Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label အတ္ထုပ္ပတ္တိ. Show all posts
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts

Sunday, April 15, 2018

ဘယ်တော့မှ လက်မြောက် အရှုံးမပေးတတ်တဲ့ ဟွန်းဒါး

ဘယ်တော့မှ လက်မြောက် အရှုံးမပေးတတ်တဲ့ ဟွန်းဒါး
👍👍👍👍👍

🔴ဂျပန်နိုင်ငံက .မော်တော်ကားနဲ့ မော်တော် ဆိုင်ကယ်တွေ. တကမ္ဘာလုံးကို တင်ပို့နေတဲ့. ဟွန်းဒါး(Honda) ဆိုတာ .ကြားဖူးကြမှာပါ။
☆☆☆. ဟွန်းဒါး ကုမ္ပဏီကို စတင် တည်ထောင်သူက. ဂျပန်လူမျိုး ဟွန်းဒါးပါ။. နာမည် အပြည့်အစုံက. Soichiro_Honda (ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။. ဟွန်းဒါးကို. အနောက်နိုင်ငံက. သတင်းစာ .မဂ္ဂဇင်းတွေမှာ .အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ. ဘယ်တော့မှ အရှုံမပေးတဲ့ လူလို့ ချီးကျူးရေးသား ကြပါတယ်။
☆.ဘာဖြစ်လို့. ဂျပန်လူမျိုးတယောက်ကို. အနောက်နိုင်ငံတွေက .ချီးမွန်းနေရတာလဲ ဆိုတာ
☆.လေ့လာကြည့်ကြ ရအောင်။

Friday, April 13, 2018

ချပ်ဖီးနေ Chuck Feenay

 9Plus Myanmar added 2 new photos.
ချပ်ဖီးနေ Chuck Feenay
သူပိုင်ဆိုင်သမျှ ဒေါ်လာသန်းပေါင်း ရှစ်ထောင်ကျော် လှုဒါန်းနေသူ
သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။
နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။

Sunday, March 4, 2018

အီစွတ်ပေးသော ဘဝသင်ခန်းစာ

အီစွတ်ပေးသော ဘဝသင်ခန်းစာ

အီစွတ် ပုံပြင်များတွင် အဓိက ဇာတ်ကောင်များမှာ တိရစ္ဆာန်များ ဖြစ်ပါသည်။

ပုံပြင်ဆရာကြီး အီစွတ်သည် ခရစ်မပေါ်မီ အနှစ် ၆၀၀ လောက်က ပေါ်ထွန်းခဲ့သည်။

အီစွတ်သည် "ဖရိဂျီယာ" ဆိုသူ၏ ကျေးကျွန်တစ်ဦး၊ ရုပ်ဆိုးပြီး အရပ်ပုသော်လည်း ဉာဏ်ထက်မြက်သည်။

ဘီလ်ဂိတ်စ်ထံမှ အတုယူစရာများ

ဘီလ်ဂိတ်စ်ထံမှ အတုယူစရာများ

ကမ္ဘာကျော် Microsoft ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ်သူဌေးကြီး ဘီလ်ဂိတ်စ်ကို ကောင်းကောင်းသိကြပါသည်။ သူ့ဘဝ သူ့အကြောင်းလေးတွေက စိတ်ဝင်စားစရာဖြစ်သလို လူငယ်တို့အတွက် စံနမူနာကောင်းတစ်ရပ်အနေနှင့် လိုက်လံကျင့်ဆောင်စရာတွေကလည်း များပါသည်။

Monday, February 5, 2018

စာရေးစာဖတ်ခက်ခဲလို့ ကျောင်းထွက်ရသူမှ ဘီလျံနာဖြစ်လာတဲ့သူ (သို့) #ဆာ_ရစ်ချတ်ဘရင်ဆန်

