Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 18, 2014

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)


ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)
________________

(၈) လေပြင်းမုန်တိုင်း

ဇူလှိုင်လနဲ့ သြဂုတ်လမှာ Wallis နဲ့ ဘုရင်တို့ဟာ
မြေထဲပင်လယ်အနီးတစ်ဝိုက်မှာရှိတဲ့နိုင်ငံတွေဆီ သွားရောက်လည်ပတ်ခဲ့တယ်။ သူတို့ဟာ ဂရိမှာ ဝန်ကြီးချုပ် Metaxasနဲ့တွေ့ဆုံခဲ့တယ်။ ပေါ်တူဂီမှာ Kemal Ataturkနဲ့ တွေ့ဆုံခဲ့တယ်။ ဘူဂေးရီးယားမှာ ဘုရင်Borisနဲ့တွေ့ဆုံခဲ့တယ်။ ဒါပေမယ့် အဲဒီနှစ်နွေရာသီမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာကတော့ Edwardရဲ့ ဝတ်စားဆင်ယင်မှုပဲဖြစ်ပါတယ်။
အေဒင်ကနေ Istanbul ကိုသွားတဲ့ခရီးမှာ ဘုရင်ဟာ သူ့အင်္ကျီကိုချွတ်ပြီး နေစာလုံခဲ့ပါတယ်။ ရာသီဥတုပူပြင်းတာကြောင့် ၁ဝမိနစ်အကြာမှာ သူအိပ်ပျော်သွားခဲ့တယ်။ ဒါကြောင့် လူရွယ်ဓာတ်ပုံသမားတစ်ဦး သူ့ကိုဓာတ်ပုံရိုက်သွားတာကို သူသတိမထားမိခဲ့ပါဘူး…

မြေထဲပင်လယ်ကနေ တိုင်းပြည်ကိုEdward ပြန်ရောက်ချိန်မှာ စာတစ်စောင်က သူ့ကိုစောင့်နေခဲ့ပါတယ်။

စာက ဘာမင်ဟန်မှာနေတဲ့ Mr Albert Thompsomဆီကပါ။ စာထဲမှာ ရေးထားတာက “ဒီကနေ့မနက် သတင်းစာတစ်စောင်မှာ အရှင်ရဲ့ဓာတ်ပုံတစ်ပုံကို ကျွန်တော်မြင်လိုက်ပါတယ်။ ကျွန်တော်အရမ်းစိတ်ဆိုးပါတယ်။ ဘုရင်တစ်ပါးက
ဖြစ်ကတတ်ဆန်းဝတ်ထားတာကို ကျွန်တော်တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ရှပ်အင်္ကျီမဝတ်၊ လည်တိုင်မစည်း၊ ဖိနပ်မစီး၊ ဦးထုပ်မဆောင်းထားတဲ့အပြင် … ဘောင်းဘီတိုပဲ ဝတ်ထားတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ.. အရှင်”

Edward က ဝန်ကြီးချုပ် Stanley Baldwin ကို အဲဒီစာပြလိုက်ပြီး “ဒီစာကို ဘယ်လိုသဘောရလဲ”လို့ မေးလိုက်တယ်။

“Mr Thompson ပြောတာမှန်တယ် အရှင်… အရှင် ခေတ်ဆန်ချင်ပေမယ့် ဒါကို လူထုမနှစ်သက်ပါဘူး” လို့ ဝန်ကြီးချုပ်က ဖြေတယ်။ 

Edward က စာကိုမီးရှို့ပစ်လိုက်တယ်။

“ဒီလိုဆိုရင် ကွာရှင်းတာဟာ ခေတ်ဆန်သလား Mr Baldwin”

ဝန်ကြီးချုပ် ထိုင်ချပြီး စကားစပြောပါတယ်။

“ဟုတ်ကဲ့.. အရှင်.. Mrs Simpsonရဲ့အကြောင်းကို ကျွန်တော်ဖတ်ရပါတယ်။ သူဟာ ယောက်ျားနှစ်ယောက်ရှိပြီး သူတို့ဟာ အသက်ရှင်နေကြပါသေးတယ်။ ဒါဟာ ဘာအဓိပ္ပာယ်လဲဆိုတာ အရှင်နားလည်သင့်ပါတယ်။ သူဟာ ဘုရင်တစ်ပါးနဲ့ လက်ဆက်လို့မရပါဘူး”

“ဒါပေမယ့် ကျွန်တော့်မှာ သူမရှိလို့်မဖြစ်ဘူး”လို့ Edward ပြောတယ်။

“ဒီလိုဆိုရင် အရှင်…လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်တော့မယ်ဆိုတာကို ကျွန်တော်မြင်တွေ့နေရပါပြီ။အရှင်ရဲ့မိသားစု၊ ဂိုဏ်းချုပ်ကြီးနဲ့ ကျွန်တော်ဆွေးနွေးခဲ့ပါတယ်။ဒီအမျိုးသမီးကို ကျွန်တော်တို့ရဲ့မိဖုရားအဖြစ်မခံပါဘူး”

အဲဒီညမှာ ဝန်ကြီးချုပ်နဲ့ဘုရင် နာရီအတန်ကြာ ဆွေးနွေးပြောဆိုခဲ့ကြတယ်။ အမေးတွေများလွန်းပေမယ့် အဖြေကတစ်ခုပဲရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်တစ်နေ့မနက်အာရုဏ်တက်ချိန်မှာ Edwardက 

