Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 31, 2013

ဆူးလေစေတီတော် သမိုင်း

 
Burmese Treasure
ဆူးလေစေတီတော် သမိုင်း
==============
( ဆူးလေဘုရားဘေးက ဗလီကြီးဟာ ဆူးလေဘုရားမြေပေါ်မှာ ဆောက်လုပ်ထားတာဆိုတဲ့ အထောက်အထား ဆောင်းပါး)

ဆူးလေစေတီတော်တည်နေရာ ရန်ကုန်မြို့လည်ခေါင်၊ မြို့တော်ခန်းမအနီးဉာဏ် တော် ၁၅၁-ပေကျော်ကြားမှု မြို့လည်ခေါင်မှ ကပ်ကျော်ဘုရားဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်ခေါင်ရှိ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလမ်းဆုံ(မြို့တော်ခန်းမအနီး)တွင် တည်ရှိသည်။

နိုင်ငံတော် သမ္မတရဲ့ သြဂုတ် ၁ ရက်နေ့ ရေဒီယို မိန့်ခွန်း

 
Myanmar News Update
နိုင်ငံတော် သမ္မတရဲ့ သြဂုတ် ၁ ရက်နေ့ ရေဒီယို မိန့်ခွန်း
Thursday, August 1, 2013

သမ္မတ ဦးသိန်းစိန်က မကြာခဏ ရေဒီယို၊ ရုပ်မြင်သံကြာတို့ကနေ အခါအားလျော်စွ မိန့်ခွန်း ပြောလေ့ရှိပါ တယ်။ ဒါဟာ အရင် စစ်အစိုးရများ မလုပ်ခဲ့ဖူးသေးတဲ့ ထူးခြားတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။

သိန်း ၁၅၀ ဝန်းကျင် နေရောင်ခြည်စွမ်းအင်သုံး ဟိုင်းဘရစ်ကား

 
YoYarLay
သိန်း ၁၅၀ ဝန်းကျင် နေရောင်ခြည်စွမ်းအင်သုံး ဟိုင်းဘရစ်ကား
ဥရောပ- ဟန်ဂေရီနိုင်ငံက ကုမ္မဏီတစ်ခုက တီထွင်ဖန်တီးလိုက်တဲ့ ကား ဖြစ်ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၈၀၀၀ ဝန်းကျင် ဆိုတော့ မြန်မာငွေနဲ့ တွက်ရင် သိန်း ၁၅၀ ဝန်းကျင်ပါပဲ။ သို့ပေမယ့် တကယ် လိုချင်လို့ မှာမယ်ဆိုရင် သုံးလေဆ မကပဲ တက်သွားနိုင်ပါတယ်။

"အာဒံ နဲ့ ဧဝ"

 
Thanlay Ko
"အာဒံ နဲ့ ဧဝ"
ပန်းချီပြခန်းတစ်ခု အတွင်းမှာ... ...
အာဒံ နဲ့ ဧဝ တို့နှစ်ယောက် ဧဒင်ဥယျာဉ်ထဲ ပျော်မြူးနေတဲ့ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ် ပြသထားတယ်။
ပန်းချီကားကို ကြည့်ပြီး...
အင်္ဂလိပ်လူမျိုးတစ်ယောက်က ဝေဖန်တယ်... ...

သြစီမှာ ဆေးလိပ်အကောက်ခွန် တိုးကောက်မည်

 
Zin Yaw
သြစီမှာ ဆေးလိပ်အကောက်ခွန် တိုးကောက်မည်
Thursday, August 1, 2013
သြစတြေးလျနိုင်ငံမှာတော့ စီးကရက်အပေါ် အခွန်တိုးကောက်ခံဖို့ အတွက် သြစတြေးလျ အစိုးရ က ကြာသပတေးနေ့မှာ ကြေငြာဖို့ရှိပါတယ်။
ဒါဟာ ၀င်ငွေ ၅ ဘီလီယံ ကျော်ရနိုင်ဖို့ အတွက် အစိုးရရဲ့ လုပ်ဆောင်မှုတခုလည်း ဖြစ်ပါတယ်။
အခုယစ်မျိုးခွန် ကောက်ခံမယ့် အခွန်ငွေဟာ တနှစ်ကို ၁၂.၅ ရာခိုင် နှုန်း နှုန်းထား နဲ့ လေးနှစ် အထိ ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

ဗြိတိန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များကို ပိတ်ပင်သွားတော့မည်

 
Myanmar International News
ဗြိတိန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များကို ပိတ်ပင်သွားတော့မည်
Thursday, August 1, 2013
ဗြိတိန်နိုင်ငံတွင် လာမည့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း၌ ညစ်ညမ်းအင်တာနက်
ဝက်ဘ်ဆိုက်များ (porn webstie) ကို ပိတ်ပင်သွားမည်ဖြစ်ပြီး ထိုဝက်ဘ်
ဆိုက်များကို ကြည့်ရှုလိုပါက အဆိုပြု ရွေးချယ်ထားရမည်ဖြစ်သည်။ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၏ အင်တာနက်ညစ်ညမ်းမှု တိုက်ဖျက်ရေး
အစီအစဉ် စတင်လိုက်ပြီးနောက် ညစ်ညမ်းဝက်ဘ်ဆိုက်များကို ဗြိတိန်တွင် တားမြစ်ပိတ်ပင်သွားတော့မည် ဖြစ်သည်။