 Mi Mi Tun added 19 new photos — with Mi Mi Tun.
စာရေးစာဖတ်ခက်ခဲလို့ ကျောင်းထွက်ရသူမှ ဘီလျံနာဖြစ်လာတဲ့သူ (သို့)
#ဆာ_ရစ်ချတ်ဘရင်ဆန်
💫💫💫💫💫
အင်္ဂလန်နိုင်ငံက စာရေးစာဖတ် ခက်ခဲတဲ့ ဦးနှောက်ချို့ယွင်းချက်လေးရှိတဲ့ ကောင်လေးတယောက်ဟာ အသက် ၁၆ နှစ်မှာ စာမလိုက်နိုင်လို့ ကျောင်းထွက်လိုက်ပြီး ကိုယ်ပိုင်စီးပွားရေး စလုပ်တယ်။ သူနဲ့သူငယ်ချင်းတယောက်ဟာ သူတို့စုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ ကျောင်းသားတွေဖတ်ဖို့ Student ဆိုတဲ့ စာစောင်လေးတခုကို ထုတ်ဝေလိုက်တယ်။
စာစောင်လေးဟာ အရမ်းရောင်းကောင်းပြီး အောင်မြင်သွားတယ်။ ဒီအောင်မြင်မှုက အစပြုပြီး ပေါ့သီချင်းအယ်ဘမ် ဓါတ်ပြားဆိုင်တွေ၊ ဗီဒီယိုအခွေငှားဆိုင်တွေ၊ လေကြောင်းလိုင်း ဖွင့်ရင်း နောက်ထပ် စီးပွားရေးလုပ်ငန်းတွေ အများကြီးထူထောင်တယ်။

Tuesday, January 23, 2018

ဖရန့်ရီဘာရီရဲ့ ဘဝဇာတ်ကြောင်း

 
 
ဖရန့်ရီဘာရီရဲ့ ဘဝဇာတ်ကြောင်း

“ဒီ ဒဏ်ရာက ကျွန်တော့် အတွက် စိတ်ဓါတ် ခွန်အားတွေ ပေးစွမ်း နိုင်ခဲ့ပါတယ်” လို့ ဆိုလာသူက ဘိုင်ယန် မြုးနစ် အသင်းရဲ့ တောင်ပံ ကစားသမားကြီး ဖရန့်ရစ်ဘာရီ ဖြစ်ပါတယ် ။ အသက် ၃၄ နှစ် ရှိပြီဖြစ် တဲ့ ရီဘာရီဟာ ငယ်စဉ်က မိဘတွေရဲ့ စွန့်ပစ် ခံခဲ့ရသူ ဖြစ်ပြီး သူ့ရဲ့ မွေးမိခင်၊ ဖခင်ကို သူမသိရှိခဲ့ရပါဘူး။ ဒါ့အပြင် အသက် ၂ နှစ် အရွယ်မှာ မတော်တဆ မှုကြောင့် ရရှိခဲ့တဲ့ မျက်နှာက အမာရွတ်ဒဏ်ရာဟာ သေရာပါခဲ့ပြီး သူ့ရဲ့ပုံပန်းသဏ္ဍာန်ကိုဆိုးရွား စေခဲ့ပါတယ်။ ဒါပေမဲ့ ကြမ်းတမ်းလှတဲ့ လောကဓံတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး ရီဘာရီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ရီဘာရီဟာ ချန်ပီယံလိဂ်ချန်ပီယံ၊ ဘွန်ဒစ်လီဂါချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ရုံသာမက UEFA Player of the Year ဆုကိုလည်း ရရှိနိုင်ခဲ့ပါတယ်

Monday, January 15, 2018

facebook မှာ ဟာသဗီဒီယိုတွေနဲ့နာမည်ကြီးနေတဲ့ဖြူဖြူထွေးရဲ့ဘ၀ဇာတ်ကြောင်းအပြည့်အစုံ-

Mi Mi Tun added 9 new photos — with Mi Mi Tun.

