Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 29, 2017

ပုံပြောခြင်း (Storytelling)

ပုံပြောခြင်း (Storytelling)
++++++++++++++++++

ရေးသူ - ဒေါက်တာထက်ဇံလင်း

လူသားတွေဟာ အသိဥာဏ်မြင့်မားပြီး တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားကြတာနဲ့အမျှ နယ်ပယ် အသီးသီးမှာ အချိန်နဲ့အမျှ အမြဲတိုးတက်ပြောင်းလဲနေပါတယ်။ ကမ္ဘာလောကကြီးနဲ့ ပတ်ဝန်း ကျင်ကို အကျိုးရှိစေတဲ့ တိုးတက်မှုတွေရှိသလို တန်ပြန်ဆိုးကျိုးတွေလည်း ရှိပါတယ်။ လူသား တွေဟာ တီထွင်ကြတယ်။ ဒါကို ပိုမိုကောင်းမွန်တဲ့ဖန်တီးမှု ဖြစ်လာဖို့အတွက် အရင်တီထွင်မှုကို ပြန်ဖျက်ဆီးဖို့ ကြိုးစားကြတယ်။ ဒီလိုနဲ့ ပိုပိုပြီးနယ်ပယ်အသီးသီးမှာ ဆန်းသစ်တဲ့ ကမ္ဘာလောကကြီးကို မွေးဖွားဖို့ပြင်ဆင်ကြတယ်။ ဒါပေမဲ့ လူတွေဟာ နယ် ပယ်အသီးသီး၊ ပညာ ရပ်အားလုံးကို သိဖို့ မဖြစ်နိုင်တော့ပါဘူး။ တစ်ခါတစ်ရံမှာ အာရုံစူး စိုက် လေ့လာ မှုပြုရင်းနဲ့ အာရုံဖြန့်ကြက်သိရှိမှု အားနည်းတတ်ပါတယ်။ တီထွင်ဖန်တီးမှု အသစ် သစ်တွေဖြစ်ဖို့အတွက် အာရုံစိုက် ကြိုးစားရင်းနဲ့ လေ့လာတဲ့နယ်ပယ်မှာ ကျွမ်းကျင် လာသလို အခြားနယ်ပယ်တွေမှာ ကျွမ်းဝင်မှုလျော့ပါးလာပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မတူညီတဲ့နယ်ပယ်တွေကြား ကွဲပြားတဲ့ တွေးခေါ်မှုတွေနဲ့အတူ လွဲမှားတဲ့အယူကွဲမှုတွေ၊ မတူညီမှုတွေ (Diversity) ဖြစ်လာပါတယ်။

မတူတာသိပေမဲ့
......................
မတူညီမှုတွေကြား ညှိနှိုင်းဖို့ဟာ တိုးတက်နေတဲ့ ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုပါ။ မိမိကိုယ်ကို ကာကွယ်တာက လူ့သဘာဝဖြစ်တာနဲ့အညီ မတူညီမှုတွေကြား ညှိနှိုင်းမှုတွေဟာ အဖြေ ထွက်ဖို့ ပဟေဠိဆန်နေဆဲပါ။ ဒါဟာ သူနဲ့ကိုယ်နဲ့ကြားက မတူညီမှုကို မသိလို့ထက် သူသိ တာကို သူ့လောက် ကိုယ်မသိတာကြောင့် ဖြစ်ပါတယ်။ သူကျင်လည်ခဲ့တဲ့ ပတ်ဝန်း ကျင်၊ သူလေ့လာခဲ့တဲ့ အသိပညာ၊ သူသုံးသပ်တဲ့ အတွေးအခေါ် စတာတွေရဲ့ လွှမ်းမိုးမှုနဲ့ ဖြစ်တည်လာတဲ့ သူ့ရဲ့အယူအဆဟာ ကိုယ်နဲ့မတူတာ မဆန်းပါဘူး။ သူနဲ့ ကိုယ့်အယူအဆ မတူတာ သိဖို့လိုပါတယ်။ သိလည်းသိကြပါတယ်။ မသိတာက သူ့အယူအဆဖြစ်တည် လာတဲ့ သူနဲ့သက်ဆိုင်တဲ့ အခြေခံ အကြောင်းကိစ္စတွေပါ။ အင်မတန်သေးငယ်တဲ့ အကြောင်းကိစ္စလေးတွေဟာ ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်တွေကို ဖန်တီး ပေးနိုင် တယ်လို့ ကမ္ဘာကျော်စာရေးဆရာ Malclom Gladwell ကသူ့ရဲ့ နာမည် ကျော် စာအုပ် ငါးအုပ်ထဲက တစ်အုပ်ဖြစ်တဲ့ The Tipping Point မှာ ရေးသား ထားပါတယ်။ မတူညီ မှုတွေကြား နားလည်မှုရဖို့ဆိုတာဟာ မတူညီတာသိရုံနဲ့ မရပါဘူး။ သူ့ရဲ့အယူအဆ ဖြစ် တည်လာရတဲ့ အခြေခံအကြောင်းအချက်တွေကို နားလည်နိုင်ဖို့လိုပါတယ်။

