👉 အာလူးပုပ်ပုံပြင် 👈
[ ဘဝအတွက် သင်ခန်းစာယူကြစေဖို့ပါ ]
တစ်ခါက မူလတန်းကျောင်းဆရာမတစ်ဦးဟာ
သူ့အတန်းသား တပည့်တွေနဲ့ ကစားနည်းတစ်ခု ကစားကြည့်ရန်
ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဆရာမက ကျောင်းသားတစ်ဦးဆီကို အားလူးအနည်းငယ်စီ ပလပ်စတစ်အိတ်ထဲထည့်ပြီး
အတန်းထဲ ယူလာခဲ့ဖို့ မှာကြားလိုက်ပါတယ် ။
ကိုယ်ယူလာတဲ့အာလူးတစ်လုံးကို ကိုယ်မုန်းတီးနေတဲ့
လူတစ်ယောက်ရဲ့အမည်ကို မှည့်ပေးရမယ်။ ပလပ်စတစ်အိပ်ထဲထည့်ပီး ယူဆောင်လာတဲ့ အာလူးအရေအတွက်ဟာ ကလေးတွေမုန်းတီးတဲ့ လူအရေအတွက်ပေါ် မူတည်နေပါတယ်။
ဒီလိုနဲ့ ကစားနည်း စတင်မယ့်နေ့ကို ရောက်ရှိလာပါတယ်။
ကလေးတိုင်းက မိမိမုန်းတီးတဲ့လူများကို ကိုယ်စားပြုတဲ့အာလူးများကို ယူပြီး ကျောင်းသို့ လာခဲ့ကြတယ်။ တစ်ချို့က နှစ်လုံး တစ်ချို့က
သုံးလေးလုံး တစ်ချို့ဆိုရင် အာလူးတော်တော်များများကို ယူလာခဲ့ကြပါတယ်။
ဆရာမက ကလေးများကို ပလပ်စတစ်အိတ်ထဲ ထည့်ထားတဲ့ အာလူးများကို သွားလေရာ သယ်ဆောင်သွားရမယ်။ ယုတ်စွအဆုံး အိမ်သာဝင်ရင်တောင် ယူသွားရမယ်လို့ မှာကြားလိုက်ပါတယ်။ တစ်ပတ်လုံးလုံး ဒီအတိုင်းပြုလုပ်ရမယ်လို့ စည်းကမ်းထုတ်လိုက်ပါတယ်။
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပါတယ်။ ကလေးတွေဟာ
ပလပ်စတစ်အိတ်ထဲမှ မနှစ်မြို့ဖွယ်ရာ အာလူးပုပ်အနံ့ကို
ရှူ ရှိုက်ရတာကြောင့် စိတ်ပျက်လက်ပျက်နဲ့ ညည်းညူ လာခဲ့တယ် ။ အာလူးများများကို သယ်ဆောင်ရသူဟာ သူများတွေထက် ပိုလေးတာကြောင့် ပိုပြီးတောင် ညည်းညူ ကြတယ်။
ဒီလိုနဲ့ တစ်ပတ်ပြည့်တဲ့အခါ ကစားနည်းပြီးဆုံးသွားလို့
ကလေးများ စိတ်ပေါ့သွားကြတယ်ပေါ့။ ဆရာမက “တစ်ပတ်လုံးလုံး
မင်းတို့တတွေ အားလူးတွေကို သယ်ဆောင်ရတာ ဘယ်လို့ခံစားမိကြသလဲ" လို့ မေးလိုက်ပါတယ်။ ကလေးများက သွားလေရာမှာ
အနံ့တထောင်းထောင်းထနေတဲ့ ဒီအာလူးပုပ်တွေကို သယ်ဆောင်ရတဲ့ ဒုက္ခကို အကြီးအကျယ်ခံစားရကြောင်း ပြောဆိုကြတယ်။
အဲ့ဒီအခါကျမှ ဆရာမက ကစားနည်းရဲ့တိန်မြှုပ်ထားတဲ့ 
အနက်အဓိပ္ပာယ်ကို ရှင်းပြလိုက်ပါတယ်။
“ဒါဟာ မင်းတို့နှလုံးသားထဲမှာ သူတစ်ပါးကို မုန်းတီးတဲ့ အမုန်းတွေ သယ်ဆောင်နေရတဲ့ အခြေအနေမှန်ကို ပြသခြင်းပဲ။ ဒီအမုန်းဆိုတဲ့ အပုပ်နံ့က မင်းတို့ရဲ့ နှလုံးသားကိုညစ်နွမ်းစေတာပါ ပဲ။ ဒါကြီးကို မင်းတို့သွားလေရာ သယ်ဆောင်သွားနေရတယ်မဟုတ်လား ။
