ညီမလေး..ဖြူနှင်းထွေး..သို့
===============
(၁)
ညီမလေး..
မင်းလေးဘ၀က..
အာဏာရှင်သားသမီးမြေးတွေလို. .
သေဆိုသေ ရှင်ဆိုရှင်..
လက်ညှိုးညွှန်ရာရေ..၊
ပုခုံးအပွင့်တပ်တဲ့ကောင်တွေ က
ဝိုင်းပြီး ဖေါ်လံဖါးခံရတဲ့ဘ၀လိုမျိုးမဟုတ်ဘူး၊
မင်းလေးဘ၀က..
ခရိုနီ နဲ့အာဏာရှင်သားသမီးတွေလို..
မင်းအရွယ်လောက်မှာ ကုမ္မဏီတွေထောင်
ပြိုင်ကားတွေစီး ၊ ကလပ်တွေတက်..
ရာဘ တွေနဲ့ မှိန်းနေတဲ့ ဘ၀မျိုးမဟုတ်ဘူး၊
မင်းလေးဘ၀က..
ရွှေပေါ်မြတင် အသိုင်းအ၀ိုင်းမှာ..
အစိုးရမင်းတွေကိုအိတ်ထဲထည့် လို့..
အကောင်းဆုံးအိမ်၊ အကောင်းဆုံးကားကိုစီးပြီး
အောက်ခြေနင်းပြားဘ၀တွေကို
အောက်တန်းစားတွေလို့ထင်နေကြ တဲ့
ရေပေါ်ဆီလူတန်းစားထဲကမဟုတ်ဘူး၊
မင်းလေးဟာ..
မင်းဘ၀ကို မင်းနားလည်တဲ့သူ..
ကိုယ့်နိုင်ငံ အနေအထားကို လေ့လာထားတဲ့သူ၊
ကိုယ့်ပြည်သူရဲ့ အနေအထားကို ...
သိတဲ့လူငယ်တစ်ယောက်၊
-----------------
(၂)
တကယ်ဆို မင်းလေးက..
ကိုယ့်ဒေသခံ၊ ကိုယ့်မြေ၊ ကိုယ့်ပြည်သူအတွက်
အသက်ငယ်ငယ်နဲ့ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့
သူရဲကောင်းမလေးတစ်ယောက်..၊
အာဏာရှင်ရဲ့ ဂုတ်ကို ခွစီးထားတဲ့..
ပြည်ကြီးပေါက်တရုတ်တွေက.
မျက်စိစပါးမွှေး စူးစေခဲ့သူတစ်ယောက်၊
မြန်မာပြည်က..
တက္ကသိုလ်ကျောင်းသားတစ်ယောက် အနေနဲ့
တိုင်းပြည်ရဲ့ နားရွက်တံတွေးဆွတ်ခံရတာတွေကို
တော်လှန်နေတဲ့သူတစ်ယောက်..၊
မင်းရဲ့ နုပျိုလှပမှုတွေကို.မင်းဂရု မထားပဲ ..
ပိန်လှီဖျော့တော့နေတဲ့အထိ
မင်း တိုက်ပွဲဝင်နေဆဲ...
မင်းရဲ့ လွပ်လပ်မှုတွေကို
မင်း ဂရုမထားပဲ..
အာဏာပိုင်တွေက ထိန်းချုပ်ရတဲ့အထိ
မင်း ကြွေးကျော်နေဆဲ..၊
အားကောင်းမောင်းသန်တရုတ်စစ် စစ် (၂)ယောက်ကို
အကာအကွယ်ပေးချင်လှတဲ့ အစိုးရဟာ..
မင်းလို နုနုငယ်ငယ် ကျောင်းသူတစ်ယောက်ကို
ပြန်ပေးဆွဲတရားခံ လိုမျိုး..အမှုဆင်ပြီး ဖမ်းရတဲ့အထိ
မင်းကို ကြောက်ရွှံ့နေကြဆဲ..
---------------------
(၃)
မင်းက...
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့
အသည်းနှလုံးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တယ်.၊
လူငယ်တွေရဲ့စိတ်ထဲကို..
ပြည်ကြီးပေါက်တရုတ်ကို အထိမခံတဲ့
အာဏာရှင်ရဲ့ပေါ်လစီကို..
မြင်အောင်ပြသနိုင်ခဲ့တယ်..၊
အဖမ်းဆီးခံ အစစ်ဆေးခံရလို့..
မင်းရဲ့ နုနယ်လှပတဲ့မျက်နှာလေး..
ပိန်လှီဖျော့တော့နေပေမဲ့..
မင်းရဲ့ အရှိန်အ၀ါက..
တဖြည်းဖြည်းနဲ့ ပိုမိုတောက်ပလာဆဲ..၊
လင်းလက်လာဆဲ...
ပြည်သူတွေရဲ့ရင်ထဲမှာ..
မင်းဟာ..
ပိုမို လှပလာဆဲ..ပဲလေ..၊
မင်းကို ဂုဏ်ပြုပါတယ်ကွာ..