မောင်မှန့် အင်တာဗျူးကို စတင်ဖတ်ရှုနိုင်ပါပြီခင်ဗျာ။

 

ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ မောင်မှန့် ရှေ့ စီနီယာကြီးမောင်သစ်က အီးတီနှင့် တွေ့ ဆုံခြင်းဆိုပြီး လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်လောက်က ရေးဖူးတယ်။
အမှန်တော့ သူ့ ဘာသူ တစ်ကိုယ်တည်း အပြန်အလှန်အမေးအဖြေပါ။
နောက်အဲဒီကာလလောက်မှာဘဲ ဆရာကံချွန်ကလည်း ဒါမျိုးလုပ်ဖူးတယ်။
ချွန်နော့စကီးဆိုတဲ့နာမည်နဲ့ ထင်ပါတယ်။ အခု မောင်မှန်အင်တာဗျူးကတော့
အမှန်အကန်နော်၊ ရှေ့ ဆရာတွေလိုမဟုတ်ဘူး။

ညီမလေးအတွက် ဂျပန် ရိုးရာ ပုံပြင်လေးပေါ့ ...

 
ရေးမိရေးရာလေးများ
ညီမလေးအတွက် ဂျပန် ရိုးရာ ပုံပြင်လေးပေါ့ ...

ဂျပန် ရိုးရာ ပုံပြင်လေးပါ ...
ဟိုး ... ရှေးရှေးတုန်းက ရွာငယ်လေးတစ်ခုမှာ အရမ်း ဆင်းရဲတဲ့ ဘုန်းတော်ကြီးအိုတစ်ပါး သီတင်းသုံးနေထိုင်တော်မူသတဲ့ .... ။
တစ်နေ့တော့ ... အဲ့ဒီ ဘုန်းတော်ကြီးရဲ့ကျောင်းကို သူခိုးကပ်ပါတယ် ။
ဘုန်းကြီးခမျာ ဆင်းရဲနုံချာလှပါတယ်ဆိုမှ သူခိုးက ရှိသမျှအကုန် ခိုးသွားပါတယ် ။
ရေအိုး ၊ ရေခွက် ၊ သပိတ် ၊ ဖျာ .. ဘာတစ်ခုမှကို မကျန်ခဲ့ပါဘူး ။

ကြာဇံချက် နဲ. ကြက်သားသုပ်

 
Chaw Su's Food Friends
ကြာဇံချက် နဲ. ကြက်သားသုပ်
http://chawsufoodfriends.wordpress.com/2012/02/29/
** ကြာဇံချက် ချက်ဖို.အတွက် လိုအပ်တာလေးတွေ….
ရေဆူဆူထဲ ၃၀ မိနစ်ခန်. ထည့်ပြုတ်ကာ အသားနွှင်ထားသော ကြက်- 1 kg (၆၅ ကျပ်သား)
၁ နာရီခန်. ရေစိမ်ကာ အနည်းငယ် ဖြတ်ထားသော - ပဲကြာဇံ (bean vermicelli) 250 g (၁၈ ကျပ်သားခန်.)

မင်းကွတ်သီး၏ ဆေးအသုံး

 
Royal Hero Media
မင်းကွတ်သီး၏ ဆေးအသုံး
=-=-=-=-=-=-=-=-=-=
မင်းကွတ်သီးသည် အပူပိုင်း ဒေသထွက် သီးနှံတစ်မျိုး ဖြစ်သည်။ ပူအိုက် စွတ်စိုသော ရာသီဥတုရှိသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် မင်းကွတ်ပင်များ ရှင်သန် ပေါက်ရောက် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံသမိုင်း မသိသေတဲ့သူများအတွက်ပါ

 
Zaw Zaw Latt
***အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံသမိုင်း မသိသေတဲ့သူများအတွက်ပါ***
“ အဲဒီအချိန်၊ အဲဒီကာလဟာ (၈၈) အရေးအခင်းကြီးပြီးဆုံးကာစ အချိန်ဖြစ် တာမို့ နိုင်ငံရေးအခြေအနေကလည်း စိုး ရွံ့ထိတ်လန့်နေရတဲ့အချိန်ပါပဲ။ ဒီအချိန် မှာ အနီရောင်ခံ ကြယ်ဖြူကြီးတစ်ပွင့် တင့်တင့်တယ်တယ်နဲ့ ကြွားဝင့်နေတဲ့ ခွပ် ဒေါင်းပုံကြီးပါတဲ့ NLD အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အလံကို ပန်းချီမောင်မောင် သိုက်က ညဥ့်အချိန်မှာ တစ်ညလုံး ပန်း ချီဆွဲနေခဲ့ပါတယ်။

