Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 30, 2014

ကလေးငယ်တွေကို အင်္ဂလိပ်စာ နဲ့ ဂီတပညာ တွေ သင်ကြားပေးနေတဲ့ ချစ်စမ်းမောင် ရဲ့ သမီးငယ်လေး


သန်လျင်မြို့၊ ထမလုံ၊ လက် ယက်စမ်း ကျေးရွာရှိ အဂ္ဂပေမေတ္တာ လူငယ် ဖွံ့ဖြိုးရေးဂေဟာ က Iron CROSS တီးဝိုင်းရဲ့ ဂစ်တာသမား ချစ် စမ်းမောင် တို့ ဇနီးမောင်နှံ က ဦးစီး ဦးဆောင်ပြုကာ ထောက်ပံ့ လှူဒါန်းနေတဲ့ ဂေဟာ တစ်ခု ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုး ကလေးငယ် ၁၄ဝ ဦးခန့် ကို စောင့်ရှောက်ပေးနေ တဲ့ ဒီကျောင်းမှာ ဂစ်တာသမား ချစ်စမ်း မောင်ရဲ့ သမီးအငယ်ဆုံး ငယ်လေးကလည်း အသက် ၁၅နှစ်သာ ရှိသေးပေမယ့် ကလေးငယ်တွေ ကို အင်္ဂလိပ်စာ သင်ပေး သလို၊ ဂီတနဲ့ ပတ်သက်ပြီးလည်း တတ်နိုင်သလောက် သင်ကြား ပေးနေကြောင်း သိရပါတယ်။

ကမ္ဘာ့အဆင့်မမီ၊ မြန်မာ့အဆင့်တီထွင်ပေးမည်ဆိုလျှင်


ကမ္ဘာ့အဆင့်မမီ၊ မြန်မာ့အဆင့်တီထွင်ပေးမည်ဆိုလျှင်
===================================

ဒီနေ့ သတင်းစာတစ်စောင်ထဲမှာ ကာတွန်းလေးတစ်ကွက် တွေ့လိုက်ရတယ်။ အဲဒီကာတွန်းမှာ အတွဲတွေ ပန်းခြံထဲမှာ သိပ်မတွေ့ရတော့ဘူးလို့ တစ်ယောက်ကပြောတော့၊ နောက်တစ်ယောက်က ဘယ်တွေ့ရတော့မလဲ ရထားတွေ၊ ကားတွေ ပေါ်ရောက်ကုန်ကြတာကိုးဆိုတဲ့တစ်ကွက်ကာတွန်းဟာ လှောင်စရာဆိုပေမယ့် စိတ်ထိခိုက်စရာလို့ ကျွန်တော်က မြင်ပါတယ်။ ဟုတ်ပါတယ် မြန်မာ ကောင်လေးတွေ၊ ကောင်မလေးတွေ အနာဂတ်မဲ့စွာနဲ့ ခေတ်ကိုသရုပ်ဖော်နေကြတာ ကားတွေပေါ် ရထားတွေပေါ်မှာ အများကြီးတွေ့နေရပါတယ်။

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ မြှုပ်ကွက်များ (ဇာတ်သိမ်း)


Kyaw Swar Myint added 2 new photos — with Ko Nyo and 18 others.

ယနေ.ထုတ် Tomorrow သတင်းဂျာနယ်မှ မျက်နှာဖုံးသတင်းဆောင်းပါး
============================================
ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ မြှုပ်ကွက်များ (ဇာတ်သိမ်း)
============================================
စိမ်းလဲ့ကန်သာ လူသတ်မှု ဖြစ်ပွားသည့်နေ့တွင် အမှုအမှန်ကို ဖော်ထုတ် စစ်ဆေး
ရမည့် အနောက်ပိုင်း ခရိုင် အထူးရဲတပ်ဖွဲ့ (ဒုစရိုက်မှု နှိမ်နှင်းရေးအဖွဲ့) နှင့် ရဲမှုခင်း
တပ်ဖွဲ့ (CID)မှာ နောက်ဆုံးမှ သိရှိပြီး ရောက်ရှိခဲ့သည်။ ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်
တွင် စစ်ဒေသနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် အကြမ်းဖက် နှိမ်နှင်းရေး တပ်ဖွဲ့တို့၏
ခြေရာလက်ရာများဖြင့် ရှုတ်ယှက်ခတ်နေသည့် အတွက် တရားခံများ၏ သဲလွန်စနှင့် လက်စလက်နများကို ရှာဖွေရန် အလွန်ခက်ခဲနေပြီ ဖြစ်ကြောင်း အဆိုပါ အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောပြသည်။

