စလုံး added 8 new photos.
ရှမ်း-ဗမာ ကပြား လူငယ်လေးတစ်ဦးရဲ့ စလုံးpage ကို ရင်ဖွင့်လာချက် နှင့် မြန်မာတို့ရဲ့ passport type ရှုပ်ထွေးစွာ ခွဲခြားမှု
===============
မြန်မာနိုင်ငံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစာမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများဟာ PJ type passport ရှိရန်လိုအပ်ပါတယ်။
အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ။
စင်ကာပူနိုင်ငံမှာ ၆ နှစ်ကြာ အလုပ်လုပ်နေခဲ့တဲ့ ရှမ်း-ဗမာ ကပြားလူငယ်လေးဟာ လက်ရှိစင်ကာပူအလုပ်ကနေ မြန်မာနိုင်ငံကို ကျန်ခဲ့တဲ့လ ၂၀၁၆ စက်တင်ဘာလမှာ ပြန်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံကိုပြန်ရောက်တော့ သူ ကိုင်ဆောင်ထားတဲ့ PJ type passport လေးကို သက်တမ်းတိုးဖို့ လိုတာနဲ့ ရန်ကင်း passport ရုံးကို သွားရောက်ခဲ့ပါတယ်။
ရန်ကင်းpassport ရုံးက သူ့ကို ဘာမှ မရှင်းပြပဲ သက်တမ်းတိုး passport စာအုပ် လာထုတ်တဲ့ရက်ကျမှ PV type passport ကို ပြောင်းလဲထုတ်ပေးလိုက်ပါတယ်။ ဒါဟာ ဒီလ ၂၀၁၆ အောက်တိုဘာလ ပထမပတ်မှာ ဖြစ်သွားတာပါ။
သူ က passport စာအုပ်ထုတ်ပေးတဲ့ ရဲ ကို ဘာလို့ PJ type passport စာအုပ်ပြန်မရတာလဲဆိုတော့ မင်းလိုချင်ရင် smart card ရယ်၊ လေဘာကတ်ရယ်၊ အလုပ်ခေါ်စာ ရယ် ပြမှ PJ type စာအုပ်ကို ပြန်ထုတ်ပေးမယ်တဲ့။
သူ ဟာ ရန်ကင်း passport ရုံး က ပြန်ထွက်လာတော့ PV type passport စာအုပ်လေး ကိုင်ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရပါတယ်တဲ့။
ဒီ ညီလေးရဲ့ ဖြစ်ရပ်မှာ သင်ခန်းစာယူစရာကတော့ မြန်မာနိုင်ငံ passport ထုတ်ပေးတဲ့ရုံးက ဝန်ထမ်းတွေဟာ passport လာရောက်လျှောက်ထားတဲ့ နိုင်ငံသူ နိုင်ငံသားတွေကို တကယ်ပဲ သေချာရှင်းပြသလားဆိုတာ သံသယရှိမိပါတယ်။
ဘာလိုပဲပြောပြော နစ်နာသူကတော့ မြန်မာအစိုးရဝန်ထမ်းတစ်ဦးမဟုတ်ပဲ အခွန်ထမ်း ပြည်သူသာဖြစ်တယ်ဆိုတာ ငြင်းလို့လုံးဝ မရပါဘူး။
============
ကဲ ဒါဆိုရင် မြန်မာတို့ရဲ့ passport ဟာ type ပေါင်းများစွာ (PV, PJ, PT, PE, etc) စသဖြင့်ရှိရတာဟာ နိုင်ငံတကာက passport တွေ နဲ့တန်းတူဖြစ်ရအောင်လားဆိုတာ လေ့လာကြည့်ရအောင်။
ပထမဆုံး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ် နဲ့ထိုင်း passport တွေရဲ့type တွေက ဘယ်လိုပါလဲ။
ရှင်းပါတယ်ဗျာ။ အကုန်လုံး P type တစ်မျိုးပဲရှိပါတယ်။
ဒါဆိုရင် အာဆီယံနိုင်ငံတွေထဲက ဖိလစ်ပိုင်၊မလေးရှားနဲ့အင်ဒိုနီးရှား passport တွေရဲ့ type တွေကရော ဘယ်နှစ်မျိုးတောင်ရှိနေပါသလဲ။
သူတို့လည်း P type တစ်မျိုးထဲပါပဲတဲ့ဗျာ။
ကဲ ဒါဆိုရင် စင်ကာပူ ကျွန်းနိုင်ငံ သေးသေးလေးကကောဗျာ။သူကလည်း PA ဆိုတဲ့ တစ်မျိုးတည်းသော passport type ကို ပဲ ထုတ်ပေးပါတယ်တဲ့။
ဒါဆိုရင် မြန်မာတို့ရဲ့ passport type ကရော သူများနိုင်ငံတွေလို တစ်မျိုးတည်းမထားပေးသင့်ဘူးလားဗျာ။
စလုံးpage

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။