ဂျီကျသောင်းကျန်းခြင်း။ (Tantrum)
နိဒါန်း
ဘာကြောင့် ဂျီကျ သောင်းကျန်းကြသလဲ?
ကလေးတွေ စိတ်တိုတိုင်း၊ ပြန်ပြောတိုင်း tantrum မဟုတ်ပါဘူး။ ကလေးတွေက သူတို့ သိပ်မကြိုက်တာကျွေးရင် ခေါင်းရှောင်တာ၊ အိပ်ရေးသိပ်မဝရင် တအီအီဖြစ်တတ်တာ၊ ခေါ်လို့ မလာချင်ရင် ပေကတ်ရပ်နေတတ်တာတွေတော့ရှိတ တ်ပါတယ်။
ဒါပေမယ့် တစ်ကယ် ဂျီကျသောင်းကျန်းတာကတော့ တစ်မျိုးပါ။ tantrum က
ပေါက်ကွဲတတ်တဲ့ စနက်တံနဲ့ တူတဲ့ စိတ်ခံစားချက်ပါ။ tantrum ဖြစ်ပြီဆိုရင်
လူကြီးက ဝင်ပြီး ကြားဖြတ် ပြောလို့ ချော့လို့ မရနိုင်အောင်ဖြစ်တတ်ပါတယ်။
Tantrum ဟာ ကလေးရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှု၊ အလိုမကျမှု၊စိုးရိမ်မှု တွေကြောင့် ဖြစ်တဲ့ ခံစားချက်တွေ စုစည်းတည်ဆောက်ပြီး ဖြစ်လာတဲ့ တင်းမာမှုတွေကို ဖောက်ခွဲထုတ်လိုက်တဲ့ စိတ်မကျေနပ်ချက် အစိုင်အခဲတွေနဲ့ တူပါတယ်။ tantrum ဖြစ်နေတဲ့ အချိန်တွေမှာ ကလေးဟာ သူရဲ့ စိတ်တွင်း ဒေါသ အဟုန်ရဲ့ ဒဏ် ပြင်းပြင်းထန်ထန်ခံရရှာပါတယ်။
သူထိမ်းချုပ်လို့မရတဲ့ သူရဲ့ ခံစားချက်တွေကြောင့် ထိတ်လန့်စွာ
ခံစားရနေတာပါ။ ဒါပေမယ့် tantrum ကို ဒုက္ခလို့ပဲမမြင်ပဲ ကလေးကို
သင်ပေးနိုင်တဲ့ အခွင့်အရေးအနေနဲ့ မြင်ကြည့်နိုင်ပါတယ်။
အသက် ၁-၃ နှစ်ဝန်းကျင် ယောက်ျားလေးရော၊မိန်းကလေးရောမှာ
ဖြစ်တတ်ပါတယ်။စောရင် ၉ လကစဖြစ်တတ်ပြီး နောက်ကျရင် ၎
နှစ်လောက်ထိဖြစ်တတ်ပါတယ်။ တချို့က မကြာခဏဖြစ်ပြီးတစ်ချို့က
ကျဲကျဲပဲဖြစ်တတ်ပါတယ်။ သူတို့မကျေနပ်တာကို ဒီနည်းနဲ့ ပြတာပါ။ ကလေး က
ပင်ပန်းနေရင်၊ ဗိုက်ဆာနေရင်၊ သက်တောင့်သက်သာမရှိရင်၊ လိုချင်တာ( ဥပမာ-
ပစ္စည်း (သို့)အမေ/ အဖေ) မရရင် ဖြစ်တတ်ကြပါတယ်။
Toddler ကလေးတွေဟာ သူတို့ရဲ့ သက်တမ်း နှစ်နှစ်အတွင်း စကားစပြော တဲ့ အချိန်လောက်မှာ tantrum အဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရွယ်ကလေးတွေက သူတို့ ဘာလိုချင်တယ်၊ ဘာလိုအပ်တယ်၊ဘယ်လိုခံစားရတယ်ဆိုတာကို
ကောင်းကောင်း မပြောပြတတ်သေးပါဘူး ။ ဒီတော့ စိတ်တိုင်းမကျပဲ
သောင်းကျန်းတတ်တာပါ။ စကားပိုပြောတတ်လာရင် tantrum ဖြစ်တာ
နည်းသွားတတ်ပါတယ်။ စိတ်မကျေနပ်မှုတွေကို ထိန်းသိမ်းတတ်အောင် လေ့ကျင့်
သင်ယူခြင်းဟာလည်း ကလေးတွေ အချိန်အလိုက် တတ်သင့်တဲ့ အရည်အချင်းတစ်ခုပါပဲ။
ဂျီကျသောင်းကျန်းနေချိန်မှာ ဘာတွေဖြစ်လဲ?