( Pa Yit)
===============
(၁)
ညီမလေး..
မင်းလေးဘ၀က..
အာဏာရှင်သားသမီးမြေးတွေလို.
သေဆိုသေ ရှင်ဆိုရှင်..
လက်ညှိုးညွှန်ရာရေ..၊
ပုခုံးအပွင့်တပ်တဲ့ကောင်တွေ
ဝိုင်းပြီး ဖေါ်လံဖါးခံရတဲ့ဘ၀လိုမျိုးမဟ
မင်းလေးဘ၀က..
ခရိုနီ နဲ့အာဏာရှင်သားသမီးတွေလို..
မင်းအရွယ်လောက်မှာ ကုမ္မဏီတွေထောင်
ပြိုင်ကားတွေစီး ၊ ကလပ်တွေတက်..
ရာဘ တွေနဲ့ မှိန်းနေတဲ့ ဘ၀မျိုးမဟုတ်ဘူး၊
မင်းလေးဘ၀က..
ရွှေပေါ်မြတင် အသိုင်းအ၀ိုင်းမှာ..
အစိုးရမင်းတွေကိုအိတ်ထဲထည့်
အကောင်းဆုံးအိမ်၊ အကောင်းဆုံးကားကိုစီးပြီး
အောက်ခြေနင်းပြားဘ၀တွေကို
အောက်တန်းစားတွေလို့ထင်နေကြ
ရေပေါ်ဆီလူတန်းစားထဲကမဟုတ်ဘူ
မင်းလေးဟာ..
မင်းဘ၀ကို မင်းနားလည်တဲ့သူ..
ကိုယ့်နိုင်ငံ အနေအထားကို လေ့လာထားတဲ့သူ၊
ကိုယ့်ပြည်သူရဲ့ အနေအထားကို ...
သိတဲ့လူငယ်တစ်ယောက်၊
-----------------
(၂)
တကယ်ဆို မင်းလေးက..
ကိုယ့်ဒေသခံ၊ ကိုယ့်မြေ၊ ကိုယ့်ပြည်သူအတွက်
အသက်ငယ်ငယ်နဲ့ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့
သူရဲကောင်းမလေးတစ်ယောက်..၊
အာဏာရှင်ရဲ့ ဂုတ်ကို ခွစီးထားတဲ့..
ပြည်ကြီးပေါက်တရုတ်တွေက.
မျက်စိစပါးမွှေး စူးစေခဲ့သူတစ်ယောက်၊
မြန်မာပြည်က..
တက္ကသိုလ်ကျောင်းသားတစ်ယောက်
တိုင်းပြည်ရဲ့ နားရွက်တံတွေးဆွတ်ခံရတာတွေက
တော်လှန်နေတဲ့သူတစ်ယောက်..၊
မင်းရဲ့ နုပျိုလှပမှုတွေကို.မင်းဂရု
ပိန်လှီဖျော့တော့နေတဲ့အထိ
မင်း တိုက်ပွဲဝင်နေဆဲ...
မင်းရဲ့ လွပ်လပ်မှုတွေကို
မင်း ဂရုမထားပဲ..
အာဏာပိုင်တွေက ထိန်းချုပ်ရတဲ့အထိ
မင်း ကြွေးကျော်နေဆဲ..၊
အားကောင်းမောင်းသန်တရုတ်စစ်
အကာအကွယ်ပေးချင်လှတဲ့ အစိုးရဟာ..
မင်းလို နုနုငယ်ငယ် ကျောင်းသူတစ်ယောက်ကို
ပြန်ပေးဆွဲတရားခံ လိုမျိုး..အမှုဆင်ပြီး ဖမ်းရတဲ့အထိ
မင်းကို ကြောက်ရွှံ့နေကြဆဲ..
---------------------
(၃)
မင်းက...
တက္ကသိုလ်ကျောင်းသားကျောင်းသ
အသည်းနှလုံးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တယ်.၊
လူငယ်တွေရဲ့စိတ်ထဲကို..
ပြည်ကြီးပေါက်တရုတ်ကို အထိမခံတဲ့
အာဏာရှင်ရဲ့ပေါ်လစီကို..
မြင်အောင်ပြသနိုင်ခဲ့တယ်..၊
အဖမ်းဆီးခံ အစစ်ဆေးခံရလို့..
မင်းရဲ့ နုနယ်လှပတဲ့မျက်နှာလေး..
ပိန်လှီဖျော့တော့နေပေမဲ့..
မင်းရဲ့ အရှိန်အ၀ါက..
တဖြည်းဖြည်းနဲ့ ပိုမိုတောက်ပလာဆဲ..၊
လင်းလက်လာဆဲ...
ပြည်သူတွေရဲ့ရင်ထဲမှာ..
မင်းဟာ..
ပိုမို လှပလာဆဲ..ပဲလေ..၊
မင်းကို ဂုဏ်ပြုပါတယ်ကွာ..
( Pa Yit)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။