Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 31, 2016

#ဈေးဝယ်ရင်း_ကုသိုလ်ရှာပါ

#ဈေးဝယ်ရင်း_ကုသိုလ်ရှာပါ
တစ်နေ့မှာ ကျနော်ဟာ မိန်းမက ပန်းသီးဝယ်ခိုင်းလိုက်လို့ အိမ်ကနေ ခတ်လှမ်းလှမ်းမှာ ရှိတဲ့ ကုန်တိုက်တစ်ခုကို လမ်းလျှောက်သွားလိုက်တယ်။ အိမ်နဲ့ သိတ်မဝေးလှတဲ့ လမ်းဘေးနေရာ နေပူကြဲကြဲအောက်မှာ ထီးလေးဆောင်းရင်း ပန်းသီးတွေကို တောင်းတစ်လုံးမှာ ထည့်ပြီး ထိုင်ရောင်းနေတဲ့ အသက် ၈၀ အရွယ် အဖွားအိုတစ်ယောက်ကို တွေ့လိုက်မိတယ်။
ကျနော်လည်း ကုန်တိုက်ကို အဝေးကြီး သွားစရာမလိုအောင်လို့ အဖွားကြီးဆီက ပန်းသီးဝယ်မလို့ ဈေးမေးလိုက်တယ်။
"အမေကြီး ပန်းသီးတွေ ဘယ်ဈေးလဲဗျ"
"တစ်ကီလိုမှ ၇ ဒေါ်လာထဲပါ သားရယ်"

လူတစ်ယောက်ကို မချစ်မိခင် သင့်ကိုယ်သင် မေးသင့်တဲ့ မေးခွန်းများ

လူတစ်ယောက်ကို မချစ်မိခင် သင့်ကိုယ်သင် မေးသင့်တဲ့ မေးခွန်းများ
==========================

၁။ သူ ဘယ်လိုလူလဲ?

ဒါကတော့ လူတစ်ယောက်ကို ချစ်သူရည်းစားအဆင့်မရောက်ခင် လူတိုင်းသေချာပေါက် တွေးပြီးမေးရမယ့် မေးခွန်းဖြစ်ပါတယ်။ သူရဲ့ ရုပ်ရည်ထက်စာရင်
အကျင့်စရိုက်တွေနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်က သင့်အတွက် ပိုအရေးကြီးပါတယ်။ အသေးစိတ်အကျင့်လေးတွေကစပြီး၊ ကြီးကြီးမားမားအချက်တွေထိ သင်သေသေချာချာ
စဉ်းစားသင့်ပါတယ်။ အခုအချိန်မှာ ချစ်လို့ သည်းခံနိုင်တာတွေ၊ မမြင်မိတာတွေ ရှိပေမယ့် ရေရှည်အတွက်ဆိုရင်တော့ သူဘယ်လိုလူလဲဆိုတာကို
သင့်အနေနဲ့ အမှန်အတိုင်း မြင်သင့်ပါတယ်။

5 Types of Customers (ဖောက်သည်ပုံစံ ၅ မျိုး)

5 Types of Customers (ဖောက်သည်ပုံစံ ၅ မျိုး)
-------------------------------------------------------
ဖောက်သည်များကြောင့် လုပ်ငန်းအကျိုးအမြတ်ရရှိပြီး၊ လုပ်ငန်းများ ပိုမိုတိုးတက်မှု၊ ၀န်ထမ်းများအား ၀င်ငွေရရှိတိုးတက်စေမှုနှင့် စီးပွားရေးအောင်မြင်မှုသို့ဖြစ်လာစေတာကြောင့် ဖောက်သည်ဆိုတာ မရှိလျှင် စီးပွားရေးဆိုတာလည်း ဖြစ်မလာနိုင်စေတာမို့..... စီးပွားရေးလုပ်ငန်းများရဲ့ အဓိကသွေးကြောဟာ ဖောက်သည်များပင် ဖြစ်ပါတယ်။ လုပ်ငန်းအလိုက် ၀န်ဆောင်မှုပေးရတဲ့အခါမှာ ယေဘူယျအားဖြင့် မတူညီကြတဲ့ ဖောက်သည်ပုံစံ (၅-မျိုး) ခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

စာပေဆိုတာ

စာပေဆိုတာ
--------------
စာအုပ်တစ်အုပ် ဖတ်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖတ်ကြတာပေါ့နော် ။

ဒါပေမယ့် စာအုပ်တစ်အုပ်ကို ဖတ်ခြင်းအားဖြင့်ရသစာအုပ်ပဲဖြစ်ဖြစ် ၊ သုတစာပေပဲဖြစ်ဖြစ် တခြားတစ်ဦးတစ်ယောက်ရဲ့ စိတ်ထဲ ၊ ဦးနှောက်ထဲကို ဝင်ကြည့်လိုက်ရသလိုပဲ။

အဲဒီတော့ ကိုယ့်ရဲ့ ကမ္ဘာကြီးက အများကြီးပဲ ကျယ်သွားတယ်။

လူတစ်ယောက်မှာဆိုရင် ဦးနှောက်တစ်ခုပဲရှိတယ်။

စိတ်တစ်ခုပဲ ရှိတယ်။ အဲဒီ စိတ်၊အဲဒီဦးနှောက်ကနေ မြင်မယ်ဆိုရင် အင်မတန်မှ ကျဉ်းမြောင်းတယ်။

အိပ်ယာဝင်ခါနီးစာဖတ်ရင် ရရှိလာမယ့်အကျိုးကျေးဇူးများ

အိပ်ယာဝင်ခါနီးစာဖတ်ရင် ရရှိလာမယ့်အကျိုးကျေးဇူးမျာ
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

