Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 20, 2016

ရဲရဲသာဖတ်ပါ…

 
 
ရဲရဲသာဖတ်ပါ…

အပြာကား… အပြာကားကို အပြာကားလို့ပဲ သိစိတ်ထားပြီးမှ ကြည့်ပါ …
-----
ခုခေတ်တော့ 18+လို့ ခေါ်ကြတာပါပဲ…။
ကျနော်တို့ လူပျိုဖော်ဝင်ကာစတော့ အပြာကား…အောကား…ဒါမျိုးခေါ်ကြတယ်…။အစိုးရပိုင်းအများစုအခေါ်ကြတော့ ညစ်ညမ်းဗီဒီယိုခွေပေါ့…။

အဲဒီ့ကားက ဘာတွေပြလည်းဆိုတော့ လိင်ဆက်ဆံတာကို ပြပါတယ်…။လိင်စိတ်နိုးကြွအောင် …လိင်ဆက်ဆံနေပုံမျိုးစုံကို တင်ဆက်ရိုက်ကူးပြတာပါ…။

ကျနော်တို့ ငယ်ငယ်ကတော့ အပြာကားကြည့်တာ လူသိရင် ရှက်စရာလို့ မြင်ကြပါတယ်…။ခုတော့ သိပ်မတူတော့ပါဘူး…။မကြည့်နဲ့လို့တားလည်း ကြည့်မှာပါပဲ…။အင်တာနက်လိုင်းလေးဖွင့်ပြီး PHတစ်ချက်ပွတ်ရုံနဲ့ ဘယ်အမျိုးအစားကြည့်ချင်လည်း ကြည့်လို့ရနေပါပြီ…။

ကျနော်လည်း ကြည့်ပါတယ်…။
:)
တချို့စာပေတွေက ပွင့်လင်းမှရမှာမို့ ပွင့်လင်းရပါလိမ့်မယ်…။လူဆိုတာ ဒီအရိအရွဲ စိတ်ကြောင့် ကာမဆက်ဆံပြီး ကိုယ်ဝန်ရမွေးဖွားလာကြတာပါပဲ…။ဒီတော့ ကျနော်တို့ဆီမှာ ဒီစိတ်ပါတာ ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး…။လူအားလုံးနီးပါး နှာဘူးပါပဲ…။ကျနော်လည်း နှာဘူးပါပဲ…။

ဒါပေမယ့် …တဏှာရူး မဖြစ်ဖို့တော့ ပြောချင်ပါတယ်…။အဲဒီ့ပိုင်းနဲ့ ပတ်သတ်ပြီး ကျနော်ပြောနေကျ စကားတစ်ခွန်းတော့ရှိတယ်…။ကျနော်နဲ့ ရင်းနှီးတဲ့ မိန်းကလေးFRIတွေလည်း သိပါတယ်…။

"ငါလည်း နှာဘူးတော့ နှာဘူးပဲ…
ဒါပေမယ့်…တဏှာရူးတော့မဟုတ်ဘူး…"

ဒီအပြားကားတွေနဲ့ ပတ်သတ်ပြီး တချို့အတုယူလွဲမှား ကုန်တာရှိပါတယ်…။မကြည့်နဲ့လို့လည်း တားမရသလို…မကြည့်ပါနဲ့လို့လည်း မပြောချင်ဘူး…။တန်ဆေးလွန်ဘေ့းပဲ…တစ်နေကုန်တော့ ထိုင်ကြည့်မနေကြနဲ့ပေါ့…။ကာမတဏှာစိတ်ဖြေပျောက်လိုတဲ့အခါ…တစ်ပါးသူတွေလည်း အနှောင့်အယှက်မဖြစ်အောင် ကြည့်ဖို့တော့ ပြောချင်ပါတယ်…။