အတွေးအခေါ်တို့ရဲ့ ဖြစ်တည်ရာ ABC
..................................................
လူတစ်ယောက်ရဲ့ အတွေးအခေါ်ဟာ အဓိကအချက် သုံးချက်ပေါ်မှာ အခြေခံပါတယ်။ ပထမတစ်ချက်က သူ့ရဲ့ပတ်ဝန်းကျင်ပါ။ သူကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ဟာ အတွေးအခေါ် နဲ့ လူ့စွမ်းရည်တို့ကို လွှမ်းမိုးပါတယ်။ ကျောင်းသင်ခန်းစာမှာ ဖော်ပြခဲ့တဲ့ ကျေးညီနောင် ပုံပြင် ထဲကလို မုန်တိုင်းကြောင့် ကွဲကွာသွားတဲ့ ကျေးညီ နောင်မှာ ရသေ့ဆီရောက်တဲ့ ကျေး သူငယ်ဟာ ချိုသာတဲ့အသံသာသာရှိပေမဲ့ လူဆိုး တွေဆီ ရောက်သွားတဲ့ ကျေးသူငယ် ကတော့ ခက်ထန်ပါတယ်။ မတူညီမှုရဲ့ ပထမအရင်းခံဖြစ်တဲ့ သူ့ပတ်ဝန်းကျင်ကို ကိုယ်က သိပြီး နားလည်ပေးမှ ပြေ လည်တဲ့ညှိနှိုင်းမှု ရနိုင်မှာပါ။ ဒုတိယအချက်ကတော့ သူလေ့လာ ဖတ်ရှုခဲ့တဲ့ ပညာရပ်တွေပဲဖြစ်ပါတယ်။ အလွယ်မှတ်ရရင်တော့ သူဖတ်ရှုခဲ့တဲ့ စာအုပ်တွေ ပါပဲ။ စာဖတ်ခြင်းဟာ လူတစ်ဦးရဲ့ အသိဥာဏ်ကို ရင့်သန်စေပါတယ်။ စာအုပ် တွေထဲက အကြောင်းအချက်တွေဟာလည်း ဖတ်ရှုသူရဲ့ အတွေးအခေါ်တွေကို လွှမ်းမိုးထားပါတယ်။ သူဘယ်လို ပညာရပ်တွေ၊ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ရှု လေ့လာခဲ့သလဲဆိုတာ ကိုယ်က သိရှိ နားလည်ပေးဖို့လိုပါတယ်။ သူ့လို ကျွမ်းကျင် ပိုင်နိုင်မှုမရှိနိုင်ပေမဲ့ သူလေ့လာခဲ့တဲ့ ပညာ ရပ်ပိုင်းဆိုင်ရာတွေရဲ့ အခြေခံသဘော တရားတွေကို သိနားလည်မှသာ သူ့ကိုလည်း နား လည်ပေးနိုင်မှာပါ။ နောက်ဆုံး တစ်ချက်ကတော့ သူ့ရဲ့ပင်ကိုခံယူမှုပါပဲ။ လူတွေဟာ ဗီဇနဲ့ အတူ ကိုယ်ပိုင်ခံယူမှု (Concept) တွေ မတူကြပါဘူး။ တူညီတဲ့အကြောင်းကိစ္စ တွေကို ချဉ်းကပ် သုံးသပ်ရာမှာတောင် ကွဲပြားတဲ့ အယူအဆ ကိုယ်စီရှိကြပါတယ်။ သူ့ရဲ့ခံယူမှုနဲ့ ကိုယ့်ခံယူမှုမတူညီတာဟာ သဘာဝပါ။ ဒါကိုလည်း မတူညီမှုတွေကြား ပြေလည်တဲ့ နားလည်မှု တည်ဆောက်ရာမှာ နားလည်ပေးဖို့လိုပါမယ်။