သူခိုး ဓားပြနဲ့စတင်ဖွဲ့စည်းခဲ့တဲ့ သြစတြေးလျ နိုင်ငံ ဘာကြောင့်ဒီလောက်အောင်မြင်သလဲ။

သူခိုး ဓားပြနဲ့စတင်ဖွဲ့စည်းခဲ့တဲ့ သြစတြေးလျ နိုင်ငံ ဘာကြောင့်ဒီလောက်အောင်မြင်သလဲ။
သြစတြေးလျက အင်္ဂလန်နိုင်ငံကနေလာပို့ထားတဲ့ သူခိုး ဓားပြ ထောင်ကျခံနေရသူတွေ အားလုံးပေါင်း တစ်သိန်း ခြောက်သောင်းလောက်ရှိတယ်၊ ဒီလူတွေနဲ့တည်ထောင်ခဲ့တဲ့နိုင်ငံဘာကြောင့် ဒီလောက်အောင်မြင်သလဲ။
ကောင်းမွန်တဲ့စနစ်ကြောင့်ပါ ။

စက်မှုနိုင်ငံပြောင်းလဲဖို့ လျှပ်စစ်က မရှိမဖြစ်တဲ့အခြေခံ ဖြစ်နေတယ်။


စက်မှုနိုင်ငံပြောင်းလဲဖို့ လျှပ်စစ်က မရှိမဖြစ်တဲ့အခြေခံ ဖြစ်နေတယ်။

စက်မှုဖွံဖြိုးရေး အတွက် လျှပ်စစ်စွမ်းအင်ကဏ္ဍဘယ်လောက်အေ၇းပါသလဲဆိုတာ အထူးပြောစရာမလိုပါဘူး။ စက်မောင်းဖို့အတွက် အခုခေတ်မှာ အဓိကသုံးတာက လျှပ်စစ်ပါ။ ကျောက်မီးသွေးနဲ့ဒီဇယ်က တိုက်ရိုက်သိပ်မသုံးတော့ဘူး။ ဒီဇယ်အများဆုံးသုံးနေတဲ့ကားတောင် ဓာတ်ငွေ့ နဲ့ လျှပ်စစ် အစားထိုးသုံးဖို့ အချို့နိုင်ငံတွေမှာစီးပွားဖြစ်လုပ်နိုင်နေပြီ။ ဒီလိုအကြောင်းအရာတွေက စာအုပ်တွေ အင်တာနက်တွေမှာ အများကြီးပါ။ ဒီမှာအဓိကဆွေးနွေးမယ့်ကိစ္စကကျွန်တော်တို့နိုင်ငံအနေနဲ့ လျှပ်စစ်သာလုံလောက်ခဲ့ရင် ဘာတွေအကျိုးရှိလာမလဲဆိုတာပါ။ စဉ်းစားမိသလောက် ဆွေးနွေးသွားပါမယ်။ 

ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ


မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောလိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။ 

အကြောင်းကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ကို တော်တော်များများ ဖြေရှင်းပြီးဖြစ်တဲ့အပြင် မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်လာပြီဖြစ် တာကြောင့် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီတို့ မှာ မြန်မာကိစ္စ ခေါင်းစဉ်တခုအနေနဲ့ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးလို့ ဦးဝဏ္ဏမောင်လွင် က ပြောဆိုသွားခဲ့တာပါ။ 

ဦးလှဆွေရဲ့ ဆီဒိုနားဟိုတယ် သွား တောလား


လွှတ်တော်အမတ် ဦးလှဆွေ (ဓာတ်ပုံ – ဦးလှဆွေ/ )

လွှတ်တော် မင်းသားကြီး အမတ်မင်း ဦးလှဆွေရဲ့ ဆီဒိုနား ဟိုတယ်ကို ပထမဆုံး တက်ရောက်ခဲ့ဖူးတဲ့ အတွေ့အကြုံလေးပါ။ ပြောရရင် ဆီဒိုနား သွား တောလားပေါ့။

