စလုံး added 5 new photos.
================
စင်္ကာပူ အောက်တိုဘာလ ၂၀ ရက်
စင်္ကာပူရောက်မြန်မာများဟာ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ အောက်ပါ passport type ၄ မျိုးကို စာအုပ်သက်တမ်းကုန်ခါနီးရင် သွားရောက်ပြီး စာအုပ်အသစ်နဲ့လဲလှယ်နိုင်ပါတယ်။
(၁) PV = ပြည်ပသို့ short visit ခရီးသွားများကို ထုတ်ပေးသော passport စာအုပ်အမျိုးအစား
(၂) PJ = ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော passport စာအုပ် အမျိုးအစား
(၃) PE = ပြည်ပမှာပညာသင်နေသောကျောင်းသားများကို ထုတ်ပေးသော passport စာအုပ်အမျိုးအစား
(၄) PT = ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသော passport စာအုပ်အမျိုးအစား
စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဟာ စင်္ကာပူရောက် မြန်မာနိုင်ငံသား အလုပ်သမားများကို အောက်ပါအခြေအနေ နှစ်မျိုးမှာ မည်သည့် ထပ်ဆောင်းကုန်ကျစရိတ်မှ အပိုပေးစရာမလိုပဲ အလိုအလျောက် PV စာအုပ်အမျိုးအစားမှ PJ စာအုပ်အမျိုးအစားသို့ ပြောင်းပေးနေပါတယ်။
(၁) PV စာအုပ်သက်တမ်းကုန်ဆုံးသွား၍ လာရောက် သက်တမ်းတိုးသောအခါ
(၂) စင်္ကာပူ မှာအလုပ်လုပ်ခွင့် သက်တမ်း ၂ နှစ်ထပ်မံတိုးရန်ရှိနေသော်လည်း ၎င်း ကိုင်ဆောင်ထားသော passport စာအုပ်သက်တမ်းမှာ ၂ နှစ် မရှိတော့၍ လာရောက် သက်တမ်းတိုးသောအခါ
တို့ပဲဖြစ်ပါတယ်။
ယခုမှ စင်္ကာပူသို့ အသစ်ရောက်လာပြီး PV စာအုပ်ကိုင်ထားသည့် စင်္ကာပူရောက်မြန်မာနိုင်ငံသားအလုပ်သမားများအတွက် စက်ာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ PJ စာအုပ်ကို ချက်ချင်းပြောင်းပေးခွင့် အခွင့်အာဏာ မရရှိသေးပါ။
သို့ပါသော်လည်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်တကွ သံရုံးဝန်ထမ်းများဟာ မြန်မာနိုင်ငံ နေပြည်တော်ရှိ မိခင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် အလုပ်သမားဝန်ကြီးဌာနများသို့ တရားဝင် စာရေးသားတောင်းဆိုပြီး စင်္ကာပူရောက်မြန်မာနိုင်ငံသားများ၏ အရေးကို အထူးစိတ်ဝင်စားလုပ်ဆောင်ပေးလျက်ရှိတယ်လို့သိရပါတယ်။မကြာခင်အချိန်မှာ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာပြုလုပ်ပေးလိမ့်မယ်လို့လဲ သတင်းရရှိထားပါတယ်။
စလုံးpage ဟာ လတ်တလောဖြစ်ပေါ်နေတဲ့သတင်းများနဲ့ပတ်သက်၍သတင်းအတည်ပြုချက်ရယူနိုင်ရန်အလို့ဌာ နိုင်ငံသား များအတွက် တရားဝင် passport ထုတ်ပေးရာဌာနတစ်ခုဖြစ်သော ရန်ကုန်မြို့ရှိ ရန်ကင်း passport ရုံးကို လည်းဆက်သွယ်မေးမြန်းခဲ့ပါသေးတယ်။
အဆိုပါရုံးမှ ရုံးအကြီးအကဲတစ်ဦးဖြစ်သော ရဲမှုး ဦးမောင်မောင်သန်း မှ ဖုန်းလက်ခံခဲ့သော်လည်း တရားဝင် မေးမြန်းမှုများကိုဖြေကြားရန် နေပြည်တော်ရှိ လူကြီးများထံ ခွင့်ပြုချက်ရယူဖို့လိုတာမို့ ၎င်း အနေနဲ့ စလုံးpage ကမေးမြန်းမှုများကိုဖြေကြားရန်ငြင်းပယ်ခဲ့ပါတယ်။
စလုံး Page
(စင်္ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။