ရည်တော့ ရည်ရသာ ...
ခုဖြစ်နေတဲ့ နိုင်ငံတော်ရဲ့
ချို့ယွင်းမှု အားလုံးကို ဒေါ်စုကိုချည်း ပုံချကြတယ် ...
---
-----
တချို့ကဆို
သူဘာမှလုပ်မရတဲ့
အရင်အာဏာရှင်တွေခေတ်မှာ
ဖြစ်ခဲ့ကြတဲ့ ပြသနာတွေကိုတောင်
သူ့ကို အပြစ်ပုံချတတ်ကြသေးတယ်ဗျ ...
ဆိုပါတော့ဗျာ ...
ခု ဖြစ်နေတဲ့ ဘင်္ဂါလီပြသနာဆိုရင်လဲ
တချိန်က ဒေါ်စုတို့က အကာကွယ်ပေးခဲ့ကြလို့
ခုလို ဆိုးနေတာလို့ ပြောသူတွေက အများသား ...
ဘင်္ဂါလီတွေကို ငွေယူပြီး ခေါ်သွင်းခဲ့သူတွေ ....
နိုင်ငံသားကတ်တွေရောင်းစားခဲ့သူတွေ ...
အာဏာကိုထိခိုက်နိုင်တဲ့
တခြားနိုင်ငံရေးပြသနာတွေကို တော့
နိုင်ငံတကာရဲ့ဖိအားပေးမှုကို ဂရုမစိုက်ပဲ
လုပ်ချင်သလို လုပ်ခဲ့ကြပြီး
အာဏာကို မထိခိုက်နိုင်တဲ့
ခုဘင်္ဂါလီပြသနာကိုတော့ မသိသလို မဆိုင်သလို
ပစ်ထားခဲ့ကြတဲ့ အရင်တာဝန်ရှိသူတွေ ...
အဲ့ဒီလူတွေကို အပြစ်ပြောတာတော့ မတွေ့ရဘူးဗျ ...
နောက်ပြီး
အာဏာရှင်တွေခေတ်မှာ နိုင်ငံတော်ရဲ့
စည်းပွားရေးကျဆင်းသွားရတာလဲ
ဒေါ်စုကိုပဲ အပြစ်ပုံချကြတယ် ...
ဒေါ်စုက
ကမ္ဘာ့နိုင်ငံကြီးတွေကို
စည်းပွားရေးပိတ်ဆို့အရေးယူဖို့တောင်းဆိုခဲ့တာကြောင့်
နိုင်ငံတကာကလဲ ပိတ်ဆို့ခဲ့လို့ ခုလိုဆင်းရဲသွားတာဆိုပဲဗျ ...
နိုင်ငံ ခုလောက်ဆင်းရဲသွားတာဟာ
ဘယ်သူ့ကြောင့်လဲဆိုတာ တွေးကြည့်ရင် အသိသာကြီးပါ ...
လာဘ်စားမှုများလာရင် အဲ့ဒီနိုင်ငံဟာ
သိကြားမင်း ရွှေအိုးဆင်းပေးတောင် မချမ်းသာဘူးဗျ ...
အရင်အာဏာရှင်တွေခေတ်မှာ
နိုင်ငံရဲ့ လာဘ်စားမှုဟာ
ကမ္ဘာမှာအဆိုးရွားဆုံးစာရင်ဝ င်ခဲ့တာ
တခုတည်းကို ကြည့်ရုံနဲ့ပဲ
ဒီနိုင်ငံ ဒါလောက်ဆင်းရဲသွားတာ
ဘယ်သူ့ကြောင့်လဲဆိုတာ သိနိုင်ပါတယ် ...
ဒါပေမယ့်
သူတို့ အပြစ်ပြောခံရတာနဲစေဖို့အတွက်
ထောင်ထဲရောက်နေတဲ့ ဒေါ်စုကိုပဲ အပြစ်ပုံချခဲ့ကြတယ် ...
---
-----
ခုလို အာဏရလာတော့လဲ
နိုင်ငံမှာ တခုခုဖြစ်တာနဲ့ ဒေါစုကိုပဲ လက်ညှိုးထိုးကြတယ် ...
စည်းပွားရေးကျဆင်းနေတယ် ... ဒေါ်စုကြောင့် ...
ငွေးဈေးတွေကျနေတယ် ... ဒေါ်စုကြောင့် ....
ကုန်ဈေးနှုံးတွေတက်နေတယ် ... ဒေါ်စုကြောင့် ...
တိုင်းရင်းသားစစ်ပွဲတွေဖြစ် နေတယ် ... ဒေါ်စုကြောင့် ...
