"အဖေ့ချွေးဖိုး "
✿✿✿✿✿✿✿
(ဖခင်တစ်ယောက်ရဲ့ ခံစားချက်)
ဒီမယ်ငါ့သား ... ဒီစကားကို အဖေ့ခံစားချက်နဲ့ ပြောမှာနော်..။
စဉ်းစားကြည့်စမ်း.... ငါတို့ဖခင်တွေဆိုတာ မိဘတွေထက်
မေတ္တာမပိုရင်တောင် မေတ္တာမလျော့ပါဘူး..။
မိခင်ရဲ့မေတ္တာဟာ လမင်းနဲ့တူတယ်။ ဖခင်ရဲ့မေတ္တာဟာ
နေမင်းနဲ့တူတယ်။လမင်းဟာအေြး မတယ် ၊
နေမင်းက ပူတယ်။ ဒါပေမယ့်နေမင်းမရှိပဲ လမင်းမဖြစ်နိုင်ဘူး။
နေရောင်ခြည်ပျောက်ကွယ်သွားတဲ့အချိန်မှာ
လရောင်မှိန်မှိန်ဟာ တန်ဖိုးရှိပါတယ်။ လမရှိတဲ့ ညတွေမှာ ကြယ်လေးတွေနဲ့တူတဲ့ အဘိုး အဘွား ဦးလေး
အဒေါ်တွေရဲ့ မေတ္တာကိုလဲသိသင့်တာပေါ့..။
အခုတော့ တစ်ခါလာလည်း မိခင်မေတ္တာဖော်ပြတဲ့ဇာတ်လမ်း၊
တစ်ခါလာလည်း မိခင်တွေအနစ်နာခံပုံ ၊
တို့ဖခင်တွေ ဦးလေးတွေ အဒေါ်တွေ
အဘိုးအဘွားတွေရဲ့ ဖော်ပြတဲ့ ဇာတ်လမ်းတွေကျတော့ အကယ်ဒမီအရမှာစိုးလို့ ရုပ်ရှင်မရိုက်ကြဘူးတဲ့။
စဉ်းစားကြည့်စမ်း...သားသမီး ဆိုတာ အမေ့ရဲ့ နို့ကို စို့ပြီး
ကြီးပြင်းခဲ့တယ် ဆိုတာမှန်ပါတယ်။
ငါလည်းအမေ့နို့ကို စို့ခဲ့တာပဲ..။ဒါပေမယ့် သားသမီးတိုင်းဟာ
မိခင်နို့ကို တစ်နှစ် တစ်နှစ်ခွဲလောက်သာ စို့ခဲ့ကြတာပါ..။
ငါတို့ဖခင်တွေဟာ မင်းတို့ကိုအသက် (၃၀) လောက်အထိ အိမ်ထောင်မကျမချင်း လုပ်ကျွေးနေကြတာတော့
မစဉ်းစားမိကြဘူး မဟုတ်လား...။
တကယ်တော့ အမေ့မှာ အမေ့နို့ဖိုး ရှိသလို အဖေတွေမှာလည်း အဖေ့ချွေးဖိုးဆိုတာရှိတယ်ကွ ။
နေ့တိုင်း မင်းတို့တစ်တွေ မပူမပင်စားနိုင်ဖို့ ၊နေနိုင်ဖို့ ၊
ပညာသင်နိုင်ဖို့ ၊လူတွေထဲမှာ မျက်နှာမငယ်ဖို့
ငါတို့ဖခင်တွေဟာ နဖူးကချွေး သုတ်ချိန်မရပဲ
မိသားစုအတွက် ရုန်းကန်နေရတာ မင်းတို့က မစဉ်းစားမိဘူး..။
တကယ်တော့ မင်းတို့စားတဲ့ ထမင်းဆိုတာ အဖေ့ရဲ့
ချွေးတွေပဲ ၊ မင်းတို့ဝတ်တဲ့အဝတ်တွေဆိုတာ အဖေ့ရဲ့
ချွေးတွေပဲ ၊ဟောဒီအိမ်က အဖေ့ချွေးနဲ့ဆောက်ထားတာ ၊
ဧည့်ခန်းထဲက မင်းတို့ ဘွဲ့ဓာတ်ပုံတွေဟာ အဖေ့ချွေးကို မင်းတို့မှတ်ပုံတင်ထားတဲ့ ထင်ရှားတဲ့အမှတ်အသားတွေပဲ ။ တစ်နှစ်ခွဲလောက်သာ စို့ခဲ့ရတဲ့ အမေ့နို့ဖိုးကိုတောင် ဒီလောက်ထိတန်ဖိုးထားကြသေးရင် အနှစ် (၃၀)
လောက်စို့ခဲ့တဲ့ အဖေ့ချွေးဖိုးကို မင်းတို့ ဘယ်လို
တန်ဖိုး ဖြစ်ကြမလဲ ပြောကြစမ်းပါ
.