ကလေးရဲ့ အပြုအမူတွေဟာ အဆိုးဝါးဆုံး ဂျီကျနေချိန်မှာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ဒါပေမယ့် ကလေးတစ်ယောက်ကတော့ သူလုပ်နေကျ အပြုအမူကိုပဲ လုပ်တတ်တာများပါတယ်။
ကလေးဟာ အခန်းတဝိုက် အာခေါင်ခြစ် အော်ပြီး ကြမ်းတမ်းစွာ ပြေးနေနိုင်ပါတယ်။ ကလေးဟာ ဒီအချိန်မှာ ထိမ်းချုပ်နိုင်မှု မရှိဘူးဆိုတာ သတိရပါ။ သူအနား ၊ သူ့ရှေ့ရောက်တဲ့ ပစ္စည်းတွေ ကိုလဲ တိုက်ချ၊ ကိုင်ပေါက်လုပ်နိုင်ပါတယ်။ မေမေတို့ ကာကွယ်မပေးရင် နံရံ၊ ပရိဘောဂ စတာတွေနဲ့တောင် တိုက်မိပြီး အနာတရဖြစ်နိုင်ပါတယ်။
ကြမ်းပြင်မှာ လူးလှိမ့် ၊တွန့်လိမ်နေအောင် ငိုနေတတ်ပါတယ်။ ကန်ကျောက်၊အော်ဟစ်တာမျိုး လုပ်တတ်ပါတယ်။ ဒီအချိန်အနားလာတဲ့ သူကိုလဲ ကန်လိုက်တာပါပဲ။ ဘာမှမမြင်အောင်ဒေါသကြီးနေလို့ပါ။ ဒီအချိန်မှာ ကောက်ချီဖို့ ကြိုးစားရင်လဲ ရှိသမျှအားနဲ့ တစ်နေရာရာ ကိုကုပ်တွယ်ထားလို့ ချီလို့မရနိုင်တောင်ဖြစ်နို င်ပါတယ်။
အာခေါင်ခြစ်အော်လွန်းလို့ စားထားသမျှ ပြန်အန်ထွက်တတ်ပါတယ်။ အော်လွန်းလို့
သူကိုယ်တိုင် အသက်ရှုမရဖြစ်တတ်ပါတယ်။ အသက်အောင့်ထားတတ်တဲ့ ကလေးမျိုးဆို
မျက်နှာပြာလာတဲ့ အထိ ဖြစ်တတ်ပါတယ်။ တစ်ချို့ ကတော့
ရိုက်တတ်၊ဆိတ်တတ်၊ကုတ်ဖဲ့ တတ်ပါတယ်။ သူစိတ်တိုလာရင် မပြောတတ်ပဲ
ရိုက်တော့တာပါပဲ။
အချိန်မရွေး လိုချင်တာမရရင်ဖြစ်တတ်တာမို့ 
မေမေတို့ shopping mall အလယ်ခေါင်မှာ ကြမ်းပြင်ပေါ်လှိမ့်နေတဲ့ ကလေးကို
စိတ်ပင်ပန်းစွာ ကြည့်ရတဲ့အဖြစ်၊ လမ်းလယ်ခေါင် ဂျီကျလို့ အန္တရာယ် မဖြစ်အောင်
အတင်းဆွဲထားရတဲ့ အဖြစ်၊ စားသောက်ဆိုင်မှာ ဗြဲကနဲငိုပြီး အန်ချတတ်တဲ့
အဖြစ်တွေ ဟာ tantrum ကြောင့်ပါပဲ။
ဂျီကျသောင်းကျန်းတာတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာတွေ နားလည်ပြီးရင် ကလေးတွေကို ရိုက်တာ၊ ဆူတာ၊အော်ငေါက်တာ၊အပြစ်ပေးတာတွေ မလုပ်မိဘဲ သူတို့ကိုနားလည်မှုလေးပေးပြီး ဖြေရှင်းနည်းလေးတွေကို ဆက်ရေးပါဦးမယ်ရှင်။
မေတ္တာဖြင့်
ယုငယ်( နီတိုးလေးမေမေ)
#နီတိုးလေးမေမေ #ယုငယ် #မိခင်ဘဝ
Ref; kidslearn.org
Babycenter.com
Photo; Internet.
