Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 18, 2016

*** သင့်ဘ၀အောင်မြင်ဖို့ ပြင်ဆင်ထားရမယ့် List ၈ခု ***

*** သင့်ဘ၀အောင်မြင်ဖို့ ပြင်ဆင်ထားရမယ့် List ၈ခု ***

ကျနော်တို့ အားလုံးဟာ ကျနော်တို့ ဘ၀တွေအတွက် အရေးကြီးတဲ့လူတွေ၊ အရေးကြီးတဲ့ အရာတွေ၊ အရေးကြီးတဲ့ ခံယူချက်တွေ ကိုယ်စီနဲ့ မနက်ဖြန်များစွာကို ရင်ဆိုင် လျှောက်လှမ်းနေကြပါတယ်။ ဘ၀မှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ အများကြီး ရှိနေတော့ အရေးကြီးတဲ့ List တွေကို ပြင်ဆင်ပြုလုပ်ထားမှသာ ကျနော်တို့တွေ အားလုံးရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်ရည်တွေက အချိန်နှင့်အမျှ တိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတဲ့ ပန်းတိုင်တွေကို ကျော်လွှားဖြတ်သန်းဖို့ အရေးကြီးတဲ့ List တွေကို မရှိမဖြစ် ပြင်ဆင်ထားသင့်ပါတယ်။ ဒီအောက်က List ၈ခု ကတော့ "သင့်ဘ၀အောင်မြင်ဖို့ ပြင်ဆင်ထားရမယ့် List ၈ခု" ဖြစ်ပါတယ်။

၁။ List of Goals - ရည်မှန်းချက် List

"သင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်လို့ ရရှိလိုက်တဲ့အရာက အဲ့ဒီ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ပြောင်းလဲသွားတဲ့ သင့်လောက် အရေးမကြီးပါဘူး။" —Zig Ziglar

ရည်မှန်းချက်နဲ့ ပန်းတိုင်ဆိုတာ မိမိကိုယ်ကို အမြဲတမ်းတွန်းအားပေးနေတဲ့ အရာတွေပဲဖြစ်ပါတယ်။ မိမိဘ၀အတွက် အောင်မြင်မှုဆိုတဲ့ အရာတစ်ခုဆိုတာ ဘယ်လိုအရာမျိုးဖြစ်သလဲဆိုတာ အရင်ဆုံးသိရှိအောင် ပြုလုပ်ရမယ်။ မိမိရဲ့ ရည်မှန်းချက် List ထဲမှာ မိမိဘ၀ပြီးပြည့်စုံဖို့အတွက် မျှော်မှန်းထားတဲ့အရာတွေ အားလုံးပါဝင်နေရမယ်။ ငွေကြေးအရဖူလှုံမှုလား၊ ကိုယ်ပိုင်အိမ်တစ်လုံးလား၊ ဒါမှမဟုတ် မိသားစုတစ်ခု စတင်တည်ထောင်နိုင်ဖို့လား၊ ဒီလိုနဲ့ပဲ စာရင်းတွေဟာ အမြဲတမ်း တိုးပွားနေမှာဖြစ်တယ်။ မိမိဘ၀ရင့်ကျက်လာတာနဲ့အမျှ ဒီဖြစ်ချင်တဲ့ ရည်မှန်းချက် List ပြောင်းလဲလာတတ်တယ်။ ဒီရည်မှန်းချက် List တွေထဲက တစ်ခုခုကို အကောင်အထည် ဖော်ပြီးရင်လည်း အမြဲတမ်း ပီတိဖြစ်ရမှာဖြစ်တယ်။ ရည်မှန်းချက် List မရှိတဲ့ ဘ၀တစ်ခုဟာ အမှောင်ထဲမှာ လမ်းလျှောက်နေတာနဲ့တူပါတယ်။ အနည်းဆုံးတော့ မနက်မိုးလင်းလို့ အိပ်ယာထတဲ့အခါ သေချာအာရုံစိုက်နိုင်မယ့် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခု၊ အင်အားတစ်ခု က ဘ၀အောင်မြင်ဖို့အတွက် ရည်မှန်းချက် List ဆိုတာ မရှိမဖြစ်လိုအပ်ချက်တစ်ခုပါ