အပတ်စဉ် မရိုးရအောင် အတိတ်က အတွေ့အကြုံတွေနဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်တာတွေကို ရဲရဲတင်း တင်း ဖေ့စ်ဘုတ်စာမျက်နှာကနေ ပုံမှန်လို ရေးပြတတ်တဲ့ ဦးလှဆွေရဲ့ အရေးအသားနဲ့ တင်ပြမှုလေး ကို ဧရာဝတီပရိသတ်လည်း ခံစားနိုင်ဖို့ ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

ကြာတော့ ကြာပါပြီ - - - - 

Monday, September 29, 2014

လယ်ယာမြေသိမ်းကိစ္စ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ ပြည်ခိုင်ဖြိုးအမတ်မင်း


၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ထွက်လာသည့် ပြည်ထောင်စုလွှတ်တော်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်နာမည်အပြည့်အစုံက လယ်မြေ၊ ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုအပေါ် တောင်သူ များမနစ်နာရေး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်ပြီး ထိုအဖွဲ့ထဲတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇ဝ ပါဝင်သည်။

ထောင်ကထွက်လို့ သုံးနှစ်အကြာ .....................................


Kyaw Swar Myint added 3 new photos — with Ko Nyo and 13 others.

“နိုင်ငံရေး ပွဲကြမ်းခဲ့တဲ့ကာလ တုန်းက သွားခေါ်တာတောင် မောင်းထုတ်ခဲ့သူတွေက အခုချိန်ခါမှာ လက်သီးလက်မောင်းတွေတန်းပြ၊ Facebook စာမျက်နှာမှာ ထောင်း
လမောင်းထအောင် ကြိမ်းမောင်းခြိမ်းခြောက်ကြ ၊ စာပေဟောပြောပွဲ စင်မြင့်တွေ
ပေါ်ကနေ ဟိုလိုလုပ် ၊ဒီလိုလုပ် ငါပြောသလို မလုပ်တဲ့ကောင် သောက်ခြောက် ဆိုပြီး
ဆဲရေးကြ၊ ဂျာနယ်စာမျက်နှာတွေပေါ်ကနေ နဲနဲမှားတာနဲ့ တွယ်ကြ ” ဆိုတာတွေ
ဆက်တိုက်ဆိုသလို ဖတ်ရ ၊ မြင်ရတဲ့အခါ ရေးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး ချရေး
လိုက်ရပါတော့တယ်။
တကယ်လို့များ နောက်တစ်ချိန် နိုင်ငံရေးမုန်တိုင်းကြီး ရိုင်းစိုင်းခက်ထန်ခဲ့ဦးမယ်
ဆိုရင် “အဲ့ဒီလူတွေနဲ့ ထောင်ဘူးဝမှာ ဆုံခွင့်ရချင်ပါသေးတယ်ဆိုတဲ့ ကိုဇာဂနာရဲ.
ထောင်ကထွက်လို့ သုံးနှစ်အကြာ .......................................
==========================================

.........ပြောပြချင်ပါတယ် (၁၈)


.........ပြောပြချင်ပါတယ် (၁၈)

Written by : သန်းထွဋ်အောင်

၂၇.၉.၂၀၁၄ နေ့မှအဆက်

( ၅ )

......... ပြောပြချင်ပါတယ် (၁၇) ကို နောက်ဆုံးရေးဖြစ်တာ ၂ဝ၁၃ နိုဝင်ဘာလတုန်းကပါ။ အဲဒီတုန်းက နောက်တစ်ပတ်မှာ တိုင်းပြည်ကို ချောက်ထဲဆွဲချနေတဲ့ တတိယအင်အားစုလို့ ကိုယ့် ကိုယ်ကိုယ်အမည်တပ်ပြီး မြန်မာနိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာလောကမှာ ခြေရှုပ်နေတဲ့ နိုင်ငံရေးအကျိုးဆောင်ယောင်ယောင် ယောင်တော်ပြန်အခွင့်အရေးသမားတွေ ခြေရှုပ်လာတဲ့အကြောင်း ရေးရပါဦးမယ်လို့ ရေးထားပါတယ်။

တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးနိုင်ကြပါစေရှင် ချို ( ချင်း) တို့၏ ရိုးရာ အက စာအုပ်မှ ကိုးကားရေးသားထားပါသည်.....