တစ်ပတ်ဆိုတဲ့ အချိန်ကလေးတောင် အားလူးပုပ်ရဲ့ အနံ့ဆိုးကို မင်းတို့
သည်းမခံနိုင်ခဲ့ရင် တစ်ဘဝလုံးအတွက် မင်းတို့ရဲ့ နှလုံးသားထဲမှာ
ထားရှိခဲ့တဲ့ အမုန်းတရားရဲ့ ရနံ့ဆိုးကို မင်းတို့ဘယ်လိုလုပ်သည်းခံပြီး တွန်းလှန်နိုင်ပါ့မလဲဆိုတာ စဉ်းစားကြည့်ကြပေါ့ကွယ်"လို့  ဆရာမက ရှင်းပြလိုက်ပါတယ်။
ဒီပုံပြင်လေးအတိုင်းပါပဲ။ ကျွန်ုပ်တို့တတွေဟာ နှစ်ပေါင်းများစွာက
ဒေါသတွေကို ဆက်လက်ပြီး မွေးမြူ ထားဦးမယ်ဆိုရင်တော့
ဘာမှခရီးရောက်မှာ မဟုတ်ပါဘူး။
ဒီတော့ ဒေါသ,ရန်ငြိုး, အမုန်း ဆိုတဲ့ ရနံ့ဆိုးကြီးကို ခါးပိုက်ထဲ
ထည့်ပိုက်ထားတဲ့အတွက် အမြဲတမ်းလိုလို ပေါက်ကွဲနိုင်ပြီးတော့
ကိုယ့်ကိုကိုယ် ပြန်ပြီး ဒုက္ခပေးနိုင်ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အာလူးလို ပုပ်သိုးနေတဲ့ အနံ့ဆိုးတွေနဲ့ မြွေပွေးခါးပိုက်ထဲ ထည့်ထားသလို အလွန်အန္တရယ်ကြီးမားတဲ့ လက်နက်ကို ဆောင်ထားတဲ့အတွက် မိမိရော သူတစ်ပါးအတွက်ပါ မကောင်းမှုဆီ ဆိုတဲ့ရလာဒ်ကိုပဲ
ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ` ချစ်စကို ရှည်စေ ´ ဆိုတဲ့အတိုင်း……
မေတ္တာဖြင့် ပေါင်းသင်းပါ ဆက်ဆံပါ ပြု မူပါ
အမျက်မထွက်သောသူကသာ အမျက်ထွက်နေသူကို အောင်နိုင်တယ်ဆိုတဲ့အတိုင်း ရန်ငြိုး ရန်စတွေကို ခဝါချကာ မေတ္တာလက်နက်များ
တပ်ဆင်ပြီးတော့ လောကကြီးကို အလှဆင်နိုင်ကြပါစေလို့ တောင်းဆုပြုလျှက်....။
Vol.2,No.1,2015//The Myanmar Review Journal
[ ဘဝအတွက် သင်ခန်းစာယူကြစေဖို့ပါ ]
တစ်ခါက မူလတန်းကျောင်းဆရာမတစ်ဦးဟာ
သူ့အတန်းသား တပည့်တွေနဲ့ ကစားနည်းတစ်ခု ကစားကြည့်ရန်
ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဆရာမက ကျောင်းသားတစ်ဦးဆီကို အားလူးအနည်းငယ်စီ ပလပ်စတစ်အိတ်ထဲထည့်ပြီး
အတန်းထဲ ယူလာခဲ့ဖို့ မှာကြားလိုက်ပါတယ် ။
ကိုယ်ယူလာတဲ့အာလူးတစ်လုံးကိ
လူတစ်ယောက်ရဲ့အမည်ကို မှည့်ပေးရမယ်။ ပလပ်စတစ်အိပ်ထဲထည့်ပီး ယူဆောင်လာတဲ့ အာလူးအရေအတွက်ဟာ ကလေးတွေမုန်းတီးတဲ့ လူအရေအတွက်ပေါ် မူတည်နေပါတယ်။
ဒီလိုနဲ့ ကစားနည်း စတင်မယ့်နေ့ကို ရောက်ရှိလာပါတယ်။
ကလေးတိုင်းက မိမိမုန်းတီးတဲ့လူများကို ကိုယ်စားပြုတဲ့အာလူးများကို
သုံးလေးလုံး တစ်ချို့ဆိုရင် အာလူးတော်တော်များများကို ယူလာခဲ့ကြပါတယ်။