၂။ List of Tasks - လုပ်ဆောင်စရာ List

"ပျော်ရွှင်မှုဆိုတာ လွယ်ကူတဲ့အရာတစ်ခုကို ပြုလုပ်နိုင်ရုံနဲ့ ရရှိတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပြသနိုင်တဲ့ ခက်ခဲတဲ့ အရာတစ်ခုကို ပြုလုပ်နိုင်မှသာ ပျော်ရွှင်မှုအစစ်တစ်ခုကို ရရှိနိုင်မှာဖြစ်တယ်။" —Theodore Isaac Rubin

ဘယ်သူမဆို နေ့စဉ်လုပ်ဆောင်စရာ အသစ်တွေဆိုတာ ပေါ်လာစမြဲပါ။ ဘယ်လိုလုပ်ဆောင်စရာပဲ ဖြစ်ဖြစ် အဲ့ဒီ လုပ်ဆောင်စရာတစ်ခုခုပြီးမြောက်သွားရင် မိမိတို့တွေဟာ ပြီးမြောက်သွားတဲ့ အရသာကိုတော့ အမြဲခံစားရပါတယ်။ နေ့စဉ်ဘ၀တွေမှာလဲ ကိုယ်ဘာတွေ လုပ်ဆောင်ရမလဲဆိုတဲ့ List ကို ပြုစုထားသင့်ပါတယ်။ အချို့ တစ်နေ့တာထက်ပိုပြီး လိုအပ်မယ့် ကြီးမားတဲ့ လုပ်ဆောင်စရာ ကိစ္စတစ်ခုဖြစ်ခဲ့ရင် အဲ့ဒီကိစ္စကို နေ့စဉ် လုပ်ဆောင်စရာ List မှာ အပိုင်းပိုင်းတွေခွဲပြီး နေရာချထားလို့ရပါတယ်။ ဒါမှလဲ ဒီကိစ္စကို နေ့တိုင်း တစ်ပိုင်းပြီး တစ်ပိုင်း ပုံမှန်လေး ဆောင်ရွက်သွားနိုင်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်စရာ List မှ မရှိဘူးဆိုရင် လုပ်စရာကိစ္စတွေဟာ ပုံအောလာမှာဖြစ်ပြီး နောက်ဆုံးမှာတော့ အုတ်ခွက်တောင်းနင်း ဖြစ်လာရင် ဘ၀အောင်မြင်ဖို့အတွက် အတားအဆီးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

၃။ List of Contacts - မိတ်ဆွေများ List

"လူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ဖို့ဆိုတာ လွယ်ကူပေမယ့် ထိုသူနဲ့ စစ်မှန်တဲ့မိတ်ဆွေတွေ ဖြစ်လာဖို့ ဆိုတာတော့ လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။" —Aristotle

