Copy from ကိုရွှေ ( ရွှေဂျော်ဂျော် )
အတိတ်က တညနေမှာတော့ သူရယ် ကျနော်ရယ် သူ့အိမ်က ကြမ်းပြင်ပေါ်မှာ ငုပ်တုပ်ထိုင်လို့ TV ကြည့်နေခဲ့ကြတယ် ။
သူအလွန်ကြိုက်တဲ့ အငြိမ့်မင်းသမီးအမာစိန် ကတာ ထိုင်ကြည့်နေကြတာပါ ။ ပြီးတော့ .. သူက ..
" တွေ့လား .. သူလက်ချိုးပုံ က စည်းချက်အကျမှာ မဟုတ်ဘဲ ကြားထဲမှာ ချိုးတာ အရမ်းမိုက်တယ် "
သူက စာပေ နဲ့ ဂီတအပြင် တခြား အနုပညာတွေလည်း ငတ်မွတ်စွာ လိုက်လံ ခံစားလေ့ရှိတယ် ။
မန္တလေးမှာ မန္တလေးလူရွှင်တော်ကြီးတွေရဲ့
ပျက်လုံးကို တကူးတက ကြည့်ယုံမက အပြင်ထိ လိုက်ပြီး သိချင်တာတွေ
လိုက်မေးတတ်တော့ .. လူကြီးတွေကလည်း " ငါတို့ဆီ လာတာလည်း မင်းဘဲရှိတယ် "
လို့ ပြောကြရှာပါတယ် ။
သီချင်းရေးဆရာကြီးတွေ ဖြစ်တဲ့ ဆရာမြို့မငြိမ်း နဲ့ ဦးဘသိန်း တို့ကို ကြိုက်တာတော့ အထူးပြောစရာကို မလိုတော့ပါဘူး ။ သူက ခံစားလွယ်တော့ ကျနော်တို့ မျိုးဆက်က မန္တလေးသား သီချင်းရေးဆရာ သူရချစ်မောင် ဆုံးတော့လည်း ကျနော်တို့လို သူအတော် ခံစားရတာပါဘဲ ။ ကျနော်တို့က သူ့အိမ်ပေါ် တခါတခါ အကြာကြီး တက်နေခဲ့ကြတာကိုး ။
မန္တလေးရဲ့ အနုပညာလောကအကြောင်းပြောပြီး တော့ သူပြုံးပြီးပြောတယ် ။
" အမေ ကလည်းဗျာ ကျနော့်ကို မန္တလေးသား ဖြစ်အောင် မမွေးခဲ့ဘူး "
(သူ့ မိခင် ဟာ သူနာပြုဆရာမ ဘဝနဲ့ မန္တလေးမှာ တာဝန်ကျဖူးခဲ့တယ် လို့ ကျနော် မှတ်မိတယ်)
ဒါ သူအလွန်ချစ်တဲ့ သူမွေးဖွားရာ ပုသိမ်မြို့ကို မချစ်လို့ ပြောတာမဟုတ်ဘဲ မန္တလေးရဲ့အနုပညာလောက ကို သူရဲ့ လေးစားမြတ်နိုးမှု ကို ပြတာပါဘဲ ။