ဘင်္ဂါလီတွေ အကြမ်းဖက်တိုက်ခိုက်တယ် ... ဒေါ်စုကြောင့် ...
မှုခင်းတွေများလာတယ် ... ဒေါ်စုကြောင့် ...
ဟိုဟာဖြစ်လဲ ...... ဒေါ်စုကြောင့် ...
ဒီဟာဖြစ်လဲ ...... ဒေါ်စုကြောင့် ....
---
-----
ဒီနေရာမှာ
တခုတော့ တွေးရပါ့မယ် ...
နိုင်ငံတွင်းမှာ ဖြစ်နေသမျှ ပြသနာအားလုံးဟာ
ဒေါ်စုမှာ တကယ် တာဝန်ရှိလား မရှိဘူးလားဆိုတာကိုပါ ...
ဒေါ်စုဟာ သမ္မတမဟုတ်ပေမယ့်
သမ္မတအထက်ကနေပြီး လုပ်နေတယ်ဆိုတာ
လူတိုင်းသိကြပါလိမ့်မယ် ...
ဒါကြောင့် ပြသနာအားလုံးဟာ
သူ့မှာချည်း တာဝန်ရှိသလို ပြောနေကြတာပါ ...
ဒါပေမယ့်
မြန်မာနိုင်ငံရဲ့အခြေခံဥပဒေ ဟာ
လုပ်ပိုင်ခွင့်အားလုံးကို
သမ္မတကိုချည်းပေးထားပါသလား ...
တခြားနိုင်ငံတွေမှာ
လုပ်ပိုင်ခွင့်အားလုံးနီးပါးကို
သမ္မတကိုပေးထားလို့
ဖြစ်သမျှအားလုံးကို အာဏာအရှိဆုံးဖြစ်တဲ့
သမ္မတကို ပုံချတာ သဘာဝကျပေမယ့်
လုပ်ပိုင်ခွင့် အကန့်သတ်တာရှိတဲ့
နိုင်ငံတခုရဲ့ ခေါင်းဆောင်ကို
ဖြစ်သမျှ အပြစ်တွေ ပုံချတာတော့
သဘာဝမကျဘူးထင်ပါတယ် ....
ခြေဥကို
သူတို့လိုချင်သလို ရေးဆွဲထားလို့
အားလုံးဟာ သူ့အကန့်နဲ့သူပါ ...
စီးပွားရေး ပညာရေးနဲ့
နိုင်ငံခြားရေးမူတွေမှာ
သမ္မတဟာ စိတ်တိုင်းကျ စီမံခွင့်ရှိလို့
အဲ့ဒါတွေနဲ့ဆိုင်တာတွေမှာတော့
ဒေါ်စုညံ့လို့ ဆိုရင် မှန်နိုင်ပါတယ် ...
ဒါပေမယ့်
လုံခြုံရေးတွေ ကာကွယ်ရေးတွေလို
တပ်မတော်နဲ့ ရဲလိုလက်နက်ကိုင်တွေနဲ့ဆိုင်ရာတွေမှာတော့
လုပ်ပိုင်ခွင့်ကို သမ္မတကိုပေးမထားပဲ
ကာချုပ်ကိုပဲ ပေးထားတာပါ ...
အဲ့ဒါကြောင့်
လုံခြုံရေး ကာကွယ်ရေးပြသနာတွေမှာတော့
ဒေါ်စုမှာ တာဝန်ရှိတယ်လို့ ပြောလို့မရပါဘူး ...
ဒါပေမယ့်
ဖြစ်လာသမျှ ပြသနာတိုင်းကိုတော့
ဒေါ်စုချည်း ပြောနေကြတာပဲဗျ ...
နိုင်ငံတကာကလဲ
ပြည်တွင်းစစ်တွေအတွက်နဲ့
စစ်ပွဲတွေရဲ့တာဝန်အရှိဆုံြး ဖစ်တဲ့
ကာချုပ်ကို သိပ်ပြီး မေးခွန်းမထုတ်ပဲ
ဒေါ်စုကိုပဲ မေးခွန်းထုတ်တာ တွေ့ရပါ့မယ် ...
ပြည်တွင်းက
တချို့နိုင်ငံရေးသမားတွေကလဲ
ဒီသဘောနဲ့ပဲဆိုတာ တွေ့ရမှာပါ .....
---
-----
ပြောရရင်တော့
ခြေဥဟာ သမ္မတကို ဟန်ပြလောက်ပဲထားပြီး
အာဏာရှင်ကိုပဲ အာဏာပေးထားခဲ့တာပါ ...
