Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label Music&ဂီတ. Show all posts
Showing posts with label Music&ဂီတ. Show all posts

Wednesday, February 14, 2018

ဘဝကို တစ်ယောက်တည်းဖြတ်သန်းနေတယ်ဆိုတဲ့ L လွန်းဝါနှင့် တွေ့ဆုံခြင်း


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ – သီချင်း​ဆွေး​ဆွေး သီချင်း​အေး​လေး​တွေကို ရေးသားသီဆို​နေကျဖြစ်​သလို ပရိသတ်​ရဲ့ အား​ပေးမှုကို အပြည့်​အဝရတဲ့ ​တေးသံရှင်​ L လွန်းဝါရဲ့ လတ်​တ​လောလှုပ်​ရှားမှု​တွေကိုတွေ့ဆုံ မေးမြန်းခဲ့ပါတယ်​။

ကုမုဒြာ။ ။ အနုပညာအလုပ်​​တွေနဲ့​ဝေးကွာ​နေတာကြာပြီ​နော်​။

L လွန်းဝါ။ ။ သီချင်း​​တွေလုံးဝမဆိုတာ နှစ်နှစ်ရှိပါပြီ​။ လုံးဝကို မဆိုဖြစ်​တာ​ပေါ့ ကြာပါပြီ။ အ​ကြောင်းကြောင်းကြောင့် အဆင်မပြေဖြစ်ခဲ့တာလည်း ပါတာ​ပေါ့။ မိသားစုနဲ့လည်း အဆင်မ​ပြေမှု​တွေရှိခဲ့​တယ်​။ အိမ်ထောင်လည်း ကွဲခဲ့တယ်​​လေ။ ပရိသတ်​နဲ့ သည်အ​တောအတွင်းမှာ အဆက်​အသွယ်​ဖြတ်ထားသလိုပါပဲ။ ပရိသတ်နဲ့မတွေ့ဖြစ်တော့တဲ့နှစ်တွေ အိမ်မှာ ပဲနေပြီးတော့ စိတ်ဓာတ်တွေကျနေခဲ့တာ။ ဒါပေမဲ့ ဂစ်တာနဲ့တော့ အမြဲထိတွေ့ဖြစ်တယ်။ သီချင်းညည်းဖြစ်​တာ​ပေါ့။ အခု သီချင်းပြန်ဆိုဖြစ်တာ ရှစ်လပဲ ရှိပါသေး တယ်။ သီချင်းတွေရေးဖြစ်တယ်။ ဓမ္မသီချင်းတွေလည်း ရေးဖြစ်တယ်။ တစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေပါ တယ်။

Sunday, December 17, 2017

စိုင်းခမ်းလိတ် ရဲ့ သီချင်းများကပြောသောစရိုက်

စိုင်းခမ်းလိတ် ရဲ့ သီချင်းများကပြောသောစရိုက်
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

==================
၁။ သကြားချိုချို အတိတ်အို
==================
စကားပင်တို့၏ ယဉ်နွဲ့သောရနံ့၊ ဖြူသန့်သောအဆင်က
ကြည်နူးချမ်းမြေ့ဖွယ်ရာ၊ လတ်ဆတ်ဝင်းမှည့်နေသော
သပြေသီးတွေကို ကောက်ယူစားလိုက်တိုင်း နှုတ်ခမ်းတွေ
ပြာနှမ်းသွားတတ်တာကလည်း ပျော်ရွှင်စရာ။ သရက်
ကုက္ကို၊ မာလကာ စသဖြင့် သစ်ရိပ်ခြံရံလျက် ကျွန်တော်
တို့၏ ကျောင်းတော်သည် စာထဲတွင် ဖတ်ခဲ့ဖူးသော
တဂိုး၏ သျှန်တိနိကေတန် ကျောင်းတော်ပမာ သာယာ
ကြည်နူးဖွယ် ရှိလှသည်။ အနုပညာ၊ အားကစား၊
ပညာရေး အားလုံးပေါင်းစုံသည့် ကျောင်းတော်။

