သင့်အိပ်မက်တွေကို ၀ါးမျိုဖျက်ဆီးနေသောအရာများ ဆောင်းပါး အမှတ်စဉ်(၂)
သူတပါးကိုယ့်အပေါ်ထားရှိတဲ့သဘောထားအမြင်/ဝေဖန်မှုကဲ့ရဲ့မှုတွေကို အရေးတယူလုပ်နေတဲ့စိတ်ကို ဘယ်လို ဖယ်ရှားရမလဲ???
သူတပါးရဲ့အထင်အမြင်တွေနဲ့ ကိုယ့်ဘ၀ကိုဖြတ်သန်းနေခြင်းဟာ မိမိ၏နှလုံးသားဝိဥာဉ်ကို အခြားသူအား လွတ်လွတ်လပ်လပ် မုဒိမ်းကျင့်ခွင့်ပေးနေတာနဲ့ တူပါတယ်။
လူတွေက ကိုယ့်ကိုချီးမွမ်းလိုက်တယ်။ တစိမ့်စိမ့်ကြည်နူးသွားမယ်။
လူတွေက ကိုယ့်ကိုလည်းအပြစ်တင်ကြ၊ကဲ့ရဲ့ကြတဲ့အခါ ရူးချင်ချင်ဖြစ်သွားတယ်။
ဒါဆိုသေချာပါပြီ..မင်းဘ၀မင်းလက်ထဲမှာမဟုတ်နေတော့ဘူး။
မင်းကိုယ်မင်းလေးစားသမှုမရှိတော့ဘူး။ သူတပါးရဲ့အထင်အမြင်ဆိုတဲ့အရာတွေကို အသုံးပြုပြီးမင်းဘ၀ကိုမင်းတည်ဆောက်နေမိပြီ။
ရလဒ်က မင်းသေမယ့်နေ့ မှာ နောင်တတခုနဲ့ သေရဖို့ သေချာသွားပြီ။
***တောက်…ငါတော်တော်ညံ့ခဲ့ပါလား၊မိုက်ခဲ့မိပါလား…ငါ့ဘ၀ကိုငါ့စိတ်တိုင်းကျမနေခဲ့ရဘူး။ ဘာမဟုတ်တဲ့သူတပါးအထင်အမြင်တွေနဲ့ နေခဲ့မိပါလား***ဆိုပြီး မင်းကြေကွဲခံစားနေရပါလိမ့်မယ်။
အဲ့ဒီအချိန်ရောက်ရင်မင်းသိပ်အံ့သြမိလိမ့်မယ်။ ဘာကြောင့်များ ငါ့ရဲ့လုပ်ပိုင်ခွင့်တွေကို ဒီလိုလူတွေလက်ထဲအပ်နှင်းမိခဲ့ပါသလဲ လို့ မင်းကိုယ်မင်းလည်း ယူကျုံးမရဖြစ်နေပါလိမ့်မယ်။
တကယ်တမ်းကသူတပါးက မင်းကိုအရူးလုပ်နေတာမဟုတ်ပါဘူး။
မင်းရဲ့စိတ်က မင်းအယောင်ဆောင်ပြီးတသက်လုံးမင်းကိုလှည့်စားနေခဲ့တာပါ။
မင်းရဲ့စိတ်ဟာမင်းမှမဟုတ်တာပဲ။ မင်းကို ကူညီမယ့်အရာလေးတခုပဲ။ ဒါကိုမင်းမသုံးတတ်လို့ သာ သူကမင်းကိုအသုံးချသွားတာလေ။
သိပ်လည်းစိတ်မပျက်သွားပါနဲ့ ဦး။
ဒီဆောင်းပါးကနေ အတိုင်းအတာတခုအထိ အလင်းပြပေးပါလိမ့်မယ်။
(၁) ရှုထောင့်ကိုပြောင်းလဲပစ်ပါ။