လူဆိုတာ ဘယ်တော့မှ အရာရာကို တစ်ဦးထဲ စွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေဆိုတာ အလွယ်တကူရရှိဖို့ မဖြစ်နိုင်သလို မှားယွင်းတဲ့ မိတ်ဆွေနဲ့ ပူးပေါင်းမိလို့ လုပ်ငန်းတစ်ခုကို ပြုလုပ်ခဲ့မယ်ဆိုရင် ရရှိလာမယ့် ဒုက္ခတွေက မတွေးဝံ့စရာပါ။ မည်သူနဲ့မဆို အလုပ်တစ်ခုကို ပူးပေါင်းလုပ်ကိုင်တော့မယ်ဆိုရင် မိမိဟာ ထိုသူနဲ့ တူညီတဲ့ အမြင်တစ်ခု၊ ခံယူချက်တစ်ခု၊ ရည်မှန်းချက်တစ်ခု ရှိသလားဆိုတာ ဆန်းစစ်ပါ။ မိမိတို့ ဘ၀တွေမှာ အရမ်းကို အရည်အချင်းရှိပြီး အထောက်အကူပေးနိုင်မယ့် လူတွေနဲ့ တွေ့လာမယ်၊ ဒီလိုလူတွေဟာ အနာဂတ်ရဲ့ တစ်ထောင့်တစ်နေရာမှာ အကူအညီပေးလာနိုင်ပါတယ်။ မိမိရဲ့ မိတ်ဆွေတွေ အကူအညီလိုအပ်နေပြီဆိုရင် ဖေးမကူဖို့ ဘယ်တော့မှ ၀န်မလေးပါနဲ့။ အရေးကြီးတဲ့ မိတ်ဆွေများ ရဲ့ List ကို တည်ဆောက်ထားပါ။ ကိုယ်လိုအပ်လာမှ ဆက်သွယ်တာမျိုးတော့ မဖြစ်စေပါနဲ့။ ဒီလူတွေ အားလုံးနဲ့ ခိုင်မာတဲ့ ပုံမှန်ဆက်ဆံရေးလေး တည်ဆောက်ထားပြီး လိုအပ်တဲ့ အကူအညီတွေ၊ ဖေးမမှုတွေ အမြဲပြုလုပ်ပေးပါ။ လူဆိုတာ အသွားနဲ့အလာ၊ အပေးနဲ့အယူဆိုတာ အမြဲရှိပါတယ်။ စစ်မှန်တဲ့ မိတ်ဆွေတွေဆိုတာ ဘ၀တစ်သက်စာအတွက် အောင်မြင်မှုရရှိဖို့ မရှိမဖြစ်လိုအပ်ချက် တစ်ခုပါ။

၎။ List of Expenses - ကုန်ကျစရိတ်များ List

"အမျှော်အမြင်ရှိတဲ့ လူတစ်ယောက်ဟာ ပိုက်ဆံကို ရင်ဘတ်ထဲမှာ မထားဘူး။ ခေါင်းထဲမှာပဲ ထားတယ်။" —Jonathan Swift

ဒီတစ်ခုကို မလိုအပ်ဘူးလို့ ထင်ခြင်ထင်လိမ့်မယ်။ ဒါပေမယ့် သူကလဲ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ နေ့စဉ် လစဉ် မိမိရဲ့ ကုန်ကျစရိတ်များရဲ့ List ကို သေချာလေး ပြုစုထားမယ်ဆိုရင် မိမိတတ်နိုင်တဲ့ အတိုင်းအတာတစ်ခုကို သိရှိမှာဖြစ်တယ်။ ဒီကုန်ကျစရိတ်တွေ အားလုံးကို သေချာသိရှိထားရင် ဘယ်တော့မှ မ၀ယ်သင့်တဲ့အရာတစ်ခု၊ ရေရှည်မှာ မိမိအတွက် မလိုအပ်တဲ့ အရာတစ်ခုကို ၀ယ်ဖို့အတွက် လုပ်ဆောင်မိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလိုအပ်ပဲ ၀ယ်မိခဲ့ရင် လိုအပ်တဲ့အရာတွေ အတွက် အခက်အခဲဖြစ်လာမယ်ဆိုတာ ကြိုသိနေလို့ပဲဖြစ်တယ်။ မိမိရဲ့ ၀င်ငွေနဲ့ မိမိရဲ့ကိုယ်ပိုင် အသုံးစရိတ်ကို မိမိကိုယ်တိုင် အခက်အခဲမရှိအောင် သေသေချာချာ ကိုင်တွယ် ဖြေရှင်းနိုင်တာဟာ ရင့်ကျက်တဲ့ လူတစ်ဦးရဲ့ တာဝန်ကျေပွန်မှုပဲဖြစ်တယ်။ အောင်မြင်မှုဆိုတာ ကိုယ့်မှာ ရှိတဲ့ အရာတွေကို စိတ်လွတ်ကိုယ်လွတ် သုံးဖြုန်းနေရုံနဲ့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။

