Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 30, 2014

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ မြှုပ်ကွက်များ (ဇာတ်သိမ်း)


Kyaw Swar Myint added 2 new photos — with Ko Nyo and 18 others.

ယနေ.ထုတ် Tomorrow သတင်းဂျာနယ်မှ မျက်နှာဖုံးသတင်းဆောင်းပါး
============================================
ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ မြှုပ်ကွက်များ (ဇာတ်သိမ်း)
============================================
စိမ်းလဲ့ကန်သာ လူသတ်မှု ဖြစ်ပွားသည့်နေ့တွင် အမှုအမှန်ကို ဖော်ထုတ် စစ်ဆေး
ရမည့် အနောက်ပိုင်း ခရိုင် အထူးရဲတပ်ဖွဲ့ (ဒုစရိုက်မှု နှိမ်နှင်းရေးအဖွဲ့) နှင့် ရဲမှုခင်း
တပ်ဖွဲ့ (CID)မှာ နောက်ဆုံးမှ သိရှိပြီး ရောက်ရှိခဲ့သည်။ ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်
တွင် စစ်ဒေသနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် အကြမ်းဖက် နှိမ်နှင်းရေး တပ်ဖွဲ့တို့၏
ခြေရာလက်ရာများဖြင့် ရှုတ်ယှက်ခတ်နေသည့် အတွက် တရားခံများ၏ သဲလွန်စနှင့် လက်စလက်နများကို ရှာဖွေရန် အလွန်ခက်ခဲနေပြီ ဖြစ်ကြောင်း အဆိုပါ အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောပြသည်။

