Dr-Myint Thein added 2 new photos.
သီဟိုဠ်စေ့ ( Cashew nuts )
***********************
သီဟိုဠ်စေ့ သည် ကယ်လိုရီ ၊ ဖိုင်ဘာ ၊ ဗီတာမင် ၊ သတ္တုဓါတ် ၊
တို့ ကြွယ်ဝစွာပါရှိသဖြင့် ကျန်းမာရေးအထောက်အကူ ပြု သလို
ရောဂါ အမျိုးမျိုး ကိုကာကွယ်သလို ၊ ကင်ဆာရောဂါ ကိုလည်း
ကာကွယ်ပါသည် ။
အဓိက အနေဖြင့် နှလုံးကိုကာကွယ်ပေးသော မပြည့်ဝဆီ
( monounsaturated fatty acid ) ခေါ် ( Essential fatty acid )
ဖြစ်သည့် ( oleic, and palmitoleic acids ) များပါဝင်ပါသည် ။
၎င်းအဆီများက LDL Cholesterol ခေါ် မကောင်းသော အဆီဆိုးကို
လျော့ကျစေပြီး HDL Cholesterol ခေါ် ကောင်းသည့် အဆီကို တိုးပွါး
စေပါသည် ။ ထို့ အတွက် နှလုံးသွေးကြောပိတ်ခြင်း ၊ လေဖြတ်ခြင်း တို့
ကို ကာကွယ်ပေးနိုင်ပါသည် ။
...
နောက်တမျိုးက Essential minerals ခေါ် မရှိမဖြစ် လိုအပ်သော သတ္တု
ဓါတ်များဖြစ်ပါသည် ။ အဓိကအားဖြင့် manganese, potassium, copper,
iron, magnesium, zinc and selenium တို့ ဖြစ်ပါသည် ။
Selenium က အလွန်အရေးကြီး သော ဓါတ်တိုးကာကွယ်အင်ဇိုင်းဖြစ်သည့်
Glutathione peroxidases (most powerful antioxidant)ထုတ်လုပ်ရာတွင်
အရေးပါလှပေသည် ။
Copper ကလည်း အရေးကြီးအင်ဇိုင်းများထုတ်လုပ်ရာတွင် အရေးပါသည် ။
Zinc သည်လည်း ကိုယ်ခန္ဓာဖွင့်ဖြိုး ကြီးထွားရေး ၊ အစာခြေရေး ၊ သုတ်သွေး
ထုတ်လုပ်ရေးတို့ တွင် အလွန်အရေးပါသည် ။
...
နောက် အရေးကြီးသော ဗီတာမင် ( essential vitamins ) ဥပမာ
pantothenic acid (vitamin B5), pyridoxine (vitamin B-6), riboflavin (B-2)
thiamin (vitamin B-1). တို့ ပါဝင်ပါသေးသည် ။
Pyridoxine က homocystinuria ၊ sideroblastic anemia တို့ကို
ကာကွယ်နိုင်ပါသည် ။ Niacin က ( pellagra ခေါ် အရေပြားယောင်ခြင်း
dermatitis ) ကို ကာကွယ်ပါသည် ။
နောက်တမျိုးအနေဖြင့် အရေးကြီးသော ဓါတ်တိုးကာကွယ် သည့် Zea-xanthin
က မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ဘေးမှ ကာကွယ်ပေးပါသည် ။
...
ဒေါက်တာမြင့်သိန်း
၁၁ သြဂုတ် ၂၀၁၄

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။