စာဖတ်ခြင်းနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးရနိုင်ပုံကို စာတွေ့သော်လည်းကောင်း၊ကိုယ်တိုင်ကိုယ်ကျလက်တွေ့သော် လည်းကောင်း ဗဟုသုတရွာ ပရိသတ်ကြီး သိပြီးဖြစ်မှာပါ။
ဒါပေမယ့် စာဖတ်တဲ့အခါ အိပ်ယာဝင်ခါနီးအချိန်မှာ
ဖတ်ရင်ရ ရှိတဲ့အကျိုးကျေးဇူးတွေကိုတော့ သတိထားမိမှာမဟုတ်ဘူးထင်ပါတယ်။ဒါကြောင့် ဗဟုသုတမှတ်စုတိုအဖြစ်ဖော်ပြပေး လိုက်ပါတယ်။

“အချိန်”

“အချိန်”

သားရေ....
လူတော်တော်များများမသိပေမဲ့ သားကို အသိစေချင်ဆုံး အရာတခု ရှိတယ်။ အဲဒါကတော့အချိနိ ရဲ့ အသုံးကျမှု နဲ့ အချိန် ရဲ့ တန် ဘိုးပဲ။ အချိန်ဟာ တန်ဘိုးပဲ။ ဒါပေမဲ့ လူတော်တော်များများက လက်တွေ့ မလုပ်ကြဘူး။
အချိန်ကို အလဟဿဖြုန်းတီးပစ်နေတဲ့ လူဖျင်း လူညံ့တွေတောင် အချိန်ဟာတန်ဘိုး ရှိကြောင်း၊အချိန် ဟာ လျှင်မြန်ကြောင်းနဲ့ ပတ်သက်တဲ့ စာကြောင်းတွေ၊စကားပုံတွေကို မကြာခဏ ရွတ်ဆိုလေ့ ရှိကြတယ်။
“အချိန် နှင့် ဒီရေ သည် လူ ကို မ စောင့်”“Time and tide waits for no man”
“မိုး ရွာတုန်းရေခံ လသာတုန်း ဗိုင်း ငင်”
“မိဘ နှင့် အချိန် သည် အစား ပြန် မရ”...စသ ဖြင့် များ စွာ ရှိပါတယ်။
ဒါပေ မဲ့ ဒီ အဆိုအမိန့် တွေ ကိုဥာဏ် အ မြော် အ မြင် ရှိ ရှိ နဲ့ မစဉ်းစားတတ်ယင်တော့ အချည်းအနှီး ပါပဲ။ မလိုက်နာဘူးဆိုယင်တော့ မ ပြောတော့နဲ့။

a lot of, lots of, plenty of and a lot .. ရှင်းပြတော့မှ နားလည်မလား

a lot of, lots of, plenty of and a lot .. ရှင်းပြတော့မှ နားလည်မလား
………………………………………………………….
A lot, lots, plenty စတဲ့ အသုံးတွေကို အများအပြား..ဆိုတဲ့ အဓိပ္ပါယ်နဲ့ much, money တို့လိုပဲ သုံးနိုင်ပြီး Informal style မှာသုံးပြုပါတယ် ၊ Lots ကတော့ Informal ပိုဖြစ်တယ်လို့ဆိုပါတယ် ၊ of ပါခြင်း မပါခြင်းကိုလည်း ခွဲခြားပြထားပါတယ် .. ကြည့်လိုက်ရအောင်လား ..
We use a lot, lots and plenty in informal styles to talk about quantities, amounts and degree. Lots and a lot are similar in meaning to much and many. Lots is even more informal than a lot:

အလုပ်ခွင်မှာ

(၁) အလုပ်သစ်မှာသင်သိတာကို အကုန်မပြောပါနဲ့။
တစ်ခါတလေ သိတိုင်းပြောရင်အမြင်ကတ်ခံရတတ်
ပါတယ်။

(၂) မိမိကိုယ်ကိုနှိမ့်ချပါ။ အလုပ်အသစ်မှာ ကြွားကြွား
ဝါဝါနဲ့ဆိုလူတိုင်းအမြင်ကတ်ပါတယ်။

(၃) သင်ယူပါ။ မသိသေးတာကို သိချင်ယောင်ဆောင်
မနေပါနဲ့။ သင်ဘယ်တော့မှတတ်မှာ မဟုတ်ပါဘူး။
သိတဲ့သူကိုမေးမြန်းပါ။

ဒီနေ့လူတွေ ဘာ့ကြောင့်ဦးဝင်းထိန်ကို တိုက်ခိုက်နေကြသလဲ?



Martin Swe added 2 new photos — with U Win Htein.

