မကောင်းမြင်စိတ်တွေ၊
အတွေးကို ဖယ်ရှားနိုင်ဖို့ အဲဒါတွေက ဘာတွေလည်းဆိုတာ သိဖို့ အရေးကြီးပါတယ်။
ကိုယ့်ကိုကိုယ် မကောင်းမြင်တာနဲ့ သူများတွေကို မကောင်းမြင်တာဆိုပြီး
ပြန်ခွဲခြားနိုင်ပါတယ်။ ယေဘုယျအားဖြင့်
(၁) Jumping to Conclusions
တခါတည်း သူများတောင်စကားမဆုံးသေးဘူး အတင်းကို သူသိသူတတ်၊ ကိုယ်ဆက်ပြောမှာ အကုန်လုံးသူသိနေသလိုမျိုး၊ မကောင်းတာတွေဆိုလည်း ဆက်တိုက်ပဲဖြစ်တော့မလို ပြောတတ်ဆိုတတ်တာ
(၂) Emotional Reasoning
စိတ်ထဲကထင်တဲ့ ထင်တစ်လုံးနဲ့ကိုပဲ တကယ်ကြီးဖြစ်နေသယောင်ယောင် ပြောတာ
(၃) Overgeneralisation
တစ်ခုလောက်များမဖြစ်လိုက်နဲ့  ဘဝတစ်လျှောက်လုံး ဒီလိုတွေပဲဆိုပြီး သိမ်းကြုံး သုံးသပ်တာ
(၄) Personalisation
တခုခုမှားတာနဲ့ ကိုယ့်ကိုကိုယ် အပြစ်ဆိုလို့ကို မပြီးတော့တာ
(၅) All-or-nothing thinking
Perfectionist တွေလိုပေါ့၊ အမြဲတန်း ကွက်တိ မှန်နေရမယ် ကောင်းနေရမယ် တစ်ခုလောက်လေးပဲလွဲတာနဲ့ လုံးဝသုံးစားလို့မရတော့လောက်အောင်ကို ဖြစ်သွားတာ
(၆) "Should" statements
ကိုယ့်ကိုကိုယ် စိတ်ဓါတ်မြင့်တင်ဖို့ သံဓိဌာန်တွေအသားကုန်ချ မဖြစ်လာတော့ စိတ်ဓါတ်တွေပျက်ပြား ပိုဆိုးတာ
(၇) Mental Filter
စိတ်ထဲကနေ တစ်ခုမကျန် အကျအနလိုက်ကောက် အသေးစိတ်တွေကို အဆိုးမြင်စိတ်ပေါ်အခြေခံပြီး ခွဲခြမ်းစိတ်ဖြာနေတာ
(၈) Labelling and mislabelling
လူတစ်ယောက်ကို သူ့ရဲ့ အပြုအမှုတစ်ခုတည်းပေါ်မူတည်ပြီး တခါတည်း ဘယ်လိုလူမျိုးပါဆိုပြီး ကောက်ချက်ချပလိုက်တာ
(၉) Disqualifying the positive
သူများ ကောင်းကြောင်းတွေ၊ သတင်းကောင်းတွေဆို ချက်ချင်း မသိချင်ယောင်ဆောင်တာ၊ မကောင်းတဲ့ဘက်ကို ဦးတည်ပြီးပိုဆွေးနွေးချင်တာ
(၁၀) Maximising and minimising
သတင်းဆိုးတွေကြားရရင် ကမ္ဘာပျက်သလောက်ကို လုပ်ပလိုက်ပြီး သတင်းကောင်းဆိုရင်တော့ သာမန်လောက်ပဲ အေးတိအေးစက်လုပ်တာ
အဲဒီ ၁၀ ချက်လုံးကို Cognitive Distortions လို့ခေါ်တယ်။ ထိလွယ်ရှလွယ်တွေပေါ့ဗျာ။
လူတိုင်းကြုံကြရမှာပါ။ တခါတလေကျရင် ဘာကြောင့်မှန်းမသိဘူး ရင်ထဲထိတ်သွားတာ လေးသွားတာ မတင်မကျဖြစ်နေတာ အလိုမကျတာ စသဖြင့်များဖြစ်ခဲ့ရင် ဘာကြောင့်ဖြစ်လည်းဆိုတဲ့ အကြောင်းအရင်းကို သေချာရှာဖို့လိုတယ်။ ဒါဟာ မနာလိုစိတ်ဖြစ်တာလား သဝန်တိုစိတ်လား အားကျစိတ်ကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းလာလား
စသဖြင့် အသားကုန် ရှာပါ။ တိကျတဲ့ အဖြေထုတ်ပါ။ ခုန ၁၀ ချက်ထဲကနဲ့
ကိုက်နေတဲ့ အချက်တွေထဲကများ ရှိနေလား။ ကိုယ့်ကိုကိုယ်ပြန်မေး အခုဖြစ်နေတဲ့
မကောင်းမြင်စိတ်တွေကို ဘယ်လောက်တောင် ယုံကြည်နေလဲ။ အဲဒီအခါမှာ
ရင်ထဲတစ်စို့နေတဲ့ ဘာမှန်းမသိတဲ့ ခံစားချက်တွေကို သေချာသိပြီး