၈၈ မှာအာဏာသိမ်းပြီးတော့ အိမ်မှာနေလဲ လိုက်ဖမ်းတယ်။

 
ရဲရဲတောက် ဒီမိုများ with Tun Wai and 49 others
၈၈ မှာအာဏာသိမ်းပြီးတော့ အိမ်မှာနေလဲ လိုက်ဖမ်းတယ်။
တောပြန်ရှောင်လဲ လိုက်ဖမ်းတယ်။
နယ်စပ်ကိုပြေးတော့ လဲလိုက်ပစ်တယ်။
လူမျိုးစုတွေဆီမှာ နေတော့လည်း
အမြောက်နဲ့လိုက်ပစ်တယ်။
အချင်းချင်းအာဏာ ရူးတွေကလည်း
သတ်ဖို့ကြံစည်တယ်။

((သမိုင်းဆိုတာ မေ့ပစ်ဖို့မဟုတ်ဘူး...။ ဖုံးကွယ်ဖျောက်ပစ်လို့ရတဲ့ အရာမဟုတ်ဘူး... ဆိုတာ သိသွားပါလေစ....။ သူမသိခဲ့ရင်လည်း သူ့နောက် လက်ဝေခံ တွေရော သိပါလေစ....??))

 
Ko Nay Myo
“သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်ဖို့ မဟုတ်ဘူး..။ ပစ်ရင် တည့်တည့် ပစ်မှာ...”(နေ၀င်း)
((သမိုင်းဆိုတာ မေ့ပစ်ဖို့မဟုတ်ဘူး...။ ဖုံးကွယ်ဖျောက်ပစ်လို့ရတဲ့ အရာမဟုတ်ဘူး... ဆိုတာ သိသွားပါလေစ....။ သူမသိခဲ့ရင်လည်း သူ့နောက် လက်ဝေခံ တွေရော သိပါလေစ....??))
တပ်မတော်က နိုင်ငံတော် အာဏာအဝဝကို ယနေ့မှ စ၍ လွှဲပြောင်း ယူလိုက် ပါသည်..။ ငြိမ်/ပိ အဖွဲ့ဝင် ၁၉ ဦး၏ အမည်များကို ရေဒီယိုမှ ကြေညာသည်..။

"အမှိုက်ကန်များတွင် ပုလင်းခွံ ၊ဗူးခွံ နှင့် ရောင်းချ၍ ရသောပစ္စည်းများ ရှာဖွေသော စည်ပင်ဝန်ထမ်း များအားအလုပ်ဖြုတ်သည်အထိအရေးယူနိုင် ဟု ဆို "

 
ကိုသောင်း ပုလဲမြေ
"အမှိုက်ကန်များတွင် ပုလင်းခွံ ၊ဗူးခွံ နှင့် ရောင်းချ၍ ရသောပစ္စည်းများ ရှာဖွေ
သော စည်ပင်ဝန်ထမ်း များအားအလုပ်ဖြုတ်သည်အထိအရေးယူနိုင် ဟု ဆို "
ဝေမာထွန်း
ရန်ကုန် ၊ဇူလိုင် ၃၁
-------------------------------------------
အမှိုက်ကန်နှင့် အမှိုက်ကားများအတွင်းမှ ပြန်လည် ရောင်းချနိုင်သော ပစ္စည်းများကို သန့်ရှင်းရေးဝန်ထမ်းများ ရှာဖွေခွင့် မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ
ယာရေးကော်မတီမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှူး ဦးသန်းလွှင်ဦးက ပြောသည်။

၁၅၀၀ နှင့် ၅၂၈ အချစ်ဆိုတာ ဘာလဲ ... ???

 

အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ပြောပြီး မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြ ချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။

ပဒိုင်း (Datura stramoniumLinn) အစွမ်း

 
Royal Hero Media
ပဒိုင်း (Datura stramoniumLinn) အစွမ်း
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
မြန်မာ ဆေးကျမ်းများ အလိုအရ ပဒိုင်းညိုသည် ခါး၏။ သက်၏။ စူးရှ၏။ ပူ၏။ အားကို တိုးစေ၏။ မူးယစ်စေ တတ်၏။ အဖျား ရောဂါကို ပယ်၏။ နူနာ၊ ပိုးနာ တို့ကို နိုင်၏။ သန်ကို ကျစေ၏။ ကိုယ်ရေပြား ရောဂါ၊ မြင်းသရိုက်နာ၊ အဆုတ်ပွ ရောင်နာတို့ကို ပယ်၏။

မအိပ်ခင်-ဒီဟာသလေးဖတ်သွားကြပါဦး-အရမ်းရယ်ရလို့ ပါ။

 
Myanmar News Update
မအိပ်ခင်-ဒီဟာသလေးဖတ်သွားကြပါဦး-အရမ်းရယ်ရလို့ ပါ။
မိန်းကလေး သုံးယောက်နဲ. ကြက်တူရွေး
မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ
လမ်းခုလတ်က အိမ် တအိမ်တွင်ကြက်တူရွေး
တစ်ကောင်မွေးထားသည်။
ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။
နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။