.
တကယ်တော့ အဖေတွေဟာ အမေတွေထက်
မေတ္တာမလျော့သူတွေပါ။ အဖေတွေကို ချစ်တတ်အောင်
အမေတွေက သင်ပေးသင့်တယ်။
လမင်းကြီးက အေးမြသလို နေမင်းကြီးက
အလင်းပေးတယ်ဆိုတာ ပြောပြသင့်တယ်။ နေမင်းကြီးရဲ့
ပူလောင်မှုတွေကိုပဲ စောင်းမပြောသင့်ပါဘူး။
တစ်နှစ်ခွဲလောက်သာ စို့ခဲ့ရတဲ့ အမေ့နို့ဖိုးကိုတောင်
တန်ဖိုးဖြတ်မရရင် တစ်သက်လုံး စို့နေကြတဲ့ အဖေ့ချွေးဖိုးကို
ကျွန်တော်တို့ ဘယ်လို တန်ဖိုးဖြတ်ကြမလဲ။
စဉ်းစားကြည့်ဖို့ပါ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
{ ဦးဘုန်း-ဓာတု(မန္တလေး) }၏
"နီးနီးဝေးဝေးအတွေးလက်ဆောင် "စာအုပ်မှ
✿✿✿✿✿✿✿
(ဖခင်တစ်ယောက်ရဲ့ ခံစားချက်)
ဒီမယ်ငါ့သား ... ဒီစကားကို အဖေ့ခံစားချက်နဲ့ ပြောမှာနော်..။
စဉ်းစားကြည့်စမ်း.... ငါတို့ဖခင်တွေဆိုတာ မိဘတွေထက်
မေတ္တာမပိုရင်တောင် မေတ္တာမလျော့ပါဘူး..။
မိခင်ရဲ့မေတ္တာဟာ လမင်းနဲ့တူတယ်။ ဖခင်ရဲ့မေတ္တာဟာ
နေမင်းနဲ့တူတယ်။လမင်းဟာအေြး
နေမင်းက ပူတယ်။ ဒါပေမယ့်နေမင်းမရှိပဲ လမင်းမဖြစ်နိုင်ဘူး။
နေရောင်ခြည်ပျောက်ကွယ်သွားတ
လရောင်မှိန်မှိန်ဟာ တန်ဖိုးရှိပါတယ်။ လမရှိတဲ့ ညတွေမှာ ကြယ်လေးတွေနဲ့တူတဲ့ အဘိုး အဘွား ဦးလေး
အဒေါ်တွေရဲ့ မေတ္တာကိုလဲသိသင့်တာပေါ့..။
အခုတော့ တစ်ခါလာလည်း မိခင်မေတ္တာဖော်ပြတဲ့ဇာတ်လမ်
တစ်ခါလာလည်း မိခင်တွေအနစ်နာခံပုံ ၊
တို့ဖခင်တွေ ဦးလေးတွေ အဒေါ်တွေ
အဘိုးအဘွားတွေရဲ့ ဖော်ပြတဲ့ ဇာတ်လမ်းတွေကျတော့ အကယ်ဒမီအရမှာစိုးလို့ ရုပ်ရှင်မရိုက်ကြဘူးတဲ့။
စဉ်းစားကြည့်စမ်း...သားသမီး
ကြီးပြင်းခဲ့တယ် ဆိုတာမှန်ပါတယ်။
ငါလည်းအမေ့နို့ကို စို့ခဲ့တာပဲ..။ဒါပေမယ့် သားသမီးတိုင်းဟာ
မိခင်နို့ကို တစ်နှစ် တစ်နှစ်ခွဲလောက်သာ စို့ခဲ့ကြတာပါ..။