၅။ List of Self Improvements - ကိုယ်တိုင် ပြောင်းလဲတိုးတက်ဖို့ လုပ်ဆောင်ရန် List

"သင်.. လေ့လာသင်ယူခြင်း ရပ်တန့်လိုက်တဲ့ မိနစ်မှာ.. သင့်ဘ၀ သေဆုံးသွားပြီ"
—Jack Nicholson

ဘ၀မှာ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲဖို့အတွက် အမြဲ လေ့လာသင်ယူနေရမှာ ဖြစ်တယ်။ အောင်မြင်ဖို့အတွက်ဆိုရင် လူဆိုတာ တစ်ပါးသူတွေရဲ့ အမြင်တွေကို လက်ခံနိုင်ရပါမယ်။ အမြင်ပွင့်လင်းရပါမယ်။ ငါကသာ အမြဲမှန်ပါတယ်၊ ငါဘယ်တော့မှ မမှားပါဘူးဆိုရင် သင်လုံးဝမှားယွင်းသွားပါလိမ့်မယ်။ လူဆိုတာ အမှားနဲ့ မကင်းနိုင်တဲ့ သတ္တ၀ါတွေပါ။ အမှားပြုမိတာက အရေးမကြီးပေမယ့် အမှားကို သိရဲ့နဲ့ အမှန်မပြင်နိုင်တာက ပိုပြီးတော့ ကြီးလေးတဲ့ ပြဿနာပါ။ မိမိဘ၀ ပိုပြီး သာယာလှပအောင် ဘာတွေ လုပ်မလဲ၊ ဘာတွေ ပြောင်းလဲမလဲ၊ အတိတ်က သင်ယူခဲ့တဲ့ ဘ၀သင်ခန်းစာတွေကို ဘယ်လိုအသုံးချပြီး အနာဂတ်မှာ အောင်မြင်အောင် ဖန်တီးမလဲ၊ ဒါတွေကို အမြဲလုပ်ဆောင်နေမှသာ ဘ၀မှာ အောင်မြင်နိုင်မှာဖြစ်တယ်။

၆။ List of Creative Ideas - ဆန်းသစ်တဲ့အိုင်ဒီယာများ List

"ရှိနေပြီးသား လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရတာထက် မရှိသေးတဲ့လမ်းကို ဖောက်ပြီး လမ်းကြောင်းတစ်ခုဖန်တီးရတာက ပိုပြီး အရသာရှိတယ်။" —Waldo Emerson

သမိုင်းကြောင်းတစ်လျှောက် ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ လူတွေရှိတယ်။ ဒီလိုလူတွေဟာ ဘယ်တော့အခါကမှ မိမိဘ၀တွေမှာ ပုံမှန်ဖြစ်နေတာကို ကျေနပ်နေတဲ့ လူတွေ တစ်ဦးတစ်ယောက်မှ မပါဘူး။ သူတို့တွေဟာ မတူညီတဲ့ အတွေးအခေါ်တွေ၊ ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အမြဲရှိနေခဲ့တာ ဖြစ်တယ်။ သေချာတာတစ်ခုကတော့ လူအများစုက သင့်ရဲ့ ဆန်းသစ်တဲ့ အိုင်ဒီယာကို အလေးထား သဘောတူမှာမဟုတ်ဘူး။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ ဒီလိုပဲ အောင်မြင်လာတဲ့ လူတွေဟာ တစ်ခါတစ်လေ အရာရာကို အံတုပြီး မိမိရဲ့ ယုံကြည်ချက်သည်သာ မှန်ကန်ကြောင်း သက်သေပြခဲ့ကြတယ်။