Thursday, November 16, 2017

တေးသံရှင် လွှမ်းမိုးရဲ့ ကိုပေါသီချင်း မွေးဖွားပုံ မူလအစ


တေးရေးတေးဆိုလွှမ်းမိုးရဲ့ နာမည်ကျော်ကြားလူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ ကိုပေါသီချင်းကို စာဖတ်သူတို့ သိကြမယ်ထင်ပါတယ်။
“ တစ်ခါတုန်းကတို့ရွာမှာ သဘောကောင်းပြီးဆင်းရဲတဲ့ ကိုပေါလို့ အများခေါ်တယ် ပေါချာချာလူတစ်ယောက်ရယ်” ဆိုတာလေးနဲ့ အစချီလို့ ဟာသရသနှောထားတဲ့ ရင်နင့်ဖွယ်ရာ သီချင်းလေးတစ်ပုဒ်ဟာ စာရေးသူတို့ ရင်ထဲမှာ နှစ်ပေါင်းများစွာတိုင် မမေ့နိုင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်၊ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းနားထောင်တိုင်းမှာ သီချင်းချည်းသီးသန့်ကြားနေရတာမဟုတ်ဘဲ ဇာတ်လမ်းလေးတစ်ပုဒ်ကိုပါ မျက်စိထဲ မြင်လာခဲ့ကြဖူးကြမယ်ထင်ပါတယ်။ ဒါဖြင့် ဒီဇာတ်လမ်းဟာ ဘယ်ကစပါသလဲ။ လွှမ်းမိုးဟာ ကိုယ်တွေ့ဖြစ်ရပ်တွေကို သီချင်းလုပ်တတ်လွန်းလို့ ဒီသီချင်းဟာလည်း သူ့ကိုယ်တွေ့ဖြစ်မယ်လို့ ယူဆကြသူတွေလည်း ရှိခဲ့ကြပါတယ်။ တကယ်ကတော့ ဒီသီချင်းကို လွှမ်းမိုးရေးသားခဲ့တာမဟုတ်ဘဲ တေးရေးစောဘွဲ့မှူးက ရေးဖွဲ့သီကုံးခဲ့တာပါ။

Thursday, November 9, 2017

တစ်သက်တာဂီတ ထူးချွန်ဆုရှင် ဗေရိဥယျာဉ်ခြံထဲက ခြံစောင့်ကြီး


ရန်ကုန်မြို့အစွန်၊ မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာမှာ ဗေရိဆိုတဲ့ ဥယျာဉ်ခြံကြီး တစ်ခြံရှိပါတယ်။  ရန်ကုန်-ပြည် ကားလမ်းမကြီးနံဘေးမှာ တည်ရှိတာပါ။
အဲဒီခြံကြီးအတွင်းမှာ ဂီတပညာရှင်တစ်ယောက် ခြံစောင့်အဖြစ် ရှိနေပါတယ်ဆိုရင် အံ့သြသွားမလား။ သူဟာ တစ်သက်တာ ဂီတထူးချွန်ဆုရှင် ကိုဗစ်တာလို့ခေါ်တဲ့ ဆလိုင်းဇာလျန်းပါပဲ။
ဆလိုင်းဇာလျန်းကို ၁၉၅၀ ပြည့်နှစ်က ဖလမ်းမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ဆရာဝန်ကြောင့် ဒေသစုံ လှည့်လည်နေထိုင်ရာမှ ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းမှာ ၁၀ တန်းအောင်မြင်ခဲ့ပါတယ်။ ရသစာပေတွေကို နှစ်သက်တဲ့ ချင်းတမီလ်ကပြားတစ်ဦးလည်း ဖြစ်ပါတယ်။

Sunday, November 5, 2017

အသံပြာကြီး နဲ့ ဆိုလိုက်တဲ့ သီချင်း ၁ ပုဒ်က သူ့ဘဝကို ပြောင်းလဲစေတယ် ဆိုတဲ့ လေးဖြူအကြောင်း နဲ့ သူ၏ မိသားစု ရှားပါဓာတ်ပုံများ

လေးဖြူ အကြောင်း
ကျနော်တေးသံသွင်းကနေနားလိုက်တဲ့အခါမှာ သည်လောကနဲ့မသက်ဆိုင်တဲ့ လုပ်ငန်းထဲရောက်သွားပါတယ်။ အဲဒါကတော့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းမှာ အုပ်ချုပ်သူအဖြစ်လုပ်ရပါတယ်။ အဲဒီမှာရောက်တော့ အရင်ကလိုသီချင်းတောထဲမှာတော့ အချိန်ပြည့်ရှိမနေနိုင်တော့တဲ့အတွက် အစကတော့မနေတတ်သလိုပါ
ဒါပေမဲ့ ကျနော်နဲ့အတူနေတဲ့ကောင်လေးက သီချင်းထက်ဂစ်တာတီးတာကို ၀ါသနာပါပါ တယ် ။ ဂစ်တာတီးတာကတော့ ကျွမ်းကျင်အဆင့်မှာရှိပါတယ်။သူ့မှာရှိ JVC စတီရီယိုကက်ဆက်ကလေး ရှိပါတယ်။ ဒါပေမဲ့သူ့မှာရှိတဲ့ကက်ဆက်ခွေတွေက ဂစ်တာလေ့ကျင့်ခန်းခွေတွေများပါတယ်။

