#အောင်မြင်ချင်ရင် စိတ်ကို ထိန်းချုပ်ပါ
ကျွန်တော် ဘဝမှာ အောင်မြင်မှုရနေသူတွေကို လေ့လာကြည့်မိတယ်။ လူအတော်များများ အောင်မြင်မှုရနေကြတာ သူတို့ရဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်း၊
ပညာအရည်အချင်းပေါ်မှာ မူတည်နေကြတာ မဟုတ်ဘူးဆိုတာကို သွားတွေ့မိတယ်။ သူတို့
အောင်မြင်နေကြခြင်းရဲ့ အကြောင်းရင်းကို ဆက်လေ့လာကြည့်လိုက်တော့ သူတို့မှာ
တူညီတာတစ်ခုကို တွေ့လိုက်ရတယ်။ အဲဒါက သူတို့ဟာ သူတို့စိတ်ကို ကောင်းကောင်း
ထိန်းချုပ်နိုင်ကြတယ် ဆိုတာပါ။
သင် အခု ဒီစာကို ဖတ်နေစဉ်မှာ သင့်စိတ်ထဲမှာ အတွေးတွေ အများကြီး ပေါ်နေပါတယ်။ ငါ ဒီမနက် ဘာစားရမလဲ။ ငါ မနက်စာ စားပြီးရင် ဘာလုပ်ရမလဲ၊ ဘယ်သွားရမလဲ ဘယ်သူနဲ့ တွေ့ရမလဲ၊ အိမ်မှာ ဆန်ကုန်နေပြီ၊ ဖုန်းဘီလ် ဖြည့်ရအုံးမယ်၊ ကလေး ဆေးခန်းပြရအုံးမယ် စသဖြင့် အတွေးပေါင်း ထောင်သောင်းချီ ပေါ်နေပါတယ်။ အခုခေတ်က ပိုဆိုးပါတယ်။ တီဗွီ၊ ရေဒီယို အစီအစဉ်တွေ ကြည့်မိရင်၊ ဖေ့ဘုတ်က ပို့စ်တွေ ဖတ်လိုက်ရင် အတွေးပေါင်း မြောက်များစွာ ခေါင်းထဲမှာ ပေါ်လာပါတယ်။
ဒါမျိုး လူတိုင်းမှာ ဖြစ်နေတာပါ။ အောင်မြင်နေသူတွေမှာလည်း ဒီလို အတွေးမျိုးပေါ်ကြတာပါပဲ။ ဒါပေမဲ့ အောင်မြင်သူတွေဟာ အဲဒီအတွေးတွေကို ထိန်းချုပ်တတ်ကြတယ်။ ဘယ်လို ထိန်းချုပ်တတ်ကြတာလဲ။ သူတို့ ခေါင်းထဲမှာ မကောင်းတဲ့ အတွေးတွေ၊ အကျိုးမရှိတဲ့ အတွေးတွေ ပေါ်မလာအောင် ကာကွယ်လိုက်ကြတယ်။ သူတို့ ခေါင်းထဲကို အမှိုက်တွေ ဝင်မလာအောင် ပြုတင်းပေါက်ပိတ်ထားသလို ကာကွယ်လိုက်တာပါ။ ပြုတင်းပေါက် ပိတ်ထားပေမယ့် ဝင်လာတဲ့ အမှိုက်လေးတွေကို ချက်ချင်းလှည်းကျင်းဖယ်ထုတ် လိုက်တယ်။
ကျုပ်ရဲ့ စိတ်ထဲမှာ ညစ်ပတ်ပေနေတဲ့ ခြေထောက်တွေကို မလျှောက်လှမ်းခိုင်းပါဘူး (မဟတ္တမဂန္ဒီ)
စိတ်ထဲကို အတွေးအမှိုက်တွေ မဝင်လာအောင် ကာကွယ်မယ်ဆိုတာကို လက်ခံပါပြီ။ ဒါပေမဲ့ ဘယ်လို ကာကွယ်ရမှာလဲ။
ကာကွယ်နည်းကို ခုလို လုပ်လို့ရတယ်လို့ အကြံပေးချင်ပါတယ်။
(၁) အခု ငါ့ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးကို ချက်ချင်း လုပ်ဖို့ လိုသလား။ လိုတယ်ဆိုရင် ချက်ချင်းလုပ်လိုက်ပါ။ မလိုဘူး၊ ဒါပေမယ့် နောင်လုပ်သင့်တယ်လို့ ထင်ရင် စာအုပ်တစ်အုပ်မှာ နောင်လုပ်ဖို့ ရေးမှတ်လိုက်ပြီး ခေါင်းထဲမှာ မေ့ပစ်လိုက်ပါ။
(၂) ဒီအတွေးကို ငါ လုပ်လို့ ရသလား၊ ငါ လုပ်လို့ မရဘူးလား။ လုပ်လို့ ရတယ်ဆိုရင် လုပ်လိုက်ပါ။ လုပ်လို့ မရရင် အဆင့် (၃) ကို သွားလိုက်ပါ။