ငါတို့ဖခင်တွေဟာ မင်းတို့ကိုအသက် (၃၀) လောက်အထိ အိမ်ထောင်မကျမချင်း လုပ်ကျွေးနေကြတာတော့
မစဉ်းစားမိကြဘူး မဟုတ်လား...။
တကယ်တော့ အမေ့မှာ အမေ့နို့ဖိုး ရှိသလို အဖေတွေမှာလည်း အဖေ့ချွေးဖိုးဆိုတာရှိတယ်ကွ
နေ့တိုင်း မင်းတို့တစ်တွေ မပူမပင်စားနိုင်ဖို့ ၊နေနိုင်ဖို့ ၊
ပညာသင်နိုင်ဖို့ ၊လူတွေထဲမှာ မျက်နှာမငယ်ဖို့
ငါတို့ဖခင်တွေဟာ နဖူးကချွေး သုတ်ချိန်မရပဲ
မိသားစုအတွက် ရုန်းကန်နေရတာ မင်းတို့က မစဉ်းစားမိဘူး..။
တကယ်တော့ မင်းတို့စားတဲ့ ထမင်းဆိုတာ အဖေ့ရဲ့
ချွေးတွေပဲ ၊ မင်းတို့ဝတ်တဲ့အဝတ်တွေဆိုတာ
ချွေးတွေပဲ ၊ဟောဒီအိမ်က အဖေ့ချွေးနဲ့ဆောက်ထားတာ ၊
ဧည့်ခန်းထဲက မင်းတို့ ဘွဲ့ဓာတ်ပုံတွေဟာ အဖေ့ချွေးကို မင်းတို့မှတ်ပုံတင်ထားတဲ့ ထင်ရှားတဲ့အမှတ်အသားတွေပဲ ။ တစ်နှစ်ခွဲလောက်သာ စို့ခဲ့ရတဲ့ အမေ့နို့ဖိုးကိုတောင် ဒီလောက်ထိတန်ဖိုးထားကြသေးရင
လောက်စို့ခဲ့တဲ့ အဖေ့ချွေးဖိုးကို မင်းတို့ ဘယ်လို
တန်ဖိုး ဖြစ်ကြမလဲ ပြောကြစမ်းပါ
.
.
တကယ်တော့ အဖေတွေဟာ အမေတွေထက်
မေတ္တာမလျော့သူတွေပါ။ အဖေတွေကို ချစ်တတ်အောင်
အမေတွေက သင်ပေးသင့်တယ်။
လမင်းကြီးက အေးမြသလို နေမင်းကြီးက
အလင်းပေးတယ်ဆိုတာ ပြောပြသင့်တယ်။ နေမင်းကြီးရဲ့
ပူလောင်မှုတွေကိုပဲ စောင်းမပြောသင့်ပါဘူး။
တစ်နှစ်ခွဲလောက်သာ စို့ခဲ့ရတဲ့ အမေ့နို့ဖိုးကိုတောင်
တန်ဖိုးဖြတ်မရရင် တစ်သက်လုံး စို့နေကြတဲ့ အဖေ့ချွေးဖိုးကို
ကျွန်တော်တို့ ဘယ်လို တန်ဖိုးဖြတ်ကြမလဲ။
စဉ်းစားကြည့်ဖို့ပါ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
{ ဦးဘုန်း-ဓာတု(မန္တလေး) }၏
"နီးနီးဝေးဝေးအတွေးလက်ဆောင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။