ပြီးတော့…ကျနော်တို့ ငယ်ငယ်က အပြာကားဇာတ်ဟာ …ကျနော်ကြည့်ဘူးသလောက်တော့ ရိုးရှင်းပါတယ်…။ဇာတ်လမ်းနဲ့ဆိုလည်း Love storyထဲမှာပါတတ်တဲ့ …သမီးရည်းစားဆက်ဆံတာ…လင်မယားဆက်ဆံတာ…တစ်ခါတစ်ခါ ဖောက်ပြန်တာ…ပြောမယ်ဆို အလိုတူ ဇာတ်လမ်းများပါတယ်…။တချို့ခွေတွေကြတော့ လုံးဝ ဒဲ့ သွားတာမျိုး…။အဲဒီ့ ဆက်ဆံပုံကိုပဲ ထည့်ရိုက်ပြတာပေါ့…ဇာတ်မဖွဲ့တော့ဘူး…။ကျနော်ကတော့ အဲ့လို ဇာတ်မဖွဲ့တာကို အန္တရာယ်အကင်းဆုံးလို့ မြင်မိပါတယ်…။

ဒါပေမယ့်…ခုခေတ်ကျတော့…
အပြာကားတွေဟာ စိတ်ဝင်စားမှုပိုအောင် ပြင်ဆင်လာသလိုပါပဲ…။

အဲဒီ့အခါ
အပြာကားကို အပြာကားပါလို့ သိစိတ်မထားပဲ ကြည့်တဲ့အခါ…ဒါတွေ တကယ်လုပ်နေပါလား…လုပ်သင့်ပါလား…ဆိုပြီး အတုယူမှားပြီး တကယ့် လူဘောင်မှာ အရှက်ကွဲစရာ…ညိုးနွမ်းစရာတွေဖြစ်ပေါ်လာတတ်ပါတယ်…။

ပြောပြပါမယ်…အပြာဇာတ်မျိုးစုံ ပေါကြွယ်ဝတဲ့ ခေတ်ကြီးပေါ့ဗျာ…။

ကောင်မလေးတစ်ယောက်ကို အုပ်စုလိုက် မုဒိန်းကျင့်တဲ့ဇာတ်မျိုး…။
group sex အုပ်ဖွဲ့ ဆက်ဆံတဲ့ ဇာတ်မျိုး…။
ဒီအခါ အတုယူမှားပြီးလိင်စိတ်ပြင်းထန်တဲ့သူဟာ…ဒါဟာ ကာမရသအတွက် ရိုက်ပြတယ်လို့ နားမလည်တော့ဘဲ…အပြင်မှာ လုပ်ဖို့ပါ ကြိုးစားလာတတ်ပါတယ်…။

အဖေနဲ့သမီးဇာတ်
အဘိုးနဲ့မြေးဇာတ်
သူငယ်ချင်းမိန်းမကို ကြာခိုဇာတ်
မုဒိန်းသားကောင်ဇာတ်
လိင်တူဇာတ်
မောင်နှမဇာတ်
အများကြီးပါပဲ…။

ယနေ့ခေတ် ကျော်မကောင်း ကြားမကောင်းတွေ ကြားဖူးမှာပေါ့…။
သွေးသားရင်းချာခြင်း မုဒိန်းပြဿနာတက်ကြတာမျိုးလေ…။
စိတ်နှလုံးမချမ်းမြေ့စရာ ဖြစ်လေတော့ မဖေါ်ပြတော့ပါဘူး…။

အသိစိတ်ဓတ်မရင့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင် လိင်စိတ်ပြင်းထန်တဲ့ သူတွေဟာ အဲ့လို ဇာတ်မျိုးတွေကြည့်ရင်…အပြာကားကို အပြာကားလို့ မသိနိုင်ပဲ…ကာမသားကောင် ရှာသွားနိုင်ချေတွေကြောင့် ဒါမျိုးတွေ ဖြစ်ပေါ်လာတာပါ…။

သွေးသားချင်း ဆက်ယှက်ခွင့် တောင်းဆိုမှုတွေ ဘာတွေတောင် ပေါ်ပေါက်လာပြီလို့လည်း ကြားနေရပါတယ်…။

