Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 18, 2014

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)


ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)
________________

(၉) ကျွန်တော်ချစ်တဲ့ အမျိုးသမီး

ရက်အနည်းငယ်အကြာမှာ Mr Churchill က Buckingham နန်းတော်မှာ Edward ကို လာရောက်တွေ့ဆုံခဲ့တယ်။ စစချင်းမှာ ဘုရင်နှုတ်ဆိတ်နေပါတယ်။ နောက်မှ သူက “Winston … ဒါဟာ အင်္ဂလန်မှာ ကိုယ့်ရဲ့နောက်ဆုံးညတစ်ညပဲ။ ဒီတိုင်းပြည်ကို ကိုယ်ချစ်တယ်။ ခေတ်မီတဲ့၊ ကြင်နာတဲ့ ဘုရင်တစ်ပါး ကိုယ်ဖြစ်ချင်တယ်။ ဒီလောကကြီးကို ကိုယ်ပြောင်းလဲချင်တယ်။ ဒါပေမယ့် ကိုယ့်ကိုသူတို့ ဟန့်တားလိုက်ကြပြီ။ အခု ကိုယ်ဒီကနေ မခွာချင်ဘဲ ခွာရတော့မယ်”။

၁ဝနာရီ ထိုးပါပြီ။ ထိုင်ရာက Edward ထရပ်လိုက်ပြီး
ပြတင်းပေါက်ဖက်လျှောက်သွားလိုက်တယ်။ ညအမှောင်ရဲ့လမ်းမပေါ်မှာ လူရာချီရပ်နေကြတယ်။ သူတို့ဟာ သီချင်းဆိုနေကြပြီး ဘုရင့်နာမည်ကို ခေါ်နေကြတယ်။

“Edward… Edward… Edward ကို ငါတို့ချစ်တယ်”

“ဘုရင် သက်တော်ရာကျော်ရှည်ပါစေ… အချစ် သက်တော်ရာကျော်ရှည်ပါစေ” လို့ သူတို့အော်နေကြတယ်။

ဘုရင်က ရုတ်တရက် Mr Churchill ဖက်လှည့်ပြီး
“Winston … ဘာဖြစ်လို့ ဒါတွေဟာ ကိုယ့်အပေါ်မှာ လာဖြစ်ပျက်ရတာလဲ.. ကိုယ် ဘာအမှားလုပ်ခဲ့မိလို့လဲ” လို့ ငိုသံမဲ့မဲ့သူပြောတယ်။

သူ ထိုင်ချပြီး လက်နှစ်ဖက်နဲ့သူ့ခေါင်းကို ကိုင်ထားလိုက်တယ်။ အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ဒါပေမယ့် လမ်းပေါ်ကအော်သံတွေက ပွင့်နေတဲ့ပြတင်းပေါက်ကနေတဆင့် ဝင်လာခဲ့တယ်။

“Edward သက်ကျော်ရာကျော်ရှည်ပါစေ… အချစ် သက်တော်ရာကျော်ရှည်ပါစေ..

Edward သက်ကျော်ရာကျော်ရှည်ပါစေ… အချစ် သက်တော်ရာကျော်ရှည်ပါစေ.. ”

Mr Churchill က ရှေ့တက်ပြီး ဘုရင်ရဲ့ပခုံးပေါ်လက်တင်လိုက်တယ်။ Edward ခေါင်းထောင်ကြည့်တယ်။

“ကျေးဇူးပဲ… Winston… မင်းက ကိုယ့်ရဲ့သူငယ်ချင်းကောင်းပါ”

“ကျေးဇူးတင်ပါတယ် အရှင်.. အရှင်ဟာ ဘုရင်မင်းမြတ်ကောင်းတစ်ပါးပါ”

နောက်တစ်နေ့မနက် ၁ဝနာရီမှာ Edward အိပ်ခန်းထဲက ဖုန်းမြည်လာခဲ့ပါတယ်။

“သူတို့ အဆင်သင့်ဖြစ်ပြီ.. အရှင်ကို စောင့်နေကြပါတယ်… အရှင်” ဖုန်းထဲကနေ အသံတစ်သံလွှင့်လာပါတယ်။