သူ၏အဆိုအရ အထက် အဆင့်မြင့် ဌာနများမှ ထိုအမှုကို ပေါ်ပေါက်စေလိုသည့်
လက္ခဏာ မရှိသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။ ထို့အပြင် အမှုမပြီးပြတ်သေး
မီ အဆိုပါ မြေနှင့်အိမ်ကို တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းနှစ်သောင်းဖြင့် ရောင်းချ
ခဲ့ခြင်းကလည်း မလုပ်သင့် မလုပ်ထိုက်သော ကိစ္စဟု အဆိုပါ အရာရှိက ပြောသည်။
ထို့အပြင် ထူးဆန်းသည့် အချက်မှာ ထိုမြေနှင့် အိမ်ကို အခြားသူ အမည်ခံပြီး အမှန်
ဝယ်သွားသည့်သူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်ဖက်လက်ထောက် ဗိုလ်ချုပ်၏ ဇနီး ဖြစ်နေပြန်သည်။
ထိုမြေနေရာကို အလောတကြီး ၀ယ်လိုက်ခြင်းမှာ မြေအောက်တွင် မြှုပ်နှံထားသော
တန်ဖိုးကြီး ရတနာ ပစ္စည်းများ ရှိနေသည်ကို သိထားပြီး ရှာဖွေလိုသောကြောင့်ဟု ထိပ်သီး မြေပွဲစားများက စွပ်စွဲပြောဆိုခဲ့ကြသည်။
လူသတ်သမားများသည် သိန်းထောင်ချီတန်သော စိန်များနှင့် အခြား ကျောက်မျက်များ
ကို ယူမသွားသည်ကလည်း သာမန် လုယက်မှု၊ သာမန်ဓါးပြမှု မဟုတ်ဘဲ သူတို့
လိုချင်သော တန်ဖိုး အနဂ္ဂ ထိုက်တန်သည့် ပစ္စည်းအနည်းငယ်ကိုသာ ရွေးချယ်
ယူသွားသည်ကို ကောက်ချက်ချနိုင်သည်။ ထို့အပြင် အိမ်ရှင်ဦးချာလီ၏ ပိုင်ဆိုင်မှုနှင့် ပစ္စည်းများ ရောင်းဝယ်ငှားရမ်းသည့် မှတ်တမ်း ကွန်ပျူတာကို ယူဆောင်သွားခြင်း
ကလည်း မည်သည့် ပစ္စည်းကို မည်သူက ငှားထားသည်၊ မည်သူက မည်သည့် ပစ္စည်းကို ပြန်ပေးရန် ကျန်နေသေးသည်၊ ဦးချာလီ မိသားစုတွင် မည်မျှ တန်ဖိုး
ထိုက်တန်သည့် ပစ္စည်းများကို ဆွေစဉ် မျိုးဆက်ပိုင်ဆိုင်ထားသည်ကို လက်စ
ဖျောက်လိုသဖြင့် ကွန်ပျူတာကို ယူသွားခြင်း ဖြစ်သည်။
ဦးချာလီ၏ ယောက္ခမဖြစ်သူ သူဌေးကြီး မိုးကုတ် ဦးမြမောင်သည် ငွေကိုရေလို
သုံးနိုင်သည်ဟု မီဒီယာလောကတွင် ထိုခေတ်ထိုအချိန်ကပင် ထင်ရှားသူ ဖြစ်သည်။
ထို့ကြောင့် အဆိုပါ မိသားစုပိုင်ဆိုင်သည့် ပစ္စည်းများမှာ မည်မျှတန်ဖိုးရှိမည်ကို
တွေးတောကြည့်က သိနိုင်မည်ဖြစ်သည်။ အမှုမပြီးမီ အစိုးရက ဦးဆောင်ပြီး နှစ်ဖက်
ဆွေမျိုးများကို အမွေခွဲပေးလိုက်သဖြင့် မည်သည့် ဆွေမျိုးကမှ အမှုပေါ်ရန် စိတ်ဝင်
စားခြင်း မရှိတော့သည်ကလည်း စနစ်တကျ ရေးဆွဲထားသော ဇာတ်ညွှန်းတစ်ခု
လို ဖြစ်နေသည်။
ထိုအချက်များကို စုစည်းလိုက်ပါက လူသတ်မှုကို ကြံစည်သူများသည် မည်သူများ
ဖြစ်နေသည်ကို ညွှန်ပြနေသော်လည်း ဖော်ထုတ်ရန် တာဝန်ရှိသည့် ရဲတပ်ဖွဲ့သည် ထိုစဉ်က ဖော်ထုတ်နိုင်သည့် သြဇာအာဏာ မရှိခဲ့ပေ။ ထို့အပြင် နှစ်ပေါင်းများစွာ
စနစ်တကျ တည်ထောင်ပြီး အခြေကျနေသော စစ်ထောက်လှမ်းရေး တပ်ဖွဲ့နှင့် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့မှာလည်း အာဏာရှင်များက ၂၀၀၅ခုနှစ်တွင် ဖျက်သိမ်းထားပြီး ဖြစ်သဖြင့် နိုင်ငံ၏ ထောက်လှမ်းရေး ကွန်ရက်မှာ ပြည်တွင်း
တွင်ရော ပြည်ပတွင်ပါ ကျိုးပေါက်နေချိန် ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေ
