Today Myanmar
အဆိုတော်ငါးဦး အမေရိကန်ခရီး ဖျော်ဖြေရေးစတင်
သတင်းဓါတ်ပုံ-ညဏ်ဝင်းအောင်
ဇူလှိုင် ၂၉ - ၀ါရှင်တန်ဒီစီ
ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာ ကြသည့်အဆိုတော်ချစ်ကောင်း၊ ဂရေဟမ်၊ အာဇာနည်၊ ဝိုင်းစုခိုင် သိန်းနှင့် အေသင်ချိုဆွေတို့ငါးဦး သည် The Trees တေးဂီတ အဖွဲ့နှင့်အတူ ဇူလိုင် ၂ရရက်ညက မေရီလန်းတက္ကသိုလ် Clarice Smith Performing Arts Center ခန်းမဆောင်တွင် မြန်မာပရိသတ် အား အားပါးတရ ဖျော်ဖြေသွား ခဲ့သည်။ ချစ်ကောင်း၊ အာဇာနည် နှင့် ဝိုင်းစုခိုင်သိန်းတို့မှာ ယခင်က အမေရိကန်တွင် လာရောက်ဖျော် ဖြေဖူးပြီး ဂရေဟမ်နှင့် အေသင်ချို ဆွေတို့မှာ ပထမဆုံးလာရောက် သီဆိုခြင်းဖြစ်သည်ဟု သိရသည်။
ဝါရှင်တန်ဒီစီ မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်များ...မှ ပရိ သတ် ၃၅ဝကျော် လာရောက်အား ပေးသည့် အဆိုပါစတိတ်ရှိုးကို အထူးတန်းလက်မှတ် ၇၅ဒေါ် လာနှင့် ဒေါ်လာ ၅၀၊ ၄၀၊ ၃၀ တန်းများ ရောင်းချပေးခဲ့သည်။ ပရိသတ်ထဲတွင် အသက်၂ဝကျော် မှ အသက်၆ဝကျော်အရွယ်များ ပါဝင်သည်ကိုတွေ့ရသည်။ ညနေ ၆နာရီမှ ည ၁ဝနာရီခွဲအထိ အ ဆိုတော်ငါးဦး ဖျော်ဖြေသည့်ပွဲ တွင် အချိန်အကန့်အသတ်ကြောင့် ပရိသတ်က သူတို့နားထောင်လို သည့် သီချင်းများ နားမထောင် လိုက်ရဟု ညည်းတွားကြသည်။
The Trees တေးဂီတ အဖွဲ့နှင့် အဆိုတော်ငါးဦး၏ အမေ ရိကန်ပြည်တွင်း ဖျော်ဖြေရေးခရီး စီစဉ်သူ ကိုဥက္ကာက ဩဂုတ်၃ရက် တွင် ဘတ်ဖလိုးမြို့၊ ဩဂုတ် ၁၀ ရက်မှာ နယူးယောက်မြို့၊ အဲဒီ နောက် တန်နက်စီမြို့၊ အင်ဒီယား နားပြည်နယ် ဖို့ဝိန်းမြို့၊ မြောက် ကယ်လိုရိုင်းနား၊ အိုင်အိုးဝါး၊ လော့စ်အိန်ဂျလိစ်နှင့် စက်တင် ဘာ ၁၄ရက် နောက်ဆုံးပွဲအဖြစ် ဆန်ဖရန်စစ္စကိုမြို့တွင် ဖျော်ဖြေ သွားရန် စီစဉ်ထားသည်သည်။

Yangon Media Group
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။