Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 27, 2017

လိုချင်တဲ့ ရလဒ်ရဖို့ တုံ့ပြန်မှုကို ပြောင်းလဲပါ



ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.

#လိုချင်တဲ့ ရလဒ်ရဖို့ တုံ့ပြန်မှုကို ပြောင်းလဲပါ
လူတွေ အတော်များဟာ သူတို့ရောက်နေကြတဲ့ အခြေအနေကို မကျေနပ်တဲ့အခါ မိမိချုပ်ကိုင်စိုးမိုးလို့ မရတဲ့ ပတ်ဝန်းကျင် အခြေအနေကို အပြစ်တင်တတ်ကြတယ်။ သူတို့ ဆင်းဆင်းရဲရဲ ဖြစ်နေတာ မိဘတွေ ဆင်းရဲလို့၊ အစိုးရမကောင်းလို့၊ ပညာရေးစနစ် မကောင်းလို့၊ ကားတွေ ကြပ်လို့၊ ရာသီဥတု မကောင်းလို့ စသဖြင့် အပြစ်တင်တတ်ကြတယ်။ သူတို့စဉ်းစားမိသမျှ အားလုံးကို အပြစ်တင်တတ်ကြတယ်။ သူတို့ အပြစ်မတင်တာ သူတို့ကိုယ်တိုင်ကိုပါပဲ။ သင်လည်း အဲဒီလို လူမျိုးထဲမှာ ပါနိုင်ပါတယ်။

စောစောက ပြောတဲ့ မိမိဘာမှ မတတ်နိုင်တဲ့ အခြေအနေတွေကို အပြစ်တင်နေလို့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။ မိမိဘဝ တိုးတက်ပြောင်းလဲလာမှာလည်း မဟုတ်ပါဘူး။ ဒါဆိုရင် ဘာလုပ်သင့်သလဲ။ အဲဒီအခြေအပေါ် တုံ့ပြန်မှုကို ပြောင်းလဲကြည့်ပါ။
အောက်က ဥပမာလေးကို ဖတ်ကြည့်လိုက်ရင် ကျွန်တော် ဘာဆိုလိုတယ်ဆိုတာကို သိလာပါလိမ့်မယ်။ ကြုံတွေ့နေတဲ့ အခြေအနေချင်း တူပါလျက် လူနှစ်ယောက်ရဲ့ တုံ့ပြန်မှု မတူကြဘူးဆိုတာပါ။
၁၉၉၄ ခုနှစ်လာက်က ရုပ်မြင်သံကြားမှာ CNN က ပြတဲ့ သတင်းမှတ်တမ်းတိုလေးတစ်ခုကို ကြည့်ခဲ့ရတယ်။ သတင်းကားက အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မြို့ကြီးမှာ မြေငလျင် အကြီးအကျယ်လှုပ်လို့ တိုက်အိမ်တချို့ ပြိုပျက်ကုန်ကြတာကို ရိုက်ပြထားတာပါ။ မြို့အဝင် လမ်းမကြီးတစ်ခုလည်း မျက်နှာပြင် ကွဲအက်သွားလို့ လမ်းပြုပြင်ရေးအဖွဲ့က အမြန်ပြုပြင်ပေးနေရတယ်။ ကားတွေရာနဲ့ ချီပြီး လမ်းပြင်ပြီးတဲ့အထိ ရပ်စောင့်နေရတယ်။
ဒီအချိန်မှာ CNN သတင်းထောက်ဟာ ရပ်နေတဲ့ ကားတစ်စီးရဲ့ ကားမောင်းသူကို အခုလို အခြေအနေဲ့ ကြုံတွေ့ရတာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရသလဲလို့ မေးလိုက်ပါတယ်။ အဲဒီလူက ခုလို ဒေါသတကြီးနဲ့ ပြန်ပြောပါတယ်။