facebook မှာ ဟာသဗီဒီယိုတွေနဲ့နာမည်ကြီးနေတဲ့ဖြူဖြူထွေးရဲ့ဘ၀ဇာတ်ကြောင်းအပြည့်အစုံ-
=======================
ဖြူဖြူထွေးသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ဖျောက်ဆိပ်ကျင်းအုပ်စု မြေနီကုန်းရွာသူဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်တွင် ရုက္ခဗေဒဘာသာရပ်ဖြင့် တတိယနှစ် တက်ရောက်နေပြီး MMDC ကျောင်းတွင် သင်တန်းများ တက်ရောက်ခဲ့သူလည်းဖြစ်သည်။ ဒဂုံတက္ကသိုလ် အနုပညာကျောင်း ကပွဲတွင် သီချင်းမျိုးစုံကို သရုပ်ဖော်ကပြ ပါဝင်တင်ဆက်ရာတွင် အားပေးမှုရရှိခဲ့သူဖြစ်သည်။

Thursday, January 11, 2018

တစ်ကမ္ဘာလုံးကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့ ယောကျာ်းလေးတစ်ယောက်

တစ်ကမ္ဘာလုံးကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့
ယောကျာ်းလေးတစ်ယောက်
.
ပျော်ရွင်မှုရဲ့ သင်္ကေတက ဘာလဲလို့မေးလာရင် အားလုံးက “အပြုံး” နဲ့ “ရယ်မောသံ” ကိုကြားသတိရပါလိမ့်မယ်
.
ယောကျာ်လေးတစ်ယောက် စိုက်ပျိုးရေးမိသားစုကနေမွေးပါတယ်
ဒါပေမဲ့ ကြိုးစားမှုကြောင့် ကမ္ဘာကျော် တက္ကသိုလ် Oxford University မှာ အင်ဂျင်နီယာလိုင်းတက်ခွင့် ရခဲ့ပါတယ်
.
တက္ကသိုလ်တက်နေတဲ့အတောအတွင်းမှာ သရုပ်ဆောင်တဲ့ဘက်ကို သူစိတ်ဝင်စားလာပါတယ်
ဒီနောက်ပိုင်း ဟာသဝိုင်းတစ်ဝိုင်းမှာ စာရင်းသွင်းခဲ့ပါတယ် ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူစကားပြောထစ်တဲ့အတွက် သူ့ကိုနှစ်သက်တဲ့သူ သိပ်မရှိခဲ့ပါဘူး

သမိုင်းတစ်လျှောက် သမ္မတသက်တမ်းတစ်နှစ်အတွင်း အအောင်မြင်ဆုံးဖြစ်လာတဲ့ ထရမ့်

သမိုင်းတစ်လျှောက် သမ္မတသက်တမ်းတစ်နှစ်အတွင်း အအောင်မြင်ဆုံးဖြစ်လာတဲ့ ထရမ့်
================================================
သူ့ကိုအစွန်းရောက်လို့ပြောပြော၊ စိတ်မနှံ့တဲ့သူလို့ပဲ ပြောပြော သူကတော့ လုပ်စရာရှိတာ ဆက်လုပ်ခဲ့တာပဲ။
သူဟာ အကောင်းဆုံးကျောင်းကနေ စီးပွားရေးနဲ့ဆိုင်တဲ့ဘွဲ့ကိုရခဲ့တယ်၊ ရုပ်သံအစီအစဉ်တွေမှာ ဆယ်စုနှစ်နဲ့ချီ အောင်မြင်ခဲ့တယ်၊ ဒေါ်လာဘီလီယံပေါင်းများစွာ အမြတ်ထွက်တဲ့စီးပွားရေးလုပ်ငန်းကို လုပ်ခဲ့တယ်၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို တစ်ခါပဲဝင်အရွေးခံပြီး တစ်ခါထဲမှာပဲ သမ္မတ ဖြစ်ခဲ့တယ်၊ သူ့ကိုရတာ အမေရိကန်ပြည်သူတွေကံကောင်းတယ်လို့တောင် ပြောလိုက်သေး။

Wednesday, January 3, 2018

အများနဲ့မတူလို့လဲ စိတ်ဓာတ်မကျနဲ့.....

