တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ရှားလော့ဟုမ်းနဲ့ ဟယ်ရီပေါ်တာတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက ရှားလော့ဟုမ်းစုံထောက်ဝတ္ထုကိုရေးခဲ့သူ Arthur Conan Doyle နဲ့ ဟယ်ရီပေါ်တာဝတ္ထုကိုရေးခဲ့သူ J. K. Rowling တို့က စကော့တလန်သားတွေဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ပင်နီဆီလင်၊ ထုံဆေးနဲ့ အင်ဆူလင်ဆေးဝါးရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက အဲဒီဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ Alexander Fleming၊ James Y Simpson နဲ့ John McLeod တို့ဟာ စကော့တလန်သားတွေဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ လေထိုးဘီးနဲ့ စက်ဘီးတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက အဲဒီအရာတွေကို တီထွင်ခဲ့၊ ပါဝင်တီထွင်ခဲ့ကြတဲ့ Alexander Bell၊ John Baird၊ Robert Thomson၊ John Dunlopနဲ့ Pierre Lallement တို့ဟာ စကော့တလန်သားတွေ ဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ဝီစကီ၊ ဂေါ့ဖ်နဲ့ စနူကာတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက ဝီစကီနဲ့ အဲဒီအားကစားတွေကို တီထွင်ခဲ့သူတွေက စကော့တလန်သားတွေဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ စကော့တလန်သားတွေဖြစ်ကြတဲ့ ဒီလူတွေကို ဆုံးရှုံးသွားမှာပါ။ သူတို့တတွေက... ကနေဒါပထမဆုံးဝန်ကြီးချုပ် John A. Macdonald၊ အင်္ဂလန်ဝန်ကြီးချုပ် Tony Blair၊ ဘီလီယက်ဘုရင် Stephen Hendryနဲ့ John Higgins၊ ဂျိမ်းစဘွန်းမင်းသားဟောင်း Sean Connery၊ တင်းနစ်ချန်ပီယံ Andy Murray၊ ဘောလုံးနည်းပြ အဲလက်စ်ဖာဂူဆန်၊ အဆိုတော် Susan Boyle တို့ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ကုန်းမြေမြင့်၊ Loch Nessရေအိုင်ကြီး၊ Skye ကျွန်း၊ စကပ်ဝတ်တဲ့ယောက်ျားသားတွေနဲ့  Bagpipes (စကော့တလန်စသည်တွင်တီးမှုတ် လေ့ရှိသော အဝတ်အိတ်ငြင်း) တွေကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ နာမည်ကြီးတက္ကသိုလ်သုံးခုဖြစ်တဲ့ St Andrews တက္ကသိုလ်၊ Edinburghတက္ကသိုလ်နဲ့ Glasgowတက္ကသိုလ်တို့ကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ William နဲ့ Kate တို့ဟာလည်း နိုင်ငံခြားမှာကျောင်းပြီးခဲ့သူတွေဖြစ်သွားပါလိမ့်မယ်။
*** ဗဟုသုတအလို့ငှာ ဖတ်မိတာကို ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ (Sept. 22. 2014)
အင်္ဂလန်ဟာ ရှားလော့ဟုမ်းနဲ့ ဟယ်ရီပေါ်တာတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ပင်နီဆီလင်၊ ထုံဆေးနဲ့ အင်ဆူလင်ဆေးဝါးရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ လေထိုးဘီးနဲ့ စက်ဘီးတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ဝီစကီ၊ ဂေါ့ဖ်နဲ့ စနူကာတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ စကော့တလန်သားတွေဖြစ်ကြတဲ့ ဒီလူတွေကို ဆုံးရှုံးသွားမှာပါ။ သူတို့တတွေက... ကနေဒါပထမဆုံးဝန်ကြီးချုပ် John A. Macdonald၊ အင်္ဂလန်ဝန်ကြီးချုပ် Tony Blair၊ ဘီလီယက်ဘုရင် Stephen Hendryနဲ့ John Higgins၊ ဂျိမ်းစဘွန်းမင်းသားဟောင်း Sean Connery၊ တင်းနစ်ချန်ပီယံ Andy Murray၊ ဘောလုံးနည်းပြ အဲလက်စ်ဖာဂူဆန်၊ အဆိုတော် Susan Boyle တို့ဖြစ်ပါတယ်။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ကုန်းမြေမြင့်၊ Loch Nessရေအိုင်ကြီး၊ Skye ကျွန်း၊ စကပ်ဝတ်တဲ့ယောက်ျားသားတွေနဲ
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ နာမည်ကြီးတက္ကသိုလ်သုံးခုဖြစ
*** ဗဟုသုတအလို့ငှာ ဖတ်မိတာကို ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ (Sept. 22. 2014)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။