တကယ်တော့လူတွေရဲ့စိတ်ထဲမှာ ကိုယ့်အကြောင်းအကြာကြီးထိုင်စဉ်းစားနေဖို့ နေရာမလုံလောက်ပါဘူး။ တနေ့ တနေ့ သူတို့ ဟာသူတို့ လုပ်စရာတွေနဲ့ အတူမအားမလပ်ဖြစ်နေကြလို့ ကိုယ့်အကြောင်းစဉ်စားနေမှာမဟုတ်ပါဘူး။ လူတွေဟာသူတို့ ကိုယ်သူတို့ မလုံမခြုံဖြစ်တတ်ကြလွန်းလို့ သာ ကိုယ့်ရဲ့အားနည်းချက်တွေကို မြင်တတ်ပြောတတ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ကနေ့ ကစလို့ သူတပါးကိုယ့်အကြောင်းဘာပြောမလဲ…ဘာတွေးနေမလဲလို့ စိုးရွံ့ နေတဲ့စိတ်ကို လွှင့်ပစ်လိုက်ပါတော့။
(၂)မကောင်းတဲ့အတွေးတွေကိုမေးခွန်းထုတ်ကြည့်ပါ။
မကောင်းတဲ့အတွေးတွေကြောင့်စိတ်မှာနာကျင်ခံစားနေရတာပါ။ စိတ်ထဲမှာအဆိုးဆုံးတွေတွေးနေရင် ဖြေသာစေမယ့်အတွေးကောင်းတွေနဲ့ အစားထိုးပစ်ပါ။ တခါခါစိတ်ဟာ အပြင်မှာရှိမနေတာကိုပုံကြီးချဲ့ တတ်တဲ့သဘောရှိပါတယ်။ ဒါ့ကြောင့် စိတ်ကိုပြန်ပြောရမှာက မင်းထင်သလိုအပြင်မှာတကယ်ဖြစ်မနေပါဘူး။ စိတ်ကိုလျှော့ထားစမ်းပါလို့ ပြောပါ။ အတွေးတွေကို မေးခွန်းထုတ်ပါ။ ဖြစ်ပြီးခဲ့တာတွေကိုအထပ်ထပ်လျှောက်ပြောနေလို့ ဘာများပိုကောင်းလာမလဲလို့ ပေါ့။ အဖြေက နိုးဆိုရင် ဘာ့ကြောင့်ဆက်တွေးနေတော့မလဲ။
.
(၃)အရာရာကိုပြီးပြည့်စုံအောင်လုပ်ချင်တဲ့စိတ်ကိုစွန့် လွှတ်ပါ။
အခြားလူတွေရဲ့ အသိအမှတ်ပြုခံချင်တာဟာ ငြင်းဆန်လို့ မရတဲ့ဗီဇထဲပါလာပြီးဖြစ်တဲ့အရာပါ။ အခြားလူတွေရဲ့အသိအမှတ်ပြုခံရပုံတွေကိုကြည့်ပြီး ငါဘယ်လောက်အောင်မြင်တယ်…ဘယ်လောက်ကျရှုံးတယ်ဆိုပြီး စိတ်အတက်အကျတွေဖြစ်နေကြခြင်းဖြစ်ပါတယ်။
သူတပါးကိုယ့်ကိုဘယ်လိုဆက်ဆံလည်းဆိုတဲ့အနေအထားကို
အခြေပြုပြီး ငါဟာဘယ်လောက်တန်ဖိုးရှိသလဲ မရှိသလဲဆိုတာ မသိလိုက်ပါဘဲ
စိတ်ထဲမှာ အမျိုးမျိုး ပူညံပူညံပုံဖော်နေခြင်းပါ။ တခါခါ ကိုယ့်အသိတယောက်နဲ
့မျက်နှာချင်းဆိုင်ဆုံလို့ ကိုယ့်ကိုမမြင်ချင်ယောင်ဆောင်သွားတဲ့အခါ ဘယ်လောက်အောင့်သက်သက်ဖြစ်သွားမလဲပြန်ဆန်းစစ်ကြည့်ပါ။
လူတဖက်သားကိုယ့်ကို အသိအမှတ်ပြုဖို့ ဘယ်လောက်လှအောင်ပြင်ဆင်မိခဲ့သလဲ..ဘယ်လောက်ထိတောင် အမောစို့ အောင်ကြိုးစားအားထုတ်ခဲ့ဖူးပြီလဲ…ပြန်မေးကြည့်ပါဦး။