အဓိကပြောချင်တာက
အပြာကားကို အပြာကားလို့ သိပြီး ကြည့်ဖို့ပါပဲ…။လုံးဝမကြည့်ရဘူး တားလို့ရတဲ့ ခေတ်မဟုတ်တော့ဘူးလေ…။

အပြာကားဟာ ကာမရသ ပေးဖို့ရိုက်ထားတာမျိုး…။အဲဒီ့ထဲက ဖြစ်ရပ်တွေကို လက်တွေ့ကျင့်သုံးလိုက်နာအတုမယူဖို့ လိုအပ်ပါတယ်…။

အဲဒီ့ရိုက်ကွင်းထဲက ဇာတ်ကောင်တွေဟာ…
တကယ့် သားအမိ သားအဖတွေမဟုတ်ပါဘူး…။မြေးအဖိုးတွေ မဟုတ်ပါဘူး…။တကယ် မုဒိန်းကျင့်တာမဟုတ်ပါဘူး…။ဆွဲဆောင်မှုရှိဖို့အတွက် storyတစ်ပုဒ် ဖွဲ့နွဲ့ပြခြင်းမျိုးပါ…။

ဒါကြောင့် …ဒါကြီးကို အပြာကားလေးပါပဲလို့ မသိပဲ…တကယ်ဟ သူတို့လည်း လုပ်နေတာပဲဆိုပြီး ကျင့်သုံးသွားလို့မရပါဘူး…။ကျင့်သုံးမယ်ဆိုရင် လောကကြီးဟာ ဗရမ်းဗတာတွေ ဖြစ်ကုန်ပါလိမ့်မယ်…။

သူငယ်ချင်းမိန်းမကို ချောင်းနေတာမျိုး…သူငယ်ချင်းဆိုတဲ့ စိတ်ချရမှု ပျောက်ဆုံးသွားပါမယ်…။
အပြာကား ဇာတ်တွေလို တကယ်ကျင့်သုံးမယ်ဆို အကုန်အကုန် အချစ်တွေကျဆုံးမယ်…။

မိသားစု အချစ်
မောင်နှမ အချစ်
သူငယ်ချင်း အချစ်
မြေးအဖိုးအချစ်
သားသမီးအချစ်…
ဒါတွေ ကျဆုံးပြီး
တိရိစ္ဆာန်အများစုများလိုပဲ
သွေးသားကာမရယူလိုမှု တစ်ခုပဲရှိတော့မှာပါ…။
အဲ့လို လောကမှာ နေချင်ကြပါသလား…။

ကျနော် ရေးပေးဖူးပါတယ်…။
love is loveကြောင့် loveပျောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ပါ…။အချစ်ဟာ အချစ်ပါပဲ ကိုင်ပေါက်ပြီး…စည်းမထားချစ်ခြင်းလုပ်ပစ်မယ်ဆိုရင် သူ့စည်းလေးတွေနဲ့သူ ခွဲခြားထားတဲ့ အချစ်တွေဟာလည်း သေဆုံးသွားမှာပါ…။အဲဒီ့အခါ လူသတ္တဝါဆိုတဲ့ အဝန်းအဝိုင်းဟာလည်း ကျဆုံးရမှာပါ…။အမေအဖေ မောင်နှမ ဖိုးဘွား သူငယ်ချင်း မိသားစု အချစ်တွေ သေဆုံးမှာပါ…။ဘာသာရေး ယုံကြည်မှု မရှိသူတွေအတွက်လည်း ဒါလေးသတိထားဖို့ ကောင်းပါတယ်…။လူအဖြစ်မှ မကျဆုံးဖို့ လူသမိုင်းတလျောက် တာဝန်အရှိဆုံးဟာ ကျနော်တို့ လူသားတွေပဲမဟုတ်လား…။