အများနဲ့မတူလို့လဲ စိတ်ဓာတ်မကျနဲ့.....

ရူပဗေဒဆိုင်ရာအာကာသပညာရှင် Chandrasekhar ချန်ဒရာရှက်ခါဟာ သူ့ရဲ့ဘာသာရပ်ကိုသိပ်ချစ်မြတ်နိုးတယ်။ သူ့အတွေးအခေါ်တွေဟာ သိပ်ထူးဆန်းတဲ့အတွက် တခြားပညာရှင်တွေက နှစ်ပေါင်းများစွာကြာတဲ့အထိ သူ့ရဲ့အတွေးအခေါ်တွေကို လက်မခံခဲ့ကြဘူး။ သူဟာ သူစိတ်ဝင်စားတဲ့ အာကာသသိပ္ပံဘာသာရပ်ကို အထူးတလည်လေ့လာရင်း သူ့ဘဝကို မှေးမှိန်စွာဖြတ်သန်းနေခဲ့ပါတယ်။

Saturday, December 23, 2017

Starbucks ရဲ့ CEO ဖြစ်လာဖို့ Howard Schultz ဘယ်လိုကြိုးစားခဲ့ရသလဲ


[Zawgyi]
Starbucks ရဲ့ CEO ဖြစ်လာဖို့ Howard Schultz ဘယ်လိုကြိုးစားခဲ့ရသလဲ
Starbucks ဆိုတဲ့ Brand ကိုစိမ်းတဲ့လူတော့ များများစားစားရှိမှာမဟုတ်ပါဘူး။ဒါပေမယ့် တစ်ကမ္ဘာလုံးကိုဖြန့်ကျက်ထားတဲ့ ဒီကော်ဖီဆိုင်တွေရဲ့နောက်ကွယ်က ပဲ့ကိုင်ရှင်အကြောင်းကတော့ လူတွေနဲ့ အနည်းငယ်စိမ်းနေနိုင်ပါတယ်။ အခရာက အခုတင်ဆက်ပေးမှာကတော့ ဒီ Starbucks ရဲ့နောက်ကွယ်က အဓိကမောင်းနှင်သူ CEO Howard Schultz (ဟားဝဒ်ချော့စ်) ရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေပဲဖြစ်ပါတယ်။

Monday, December 18, 2017

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား လီယွန်နယ်မက်ဆီ ရဲ့ လူမသိသေးတဲ့ အကြောင်းအရာ များ


သူရဲ့ နာမည် အပြည့်အစုံက Lionel Andres “leo” Messi Cuccittini ဖြစ်ပါတယ်
Lionel Messi ကို အာဂျင်တီးနားနိုင်ငံ Santa Fe ပြည်နယ် Rosario မြို့မှာ 24 ဇွန် 1987 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
ဖခင် Jorge ဟာက်ရုံအလုပ်သမား ဖြစ်ပြီး မိခင် Celia Maria Messi ကတော့ သန့်ရှင်းရေးတစ်ယောက်မျှသာ ဖြစ်ပါတယ်။
ငယ်ငယ်တုန်းက သူ့ဖခင် နည်းပြလုပ်တဲ့ အပျော်တမ်းကလပ် ကလေး ဖြစ်တဲ့ Grandoli မှာ စတင်ဘောလုံးကစားခဲ့ပါတယ်။ အဲဒီ အရွယ်ဟာ ၅ နှစ်သား မျှသာ ရှိပါသေးတယ်။

အင်ဂျလီနာဂျိုလီ အပိုင်း(၁)

အင်ဂျလီနာဂျိုလီ အပိုင်း(၁)

Angelina Jolie
Director, Producer, Film Actress
Full Name - Angelina Jolie Voight
Birth - June 4, 1975 To Now
Los Angeles, California
၂၁ရာစုကမ္ဘာ့ရုပ်ရှင်လောကရဲ့No.1ဂုဏ်ထူး
ဆောင်မင်းသမီး (သို့) နာကျည်းစရာများနဲ့
သုညမှရုန်းကန်ရင်း ကမ္ဘာ့သမိုင်းထဲအထင်ကရ
အမျိုးသမီးတစ်ဦးဖြစ်လာသူ