ပြောရရင်
အာဏာရလာမယ်ဆိုတာသေချာနေတဲ့
ဒေါ်စုကို သူတို့အတွက်ဒိုင်သဖွယ်လုပ်ထားခဲ့တာပါ ...
ဒါပေမယ့်
ဒေါ်စုကလဲ ခေါင်းဆောင်ပီသတယ်လို့ ဆိုရပါ့မယ် ...
ဖြစ်လာသမျှပြသနာတိုင်းကို
ဘယ်သူ့မှ ပုံမချပဲ ဒိုင်ခံပြီးဖြေရှင်းပေးနေတာ ပါပဲ ...
ဦးသိန်းစိန်လက်ထပ်မှာ
မြစ်ဆုံကိစ္စ ခုရခိုင်ပြသနာ
ဒီကိစ္စတွေမှာ ဘယ်လိုပဲဖြေရှင်းဖြေရှင်း
အဝေဖန်ခံရမယ်ဆိုတာသိနေတော့
နောက်အစိုးရကိုချည်းလွှဲထားခဲ့ပေမယ့်
ခု ဒေါ်စုကတော့ အားလုံးကို
တာဝန်ယူပြီး ပြုံးပြုံးကြီး အဆဲခံလုပ်နေတာတွေ့ရမှာပါ ...
ဝေဖန်ခံရမှာကြောက်ရင် အရင်အစိုးရလိုပဲ
နောက်အစိုးရလုပ်လိမ့်မယ်ဆို ပြီး
လွှဲထားခဲ့လို့ ရတာပဲဗျ ...
ဒါပေမယ့်
ခုမဖြေရှင်းပဲထားခဲ့ရင်
နောက်ဆို ပိုဆိုးသွားမယ်ဆိုတာသိနေတော့ 
အမုန်းလဲခံ အဆဲလဲခံ အပင်ပန်းလဲခံပြီး
လုပ်နေတာဟာ တကယ့်ခေါင်ဆောင်ကောင်းမို့ပါပဲ ...
---
-----
ကျုပ်တို့ကတော့
နိုင်ငံအတွက် တကယ်လိုအပ်လာရင်
အဲ့ဒီလို အမုန်းခံ အဆဲခံ အဝေဖန်ခံပြီး
တာဝန်ယူလုပ်ပေးရဲတဲ့စိတ်ဓာတ်ကြောင့်ပဲ
ဒေါ်စုကို ဘယ်သူတွေ ဘာပြောပြော
ဘယ်လိုပဲ အမြင်စောင်းနေပါစေ
ဆက်လက်ထောက်ခံအားပေးနေဦးမှာပါ ...
Stray Bird
ခုဖြစ်နေတဲ့ နိုင်ငံတော်ရဲ့
ချို့ယွင်းမှု အားလုံးကို ဒေါ်စုကိုချည်း ပုံချကြတယ် ...
---
-----
တချို့ကဆို
သူဘာမှလုပ်မရတဲ့
အရင်အာဏာရှင်တွေခေတ်မှာ
ဖြစ်ခဲ့ကြတဲ့ ပြသနာတွေကိုတောင်
သူ့ကို အပြစ်ပုံချတတ်ကြသေးတယ်ဗျ ...
ဆိုပါတော့ဗျာ ...
ခု ဖြစ်နေတဲ့ ဘင်္ဂါလီပြသနာဆိုရင်လဲ
တချိန်က ဒေါ်စုတို့က အကာကွယ်ပေးခဲ့ကြလို့
ခုလို ဆိုးနေတာလို့ ပြောသူတွေက အများသား ...
ဘင်္ဂါလီတွေကို ငွေယူပြီး ခေါ်သွင်းခဲ့သူတွေ ....
နိုင်ငံသားကတ်တွေရောင်းစားခ
အာဏာကိုထိခိုက်နိုင်တဲ့
တခြားနိုင်ငံရေးပြသနာတွေကို
နိုင်ငံတကာရဲ့ဖိအားပေးမှုကို
လုပ်ချင်သလို လုပ်ခဲ့ကြပြီး
အာဏာကို မထိခိုက်နိုင်တဲ့
ခုဘင်္ဂါလီပြသနာကိုတော့ မသိသလို မဆိုင်သလို
ပစ်ထားခဲ့ကြတဲ့ အရင်တာဝန်ရှိသူတွေ ...
အဲ့ဒီလူတွေကို အပြစ်ပြောတာတော့ မတွေ့ရဘူးဗျ ...
နောက်ပြီး
အာဏာရှင်တွေခေတ်မှာ နိုင်ငံတော်ရဲ့
စည်းပွားရေးကျဆင်းသွားရတာလဲ
ဒေါ်စုကိုပဲ အပြစ်ပုံချကြတယ် ...