ဘုရင်က လှေကားပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းခဲ့တယ်။သူ့ရှေ့မှာ တံခါးတစ်ချပ်ပွင့်နေခဲ့ပါတယ်။ တစ်မိသားစုလုံး သူ့ကို စောင့်နေခဲ့ကြတယ်။ သူ့မယ်တော်က တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီး ပြတင်းပေါက်ဘေးမှာ
ထိုင်နေခဲ့ပါတယ်။ ညီတော်က မယ်တော်ဘေးမှာ ရပ်နေခဲ့ပါတယ်။ “သူတို့အချင်းချင်း ဘယ်လောက်ချစ်ခင်ရင်းနှီးလိုက်သလဲ” လို့ ဘုရင်တွေးနေခဲ့မိတယ်။

အခန်းအလယ်မှာ စားပွဲခုံလေးတစ်ခုံရှိနေပါတယ်။ စားပွဲပေါ်မှာ စာရွက်တစ်ရွက်တင်ထားပါတယ်။ Edward ထိုင်လိုက်ပြီး စာကိုဖတ်လိုက်ပါတယ်…

“ကျွန်တော် Edward VIII အင်္ဂလန်ဘုရင်၊ အိန္ဒိယဘုရင်၊ သြစတေးလျဘုရင်၊ နယူးဇီလန်ဘုရင်၊ ကနေဒါဘုရင်၊ ကင်ညာဘုရင်၊ နိုင်ဂျီးရီးယားဘုရင်၊ ဗမာဘုရင်၊ မလေးရှားဘုရင်၊ စင်ကာပူဘုရင်နဲ့ အခြား ၃၂နိုင်ငံက ဘုရင်တွေ ဒီကနေ့မှာ ဘုရင့်အရိပ်အရာကို ညီတော်George ထံ ကျွန်တော်လွှဲအပ်ပါတယ်။

ဘုရားသခင် သူနဲ့အတူရှိပါစေ… ပြည်သူလူထု သူနဲ့အတူရှိပါစေ။

၁၉၃၆ခုနှစ် ဒီဇင်ဘာလ ၁ဝရက်”

Edward က ဘောလ်ပင်တစ်ချောင်းထုတ်ပြီးစာရွက်အောက်မှာ သူ့နာမည်ကိုထိုးလိုက်ပါတယ်။ အဲဒီနောက် ထရပ်ပြီး ညီတော်ရဲ့လက်ကို နမ်းလိုက်ပါတယ်။

“ဒီလိုဖြစ်ပျက်လိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးခဲ့မိဘူး.. ဒါဟာ ကျွန်တော့်ဘဝမှာ အဆိုးဝါးဆုံးနေ့တစ်နေ့ပါ” လို့ ညီတော် George က ပြောတယ်။

မယ်တော်ဘေးနား Edward လျှောက်သွားလိုက်တယ်။

“မင်းကိုမနမ်းခင် မယ်တော်မှာပြောစရာစကားရှိတယ်။ သား လူလေး… မင်းကို မယ်တော်လုံးဝနားမလည်ခဲ့ဘူးကွာ။ ဒီကနေ့မနက်မှာ မင်းဟာ ဘုရင်ဖြစ်နေတုန်းပဲ.. ဒါပေမယ့် အခုညမှာ မင်းဟာ သူခိုးတစ်ယောက်လို အင်္ဂလန်ကနေ ထွက်ပြေးသွားတော့မယ်။ တစ်ယောက်တည်း.. ဒေါသမပြယ်..
ကြောက်ရွံ့စိတ်မပြယ်နဲ့ မင်းကိုယ်မင်း လွတ်လပ်ပြီလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် မင်းမလွတ်လပ်ဘူး… မင်းဘယ်တော့မှ လွတ်လပ်မှာမဟုတ်ဘူး။

လူတိုင်းက ကိုယ့်မိသားစုကို လိုအပ်ကြတယ်။ လူတိုင်း ကိုယ့်မိသားစုဘဝကို ပိုင်ဆိုင်လိုကြတယ်။ ဒါပေမယ့် ဒီညမှာ မင်းဟာ နှစ်ခုစလုံးကို ဆုံးရှုံးသွားခဲ့ပြီ။

မင်းကို ငါချစ်တယ်။ ငါဟာ မင်းရဲ့မိခင်ပါ.. ဒါဟာ ပြောင်းလဲလို့ မရနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအမျိုးသမီးကို မင်းယူရင် ငါ့ကိုရင်ကွဲနာကျစေလိမ့်မယ်။ အခု သွားတော့… ဒါဟာ သိပ်ဝမ်းနည်းကြေကွဲစရာကောင်းပါတယ်”။

