Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 17, 2016

"ဒီနေ့ဟာ အကောင်းဆုံး နေ့တစ်နေ့"

#"ဒီနေ့ဟာ အကောင်းဆုံး နေ့တစ်နေ့"#

ချစ်သူငယ်ချင်းလေးရေ...
ဒီနေ့မနက်အိပ်ရာထ မျက်လုံးနှစ်လုံး ဖွင့်တဲ့အချိန်က စပြီး တို့တွေ ကိုယ့်ကိုယ်ကို ပြောရမှာက

"ဒီနေ့ဟာ အကောင်းဆုံးနေ့တစ်နေ့ ဆိုတာပါပဲ"

မနေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အားလုံးဟာ ပြီးသွားပြီပဲ ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကို သတိပေးရမှာက "မနေ့က ဦးနှောက်ခြောက်စရာ ဖြစ်ရပ်တွေက ဒီနေ့ရဲ့ ကောင်းမွန်လှပတဲ့ စိတ်နှလုံးကို မထိခိုက်စေဖို့ပါပဲ"

အရာအားလုံး အစက ပြန်စကြစို့လား ဖြူစင်အလှပဆုံး စိတ်ထားလေးနဲ့အတူ တို့တွေရဲ့ နေ့ရက်တိုင်းကို လက်ကမ်း ကြိုဆိုလိုက်ကြစို့်လား။

အလုပ်လုပ်တဲ့အခါမှာလဲ အလုပ် ဘယ်လောက်များများ၊ စိတ်ဖိစီးမှု ဘယ်လောက်ကြီးကြီး ဘာကိုမှ စောဒက မတက်ပါနဲ့ သူငယ်ချင်းရယ်။ ဒေါသလဲ မသယ်ဆောင်လာပါနဲ့။ နေ့သစ်ရဲ့ အလုပ်ကို စိတ်သစ်လူသစ်နဲ့ စတင်လိုက်ပါကွာ။ နေ့သစ်ရဲ့ သာယာမှုလေး ပျောက်ဆုံးသွားမှာ စိုးလို့ပါ။

ဒီလိုမှလဲ သူငယ်ချင်းရဲ့ တနေ့တာ စိတ်ကလေးက ကောင်းကောင်းမွန်မွန်နဲ့ နေ့စဉ်ဘ၀မှာ ရောင်ပြန်ဟပ်နိုင်တဲ့အတွက် ကိုယ့်အလုပ်ကို တလှမ်းချင်း ချီတက်ရင်း အောင်မြင်မှုကို ရယူနိုင်စေမှာပါ။

ဒီလို ဘ၀မှာ ကြုံတဲ့ စိတ်ဖိစီးမှုတွေကို စိတ်ထား အေးအေးလေးနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် အောင်မြင်မှု ကြီးကြီးမားမား ဆွတ်ယူနိုင်တာပါပဲ။

အစက စိတ်ရှုပ် ခေါင်းရှုပ်စရာလို့ ထင်ထားတဲ့ အရာလေးတွေဟာ အေးမြကြည်လင်တဲ့ စိတ်ထားလေးကြောင့် မသိမသာ တိတ်တဆိတ် ပျောက်ကွယ်သွားပါတယ်။

နောက်ပြီးတော့ သူငယ်ချင်းလေးမှတ်ထားပါ။ သူများနဲ့ မယှဉ်ပါနဲ့။ ဒါမှလဲ ဘ၀ဟာ အေးဆေးသက်သာမှာပေါ့။

တကယ်လို့ အကြောင်းအရာတခုနဲ့ ပတ်သက်ပြီး သူများတကာနဲ့ ယှဉ်ပြိုင်လိုက်တာနဲ့ ဘ၀မှာ ပင်ပန်းတော့မှာပါပဲ။

လူတယောက် တကယ်ပြိုင်ရမှာက သူကိုယ်တိုင်ပါပဲ။ သူများနဲ့ပြိုင်တာက ကိုယ့်ကိုယ်ကို ပြိုင်တာနဲ့ မတူပါဘူး။ ကိုယ့်ဘာသာပြိုင်ဆိုင်မှသာ အသိတရားတခုကို ကိုယ်တိုင်ရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေမှာ မလွဲပါဘူး။