ရိုးရာ ယဉ်ကျေးမှုသည် အမျိုးသားဆက်လက် ရပ်တည်ရှင်သန်ရေး၊ အမျိုးသားဂုဏ်အင် လက္ခဏာ မပပျောက် အောင် ထိန်းသိမ်းရေး အတွက် မရှိမဖြစ်လိုအပ်သည်။
ယနေ့ ချင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများစွာအနက် အမျိုးသားရေးမှတ်ကျောက်တင်သည့်ယဉ်ကျေးမှုများ ရှိသလို နဂို ရှိရင်းစွဲ ယဉ်ကျေးမှုကိုတိုင်းတပါး၊ လူမျိုးခြားယဉ်ကျေးမှုများဖြင့် ရောနှောပြီးအရောင်တင်ချဲ့ကား သော ဖက်စပ် ယဉ်ကျေး မှုများ လည်းရှိနေသည်၊ ဥပမာ ယနေ့ချင်းရိုးရာ ၀တ်စားဆင်ယင်မှု တချို့သည် ရှေးရိုးရာနဂိုရှိရင်းစွဲ ၀တ်စားဆင်ယင်မှုကို စတိုင်အမျိုးမျိုး၊ အဆင်အကွက် အမျိုးမျိုးဖြင့်ဖန်တီးထာသည်ကို တွေ့ရမည်ဖြစ်သည်၊ ၄င်းကို ရိုးရာအဝတ်အစားဟု သတ်မှတ်ရန်အလွန်ခက်ခဲသလို ခေတ်သစ် ချင်းရိုးရာ ၀တ်စားဆင်ယင်မှုဟု လည်း မဆိုအပ်ရာ။

ညည ချောင်းဆိုးရင်


ညည ချောင်းဆိုးရင်
===========
(၁) မအိပ်ခင် ရေနွေးကြမ်း ပူပူလေးထဲ ပျားရည် ထည့်သောက်ပါ ။ ပျားရည်ကတော့ အရောင်အရမ်း လျော့ကျစေကာ ချွဲသလိပ်တွေ ကြေ စေပါတယ်။ ဘာမှမရှိရင်တောင် ရေနွေး ပူပူလေးထဲကို ဆားခတ်ပြီး ပလုတ် ကျင်းပေးပါက အရောင်အရမ်းကျစေလို့ အသက်ရှူ လမ်းတစ်လျှောက် ချွဲတွေ ဖြိုခွဲပစ် နိုင်ပါတယ်။ ပူဒီနာရွက် သို့မဟုတ် ပင်စိမ်းရွက်ကို ဝါးစားနိုင် ပါက ပိုပြီးအိပ်ပျော်စေနိုင်တဲ့ သတ္တိရှိလို့ အိပ်ရေး မပျက် စေနိုင်ပါ။ ချောင်းဆိုးလည်း သက်သာ၊ အိပ်လို့လည်း ကောင်းစေ ပါတယ်။

မကျရှုံးဖူးလျှင်...သင်ဟာဘယ်တော့မှ အောင်မြင်သူ တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး


မိုက်ကယ်ဂျော်ဒန် (Michael Jordan)
ကမ္ဘာကျော် ဘတ်စကတ်ဘောကစားသမားကြီးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ဟာသူ့ရဲ့ အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းကနေ အပယ်ခံရပြီးတဲ့နောက်မှာ အခန်းတံခါးပိတ်ပြီးတစ်ယောက်ထဲ ငိုကြွေးခဲ့ရဖူးပါတယ်။

စတိဗ်ဂျော့ (Steve Jobs)
ကမ္ဘာကျော် Apple ကုမ္ပဏီကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ စတိဗ်ဂျော့ဟာအသက် ၃၀ အရွယ်မှာ သူစတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ သူ့ကိုဖယ်ရှားခံလိုက်ရတဲ့အတွက် ဝမ်းနည်းအားငယ်ပြီးယူကျုံးမခံစားခဲ့ရဖူးပါတယ်။

ဘာဖြစ်လို့ တရုတ်အကျိုးစီးပွားထိရင် နည်းနည်းမှ သည်းညည်းမခံတာလဲ


Kyaw Swar Myint added 2 new photos.