ဒေါ်စုက
ကမ္ဘာ့နိုင်ငံကြီးတွေကို
စည်းပွားရေးပိတ်ဆို့အရေးယူဖ
နိုင်ငံတကာကလဲ ပိတ်ဆို့ခဲ့လို့ ခုလိုဆင်းရဲသွားတာဆိုပဲဗျ ...
နိုင်ငံ ခုလောက်ဆင်းရဲသွားတာဟာ
ဘယ်သူ့ကြောင့်လဲဆိုတာ တွေးကြည့်ရင် အသိသာကြီးပါ ...
လာဘ်စားမှုများလာရင် အဲ့ဒီနိုင်ငံဟာ
သိကြားမင်း ရွှေအိုးဆင်းပေးတောင် မချမ်းသာဘူးဗျ ...
အရင်အာဏာရှင်တွေခေတ်မှာ
နိုင်ငံရဲ့ လာဘ်စားမှုဟာ
ကမ္ဘာမှာအဆိုးရွားဆုံးစာရင်ဝ
တခုတည်းကို ကြည့်ရုံနဲ့ပဲ
ဒီနိုင်ငံ ဒါလောက်ဆင်းရဲသွားတာ
ဘယ်သူ့ကြောင့်လဲဆိုတာ သိနိုင်ပါတယ် ...
ဒါပေမယ့်
သူတို့ အပြစ်ပြောခံရတာနဲစေဖို့အတွက
ထောင်ထဲရောက်နေတဲ့ ဒေါ်စုကိုပဲ အပြစ်ပုံချခဲ့ကြတယ် ...
---
-----
ခုလို အာဏရလာတော့လဲ
နိုင်ငံမှာ တခုခုဖြစ်တာနဲ့ ဒေါစုကိုပဲ လက်ညှိုးထိုးကြတယ် ...
စည်းပွားရေးကျဆင်းနေတယ် ... ဒေါ်စုကြောင့် ...
ငွေးဈေးတွေကျနေတယ် ... ဒေါ်စုကြောင့် ....
ကုန်ဈေးနှုံးတွေတက်နေတယ် ... ဒေါ်စုကြောင့် ...
တိုင်းရင်းသားစစ်ပွဲတွေဖြစ်
ဘင်္ဂါလီတွေ အကြမ်းဖက်တိုက်ခိုက်တယ် ... ဒေါ်စုကြောင့် ...
မှုခင်းတွေများလာတယ် ... ဒေါ်စုကြောင့် ...
ဟိုဟာဖြစ်လဲ ...... ဒေါ်စုကြောင့် ...
ဒီဟာဖြစ်လဲ ...... ဒေါ်စုကြောင့် ....
---
-----
ဒီနေရာမှာ
တခုတော့ တွေးရပါ့မယ် ...
နိုင်ငံတွင်းမှာ ဖြစ်နေသမျှ ပြသနာအားလုံးဟာ
ဒေါ်စုမှာ တကယ် တာဝန်ရှိလား မရှိဘူးလားဆိုတာကိုပါ ...
ဒေါ်စုဟာ သမ္မတမဟုတ်ပေမယ့်
သမ္မတအထက်ကနေပြီး လုပ်နေတယ်ဆိုတာ
လူတိုင်းသိကြပါလိမ့်မယ် ...
ဒါကြောင့် ပြသနာအားလုံးဟာ
သူ့မှာချည်း တာဝန်ရှိသလို ပြောနေကြတာပါ ...
ဒါပေမယ့်
မြန်မာနိုင်ငံရဲ့အခြေခံဥပဒေ
လုပ်ပိုင်ခွင့်အားလုံးကို
သမ္မတကိုချည်းပေးထားပါသလား ...
တခြားနိုင်ငံတွေမှာ
လုပ်ပိုင်ခွင့်အားလုံးနီးပါ
သမ္မတကိုပေးထားလို့
ဖြစ်သမျှအားလုံးကို အာဏာအရှိဆုံးဖြစ်တဲ့
သမ္မတကို ပုံချတာ သဘာဝကျပေမယ့်
လုပ်ပိုင်ခွင့် အကန့်သတ်တာရှိတဲ့
နိုင်ငံတခုရဲ့ ခေါင်းဆောင်ကို
ဖြစ်သမျှ အပြစ်တွေ ပုံချတာတော့
သဘာဝမကျဘူးထင်ပါတယ် ....
ခြေဥကို
သူတို့လိုချင်သလို ရေးဆွဲထားလို့
အားလုံးဟာ သူ့အကန့်နဲ့သူပါ ...