နားလည်လာတဲ့အတွက် အများကြီးကို မကောင်းမြင်စိတ်တွေ လျော့ကျလာလိမ့်မယ်။
အလုပ်တွေကြိုးစားခြင်း၊ ကျွမ်းကျင်တဲ့ အတတ်ပညာတွေ တတ်ကျွမ်းခြင်း၊ ကံကောင်းခြင်းတွေဟာ အောင်မြင်ဖို့ အတွက် အထောက်အကူပေးသလိုပဲ အပြုသဘောဆောင်တဲ့ စိတ်ထားကောင်းရှိခြင်းကသာ မကောင်းမြင်စိတ်တွေကို တိုက်ထုတ်နိုင်ပြီး စိတ်ကျမ်းမာတဲ့ အောင်မြင်မှုကို ရရှိနိုင်မှာပါ။
ဦးထက်မြက်ဦး
Business Trainer
Founder and MD of KNH Co., Ltd
24/08/17
02:50 am
(၁) Jumping to Conclusions
တခါတည်း သူများတောင်စကားမဆုံးသေးဘူး
(၂) Emotional Reasoning
စိတ်ထဲကထင်တဲ့ ထင်တစ်လုံးနဲ့ကိုပဲ တကယ်ကြီးဖြစ်နေသယောင်ယောင် ပြောတာ
(၃) Overgeneralisation
တစ်ခုလောက်များမဖြစ်လိုက်နဲ
(၄) Personalisation
တခုခုမှားတာနဲ့ ကိုယ့်ကိုကိုယ် အပြစ်ဆိုလို့ကို မပြီးတော့တာ
(၅) All-or-nothing thinking
Perfectionist တွေလိုပေါ့၊ အမြဲတန်း ကွက်တိ မှန်နေရမယ် ကောင်းနေရမယ် တစ်ခုလောက်လေးပဲလွဲတာနဲ့ လုံးဝသုံးစားလို့မရတော့လောက
(၆) "Should" statements
ကိုယ့်ကိုကိုယ် စိတ်ဓါတ်မြင့်တင်ဖို့ သံဓိဌာန်တွေအသားကုန်ချ မဖြစ်လာတော့ စိတ်ဓါတ်တွေပျက်ပြား ပိုဆိုးတာ
(၇) Mental Filter
စိတ်ထဲကနေ တစ်ခုမကျန် အကျအနလိုက်ကောက် အသေးစိတ်တွေကို အဆိုးမြင်စိတ်ပေါ်အခြေခံပြီး
(၈) Labelling and mislabelling
လူတစ်ယောက်ကို သူ့ရဲ့ အပြုအမှုတစ်ခုတည်းပေါ်မူတည်ပြ
(၉) Disqualifying the positive
သူများ ကောင်းကြောင်းတွေ၊ သတင်းကောင်းတွေဆို ချက်ချင်း မသိချင်ယောင်ဆောင်တာ၊ မကောင်းတဲ့ဘက်ကို ဦးတည်ပြီးပိုဆွေးနွေးချင်တ
(၁၀) Maximising and minimising
သတင်းဆိုးတွေကြားရရင် ကမ္ဘာပျက်သလောက်ကို လုပ်ပလိုက်ပြီး သတင်းကောင်းဆိုရင်တော့ သာမန်လောက်ပဲ အေးတိအေးစက်လုပ်တာ
အဲဒီ ၁၀ ချက်လုံးကို Cognitive Distortions လို့ခေါ်တယ်။ ထိလွယ်ရှလွယ်တွေပေါ့ဗျာ။
လူတိုင်းကြုံကြရမှာပါ။ တခါတလေကျရင် ဘာကြောင့်မှန်းမသိဘူး ရင်ထဲထိတ်သွားတာ လေးသွားတာ မတင်မကျဖြစ်နေတာ အလိုမကျတာ စသဖြင့်များဖြစ်ခဲ့ရင် ဘာကြောင့်ဖြစ်လည်းဆိုတဲ့ အကြောင်းအရင်းကို သေချာရှာဖို့လိုတယ်။ ဒါဟာ မနာလိုစိတ်ဖြစ်တာလား သဝန်တိုစိတ်လား အားကျစိတ်ကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုလျေ
အလုပ်တွေကြိုးစားခြင်း၊ ကျွမ်းကျင်တဲ့ အတတ်ပညာတွေ တတ်ကျွမ်းခြင်း၊ ကံကောင်းခြင်းတွေဟာ အောင်မြင်ဖို့ အတွက် အထောက်အကူပေးသလိုပဲ အပြုသဘောဆောင်တဲ့ စိတ်ထားကောင်းရှိခြင်းကသာ မကောင်းမြင်စိတ်တွေကို တိုက်ထုတ်နိုင်ပြီး စိတ်ကျမ်းမာတဲ့ အောင်မြင်မှုကို ရရှိနိုင်မှာပါ။
ဦးထက်မြက်ဦး
Business Trainer
Founder and MD of KNH Co., Ltd
24/08/17
02:50 am
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။