ကမ္ဘာပေါ်က ဝေးဝေးရှောင် ရမယ့်ဒေသတွေ

 
Scientist Myanmar
ကမ္ဘာပေါ်က ဝေးဝေးရှောင် ရမယ့်ဒေသတွေ
ဒီဒေသတွေကို မသိလို့ဘဲဖြစ်ဖြစ်၊သိလို့ဘဲဖြစ်ဖြစ်၊စွန့်စားလိုလို့ပဲ ဖြစ်ဖြစ် လုံးဝ(လုံးဝ)မသွားသင့်တဲ့နိုင်ငံတွေနဲ့ ဒေသတွေကို ဖော်ပြလိုက်ပါတယ်။
နံပါတ် ၁
Cité Soleil
Location: Port-au-Prince, Haiti
ဟေတီနိုင်ငံမှာရှိပါတယ်။မြို့လေးတစ်မြို့ပါ။လူဦးရေကတော့ ၂ သိန်းကနေ ၃ သိန်းကြားတည်ရှိပါတယ်။ဒီမြို့လေးကို အမေရိကန်တွေက "ဂိုသမ်(လင်းနို့လူသားကားထဲက ဒုစရိုက်မြို့တော်)"လို့တောင် ခေါ်ကြပါတယ်။ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာတစ်ခုလဲ ဖြစ်ပါတယ်။

မိဘကိုကျေးဇူးတင်ဖို့ အချိန်ကိုမစောင့်နဲ့...

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
မိဘကိုကျေးဇူးတင်ဖို့ အချိန်ကိုမစောင့်နဲ့...
"ကျေးဇူးတင်တယ်" ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ရေးတတ်ပြောတတ်ပေမယ့် သူထဲကပါဝင်တဲ့ တကယ့်အဓိပ္ပာယ်ကို ကျွန်တော်တို့မသိခဲ့ကြဘူး။ အမေ့ဝမ်းဗိုက်ထဲကနေ ကျွန်တော်တို့လွတ်မြောက်လာတဲ့ တခဏ ကျွန်တော်တို့ရဲ့ဘဝက မိဘတို့ရဲ့မေတ္တာ၊ မိဘတို့ရဲ့ကောင်းချီးမင်္ဂလာထဲ ဝကွက်အပ်လိုက်ပြီဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့ရဲ့ချစ်ခြင်းကောင်းကင်ကြီးနဲ့ ကာမိုးလိုက်ပြီဖြစ်တယ်။

ချင်းတက်အစွမ်း အံ့မခန်း

 
Myanmar News Update
ချင်းတက်အစွမ်း အံ့မခန်း
ချင်းလို့ ဆိုလိုက်တာနဲ့ ကလေးလူကြီးအားလုံး သိကြပါမယ်လို့ မျှော်လင့်မိပါတယ်...။ချင်း တက်လေး
ကို သဲထဲမှာ မြှုပ်ထားရင် အလိုလို အပင်ပေါက်လာပါတယ်...။ ချင်းတက် က ဈေးသက်သာသလော
က် လူကိုတော့ တော်တော်လေး အကျိုးပြုပါတယ်..။ ကြားဖူးကြမှာပေါ့ အစာလည်းဆေး၊ ဆေးလည်း
အစာ ဆိုတာလေ...။

“ငါအိုသွားတဲ့အခါ”

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲနဲလက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

သူငယ်ချင်းသုံးယောက်

 
သက်တန့်ချို
တစ်ခါတုန်းက လူတစ်ယောက်မှာ ငွေရယ် အချိန်ရယ် ချစ်ခြင်းတရားရယ်ဆိုပြီး သူငယ်ချင်းသုံးယောက်ရှိသတဲ့ ။ အဲဒီလူဟာ သူငယ်ချင်းသုံးယောက်နဲ့ အတူတကွ နေထိုင်ရင်း နေ့ရက်တွေကိုပျော်ရွှင်ချမ်းမြေ့စွာ ကျော်ဖြတ်လာခဲ့တယ် ။ တစ်နေ့တော့ငွေကပြောတယ် ။

အလွမ်းဟာမော်နီတာထဲမှာတလွင့်လွင့်

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
အလွမ်းဟာမော်နီတာထဲမှာတလွင့်လွင့်
(ရေးသားသူ-- စိမ်းမြလင်းသစ်)
ခုတလော မျက်စိမှိတ်လိုက်ရင်
ရင်ထဲကအစိုင်အခဲတွေပဲ တွေ့နေမိတယ်
မော်နီတာထဲ စိတ်ကို ထည့်မျှောလိုက်တော့လည်း
လမ်းတစ်လျှောက်လုံးမှာ ကွန်နက်ရှင်ကမကောင်းဘူး
အသက်ရှူလိုက်တိုင်း
ရင်ထဲမှာ တစ်စုံတစ်ခုခံနေတာက ခက်တယ်
စကားပြောလိုက်တိုင်း လည်ချောင်းတစ်လျှောက်မှာ တစ်ဆို့လို့
ဒါ..ရောဂါပဲ။