ဒါကြောင့်…
အပြားကို အပြာကားလို့ သိစိတ်မျိုးပဲ ထားကြည့်ပါ…။အပြာကားဆိုတာမှာ ထားခဲ့လိုက်ပါ…။ကာမဆန္ဒဖြေဖျောက်ဖို့အတွက်ပဲ ဆေးအဖြစ်သုံးပါ…။တကယ့် ပြင်ပလောကထဲကို မသယ်ဆောင်လာပါနဲ့ ဘေးဖြစ်ကုန်ပါလိမ့်မယ်…။

အဓိက ကိုယ့်စိတ်ပါပဲ…။စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်…။

အဖြစ်အပျက်လေးတစ်ခုပြောပြမယ်…။
ကျနော့်သူငယ်ချင်းတစ်ယောက် ကားတိုးစီးတော့ မိန်းမတစ်ယောက်ကို တွေ့တယ်…။တွေ့တော့ အဲ့မိန်းမက တော်တော်မိုက်မိုက်ပေါ့ဗျာ…

အဲဒီ့မှာ သူငယ်ချင်းနဲ့အဲ့မိန်းမနဲ့ကျောချင်းကပ်အနေအထားဖြစ်တယ်…။နောက်သားခြင်း ပွတ်မိနေတယ်ပေါ့…။ဒီတော့ friက ကာမစိတ်ထတယ်…။ဒီလိုနဲ့ friက နောက်လှည့်ကြည့်မိတော့ အဲ့မိန်းမမဟုတ်ဘူးဗျ…။ယောက်ကျားတစ်ယောက်…။အဲ့မိန်းမက အဲ့ယောက်ကျားဘေးမှာ…။သူပွတ်နေတာ ယောက်ကျားချင်းကြီး…။ဒီတော့ ယောက်ျားမှန်းသိသွားတော့ စိတ်ကျသွားတယ်…။

အဲ့အဖြစ်အပျက်ကို ကျနော့်ကိုပြောပြတယ်…။အမှတ်မှားတာ သညာ ချယ်လှယ်တာတဲ့…။ကိုယ်မှတ်သားထားတဲ့ အတိုင်း မိန်းမဆိုပြီး ဖီးဖြစ်နေတာတဲ့…။တကယ်တော့ ကိုယ့်စိတ်ကြောင့်ပါပဲတဲ့…။

ဒီလိုပါပဲ…ကျနော်တို့ မှတ်သားထားတဲ့ အသိ သညာဆိုတာလည်း ကျနော်တို့ကို ချယ်လှယ်ပါတယ်…။အပြာကားကြည့်ပြီး ဒါမျိုးလုပ်လို့ရတာပဲဆိုပြီး သညာပြုလိုက်ရင်တော့ ဗောင်းဆန်ကုန်မှာပေါ့…။

ဒါကြောင့်…အပြားကားကို အပြာကားမို့ ဒါမျိုးတွေပါတာပဲလို့ …သညာပြုပြီး…အပြားကားထဲမှာပဲ ထားခဲ့လိုက်ပါ…။

အပြင်လောက ကမ္ဘာထဲ မသယ်ကြနဲ့ပေါ့ဗျာ…။

နောက်တစ်ခု ပွင့်ပွင့်လင်းလင်းထပ်ပြောရရင်…
အပြာကားကြည့်ပြီး စိတ်ကြွလာရင် ကိုယ့်ဘာသာကိုယ် အာသာဖြေလိုက်ပါ…။လက်နဲ့ပဲဖြစ်ဖြစ်ပေါ့…။လူမှုရေး ပြဿနာတွေ အရှုပ်ခံမနေပါနဲ့…။

ကျနော်ကတော့ ကိုယ်တိုင်လည်း အစဉ်သင့်ရင် သင့်သလို ကြည့်မိတော့…
ခင်ဗျားတို့ကို မကြည့်နဲ့လို့ မတားပါဘူး…။

အပြာကားကို အပြာကားလို့ပဲ
သိစိတ်ထားပြီးမှ ကြည့်ပါ…လို့သာပဲ
ပြောချင်ပါတော့တယ်…။

---
မှတ်စုကြမ်း
#zeroneo

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။