Saturday, November 4, 2017

- စီယံ -

- စီယံ -

( ၁ ) ကိုစီယံရဲ့ ထွက်​ခဲ့ပြီးတဲ့ အ​ခွေ​တွေနဲ့ ခုနှစ်​​တွေကို ​ပြောပြပါ။

အရိပ်​၏မ်ျိုး​စေ့ (၁၉၉၄) ၊
ဟင်းလင်းပြင်​၏ တံခါးဝှက်​ (၁၉၉၅ - ၉၆)။

အတွဲ​ခွေ​တွေက -
"တို့ရဲ့ ချစ်​သူများ​နေ့၊ 
စောင့်​​နေတဲ့ ချစ်​သူများ၊
နှောင်​ကြိုးမိသူများ၊
အများသုံးဘာသာစကား၊
ဝမ်းနည်းမိုးတိမ်​။"

( ၂ ) ​နောက်​ဆုံး ထွက်​ဖို့ ​ကြေငြာထားတဲ့ အ​ခွေနဲ့
ပါတ်​သက်​တဲ့Band၊ ​တေး​ရေး​​တွေလည်း ​ပြောပြပါဦး။

Sunday, October 1, 2017

ယခုတိုင်ကျော်ကြားနေဆဲဖြစ်တဲ့ ကမ္ဘာကျော် ပေါ့ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ရဲ့အကြောင်း


၁၉၅၈-ခုနှစ်၊ ဩဂုတ်လ၊ (၂၉)ရက်၊ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဂရေးအရပ်တွင် မွေးဖွားသည်။ မိဘများမှာ Joseph Walter (Joe) နှင့် Katherine Esther တို့ဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် ခုနှစ်ယောက်မြောက် သားဖြစ်သည်။ ငယ်အမည်မှာ Michael Joseph Jackson ဖြစ်သည်။ ညီမအငယ်ဆုံးမှာ ဂျက်နက်ဂျက်ဆင်(Janet Jackson)ဖြစ်သည်။ မိုက်ကယ်လ်၏ အရပ်မှာ ငါးပေဆယ်လက်မ (1.78 m) ဖြစ်သည်။ ၁၉၆၃-ခုနှစ်တွင် ညီအစ်ကိုများနှင့် အတူ The Jackson Five အဖွဲ့နှင့် ကလေးဘဝကတည်းက သီချင်းသီဆိုမှု စတင်ခဲ့သည်။ နောက်ပိုင်းတွင် အဖွဲ့ကို The Jackson ဟု အမည်ပြောင်းလဲခဲ့သည်။ အဖွဲ့နှင့် အတူ သီဆိုခဲ့သော I Want You Back(1969)၊ ABC(1970)နှင့် I’llBeThere(1970) သီချင်းများ ထင်ရှားခဲ့သည်။

ဂျပန်အဆိုတော်ပြန်လည်သီဆိုတဲ့ ကျားပေါက်ရဲ့ သီချင်းသုံးပုဒ်

ကျားပေါက်နှင့် ၄င်းသီချင်းများကိုပြန်လည်သီဆိုသောဂျပန်အဆိုတော်ယူရီကိုဟတကိုတွေ့ရစဉ်။ Phot-Yuriko Hata
သတိရရဲ့လား သီချင်း အပါအ၀င် ၎င်း၏သီချင်းသုံးပုဒ် ကို ဂျပန်အဆိုတော်တစ်ဦးက ဂျပန်ဘာသာဖြင့်သီဆို၍ ဖြန့်ချိ ခဲ့ကြောင်း အဆိုတော်ဟန်ထူးလွင် က ပြောသည်။
‘‘ပြီးခဲ့တဲ့သင်္ကြန်က သူမြန် မာပြည်ကိုလာတယ်။ ကျွန်တော် နဲ့တွေ့တယ်။ ကျွန်တော်တို့ Production လုပ်နေတော့ ပေါင်း ပြီး လုပ်ကြည့်ချင်တယ်လို့သူက ပြောတာပေါ့။ သူဆိုချင်တယ်။ ဒီ ကနေတီးပြီးပို့ပေး။ Produce လုပ်ပေး။ ဟိုကလူတွေနဲ့ Mixing လုပ်မယ်။ အဲဒီလိုနဲ့ လုပ်ဖြစ်သွား တာ’’ ဟု ၎င်းကပြောသည်။
ဂျပန်အမျိုးသမီးအဆိုတော် Yuriko Hata က အဆိုတော်ဟန် ထူးလွင်၏ သတိရရဲ့လားအပါအ ၀င်သီချင်းသုံးပုဒ်ကို စက်တင် ဘာ ၃၀ ရက်တွင် ဂျပန်နိုင်ငံ၌ ဖြန့်ချိခဲ့သည်။