(၃) လုပ်လို့ မရရင် ဘာကြောင့် လုပ်လို့ မရတာလဲ ဆက်တွေးပါ။ အကြောင်းရှာပါ။ လုပ်လို့ရမယ့် နည်းလမ်းတွေကို စဉ်းစားပါ။ ရာသီဥတုကို ပြောင်းဖို့၊ မြောက်ကိုးရီးယားက ဂျပန်နဲ့ တောင်ကိုးရီးယားကို ဒုံးပျံနဲ့ တိုက်ခိုက်မယ်ဆိုတာတွေ သင် ဘာမှ လုပ်မရလို့ အချိန်ကုန်ခံ ဆက်တွေးမနေပါနဲ့။
ကိုယ့်စိတ်ကို ကိုယ်ပိုင်ပါတယ်။ သူများတွေ လာရောက် လွှမ်းမိုးနေတာကို အဖြစ်မခံပါနဲ့။
စောစောက ပြောတဲ့ နည်း ၃ ခုအပြင် စိတ်ထဲက မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားလို့ ရတဲ့ နည်း ရှိပါသေးတယ်။ အဲဒါက ကောင်းတဲ့အတွေးတွေကို အမြဲစဉ်းစားနေရင် မကောင်းတဲ့ အတွေးတွေအတွက် ခေါင်းထဲမှာ နေရာမရှိပါဘူး။
လူ့စိတ်ဟာ ဥယျဉ်တစ်ခုနဲ့ တူပါတယ်။ ပန်းပင်လေးတွေ စိုက်ထားပေမယ့် ပေါင်းသင်မြက်နူတ် မလုပ်ရင် ပန်းပင်လေးတွေကို အဲဒီပေါင်းပင် မြက်ပင်တွေ ဖုံးလွှမ်းသွားလို့ ပန်းပင်လေးတွေ ရှင်သန်မှာ မဟုတ်ပါ။ ထို့နည်းတူ သင့်စိတ်ထဲကို ဝင်လာတဲ့ အတွေးအမှိုက်တွေကို မဖယ်ရှားဘူးဆိုရင် သင်ဟာ စိတ်ချမ်းသာမှာ မဟုတ်ဘူး။ အကြံသစ်ဉာဏ်သစ်တွေ ပေါ်လာမှာ မဟုတ်ဘူး။ တလောကလုံးကို အပြစ်မြင်နေလိမ့်မယ်။
အချုပ်ပြောရင် အောင်မြင်သူဖြစ်ဖို့ သင့်စိတ်ကို ထိန်းချုပ်ပါ။
ဗန်းမော်သိန်းဖေ
၁၅-၀၈-၂၀၁၇
ကျွန်တော် ဘဝမှာ အောင်မြင်မှုရနေသူတွေကို လေ့လာကြည့်မိတယ်။ လူအတော်များများ အောင်မြင်မှုရနေကြတာ သူတို့ရဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်း၊
သင် အခု ဒီစာကို ဖတ်နေစဉ်မှာ သင့်စိတ်ထဲမှာ အတွေးတွေ အများကြီး ပေါ်နေပါတယ်။ ငါ ဒီမနက် ဘာစားရမလဲ။ ငါ မနက်စာ စားပြီးရင် ဘာလုပ်ရမလဲ၊ ဘယ်သွားရမလဲ ဘယ်သူနဲ့ တွေ့ရမလဲ၊ အိမ်မှာ ဆန်ကုန်နေပြီ၊ ဖုန်းဘီလ် ဖြည့်ရအုံးမယ်၊ ကလေး ဆေးခန်းပြရအုံးမယ် စသဖြင့် အတွေးပေါင်း ထောင်သောင်းချီ ပေါ်နေပါတယ်။ အခုခေတ်က ပိုဆိုးပါတယ်။ တီဗွီ၊ ရေဒီယို အစီအစဉ်တွေ ကြည့်မိရင်၊ ဖေ့ဘုတ်က ပို့စ်တွေ ဖတ်လိုက်ရင် အတွေးပေါင်း မြောက်များစွာ ခေါင်းထဲမှာ ပေါ်လာပါတယ်။
ဒါမျိုး လူတိုင်းမှာ ဖြစ်နေတာပါ။ အောင်မြင်နေသူတွေမှာလည်း ဒီလို အတွေးမျိုးပေါ်ကြတာပါပဲ။ ဒါပေမဲ့ အောင်မြင်သူတွေဟာ အဲဒီအတွေးတွေကို ထိန်းချုပ်တတ်ကြတယ်။ ဘယ်လို ထိန်းချုပ်တတ်ကြတာလဲ။ သူတို့ ခေါင်းထဲမှာ မကောင်းတဲ့ အတွေးတွေ၊ အကျိုးမရှိတဲ့ အတွေးတွေ ပေါ်မလာအောင် ကာကွယ်လိုက်ကြတယ်။ သူတို့ ခေါင်းထဲကို အမှိုက်တွေ ဝင်မလာအောင် ပြုတင်းပေါက်ပိတ်ထားသလို ကာကွယ်လိုက်တာပါ။ ပြုတင်းပေါက် ပိတ်ထားပေမယ့် ဝင်လာတဲ့ အမှိုက်လေးတွေကို ချက်ချင်းလှည်းကျင်းဖယ်ထုတ်