ဒီနေ့လူတွေ ဘာ့ကြောင့်ဦးဝင်းထိန်ကို တိုက်ခိုက်နေကြသလဲ?
ဒီနေ့လူတော်တော်များများ NLD CEC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို တိုက်ခိုက်နေကြပါတယ် ။ အဲဒီထဲမှာ ဆယ်လီ ဆယ့်တစ်လီတွေလဲပါပါတယ် ။ NLD ပါတီထဲက တချို့လဲပါတယ် ။
ဒီမိုအမည်ခံ ရဲရဲတောက်တွေလဲပါတယ် ။ ဘာလို့သူတို့ NLD CEC ဦးဝင်းထိန်ကို တိုက်ခိုက်နေရတာလဲဆိုရင် NLD အင်အားချိနဲ့သွားစေချင်လို့ ဆိုတာသွားတွေ့ရတယ် ။

ကျွန်တော် ဘာ့ကြောင့် ဒီလိုသုံးသပ်မိသလဲဆိုတော့ NLD မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အတုမရှိခေါင်းဆောင်ဖြစ်တယ် ။ ဒေါ်အောင်းဆန်းစုကြည်ဟာ NLD ခေါင်းဆောင်သာမက အမျိုးသားခေါင်းဆောင်အဖြစ်လူအများက လက်ခံထားတယ် ။ ဒီမိုကရေစီရဲ့ အိုင်ကွန် ကမ္ဘာကလေးစားအသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ဖြစ်တယ် ။

မယ်ကန့်လန့်

 
 
မယ်ကန့်လန့်
▬▬▬▬▬
ရွာတစ်ရွာမှာဘဲဆိုပါတော့-- ။ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျား ရဲ့ စကားကိုအမြဲတန်းကန့်လန့်တိုက်တတ်တယ် ။ ဆန့်ကျင်ဘက်လုပ်တယ် ။ ယောင်္ကျားက အဖြူဆိုရင် သူက မဲတယ် --။ မိန်းမအထာသိတဲ့ယောင်္ကျားက ဘာလုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက်ကိုပြောမှ သူဖြစ်ချင်တာဖြစ်ရတယ်

-- ဥပမာ - `` မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်းမကပ်တော့ဘူး ကွာ ``
`` အို ဘယ်ဖြစ်မလဲ -- ဆွမ်းကပ်ကိုကပ်မယ် ``

`` ဒါဆိုလဲကွာ - တစ်ပါးလောက် -အဖြစ်ကပ်လိုက်ပေါ့ ``
``ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ --``

Saturday, October 29, 2016

တစ်ကယ်ရော တန်သလား

တစ်ကယ်ရော တန်သလား
✿✿✿✿✿✿✿✿✿✿✿✿

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။

" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့
ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်

" ခွေးရူးကိုနိုင်တော့
ဂုဏ်ယူစရာ ကောင်းသလား သား " ၊

ကျားငယ်ခေါင်းခါပါတယ်။

" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား "

Tom_Hanks ( ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့Oscar ဆုအများရ ဇကာတင်ကားများရဲ့သရုပ်ဆောင် (သို့) သုညဘဝရဲ့နောက်ကွယ်က တန်ဖိုးမဖြတ် နိုင်တဲ့လူတယောက်ရဲ့အတ္ထုပ္ပတ္တိ )


Htet Wa Na added 24 new photos — with Thaw Zin and 49 others.

#Tom_Hanks ( ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့Oscar
ဆုအများရ ဇကာတင်ကားများရဲ့သရုပ်ဆောင်
(သို့) သုညဘဝရဲ့နောက်ကွယ်က တန်ဖိုးမဖြတ်
နိုင်တဲ့လူတယောက်ရဲ့အတ္ထုပ္ပတ္တိ )
…………………………………………………………
.
.
.
.
.


" ကျတော်ယုံကြည်တဲ့အရာတခုက
တခြားလူတွေအတွက်ရယ်စရာဖြစ်
ချင်ဖြစ်မယ် အထင်သေးစရာဖြစ်ချင်
ဖြစ်မယ်။ ဒါပေမယ့်ကျတော့်အတွက်
အရေးမကြီးဘူး။ ဒီယုံကြည်မူကမချမ်း
သာချင်လဲမချမ်းသာဘူး။ ဒါလဲကျတော့်
အတွက်အတွက်အရေးမကြီးဘူး။
ကျတော်ယုံကြည်တဲ့အရာကိုကျတော်
သိနေသ၍ ကြိုးစားခွင့်ရနေသ၍
ဘယ်အရာမှကျတော့်အတွက်သိမ်ငယ်
စရာမရှိဘူး။ "

ဝန်ထမ်းဘဝကိုစွန့်ပြီး #ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်

#ဝန်ထမ်းဘဝကိုစွန့်ပြီး #ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်

၁။ မကြောက်နဲ့

ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်လို့ ဆိုလိုက်တာနဲ့ ဆုံးရှုံးမှာ ကြောက်တဲ့ စိတ်၊ မအောင်မြင်မှာ ကြောက်တဲ့ စိတ် စတဲ့ ကြောက်စိတ်တွေ ပြည့်နှက်နေရင်တော့ မဖြစ်ပါဘူး။ ဒါကြောင့် ဘယ်လို ကြောက်စိတ်ကို မဆို ဘယ်ရှား ပစ်လိုက်ပါ။

#အမေရှိသေးရင်_ဖတ်ကြည့်ပါ

#အမေရှိသေးရင်_ဖတ်ကြည့်ပါ
လူတစ်ယောက်ဟာ သူ့အမေအတွက် ပန်းဝယ်ဖို့ ပန်းရောင်းတဲ့ဆိုင်ကို ရောက်လာတယ်။ ကားပေါ်က ဆင်းလိုက်တာနဲ့ လမ်းဘေးမှာ ငိုနေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့လို့ ဘာဖြစ်လို့ ငိုနေတာလဲလို့ မေးလိုက်တယ်။
ကလေးမလေးက သူ့အမေအတွက် ပန်းဝယ်ပေးချင်တာ ပိုက်ဆံမလောက်လို့ပါလို့ ပြန်ပြောတယ်။ ဒါနဲ့ သူက ကလေးမလေးကို နှင်းဆီပန်းတပွင့် ဝယ်ပေးမယ်၊ ဆိုင်ထဲကို လိုက်လာခဲ့လို့ ပြောလို့ ကလေးမလေးလည်း ဆိုင်ထဲ လိုက်လာတယ်။ သူက ကြိုက်တဲ့ နှင်းဆီပန်းတပွင့် ရွေးယူလိုက်ဆိုတာနဲ့ ကလေးမလေးက အလှဆုံး နှင်းဆီပန်းအနီတစ်ပွင့်ကို ယူလိုက်တယ်။