ဘာဖြစ်လို့ တရုတ်အကျိုးစီးပွားထိရင် နည်းနည်းမှ သည်းညည်းမခံတာလဲ
==============================================
(၁)
စက်တင်ဘာ ဒုတိယပတ်အတွင်းမှာပဲ မန္တလေးတိုင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြူနှင်းထွေးကို ဖမ်းဆီးလိုက်ပြီး ရုံးတင်စစ်ဆေးခဲ့ပါတယ်။ မဖြူနှင်းထွေးကို ဖမ်းဆီးတရားစွဲဆိုရတဲ့ အကြောင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရုတ်အလုပ်သမားနှစ်ဦး ဖမ်းဆီးရာမှာ ပါဝင်ပတ်သက်တာကြောင့်လို့ ဆိုပါတယ်။
မေလမှာဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ မဖြူနှင်းထွေး ပါဝင်ပတ်သက်မှုရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်တစ်ခုလုံးကို ကြိုးကိုင်စီစဉ်ခဲ့သူတော့ မဟုတ်ဘူးလို့ ဒေသခံတွေက
ပြောပါတယ်။

ဘ၀ရှင်သန်မှု လျှို့ဝှက်ချက်များ ဖွင့်ဟခြင်း (အင်တာဗျူး)


ဘ၀ရှင်သန်မှု လျှို့ဝှက်ချက်များ ဖွင့်ဟခြင်း (အင်တာဗျူး)
 25 Sep, 2014
 
ဂျင်းနီဟာ အသက်ငါးဆယ်ကျော် အရွယ်ရှိပြီး အစဉ်အမြဲ ပြုံးနေတတ်တာကြောင့် တကယ့်ကို နှစ်လိုဖွယ် ကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ လက်ရှိအသက်အရွယ်ထက် ပိုပြီးငယ်ရွယ်နုပျိုနေတယ်လို့ ထင်ရပါတယ်။ ဂျင်းနီဟာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်တဲ့မြန်မာလူမျိုးတစ်ဦး ဖြစ်ပါတယ်။ လူတစ်ဦးတည်းကနေ လုံးဝကွဲပြားခြားနားပြီး ဆက်စပ်မှုမရှိတဲ့ အလုပ်နှစ်မျိုးကို တွဲဖက်လုပ်ကိုင်နေတယ်ဆိုတာကတော့ ယုံကြည်ဖို့ ခဲယဉ်းပါတယ်။ သူဟာ တနလာင်္နေ့ကနေသောကြာနေ့အထိ အိမ်အကူအလုပ်ကို လုပ်ကိုင်ပြီး စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ ပန်းချီရေးဆွဲခြင်းနဲ့ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါတယ်။

ကျမတော်တော်ညံ့ခဲ့ပါတယ် (ဂျူး)

ကျမတော်တော်ညံ့ခဲ့ပါတယ် (ဂျူး)
=======================
ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေ၀ါသနာရှင်များ၊ ကျောင်းသူကျောင်းသားများကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (သြဘာသံများ)
ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က 'ကျမ တော်တော်ညံ့ခဲ့ပါတယ်' ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့သြချင် အံ့သြမိမယ်။ စိတ်ပျက် လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျမဟာ ဘ၀မှာ တခါမှ မတော်ခဲ့ဘူးသေးပါဘူး။ (အော်ဟစ်သံများ)

မြန်မာနိုင်ပြီသီချင်း ဖွင့်မယ်ဆိုရင် . . .

မြန်မာနိုင်ပြီသီချင်း ဖွင့်မယ်ဆိုရင် . . .
(Written By: ကျော်ဇောလင်း)
(၁)
စနေနေ့ဆိုတော့ မိသားစုဟိုဒီသွားဖို့ ကားလေးနဲ့ ထွက်ခဲ့တယ်။ ဒါပေမဲ့ ရွှေဂုံတိုင်မီးပွိုင့်ရောက်တဲ့ အချိန်မှာပဲ စိတ်ညစ်စရာ၊ စိတ်ကသိကအောက် ဖြစ်စရာတွေနဲ့ တိုးတော့တာပဲ။ မီးပွိုင့်မှာ ယာဉ်ထိန်းရဲက ပျာပျာသလဲနဲ့ ဘယ်လိုအကောင်ကြီးကြီး လာသလဲတော့ မသိ။ အလုပ်ရှုပ်နေတယ်။ ကားတွေလည်း လေးဘက်လေးတန် တန်းစီပြီး ပိတ်ကုန်ရော၊ ယာဉ်ထိန်းရဲပုံစံက ရေးကြီးသုတ်ပျာနဲ့ လမ်းတွေကိုပိတ်ပြီး အကွေ့ယာဉ်ကြောဘက် အကြာကြီးစောင့် လမ်းရှင်းပေးနေတော့ အရေးကြီးတဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုး သွားမှာမို့လည်းလို့ စိတ်ဝင်စားပြီး ကြည့်မိလိုက်တယ်။

Sunday, September 28, 2014

အခကြေးငွေယူ လူမိုက်အဖွဲ့ ခေါင်းဆောင် တစ်ဦးနှင့် တွေ့ဆုံခြင်း


ဂျပန်မှာ ယာကူဇာ ၊ မြန်မာမှာ ........................