သူ့အကြောင်းသိချင်တယ်
.................................
တက္ကသိုလ်တစ်ခုမှာ ကျောင်းသားတစ်ယောက်က ကောင်မလေး တစ်ယောက် အကြောင်း သူ့သူငယ်ချင်းကို မေးပါတယ်။ သူငယ်ချင်းက ပြန်မဖြေဘဲ မေးတဲ့ ကျောင်းသားကို အံ့ဩတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်။ ရုတ်တရက် အသိတစ်ချက် လင်းလက်ပြီး အိမ်ကို အမြန် ပြေး ကွန်ပျူတာကိုဖွင့်ကာ ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးရာကနေ ဟားဗတ် တက္ကသိုလ်မှာ အချင်းချင်းချိတ် ဆက်နိုင်မယ့် ကျောင်းတွင်း ကွန်ရက်တစ်ခု ပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ပဲ လက်ရှိကမ္ဘာပေါ်မှာ လူဦးေ ရနှစ်ဘီလီယံကျော် သုံးစွဲနေတဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Facebook စတင် မွေးဖွားဖြစ်တည်ခဲ့တဲ့ The Facebook ပေါ်ပေါက်လာ ပါတယ်။ လူ တစ်ဦးနဲ့ တစ်ဦးချိတ်ဆက်မှုဟာ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးရာမှာ အရေးပါပါ တယ်။ ၁၉၂၉ ခုနှစ်မှာ Frigyes Karinthy ကစတင်ဖော်ထုတ်ခဲ့ပြီး John Guare ဆို သူကြောင့် လူသိများခဲ့တဲ့ အဆင့်ခြောက်ဆင့် (Six Degrees of Separation) သီအိုရီအရ မိမိနဲ့လုံးဝမသိတဲ့အခြား သူတစ်ဦးကြား သူငယ် ချင်း ခြောက်ဆင့်အတွင်းမှာပဲ ရှိပါတယ်။ တစ်နည်းအားဖြင့် မိမိသူငယ်ချင်းရဲ့ သူငယ်ချင်း၊ နောက်ထပ် သူငယ်ချင်းရဲ့ သူငယ်ချင်း စသဖြင့် ချိတ်ဆက်ရင် ခြောက်ဆင့်ထက် မပိုပါဘူး။ ဒီနေ့ခေတ်မှာ လူတစ် ဦးအကြောင်း သိချင်ရင် လူမှု ကွန်ရက်မှာ အလွယ်တကူရှာနိုင်ပါတယ်။ သူ့ရဲ့အယူအဆ၊ အတွေးအခေါ် တွေနဲ့ ဖြစ်တည်ရာ အကြောင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။ ပြေလည်တဲ့ ညှိနှိုင်းမှုတွေအတွက် လိုအပ်ချက်တွေကို ရှာဖွေနိုင်ပါတယ်။