ဆရာမက ကလေးများကို ပလပ်စတစ်အိတ်ထဲ ထည့်ထားတဲ့ အာလူးများကို သွားလေရာ သယ်ဆောင်သွားရမယ်။ ယုတ်စွအဆုံး အိမ်သာဝင်ရင်တောင် ယူသွားရမယ်လို့ မှာကြားလိုက်ပါတယ်။ တစ်ပတ်လုံးလုံး ဒီအတိုင်းပြုလုပ်ရမယ်လို့ စည်းကမ်းထုတ်လိုက်ပါတယ်။
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပါတယ်။ ကလေးတွေဟာ
ပလပ်စတစ်အိတ်ထဲမှ မနှစ်မြို့ဖွယ်ရာ အာလူးပုပ်အနံ့ကို
ရှူ ရှိုက်ရတာကြောင့် စိတ်ပျက်လက်ပျက်နဲ့ ညည်းညူ လာခဲ့တယ် ။ အာလူးများများကို သယ်ဆောင်ရသူဟာ သူများတွေထက် ပိုလေးတာကြောင့် ပိုပြီးတောင် ညည်းညူ ကြတယ်။
ဒီလိုနဲ့ တစ်ပတ်ပြည့်တဲ့အခါ ကစားနည်းပြီးဆုံးသွားလို့
ကလေးများ စိတ်ပေါ့သွားကြတယ်ပေါ့။ ဆရာမက “တစ်ပတ်လုံးလုံး
မင်းတို့တတွေ အားလူးတွေကို သယ်ဆောင်ရတာ ဘယ်လို့ခံစားမိကြသလဲ" လို့ မေးလိုက်ပါတယ်။ ကလေးများက သွားလေရာမှာ
အနံ့တထောင်းထောင်းထနေတဲ့ ဒီအာလူးပုပ်တွေကို သယ်ဆောင်ရတဲ့ ဒုက္ခကို အကြီးအကျယ်ခံစားရကြောင်း ပြောဆိုကြတယ်။
အဲ့ဒီအခါကျမှ ဆရာမက ကစားနည်းရဲ့တိန်မြှုပ်ထားတဲ
အနက်အဓိပ္ပာယ်ကို ရှင်းပြလိုက်ပါတယ်။
“ဒါဟာ မင်းတို့နှလုံးသားထဲမှာ သူတစ်ပါးကို မုန်းတီးတဲ့ အမုန်းတွေ သယ်ဆောင်နေရတဲ့ အခြေအနေမှန်ကို ပြသခြင်းပဲ။ ဒီအမုန်းဆိုတဲ့ အပုပ်နံ့က မင်းတို့ရဲ့ နှလုံးသားကိုညစ်နွမ်းစေတာပါ
ဒီပုံပြင်လေးအတိုင်းပါပဲ။ ကျွန်ုပ်တို့တတွေဟာ နှစ်ပေါင်းများစွာက
ဒေါသတွေကို ဆက်လက်ပြီး မွေးမြူ ထားဦးမယ်ဆိုရင်တော့
ဘာမှခရီးရောက်မှာ မဟုတ်ပါဘူး။
ဒီတော့ ဒေါသ,ရန်ငြိုး, အမုန်း ဆိုတဲ့ ရနံ့ဆိုးကြီးကို ခါးပိုက်ထဲ
ထည့်ပိုက်ထားတဲ့အတွက် အမြဲတမ်းလိုလို ပေါက်ကွဲနိုင်ပြီးတော့
ကိုယ့်ကိုကိုယ် ပြန်ပြီး ဒုက္ခပေးနိုင်ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အာလူးလို ပုပ်သိုးနေတဲ့ အနံ့ဆိုးတွေနဲ့ မြွေပွေးခါးပိုက်ထဲ ထည့်ထားသလို အလွန်အန္တရယ်ကြီးမားတဲ့ လက်နက်ကို ဆောင်ထားတဲ့အတွက် မိမိရော သူတစ်ပါးအတွက်ပါ မကောင်းမှုဆီ ဆိုတဲ့ရလာဒ်ကိုပဲ
ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ` ချစ်စကို ရှည်စေ ´ ဆိုတဲ့အတိုင်း……
မေတ္တာဖြင့် ပေါင်းသင်းပါ ဆက်ဆံပါ ပြု မူပါ
အမျက်မထွက်သောသူကသာ အမျက်ထွက်နေသူကို အောင်နိုင်တယ်ဆိုတဲ့အတိုင်း
တပ်ဆင်ပြီးတော့ လောကကြီးကို အလှဆင်နိုင်ကြပါစေလို့ တောင်းဆုပြုလျှက်....။
Vol.2,No.1,2015//The Myanmar Review Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။