Sunday, September 17, 2017

ဂစ်တာသမား Paul Gilbert နဲ့အင်တာဗျူး

ဂစ်တာသမား Paul Gilbert နဲ့အင်တာဗျူး
----------------------------------

Paul Gilbert နဲ့အင်တာဗျူးလေးကို စကော်ပီယံတို့ရဲ့ ဘော်ဒါတွေအတွက် ဘာသာပြန်ပေးချင်တာ အတော်ကြာပြီ။ ကြာပြီဆိုတာက အတော့ကိုကြာနေပြီ။ သူ့ကိုပထမဆုံးအကြိမ်အပြင်မှာတွေ့ဖူးတော့ G3 Concert မှာ ၂၀၀၇ တုန်းကပေါ့။ နောက်တော့ Mr. Big တို့တတွေ Reunion Tour ထွက်ကြပြီး ခဏပြန်ပေါင်းထုတ်တော့ တခါသွားကြည့်ရာကပြန်လာတော့ အင်တာဗျူးလေးတခုခုလောက်ဘာသာပြန်ပေးချင်စိတ်ပေါက်ဖူးတယ်။ အဲဒီတုန်းက စင်နားမတ်တပ်ရပ်နေတဲ့ ကျွန်တော့ကို ပေါလ်က လက်တန်ရှည်ကြီးနဲ့ လက်ဝါးချင်းရိုက်ပြီး နှုတ်ဆက်တယ်။ သူက အမြဲတမ်းပြုံးနေတတ်တာ။ ခက်တာက သူ့ဘဝဖြတ်သန်းမှုက အရမ်းများပြားတယ်။ အခန်းကဏ္ဍတွေ အတော်များတာ။ Racer X ဝိုင်းရှိတယ်။ Mr. Big အနေနဲ့ရှိတယ်။ Solo ဂစ်တာသမားတယောက်အနေနဲ့လဲ အောင်မြင်မှုရရှိခဲ့တယ်။ ထူးခြားတာက သူက ဒီလောက်အလုပ်များနေတဲ့ကြားကနေပြီး GIT လို့ခေါ်တဲ့ Guitar Institute of Technology မှာလဲ ဂစ်တာတီးနည်းသင်ပေးသေးတယ်။ ယုတ်စွအဆုံးပြောရရင် GIT ကျောင်းကြီးရဲ့ ဂျပန်ကျောင်းခွဲမှာ သူက ပါချုပ်ဗျ။ သူက အဲဒီလိုအလုပ်များတာ။

Saturday, September 9, 2017

တေးရေးဆရာ ထူးအိမ်သင် နှင့်တွေ့ဆုံခြင်း

တေးရေးဆရာ ထူးအိမ်သင် နှင့်တွေ့ဆုံခြင်း
| သန်းဝင်းထွဋ် | Than Win Htut ပိတောက်ပွင့်သစ် ၁၉၉၅

● ဂီတဆိုတဲ့ စကားလုံးအတွက် ကိုယ့်စိတ်ကြိုက် သတ်မှတ်ချက်၊ အဓိပ္ပါယ် ဖွင့်ဆိုချက် တစ်ခုခု။

- ဂီတဆိုတာ စကြ၀ဠာရဲ့ ရင်ခုန်သံ၊ နှလုံးသားများရဲ့ ဘာသာစကားပါပဲ။

● "Composer စစ်စစ်" ဆိုတာကို ဘယ်လိုဖွင့်ဆိုချင်ပါသလဲ?

- Composer ကတော့ ဂီတကို ဖွဲ့ဆိုသူလို့ပဲ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။ ဒီနေရာမှာ ကျွန်တော်တို့ သိထားတဲ့ သီချင်းရေးသူ (Song writer) ဆိုတာနဲ့ ခြားနားမှုရှိပါတယ်။

Wednesday, August 16, 2017

Copy from ကိုရွှေ ( ရွှေဂျော်ဂျော် )

Copy from ကိုရွှေ ( ရွှေဂျော်ဂျော် )

အတိတ်က တညနေမှာတော့ သူရယ် ကျနော်ရယ် သူ့အိမ်က ကြမ်းပြင်ပေါ်မှာ ငုပ်တုပ်ထိုင်လို့ TV ကြည့်နေခဲ့ကြတယ် ။

သူအလွန်ကြိုက်တဲ့ အငြိမ့်မင်းသမီးအမာစိန် ကတာ ထိုင်ကြည့်နေကြတာပါ ။ ပြီးတော့ .. သူက ..