အတွေ့အကြုံမှ သီအိုရီသို့
....................................
လူတွေဟာ မိမိသမိုင်းကို မိမိဖန် တီးကြတာပါ။ လူတို့လျှောက်လှမ်းကြီးပြင်းရာ ခရီးလမ်း တွေမှာ အမှတ်တရအဖြစ် အပျက်တွေရှိပါတယ်။ အောင်မြင်မှုတွေ လည်းရှိ၊ ကျရှုံးမှုတွေ လည်းရှိပါတယ်။ ကိုယ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ အောင်မြင်မှုတွေကို အခြား သူတွေ သိရှိသွားရင်လည်း အကျိုးရှိမှာဖြစ်သလို ကိုယ်ကျရှုံးခဲ့တဲ့ အကြောင်းရင်းကို မျှဝေပေးရင်လည်း သင်ခန်းစာတစ်ခုပါပဲ။ ဒါကြောင့် လူတစ်ယောက်ရဲ့ အတွေ့အကြုံ တိုင်းဟာ တစ်နည်းအားဖြင့် အခြား သူတွေကို အကျိုးပြုနိုင်ပါတယ်။ မျှဝေသူဟာ အဓိပတိ ဂုရုကြီးတစ်ဦး ဖြစ်ဖို့ မလို အပ်ပါဘူး။ လျှောက်လှမ်းခဲ့တဲ့ အဖြစ်ပျက်အကြောင်းရာတိုင်းဟာ အခြား သူတွေအတွက် သီအိုရီတစ်ရပ်ပါပဲ။ အောင်မြင်မှုကို တည်ဆောက်တဲ့အခါ အတွေ့ အကြုံက မရှိမဖြစ်အရေး ပါပါတယ်။ အသိပညာရှိဖို့အပြင် အတတ်ပညာ ပါတတ်ဖို့လိုပါ တယ်။ မိမိအတွေ့အကြုံအပြင် တခြားသူတွေရဲ့ အတွေ့အကြုံ တွေကိုလည်း လေ့လာဖို့လို ပါတယ်။ သူနဲ့ကိုယ်နဲ့ မတူညီမှုတွေကြား ကိုယ့် အတွေ့ အကြုံတွေကို မျှ ဝေပေးခြင်းနဲ့ သူ့ အတွေ့အကြုံတွေအပေါ် လေ့လာ သုံးသပ်နိုင်ဖို့ အရေးကြီးပါတယ်။

လွဲနေတဲ့သုံးစွဲမှု
.....................
လူမှုကွန်ရက်သုံးစွဲမှုဟာ အကျိုးသက်ရောက်မှုတွေရှိသလို ဆိုးကျိုးအချို့လည်း ရှိပါတယ်။ လူငယ် တွေကြား လူမှုကွန်ရက်မှာ အချိန်ကုန်နေတာတွေ အများအပြားပါ။ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေပါတယ်။ ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့ တစ်ဦးနဲ့တစ်ဦးကြား ထိုးနှက်မှု တွေလည်း လူမှုကွန်ရက်မှာ အများအပြားပါ။ အကြောင်း အရာတစ်ခု ဖြန့်ဝေဖို့ အကောင်း ဆုံးနဲ့အမြန်ဆုံးဖြစ်တဲ့ လူမှုကွန်ရက် ကို မကောင်းတဲ့ ဦးတည်ချက်နဲ့ အသုံးပြုသူတွေလည်း ရှိပါတယ်။ လူမှုကွန်ရက် သုံးတဲ့အခါ အမှားအမှန်သုံး သပ်နိုင်ဖို့ အရေးကြီးပါတယ်။ မိမိရဲ့ လူမှုကွန် ရက်ပေါ်က အပြောအဆို၊ အပြုအမူတွေဟာ မိမိရဲ့ကိုယ်ကျင့်တရားနဲ့ စိတ်နေ စိတ်ထား၊ အတွေး အခေါ်တွေပါပဲ။ ကောင်းမွန်တဲ့ဦး တည်ချက်နဲ့သုံးစွဲရင်တော့ အကျိုးရှိပါ တယ်။ ကိုယ့်ရဲ့ရွေးချယ်မှုဟာ ကိုယ့်ဆုံးဖြတ်ချက် ဖြစ်တာကြောင့် စိတ်ကြိုက် ရွေးချယ်နိုင် ပါတယ်။ ရွေးချယ်မှုအပေါ် အကောင်းအဆိုး သက်ရောက်မှုကလည်း ရှိနေမှာပါပဲ။