“ခေတ်သစ်တက်ကျမ်း” (ဖတ်ရန်ကြာချိန် - ၃မိနစ်)

“ခေတ်သစ်တက်ကျမ်း”
(ဖတ်ရန်ကြာချိန် - ၃မိနစ်)

တက်ကျမ်းစာအုပ်တွေဟာ ကျွန်တော်တို့ဆီမှာတင်မကပါဘူး၊ ကမ္ဘာမှာလည်း အရောင်းရဆုံး၊ လူဖတ်အများဆုံးစာရင်းဝင်စာအုပ်တွေ ဖြစ်နေတတ်ကြပါတယ်။ စိတ်ဓါတ်လှုံ့ဆော်ရေး ဟောပြောသူတွေ၊ ဟောပြောပွဲတွေဆိုလည်း မနည်းမနောပါပဲ။ ပရော်ဖက်ရှင်နယ်လိုင်းအနေနဲ့ ရပ်တည်နေသူတွေလည်း ရှိပါတယ်။

ဂျပန်စစ်စစ်တယောက် ဖြစ်ချင်ရင်.......

ဂျပန်စစ်စစ်တယောက် ဖြစ်ချင်ရင်.......
ကျွန်တော်တို့ မြန်မာလူမျိုးအပါအဝင် အာရှနိုင်ငံက လူတော်တော်များများက ဂျပန်ကို ဒီလိုမြင်ကြတယ်.....
ဂျပန်လူမျိုး ဆိုတာ...ပိုက်ဆံ အရမ်း သုံးနိုင်တယ်.....။လူနေမူ့ အဆင့်အတန်းမြင့်တယ်.....။style မိုက်တယ်..တခါတလေ အနောက်နိုင်ငံတွေကတောင် အတုခိုးရတယ်.......။ဂျပန်လူမျိုးတွေက သုံးတဲ့ ပစ္စည်းတွေကလည်း တချို့ဆိုရင် brand လို့ခေါ်တဲ့ တကမ္ဘာလုံးမှာ နာမည်ကြီးတဲ့ ပစ္စည်းတွေ LOUIS VUITTON ,GUCCI ,HERMES...လို့ခေါ်တဲ့ တကယ် အမြင့်စားတွေချည်းပဲ....။
ဒီလိုနဲ့ပဲ ဂျပန်ကိုအထင်ကြီးပြီး ရောက်လာတဲ့လူ တော်တော်များရှိကြသလို.....
ရောက်လာပြီးတော့မှ ဂျပန်လူမျိုးကို အထင်ကြီးပြီး ဂျပန်အစစ်ကြီးဖြစ်ချင်လို့ အတုခိုးကြတာတွေလည်း အများကြီးရှိကြပါတယ်......။

စားသောက်ခန်းထဲက အံသြဖွယ် billတစ်စောင်

စားသောက်ခန်းထဲက အံသြဖွယ် billတစ်စောင်

================================

ကူးမားဟာ ဒူးဘိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုရဲ့ အရောင်းအင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ သူဟာအလုပ်ကိစ္စနဲ့ အိန္ဒိယကို မကြာခဏခရီးထွက်လေ့ရှိပါတယ်။ အိန္ဒိယရောက်တဲ့အခါတိုင်းမှာလည်း Sabrina ဆိုတဲ့ ဟိုတယ်မှာတည်းလေ့ရှိပါတယ်။

"Jack Ma´´

"Jack Ma´´
-----------

အလီဘာဘာ တီတည်ထောင်ခဲ့သူ ဂျက်မားအကြောင်းကိုစလေ့
လာမိတော့.... အခြေအနေပေးတဲ့ ကံကြောင့် ဒီလူဒီနေရာရောက်
လာခဲ့တာများလားလို့ပဲ သံသယစိတ်နဲ့ ယူဆမိခဲ့ပါသေးတယ်...
သူ့အမေးအဖြေအင်တာဗျူးတစ်ခုကိုကြည့်မိတော့မှ..ဒီလူဒီနေ
ရာကို တကယ်ထိုက်ထိုက်တန်တန်ရလာရောက်လာခဲ့ကြောင်းယုံကြည်
မိပါတော့တယ်... လူငယ်တွေ...အလုပ်လုပ်နေတဲ့သူတွေအတွက် တစ်ခုခု
ရနိုင်မယ်ထင်လို့... သူ့အင်တာဗျူးတစ်ခုက စကားတစ်ချို့ကိုသင့်တော်
သလိုရေးကြည့်မိပါတယ်...
.