ဒီအမူအကျင့်တွေဟာ တကယ်တော့ ကိုယ့်အတိတ်ရဲ့ဖြစ်ရပ်တွေကနေ ရောင်ပြန်ဟပ်နေခြင်းဖြစ်ပါတယ်။ ငါ့မှာ ဘယ်လိုအရာတွေ ချို့ တဲ့နေသလဲ ဘယ်လိုအရာတွေပိုသာနေသလဲဆိုတာ စိတ်ထဲမှာ ဝေဖန်လိုက် အကဲဖြတ်လိုက်လုပ်နေလို့ ဒီလိုခံစားချက်တွေ ဆိုးဆိုးရွားရွားယိုစီးနေခြင်းသာဖြစ်ပါတယ်။
ငါဘယ်လို ပြီးပြည့်စုံအောင်လုပ်ရင်ကောင်းမလဲ
ငါဘယ်လောက်လုပ်ပြလိုက်ရင် လူတွေငါ့ကို အထင်ကြီးလာမလဲ အသိအမှတ်ပြုလာမလဲရယ်လို့ 
Perfectionist အတွေးအခေါ်ကြောင့်လည်းပိုစိတ်ဆင်းရဲရခြင်းဖြစ်ပါတယ်။
ဒါဟာလည်း အတိတ်က ကိုယ့်ရဲ့အုပ်ထိန်းသူတွေက လွယ်လွယ်နဲ့ အပြစ်တင်တတ်သူတွေလား..ငြီးတွားတတ်သူတွေမို့ လား…အပြိုင်အဆိုင်တွေကြား အမြဲနှိုင်းယှဉ်ခံရတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ လားစသည်ဖြင့် အတိတ်ကဖြစ်ရပ်တွေကို ပြန်တွေးကြည့်လိုက်ပါ။
နောက်တဆင့်အနေနဲ့ ပြီးခဲ့တဲ့အတိတ်ကကျရှုံးမှုတွေ၊ မကျေမနပ်ဖြစ်နေမှုတွေအားလုံးကို လွှတ်ချလိုက်ဖို့ လိုသလို သင်ခန်းစာယူပြီး ထာဝရသွားခွင့်ပြုဖို့ လိုပါတယ်။ ဒါမှလည်း ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါး ရှေ့ ဆက်နိုင်ပါလိမ့်မယ်။
အရာရာပြီးပြည့်စုံအောင်လုပ်ချင်နေတဲ့စိတ်ကို ငါဘယ်လိုတိုးတက်အောင်လုပ်သင့်သလဲ ဆိုတဲ့ မေးခွန်းအမြင်နဲ့ အစားထိုးဖို့ သိပ်အရေးကြီးပါတယ်။
တချိန်ထဲမှာပဲ ကိုယ့်သားသမီးကိုယ့်မိတ်ဆွေတွေကို ကိုယ်ငယ်စဉ်က ဆက်ဆံခံခဲ့ရတဲ့ပုံစံတွေသုံးပြီး မဆက်ဆံမိဖို့ လည်း သတိထားရမှာဖြစ်ပါတယ်။
(၄)ယနေ့ ကစပြီး မိမိကိုယ်ကိုပိုပြီးစိတ်ဝင်တစားရှိပါ။
မေးခွန်းတွေမေးပါ။ ငါလုပ်နေတာတွေဟာ ငါတကယ်ကျေနပ်ပျော်ရွှင်လို့ လုပ်နေတာလား
သူတပါးအထင်သေးမှာကြောက်ပြီး အထင်ကြီးအသိအမှတ်ပြုခံချင်နေလို့ လုပ်နေတာလား
ကိုယ်တကယ်ပျော်ရွှင်လို့ လုပ်ရင် ဘာအကြောင်းနဲ့ မှ သူတပါးထင်မြင်ချက်တွေကို မှီခိုနေစရာမလိုတော့ဘူးပေါ့။
ငါတကယ်လိုချင်တာဘာလဲ
ငါ့အတွက်တကယ်လိုအပ်တာဘာလဲဆိုတဲ့မေးခွန်းတွေမေးပါ။
