြမ်းဖျင်းအားဖြင့် သွားပွတ်တံကို သုံးလတစ်ကြိမ် လဲလှယ် အသုံးပြုနိုင်ပါတယ်။ အတိအကျတော့ မဟုတ်ပါဘူး။ သွားပွတ်တံ ဝက်မှင်ဘီးက ဖွာလန်ကြဲပြီး နောက်ကို လန်လာရင် လဲရပါမယ်။ သွားပွတ်တံက ကျိုးပဲ့ပြီး ပျက်စီးသွားရင်လဲရပါမယ်။

Ref: By Good Health

http://on.fb.me/UWRK0Q

အေးချမ်းမွန်မှ laminmaung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။