ကြည်နူးစရာ တောင်းပန်လွှာ

ကြည်နူးစရာ တောင်းပန်လွှာ
-------------------------------
လက်ထပ်ပြီးလည်း သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း....
.
တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်က ထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးက ဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကို သူလှည့်ပြန်လာခဲ့တယ်။

Friday, October 28, 2016

ဇီကာဗိုင်းရပ်စ် သိကောင်းစရာနှင့် ရောဂါကာကွယ်ရေး နှိုးဆော်ချက်

 
 
ဇီကာဗိုင်းရပ်စ် သိကောင်းစရာနှင့် ရောဂါကာကွယ်ရေး
နှိုးဆော်ချက်

ဖြစ်ပေါ်လာပုံ

ဇီကာဗိုင်းရပ်စ် ရောဂါဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒိစ်ခြင်ကျားကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ အဆိုပါ ရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန္ဓာနိုင်ငံရှိ မျောက်များတွင် စတင်တွေ့ရှိပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့၌ လူသို့ကူးစက်မှု ရှိခဲ့ပါသည်။

လေဆိပ် မှ ခွေးလေးတွေ သယ်ယူ ဖို့ လမ်းညွန်


ဘန်ကောက်လမ်းညွန်-ကိုစိုင်း added 2 new photos.

လေဆိပ် မှ ခွေးလေးတွေ သယ်ယူ ဖို့ လမ်းညွန်🐕🐕
----------------------------------------------------
ဘန်ကောက် သို့ လာရောက်လည် ပါတ် ကြသည့်  မြန်မာပြည်မှ မိတ်ဆွေ
များ အိမ်မွေးတရိစ္ဆာန် လေးများ ကို မိမိတို့ နှင့် တစ်ပါ တည်း သယ် ယူသွား
ချင်ပါက Nok AIR , Thai airway စသည့်  လေယာဉ် များ ဖြင့် သယ် ဆောင်
သွား လို့ ရပါသည် ။ Mai နှင့်  Air Asia တို့ မှာ အချစ် တော် လေး များ
ကိုသယ်ဆောင်သွားခွင့် လုံးဝ (လုံးဝ ) ခွင့် မပြု တာကို လည်း သတိချပ်စေ
ခြင် ပါသည်။ ဘန်ကောက်မှ မြန်မာပြည်သို့ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် 
ခွေး၊ကြောင်၊ ငါး ၊ ယုန် စသည်တို့ ကိုသယ်ဆောင်ခွင့် ပြု ပါသည်။၎င်းတို့ 
သည်၊အောက်ပါအချက် များ နှင့် ကိုက်ညီမှူ့ ရှိ ရမည်ဖြစ်ပါသည်။

အရှေ့တောင်အာရှမှာ ပထမဆုံးထွက်ခဲ့တဲ့ ခြေနင်း ၂ ခုအားနဲ့ သွားတဲ့ ကလေးကစားစရာဗိုလ်အုန်းသီးကားပါ။


Kyaw Thu Ya added 10 new photos.

အရှေ့တောင်အာရှမှာ
ပထမဆုံးထွက်ခဲ့တဲ့ ခြေနင်း ၂ ခုအားနဲ့ သွားတဲ့
ကလေးကစားစရာဗိုလ်အုန်းသီးကားပါ။
ခိုင်ခံ့မှုရော တည်ဆောက်မှုစံနစ်ပါကောင်းလို့
ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ်ပင်
ရေပန်းစားနေရာရခဲ့ပါတယ် ...

ဗိုလ်အုန်းသီးကွေ့ လို့
အများ မှတ်မှတ်သားသား ဖြစ်ရလောက်အောင်
ထိုအရပ်မှာ စက်ရုံတည် နိုင်ခဲ့ပါတယ်။
ဦးနေဝင်းလက်ထက်မှာ
စက်ရုံပင် ပျက်သွားခဲ့ပေမဲ့ ကြက်ဆင်ဖဲထီး၊
ကြည်ကြည်ဘီစကစ်တို့ကဲ့သို့
အရှေ့တောင်အာရှဈေးကွက်မှာ
ကောင်းသတင်းကျော်ကြားခဲ့ပါတယ်။

"Basic English For Everyday Use"

"Basic English For Everyday Use"
*************************

1. You look like my sister.
မင်းက ငါ့ညီမနဲ့တူတယ်။

2. Would you ask him to call back please?
ကျေးဇူးပြု၍ ငါ့ကို ဖုန်းပြန်ခေါ်ပါလို့ သူ့ကို ပြောပေးလို့ရမလား။

3. Are you working today?
ဒီနေ့ အလုပ် လုပ်မှာလား။

4. How was the trip?
ခရီးက ဘယ်လိုလဲ။

Thursday, October 27, 2016

ကင်ဆာရောဂါကို ကာကွယ်နိုင်မည့် ဟင်းချက်နည်းများ

ကင်ဆာရောဂါကို ကာကွယ်နိုင်မည့် ဟင်းချက်နည်းများ

------------------------------------------------------ #ဒေါက်တာခင်မိုးမိုး

ကျွန်ုပ်တို့စားတဲ့အစားအစာတွေဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ ကင်ဆာလိုမျိုး ဆိုးရွားတဲ့ ရောဂါဖြစ်နိုင်ခြေတွေတောင် အစားအစာကြောင့် လျှော့ချနိုင်ပါတယ်။ ဘာကို စားရမလဲဆိုတဲ့ တစ်မျိုးတည်း အရေး
ကြီးတာ မဟုတ်ပါဘူး။ အစားအစာတွေကို ချက်ပြုတ်နည်းကလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကြက်သွန်ဖြူကို အလုံးလိုက်ကိုက်စားတာထက် ထုထောင်းပြီး စားတာက ကင်ဆာကာကွယ်ဖို့အတွက် ပိုမို
ကောင်းမွန်နိုင်ပါတယ်။ အောက်ဖော်ပြပါတွေဟာ ကင်ဆာကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးချက်ပြုတ်နည်းတွေပါ။

ပဲပြုတ်ပေါင်းနည်း...