" တွေ့လား .. သူလက်ချိုးပုံ က စည်းချက်အကျမှာ မဟုတ်ဘဲ ကြားထဲမှာ ချိုးတာ အရမ်းမိုက်တယ် "

သူက စာပေ နဲ့ ဂီတအပြင် တခြား အနုပညာတွေလည်း ငတ်မွတ်စွာ လိုက်လံ ခံစားလေ့ရှိတယ် ။

Thursday, August 3, 2017

အမှန်ပဲဆိုတဲ့ တောင်ကြီးမြို့က လူမင်း



ဂီတအကြောင်း သောင်းပြောင်းထွေလာ added 4 new photos.

အမှန်ပဲဆိုတဲ့ တောင်ကြီးမြို့က လူမင်း
အခုတလော တောင်ကြီးသားတွေ ဆက်တိုက်ဆိုသလို တစ်ယောက်ပြီးတစ်ယောက် စီးရီးအယ်လ်ဘမ်တွေ ထွက်နေကြတယ်။ များသောအားဖြင့်က လူငယ်သွေးသစ်တွေပါ။
"အမှန်ပဲဆို"လို့ အမည်ပေးထားသော တေးအယ်လ်ဘမ်ကို သီဆိုထားသူ "လူမင်း" ဂီတလောကထဲမှာ ကြာခဲ့ပါပြီ။ ဟန်ထွန်း ရိုင်းဟန် အစရှိသူတို့ရဲ့ တေးအယ်လ်ဘမ်တွေမှာ ရေးသားခဲ့သူ လူမင်း (TGI)ပါ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်မှာ သီချင်းတွေရေးသားခဲ့ဖူးပြီး ပျောက်ကွယ်နေခဲ့ရာကနေ ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ တကျော့ပြန်လာခဲ့သူပါ။
သူ့အဖြေတွေဖတ်ပြီး သူ့သီချင်း​တွေ နားဆင်လိုက်ကြရအောင်ပါ.. ...

Thursday, July 27, 2017

တေးသံရှင် ငဲငယ်လေးနှင့် တွေ့ဆုံခြင်း


ဂီတအကြောင်း သောင်းပြောင်းထွေလာ added 25 new photos.

တေးသံရှင် ငဲငယ်လေးနှင့် တွေ့ဆုံခြင်း
Iron Cross တီးဝိုင်းရဲ့ ပင်တိုင်ဂီတာတီးခတ်သူ ချစ်စမ်းမောင်ကို ဂီတကိုချစ်မြတ်နိုးသူတိုင်း သိရှိအားပေးကြမှာပါ။ လက်ရှိအချိန်မှာတော့ ဂီတာချစ်စမ်းမောင်ရဲ့ မျိုးဆက်သစ်တစ်ဦးဖြစ်တဲ့အပြင် Iron Cross တီးဝိုင်းရဲ့ လူငယ်မျိုးဆက်သစ် တစ်ဦးက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဂီတာ ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ ငဲငယ်လေးက အသက်သုံးနှစ်ခွဲအရွယ်က စတင်ပြီး သီချင်းဆိုဝါသနာပါခဲ့သူပါ။ ရော့ခ်ဂီတကို ခုံမင်နှစ်သက်သူ ငဲငယ်လေးက မေလအတွင်းမှာ အိပ်မက်နဲ့စိတ်ဓာတ်လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီးခွေကို စတင်ထွက်ရှိခဲ့ပါတယ်။ ဂီတာတီးခတ်ရာမှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်သလို ရော့ခ်သံစဉ်တေးသွားများနဲ့ တေးသီချင်းတွေကိုလည်း ပိုင်နိုင်ကျွမ်းကျင်စွာ သီဆိုတတ်သူတစ်ဦးအနေနဲ့ ပရိသတ်ရှေ့မှောက်ရောက်ရှိလာတဲ့ လူငယ်တေးသံရှင် ငဲငယ်လေးကို ဂီတနဲ့ပတ်သက်လို့ ရူးသွပ်ခုံမင်မှု၊ ကြိုးစားအားထုတ်မှုများနဲ့ ရှေ့ဆက်လုပ်ဆောင် သွားမယ့်အရာတွေနဲ့ ပတ်သက်လို့လည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Wednesday, June 28, 2017

