🌾🌾🌾
ဘဝကို စမ်းတဝါးဝါးနေကြတာ များပါတယ်။ ရမ်းပြီးတော့လုပ်နေကြတာလည်း များတယ်။ မှန်းပြီးတော့လုပ်နေကြတာလည်း ရှိတယ်။ တစ်ခါတစ်လေ ကိစ္စတစ်ခုကိုလုပ်ချင်လွန်းလို့
လုပ်တယ်။ လုပ်ပြီးလို့ တော်တော်ကြာတဲ့အခါကျမှ မလုပ်ချင်တော့ဘူး။ တစ်ခုခု
လိုချင်တယ်ဆိုပြီးတော့ ရအောင်လုပ်တယ်။ ရပြီးကာမှ မလိုချင်တော့ပြန်ဘူး။
အဲဒီလိုဖြစ်တာတွေ အင်မတန်များပါတယ်။ ကိုယ့်ဘဝကိုကိုယ်ကြည့်ရင်
တွေ့နိုင်ပါတယ်။ ဘုန်းကြီးကိုယ်တိုင်လည်း လိုချင်လွန်းလို့
ဖြစ်ချင်လွန်းလို့ အချိန်တွေ နှစ်တွေ အင်အားတွေ အများကြီးအကုန်ခံပြီး
အပင်ပန်းခံလုပ်ခဲ့တာတွေ ရှိတယ်။ တကယ်ရလာ ဖြစ်လာတဲ့အခါကျတော့ ငါလိုချင်တာ
ဒါမဟုတ်ဘူးလို့ သိရတယ်။ အဲဒီအခါမှာ အချိန်တွေ အများကြီးကုန်ခဲ့ပြီ။
အင်အားတွေ အများကြီးကုန်ခဲ့ပြီ။ ခုလို ကိုယ်တကယ်ဘာလိုချင်မှန်း
ဘာဖြစ်ချင်မှန်း တိတိကျကျ ပြတ်ပြတ်သားသားမသိပဲနဲ့ ဘဝကို
စမ်းတဝါးဝါးနေကြတဲ့သူတွေ အင်မတန်များလှပါတယ်။
🌾🌾🌾
တရားအားထုတ်တဲ့လူကျတော့ ဒီလိုမဟုတ်တော့ဘူး။ ကိုယ်တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ် ပြန်ကြည့်တယ်။ ငါ ဒါကို ဘာဖြစ်လို့လုပ်ချင်တာလဲ။ တစ်ခုခု အကျိုးစီးပွားလိုချင်လို့လား။
ဂုဏ်လိုချင်လို့လား။ သူများအထင်ကြီးတာ လိုချင်လို့လား။ ကြွားချင်လို့လား။
ရေရှည်လုပ်နိုင်မှာလား စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးတယ်။
ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်ရင် သိတယ်။ အဲဒီတော့ လုပ်သင့်တာဆိုရင်
လုပ်တယ်။ မလုပ်သင့်တာဆိုရင် မလုပ်ဖြစ်ဘူး။ ဖြစ်နိုင်တာကို လုပ်တယ်။
မဖြစ်နိုင်တာကို မလုပ်ဘူး။ ကိုယ့်စိတ်ကိုကိုယ်မသိရင် မဖြစ်နိုင်တာကြီးကို
ဖြစ်ချင်ဇောအားကြီးပြီးတော့ သိပ်ကြိုးစားပြီးလုပ်တယ်။ဖြ စ်မလာတဲ့အခါကျတော့ စိတ်ညစ်တယ်။ စိတ်ပျက်တယ်။ အချိန်တွေကုန်တယ်။ ငွေတွေကုန်တယ်။အင်အားတွေ ကုန်တယ်။