မောင်(စွယ်စုံကျမ်း) added 2 new photos.

ပဲပြုတ်ပေါင်းနည်း...
၁။စားတော်ပဲဆန်ချိန်ခွက်နဲ့(၂)ခွက်ကိုပွအောင်ရေနွေးနွေးလေးဖြင့်တည(သို့)ပွအောင်၅,၆နာရီခန့်အနည်းဆုံးစိမ်ပေးပါ။
ပဲပြုတ်ပဲအညှောက်ဖေါက်ချင်သူများပဲပွပါကဇကာ(သို့)အိုးထဲထည့်၍ပဲပင်ပေါက်လိုဖောက်နိုင်ပါသည်။ပဲစေ့ကိုရေတနေ့၃ကြိမ်လောင်းပေးပါက၂ရက်ဆိုပဲပင်အညှာက်ရှည်နေပါပြီး။အညှောက်
တိုတိုဘဲကြိုက်သူများ၁ရက်
ထားပြီးရင်ပြုတ်လို့ရပါပြီ....။

★ အင်္ဂလိပ်​ဘာသာစကားကိုသင်​ယူဖို့စိတ်​ဝင်​စားရင်​ ဒါ​တွေကိုအရင်​သိထားသင့်​ပါတယ်​ ★

★ အင်္ဂလိပ်​ဘာသာစကားကိုသင်​ယူဖို့စိတ်​ဝင်​စားရင်​ ဒါ​တွေကိုအရင်​သိထားသင့်​ပါတယ်​ ★

# ကိုယ်​လျှာက်မယ့် ခရီးဆုံးပန်းတိုင်​ကို​ရောက်​ဖို့ ဘယ်​​လောက်​​ဝေးတယ်​ ဘယ်​​လောက်​ကြာမယ်​ဆိုတာ သိကိုသိထားသင့်​တဲ့အချက်​ပါ.. ဒါမှ ​လျှောက်​မယ်​ မ​လျှောက်​ဘူး ပြတ်​ပြတ်​သားသားဆုံးဖြတ်​နိုင်​မှာပါ #

အင်္ဂလိပ်​ဘာသာစကား​လေ့လာသင်​ယူကြတဲ့အခါမှာ လိုချင်​တဲ့ပန်းတိုင်​ရဲ့အနီးအ​ဝေးနဲ့ အချိန်​ဘယ်​​လောက်​ကြာနိုင်​တယ်​ .. ဘယ်​ Level ဆိုရင်​ ဘယ်​​လောက်​အ​နေအထား​လောက်​အသုံးချလို့ရတယ်​ဆိုတာမျိုး​တွေကို သင်​​ပေးတဲ့ ဆရာ ဆရာမ​တွေသာသိထားသလိုဖြစ်​​နေပါတယ်​.. တစ်​ကယ်​က သင်​ယူမယ့်​သူ​တွေကိုယ်​တိုင်​လည်းသိထားသင့်​ပါတယ်​.. ဒါမှသာ မှန်​ကန်​ပြီးအကျိုးရှိမယ့်​ဆုံးဖြတ်​ချက်​ချနိုင်​မှာပါ..

(သတိ ၁၈+)

 
 
(သတိ ၁၈+)
.
.
အသံ
===
.

လူတစ်​​ယောက်​ ဆိုင်​ကယ်​​မှောက်​လို့ ​ဆေးရုံ​ရောက်​လာတယ်​။
သတိ​​​မေ့​နေတဲ့သူ့ ကို အထူးကြပ်​မတ်​ကုသ​ဆောင်​မှာထားပြီး ကုသ​ပေး​နေရတယ်​။

ညပိုင်း​ရောက်​​တော့...
သူ့အခန်းထဲ သူနာပြုဆရာမတဦး ၀င်​လာတယ်​။
ဆရာမကိုမြင်​​တော့ သတိပြန်​ရ​နေပြီဖြစ်​တဲ့ လူနာက ​မေးတယ်​... ...

"ဆရာမ... ¿#!£€®©%*#"

လူနာရဲ့ပါးစပ်​မှာ ​အောက်​စီဂျင်​ခွက်​တပ်​ထား​တော့ သူ့စကားသံက ဗလုံးဗထွးနဲ့မို့ ဆရာမက ​သေချာမကြားဘူး။

ကားစီးရင် မူးတတ်သူများအတွက် နည်းလမ်းကောင်းများ

 
 
ကားစီးရင် မူးတတ်သူများအတွက် နည်းလမ်းကောင်းများ
-----

ကားမူးတာက လူတော်တော်များများ ကြုံလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကားမူးတဲ့ အကြောင်းရင်းက မျက်လုံးနဲ့ အတွင်းနားတို့ ဟန်ချက်မညီမျှမှုကြောင့် ဖြစ်ပါတယ်။ အတွင်းနားက ခန္ဓာကိုယ်ကရွေ့လျားနေတယ်လို့ ဦးနှောက်ကို သတင်းပို့တယ် ။ ဒါပေမဲ့ မျက်လုံးက ခန္ဓာကိုယ်က ရွေ့လျားမှုမရှိဘူးလို့ ပြောတယ်။ ဒီလို မတူညီတဲ့ သတင်းပေးပို့မှုတွေကြောင့် ကားမူးရခြင်းဖြစ်ပါတယ်။ ကားစီးတဲ့အခါ မူးဝေအော့အန်တတ်တဲ့သူတွေက ကားမူးတာကို သက်သာစေမယ့်နည်းလမ်းတွေနဲ့ မဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကို သိထားသင့်ပါတယ်။
လတ်ဆတ်တဲ့လေကို ရှူလိုက်ပါ။