စီးပွားရေး ပညာရေးနဲ့
နိုင်ငံခြားရေးမူတွေမှာ
သမ္မတဟာ စိတ်တိုင်းကျ စီမံခွင့်ရှိလို့
အဲ့ဒါတွေနဲ့ဆိုင်တာတွေမှာတေ
ဒေါ်စုညံ့လို့ ဆိုရင် မှန်နိုင်ပါတယ် ...
ဒါပေမယ့်
လုံခြုံရေးတွေ ကာကွယ်ရေးတွေလို
တပ်မတော်နဲ့ ရဲလိုလက်နက်ကိုင်တွေနဲ့ဆိုင
လုပ်ပိုင်ခွင့်ကို သမ္မတကိုပေးမထားပဲ
ကာချုပ်ကိုပဲ ပေးထားတာပါ ...
အဲ့ဒါကြောင့်
လုံခြုံရေး ကာကွယ်ရေးပြသနာတွေမှာတော့
ဒေါ်စုမှာ တာဝန်ရှိတယ်လို့ ပြောလို့မရပါဘူး ...
ဒါပေမယ့်
ဖြစ်လာသမျှ ပြသနာတိုင်းကိုတော့
ဒေါ်စုချည်း ပြောနေကြတာပဲဗျ ...
နိုင်ငံတကာကလဲ
ပြည်တွင်းစစ်တွေအတွက်နဲ့
စစ်ပွဲတွေရဲ့တာဝန်အရှိဆုံြး
ကာချုပ်ကို သိပ်ပြီး မေးခွန်းမထုတ်ပဲ
ဒေါ်စုကိုပဲ မေးခွန်းထုတ်တာ တွေ့ရပါ့မယ် ...
ပြည်တွင်းက
တချို့နိုင်ငံရေးသမားတွေကလဲ
ဒီသဘောနဲ့ပဲဆိုတာ တွေ့ရမှာပါ .....
---
-----
ပြောရရင်တော့
ခြေဥဟာ သမ္မတကို ဟန်ပြလောက်ပဲထားပြီး
အာဏာရှင်ကိုပဲ အာဏာပေးထားခဲ့တာပါ ...
ပြောရရင်
အာဏာရလာမယ်ဆိုတာသေချာနေတဲ့
ဒေါ်စုကို သူတို့အတွက်ဒိုင်သဖွယ်လုပ်ထ
ဒါပေမယ့်
ဒေါ်စုကလဲ ခေါင်းဆောင်ပီသတယ်လို့ ဆိုရပါ့မယ် ...
ဖြစ်လာသမျှပြသနာတိုင်းကို
ဘယ်သူ့မှ ပုံမချပဲ ဒိုင်ခံပြီးဖြေရှင်းပေးနေတာ
ဦးသိန်းစိန်လက်ထပ်မှာ
မြစ်ဆုံကိစ္စ ခုရခိုင်ပြသနာ
ဒီကိစ္စတွေမှာ ဘယ်လိုပဲဖြေရှင်းဖြေရှင်း
အဝေဖန်ခံရမယ်ဆိုတာသိနေတော့
နောက်အစိုးရကိုချည်းလွှဲထားခ
ခု ဒေါ်စုကတော့ အားလုံးကို
တာဝန်ယူပြီး ပြုံးပြုံးကြီး အဆဲခံလုပ်နေတာတွေ့ရမှာပါ ...
ဝေဖန်ခံရမှာကြောက်ရင် အရင်အစိုးရလိုပဲ
နောက်အစိုးရလုပ်လိမ့်မယ်ဆို
လွှဲထားခဲ့လို့ ရတာပဲဗျ ...
ဒါပေမယ့်
ခုမဖြေရှင်းပဲထားခဲ့ရင်
နောက်ဆို ပိုဆိုးသွားမယ်ဆိုတာသိနေတော
အမုန်းလဲခံ အဆဲလဲခံ အပင်ပန်းလဲခံပြီး
လုပ်နေတာဟာ တကယ့်ခေါင်ဆောင်ကောင်းမို့ပ
---
-----
ကျုပ်တို့ကတော့
နိုင်ငံအတွက် တကယ်လိုအပ်လာရင်
အဲ့ဒီလို အမုန်းခံ အဆဲခံ အဝေဖန်ခံပြီး
တာဝန်ယူလုပ်ပေးရဲတဲ့စိတ်ဓာတ
ဒေါ်စုကို ဘယ်သူတွေ ဘာပြောပြော
ဘယ်လိုပဲ အမြင်စောင်းနေပါစေ
ဆက်လက်ထောက်ခံအားပေးနေဦးမှ
Stray Bird
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။