ပုံပြောကြသူများ
.....................
ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့ အတူ လူတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာပါ တယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်အသီးသီးမှာပါ ခေတ် စနစ်နဲ့အညီ တိုးတက် ပြောင်းလဲလာပါတယ်။ ပြောင်းလဲမှုတွေ အများကြီးထဲမှာ ပုံပြောခြင်း (Storytelling) လည်း တစ်ခုအပါအဝင်ပါပဲ။ ပုံပြောခြင်းဟာ တစ် နည်းအားဖြင့် မိမိအကြောင်းကို မိမိကိုယ်တိုင် ပြန်ပြောပြတာပါ။ လူမှု ကွန်ရက် တွေမှာလည်း မိမိအကြောင်းကို ကိုယ်တိုင်ပြန်ပြောပြ ကြတာကို တွေ့ရပါလိမ့်မယ်။ ကိုယ့်အကြောင်း၊ ကိုယ်ဖတ်တဲ့စာအုပ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်သူငယ်ချင်း တွေ၊ ကိုယ့်အယူအဆ စတာတွေကို ကိုယ်ကိုယ်တိုင် ပြန်ပြော နေကြပါ တယ်။ ဒါဟာ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါ။ အတွေ့ အကြုံတွေ ကို မျှဝေခြင်းဟာ ပိုမို ကောင်းမွန်တဲ့ ဖန်တီးမှုတွေအတွက် မရှိ မဖြစ်ပါ။ ဒီလိုမျှဝေခြင်း ကြောင့် အခြားသူတွေ၊ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ အတွက် မှန်ကန်တဲ့အဖြေတွေကို ဖြစ်ပေါ်စေသလို မျှဝေသူရဲ့ပုံရိပ်ကိုလည်း မြင့်မားစေ ပါတယ်။ မတူညီတဲ့နယ်ပယ် အသီး သီးမှာ အောင်မြင်သူတွေဟာ ပုံပြော ကောင်းသူ၊ တစ်နည်းအားဖြင့် မိမိလေ့လာ တွေ့ရှိ မှုတွေ၊ အတွေ့အကြုံတွေကို အခြားသူ တွေ လေ့လာနိုင်အောင် ပြန်ပြောပြကြသူတွေ ဖြစ်တာကို တွေ့ရမှာပါ။ ကိုယ့်မှာ အိုင်ဒီယာတစ်ခုရှိရင်လည်း ဒါကိုဖြည့်စွက်အကြံဥာဏ် ပေးနိုင်တဲ့ အခြားသူတွေကို ပြောပြဖို့လိုပါတယ်။

အခြားသူတွေကိုပြောပြရင် သူတို့က ကိုယ့်အိုင်ဒီယာကို အကောင်အထည် ဖော်သွားရင် ကိုယ်နစ်နာတယ်လို့ ပြောကြပါလိမ့်မယ်။ တကယ်တော့ ကိုယ့်အိုင်ဒီယာဟာ ကိုယ်စဉ်းစား ထားတဲ့ အိုင်ဒီယာအကြမ်းသာ ဖြစ်ပါတယ်။ အခြားသူ တစ်ဦးက ကိုယ့်အိုင်ဒီယာအကြမ်း ကို အသုံးချသွားရင်လည်း သေသပ်မှု မရှိ သေးတဲ့ အိုင်ဒီယာကိုသာ အသုံးပြုသွားတာ ဖြစ် လို့ နစ်နာသူဟာ သူတို့ပါပဲ။ ကိုယ်ကသာ ကိုယ့်အယူအဆ၊ အိုင်ဒီယာ၊ အတွေ့အကြုံ တွေ ကို အခြားသူများ ကိုပြောပြရင်း သူတို့ရဲ့အကြံဥာဏ်၊ အယူအဆစတာတွေကို သေချာသုံး သပ်ပြီး ကိုယ့်အိုင်ဒီယာမှာ ဖြည့်စွက်တည်းဖြတ်မယ်ဆိုရင် သေသပ်လှပပြီး ဆန်းသစ်တဲ့ တီထွင်မှု တွေကို ဖန်တီးနိုင်မှာဖြစ်သလို ကိုယ်ဟာအခြားသူတွေကို မျှဝေပေးတာ ကြောင့် အများရဲ့ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်မှာပါ။ မတူညီမှုတွေကို ညှိနှိုင်းအဖြေရှာရင်း အောင်မြင်မှုရဖို့အတွက် ပြန်ပြောပြပေးဖို့ အရေးကြီးပါတယ်။

#MyanmarB2BManagementMagazine,November2017

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။