ကလေးများအတွက် အန္တာရယ်ကာကွယ်ပေးရေး

 
Than Saw
ကလေးများအတွက် အန္တာရယ်ကာကွယ်ပေးရေး

ဒီနေ့မနက် အိပ်ယာနိုးနိုးခြင်း အညှီအဟောက်ပုံတွေတင် ညစ်ညမ်းဆဲဆိုတဲ့ စကားလုံးတွေ မိန်းမတစ်တယောက်ပုံ လက်ညှိုးထောင်ပြီး ဆဲပြ တဲ့ ပို့စ်တ်တင်ပြီး သူငယ်ချင်းအနေနဲ့ လာအက်ဒ်တဲ့ သူကို ဘလော့ဂ်လိုက်တယ်။

သယံဇာတ၊ အစိုးရနှင့် အနာဂတ် ဗမာပြည်

 
အောင်စည်တော်ကြီး with Tun Wai and 38 others
သယံဇာတ၊ အစိုးရနှင့် အနာဂတ် ဗမာပြည်
~~~~~~~~~~***~~~~~~~~~~
(၁) ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက် (Conflict Trap)
~~~~~~~~~~~~~~***~~~~~~~~~~~~~~~
လူမှု အဖွဲ့အစည်း တိုင်းသည် ပဋိပက္ခနှင့် ကြုံတွေ့ ဖူးသူတွေချည်း ဖြစ်ပေသည်။ ထို အချင်း အရာမှာ နိုင်ငံရေးတွင် ဖြစ်တတ်သော မွေးရာပါ ကိစ္စ ဖြစ်သည်။ အောက်ခြေ နိုင်ငံများတွင် ကြုံတွေ့ ရသည့် ပြသနာက နိုင်ငံရေး ပဋိပက္ခ သက်သက် မဟုတ်။ နိုင်ငံရေး ပဋိပက္ခ ၏ ပုံသဏ္ဍာန် ဖြစ်ပေသည်။ ပဋိပက္ခ ပုံစံက နှစ်မျိုး။ အချို့သည် နှစ်ရှည်လများ တအုံနွေးနွေး ပြည်တွင်းစစ် ပဋိပက္ခ ဖြစ်နေသည်။ အချို့တွင်မူ အာဏာသိမ်းခြင်း ပဋိပက္ခ ဖြစ်သည်။ ထို နှစ်မျိုး လုံးသည် စရိတ်စက အလွန်ကြီး၏။

ယင်သားလောင်း(လောက်) တွေကို သားဖောက်ပြီး စားသုံးကြမည်

 
Guide Magazine
ယင်သားလောင်း(လောက်) တွေကို သားဖောက်ပြီး စားသုံးကြမည်
***************************************
လူတွေပဲ အစားအသောက် ပက်စက်လာတာလားတော့ မပြောတတ်ဘူး၊ အခုသိရတဲ့ သတင်းကတော့ အသဲရားစရာ ပါ။
အနာဂတ်တစ်ချိန်မှာ ယင်ကောင်တွေရဲ့ သားလောင်း (လောက်ကောင်) တွေကို စားသုံးကြမယ်လိမ့်မယ်လို့  ဟောကိန် တွေ ထုတ်လာကြပါပြီ။

" ယာဉ်အန္တရယ်မဖြစ်ပွားဖို့အရေးအကြီးဆုံးက စည်းကမ်းပါဟုဆိုသူ ဂျေညီညီ"

 
Popular Journal
" ယာဉ်အန္တရယ်မဖြစ်ပွားဖို့အရေးအကြီးဆုံးက စည်းကမ်းပါဟုဆိုသူ ဂျေညီညီ"
=========================
ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ်၊ မေလ၏ နေ့လယ်ခင်း တစ်ခု တွင် တေးသံရှင်ဂျေညီညီ တစ် ယောက် ကားအက်ဆီးဒင့် ဖြစ်ခဲ့သည်။ ၄င်း၏ ကား အင်းစိန်ဘက်မှ မြို့ထဲဘက် သို့ မောင်းလာစဉ်
မြို့ထဲမှလာ သော ရွှေငါးကားတစ်စီးမှ ဂငယ်ကွေ့ကွေ့ရန် ဂျေညီညီ ကားကို လမ်းဖြတ်တွင် ခေတ္တ စောင့်ဆိုင်းနေစဉ် ထိုရွှေငါး ကားအား မြို့ထဲဘက်မှလာ သော ၁၂ဘီးဘိလပ်မြေ ဖျော်ကားက ဖြတ်တိုက်မိရာ ထိုအရှိန်ဖြင့်ပင် ဂျေညီ ညီ၏ ကားကိုပါ ဝင်ရောက်ရိုက်ခတ် မိသဖြင့် ကားရောလူပါ ထိခိုက်၍ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံ တွင်
ကာလအတန်ကြာ အချိန်ယူကုသခဲ့ရသည်။