ဆောင်းဦးလှိုင်နှင့်တွေ့ဆုံခြင်း


‘‘ကျွန်တော်သြဇီမှာမဟုတ်ပါဘူး၊ ဘော်နီယိုကျွန်းမှာ နေတာပါ။ သြစတြေးလျလို့လည်း ထင်ကြတယ်။ ကျွန်တော်ကိုယ်တိုင်က သိုသိုသိပ်သိပ်နေတတ်တော့ သိပ်မပြောဘူး’’
လွန်ခဲ့သည့် သုံးနှစ်ကျော်က ပြည်ပသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အဆိုတော် ဆောင်းဦးလှိုင်က ‘ကမ္ဘာ့စံချိန်’ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်အခွေကို ယခုရက်ပိုင်းအတွင်း ဖြန့်ချိခဲ့သည်။ တစ်ကိုယ်တော်အခွေမထွက် သည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်၍ အဆိုတော် ဆောင်းဦးလှိုင်ကို ပြည်ပတွင် သွားရောက်နေထိုင်ဖြစ်သည့်အကြောင်းအရာများအပါအ၀င် လက်ရှိဖြန့်ချိသည့် တေးစီးရီးအကြောင်း အွန်လိုင်းမှဆက်သွယ်မေးမြန်းခဲ့ပါသည်။

Friday, June 16, 2017

စိုင်းဆိုင်မောဝ်း

 Mi Mi Tun added 4 new photos — with Mi Mi Tun.
#စိုင်းဆိုင်မောဝ်း
🕴🕴🕴🕴🕴🕴
၁၉၄၉ ခု ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ အဘစိုင်းဘခိုင်၊ အမိဒေါ်အေးစိန် တို့က မူဆယ်မြို့မှာ စိုင်းဆိုင်မောဝ်ကို ဖွားမြင်ခဲ့တယ်။ ညီအစ်ကို မောင်နှမများကတော့-
(၁) စိုင်းကျော်စံ (ခေါ်) စိုင်းလောဝ်ဆိုင်
(၂) စိုင်းရွှေလှ (ခေါ်) စိုင်းလိန်ခမ်း
(၃) စိုင်းဆမ်
(၄) စိုင်းညွှန့်မောင် (ခေါ်) စိုင်းဆိုင်မောဝ်
(၅) စိုင်းတား (ခေါ်) စိုင်းလှိုင်းဆိုင်
(၆) နန်းသိန်းဟန် တို့ပါပဲ။
သူဟာ ငယ်ငယ်ကတည်းက အနုပညာဝါသနာပါသူတစ်ယောက်ပါ။ တောထဲ တောင်ထဲ သွားလည်တဲ့အချိန်၊ ရွှေလီမြစ်ကမ်းနံဘေး သွားလည်တဲ့အချိန်တွေမှာ သီချင်း မဟုတ်သေးတဲ့သီချင်းတွေကို သူ့ဖာသာ သူသီဆိုနေလေ့ရှိတယ်။ အဲဒါဟာ သူရဲ့ အနုပညာ မျိုးစေ့လို့ ဆိုရပါမယ်။

Saturday, June 10, 2017

သီချင်းများနဲ့ တော်လှန်ရေးလူသား (သို့မဟုတ်) တေးရေးကိုနေဝင်း

သီချင်းများနဲ့ တော်လှန်ရေးလူသား (သို့မဟုတ်) တေးရေးကိုနေဝင်း

လက်ရှိအချိန်တွင် အသက် ၆၇ နှစ်ရှိနေပြီဖြစ်သည့် တေးရေးကိုနေ ဝင်းနှင့် မေလ နောက်ဆုံးပတ်များထဲ မှတစ်ရက်တွင် တွေ့ဆုံဖြစ်သည်။ ကိုနေဝင်းနေထိုင်ရာ အင်းစိန်၊ ကြို့ ကုန်းရှိ နေအိမ်တွင်သွား ရောက်တွေ့ ဆုံဖြစ်ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင် ဆိုင်ပင် ကိုနေဝင်းအိမ်ရောက်ချိန် မိုးက သည်းသည်း မဲမဲရွာနေသည်။
"ခင်ဗျားတို့မလာခင်လေးမှာ မီးပျက်နေတာ။ ခုပြန်လာပြီဆိုတော့ ခင်ဗျားတို့ကံကောင်းတယ်"ဟု သူက ခရီးဦးကြိုပြုရင်းပြောသည်။

Friday, June 9, 2017

စိုင်းထီးဆိုင် အတ္ထုပ္ပတ္တိ



Mi Mi Tun added 5 new photos — with Mi Mi Tun.