…………………………………………………………
" ဝမ်းနည်းစရာတွေတိုင်းက
နောက်ကိုမရောက်ပါဘူး။
ဝမ်းနည်းစရာတွေကိုခံစားနေမှသာ
နောက်ကျကျန်ခဲ့မှာပါ။ "
ဂျိုလီ

အင်ဂျလီနာဂျိုလီ အပိုင်း(၂)

အင်ဂျလီနာဂျိုလီ အပိုင်း(၂)
သူမအသက်၁၅နှစ်မှာရုပ်ရှင်လောက
ထဲကိုဖြတ်လျှောက်အနေနဲ့စတင်ရုန်းကန်တယ်။
Modelတဦးလုပ်ခဲ့ဖူးပေမယ့် ဖခင်ကနာမည်
ကြီးမင်းသားဖြစ်ပေမယ့်သူမရုပ်ရှင်လောကထဲကို
သုညဆိုတဲ့အဆင့်ကနေစဝင်တယ်။(ဒါကမြန်မာ့
အနုပညာလောကနဲ့တော့နည်းနည်းကွာမယ်။

Sunday, December 17, 2017

Jim Carrey အောက်ခြေဘ၀မှ အောင်မြင်သွားသောသူ အပိုင်း(၁) Carrey ဆိုတဲ့ကလေးတစ်ဦး

Jim Carrey အောက်ခြေဘ၀မှ အောင်မြင်သွားသောသူ အပိုင်း(၁)
Carrey ဆိုတဲ့ကလေးတစ်ဦး

အချိန်အားဖြင့် ၁၉၆၂ခုနှစ် ဇန်နဝါရီလ
၁၇ရက်နေ့ ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်
ကသာမာန်မိသားစုတခုမှာကလေးတစ်ဦးကိုမွေး
ဖွားခဲ့ပါတယ်။အစိုးရဝန်ထမ်းစာရင်းကိုင်ဖခင်နဲ့
နုံချာချာမိခင်တစ်ဦးရဲ့၎ယောက်မြောက်သားအဖြစ်
မွေးဖွားလာတဲ့ဒီတလေးကို မိခင်ကချစ်စနိုးနဲ့ကာ
ရေးလို့ခေါ်ခဲ့ပါတယ်။မိသားစုရဲ့အငယ်ဆုံးကလေး
ဖြစ်တာကြောင့်မိဘဖြစ်သူတွေဟာအလိုလိုက်ခဲ့
ကြပါတယ်။နုံချာချာမိခင်လို့ရှေ့မှာပြောထားခြင်း
က ကာရေးရဲ့မိခင်ဟာကားaccidentတခုဖြစ်ပြီး
ထဲကရံဖန်ရံခါသတိမေ့တတ်တဲ့သူဖြစ်သွားခဲ့ပြီး
တခါတလေမခံစားနိုင်လောက်အောင်ခေါင်းကိုက်
တတ်သူဖြစ်ပါတယ်။

Tuesday, December 5, 2017

အာရှရဲ့ထိပ်ဆုံးမှရပ် တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူး ကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ)