- "ကျုပ် ဟောဒီကာလီဖိုးနီးယားပြည်နယ် (လော့စ်အင်ဂျလိစ်မြို့ရဲ့ ပြည်နယ်) ကို သိပ်မုန်းတယ်ဗျာ။ မီးအကြီးအကျယ် လောင်တယ်။ နောက် ရေကြီးတယ်။ အခု ငလျင်လှုပ်ပြန်ပြီ။ တစ်ခုပြီး တစ်ခု ဖြစ်နေတာပဲ။ ကျွန်တော် မနက်အစောကြီးကတဲက ထွက်လာတာ အခုလမ်းမှာ ရှိသေးတယ်။ အလုပ်နောက်ကျမှာ သေချာတယ်ဗျာ။ ကံတရားကလည်း ဆိုးလိုက်တာဗျာ"တဲ့။
CNN သတင်းထောက်ဟာ စောစောက ကားနောက်နားမှာ ကားနှစ်စီးခြားပြီး ရပ်ထားတဲ့ ကားတစ်စီးရဲ့ ကားမောင်းသူကို စောစောက လူကို မေးသလိုပဲ လက်ရှိအခြေအနေကို ဘယ်လိုခံစားရသလဲလို့ မေးလိုက်ပြန်တယ်။ အဲဒီလူက ပြုံးပြီး ခုလို ပြောလိုက်တယ်။
- "ပြဿနာ မရှိပါဘူးဗျာ။ ကျွန်တော် မနက် ၅ နာရီက အိမ်ကထွက်လာခဲ့တယ်။ ကျွန်တော် ရုံးနောက်ကျမှာ သေချာပါတယ်။ ဒါပေမဲ့ တစ်မြို့လုံး ဒုက္ခရောက်နေတာမို့ အလုပ်ရှင်က နားလည်ခွင့်လွှတ်မှာပါ။ ကျွန်တော့် ကားထဲမှာ နားထောင်ဖို့ သီချင်းခွေ ထည့်လာခဲ့တယ်။ ကျွန်တော်က စပိန်စကားပြောကို လေ့လာနေလို့ စပိန်စကားပြောလေ့ကျင့်တဲ့ ကက်ဆက်ခွေတွေလည်း ထည့်လာခဲ့တယ်။ ကျွန်တော့်နေ့လည်စာအတွက် အသားညှပ်ပေါင်မုန့်နဲ့ ဓာတ်ဘူးထဲမှာ ကော်ဖီထည့်လာခဲ့တယ်။ ဖတ်လက်စ စာအုပ်တစ်အုပ်လည်း ပါလာတယ်။ အချိန်ကြာချင်သလောက် ကြာပါစေ။ ရပါတယ်ဗျ"
သူတို့နှစ်ယောက်ဟာ တူညီတဲ့ အခြေအနေအပေါ် တုံ့ပြန်မှုမတူကြလို့ ရလဒ်ချင်းလည်း မတူညီကြဘူး။ တစ်ယောက်က စိတ်ဆင်းရဲနေတယ်။ နောက်တစ်ယောက်က စိတ်ချမ်းသာနေတယ်။
သင့်လိုချင်တဲ့ ရလဒ်ရအောင် အခြေအနေတစ်ခုအပေါ်မှာ တုံ့ပြန်မှုကို ပြောင်းလဲလုပ်ယူလို့ ရပါတယ်။ ကျွန်တော် ဘာဆိုလိုတယ်ဆိုတာကို သိဖို့ အောက်မှာ ရေးပြထားတဲ့ တကယ့်အဖြစ်မှန်လေးကို ဖတ်ကြည့်လိုက်ပါအုံး။
ကျွန်တော့်မိတ်ဆွေတစ်ယောက်ဟာ ကာလီဖိုးနီးယားတောင်ပိုင်းမှာ Lexus (ဂျပန်ဇိမ်ခံကား) တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ ကားတွေ အတော်ရောင်းနေရလို့ သူဟာ အတော်လေးဟန်ကျနေတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်မှာ အီရက်နိုင်ငံက ကူဝိတ်နိုင်ငံကို ဝင်သိမ်းလိုက်လို့ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်လာတယ်။ ဒါကြောင့် ကမ္ဘာ့ရေနံဈေးတက်လာတယ်။ နိုင်ငံတွေမှာ စီးပွားရေးကျဆင်းလာတယ်။ ကျွန်တော့် မိတ်ဆွေရဲ့ Lexus ကားအရောင်းလည်း သိသိသာသာ ကျဆင်းသွားတယ်။ သူဟာ ကားကြော်ငြာတွေကို ရုပ်မြင်သံကြား၊ သတင်းစာတွေမှာ ထည့်ပေမယ့်လည်း ကားအရောင်းတက်မလာဘူး။ သူ့သူငယ်ချင်းတွေက တကမ္ဘာလုံး စီးပွားပျက်နေလို့ ကားအရောင်းဆိုင်ကို ပိတ်သိမ်းဖို့ ပြောကြတယ်။
ဒါပေမဲ့ ကျွန်တော့်မိတ်ဆွေဟာ လူတိုင်းကြုံတွေ့နေတဲ့ စီးပွားရေးကျဆင်းနေတဲ့ အခြေအနေမှာ ခုလို တုံ့ပြန်မှုတစ်ခုကို ပြောင်းလဲလုပ်လိုက်တယ်။ သူ့ရဲ့ အရောင်းကိုယ်စားလှယ်တွေကို Lexus ကားသစ်လေးတွေကို မောင်းခိုင်းလိုက်တယ်။ ဘယ်နေရာတွေမှာ မောင်းခိုင်းတာလဲ။ လူချမ်းသာတွေ သအများဆုံး ရှိတတ်ကြတဲ့ ဂေါက်ကစားကွင်း၊ ပိုကလပ်ကစားကွင်း၊ ဟောလီးဝုဒ်က ဗီဘာလီတောင်ကုန်း၊ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတွေမှာပါ။ ပြီးတော့ အရောင်းကိုယ်စားလှယ်တွေက လမ်းမှာ တွေ့တဲ့ သူဌေးတွေကို သူတို့ကားပေါ် လိုက်စီးကြည့်ပါလားလို့ ဖိတ်ခေါ်ကြတယ်။ ဖိတ်ခေါ်ခံရသူတွေကလည်း ကားသစ်ကို စီးကြည့်ကြတယ်။ သူတို့ကိုယ်တိုင် မောင်းကြည့်ကြတယ်။
ဒီတော့ ဘာဖြစ်လာသလဲ။ သူဌေးတွေဟာ Lexus ဇိမ်ခံကားသစ်ကို မောင်းကြည့်ပြီး Lexus ကားသစ်ကို အရသာတွေ့သွားကြပြီ။ သူ့ကားဟောင်းနဲ့ အရမ်းကွာခြားတာကို သိသွားကြတယ်။ ဒီတော့ မကြာခင်မှာ သူဌေးတွေဟာ သူတို့ကားဟောင်းတွေကို အမြန်ရောင်းလိုက်ပြီး မိတ်ဆွေရဲ့ အရောင်းဆိုင်မှာ Lexus ကားတွေကို လာဝယ်ကြတယ်။ မိတ်ဆွေဟာ စီးပွားရေးမကျခင်ကထက်တောင် ကားတွေကို ပိုရောင်းနေရတယ်။
ကျွန်တော်ပြောချင်တာက သင်လိုချင်တဲ့ ရလဒ်မရတဲ့အတွက် အခြေအနေကို အပြစ်တင်လို့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ တုံ့ပြန်မှုတွေကို ပြောင်းလဲကြည့်ပါ။ သင်လိုချင်တဲ့ ရလဒ်ကို မရမချင်း တုံ့ပြန်မှုကို ပြောင်းလဲပါ။ ဒါဟာ အောင်မြင်သူတိုင်း ကျင့်သုံးတဲ့ နည်းတစ်နည်းပါ။
မှတ်ချက်။ Jack Canfield ရေးထားတဲ့ The Success Principles စာအုပ်ထဲက မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၇-၁၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။