တရားအားထုတ်တဲ့သူ၊ ကိုယ့်စိတ်ကိုသတိနဲ့ကြည့်တတ်တဲ့သူဟာ
အခြေအနေ အချိန်အခါ အချက်အလက်အားလုံးကို ခြုံငုံသုံးသပ်နိုင်တယ်။
မဖြစ်နိုင်တာကို မဖြစ်နိုင်မှန်းသိတယ်။ ဖြစ်နိုင်တာကို
ဖြစ်နိုင်မှန်းသိတယ်။ ဖြစ်နိုင်တာကိုဖြစ်နိုင်မှန်းသိပြီး
တကယ်ကြိုးစားတော့ ဖြစ်တာလည်းများတယ်။ ဖြစ်တာများတော့ အချိန်
အလကားဖြစ်မသွားဘူး။ အင်အားတွေ အလကားဖြစ်မသွားဘူး။ ကျေနပ်မှုလည်း ပိုရတယ်။
ရှေ့ဆက်ပြီး ဒီထက်ကောင်းတာတွေ ထပ်ပြီးကြိုးစားပြီး လုပ်လို့ရတယ်။
🌾🌾🌾
ဒီတော့ တရားကိုသိတဲ့သူ၊ စိတ်ကိုသိတဲ့သူဟာ လောကီရေးဖြစ်ဖြစ် တစ်ခြားကိစ္စမှာပဲဖြစ်ဖြစ် လုပ်သင့်တာကိုလုပ်တယ်။ မလုပ်သင့်တာကို မလုပ်ဘူး။ ဖြစ်နိုင်တာကိုလုပ်တယ်။ မဖြစ်နိုင်တာကို မလုပ်ဘူး။ တစ်ချို့ကိစ္စတွေဟာ အခုမဖြစ်နိုင်သေးဘူး။ နောင်မှ ဖြစ်မယ်ဆိုရင် အချိန်လေးခဏဆိုင်းပြီးနေနို င်တယ်။
အေးအေးဆေးဆေး စောင့်နိုင်တယ်။ တရားအားထုတ်တဲ့သူဟာ စိတ်ရှည်တယ်။
ဇွဲကောင်းတယ်။ လွယ်လွယ်နဲ့စိတ်မပျက်ဘူး။ ဒါကြောင့်
တကယ်တန်ဖိုးရှိတဲ့အလုပ်ကို ရေရှည်စီမံကိန်းနဲ့လုပ်တယ်။ ဖြစ်တာ များတယ်။ ဒါကြောင့် အောင်မြင်မှုလည်းရတယ်။
🌾🌾🌾
လူတွေမှာ အင်မတန်ကြီးမားတဲ့အစွမ်းသတ္တိတွေ
အများကြီးရှိပါတယ်။ အဲဒီစွမ်းရည်သတ္တိတွေဟာ ကစဥ့်ကရဲဖြစ်နေတယ်။ ဟိုဟာလိုလို
ဒီဟာလိုလို လုပ်ချင်တာတွေများနေတယ်။ ဒီတစ်ခုလုပ်လိုက် ပျက်သွားလိုက်၊
နောက်တစ်ခုလုပ်လိုက် ပျက်သွားလိုက်နဲ့ ရှေ့ကိုတက်ဖို့ရာ
သိပ်အလားအလာမရှိဘူး။ ဘယ်ဟာမှ မရေရာဘူးဖြစ်နေတယ်။ အပြောင်းအလဲတွေ
အင်မတန်များတယ်။ တစ်ခုဆိုတစ်ခု လေးလေးနက်နက်ဦးတည်ချက်ထာြး ပီး တကယ်စွဲစွဲမြဲမြဲ လုပ်ကြည့်စမ်းပါ။ အများကြီးဖြစ်မြောက်အောင်မြ င်တာ တွေ့ရလိမ့်မယ်။
🌾🌾🌾
The experience of spiritual power is basically a joyful one.