၇။ List of Plans - ကြိုတင်ပြင်ဆင်မှုများ List

"အနာဂတ်က ဘယ်တော့မှ မသေချာပါဘူး၊ ဒါပေမယ့် အဆုံးတစ်ခုကတော့ အမြဲတမ်း နီးကပ်နေပါတယ်။" ―Jim Morrison

အမြဲတမ်းကြားဖူးမှာပါ.. "မနက်ဖြန်ဆိုတာ မသေချာပါ.. ဒီနေ့အတွက် အသက်ရှင်ပါ.. အနာဂတ်ဆိုတာ မရေရာတဲ့အရာပါ.." ဘယ်လိုပြောပြော လူတိုင်းက အစီအစဉ်အမျိုးမျိုးကို ကြိုတင်ပြင်ဆင်ကြရပါတယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများရဲ့ List ရှိမှသာ ဘယ်အရာကို ဘယ်လိုဖြစ်မြောက်အောင် လုပ်ရမလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ကြိုတင်ပြင်ဆင်မှုက တကယ်လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်မလဲ ဆိုတာကိုပါ ထည့်သွင်းစဉ်းစား ထားရပါမယ်။ အဲ့ဒီ အခက်အခဲတွေ ဖြစ်လာခဲ့ရင်ရော ဘယ်လို ဖြေရှင်းပြီး ဖြစ်မြောက်အောင် လုပ်မလဲဆိုတာပါ ပြင်ဆင်ထားရပါမယ်။ ဒါမှသာ အောင်မြင်မှုပန်းတိုင်ကို ချီတက်နိုင်မှာဖြစ်ပါတယ်။

၈။ Bucket List - မသေခင်လုပ်စရာများ List

"အုတ်ဂူထဲရောက်သွားသည့်တိုင်အောင် ပြောချင်ရဲ့နဲ့ မပြောလိုက်ရတဲ့ စကားတွေ.. လုပ်ချင်ရဲ့နဲ့ မလုပ်ချင်တဲ့အရာတွေ အများကြီးရှိနေခဲ့ရင်.. လောကကြီးက တကယ် နှမြောဖို့ ကောင်းပါတယ်" —Harriet Beecher Stowe

တကယ်တော့ ဘ၀ဆိုတာ ပျော်ရွှင်စွာ ဖြတ်သန်းဖို့ အရမ်းအရေးကြီးပါတယ်။ ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကျမှ ကိုယ်လုပ်နိုင်ခဲ့တုန်း လုပ်ချင်တာတွေ မလုပ်ခဲ့ရလို့ နောင်တတွေ ရနေရင် ဘယ်လိုလုပ်မလဲ? ဘ၀မှာ အောင်မြင်အောင် ကြိုးစားနေကြတယ် ဆိုတာလည်း သေချာစဉ်းစားကြည့်ရင် ကိုယ်လုပ်ချင်တာတွေ လုပ်ရဖို့အတွက် မဟုတ်ဘူးလား? ဒါကြောင့် ကိုယ်မသေခင်အချိန်အတွင်း.. ကိုယ့်ဘ၀မှာ ဘာတွေ ဖြစ်ချင်တာလဲ? ဘာတွေ လုပ်ချင်တာလဲ? ဒီ List လေးတော့ ရှိထားသင့်ပါတယ်။ ဒါမှပဲ ရှေ့မှာရှိနေတဲ့ မနက်ဖြန်များစွာအတွက် အားအင်သစ်တွေ နေ့တိုင်း ရရှိနေမှာပါ။

အားလုံးပဲ အရေးကြီးတဲ့ List တွေကို ပြင်ဆင်ပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တွေကို ဖန်တီး တည်ဆောက်နိုင်ကြပါစေ။

လင်းခန့်
---------------------------------------
www.eSMEmm.com
www.EntrepreneurSME.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။