စက်မှုနိုင်ငံပြောင်းလဲဖို့ လျှပ်စစ်က မရှိမဖြစ်တဲ့အခြေခံ ဖြစ်နေတယ်။
စက်မှုဖွံဖြိုးရေး အတွက် လျှပ်စစ်စွမ်းအင်ကဏ္ဍဘယ်လောက် အေ၇းပါသလဲဆိုတာ အထူးပြောစရာမလိုပါဘူး။ စက်မောင်းဖို့အတွက် အခုခေတ်မှာ အဓိကသုံးတာက လျှပ်စစ်ပါ။ ကျောက်မီးသွေးနဲ့ဒီဇယ်က တိုက်ရိုက်သိပ်မသုံးတော့ဘူး ။ ဒီဇယ်အများဆုံးသုံးနေတဲ့ကား တောင် ဓာတ်ငွေ့ နဲ့ လျှပ်စစ် အစားထိုးသုံးဖို့ အချို့နိုင်ငံတွေမှာစီးပွားဖြစ်လုပ်နိုင်နေပြီ။ ဒီလိုအကြောင်းအရာတွေက စာအုပ်တွေ အင်တာနက်တွေမှာ အများကြီးပါ။ ဒီမှာအဓိကဆွေးနွေးမယ့်ကိစ္စက ကျွန်တော်တို့နိုင်ငံအနေနဲ့  လျှပ်စစ်သာလုံလောက်ခဲ့ရင် ဘာတွေအကျိုးရှိလာမလဲဆိုတာပါ ။ စဉ်းစားမိသလောက် ဆွေးနွေးသွားပါမယ်။
ကျွန်တော်တို့မစဉ်းစားမိတာေ တွကိုလည်း သူငယ်ချင်းတို့ ဖြည့်စွတ်ဆွေးနွေးလို့ရပါတယ်။
လူမှုဘဝမြှင့်တင်ရေးနဲ့တိုက် ရိုက်ချိတ်ဆက်တယ်။ မီးလင်းရေးကိစ္စ ၊ အပန်းဖြေ TV ကြည့်တာ ၊ အစားအစာကိုရက်ရှည်ထိန်းသိမ်းတဲ့ ရေခဲသေတ္တာ ၊ ပူပြင်းတဲ့ရာသီဥတုမှာ Aircon မောင်းဖို့ စသဖြင့် ။
စိုက်ပျိုးရေးမှာ ဆည်ရေရဖို့ ၊ စပါးအချိန်မှီအခြောက်ခံဖို့ (မိုးတွင်းကာလထဲမှာ ရှိသမျှစိုက်ပျိုးထွက်ကုန်က လျှပ်စစ်နဲ့အခြောက်ခံနိုင်ရ င် မပုပ်မသိုးပဲ တန်ဖိုးမြှင့်တင်နိုင်တယ်။ ဥပမာ - ပျဉ်းမနားဒေသကထွက်တဲ့ မျှစ်ဆိုရင် အခြောက်ခံပြီး နိုင်ငံခြားကိုပို့နိုင်မယ် ဆိုရင် ဈေးကွက်လည်း ပိုကြီးပြီး ဈေးနှုန်းလည်း ၂ ဆ ၊ ၃ဆ လောက်ပိုရနိုင်တယ်။
ကျွန်တော်တို့နိုင်ငံမှာ ငွေကြေးယိုပေါက်အကြီးဆုံး(ေ ဒ်ါလာ ၃ ဘီလျံ ခန့်အကုန်ကျခံတင်သွင်းနေတဲ့ ) ဒီဇယ်ကို လျှပ်စစ်သာရှိခဲ့ရင် သဘာဝဓာတ်ငွေ့နဲ့ LNG လုပ်ပြီး အစားထိုးလို့ရတယ်။ တိုင်းပြည်မှာ သံရိုင်းသတ္တုများပြားပြီး လျှပ်စစ်မရှိလို့ အခုလိုအကုန်လုံးတင်သွင်းရတာ လည်း ဘီလျံနဲ့ချီပြီးကုန်နေတာပဲ။ caustic soda စတဲ့ ဓာတုဗေဒပစ္စည်းလည်း အများစုက လျှပ်စစ် မရှိမဖြစ်လိုအပ်တယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ ရးအနေနဲ့ မီးဖိုချောင်သုံးနေတဲ့ထင်း