ဥပဒေကို ကိုယ်တိုင်ရေးဆွဲ နေခြင်းလား
အခကြေးငွေယူ လူမိုက်အဖွဲ့ ခေါင်းဆောင် တစ်ဦးနှင့် တွေ့ဆုံခြင်း
==============================================
ကြေးစား လူသတ်တယ်တို့၊ ကြေးစား လုပ်တယ်တို့၊ ကြေးစား အကြွေး တောင်းတယ်
တို့က ဘယ်လို မျိုးလဲ။

ကြေးစားတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အဖွဲ့ရှိတယ်။ အဲဒီ အဖွဲ့နဲ့ အတိုးနဲ့ ပိုက်ဆံ ချေးထားလို့ တရားဥပဒေ ဘောင်ထဲ မ၀င်ရင် ကျွန်တော် တို့က ရမယ့် ပိုက်ဆံ
ရဲ့ သုံးပုံတစ်ပုံကို ယူမယ် ပြောပြီး ကိုယ်စား ရအောင် တောင်းပေးမှ ရမယ့် သဘော
ပေါ့။ ကြားခံ ကိုယ်စားလှယ်ပါ။

Saturday, September 27, 2014

အချစ်ဆုံးကို နားလည်ပါ


အချစ်ဆုံးကို နားလည်ပါ
_________________

ခင်ပွန်း

တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့တူတတ်တယ်။
ရုံးဝတ်စုံကိုချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ်သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွှတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့သူ့ခန္ဓာအောက်က အသည်းနှလုံးတစ်စုံဟာ ကိုယ့်ဆီက ခွင့်လွှတ်နားလည်မှုနည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

အင်္ဂလိပ်လို ပြုံးတယ်


အင်္ဂလိပ်လို ပြုံးတယ်
Written by - မောင်တင်ဦး (မြောင်းမြ)
ဂျာမနီရောက် အင်္ဂလန်သူ
အင်္ဂလန်နိုင်ငံသူ ဂျင်းနီတစ်ယောက် ကျောင်းနေရမယ့်အရွယ် ရောက်လာပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်ထဲမှာပဲ အဖေက ဂျာမနီနိုင်ငံကို သံရုံးအမှုထမ်းအနေနဲ့ ပြောင်းရွှေ့ဖို့ အမိန့်ကျလာတယ်။ ဝန်ထမ်းဆိုတာ ကမ်းနားသစ်ပင် ဖြစ်လေတော့ ပြောင်းဆို ပြောင်းရုံပေါ့။ ရာထူးလည်း တိုးလာတာကိုး။ ဒီလိုနဲ့ ဂျင်းနီတစ်ယောက် သူ့မိသားစုနဲ့အတူ ဂျာမနီနိုင်ငံကို ရောက်လာတယ်။ ရောက်လို့မှ တစ်လမပြည့်သေးဘူး၊ ဂျာမနီနိုင်ငံမှ မူကြိုကျောင်းတစ်ကျောင်းကို ကျောင်းစတက်ရတယ်။ သူတို့နိုင်ငံမှာ မူကြိုကျောင်း ဆိုတာကNursery ဆိုတဲ့အတိုင်း ပြုစုရုံ၊ ပျိုးထောင်ရုံ၊ စောင့်ရှောက်ရုံဖြစ်ပြီး စာကိုအတင်းအဓမ္မ (မတတ်ရကောင်းလားဆိုတဲ့ စိတ်လောဘနဲ့) သင်မပေးသေးပါဘူး။ မူကြိုကျောင်းမှာ သီချင်းဆိုမယ်၊ ကမယ်၊ ကစားမယ်၊ စကားပြောမယ်၊ အိပ်မယ်၊ စားမယ်၊ ပြေးလွှားခုန်ပေါက် လွတ်လွတ်လပ်လပ်နေမယ်၊ သဘာဝကို ကလေးနဲ့ လက်ပွန်းတတီး ထိတွေ့စေရမယ်။

