ကျွန်မ မာနကြီးသည်
❀ ❀ ❀ ❀ ❀ ❀
ကျွန်မ ရုပ်ရည်မလှပမှန်းသိသည်
ဒါကြောင့် စိတ်ထားလေးကို
သနပ်ခါးလေးလိမ်းကျံပြီးနေသည်
ထိုသနပ်ခါး အထိမခံတဲ့ကျွန်မ မာနကြီးသည်
ဝေဖန်ခြင်းလေလှိုင်းတွေကြားမှာ
မုန်တိုင်းထန်နေလည်း
ကိုယ်ကျင့်တရား အတွက် ကျွန်မ မာနကြီးသည်
နေထိုင်မှုကလုံးဝမမြင့်မားပါ
စိတ်ဓာတ်ကိုမိုးပေါ်တင်ထားတဲ့ကျွန်မ
ပကာသနအတွက်ခေါင်းငုံ့ခံနိုင်သော်လည်း
ဂုဏ်မောက်တဲ့လူတွေအတွက်
ကျွန်မ မာနကြီးသည်
ကျွန်မတွင် မာနရှိသည်
ထိုမာနသည် ပစ္စည်းမဲ့မာနသာဖြစ်သည်
ကျွန်မ ကိုယ့်ကျင့်တရားအတွက်
ကျွန်မ သိက္ခာအတွက်
ကျွန်မ တစ်ယောက်တည်းရုန်းကန်မှုအတွက်
ထိုမာနသည် ကျွန်မ ဘဝရဲ့ခြံစည်းရိုးလည်းဖြစ်သည်
ထိုမာနသည် အတ္တ၊လောဘ သမားများအတွက်
ဆူးဖြစ်ပြီး
မေတ္တာထားသူ၊ကိုယ်ချင်းစာစိတ်ရှိသူများအတွက်
လက်တင်တန်းကလေးလည်းဖြစ်သည်
အချစ်ကိုခါးထောက်စိန်ခေါ်ပြီး
မေတ္တာကိုဒူးထောက်အညံ့ပေးတတ်သောကျွန်မ
မာနကြီးသည်...။
ဘာမထီဘွား...အတွေးစာစုလေး
❀ ❀ ❀ ❀ ❀ ❀
ကျွန်မ ရုပ်ရည်မလှပမှန်းသိသည်
ဒါကြောင့် စိတ်ထားလေးကို
သနပ်ခါးလေးလိမ်းကျံပြီး
ထိုသနပ်ခါး အထိမခံတဲ့ကျွန်မ မာနကြီးသည်
ဝေဖန်ခြင်းလေလှိုင်းတေ
မုန်တိုင်းထန်နေလည်း
ကိုယ်ကျင့်တရား အတွက် ကျွန်မ မာနကြီးသည်
နေထိုင်မှုကလုံးဝမမြင့်မာ
စိတ်ဓာတ်ကိုမိုးပေါ်တင်ထ
ပကာသနအတွက်ခေါင်းငုံ့ခံန
ဂုဏ်မောက်တဲ့လူတွေအတွက်
ကျွန်မ မာနကြီးသည်
ကျွန်မတွင် မာနရှိသည်
ထိုမာနသည် ပစ္စည်းမဲ့မာနသာဖြစ်သည်
ကျွန်မ ကိုယ့်ကျင့်တရားအတွက်
ကျွန်မ သိက္ခာအတွက်
ကျွန်မ တစ်ယောက်တည်းရုန်းကန်
ထိုမာနသည် ကျွန်မ ဘဝရဲ့ခြံစည်းရိုးလည်းဖြစ်
ထိုမာနသည် အတ္တ၊လောဘ သမားများအတွက်
ဆူးဖြစ်ပြီး
မေတ္တာထားသူ၊ကိုယ်ချင်းစာ
လက်တင်တန်းကလေးလည်းဖြစ
အချစ်ကိုခါးထောက်စိန်ေ
မေတ္တာကိုဒူးထောက်အညံ့ပေ
မာနကြီးသည်...။
ဘာမထီဘွား...အတွေးစာစုလေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။