တန်ချိန် သန်းဆယ်ဂဏန်း သက်သာသွားနိုင်တယ်။ ဒီေ၇တော မပျောက်အောင်ကာကွယ်နို်င်တ ယ်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတော့ အများအားဖြင့် သူတို့သာတဲ့အပိုင်းက စက်ပစ္စည်း ။ လျှပ်စစ်မရှိလို့ သူတို့စက်မမောင်းနိုင်ရင် သူတို့ဒီမှာလာမလုပ်နိုင်ဘူး ။ အခုလိုလာလုပ်နေတာကလည်း ခရီးသွားလုပ်ငန်း ၊ ဝန်ဆောင်မှုလုပ်ငန်း နဲ့ သူတို့ဆီကပစ္စည်းကို ဒီဈေးကွက်မှာ လာဖြန့်ချီတဲ့လုပ်ငန်းတွေပဲ ။ ဒါမျိုးက တိုင်းပြည်ထုတ်လုပ်မှုမတိုးပဲ နဲ့ မဖွံဖြိုးလာဘူးဆိုရင် လူထုလက်ထဲမှာ ပိုက်ဆံမရှိဘူးဆိုရင် ရေရှည်မှာလည်း ဒီလုပ်ငန်းတွေက မခံနိုင်ဘူး။
နိုင်ငံတကာအတွေ့အကြုံနဲ့ အကြမ်းဖျင်းပြောရမယ်ဆိုရင် လူတစ်ထောင်ကို အလုပ်ပေးဖို့ လျှပ်စစ်က အနည်းဆုံး ၁ မဂ္ဂါဝပ်ရှိရမယ်။ အခုနိုင်ငံခြားကိုရောက်နေတဲ့ လုပ်သားဦးရေနဲ့ တွက်မယ်ဆိုရင်တောင် မဂ္ဂါဝပ် ၇ ထောင်ကျော်ဖြစ်နေပြီ။ေ၇၇ှည်မှာ လုပ်သား သန်း ၂၀ လောက်ကို အလုပ်ပေးနိုင်ဖို့အတွက် မဂ္ဂါဝပ် ၂ သောင်းလိုနေတယ်။ အခုလက်ရှိရဲ့ ၁၀ ဆ ပေါ့။
ကျွန်တော်တို့နိုင်ငံခြားမှာလေ့လာခဲ့တဲ့ စက်ရုံအချို့ဆိုရင် စက်ရုံတရုံထဲသုံးတဲ့လျှပ်စစ်က ကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးသုံးနေတဲ့ ပမာဏထက်တောင်များနေသေးတယ်။ ဒီမှာ အဲဒီလိုစက်ရုံမျိုးဆောက်သင့် တယ်ဆိုရင် ဘာလျှပ်စစ်နဲ့ သုံးမလဲ။
စက်မှုဖွံဖြိုးရေး အတွက် လျှပ်စစ်စွမ်းအင်ကဏ္ဍဘယ်လောက်
ကျွန်တော်တို့မစဉ်းစားမိတာေ
လူမှုဘဝမြှင့်တင်ရေးနဲ့တိုက်
စိုက်ပျိုးရေးမှာ ဆည်ရေရဖို့ ၊ စပါးအချိန်မှီအခြောက်ခံဖို့
ကျွန်တော်တို့နိုင်ငံမှာ ငွေကြေးယိုပေါက်အကြီးဆုံး(ေ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ
နိုင်ငံခြားရင်းနှီးမြုပ်နှ
နိုင်ငံတကာအတွေ့အကြုံနဲ့ အကြမ်းဖျင်းပြောရမယ်ဆိုရင် လူတစ်ထောင်ကို အလုပ်ပေးဖို့ လျှပ်စစ်က အနည်းဆုံး ၁ မဂ္ဂါဝပ်ရှိရမယ်။ အခုနိုင်ငံခြားကိုရောက်နေတဲ
ကျွန်တော်တို့နိုင်ငံခြားမ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။