Oprah Winfrey
▬▬▬▬▬▬
Oprah ဟာ ဘ၀အစမှာကတည်းက ကြမ်းတမ်းမှုတွေနဲ့စတင်ခဲ့ရတာဖြစ်ပါတယ်။သူမရဲ့မိခင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင် ကျခဲ့ရသူဖြစ်ပြီး ၀င်ငွေနည်းပါးပြီးသက်ကျော်ဆ က်အရွယ်မိခင်တစ်ဦးရဲ့သမီးအ ဖြစ်နဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ Oprah ရဲ့သူမဘ၀အကြောင်းပြန်လည်ပြောပြချက်အရ သူမရဲ့ဘ၀ဟာ
ရုပ်ပိုင်းဆိုင်ရာသာ ခက်ခဲကြမ်းတမ်းခဲ့သည်မဟုတ်၊ စိတ်ပိုင်းဆိုင်ရာမှာလည်း ဒဏ်ရာတွေနဲ့အပြည်နဲ့ဖြစ်ပါတ ယ်။
သူမဟာ အသက်၉နှစ်အရွယ်မှာကတည်းက ဦးလေးဖြစ်သူနဲ့ သူ့မိသားစုနဲ့ရင်းနှီးသူတစ် ဦးရဲ့ မုဒိမ်းကျင့်ခြင်းကိုခံခဲ့ရ ပြီး
အသက် ၁၄ နှစ်အရွယ်မှာ အရွယ်မတိုင်ခင်ကိုယ်ဝန်ဆောင်ခဲ့ရပါတယ်။ ဒါပေမယ့် သူမမွေးဖွားခဲ့တဲ့သားလေးဟာ မွေးမွေးပြီးချင်းမှာပဲသေဆုံးသွားခဲ့ရပြန်ပါတယ်။ ထို့နောက် သူမအဖေရှိရာ Tennessee ကို အပို့ခံခဲ့ရပြီး သူမအဖေက သူ့ကိုကျောင်းဆက်နေနိုင်ဖို့ ကြိုးစားပေးခဲ့ပြီးTenness ee University က ပေးတဲ့ ပညာသင်ဆုကိုရရှိခဲ့ပြီး လူမှုဆက်ဆံရေးဘာသာရပ်အဓိကနဲ့ တက်ရောက်သင်ကြားခွင့်ရရှိခဲ့ ပါတယ်။သူမဟာ ကျောင်းတက်နေစဉ်မှာပဲ ဒေသတွင်းရေဒီယိုတစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး ထိုသို့လုပ်ကိုင်ခဲ့ခြင်းဟာ သူမကို မီဒီယာနဲ့ပတ်သတ်တဲ့
အခြေခံအတွေ့အကြုံကောင်းတွေကို အများကြီးရရှိစေခဲ့ပါတယ်။
ထို့နောက်မှာတော့ သူမကို ဒေသတွင်းရုပ်သံသတင်းဌာနတစ်ခုက သူ့ကိုအလုပ်ခန့်ခဲ့ပါတယ်။ ဒါပေမယ့် အရာရာတိုင်းက သူမအတွက်ခက်ခဲနေတုန်းပါပဲ။သိပ်မကြာခင်ပဲ သူမကို အရည်အချင်းမပြည့်မီဘူးဆိုတဲ့  အကြောင်းပြချက်နဲ့ ရုပ်သံဌာနက အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အလုပ်ထုတ်ခံရပြီးနောက်Balti more
မှာရှိတဲ့ ရုပ်သံဌာနတစ်ခုမှ သူမအလုပ်ထပ်ရခဲ့ပြန်ပြီး "People are Talking"
ဆိုတဲ့ အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူအဖြစ် စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။
၁၉၈၃ ခုနှဏ်အရောက်မှာတော့ Chicago သို့ပြောင်းရွှေ့ခဲ့ပြီး လူသိပ်စိတ်ဝင်စားမှုမရှိတဲ့ AM Chicago ဆိုတဲ့အစီအစဉ်မှာ
အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ခဲ့ပြန်ပါတယ်။ လအနည်းငယ်အကြာမှာတော့ သူမရဲ့ကြိုးစားမှုကြောင့် သူမရဲ့အစီအစဉ်ဟာ ကြည့်ရှုသူသိပ်မရှိတဲ့အခြေအေ နကနေ
လူကြည့်အများဆုံး အစီအစဉ်ကိုတောင် ကျော်တက်သွားခဲ့တဲ့အထိအောင် မြင်မှုရလာခဲ့ပါတယ်။ အဲ့ကတည်းစပြီး ထိုအစီအစဉ်ဟာ Oprah Winfrey Show ဆိုပြီး
နိုင်ငံတစ်ဝန်း နာမည်ကျော်ကြားခဲ့ရပါတယ်။
____________
လင်းထက်မော် (Focus Youth)
▬▬▬▬▬▬
Oprah ဟာ ဘ၀အစမှာကတည်းက ကြမ်းတမ်းမှုတွေနဲ့စတင်ခဲ့ရတ
ရုပ်ပိုင်းဆိုင်ရာသာ ခက်ခဲကြမ်းတမ်းခဲ့သည်မဟုတ်၊
သူမဟာ အသက်၉နှစ်အရွယ်မှာကတည်းက ဦးလေးဖြစ်သူနဲ့ သူ့မိသားစုနဲ့ရင်းနှီးသူတစ်
အသက် ၁၄ နှစ်အရွယ်မှာ အရွယ်မတိုင်ခင်ကိုယ်ဝန်ဆောင
အခြေခံအတွေ့အကြုံကောင်းတွေက
ထို့နောက်မှာတော့ သူမကို ဒေသတွင်းရုပ်သံသတင်းဌာနတစ်ခ
၁၉၈၃ ခုနှဏ်အရောက်မှာတော့ Chicago သို့ပြောင်းရွှေ့ခဲ့ပြီး လူသိပ်စိတ်ဝင်စားမှုမရှိတဲ့ AM Chicago ဆိုတဲ့အစီအစဉ်မှာ
အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ
လူကြည့်အများဆုံး အစီအစဉ်ကိုတောင် ကျော်တက်သွားခဲ့တဲ့အထိအောင်
နိုင်ငံတစ်ဝန်း နာမည်ကျော်ကြားခဲ့ရပါတယ်။
____________
လင်းထက်မော် (Focus Youth)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။