နိဒါန်း
ဘာကြောင့် ဂျီကျ သောင်းကျန်းကြသလဲ?
ကလေးတွေ စိတ်တိုတိုင်း၊ ပြန်ပြောတိုင်း tantrum မဟုတ်ပါဘူး။ ကလေးတွေက သူတို့ သိပ်မကြိုက်တာကျွေးရင် ခေါင်းရှောင်တာ၊ အိပ်ရေးသိပ်မဝရင် တအီအီဖြစ်တတ်တာ၊ ခေါ်လို့ မလာချင်ရင် ပေကတ်ရပ်နေတတ်တာတွေတော့ရှိတ
Tantrum ဟာ ကလေးရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှု၊ အလိုမကျမှု၊စိုးရိမ်မှု တွေကြောင့် ဖြစ်တဲ့ ခံစားချက်တွေ စုစည်းတည်ဆောက်ပြီး ဖြစ်လာတဲ့ တင်းမာမှုတွေကို ဖောက်ခွဲထုတ်လိုက်တဲ့ စိတ်မကျေနပ်ချက် အစိုင်အခဲတွေနဲ့ တူပါတယ်။ tantrum ဖြစ်နေတဲ့ အချိန်တွေမှာ ကလေးဟာ သူရဲ့ စိတ်တွင်း ဒေါသ အဟုန်ရဲ့ ဒဏ် ပြင်းပြင်းထန်ထန်ခံရရှာပါတယ
အသက် ၁-၃ နှစ်ဝန်းကျင် ယောက်ျားလေးရော၊မိန်းကလေးရေ
Toddler ကလေးတွေဟာ သူတို့ရဲ့ သက်တမ်း နှစ်နှစ်အတွင်း စကားစပြော တဲ့ အချိန်လောက်မှာ tantrum အဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရွယ်ကလေးတွေက သူတို့ ဘာလိုချင်တယ်၊ ဘာလိုအပ်တယ်၊ဘယ်လိုခံစားရတယ
ဂျီကျသောင်းကျန်းနေချိန်မှာ
ကလေးရဲ့ အပြုအမူတွေဟာ အဆိုးဝါးဆုံး ဂျီကျနေချိန်မှာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ကလေးဟာ အခန်းတဝိုက် အာခေါင်ခြစ် အော်ပြီး ကြမ်းတမ်းစွာ ပြေးနေနိုင်ပါတယ်။ ကလေးဟာ ဒီအချိန်မှာ ထိမ်းချုပ်နိုင်မှု မရှိဘူးဆိုတာ သတိရပါ။ သူအနား ၊ သူ့ရှေ့ရောက်တဲ့ ပစ္စည်းတွေ ကိုလဲ တိုက်ချ၊ ကိုင်ပေါက်လုပ်နိုင်ပါတယ်။ မေမေတို့ ကာကွယ်မပေးရင် နံရံ၊ ပရိဘောဂ စတာတွေနဲ့တောင် တိုက်မိပြီး အနာတရဖြစ်နိုင်ပါတယ်။
ကြမ်းပြင်မှာ လူးလှိမ့် ၊တွန့်လိမ်နေအောင် ငိုနေတတ်ပါတယ်။ ကန်ကျောက်၊အော်ဟစ်တာမျိုး လုပ်တတ်ပါတယ်။ ဒီအချိန်အနားလာတဲ့ သူကိုလဲ ကန်လိုက်တာပါပဲ။ ဘာမှမမြင်အောင်ဒေါသကြီးနေလိ
အချိန်မရွေး လိုချင်တာမရရင်ဖြစ်တတ်တာမို
ဂျီကျသောင်းကျန်းတာတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာတွေ နားလည်ပြီးရင် ကလေးတွေကို ရိုက်တာ၊ ဆူတာ၊အော်ငေါက်တာ၊အပြစ်ပေးတ
မေတ္တာဖြင့်
ယုငယ်( နီတိုးလေးမေမေ)
#နီတိုးလေးမေမေ #ယုငယ် #မိခင်ဘဝ
Ref; kidslearn.org
Babycenter.com
Photo; Internet.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။