``မိန်းကလေးများ မဖြစ်မနေဖတ်ပေးပါ´´

 

``မိန်းကလေးများ မဖြစ်မနေဖတ်ပေးပါ´´
 အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်လာ (၁) သန်းတန်သောအဖော်ချွတ်ဓါတ်ပုံရိုက်ရန်ငြင်းခဲ့သူမင်းသမီး

 
 MM Social Sky
ဒေါ်လာ (၁) သန်းတန်သောအဖော်ချွတ်ဓါတ်ပုံရိုက်ရန်ငြင်းခဲ့သူမင်းသမီး
+++++++++++++++++++++++++++++++++++++
ဟောလီးဝဒ်မှ နာမည်ကြီးမင်းသမီးဖြစ်သူ လင်းဆေးလိုဟန်
မှ Playboy မဂ္ဂဇင်း (၅၅)နှစ်ပြည့် တွင် အဖော်ချွတ်ပုံ ရိုက်
ကူးရန် အယ်ဒီတာ Hugh Hefner's အမျိုးသားများ သီးသန့်
မဂ္ဂဇင်း မှတဆင့် ချင်းကပ်ခံခဲ့ရကြောင်းသိရသည်။မင်းသမီး
မှ အဆိုပါ ကမ်းလှမ်းမူကိုငြင်းပယ်ခဲ့သည်။

ကြက်ဟင်းခါးသီးကြော်

 
FOOD Magazine
Kitchen Variety
အချိန်တိုတို၊ စရိတ်နည်းနည်း၊ အရသာရှိရှိချက်ကြမယ်
..............................
ကြက်ဟင်းခါးသီးကြော်
..............................
ပါဝင်ပစ္စည်းများ
....................
• ကြက်ဟင်းခါးသီး - ၁ လုံး (အစေ့မဖယ်ဘဲ ပါးပါးလှီးထားပါ)
• ကြက်သွန်နီ - ၂ လုံး (အတုံးသေးသေး လှီးထားပါ)
• ကြက်သွန်ဖြူ - ၄ တက် (နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးစိမ်း - ၁၀ တောင့်
• မဆလာမှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
• ဆား - နှစ်ပုံပုံ တစ်ပုံ (လက်ဖက်ရည်ဇွန်း)

“သင့်ကိုယ်သင် ပြန်ကြည့်ပါ”

 
Myanmar News Update
“သင့်ကိုယ်သင် ပြန်ကြည့်ပါ”
1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

အချိန်တိုတို၊ စရိတ်နည်းနည်း၊ အရသာရှိရှိချက်ကြမယ်

 
FOOD Magazine
Kitchen Variety
အချိန်တိုတို၊ စရိတ်နည်းနည်း၊ အရသာရှိရှိချက်ကြမယ်
........................................................................
“လွယ်ကူသက်သာ ၀ါတွင်းသက်သတ်လွတ်ဟင်းလျာ”
ဒီတစ်လတော့ ၀ါတွင်းမှာ သက်သတ်လွတ်စားကြမယ့်သူတွေ
လွယ်လွယ်ကူကူ ချက်ပြုတ်စားနိုင်အောင်
စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။
ဒီတစ်လအတွက် ရွေးချယ်ပေးလိုက်တဲ့
ပဲကတ္တီပါနှပ်ချက်နဲ့ ကြက်ဟင်းခါးသီးကြော်တွေဟာ
ကျွန်တော်ရေးဖူးတဲ့ ပဲနီလေးဟင်းချို၊ ပဲစဉ်းငုံဟင်း
စတာတွေနဲ့ လိုက်ဖက်တဲ့ ဟင်းအမယ်တွေ ဖြစ်ပါတယ်။

“နေ့စဉ်ပြောကြားအင်္ဂလိပ်စကား (၁၇)”

 
Aung Ko U
“နေ့စဉ်ပြောကြားအင်္ဂလိပ်စကား (၁၇)”

နေ့စဉ်စကားပြောရာတွင် ဝမ်းနည်း၊ ဝမ်းသာ၊ ပျော်ရွင်၊ ကြည်နူး၊ စိတ်ဆိုး၊ ဒေါသစည့် မိမိတို့၏ ခံစားချက်များကိုအခြေအနေအလိုက် ပြောလေ့ရှိကြပါသည်။ယခုတစ်ပတ်တွင် ပျော်ရွှင်မှု ခံစားချက်နှင့် ပတ်သက်၍ ပြောဆိုရာတွင် အသုံးပြုသည့် စကားပြောပုံစံများကို ဆက်လက် ရေးသားလိုက်ပါသည်။

[ပျော်ရွှင်မှုကိုဖော်ပြနိုင်သောဝါကျများ]