ကျုပ်ရဲ့ စိတ်ထဲမှာ ညစ်ပတ်ပေနေတဲ့ ခြေထောက်တွေကို မလျှောက်လှမ်းခိုင်းပါဘူး (မဟတ္တမဂန္ဒီ)
စိတ်ထဲကို အတွေးအမှိုက်တွေ မဝင်လာအောင် ကာကွယ်မယ်ဆိုတာကို လက်ခံပါပြီ။ ဒါပေမဲ့ ဘယ်လို ကာကွယ်ရမှာလဲ။
ကာကွယ်နည်းကို ခုလို လုပ်လို့ရတယ်လို့ အကြံပေးချင်ပါတယ်။
(၁) အခု ငါ့ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးကို ချက်ချင်း လုပ်ဖို့ လိုသလား။ လိုတယ်ဆိုရင် ချက်ချင်းလုပ်လိုက်ပါ။ မလိုဘူး၊ ဒါပေမယ့် နောင်လုပ်သင့်တယ်လို့ ထင်ရင် စာအုပ်တစ်အုပ်မှာ နောင်လုပ်ဖို့ ရေးမှတ်လိုက်ပြီး ခေါင်းထဲမှာ မေ့ပစ်လိုက်ပါ။
(၂) ဒီအတွေးကို ငါ လုပ်လို့ ရသလား၊ ငါ လုပ်လို့ မရဘူးလား။ လုပ်လို့ ရတယ်ဆိုရင် လုပ်လိုက်ပါ။ လုပ်လို့ မရရင် အဆင့် (၃) ကို သွားလိုက်ပါ။
(၃) လုပ်လို့ မရရင် ဘာကြောင့် လုပ်လို့ မရတာလဲ ဆက်တွေးပါ။ အကြောင်းရှာပါ။ လုပ်လို့ရမယ့် နည်းလမ်းတွေကို စဉ်းစားပါ။ ရာသီဥတုကို ပြောင်းဖို့၊ မြောက်ကိုးရီးယားက ဂျပန်နဲ့ တောင်ကိုးရီးယားကို ဒုံးပျံနဲ့ တိုက်ခိုက်မယ်ဆိုတာတွေ သင် ဘာမှ လုပ်မရလို့ အချိန်ကုန်ခံ ဆက်တွေးမနေပါနဲ့။
ကိုယ့်စိတ်ကို ကိုယ်ပိုင်ပါတယ်။ သူများတွေ လာရောက် လွှမ်းမိုးနေတာကို အဖြစ်မခံပါနဲ့။
စောစောက ပြောတဲ့ နည်း ၃ ခုအပြင် စိတ်ထဲက မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားလို့ ရတဲ့ နည်း ရှိပါသေးတယ်။ အဲဒါက ကောင်းတဲ့အတွေးတွေကို အမြဲစဉ်းစားနေရင် မကောင်းတဲ့ အတွေးတွေအတွက် ခေါင်းထဲမှာ နေရာမရှိပါဘူး။
လူ့စိတ်ဟာ ဥယျဉ်တစ်ခုနဲ့ တူပါတယ်။ ပန်းပင်လေးတွေ စိုက်ထားပေမယ့် ပေါင်းသင်မြက်နူတ် မလုပ်ရင် ပန်းပင်လေးတွေကို အဲဒီပေါင်းပင် မြက်ပင်တွေ ဖုံးလွှမ်းသွားလို့ ပန်းပင်လေးတွေ ရှင်သန်မှာ မဟုတ်ပါ။ ထို့နည်းတူ သင့်စိတ်ထဲကို ဝင်လာတဲ့ အတွေးအမှိုက်တွေကို မဖယ်ရှားဘူးဆိုရင် သင်ဟာ စိတ်ချမ်းသာမှာ မဟုတ်ဘူး။ အကြံသစ်ဉာဏ်သစ်တွေ ပေါ်လာမှာ မဟုတ်ဘူး။ တလောကလုံးကို အပြစ်မြင်နေလိမ့်မယ်။
အချုပ်ပြောရင် အောင်မြင်သူဖြစ်ဖို့ သင့်စိတ်ကို ထိန်းချုပ်ပါ။
ဗန်းမော်သိန်းဖေ
၁၅-၀၈-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။