စိုင်းထီးဆိုင် အတ္ထုပ္ပတ္တိ
•••••••••••••••••••
စိုင်းထီးဆိုင်ကို အဖ ဦးနန္ဒာ၊ အမိ ဒေါ်နန်းအိမ် တို့မှ (၁၉၅၀) ပြည့်နှစ်၊ စက်တင်ဘာလ(၂၃)ရက်၊ စနေနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့တွင် မွေးဖွားခဲ့ပါသည်။မွေးချင်း(၅)ဦးအနက် စိုင်းထီးဆိုင်မှာ သားအကြီးဆုံး ဖြစ်ပြီး ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသန်းထွေး(ခ)ယိင်း နှင့် ညီ စိုင်းအောင်ထီးခမ်းတို့ ဖြစ်ပါသည်။
စိုင်းထီးဆိုင် မွေးစက ပြာနှမ်းနှမ်း မည်းတူးတူးလေးဖြစ်၍ နာမည်ကို "အိုက်တူး" ဟု အလွယ်တကူ မှည့်ခေါ်ခဲ့ကြပြီး လသားအရွယ် အမည်မှည့်ချိန်ရောက်တွင် "စိုင်းတင်ဦး" ဟု မှည့်ခဲ့ကြသည်။ ကိုရင်ကြီး ဝတ်ချိန်တွင် "ရှင်ဓမ္မရက္ခိတ" ဘွဲ့အမည်ဖြင့် သင်္ကန်းစည်းခဲ့သည်။ အသက်(၅)နှစ်ကျော် အရွယ်၌ လင်းခေးရှိ အလယ်တန်းကျောင်းတွင် တက်သော် လည်း စာသင်နှစ်မပြီးခင်အချိန်မှာ လင်းခေးကျောင်းမှထွက် ပြီး လွယ်လင်ရှိ Sacred Heart Convent High School တွင် ကျောင်းအိပ်ကျောင်းစား သွားနေရသည်။

Saturday, May 27, 2017

အသက်အရွယ်နဲ့မလိုက်အောင် ဂစ်တာ တီးကျွမ်းကျင်လှတဲ့ မြင်းခြံသားလေးအကြောင်း



မြန်မာ့သတင်းထူးသတင်းဦးများ added 4 new photos.

အသက်အရွယ်နဲ့မလိုက်အောင် ဂစ်တာ တီးကျွမ်းကျင်လှတဲ့ မြင်းခြံသားလေးအကြောင်း
အသက် ၁၀နှစ်အရွယ်ပဲရှိသေးပေမဲ့ အရွယ်နဲ့မလိုက်အောင် ဂီတာတီးကျွမ်းကျင်လွန်းတဲ့ ကလေးငယ်ကို ဖေ့စ်ဘွတ်ခ်မှာ ပရိသတ်မြောက်မြားစွာ ရရှိနေပါတယ် ။ သူ့အမည်က ဥက္ကာဖြိုးဖြစ်ပြီး မြင်းခြံမြို့ က ဆန္ဒတော်ပြည့် ဘုရားကြီးရဲ့ ရှေ့ဈေးတန်းမှာ အအေးရောင်းတဲ့ မိဘ တွေရဲ့ သားဦး လေးဖြစ်ပါတယ်။ ဖခင် ဖြစ်သူဟာ အပျော်တမ်း တီးဝိုင်းမှာ တီးတဲ့ ဂီတာသမားမို့ သူကလည်း အတုမြင် အတတ်သင် အသက် ၈နှစ် အရွယ်ကစတင်ကာ ဂီတာကို ကျွမ်းကျင်စွာ တီးခတ်တတ်ခဲ့သူပါ ။ သူဟာ အခုနှစ် ငါးတန်း အောင်လို့ ခြောက်တန်းတက်ရတော့မှာဖြစ်ပါတယ်။