ပြီးတော့ သူများတွေရဲ့ စံသတ်မှတ်ချက်တွေ အတိုင်းလဲ မလုပ်ပါနဲ့။ ကိုယ့်ရဲ့စံချိန်ကို ကိုယ်ချိုးနိုင်အောင်သာ ကြိုးစားပါ သူငယ်ချင်းလေးရေ။

တကယ်လို့ မတရားစွပ်စွဲ ပြောဆိုခံရမယ်ဆိုရင်လဲ ကိုယ့်ရဲ့ဂုဏ် မထိခိုက်ဘူးဆိုရင်။ သူပြောချင်တာ ပြောစမ်းပါစေ။ လူအမျိုးမျိုး စိတ်အထွေထွေ အသက်တစ်ရာမနေရ အမှုတစ်ရာ တွေ့ရတာ လူ့သဘာဝပါပဲ။ ပုံမှန်စိတ်ထားလေးနဲ့ ရှေ့ဆက်လိုက်ပါ သူငယ်ချင်း။

တကယ်လို့ အမှန်ပြောတယ်ဆိုရင်တော့ သူငယ်ချင်းအနေနဲ့ အမြင်ရှင်းရှင်းကြည့်ပြီး လက်ခံပေးလိုက်ပါ။ အဖိုးတန်ပါတယ်။ မဟုတ်တာ ပြောမယ်ဆိုရင်တော့ မသိချင်ယောင် ဆောင်နေလိုက်ပါ။ စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့။ စိတ်ဒဏ်ရာရစေပါတယ်။

ဒီလောကကြီးမှာ လူလူချင်း မျက်စောင်းထိုးနေကြမယ်ဆိုရင် ဘယ်လို စိတ်ချမ်းသာကြမလဲ။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ အကောင်းမြင်စိတ်ထားလေးနဲ့ လက်ခံမှုပါပဲ။

ဒီလိုမျိုး ကြုံရမယ်ဆိုရင် စိတ်ညစ် စိတ်တိုနေမဲ့အစား ၀ါသနာပါရာ အလုပ်လေးကို လုပ်နေလိုက်ပါ သူငယ်ချင်း။ ဥပမာ။ ။ သီချင်းဆိုပြီးကတာ၊ အင်တာနက်ဝင်ပြီး မိတ်ဆွေတွေနဲ့ ချက်တင်ပြောတာ၊ စာဖတ်တာ စတဲ့ ၀ါသနာပါရာ အလုပ်လေးတွေက သူငယ်ချင်းလေးရဲ့ စိတ်ကို အေးချမ်းစေမှာပါ။

နောက်တခုမှာချင်တာကတော့ ပိုက်ဆံဆိုတာကို ဘ၀ရဲ့ အရေးကြီးဆုံးအနေနဲ့ မသတ်မှတ်ဖို့ပါပဲ။ ဘ၀ရှင်သန်နေသရွေ့ ပိုက်ဆံကို ၀ယ်ယူနိုင်ပေမဲ့ ပိုက်ဆံနဲ့တော့ ဘ၀ကို ၀ယ်ဖို့ မဖြစ်နိုင်ပါဘူး။

လူဟာ စိတ်ထားလေးကောင်းမွန်မှသာ။ ဘ၀မှာ အေးအေးဆေးဆေးနဲ့ နေ့သစ်တွေကို ဖြတ်သန်းနိုင်မှာပါ။

ငိုတာလဲ တစ်နေ့တာဖြစ်နိုင်သလို။ ရယ်မောတာလဲ တစ်ရက်တာလုံး ဖြစ်နိုင်ပါတယ်။ ဘယ်ရက်ကို ရွေးချယ်မှာလဲ?။ အဓိကကတော့ သူငယ်ချင်းကိုယ်တိုင် လှပတဲ့ စိတ်ထားလေးနဲ့ အကောင်းဆုံး နေ့ရက်သစ်တွေကို ဖြတ်သန်းနိုင်ဖို့သာ လိုပါတယ်။

စာချစ်သူများအား ကျေးဇူးတင်ပါသည်။
Zay Yar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။