အသိဥာဏ်ကြောင့် သတ္တိတစ်မျိုး၊ စွမ်းအားတစ်မျိုး ရလာတဲ့အတွေ့အကြုံဟာ အင်မတန်ပျော်စရာကောင်းတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ကိုယ့်ဘဝကိုအမြင်ရှင်းပြီးေ တာ့
လုပ်သင့်တာလေးတွေကို သေသေချာချာလုပ်သွားတဲ့အခါ ဖြစ်သင့်တာလေးတွေဟာ
တစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဒီလိုဖြစ်လာတာ အင်မတန်အားရှိတယ်။ ဒီအသိဥာဏ်က
စွမ်းအားတစ်မျိုးပဲ။ အကြောင်းအကျိုးကိုသိပြီးတော့  ပိုင်ပိုင်နိုင်နိုင်ကြီး လုပ်သွားလို့ရတယ်။ စမ်းတဝါးဝါး မဟုတ်တော့ဘူး။ အဲဒီလိုပိုင်ပိုင်နိုင်နိုင်ကြီးလုပ်နေတာကိုက သတ္တိတစ်မျိုး စွမ်းအားတစ်မျိုး အရည်အချင်းတစ်မျိုးကို ဖြစ်စေပါတယ်။
🌾🌾🌾
သတ္တိစွမ်းအား(power) အမျိုးမျိုးရှိတယ်။ political power, military power ဆိုတာရှိသလို အသိဥာဏ်ကြောင့်ဖြစ်တဲ့စွမ်း အားတစ်မျိုး
(spiritual power) လည်း ရှိပါတယ်။ တခြား power တွေက ပြင်ပ power တွေပါ။
မြဲမှာ မဟုတ်ဘူး။ အသိဥာဏ်ကြောင့်ဖြစ်တဲ့ ရင်ထဲက power က အလွန်မြဲမြံတယ်။
ခိုင်မာတည်ကြည်တဲ့သူ ဖြစ်သွားစေတယ်။ ဒီစွမ်းရည်ကိုတကယ်ရထားတဲ့လူ ဟာ အစွမ်းအစမဲ့တဲ့ခံစားမှုမျိုး မဖြစ်ဘူး။ အမြဲတမ်း အားရှိတယ်။ အားငယ်စိတ် သိမ်ငယ်စိတ် မဖြစ်ဘူး။ စိတ်ကို အင်မတန်အေးချမ်းစေတယ်။ အသိဥာဏ်ကြောင့်ဖြစ်တဲ့စွမ်း ရည် power ဟာ မြင့်မြတ်မှု၊ အကျိုးကိုလိုလားမှုသဘောတွေပါ တဲ့အတွက် သူ့ကို အလွဲသုံးစားလုပ်လို့မရဘူး။ သူဟာ ကောင်းကျိုးကိုသာလုပ်နိုင်တ့ဲစွမ်းရည်သတ္တိ power ဖြစ်တယ်။
🌾🌾🌾
power ကို အတန်းအစားအမျိုးမျိုးခွဲမယ် ဆိုရင်
ပျက်စီးအောင်လုပ်နိုင်တဲ့ power, ကောင်းအောင်လုပ်နိုင်တဲ့ power ဆိုပြီး
ခွဲခြားနိုင်တယ်။ ကောင်းအောင်လုပ်နိုင်တဲ့ power ကို Nurturing power
လို့ခေါ်နိုင်တယ်။ အကျိုးပြုတဲ့၊ ပြုစုပျိုးထောင်ပေးနိုင်တဲ့
power တစ်မျိုးပဲ။ အသိဥာဏ်ကြောင့်ဖြစ်တဲ့ power (spiritual power)ဟာ
အကျိုးပြုနိုင်တဲ့ power (Nurturing power)လည်း ဖြစ်တယ်။ သူများအကျိုးကို