သူရယ် မြင့်မိုးအောင် မောင်မောင်ဇော်လတ် အယ်ဖြူ နဲ့ ကျနော် တို့ မန္တလေးကို ရက်ရှည်ပြန်လာပြီး ဆရာကြီး အင်းလေးဦးမြင့်မောင်ဆီမှာ မြန်မာဂီတဆိုင်ရာ အချက်အလက်တွေ ပြန်လည် စုဆောင်းသင်ယူလေ့လာဘို့ အစီအစဉ်ရှိခဲ့ကြဖူးတယ်။ မန္တလေးသား Leonard Mgmg Lwin ကိုပါ ခေါ်မယ်ပေါ့ ။ ကျနော်တို့ တိုင်ပင်ထားခဲ့ကြပေမယ့် နောက်မကြာမီ ဆရာကြီး ကွယ်လွန်သွားခဲ့ပါတယ်။
ဒီလိုပါဘဲ ကျနော်တို့ နိုင်ငံဟာ အကောင်းတရားတွေ လုပ်ဘို့ ထူထောင်ဘို့ဆို ကျိန်စာသင့်နေသလိုပါဘဲ ။ မကောင်းတာတွေ မဟုတ်တာတွေတော့ ဘာမဆို လွယ်လွယ်ကူကူ ထူထောင် အောင်မြင်နေတတ်တာ အခုထိပါဘဲ ။
အဲသလိုနဲ့ သူ ချစ်တဲ့ မန္တလေးက လူရွှင်တော်ကြီးတွေ ဆီကို ထိုက်သင့် နဲ့ လေးစားမှု နဲ့ အနုပညာကြေးတွေ ရောက်မလာခဲ့သလို သူ့ဆီလည်း ထိုက်သင့်တာတွေ ရောက်မလာခဲ့ပါဘူး ။
နောက်တော့ .. သူ လက်တွန်းဘီးတခုပေါ်မှာ အထူးစမ်းသပ်ကုသဆောင်ဝင်ဘို့ ခဏစောင့်နေတယ်။
ရေဆာတယ် ပြောလို့ ကိုဇော်သစ်(နှင်းဆီလှိုင်း) က ရေတခွက် ဖန်ခွက်ကြီးနဲ့ တိုက်တယ်။
ကျနော်က " အဲဒီ အခန်းက ပြန်ထွက်လာရင် အာလုံးသက်သာသွားမှာပါ ကိုလေးရယ် " လို့ပြောခဲ့မိတယ် ။
ပြီးတော့ ကျနော့်ဖခင် တုန်းကလို .. သူ နဖူးကို နမ်းပြီး နှုတ်ဆက်ခဲ့ပါတယ် ။ သူ ကတော့ အဝေးတနေရာကို ငေးနေခဲ့တယ် ။ နောက် သူ့ကို သူ့ညီ အငယ်ဆုံးနဲ့ အထူးကုသခန်းထဲ ထားခဲ့တယ် ။
နောက် ၁၅ မိနစ်မှာတော့ ... သင်းကွဲငှက် ဟာ အဆုံးအစမဲ့ မိုးသားထဲ ထွက်သွားရော ..!
အဲဒါ ၁၄ / ၈ / ၂၀၀၄
ဒီနေ့ (၁၃)နှစ် ပြည့်သွားပါပြီ .. ။
#photocredit_Ko_Nay_Tun #Sggmiss13
အတိတ်က တညနေမှာတော့ သူရယ် ကျနော်ရယ် သူ့အိမ်က ကြမ်းပြင်ပေါ်မှာ ငုပ်တုပ်ထိုင်လို့ TV ကြည့်နေခဲ့ကြတယ် ။
သူအလွန်ကြိုက်တဲ့ အငြိမ့်မင်းသမီးအမာစိန် ကတာ ထိုင်ကြည့်နေကြတာပါ ။ ပြီးတော့ .. သူက ..