ငါ့ရဲ့ ဆက်ဆံရေးအနေအထားကိုဘယ်လိုမြှင့်တင်ရမလဲ
ငါ့ရဲ့ပညာရေးကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ
ငါ့ရဲ့အသက်မွေးဝမ်းကျောင်းပညာနဲ့ စပ်လျဉ်းလို့ ဘာတွေဆက်ပြီးလေ့လာသင်ယူမလဲ စသည်ဖြင့်
အရည်အသွေးရှိတဲ့မေးခွန်းတွေမေးပြီး မိမိကိုယ်ကို စိတ်ဝင်စားလိုက်စမ်းပါ။
(၅) ကိုယ့်တန်ဖိုးကိုသိနားလည်တဲ့လူတွေဖြင့်သာဝန်းရံပါ။
လောကကြီးမှာ ကိုယ့်ကို အရှိအတိုင်းနားလည်လက်ခံနိုင်တဲ့သူတွေရှိပြီးသားပါ။
ကိုယ့်ကို သူတို့ မျှော်လင့်ထားတဲ့အတိုင်းပုံသွင်းဖို့ ကြိုးစားနေတဲ့သူတွေကို ဖက်တွယ်မထားပါနဲ့ ။
နေခွင့်ရတဲ့အချိန်လေးကိုဘာလို့ စိတ်ဆင်းရဲခံနေတော့မှာလဲ။
ဘာ့ကြောင့်ကိုယ့်ဘ၀ကို ကိုယ်တိုင် ခက်ခဲအောင်လုပ်နေတော့မှာလဲ။
မိမိကိုယ်ကိုအပြည့်အ၀လက်ခံပြီးတဲ့နောက်မှာ မိမိကိုနားလည်လက်ခံမယ့်သူတွေကိုရှာဖွေပြီး အကျိုးတူပူးပေါင်းမှုတွေ စတင်လုပ်ဆောင်ပါ။
မိမိကိုယ်ကိုအပြည့်အ၀လက်ခံမှုမပြုမချင်း ဘယ်အရာကမှ ကိုယ့်ကို စိတ်ကျေနပ်မှုပေးမှာမဟုတ်လို့ ပါပဲ။
(၆) ခံစားလိုက်ပါ
ခံစားနာကျင်နေတာကို ဇွတ်အတင်းဖိနှိပ်မထားပါနဲ့ ။ ခံစားပစ်လိုက်ပါ။ လိုအပ်ရင်ပြောလိုက်ပါ။ မကြောက်ပါနဲ့ ။ တင်းခံငြင်းဆန်နေတဲ့စိတ်ကိုရင်ဆိုင်လိုက်ပါ။ ကိုယ့်အတွက်တကယ်လိုအပ်ရင် ဦးနှောက်နဲ့ နှလုံးသားနှစ်ခုလုံးသဘောတူညီမှုယူပြီးစတင်ဆောင်ရွက်ပါ။ အဆင်မပြေဖြစ်သွားတဲ့အပေါ်သင်ယူပါ။ အမှားတွေပြင်ပါ။ ဒါမှလည်းတိုးတက်လာမှာဖြစ်ပါတယ်။
ရင်ဆိုင်ရမှာကြောက်နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
(၇) အမှန်တကယ်ကူညီနိုင်တဲ့သူတွေကိုမငြင်းပါနဲ့ ။
ပညာရှင်ဆန်ဆန်ကူညီနိုင်မယ့်သူတွေကို ချဉ်းကပ်ပါ။ ရပ်ထဲရွာထဲသူလိုကိုယ်လို တောင်ရောက်မြောက်ရောက်လျှောက်ပြောနေတဲ့သူတွေကိုရှောင်ပါ။ စိတ်ဒဏ်ရာရရင်စိတ်ကျန်းမာရေးဆရာဝန်ကိုတိုင်ပင်ပါ။ စိတ်ပညာရှင်တွေဆီကအကြံဥာဏ်ရယူပါ။
တကိုယ်တည်းကြိတ်မှိတ်ခံစားနေတော့ရော ဘာထူးမှာလဲ?