Jet_Li ( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ်ဆောင်၁၀၀ထဲမှတစ်ဦး (သို့) အာရှရဲ့ထိပ်ဆုံးမှရပ်တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူးကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ
. “လူတွေကိုရယ်အောင်လုပ်နေတဲ့လူတယောက်ရဲ့နောက်မှာမျက်ရည်တွေပေးဆပ်ထားရတယ်။ကိုယ်ငိုပြမှ လူတွေရယ်အောင်လုပ်ရတဲ့အလုပ်လောက်လောကမှာခက်တာမရှိဘူး”ဂျက်လီ
၁၉၆၃ ခုနှစ် ဧပြီလ ၂၆ရက်နေ့ ။အခြေအနေရော အချိန်အခါရောအဆိုးဖက်မှာရှိနေချိန် မိသားစုစားဝတ်နေရေးခက်ခဲမူ
ကိုလွန်ပြီး တနေ့ထမင်း၂နှပ်တောင်နပ်မှန်အောင်ရုန်းကုန်နေရတဲ့အချိန် တရုတ်နိုင်ငံ ပေကျင်းမြို့စွန် စစ်တပ်ကချပေးထားတဲ့ကျူးကျော်တွေအတွက်ရက်ကွက်တခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူကုန်ထမ်းသမား
ဆိုင်းဘုတ်စာလုံးရေးသတယောက်ထဲရဲ့ဝင်ငွေနဲ့ မိသားစုရဲ့စားဝတ်နေရေးကိုမနည်းဖြေရှင်းရဖို့ကတော်ရုံတော့မလွယ်ကူလှဘူး။

Sunday, December 3, 2017

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ မာရီလင်မွန်ရိုး ဆိုသော သူမအကြောင်း



 Credit...Thutazone
မာရီလင် မွန်ရိုး ဘ၀နိဂုံးမှ ရွှေရတုတိုင်
ယခု တင်ပေးမယ့်အကြောင်းကတော့ ၁၉ ရာစု ၂၀ရာစု ၂၁ ရာစု ကျော်ကြားသူ တစ်ရာမှာ ထိပ်ဆုံးက ရပ်တည်တဲ့ မာရီလင်မွန်ရိုးအကြောင်းပဲဖြစ်ပါတယ်။ (ဒုတိယက အေဘရာဟင်လင်ကွန်း၊ တတိယပုဂ္ဂိုလ်က မာသာထရီဇာ တို့ဖြစ်သည်။)
မာရီလင် မွန်ရိုးဟာ မိတ်ဆက်စရာမလိုတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ရုပ်ရှင်ပညာရှင်တွေ ၊ ဝေဖန်သူတွေများစွာပါဝင် ဆုံးဖြတ်တဲ့ American Film Institute ရဲ့ ရွေးချယ်မှုအရ မွန်ရိုးဟာ အမေရိကန်ရုပ်ရှင်သမိုင်း မှာ အအောင်မြင် အကျော်ကြားဆုံး အမျိုးသမီး သရုပ်ဆောင် အယောက် ( ၅၀ ) မှာ နံပါတ် ( ၆ ) နေရာမှာ ပါဝင်ပါတယ် ။ ထင်ပေါ်ကျော်ကြားသလောက် သူ့ရဲ့ တိုတောင်းတဲ့ ဘ၀ဟာ အဖုအထစ်များပြီး ပြသာနာပေါင်းစုံခဲ့တယ်။

Sunday, November 19, 2017

ဘရုစ်လီ ရဲ့ ဘ၀ဇာတ်ကြောင်း


ဘရုစ်လီ (Bruce Lee) ရဲ့ကွန်ဖူးသိုင်း ရုပ်ရှင်ကားတွေကို ကြည့်ဖူးကြမှာပါ။ တကယ်တော့ ဘရုစ်လီရဲ့ ရုပ်ရှင်ကားတွေကြောင့် အနောက်နိုင်ငံနဲ့ ဥရောပကလူတွေ အရှေ့တိုင်းသိုင်းပညာကို သိလာပြီး စိတ်ဝင်စားခဲ့ကြတာပါ။ဘရုစ်လီရဲ့ ဘဝဖြစ်စဉ်လေးကို လေ့လာကြည့်ရအောင်လား။
ဘရုစ်လီကို ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့လို့ မွေးကတည်းက အလိုအလျောက် အမေရိကန်နိုင်ငံသား ဖြစ်ခဲ့ပါတယ်။ ဘရုစ်ဆိုတဲ့နာမည်ကို ဆေးရုံမှာမွေးပေးတဲ့ သူနာပြုဆရာမတစ်ယောက်က ပေးခဲ့တာပါ။ အမည်ရင်းက “Lee Jun Fan” ပါ။ သူ့အဖေက တရုတ်ရိုးရာကပွဲမှာ သီချင်းဆိုသူတစ်ယောက်ပါ။ ဘရုစ်လီဟာ မွေးချင်း ၃ ယောက်ထဲက အလတ်ပါ။