ကိုအယ်ဖြူ၏ ကိုယ်ရေးအကျဉ်း

ကိုအယ်​ဖြူကွယ်​လွန်​ခြင်း ၁၃ နှစ်​ပြည့်

`ပို့စ်​အ​ဟောင်းများကို စုစည်းပြန်​တင်​ခြင်း´

ကိုအယ်ဖြူ၏ ကိုယ်ရေးအကျဉ်း

အမည်ရင်း -နိုင်အောင်ထွန်း

မိဘ -ဦးထွန်းပေါ်၊ဒေါ်တင်မေ

မွေးချင်း-၈ယောက်အနက် ၇ယောက်မြောက်

မွေးသက္ကရာဇ်-6-51972

ဇာတိ-တောင်ကြီးမြို့၊ရေအေးကွင်းရပ်

ပညာအရည်အချင်း-တောင်ကြီးမြို့၊အထက၆မှ ၁၀တန်းအောင်၊ဒုတိယနှစ် Eco ရန်ကုန်တက္ကသိုလ်

အနုပညာလုပ်ရှားမှု-၁၉၈၈တောင်ကြီးလွတ်လပ်ရေးပွဲတွင် ဗစ်တာခင်ညို၏ မြခွာညိုသီချင်းသီဆိုခဲ့။၁၉၉၀မှာ မာကျူရီတီးဝိုင်းစဖွဲ့ပြီး လိဒ်ဂစ်တာ တီးခတ်ခဲ့။၁၉၉၀-၉၁မှာ တေးရေးဆရာမောင်မောင်ဇော်လတ်နှင့်သိကျွမ်းခင်မင်ပြီး ကိုယ်ပိုင်သံစဉ်သီချင်းများ စတင်ရေးသားခဲ့။၁၉၉၂တွင် ဘေ့စ်ဂစ်တာ ပြောင်းလဲတီးခတ်ခဲ့။တာရာရဲ့"အလင်းတန်းများ"ခွေတွင် ပါဝင်ရေးသားခဲ့။၁၉၉၅ မနန်းသဲနီနှင့်အိမ်ထောင်ပြု။၁၉၉၆ The Ants အဖွဲ့ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ သားဦးကလေး မိုးထက်သာကို ဖွားမြင်ခဲ့။"ရောင်စုံချောကလက်"၊"နှံကောင်လေးရဲ့နွေဦးပုံပြင်"ခွေများမှာ ကိုယ်တိုင်ရေးသားသီဆိုခဲ့

Thursday, May 25, 2017

မိမိခိုင်​ သို့ ထွန်းအိန္ဒြာဗို


Music Crazy Te Te Tar Tar added 4 new photos.

📹 📺 မိမိခိုင်
သို့
ထွန်းအိန္ဒြာဗို 🎷🎸
♪ ➬ ♫ ➬ ♩ ➬ ♬ ➬ ♭ ➬ ♮ ➬ ♯
သရုပ်​​ဆောင်​ချက်​ ​တွေဟာ ​ပီပြင်​ပိုင်​နိုင်​လွန်းသလို ​တေးသီချင်းဆိုရာမှာလည်း ဆရာကျတဲ့
ရုပ်​ရှင်​ဂီတနှစ်​ဖက်​လှတဲ့ ...
မိမိခိုင်​ သို့ ထွန်းအိန္ဒြာဗို

ကျွန်မနာမည်အရင်းက “မိမိခိုင်”၊ ကျောင်းပြီးတဲ့အထိ “မိမိခိုင်” နာမည်နဲ့ပဲပေါ့။ တက္ကသိုလ်ရောက်ပြီး တတိယနှစ်၊ စတုတ္ထနှစ်လောက်ကျတော့ မြန်မာပြည် ကိုသိန်းတန်ရဲ့ L.P.J ဂီတဝိုင်းနဲ့ အပျော်တမ်း လိုက်ဆိုဖြစ်တာလည်း “မိမိခိုင်” နာမည်နဲ့ပဲပေါ့။ ရန်ကုန်မှာ တက္ကသိုလ် လာတက်ရတော့ အဆောင်မှာ နေရတာလေ။ ဒါကြောင့် ညဘက်မထွက်ရတော့ နေ့ဘက်ပွဲလေးတွေကို အတွေ့အကြုံရအောင် ဆိုဖြစ်တာ။ အဲဒီတုန်းက အတွေ့အကြုံတွေ ဘာတွေ နားမလည်ဘဲနဲ့ သီချင်းဆိုချင်လွန်း အားကြီးလို့ ဆိုဖြစ်တာ။ ဒီလို နာမည်ကြီးဝိုင်းကြီးနဲ့ လိုက်ဆိုရတာကို အရမ်းဂုဏ်ယူပြီး ပိုက်ဆံမယူဘဲနဲ့ အိတ်စိုက်ကို လိုက်ဆိုဖြစ်ခဲ့တာပေါ့။ အဲဒီမှာ နာမည်ကြီးတွေ မရောက်သေးဘူးဆိုရင် Stage ပေါ် ကျွန်မတို့ တက်ရတာပေါ့နော်။ နာမည်ကြီးတွေ လာရင်တော့ မဆိုရဘူးပေါ့။ အဲဒီတုန်းက လိုသုံးနေရာလေးမှာ နေခဲ့တာပေါ့နော်။ ပျော်စရာတော့ တော်တော်ကောင်းခဲ့တယ်လေ။