“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ အမျိုးသမီး မပါလို့မရဘူး”


WON မှ ညှိနှိုင်းရေးတာဝန်ခံ ဒေါ်မာမာချို (ဓာတ်ပုံ – နန်းဆိုင်နွမ်/ ဧရာဝတီ)
အမျိုးသမီး နှင့် ငြိမ်းချမ်းရေး၊ အမျိုးသမီးနှင့် တန်းတူညီမျှရေး၊ အမျိုးသမီးနှင့် တရားမျှတရေး၊ အမျိုးသမီး ခေါင်းဆောင်မှု သင်တန်းများဖွင့်လှစ် ဆောင်ရွက်နေသည့် အမျိုးသမီးများ ကွန်ရက်(မြန်မာ) Women’s Organizations Network of Myanmar (WON) မှ ညှိနှိုင်းရေး တာဝန်ခံ ဒေါ်မာမာချိုကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းထားသည်။ ဒေါ်မာမာချိုသည် ၁၉၉၇ ခုနှစ်မှ စပြီး ကြည့်မြင်တိုင် အရိုးဆေးရုံတွင် သူနာပြု ဆရာမ အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ခုနစ်တွင် World Vision တွင် အမျိုးသမီးနှင့် ကျန်းမာရေး ကဏ္ဍကို တာဝန်ယူခဲ့သူ ဖြစ်ကာ ၂၀၁၃ ခုနှစ်မှ စတင်၍ အမျိုးသမီးများကွန်ရက် (မြန်မာ) တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။

တစ်ခါတလေ


တစ်ခါတလေ

****************

@ တစ်ခါတလေ .......မိမိမမောသေးပေမယ့် ၊
သူ့ကို အကြောပေးလိုက်ရတွေရှိတယ် ။

@ တစ်ခါတလေ ......မိမိဘက်က မှန်နေပေမယ့် ၊
သူ့ကို ဝန်ခံခဲ့ရတာတွေရှိတယ် ။

@ တစ်ခါတလေ ......မိမိမှာ အကျိုးအကြောင်းတွေရှိနေပေမယ့် ၊
သူ့ကို အဆိုးအကောင်းခွဲပြလို့ မရတာတွေရှိတယ် ။

ကမ္ဘောဒီးယားစတိုင် ငါးခူသီးရွက်စုံ ဆန်လှော်ဟင်း


ကမ္ဘောဒီးယားစတိုင် ငါးခူသီးရွက်စုံ ဆန်လှော်ဟင်း
ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။

Kurt Cobain ရဲ့  နောက်ဆုံး နာကျင်ခြင်းတွေ


Kurt Cobain ရဲ့  နောက်ဆုံး နာကျင်ခြင်းတွေ
=========================

၁၉၉၄ ခုနှစ်၊ ၁ လပိုင်း ၃၀ ရက် တခုသော တနင်္ဂနွေမှာ ကာဒ့်ဟာ ဆီယက်တဲလ်မြို့ မြောက်ပိုင်းမှာရှိတဲ့ Robert Lang စတူဒီယိုကို 
သီချင်းသွင်းဖို့ရောက်လာခဲ့တယ်။ အဲဒီအချိန်တွေဟာ Nirvana နဲ့ ကာဒ့်တို့ရဲ့ နောက်ဆုံးကာလတွေဖြစ်သွားခဲ့မယ်ဆိုတာ ဘယ်သူကြို သိနိုင်မလဲ။ Krist နဲ့ Dave တို့ဟာ အဲ့ဒီ စတူဒီယိုမှာ ၂ ရက်တိုင်အောင် ဒေ့ဗ်သီချင်းအချို့ ကို စမ်းတီးကျရင်း ကာဒ့်ကို စောင့်နေပေမယ့်လည်း ပေါ်မလာခဲ့ပါဘူး။ ၃ ရက်မြောက်တဲ့ နေ့ကျမှ ကာဒ့်ရောက်လာပြီးတော့ ဘာမှအထွေအထူး ပြောမနေတော့ပဲ ခုသီချင်းလေးကို စသွင်းခဲ့ကျတယ်။