စီရော်နယ်ဒို ဘာကြောင့် အောင်မြင်တာလဲ

 
 
စီရော်နယ်ဒို ဘာကြောင့် အောင်မြင်တာလဲ

စီရော်နယ်ဒို ဆိုတဲ့ ဘောလုံးသမားဟာ အထွေအထူး မိတ်ဆက်ရမယ့်သူ မဟုတ်ပါဘူး။ ကမ္ဘာ့ဘောလုံးသမိုင်းမှာတောင် အကောင်းဆုံးစာရင်းဝင်သူ၊ စံချိန်ပေါင်း၊ ဆုတံဆိပ်ပေါင်းမြောက်များစွာရဲ့ အရှင်သခင်၊ လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား၊ Living legend တစ်ယောက်၊၊ တကယ်တော့ အားကစားဟာ လူငယ်တစ်ယောက်ကို ပါရမီ ဘယ်လောက်ပါသလဲ၊ Talent ဘယ်လောက်ရှိသလဲ ဆိုတာတွေပေါ်မှာ အဓိကအခြေခံ အကဲဖြတ်တဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ ဒီအခါ ငယ်ငယ်က တအားကို တော်တယ်၊ တချိန်မှာ ထွန်းတောက်လာမယ်လို့ သတ်မှတ်ခံခဲ့ရပေမယ့် တကယ့်လက်တွေ့မှာ ထင်သလို ဖြစ်မလာတဲ့ ကစားသမားတွေ၊ တစ်ဖက်မှာလည်း အောင်မြင်မှုကို၊ ၂နှစ် ၃နှစ်အပြင် ပိုထိန်းမထားနိုင်တဲ့သူတွေ အများအပြား ဖြစ်လာတယ်။ အဲဒီလိုလူတွေကြားထဲမှာ နှစ်ပေါင်းများစွာ အောင်မြင်နေ၊ အောင်မြင်ဆဲဖြစ်တဲ့ ရော်နယ်ဒိုရဲ့အကြောင်းက ခုလို စာရေးဖို့ ဖြစ်လာခဲ့တယ်။

Sunday, November 12, 2017

နှစ် ၂၀လုံး ရုန်းကန်ခဲ့ရသူ (သို့) IDOL ပွဲစဉ်တွေရဲ့ အဓိကပုဂ္ဂိုလ်တစ်ယောက်


ဆိုင်မွန် ကို ကျွန်တော်တို့အများစုသိကြတာကတော့ American Idol ရဲ့ ထူးထူးခြားခြား ဒိုင်တစ်ယောက်အဖြစ်နဲ့ပါ။ ဒိုင်တွေမှာ သူက အဓိကဒိုင်ဖြစ်သလို သူ့ရဲ့မှတ်ချက်တွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကောင်းတဲ့လူကို ဖက်ကဲတလှင်းချီးမွမ်းတတ်သလို စိတ်တိုင်းမကျတဲ့သူတွေ့ရင်လည်း “ကျွန်တော်ရိုင်းတာတော့မဟုတ်ပါဘူး၊ ဒါပေမယ့်ဗျာ..” ဆိုတဲ့ စကားအစချီကာ ပြစ်ပြစ်နှစ်နှစ်ဝေဖန်တတ်သူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလောက်လူတွေစိတ်ဝင်စားရတဲ့သူဟာ ဘယ်သူပါလဲ ၊ အဆိုတော်လား ၊ ဟောလိဝုဒ်က သရုပ်ဆောင်လား… မဟုတ်ပါဘူး၊ ဆိုင်မွန်ဟာ သီချင်းထုတ်လုပ်သူ တီဗီအစီအစဉ်တွေကို တင်ဆက်သူတစ်ယောက်သာဖြစ်ပါတယ်။