အော်တိုဂီယာကားမှာ သတိထားသင့်တဲ့ အချက်များ

အော်တိုဂီယာကားမှာ သတိထားသင့်တဲ့ အချက်များ


🔯အော်တိုဂီယာကားတွေဟာ ရိုးရိုးလက် ထိုးဂီယာသုံးကားတွေနဲ့စာရင် ဂီယာလေးထိုးထားလိုက်တာနဲ့ တစ်လမ်းလုံး ဘာမှလုပ်စရာမလို ဘဲ မောင်းလို့ရတဲ့ကားမို့ ယာဉ် မောင်းတတ်ခါစတွေရဲ့ အကြိုက် ပါပဲ။ လွယ်ကူသက်သာတဲ့ အော်တိုဂီယာ ကားတွေမှာလည်း ယာဉ် မောင်းတွေ သတိထားသင့်တဲ့ အချက်လေးတွေရှိတာမို့ ဖော်ပြ ပေးလိုက်ပါတယ်။

P(Park)ဂီယာဖြင့် ကားရပ်ခြင်း

ရှမ်း-ဗမာ ကပြား လူငယ်လေးတစ်ဦးရဲ့ စလုံးpage ကို ရင်ဖွင့်လာချက် နှင့် မြန်မာတို့ရဲ့ passport type ရှုပ်ထွေးစွာ ခွဲခြားမှု


စလုံး added 8 new photos.

ရှမ်း-ဗမာ ကပြား လူငယ်လေးတစ်ဦးရဲ့ စလုံးpage ကို ရင်ဖွင့်လာချက် နှင့် မြန်မာတို့ရဲ့ passport type ရှုပ်ထွေးစွာ ခွဲခြားမှု
===============
မြန်မာနိုင်ငံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစာမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများဟာ PJ type passport ရှိရန်လိုအပ်ပါတယ်။
အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ။

မြန်မာနိုင်ငံမှ ထုတ်ပေးသော နိုင်ငံကူးလက်မှတ် ပတ်စပို့စ် စာအုပ် PASSPORT type ၄ မျိုး အကြောင်း



Ye Min added 3 new photos.Follow

မြန်မာနိုင်ငံမှ ထုတ်ပေးသော နိုင်ငံကူးလက်မှတ် ပတ်စပို့စ် စာအုပ် PASSPORT type ၄ မျိုး အကြောင်း ထိုင်းရောက်
မြန်မာလုပ်သားတွေ သိထားနိင်ရန်တင်ပြပေးပါမည်။
***********************************
26/10/2016
(၁) PV သည် ပြည်ပသို့ short visit ခရီးသွားလာလိုသူ နိုင်ငံသားအား ထုတ်ပေးသော passport စာအုပ် အမျိုးအစားဖြစ်သည်။

(၂) PJ သည် ပြည်ပတွင် တရားဝင်အလုပ်လုပ်ကိုင်လိုသူ နိုင်ငံသားအား ထုတ်ပေးသော passport စာအုပ် အမျိုးအစား ဖြစ်သည်။

Wednesday, October 26, 2016

မွေးရပ်မြေမှ မရှိဆင်းရဲသားများအတွက် လက်ဝှေ့ကျော် ပက်ကွီအို နေအိမ် ၁၀၀၀ ဆောက်လုပ်ပေးခဲ့

မွေးရပ်မြေမှ မရှိဆင်းရဲသားများအတွက် လက်ဝှေ့ကျော်
ပက်ကွီအို နေအိမ် ၁၀၀၀ ဆောက်လုပ်ပေးခဲ့
=======================
.
ကမ္ဘာ့ လက်ဝှေ့အကျော်အမော် ပက်ကွီအိုဟာ သူ့ရဲ့မွေးရပ်မြေမှာ မရှိဆင်းရဲသားတွေအတွက် နေအိမ် ၁၀၀၀ ဆောက်လုပ်ပေးခဲ့တယ်လို့ သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
.
အသက် (၃၇) နှစ်အရွယ်ရှိတဲ့ ပက်ကွီအိုဟာ အမေရိကန် လက်ဝှေ့သမား မေဝယ်သာကို အငြင်းပွားဖွယ် ရှုံးနိမ့်ခဲ့ပေမယ့် အာရှတိုက်က လက်ဝှေ့သမားတွေထဲမှာ အကြီးကျယ်ဆုံး လက်ဝှေ့သမားအဖြစ် ဂုဏ်ပြုခံခဲ့ရသလို ကမ္ဘာ့အကောင်းဆုံး အလွတ်တန်း လက်ဝှေ့သမားအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ လက်ရှိအချိန်မှာတော့ ပက်ကွီအိုဟာ ဖိလစ်ပိုင် အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်_ဘာအရေးကြီးဆုံးလဲ။


ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.

#ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်_ဘာအရေးကြီးဆုံးလဲ
တချို့က ပြောကြမယ်။ အရင်းအနှီးရှိဖို့ လိုတယ်။ တချို့က ဈေးကွက်ရှိရမယ်။ တချို့က ဝန်ထမ်းကောင်းတွေ ရှိရမယ်။ တချို့ကလည်း ရောင်းချမယ့် ပစ္စည်းတွေဟာ အရည်အသွေးကောင်းရမယ်။ ဈေးသက်သာ ရမယ်။ ဝန်ဆောင်မှု ကောင်းရမယ် စသဖြင့် အများကြီးပြောကြတယ်။ ဒါတွေဟာ အရေးကြီးသလို တကယ်လိုလည်းလိုအပ်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးအချက် ၂ချက်ကို မေ့နေကြတယ်။ အဲဒါ ကုမ္ပဏီထောင်တာ ဘာအတွက်လဲ။ ဘယ်လောက်အထိ အောင်မြင်ဖို့ ရည်မှန်းထားသလဲဆိုတာပါ။

သူဌေးတွေရဲ့ပိုက်ဆံသုံးနည်း

သူဌေးတွေရဲ့ပိုက်ဆံသုံးနည်း
================
တကယ့်သူဌေးတွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။ သူတို့ဟာ ငွေရှာနည်း
ကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်းကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံးဝင်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်းလျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။

၁။ကယ်မလိုအပ်တဲ့ အရာတွေကို မ၀ယ်ယူမိပါစေနဲ့
တကယ့်သူဌေးတွေဟာ လူအထင်ကြီးစေဖို့အတွက် သူတို့အတွက်တကယ် မလိုအပ်တဲ့အရာတွေကို ၀ယ်ယူလေ့မရှိကြပါဘူး။

Tuesday, October 25, 2016

Dropbox ရဲ့ CEO ဖြစ်သူ ဘီလျံနာ Drew Houston ၏ ဝှက်ဖဲ သုံးချပ်

Dropbox ရဲ့ CEO ဖြစ်သူ ဘီလျံနာ Drew Houston ၏ ဝှက်ဖဲ သုံးချပ်
--------------------------------------------------------------------------------

ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု။ ဒါ့ထက်တိကျသေချာအောင် ပြောရရင် (MIT – Massachusetts Institute of Technology) မက်ဆာချူးဆက် နည်း ပညာတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား။မိုးလေးက တစ်ဖွဲဖွဲရွာနေပေမယ့် ဘွဲ့ရသူတွေအားလုံးရဲ့ အာရုံက စင်မြင့်ထက်ဆီမှာရှိနေလေရဲ့။ စင်မြင့်ထက်မှာ နေရာယူထားသူက သူတို့ရဲ့ စီနီယာဖြစ်တဲ့ Drew Houston။ အသက် ၃၃ နှစ်အရွယ်နဲ့ ဘီလျံနာတစ်ယောက်ဖြစ်တဲ့အထိ ကြိုးစားထွန်းပေါက်ခဲ့သူတစ်ဦး။ ယနေ့ Online သုံးနေသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ Dropbox ရဲ့ တည်ထောင်သူ ။ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာတစ်ဦးဖြစ်လာခဲ့ပုံက ဘယ်လိုများပါလဲ။ စိတ်ဝင်စားစရာပါပဲ။ သူဘာတွေပြောပြမှာပါလဲ။

သဘောထားကြီးသူ၏ စာ

သဘောထားကြီးသူ၏ စာ

===================
===================

လာမည့် နိုဝင်ဘာ ၈ ရက် အမေ ရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူနိုင်မှသာ ရွေးကောက်ပွဲရလဒ် ကို လုံးဝလက်ခံပြီး သူရှုံးခဲ့လျှင် တိုင်းပြည်ကို အချိန်ဆွဲထားမည်ဟု ပြောကြားခဲ့သည့် ဒေါ်နယ်ထရန့်ကို မီဒီယာများနှင့် နာမည်ကျော် ပုဂ္ဂိုလ်များက ဥပမာကောင်းတစ်ခုကို ပြသလိုက် သည်။

အမေရိကန်သမိုင်းမှာ သမ္မတ ရွေးကောက်ပွဲမှ ရှုံးသူများသည် အနိုင်ရသူကို ဂုဏ်ပြုစကားဆိုကြသည်။ သမ္မတက ရွေး ကောက်ပွဲရှုံးပြီး အိမ်ဖြူတော်က ထွက်ခွာရလျှင် ဆက်ခံမည့်သူ သမ္မတကို ဆုမွန်ကောင်းသ၀ဏ် လွှာထားပြီးမှ သွားလေ့ရှိသည်။

မပျံသန်းချင်မှတော့ အတောင်ပံဟာလည်း တန်ဆာဆင်မှုသက်သက်ပဲ

ကြက်က ငှက်အမျိုးအနွှယ်ပေါ့။ ဟိုးတစ်ခေတ်တစ်ခါတုန်းက ကြက်တွေဟာ ပျံသန်းတတ်တယ်။ နောက်တော့ လူတွေက ကြက်ကိုဖမ်းပြီး မွေးမြူလာကြတော့ ကြက်ဟာ စားဖို့လည်းမပူ၊ နေရာတကာပျံသန်းပြီး အစာရှာဖို့လည်း မလိုခဲ့တော့ဘူး။ ဒီလိုနဲ့ သူတို့ရဲ့အတောင်ပံဟာ တဖြည်းဖြည်း အသုံးဝင်မှုနည်းလာခဲ့တော့တယ်။ ခန္ဓာကိုယ်ကလည်း စားလေဝလေမို့ တောင်ပံကိုအသုံးမပြုနိုင်ခဲ့တော့ဘူး။
.
စိတ်က မပျံသန်းချင်ရင် အတောင်ပံတစ်စုံရှိလည်း အလကားပဲ။ မပျံသန်းချင်မှတော့ အတောင်ပံဟာလည်း တန်ဆာဆင်မှုသက်သက်ပဲဖြစ်တော့တယ်။
.
#NineNineSaNay @ နိုင်းနိုင်းစနေ