အများကြီးဆောင်ရွက်ချင်တယ်။ ဒီလိုမျိုး power ရှိတဲ့လူမှာ ဆောင်ရွက်နိုင်တဲ့အင်အားနဲ့ အသိဥာဏ်လည်း သူ့မှာရှိတယ်။ တကယ်လည်း ဆောင်ရွက်တယ်။ အကျိုးရှိတာကို မဆောင်ရွက်ပဲကိုမနေနိုင်တော့ တာ။ ဒီ spirutual power က "လုပ်ရမယ်၊ တတ်နိုင်သလောက်လုပ်ရမယ်"လို့  သူ့ဟာသူ တောင်းဆိုတယ်။ ဒါ့ကြောင့် စိတ်ထားကောင်းတဲ့လူ၊ အသိဥာဏ်ရှိတဲ့လူ အထူးသဖြင့် တရားနဲ့ပတ်သက်ပြီးတော့အသိအြ မင်ရှိတဲ့လူဟာ အများအကျိုးကို ပိုပြီးဆောင်ရွက်ချင်တယ်။ တကယ်လည်း ဆောင်ရွက်ပါတယ်။
🌜လူဟာ အများအကျိုးကိုဆောင်ရွက်မှလ ည်းပဲ ကိုယ့်ဘဝကိုကိုယ် ကျေနပ်မှုရနိုင်မယ်။🌛
💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃
၏
💧သတိဆိုတဲ့နေအိမ်💧
📖 စာအုပ်မှ 📖
✍🏼ကူးယူဖော်ပြပါသည်✍🏼
Credit. To. ဘဝ
ဘဝကို စမ်းတဝါးဝါးနေကြတာ များပါတယ်။ ရမ်းပြီးတော့လုပ်နေကြတာလည်း
🌾🌾🌾
တရားအားထုတ်တဲ့လူကျတော့ ဒီလိုမဟုတ်တော့ဘူး။ ကိုယ်တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ် ပြန်ကြည့်တယ်။ ငါ ဒါကို ဘာဖြစ်လို့လုပ်ချင်တာလဲ။ တစ်ခုခု အကျိုးစီးပွားလိုချင်လို့လာ
တရားအားထုတ်တဲ့သူ၊ ကိုယ့်စိတ်ကိုသတိနဲ့ကြည့်တတ
🌾🌾🌾
ဒီတော့ တရားကိုသိတဲ့သူ၊ စိတ်ကိုသိတဲ့သူဟာ လောကီရေးဖြစ်ဖြစ် တစ်ခြားကိစ္စမှာပဲဖြစ်ဖြစ် လုပ်သင့်တာကိုလုပ်တယ်။ မလုပ်သင့်တာကို မလုပ်ဘူး။ ဖြစ်နိုင်တာကိုလုပ်တယ်။ မဖြစ်နိုင်တာကို မလုပ်ဘူး။ တစ်ချို့ကိစ္စတွေဟာ အခုမဖြစ်နိုင်သေးဘူး။ နောင်မှ ဖြစ်မယ်ဆိုရင် အချိန်လေးခဏဆိုင်းပြီးနေနို
🌾🌾🌾
လူတွေမှာ အင်မတန်ကြီးမားတဲ့အစွမ်းသတိ
🌾🌾🌾
The experience of spiritual power is basically a joyful one.
အသိဥာဏ်ကြောင့် သတ္တိတစ်မျိုး၊ စွမ်းအားတစ်မျိုး ရလာတဲ့အတွေ့အကြုံဟာ အင်မတန်ပျော်စရာကောင်းတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ကိုယ့်ဘဝကိုအမြင်ရှင်းပြီးေ
🌾🌾🌾
သတ္တိစွမ်းအား(power) အမျိုးမျိုးရှိတယ်။ political power, military power ဆိုတာရှိသလို အသိဥာဏ်ကြောင့်ဖြစ်တဲ့စွမ်း
🌾🌾🌾
power ကို အတန်းအစားအမျိုးမျိုးခွဲမယ်
🌜လူဟာ အများအကျိုးကိုဆောင်ရွက်မှလ
💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃
၏
💧သတိဆိုတဲ့နေအိမ်💧
📖 စာအုပ်မှ 📖
✍🏼ကူးယူဖော်ပြပါသည်✍🏼
Credit. To. ဘဝ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။