" တွေ့လား .. သူလက်ချိုးပုံ က စည်းချက်အကျမှာ မဟုတ်ဘဲ ကြားထဲမှာ ချိုးတာ အရမ်းမိုက်တယ် "
သူက စာပေ နဲ့ ဂီတအပြင် တခြား အနုပညာတွေလည်း ငတ်မွတ်စွာ လိုက်လံ ခံစားလေ့ရှိတယ် ။
မန္တလေးမှာ မန္တလေးလူရွှင်တော်ကြီးတွေရဲ့
သီချင်းရေးဆရာကြီးတွေ ဖြစ်တဲ့ ဆရာမြို့မငြိမ်း နဲ့ ဦးဘသိန်း တို့ကို ကြိုက်တာတော့ အထူးပြောစရာကို မလိုတော့ပါဘူး ။ သူက ခံစားလွယ်တော့ ကျနော်တို့ မျိုးဆက်က မန္တလေးသား သီချင်းရေးဆရာ သူရချစ်မောင် ဆုံးတော့လည်း ကျနော်တို့လို သူအတော် ခံစားရတာပါဘဲ ။ ကျနော်တို့က သူ့အိမ်ပေါ် တခါတခါ အကြာကြီး တက်နေခဲ့ကြတာကိုး ။
မန္တလေးရဲ့ အနုပညာလောကအကြောင်းပြောပြီး
" အမေ ကလည်းဗျာ ကျနော့်ကို မန္တလေးသား ဖြစ်အောင် မမွေးခဲ့ဘူး "
(သူ့ မိခင် ဟာ သူနာပြုဆရာမ ဘဝနဲ့ မန္တလေးမှာ တာဝန်ကျဖူးခဲ့တယ် လို့ ကျနော် မှတ်မိတယ်)
ဒါ သူအလွန်ချစ်တဲ့ သူမွေးဖွားရာ ပုသိမ်မြို့ကို မချစ်လို့ ပြောတာမဟုတ်ဘဲ မန္တလေးရဲ့အနုပညာလောက ကို သူရဲ့ လေးစားမြတ်နိုးမှု ကို ပြတာပါဘဲ ။
သူရယ် မြင့်မိုးအောင် မောင်မောင်ဇော်လတ် အယ်ဖြူ နဲ့ ကျနော် တို့ မန္တလေးကို ရက်ရှည်ပြန်လာပြီး ဆရာကြီး အင်းလေးဦးမြင့်မောင်ဆီမှာ မြန်မာဂီတဆိုင်ရာ အချက်အလက်တွေ ပြန်လည် စုဆောင်းသင်ယူလေ့လာဘို့ အစီအစဉ်ရှိခဲ့ကြဖူးတယ်။ မန္တလေးသား Leonard Mgmg Lwin ကိုပါ ခေါ်မယ်ပေါ့ ။ ကျနော်တို့ တိုင်ပင်ထားခဲ့ကြပေမယ့် နောက်မကြာမီ ဆရာကြီး ကွယ်လွန်သွားခဲ့ပါတယ်။
ဒီလိုပါဘဲ ကျနော်တို့ နိုင်ငံဟာ အကောင်းတရားတွေ လုပ်ဘို့ ထူထောင်ဘို့ဆို ကျိန်စာသင့်နေသလိုပါဘဲ ။ မကောင်းတာတွေ မဟုတ်တာတွေတော့ ဘာမဆို လွယ်လွယ်ကူကူ ထူထောင် အောင်မြင်နေတတ်တာ အခုထိပါဘဲ ။
အဲသလိုနဲ့ သူ ချစ်တဲ့ မန္တလေးက လူရွှင်တော်ကြီးတွေ ဆီကို ထိုက်သင့် နဲ့ လေးစားမှု နဲ့ အနုပညာကြေးတွေ ရောက်မလာခဲ့သလို သူ့ဆီလည်း ထိုက်သင့်တာတွေ ရောက်မလာခဲ့ပါဘူး ။
နောက်တော့ .. သူ လက်တွန်းဘီးတခုပေါ်မှာ အထူးစမ်းသပ်ကုသဆောင်ဝင်ဘို့
ရေဆာတယ် ပြောလို့ ကိုဇော်သစ်(နှင်းဆီလှိုင်း)
ကျနော်က " အဲဒီ အခန်းက ပြန်ထွက်လာရင် အာလုံးသက်သာသွားမှာပါ ကိုလေးရယ် " လို့ပြောခဲ့မိတယ် ။
ပြီးတော့ ကျနော့်ဖခင် တုန်းကလို .. သူ နဖူးကို နမ်းပြီး နှုတ်ဆက်ခဲ့ပါတယ် ။ သူ ကတော့ အဝေးတနေရာကို ငေးနေခဲ့တယ် ။ နောက် သူ့ကို သူ့ညီ အငယ်ဆုံးနဲ့ အထူးကုသခန်းထဲ ထားခဲ့တယ် ။
နောက် ၁၅ မိနစ်မှာတော့ ... သင်းကွဲငှက် ဟာ အဆုံးအစမဲ့ မိုးသားထဲ ထွက်သွားရော ..!
အဲဒါ ၁၄ / ၈ / ၂၀၀၄
ဒီနေ့ (၁၃)နှစ် ပြည့်သွားပါပြီ .. ။
#photocredit_Ko_Nay_Tun #Sggmiss13
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။