(၈)မိမိစိတ်ဟာမိမိ၏အကောင်းဆုံးမိတ်ဆွေဖြစ်ပါစေ
လက်ခံဖို့ ခက်ချင်ခက်ခဲပေမယ့် သိပ်ကိုအရေးကြီးပါတယ်။ လူတကာစိတ်ကျေနပ်ဖို့ ကိုယ့်မှာတာဝန်မရှိပေမယ့် ကိုယ့်စိတ်ချမ်းသာပျော်ရွှင်ဖို့ ကိုယ့်မှာအပြည့်အ၀တာဝန်ရှိနေပါတယ်။ ရှောင်လွှဲလို့ မရတဲ့လောကဓံတွေကိုရင်ဆိုင်ရာမှာ ကိုယ့်စိတ်နဲ့ ကိုယ်အကောင်းဆုံးမိတ်ဆွေမဖြစ်နေရင် ဘယ်လောက်ပင်ပန်းဆင်းရဲ့နေလိမ့်မယ်။
မိမိကိုယ်ကိုကြင်နာပါ။ မိမိရဲ့အားနည်းချက်ကို အရှိအတိုင်းလက်ခံလိုက်ပါ။
ဘယ်သူနဲ့ မှမနှိုင်းယှဉ်ဘဲ မိမိရဲ့အကောင်းဆုံးအနေအထားဖြစ်တည်မှုကိုသာ ဦးညွှတ်ကြပါလို့ …
ဘ၀ရည်မှန်းချက်ပန်းတိုင်ကိုအကောင်အထည်ဖော်နိုင်ကြပါစေ။
သူတပါးထင်မြင်ချက်ကြောင့်စိတ်ဆင်းရဲခြင်းကင်းကြပါစေ။
တိုးတက်ကြီးပွားကြပါစေ။
ဆြာသိန်း
မှီငြမ်း David Sack M.D.
8 Ways to Stop Worrying About What Other People Think
သူတပါးကိုယ့်အပေါ်ထားရှိတဲ့သ
သူတပါးရဲ့အထင်အမြင်တွေနဲ့ ကိုယ့်ဘ၀ကိုဖြတ်သန်းနေခြင်
လူတွေက ကိုယ့်ကိုချီးမွမ်းလိုက်တယ်
လူတွေက ကိုယ့်ကိုလည်းအပြစ်တင်ကြ၊ကဲ
ဒါဆိုသေချာပါပြီ..မင်းဘ၀မင်
မင်းကိုယ်မင်းလေးစားသမှုမရှ
ရလဒ်က မင်းသေမယ့်နေ့ မှာ နောင်တတခုနဲ့ သေရဖို့ သေချာသွားပြီ။
***တောက်…ငါတော်တော်ညံ့ခဲ့ပ
အဲ့ဒီအချိန်ရောက်ရင်မင်းသိပ
တကယ်တမ်းကသူတပါးက မင်းကိုအရူးလုပ်နေတာမဟုတ်ပါ
မင်းရဲ့စိတ်က မင်းအယောင်ဆောင်ပြီးတသက်လုံ
မင်းရဲ့စိတ်ဟာမင်းမှမဟုတ်တာ
သိပ်လည်းစိတ်မပျက်သွားပါနဲ့ ဦး။
ဒီဆောင်းပါးကနေ အတိုင်းအတာတခုအထိ အလင်းပြပေးပါလိမ့်မယ်။
(၁) ရှုထောင့်ကိုပြောင်းလဲပစ်ပါ
တကယ်တော့လူတွေရဲ့စိတ်ထဲမှာ ကိုယ့်အကြောင်းအကြာကြီးထိုင
(၂)မကောင်းတဲ့အတွေးတွေကိုမေ
မကောင်းတဲ့အတွေးတွေကြောင့်စ
.