- I'm very happy right now.
အခု ကျွန်တော် အရမ်းပျော်တယ်။

Tuesday, July 30, 2013

အကျိုးအမြတ် ဘာတွေရကြပါသလဲ

 
ကိုသောင်း ပုလဲမြေ
သူု့ကို ကိုယ်သတ် ၊ကိုယ့်ကို သူသတ် ၊
အကျိုးအမြတ် ဘာတွေရကြပါသလဲ ၊
သူငယ်ချင်း ။

“ကွန်ယက်” ဆိုတာ...ဒါပဲ

 
 

“ကွန်ယက်” ဆိုတာ...ဒါပဲ
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် လူမှုရေး၊ နိုင်ငံရေး၊ အဖွဲ့ အစည်း များ အား မြန်မာ တစ်နိုင်ငံလုံး “ကွန်ယက်တွေဖွဲ့ကြပါ” လို့ တိုက်တွန်းနှိုးဆော်ခဲ့ပါသည်

... သို့ရာတွင် အချို့သော အသင်းအဖွဲ့များသည် “ကွန်ယက်” ဟူသော စကားလုံးအဓိပ္ပာယ်ကို သဘော မပေါက်သည်ပဲ လား နားမလည်၍လားတော့မသိ။

" အမြန်လမ်းမကြီး နဲ့ပတ်သက်ပြီး စာရေးဆရာ၊ ဒါရိုက်တာနေနော်ရဲ့ အကြံပြုချက်"

 
Popular Journal
" အမြန်လမ်းမကြီး နဲ့ပတ်သက်ပြီး စာရေးဆရာ၊
ဒါရိုက်တာနေနော်ရဲ့ အကြံပြုချက်"
==========================
အမြန်လမ်းမကြီးပေါ်ပရိတ် ရွတ်ကြပြီတဲ့ ဖြစ်သင့်တာကြာပါပြီ လမ်းနဲ့ပတ်သက်သူတွေက ယဉ်မောင်း တွေကိုအပြစ်ပုံကြ ကားသမားတွေက တာယာတွေခနခနကွဲရ တဲ့အ ကြောင်းကိုထောက်ပြကြ ငြင်းခုံနေမယ့်အစား အရှိကို အရှိအတိုင်းလက်ခံလိုက်တာပိုကောင်းပါတယ်။

Youtube က ကြော်ငြာတွေ မပေါ်စေချင်ရင်

 
Myawady News
Youtube က ကြော်ငြာတွေ မပေါ်စေချင်ရင်
========================
Youtube မှာ ဗီဒီယို တစ်ခုကြည့်မယ်လုပ်တိုင်း ကြော်ငြာတွေ ပေါ်ပေါ်လာတတ်လို့
စိတ်အနှောင့်အယှက် ဖြစ်နေရတယ်ဆိုရင် အသုံးဝင်တဲ့ ဒီ Firefox add-on လေးကို
သွင်းထားလိုက်မယ်ဆိုရင် Youtube ပေါ်က ကြော်ငြာတွေ ဗီဒီယိုတွေနဲ့ ဓါတ်ပုံတွေကို
ဘလော့ လုပ်ထားမှာ ဖြစ်ပါတယ်ခင်ဗျာ

ပုလဲ

 
ထူးထူးဆန်းဆန်း
ပုလဲ

ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က န၀ရတ်ကိုးပါး တွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ကြ ပါသည်။

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

 
Myanmar News Update
ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်
********************************
၁။ တည်ငြိမ်မှု့ ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။
၂ ။ ဂုဏ်သိက္ခာ ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ
လုံးဝ မတွေ့ရ ။

ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း

 
ရေးမိရေးရာလေးများ
ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း
ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာတာပေါ့။
ဒီနှစ်ပိုင်းမှာ ခါးကပိုနာလာတယ်။ဆေးနည်းကနက္ခတ္တ ရောင်ခြည်ကနေရထားတာကြာလှပြီ။အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -

ဘုရားသခင်က လူကောင်းတွေကို ဘာလို့ မချီးမြှင့်တာလဲ?

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
ဘုရားသခင်က လူကောင်းတွေကို ဘာလို့ မချီးမြှင့်တာလဲ?
_________________________________________

၁၉၆၃ ခုနှစ်မှာ “မေရီ” လို့ခေါ်တဲ့ ကလေးမတစ်ယောက် ချီကာဂိုရဲ့သတင်းစာတစ်စောင်ဖြစ်တဲ့ “Chicago Tribune” ဆီ စာတစ်စောင်ရေးပို့ခဲ့တယ်။ အကြောင်းက အမေဖုတ်ပြီးသားမုန့်တွေကို စားပွဲပေါ်အရောက် သူကူသယ်ပေးခဲ့တယ်။ ဒါပေမယ့် “လိမ္မာလိုက်တဲ့ ကလေး” ဆိုတဲ့ စကားတစ်ခွန်းပဲ အမေ့ဆီက သူပြန်ကြားခဲ့ရပြီး ဘာမှဝိုင်းမကူဘဲ ဆိုးဖို့ပဲသိတဲ့ “ဒေးဗစ်” (သူ့ မောင်လေး) က မုန့်တစ်ခုရခဲ့လို့ပဲ ဖြစ်တယ်။