“Wallis က ဘုရင်ကို လက်မထပ်ရဘူးလို့ ခင်ဗျားပြောတယ်။ ဒီလိုဆိုရင် ကျွန်တော်လုပ်နိုင်တာတစ်ခုပဲရှိတယ်။ အဲဒါကတော့ ဘုရင့်အရိပ်အရာကို ညီတော်ထံလွှဲအပ်ပြီး အင်္ဂလန်ကနေကျွန်တော်ခွာမယ်။ ကိုယ့်နှလုံးသားနောက်ကိုပဲ ကျွန်တော်လိုက်မယ်။ အချင်းချင်းချစ်ကြိုက်တာဟာ အပြစ်တစ်ခုလို့ ကျွန်တော့်ကို ခင်ဗျားပြောတယ်။ ပျော်ရွှင်ခြင်းဆိုတာ အမှားတစ်ခုလို့ ခင်ဗျားပြောတယ်။ ဒီနိုင်ငံက ဘာလို ဒီလောက်ထူးဆန်းရတာလဲ…”

တစ်နာရီအကြာမှာ Wallisဆီ Edward ဖုန်းဆက်လိုက်တယ်။

“ဝန်ကြီးချုပ်ကပြောတယ်.. လေပြင်းမုန်တိုင်းတစ်ခု ကျရောက်တော့မယ်တဲ့။ ဒါကြောင့် မင်းကို ဒီကနေထွက်သွားစေချင်တယ်” လို့ Edward ကပြောတယ်။

Wallis က ပစ္စည်းတွေသိမ်းဆည်းပြီး ပြင်သစ်ကိုထွက်ခွာသွားခဲ့တယ်။ 

အဲဒီနောက် Edward က မိခင်မယ်တော်ကို သွားရောက်တွေ့ဆုံခဲ့တယ်။

ဒီတစ်ခေါက်တွေ့ဆုံမှုမှာ ဝမ်းနည်းကြေကွဲစရာ၊ သူစိမ်းဆန်မှုတွေ၊
ဒေါသငွေ့တွေ လွှမ်းနေခဲ့ပါတယ်။

“မင်းကိုယ်မင်း ဘာလုပ်နေသလဲ မင်းသိရဲ့လား..
ပြတင်းပေါက်အပြင်ဖက်ကိုကြည့်လိုက်စမ်း.. နန်းတော်အပြင်ဖက်က လူပေါင်းသန်း၎ဝဝက မင်းကို ဘုရင်မင်းမြတ်လို့ ခေါ်ကြတယ်။ မင်းကို သူတို့အလိုရှိကြတယ်။ မင်းက Mrs Simpsonတစ်ယောက်တည်းအတွက်နဲ့ အရာအားလုံးကို စွန့်ခွာသွားတော့မယ်ပေါ့လေ” မိဖုရားက မေးတယ်။

“ဟုတ်ပါတယ်.. မယ်တော်.. သူ့ကို ကျွန်တော်ချစ်တယ်”

“ချစ်တယ်ဟုတ်လား…” မိဖုရား Mary အော်ပါတယ်။ “မင်းဟာ ဘုရင်တစ်ပါး.. မင်းတိုင်းပြည်ကို မင်းအရင်ဆုံးချစ်ရတယ်”။

“ဒါပေမယ့် ကျွန်တော်လည်း ယောက်ျားတစ်ယောက်ပါ။ ကျွန်တော် ဘာမှမတတ်နိုင်ပါဘူး” Edward က ညင်ညင်သာသာပြန်ပြောတယ်။

အဲဒီနေ့မွန်းလွှဲပိုင်းမှာ ဘုရင်က သူရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Winston Churchill ဆီ ဖုန်းဆက်လိုက်တယ်။

“မင်းကို ကိုယ်သတင်းဆိုးတစ်ခု ပြောပြမယ်။ မနေ့ညက ကိုယ့်ကို Mr Baldwin လာတွေ့တယ်။ နောက်တစ်ပတ် ကိုယ်ဒီကနေခွာဖို့ ဆုံးဖြတ်လိုက်ပြီ”လို့ Edward ကပြောတယ်။

“အလည်အပတ်ခရီးထွက်ဖို့ကို ပြောတာလား.. အရှင်”

“မဟုတ်ဘူး.. Winston… အင်္ဂလန်ကနေထွက်သွားဖို့ ကိုယ်ပြောနေတာ။ ဘယ်တော့မှ ပြန်မလာတော့ဘူး။ George ဘုရင်ဖြစ်လာလိမ့်မယ်”

“ဒီလိုတော့ မဟုတ်သေးဘူး အရှင်… အရှင်က လွတ်လပ်သူတစ်ဦးပါ။ သူတို့နဲ့အရှင် ရင်ဆိုင်တိုက်ခိုက်လို့ရတယ်

“မဖြစ်ဘူး… စစ်ပွဲတွေကို ကိုယ်တွေ့ခဲ့ဖူးတယ်။ သိပ်ကြောက်စရာကောင်းတယ်။ ဘယ်သူနဲ့မှ ကိုယ်စစ်မဖြစ်ချင်ဘူး”

“ဒါပေမယ့် လူထုတွေက အရှင်ကို ချစ်ခင်နှစ်သက်ကြတယ်။ သူတို့က Wallis ကို မိဖုရားမြောက်လိုကြတယ်”

“သူတို့ချစ်ခင်နှစ်သက်ကြတယ်ဆိုပေမယ့်လည်း Wallis ကို မိဖုရားမြောက်လို့မရဘူး။ ကိုယ့်ရန်သူက ကိုယ့်ထက်အင်အားတောင့်တယ်။ ကိုယ်က လှေထိုးသားလေးတစ်ယောက်မျှပါ… လေကြောင်းပြောင်းတာနဲ့ ကိုယ့်လှေကို လှိုင်းလုံးတွေ ရိုက်ထုတ်ပုတ်ခတ်သွားလိမ့်မယ်”

××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a

နိုင်းနိုင်းစနေ (Sept. 18. 2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။