(၃)အရာရာကိုပြီးပြည့်စုံအော
အခြားလူတွေရဲ့ အသိအမှတ်ပြုခံချင်တာဟာ ငြင်းဆန်လို့ မရတဲ့ဗီဇထဲပါလာပြီးဖြစ်တဲ့
သူတပါးကိုယ့်ကိုဘယ်လိုဆက်ဆံ
လူတဖက်သားကိုယ့်ကို အသိအမှတ်ပြုဖို့ ဘယ်လောက်လှအောင်ပြင်ဆင်မိခ
ဒီအမူအကျင့်တွေဟာ တကယ်တော့ ကိုယ့်အတိတ်ရဲ့ဖြစ်ရပ်တွေကေ
ငါဘယ်လို ပြီးပြည့်စုံအောင်လုပ်ရင်ကေ
ငါဘယ်လောက်လုပ်ပြလိုက်ရင် လူတွေငါ့ကို အထင်ကြီးလာမလဲ အသိအမှတ်ပြုလာမလဲရယ်လို့ 
Perfectionist အတွေးအခေါ်ကြောင့်လည်းပိုစိတ
ဒါဟာလည်း အတိတ်က ကိုယ့်ရဲ့အုပ်ထိန်းသူတွေက လွယ်လွယ်နဲ့ အပြစ်တင်တတ်သူတွေလား..ငြီး
နောက်တဆင့်အနေနဲ့ ပြီးခဲ့တဲ့အတိတ်ကကျရှုံးမှ
အရာရာပြီးပြည့်စုံအောင်လုပ်
တချိန်ထဲမှာပဲ ကိုယ့်သားသမီးကိုယ့်မိတ်ဆွေ
(၄)ယနေ့ ကစပြီး မိမိကိုယ်ကိုပိုပြီးစိတ်ဝင်
မေးခွန်းတွေမေးပါ။ ငါလုပ်နေတာတွေဟာ ငါတကယ်ကျေနပ်ပျော်ရွှင်လို့ လုပ်နေတာလား
သူတပါးအထင်သေးမှာကြောက်ပြီး
ကိုယ်တကယ်ပျော်ရွှင်လို့ လုပ်ရင် ဘာအကြောင်းနဲ့ မှ သူတပါးထင်မြင်ချက်တွေကို မှီခိုနေစရာမလိုတော့ဘူးပေါ့
ငါတကယ်လိုချင်တာဘာလဲ
ငါ့အတွက်တကယ်လိုအပ်တာဘာလဲဆိ
ငါ့ရဲ့ ဆက်ဆံရေးအနေအထားကိုဘယ်လိုမြ
ငါ့ရဲ့ပညာရေးကိုဘယ်လိုတိုးတ
ငါ့ရဲ့အသက်မွေးဝမ်းကျောင်းပ
အရည်အသွေးရှိတဲ့မေးခွန်းတွေ
(၅) ကိုယ့်တန်ဖိုးကိုသိနားလည်တဲ
လောကကြီးမှာ ကိုယ့်ကို အရှိအတိုင်းနားလည်လက်ခံနိုင
ကိုယ့်ကို သူတို့ မျှော်လင့်ထားတဲ့အတိုင်းပံ
နေခွင့်ရတဲ့အချိန်လေးကိုဘာလ
ဘာ့ကြောင့်ကိုယ့်ဘ၀ကို ကိုယ်တိုင် ခက်ခဲအောင်လုပ်နေတော့မှာလဲ။
မိမိကိုယ်ကိုအပြည့်အ၀လက်ခြံ
မိမိကိုယ်ကိုအပြည့်အ၀လက်ခံမ
(၆) ခံစားလိုက်ပါ
ခံစားနာကျင်နေတာကို ဇွတ်အတင်းဖိနှိပ်မထားပါနဲ့ ။ ခံစားပစ်လိုက်ပါ။ လိုအပ်ရင်ပြောလိုက်ပါ။ မကြောက်ပါနဲ့ ။ တင်းခံငြင်းဆန်နေတဲ့စိတ်ကို
ရင်ဆိုင်ရမှာကြောက်နေရင်တော
(၇) အမှန်တကယ်ကူညီနိုင်တဲ့သူတွေ
ပညာရှင်ဆန်ဆန်ကူညီနိုင်မယ့်
တကိုယ်တည်းကြိတ်မှိတ်ခံစားေ
(၈)မိမိစိတ်ဟာမိမိ၏အကောင်းဆ
လက်ခံဖို့ ခက်ချင်ခက်ခဲပေမယ့် သိပ်ကိုအရေးကြီးပါတယ်။ လူတကာစိတ်ကျေနပ်ဖို့ ကိုယ့်မှာတာဝန်မရှိပေမယ့် ကိုယ့်စိတ်ချမ်းသာပျော်ရွှင်
ဘ၀ရည်မှန်းချက်ပန်းတိုင်ကို
သူတပါးထင်မြင်ချက်ကြောင့်စိ
တိုးတက်ကြီးပွားကြပါစေ။
ဆြာသိန်း
မှီငြမ်း David Sack M.D.
8 Ways to Stop Worrying About What Other People Think
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။