Edward က မိဖုရားရဲ့လက်ကိုနမ်းပြီး လှည့်ထွက်သွားခဲ့ပါတယ်။

နောက်တစ်နေ့မှာ ဝင်ဆာရဲတိုက်ဆီ Edward ပြန်ရောက်ခဲ့တယ်။ ရဲတိုက်ရဲ့အေးစက်စက်အခန်းငယ်လေးတစ်ခုထဲ သူဝင်သွားခဲ့တယ်။ အဲဒီအခန်းထဲကနေ BBC အသံလွှင့်လေဒီယိုကတဆင့် အင်္ဂလန်တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံးကို သူစကားပြောခဲ့ပါတယ်။

အောက်က သူပြောခဲ့တဲ့ စကားတွေဖြစ်ပါတယ်။

“ဒီညမှာ ခင်ဗျားတို့နဲ့ စကားပြောဖို့ ပထမဆုံးအကြိမ် ကျွန်တော်အခွင့်အရေးရလိုက်ပါတယ်။ ဒီညအစောပိုင်းအချိန်မှာ ဘုရင့်အရိပ်အရာကို ညီတော်Georgeဆီ ကျွန်တော်လွှဲအပ်ခဲ့ပါတယ်။ အခု George က ခင်ဗျားတို့ရဲ့ဘုရင်ဖြစ်သွားပါပြီ။ သိပ်မကြာခင်မှာပဲ ဒီနိုင်ငံကခွာပြီး ပြင်သစ်ကို ကျွန်တော်သွားပါတော့မယ်။ ကျွန်တော့်ရဲ့နှလုံးသားက Wallis နဲ့ အတူရှိနေပါတယ်။ ကျွန်တော်ချစ်တဲ့ အမျိုးသမီးမရှိရင် ကျွန်တော်မရှင်သန်နိုင်ပါဘူး။

ကျွန်တော်ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အင်္ဂလန်ကို ကျွန်တော်ထပ်တွေ့ချင်မှ တွေ့ရပါတော့မယ်။ ဒါပေမယ့် ဒီည ပင်လယ်ကို ကျွန်တော်ဖြတ်သန်းနေချိန်မှာ အားလုံး ကျွန်တော့်ကိုသတိရကြပါ။

ဘုရားသခင် သင်တို့နဲ့အတူရှိပါစေ.. George ဘုရင် သက်တော်ရာကျော်ရှည်ပါစေ….”

ဝင်ဆာရဲတိုက်ကနေ Edward ထွက်ခွာပြီး ကားနက်ကြီးတစ်စီးထဲ ဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်က ညသန်းခေါင်ဖြစ်ပြီး မိုးစတင်ရွာကျခဲ့ပါတယ်။

“ကျွန်တော့်ကို ဒီကနေ မြန်မြန်ခေါ်သွားစမ်းပါ.. မြန်လေ ကောင်းလေ..” ကားက ညအမှောင် မိုးရေကြားထဲ ဝင်ရောက်သွားခဲ့ပါတယ်။

“ဒါဟာ ဘယ်လိုညမျိုးတစ်ညပါလိမ့်… မိုးကောင်းကင်ကတောင် ငိုနေပြီလို့ ကျွန်တော်မျိုးထင်တယ်.. အရှင်” လို့ ကားမောင်းသူက ပြောပါတယ်။

မနက် ၁နာရီခွဲအချိန်မှာ Portsmouth ကို သူတို့ရောက်လာခဲ့ကြတယ်။ ကားပေါ်က Edward ဆင်းလိုက်တာနဲ့ အသံအသံကို သူကြားလိုက်တယ်။

“ဘုရင် လာပြီ…”

Edward ခြေလှမ်းရပ်လိုက်ပြီး ပင်လယ်ဖက်ဆီကို ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်မှာ ပါးလျလျ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်သွားခဲ့တယ်။

“ဘုရင် ဟုတ်လား… မဟုတ်ဘူး.. ကျွန်တော် ဘုရင်မဟုတ်ဘူး။ ကျွန်တော်က အချစ်ထဲပျော်ဝင်နေသူတစ်ယောက်ပါ”

အဲဒီနောက် သဘောင်္ပေါ် သူလှည့်တက်သွားခဲ့ပြီး ညအမှောင်ထုထဲ ဝင်ရောက်ကွယ်ပျောက်သွားခဲ့ပါတယ်။

××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a

နိုင်းနိုင်းစနေ (Sept. 18. 2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။