မြန်မာ စကားပုံများ (မ)၊ (ယ)၊ (ရ)

 
Royal Hero Media
မြန်မာ စကားပုံများ (မ)၊ (ယ)၊ (ရ)
=-=-=-=-=-=-=-=-=-=-=-=-=

၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”

ခက်တယ်

 
ကိုသောင်း ပုလဲမြေ
ဘယ်အချိန်ဖတ်ဖတ်မှန်နေတဲ့ကဗျာ
ခက်တယ်
~~~~~~
ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

အင်တာနက် အသုံးပြုခြင်းက စိတ်ကျခြင်းကို သက်သာစေနိုင်

 
Health Updates Journal
Health Updates Journal
Vol.2, No.29
အင်တာနက် အသုံးပြုခြင်းကစိတ်ကျခြင်းကို သက်သာစေနိုင်
စိတ်ကျခြင်းကို ကုစားတဲ့နေရာ မှာ အင်တာနက် အသုံးပြုခြင်း ဟာလည်း နည်းလမ်းတစ်ရပ် ဖြစ် လာနေတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက သုံးသပ်ခဲ့ပါတယ်။ စိတ်ကျနေသူအများစုဟာ အင်တာ နက်နဲ့ လူမှုကွန်ယက်တွေ အသုံး ပြုပြီး ပျော်ရွှင်မှုတွေ ရရှိလာနိုင် တယ်လို့ သိရပါတယ်။ လေ့လာမှုကို နယူးဇီလန် စိတ်ကျန်းမာရေး ဖောင်ဒေးရှင်းက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်

 
အလင်းသစ် မီဒီယာ
အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်
........................................
Tuesday, July 30, 2013
အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

အဆိုတော်ငါးဦး အမေရိကန်ခရီး ဖျော်ဖြေရေးစတင်

 
Today Myanmar
အဆိုတော်ငါးဦး အမေရိကန်ခရီး ဖျော်ဖြေရေးစတင်
သတင်းဓါတ်ပုံ-ညဏ်ဝင်းအောင်
ဇူလှိုင် ၂၉ - ၀ါရှင်တန်ဒီစီ

ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာ ကြသည့်အဆိုတော်ချစ်ကောင်း၊ ဂရေဟမ်၊ အာဇာနည်၊ ဝိုင်းစုခိုင် သိန်းနှင့် အေသင်ချိုဆွေတို့ငါးဦး သည် The Trees တေးဂီတ အဖွဲ့နှင့်အတူ ဇူလိုင် ၂ရရက်ညက မေရီလန်းတက္ကသိုလ် Clarice Smith Performing Arts Center ခန်းမဆောင်တွင် မြန်မာပရိသတ် အား အားပါးတရ ဖျော်ဖြေသွား ခဲ့သည်။

ကော်ဖီပြင်းပြင်းသောက်သူများအတွက် ၀မ်းသာစရာသတင်းကောင်း

 
Burma-Newselite
ကော်ဖီပြင်းပြင်းသောက်သူများအတွက် ၀မ်းသာစရာသတင်းကောင်းကို ဟားဗတ်က သုတေသနပညာရှင်များက ပြောကြားလိုက်ပါတယ်။

တနေ့ ကို ကာဖင်းဓာတ်ပါတဲ့ ကော်ဖီနှစ်ခွက်ကနေ သုံးခွက်အထိသောက်သုံးသူများမှာ စိတ်ဓတ်ကျပြီး ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံမှုများဖြစိဖို့ အခွင့်အလမ်းနည်းပါးကြောင်း
မိုက်ကယ်လူကပ်ဦးဆောင်တဲ့ ပညာရှင်များက သုတေသနပြုချက်များအရ တွေ့ ရှိခဲ့ပါတယ်။

နေတိုင်းသုံးသင့်သော စကား ၆ ခွန်း

 
Myanmar News Update
နေတိုင်းသုံးသင့်သော စကား ၆ ခွန်း
ကမ္ဘာကုလသမဂ္ဂထုတ် သတင်းစာစဉ်မှာပါရှိတဲ့ နေ့ စဉ်နေတိုင်း လုပ်ကိုင်ရာတွင်
အသုံးပြုသင့်သော စကား ၆ လုံး။
1.I think I m a mistake.
ကျွန်တော်မှားသွားတယ်ထင်တယ်။
(မှားလျှင်ဝန်ခံပါ။မမှားသောသူမရှိပါ)
2.You did a good job.
ခင်ဗျားလုပ်ဆောင်ချက်ကောင်းပါတယ်။
(ချီးကျူးထိုက်သူကို ချီးကျူးပါ။)

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

 
Today Myanmar
ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း
ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်းလူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

ခပ်စပ်စပ် ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ်

 
 
ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့
စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိ လာရပါပြီ။