တွင် ပုဇွန်တောင် ကုန်သွယ်မှု ဗဟိုဌာနနှင့် မြေနီကုန်း ဒဂုံစင်တာ ဗုံးပေါက်ကွဲမှုများ အပါအ၀င် ဖြစ်ပျက်ခဲ့သမျှ မည်သည့်မှုခင်းကိုမှ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါ။ ၁၉၈၃
ခုနှစ် အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုကို ကြည့်လျှင်လည်း ထိုစဉ်က ဦးနေ၀င်း
အနေဖြင့် စစ်ထောက်လှမ်းရေး အဖွဲ့နှင့် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို
အာဏာသိမ်းရန် ကြံစည်သည်ဟုဆိုကာ ဖြိုခွင်းထားချိန် ဖြစ်နေသည်ကို တွေ့
ရသည်။
ယခု စိမ်းလဲကန်သာ ငါးလောင်းပြိုင် လူသတ်မှုတွင် လက်ဗွေရာတစ်ခုမှ မကျန်ခဲ့
သော်လည်း ၉မမ ပစ္စတို သေနတ် ကျည်ခွံများ ကျန်ခဲ့ပါသည်။ ကျည်ဆန် ဆိုသည်
မှာ ဖင်ပိုင်းတွင် ထုတ်လုပ်သည့် အဖွဲ့အစည်း၏ အမှတ်တံဆိပ်နှင့် ကျည်ဆန်၏
Lot နံပါတ်ပါပြီး ဖြစ်သည်။ ထိုကျည်ခွံကို စစ်ဆေးကြည့်ပါက မည်သည့် နိုင်ငံက
ထုတ်လုပ်ပြီး မည်သည့် အဖွဲ့အစည်းသို့ ထုတ်ပေးထားသည့် ကျည်ဖြစ်ကြောင်း စစ်ဆေးနိုင်သော်လည်း ထိုစဉ်က အဆိုပါ ကျည်ခွံများကို အဘယ်ကြောင့် မစစ်ဆေးခဲ့ကြပါသနည်း။
မိမိနိုင်ငံ တပ်မတော် အရာရှိများကိုလည်း ၉မမပစ္စတို သေနတ်များကို တပ်မတော်
မှ ထုတ်ပေးထားသဖြင့် မိမိဘက်မှ ကျည်များ မဟုတ်ကြောင်းကို ပြည်သူလူထု သံသယကင်းစေရန် စစ်ဆေးထုတ်ပြန် သင့်သော်လည်း ထိုအရေးကြီးသည့်
အပိုင်းကို အဘယ်ကြောင့် မဆောင်ရွက်ခဲ့ကြသနည်း ဆိုသည်မှာလည်း မေးခွန်း
တစ်ခုဖြစ်သည်။
ယခုအခါ ပြင်ဦးလွင်မြို့တွင် နေထိုင်နေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးဟောင်းသည်
လည်း အမှုစစ်ဆေးစဉ် ပြည်ပသို့ တိမ်းရှောင် ထွက်ပြေးခဲ့သည့် တရားခံပြေး ဖြစ်ပြီး ယခု အေးချမ်းစွာ ပြန်လည် နေထိုင်နိုင်ခြင်းမှာလည်း မည်သည့် အပေးအယူဖြင့်
နေထိုင်သည်ကိုလည်း ပြည်သူများ စိတ်ဝင်စားနေကြသည်။
ထို့ကြောင့် စိမ်းလဲ့ကန်သာ လူသတ်မှု နောက်ကွယ်မှ မြှုပ်ကွက်များကို အဆုံးသတ်
ရသော် အမှုမပြီးမီ အမှုနှင့် ပတ်သက်သည့် အိမ်ကို ရောင်းခြင်း၊ အတွင်း ပစ္စည်းများ
ကို အစိုးရက တာဝန်ယူ အမွေခွဲပေးခဲ့ခြင်းများ တွေ့ရပြီး ဤအမှုသည် ရဲတပ်ဖွဲ့က
စစ်ဆေးပြီး မပေါ်သော အမှုမဟုတ်ပဲ မဖော်ပဲထားသော အမှုဖြစ်ကြောင်းနှင့် ထိုသို့ မဖော်ထုတ်နိုင်သည်ကိုလည်း မည်သည့် အထက် အဖွဲ့အစည်းကမှ ဖိအားပေး ဖော်
ထုတ်စေခြင်းမျိုး အရေးယူခြင်းမျိုး မရှိခဲ့သည့်အတွက် ထိုအမှုသည် မည်သူများနှင့်
မည်သို့ ပတ်သက်နိုင်ကြောင်းကို စာဖတ်ပရိသတ် ပြည်သူများ အနေ ဖြင့် သိရှိ
နိုင်ပြီဟု ယူဆပါကြောင်း။
ထို့အပြင် ထိုအမှုနှင့် ပတ်သက်ပြီး သက်ဆိုင်သည့် ကမာရွတ် ရဲစခန်းတွင် ပထမ သတင်းပေးတိုင်ချက် FIR အပါအ၀င် မည်သည့် သတင်းအချက်အလက်ကိုမှ ယခု
အချိန်အထိ မေးမြန်း မရသည်ကလည်း ထူးဆန်းလှပါကြောင်း နိုင်ငံသား အားလုံး
အတွက် တင်ပြအပ်ပါ။
Tomorrow သတင်းအဖွဲ့

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။